klnMay 3, 20101min712
ခွဲတမ်းဖြင့်ချထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ခရီးသည်နှင့် (မထသ)ယာဉ်လိုင်း၏ အကြွေမရှိသဖြင့် အပိုပြန်အမ်းငွေအမ်းခြင်းများကို မကြာခဏဖြစ်လေ့ရှိကြောင်း၊ အချို့သောစပယ်ယာများမှာ အကြွေရှိသော်လည်း အကြွေမရှိခြင်းကို အကြောင်းပြကာ ကိုယ်ကျိုးအတွက်မအမ်းသည့်အကြောင်းများ ရှိနေကြောင်း၊ ထို့အတွက်ကြောင့် မထသမှသက်ဆိုင်ရာဘဏ်များတွင် အပတ်စဉ်ပုံမှန်အကြွေများ လဲလှယ်ကာ ယာဉ်လိုင်းအလိုက် အကြွေများကို ခွဲတန်းချထားပေးထားကြောင်း၊ ယင်းသို့ပြန်အမ်းငွေရှိလျက်သားနှင့် မအမ်းလျှင် တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းမထသ(ဗဟို)မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ လိုင်းကားစီး၍ လိုရာခရီးသွားနေရသော ခရီးသည်များအနေဖြင့် အကြွေမရှိသောကြောင့် ထိုပြဿနာနှင့် နေ့စဉ်နီးပါးရင်ဆိုင်နေရကြောင်း၊ အကြွေများကို တတ်နိုင်သမျှဆောင်ထားကြောင်း၊ အပြောအဆိုကြမ်းတမ်းသော စပယ်ယာအချို့နှင့် တွေ့ပါက ပြဿနာကြီးကြီးကျယ်ကျယ်ဖြစ်ရကြောင်း၊ အကြွေရှိလျက် ပြန်မအမ်းသော ပြဿနာများကို မကြာခဏရင်ဆိုင်နေရကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။ ယခင်နှစ်တွေကတည်းက ယခုအချိန်ထိ မထသ(ဗဟို)မှ အပတ်စဉ်ငွေကြေးများ လဲလှယ်ကာ ယာဉ်လိုင်းအလိုက်ခွဲတမ်းချပေးထားကြောင်း၊ ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် စပယ်ယာတို့အား တွေ့ဆုံချိန် […]


klnMay 3, 20101min1304
ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းဝယ်ယူသူ Customer များအနေဖြင့် Warranty ရှိပစ္စည်းများ ချွတ်ယွင်းပျက်စီးမှု ဖြစ်ပေါ်လာသည့် အခါဝယ်ယူခဲ့သောဆိုင်သို့သွားရောက်ပြုပြင် လဲလှယ်ရာ၌ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ “ကျွန်တော့် မန်မိုရီစတစ်ဆိုရင် Warranty ရှိပြီး Brand လည်းကောင်းတော့ စိတ်ချလက်ချပဲဝယ်ယူခဲ့တာ။ အိမ်ရောက်တော့သုံးမယ်ဆိုပြီး USB ပေါက်ထဲထိုးကြည့်တော့ စတစ်က Detect တောင်မှရဘူး။ ဝယ်ယူခဲ့တဲ့ဆိုင်မှာသွားပြန်ပြပြီးလဲတော့ အီးမလုပ်အဲမလုပ်နဲ့တစ်လတောင်စောင့်လိုက်ရတယ်။ Warranty မရှိတဲ့ပစ္စည်းတွေဝယ်တာကပဲ စိတ်ချမ်းသာရဦးမယ်” ဟု ကွန်ပျူတာ ဟတ်ဝဲလ်သင်တန်းတက်ရောက်နေသူ ကိုစွာစိကပြောသည်။ အမှန်တကယ်အားဖြင့် ကွန်ပျူတာအရောင်းဆိုင်တချို့တွင် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများသည် Warranty