klnJune 14, 20101min510
ပုဂ္ဂလိကစက်သုံးဆီဆိုင်များကို ရန်ကုန်မြို့ပေါ်တွင် ဇွန်လ ၁ဝရက်နေ့မှ စတင်ဖွင့်လှစ်ရောင်းချပြီဖြစ်ကြောင်းနှင့် ဒီဇယ်ဆီဈေးမှာ တစ်ဆိုင်နှင့် တစ်ဆိုင် ကွာခြားမှုအချို့ရှိကြောင်း သိရသည်။ လက်ရှိဖွင့်လှစ်ရောင်းချသည့် ပုဂ္ဂလိကစက်သုံးဆီဆိုင်များထဲတွင် မြဝတီ၊ နီလာရိုးမအမည်ရှိစက်သုံးဆီဆိုင်များမှ ရောင်းချသည့် ဒီဇယ်ဆီတစ်ဂါလန်လျှင် ကျပ် ၂၈၅ဝ ဟူသည့် ဈေးမှာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များအားလုံးထဲတွင် အသက်သာဆုံးနှုန်းဖြင့်ရောင်းချသည့် ဆိုင်များဖြစ်ကြောင်းသိရသည်။ ရန်ကင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် PETROK အမည်ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ဒီဇယ် အားလီတာဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် တစ်လီတာ ကျပ် ၆၅ဝနှုန်းအား ဂါလန် ဈေးဖြင့်ပြန်လည်တွက်ချက်မည်ဆိုပါက ဒီဇယ်တစ်ဂါလန်လျှင် ၂၉၂၅ကျပ်ဝန်းကျင် အထိကျသင့်ကြောင်း ဝယ်ယူသူများ ကပြောကြားခဲ့သည်။ HTOO ၊ မက်(စ်) မြန်မာ ကုမ္ပဏီအုပ်စုစက်သုံးဆီဖြန့်ဖြူးရေးအရောင်းဆိုင်၊ NEWDAY စက်သုံးဆီအရောင်းဆိုင်များအပါအဝင် အခြားဆိုင်များတွင်မူ ဒီဇယ်ဆီတစ်ဂါလန် ကျပ် ၂၉၀ဝနှုန်းဖြင့် စတင်ရောင်းချပေးလက်ရှိသည်ဟုသိရှိရပါသည်။ “မက်(စ်) […]


klnJune 14, 20101min590
ပြည်တွင်းစီးပွားရေလုပ်ငန်းရှင်များပြည်ပနိုင်ငံများနှင့်သတင်းအချက်အလက်များဖလှယ်ရာတွင် လုံခြုံမှုရှိစေရန် အတွက် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်များကို မြန်မာအင်ဖိုတက်မှ မကြာမီထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုဒစ်ဂျစ်တယ်သက်သေခံလက်မှတ်သည် ပြည်ပနိုင်ငံများနှင့် ငွေပေးငွေယူကိစ္စများနှင့် သတင်းအချက်အလက်များဖလှယ်ရာတွင် အွန်