ပေးထားသည်ဆိုသော်လည်း ပင်ရင်းဆိုင်မှ တစ်ဆင့်ပြန်လည်ဝယ်ယူ ရောင်းချရခြင်း ဖြစ်သောကြောင့် ပစ္စည်းပြုပြင်လဲလှယ် ဝန်ဆောင်မှု ပေးရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပြီး ပစ္စည်းပြန်လဲမပေးမှု များပင်ရှိနေကြောင်းသိရသည်။ ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာအရောင်းနှင့် ဆားဗစ်ဆိုင်တစ်ဆိုင်မှ မဖြူဖြူခိုင်ကလည်း […]


klnMay 3, 20101min942
သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့ဗုံးပေါက်ကွဲခဲ့သည့် နေရာတွင် မပေါက်ကွဲသေးဘဲကျန်ရှိသေးသည့် ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိ သည်။ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်၌ ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားအပြီးတွင် မပေါက်ကွဲဘဲကျန်ရှိသည့် ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း ပြင်ပတွင်သတင်းများ ကြားခဲ့ရသဖြင့် သက်ဆိုင်ရာဌာနသို့ မေးမြန်မှုအပေါ် အဆိုပါဌာနမှ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုတွေ့ရှိခဲ့သည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ ဗုံးတစ်လုံးကို ဗုံးသုံးလုံးပေါက်ကွဲခဲ့သည့် နေရာအနီးရှိ မြန်မာဘီယာသံဘူးခွံထဲမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဗုံးမှာ ချိန်ကိုက်ဗုံးဖြစ်ကြောင်း သိရှိရသည်။ ဗုံးသုံးလုံးဆက်တိုက်ပေါက် ကွဲပြီး ချိန်၌ ယင်းချိန်ကိုက်ဗုံးကို ဟန်းဖုန်းနှင့် ထပ်မံခွဲရန် ပြင်ဆင်နေစဉ် လုံခြုံ ရေးကားများ ဖြတ်သန်းသွားလာသဖြင့် တယ်လီဖုန်းဆက်သွယ်မှုများ ပြတ်တောက်ကာ ဗုံးခွဲသည့် ခလုတ်နှိပ်မရဘဲ ဗုံးမပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြောင်းသိရှိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသုံးလုံးမှာ လက်ပစ်ဗုံးများဖြစ်ပြီး မပေါက်ကွဲဘဲကျန်ရှိသည့် […]


klnApril 30, 20101min600
နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီ၏ အမည်ကိုဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သို့လျှောက်ထားလျက်ရှိကြရာ ၂၀၁ဝပြည့်နှစ် ၊ ဧပြီ ၂၉ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ “ ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီနှင့် အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ က လာရောက်လျှောက်ထားခဲ့သည်။ ယင်းသို့ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့များအနက် အောက်ပါအဖွဲ့များသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ၂၀၁ဝပြည့်နှစ်၊ ဧပြီ ၂၉ရက်တွင် နိုင်ငံရေးပါတီများအဖြစ် တည်ထောင်ခွင့်ပြုလိုက်သည်- (၁) ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၊ (၂) ကရင်ပြည်သူ့ပါတီ၊ (၃) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊ (၄) မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊(၅) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ( ၆) ခေတ်သစ်ပြည်သူ့ပါတီ ဧပြီ၂၉ရက်အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားသည့် အဖွဲ့ (၂၅) ဖွဲ့ရှိသည့်အနက် […]


klnApril 30, 20101min680
ဧပြီ ၂၉ရက်နံနက် ဝဝနာရီ ၃၃မိနစ် ၂၈စက္ကန့်တွင် ကမာ္ဘအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၆ဝခန့်ကွာဝေးသော စစ်တွေမြို့ ၏အရှေ့တောင်ဘက် မိုင် ၆ဝခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ဒသမ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်သွားသည်ကို တိုင်းထွာရရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ၂၀၁ဝခုနှစ် ဧပြီလ ၃ဝရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။ www.khitlunge.org.mm


klnApril 30, 20101min650
အခုဧပြီလကုန်ပိုင်းကနေ မေလကုန်အထိ မုန်တိုင်းဝင်ရောက်နိုင်တာကြောင့် သတိပြုစောင့်ကြည့်ဖို့လိုတယ်လို့သိရပါတယ်။ အခုကာလက မိုးကြိုကာလဖြစ်ပြီး ရာသီဥတုပုံမှန်မဟုတ်ဘဲ မုန်တိုင်းဝင်ရောက်တာ၊ မိုးကြိုးပစ်တာ၊ နေရာကွက်ကြားမိုးကြီးတာ၊ လျှပ်တစ်ပြက်ရေကြီးတာ၊ မိုးသီးကြွေတာမျိုးတွေကြုံတွေ့နိုင်တယ်လို့ဆိုပါတယ်။ ရာသီဥတုအခြေအနေက မိုးဝင်၊ မိုးထွက် နောက်ကျပြီး မုတ်သုံဝင်တာလည်းနောက်ကျတယ်။ မုတ်သုံဝင်တာက ပုံမှန်ရက်ပေါင်း ၃ဝကနေ ၄၅ရက်အထိဖြစ်သွားတော့ မိုးတိမ်တောင်ဖြစ်တာပိုများတယ်။ မိုးတိမ်တောင်တွေစုပြီး မုန်တိုင်းအဖြစ် ဝင်လာနိုင်တယ်။ အခုဆိုရင် မိုးတိမ်တောင်တွေကြောင့် မြန်မာနိုင်ငံအထက်ပိုင်ဒေသတွေမှာ လေပြင်းတိုက်ခတ်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ ဘင်္ဂလားပင်လယ်ပြင်မှာ ဖြစ်တဲ့မုန်တိုင်းတွေရဲ့ ၄၂ရာခိုင်နှုန်းခန့်က မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ဆိုပါတယ်။ “မုန်တိုင်းသတိပေးချက်တွေကိုသတိထားစောင့်ကြည့်ဖို့လိုတယ်၊ မိုးလေဝသဌာနက ထုတ်ပြန်တဲ့ မုန်တိုင်းသတင်းတွေမှာ ခေါင်းစဉ်ကိုကြည့်ရမယ်၊ “မုန်တိုင်းသတင်း”လို့ ကြေညာထားရင် မုန်တိုင်းကမြန်မာပြည်ထဲကို မဝင်ဘူး၊ “မုန်တိုင်းသတိပေးချက်”လို့ကြေညာရင်တော့ မုန်တိုင်းကမြန်မာနိုင်ငံထဲကို သေချာပေါက်ဝင်မယ်ဆိုတာကို သတိထားရမယ်”လို့ ဒေါက်တာဦးထွန်းလွင်ကပြောပြခဲ့ပါသည်။ www.khitlunge.org.mm


klnApril 30, 20101min540
စီဒီအမ်အေ ၈၀ဝမဂ္ဂါဟက်ဇ်ဖုန်းတွေမှာ ထည့်သွင်းသုံးနိုင်မယ့် Sm3 Unit Finder နဲ့ Sm3 Unit Converter မြန်မာစာအခြေခံဆော့ဖ်ဝဲတွေကို ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ အက်စ်အမ်ကျူ့(Sm3)က ထုတ်လုပ်လိုက်ပြီလို့ဆိုရပါတယ်။ အခုထည့်သွင်းထားတဲ့အဘိဓာန်မှာ သာလွန်အင်္ဂလိပ်-မြန်မာအဘိဓာန်ကိုမှီငြမ်းထားကြောင်း သိရတယ်။ သာလွန်အဘိဓာန်မှာ ဝေါဟာရနဲ့အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါင်း ၉၅,၀၀ဝကျော်၊ အင်္ဂလိပ်စာအသုံးအနှုန်းသစ် ရာပေါင်းများစွာနဲ့ခေတ်သုံးဝေါဟာရတွေလည်းပါဝင်တယ်လို့ဆိုရတယ်။ A to Zအက္ခရာစဉ်အလိုက်အစအဆုံးအလျင်မပြတ် ရှာဖွေကြည့်ရှုနိုင်ဖို့စီမံထားပြီး ရှာချင်တဲ့စကားလုံးကို ရိုက်ထည့်ပြီးတာနဲ့ ဖော်ပြနိုင်စွမ်းရှိတယ်လို့သိရတယ်။ သည်ဆော့ဖ်ဝဲကို Java MIDP 2.0 ပါဝင်တဲ့ဖုန်းတွေထည့်သွင်းသုံးနိုင်မယ်လို့ဆိုတယ်။ မှတ်ဉာဏ်ပမာဏ 2.2Mbမမ်မိုရီခန့် (အမ်ပီသရီးသီချင်းတစ်ဝက်ပမာဏ)နေရာယူမယ်လို့သိရတယ်။ လက်ရှိမှာ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို စတင်ထည့်သွင်းထားပြီး နောင်မှာတခြားအဘိဓာန်တွေကိုလည်း စုစည်းထည့်သွင်းပေးမယ်လို့ ဆိုပါတယ်။ သည်ဆော့ဖ်ဝဲကို ဂျီအက်စ်အမ်၊ စီဒီအမ်အေနဲ့ စီဒီအမ်အေ ၈၀ဝမဂ္ဂါဟက်ဇ်ဖုန်းတွေမှာ ထည့်သွင်းနိုင်ပြီး ဝန်ဆောင်ခကျပ် ၉၅၀ဝနဲ့ ရန်ကုန်မန္တလေးက ဖုန်းဆိုင်တွေမှာ ထည့်သွင်းနိုင်သည်။ www.khitlunge.org.mm


klnApril 30, 20101min751
ရတနာပုံတယ်လီပို့ကဝန်ဆောင်မှုပေးမယ့်ခေတ်မီဖိုင်ဘာဆက်သွယ်ရေးစနစ်(Fiber To The Home)ကို မန္တလေးမြို့မှာလာမယ့်မေလကုန်ပိုင်းကစတင်ပြီး အသုံးပြုနိုင်ဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ခေတ်မီဖိုင်ဘာ ဆက်သွယ်ရေးစနစ်ဆိုတာ သုံးစွဲသူနေအိမ်ကို ဖိုင်ဘာကြိုးတစ်ချောင်းရောက်ရုံနဲ့ တယ်လီဖုန်း၊ အင်တာနက်၊ ရုပ်မြင်သံကြား(triple play)စတာတွေ အသုံးပြုနိုင်တဲ့နည်းပညာဖြစ်ပါတယ်။ မန္တလေးမြို့မှာ (FTTH)နည်းပညာအသုံးပြုခွင့်ပေးမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး သရုပ်ပြရှင်းလင်းပွဲကို ဧပြီလ ၄ရက်က ဆီဒိုးနားဟိုတယ်မန္တလေးမှာ ကျင်းပခဲ့ပါတယ်။ “လျှောက်လွှာတွေကို ဧပြီလကုန်ပိုင်းမှာလက်ခံမှာပါ၊ မေလကုန်ပိုင်းမှာစတင်အသုံးပြုခွင့်ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်၊ ကြိုးဖိုး၊ ပစ္စည်းတွေအတွက် ကျပ်ကိုးသိန်းကျသင့်မှာပါ”လို့ ရတနာပုံတယ်လီပို့မှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကပြောပြခဲ့ပါသည်။ www.khitlunge.org.mm


klnApril 30, 20101min931
နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ လူသုံးကုန်လျှပ်စစ်ပစ္စည်းနဲ့အိမ်ဆောက်ပစ္စည်းတချို့ကို အရစ်ကျငွေချေစနစ်နဲ့ ဝယ်ယူနိုင်ကြောင်း ပြောဆိုပြီး လိမ်လည်တဲ့ဖြစ်ရပ်တစ်ခု ဧပြီလ ပထမပတ်က ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်ပွားခဲ့ကြောင်းသိရတယ်။ နာမည်စာရင်းပေးပြီးအရစ်ကျစနစ်နဲ့ ဝယ်ယူ နိုင်မယ်ဆိုတဲ့ ပစ္စည်းတွေက သွပ်၊ တီဗီ၊ ဒီဗီဒီ၊ အင်ဗာတာ၊ ဆိုင်ကယ်စတာတွေပါ။ ဧပြီလ ၈ရက်နေ့က ကျုံပျော်မြို့နယ် မှော်သေးရွာမှာဖြစ်ခဲ့တာပါ။ လိမ်လည်သူတွေက ငသိုင်းချောင်းမှ သူတို့ရဲ့ အသိကို ခေါ်ပြီးဆိုင်ကယ်ကယ်ရီနဲ့ မှော်သေးရွာကိုလာလိမ်ကြတာပါ။ လင်မယားနှစ်ယောက်လာလိမ်တာလို့ဆိုတယ်။ သည်ပစ္စည်းအချို့ကိုအရစ်ကျရောင်းပေးမယ်၊ ဝယ်ချင်ရင်ကျပ်ငွေနှစ်ထောင်ပေးပြီးနာမည်စာရင်းပေးသွင်းဝယ်ယူနိုင်တယ်လို့ပြောကြောင်းသိရတယ်။ အလိမ်ခံရသူ တွေကလည်းရွာခံလူတစ်ယောက်ပါတဲ့အတွက် မလိမ်လောက်ဘူးထင်ပြီး အယောက်နှစ်ရာကျော်လောက်စာရင်းပေးတဲ့ထဲပါသွားတယ်လို့အလိမ်ခံရသူရွာခံတစ်ဦးကပြောပါတယ်။ တစ်ဦးက ကျပ်နှစ်ထောင်နှုန်းနဲ့ အယောက်နှစ်ရာကျော်လောက်ရှိတာကြောင့် ကျပ်လေးသိန်းကျော်လောက်ပါသွားတယ်လို့ဆိုတယ်။ အဲသည်အချိန်မှာပဲငသိုင်းချောင်းမှ အလိမ်ခံရသူအချို့က သူတို့လည်းသည်ပုံစံနဲ့ လိမ်သွားကြောင်းပြောမှ အလိမ်ခံရကြောင်းသိရတာပါ။ ကျုံပျော်မြို့နယ်က ၂၈နှစ်အရွယ်အလိမ်ခံရသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ နာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့ နာမည်ကိုပြောပြီး လိမ်ကြတာဖြစ်ပြီး ဝယ်လိုရမယ့် ပစ္စည်းတွေကလည်း […]


klnApril 30, 20101min632
ပန်းလှိုင်တံတားတည်ဆောက်ထားတဲ့နေရာနဲ့လှိုင်သာယာနည်းပညာတက္ကသိုလ် အနီးမှာ ပန်းလှိုင်မြစ်ရဲ့ မြစ်ကြောင်းကျဉ်းမြောင်းလာတာတွေ့ရတယ်။ ‘ ပြီးခဲ့တဲ့နှစ် ရေနည်းချိန်က တိုင်းတာခဲ့တာတောင် မြစ်အကျယ်က ပေသုံးဆယ်ကျော်ရှိတယ်၊ ဒီနှစ်ရေနည်းချိန်မှာ တိုင်းတာချက်က မြစ်အကျယ်က တစ်ပေခွဲသာသာပဲရှိတော့တယ်၊ တစ်နှစ်အတွင်းမှာမြစ်ကကောလိုက်လာတာ၊ ဟိုဘက်ကမ်းဒီဘက်ကမ်းခုန်ကူးလို့တောင်ရနေပြီ၊ မကြာခင်ကောသွားနိုင်တယ်’ လို့ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးမှုဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြစ်ထဲမှာ ရေလုပ်ငန်းလုပ်ကိုင်သူတွေက ကျားပိုက်ထောင်တဲ့ အခါမြစ်ရဲ့ ရေစီးရေလာကို အဟန့်အတားဖြစ်ပြီး နုန်းတင်လာတယ်၊ ချောင်းမြောင်းပိတ်ပြီး ငါးရှာဖွေတာတွေပြုလုပ်တဲ့အတွက် မြစ်ကကောလာပြီး မြေနုကျွန်းတွေပေါ်လာတယ်။ အဲသည်မြေနုကျွန်းတွေပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ဖြစ်ထွန်းတဲ့အတွက် မြေနုကျွန်းကိုပဲ လူတွေက ပိုပြီးတန်ဖိုးထားဂရုစိုက်လာတယ်လို့ တာဝန်ရှိသူက သူအမြင်ကိုရှင်းပြတယ်။ သူက ‘အရင်ကဆိုရင် ကမ်းပြိုတာတွေဖြစ်လို့မကြာခဏ ထိန်းသိမ်းပြုပြင်ရတယ်၊ အခုရေကိုမရှိတော့တာ၊ မြစ်ရဲအနောက်ဘက်ခြမ်းက လတာပြင်ဆိုရင် ကမ်းနားလမ်းထက်ကိုမြင့်တက်နေတယ်၊ သယ်ယူပို့ဆောင်ရေးမှာလဲ အရင်ကရေလမ်းကို အားထားရပေမဲ့အခုအခါကားလမ်းတွေအဆင်ပြေလာတော့ ရေလမ်းကိုပစ်ထားလိုက်တာလဲပါတာပေါ့’ လို့ ပြောတယ်။ တွံ့တေးဘက်က […]


klnApril 30, 20101min751
တော်တန်ရုံကော်နက်ရှင်ကျနေရင်လည်း သုံးလို့ရပြီး ထို်င်းနိုင်ငံကို မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်လာနိုင်တာကြောင့် Skype ကို သုံးစွဲသူများလာတယ်လို့ သိရတယ်။ “အရင်က နိုင်ငံတကာကို ဖုန်းခေါ်ရင် Pfingo ကို အသုံးများတယ်၊ Pfingo က ကော်နက်ရှင်ကျရင် သုံးမရတာမျိုးကြောင့် Skype ကို ပြောင်းသုံးကြတယ်၊ Skype က ဂျီတော့ခ်လောက်ကော်နက်ရှင်ရှိရင်ပဲ သုံးလို့ရတယ်၊ ဖုန်းခေါ်ဆိုခလဲ Pfingo ထက်သက်သာတယ်” လို့ အင်တာနက်လိုင်းချိတ်ဆက်ပေးတဲ့ ကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကပြေပါတယ်။ Skype က နိုင်ငံတစ်နိုင်ငံကို မိနစ်အကန့်အသတ်မရှိ တစ်လဝယ်မယ်ဆိုရင် ခြောက်ဒေါ်လာဖြစ်ပြီး နိုင်ငံပေါင်း ၄၃နိုင်ငံကို ဝယ်မယ်ဆိုရင်တော့ ၁၃ဒေါ်လာပဲကျသင့်တယ်လို့ သိရတယ်။ “မလေးရှားနိုင်ငံတစ်ခုပဲ မိုဘိုင်းဖုန်းကို လှမ်းခေါ်လို့မရဘူး၊ ကြိုးဖုန်းနဲ့ပဲပြောလို့ရတယ်”လို့ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ Skype နဲ့စင်္ကာပူ၊ ထိုင်း၊ တရုတ်(တိုင်ပေ)၊ အမေရိကန်၊ […]


klnApril 30, 20101min1051
စားသုံးတဲ့မျှစ်ကို ဆေးနီ၊ ဆေးဝါ၊ ချွတ်ဆေး(ဆိုဒီယမ် ဟိုက်ဒရိုဆာလဖိုက်) စတာတွေအသုံးပြုပြီး အရောင်တင်ရောင်းချမှုတွေ ဈေးတချို့မှာ ပြန်လည်တွေ့လာရတယ်။ အင်းစိန်ဈေးမှာ ချဉ်ဖတ်မျိုးစုံရောင်းချသူတစ်ဦးက “သဘာဝမျှစ်ရဲ့အရောင်က မီးခိုးရောင်သန်းတယ်၊ မှိုင်းညစ်ညစ်နဲ့၊ အဲဒါကို ဒီအတိုင်းရောင်းရင် ဝယ်သူတွေက ရိနေတယ်၊ မကောင်းတော့ဘူး၊ မလတ်ဆတ်ဘူးလို့ထင်တယ်”လို့ သူကြုံတာကိုပြောပြတယ်။ သဘာဝအရောင်က အမြင်မလှတာကြောင့် ဈေးသည်တချို့က မျှစ်ရဲ့မူအရောင်ကို ချွတ်ဆေးနဲ့ချွတ်ပြီး သန့်စင်တယ်၊ ပြီးရင် ဆေးနီ၊ ဆေးဝါစတာတွေဆိုးပြီး ရောင်းချတယ်လို့ဆိုတယ်။ ဆိုးဆေးပါပေမယ့် ရေနွေးဆူဆူနဲ့ပြုတ်ရင် ဆေးရင် ဓာတ်ပြယ်တယ်လို့ ထင်တာလည်းရှိတယ်။ အင်းစိန်မြို့နယ်မှာ အိမ်ရှင်မတစ်ဦးက “ဆေးဆိုးထားတဲ့မျှစ်နီကိုဝယ်ပေမဲ့ အိမ်ရောက်ရင်ပြုတ်တယ်၊ အဲဒီပြုတ်ရည်ကို သွန်ထုတ်ပစ်လိုက်တယ်၊ ပြီးမှ ကြော်တာ၊ ချက်တာလုပ်တယ်၊ ရေနွေးပြုတ်ရည်က နီရဲသွားတယ်၊ မျှစ်မှာတော့ အရောင်သိပ်မကျန်တော့ဘူး”လို့ပြောပါတယ်။ ဆေးဆိုးထားတဲ့အစားအသောက်ကို ဘယ်လိုပဲသန့်စင်အောင်ပြုလုပ်ပေမဲ့ ဓာတုဓာတ်ကြွင်းကကျန်တယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန၊ အငြိမ်းစားဒုတိယညွန်ကြားရေးမှူး ဒေါက်တာဦးဝင်းသိန်းကပြောပါတယ်။ […]


klnApril 29, 20101min550
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသောပါတီ၏ အမည်ကို ဖော်ပြ၍လာရောက်လျှောက်ထားခဲ့သည်။ ယင်းသို့နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့များအနက် “ ဝ” ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ နှင့်ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ၂၀၁ဝခုနှစ်ဧပြီ ၂၈ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်ကြောင်းသိရှိရသည်။ ဧပြီ၂၈ရက်နေ့အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့်အဖွဲ့(၂၂) ဖွဲ့အနက်အဖွဲ့(၆) ဖွဲ့ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့် အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅တွင် အကျုံးဝင်သောပါတီများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်လျှောက်ထားလျက်ရှိကြရာ ယင်းပါတီများအနက် မြို(ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ) MRO OR KHAMI NATIONAL SOLIDARITY ORGANIZATION (M.K.N.S.O) သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်ကြောင်း […]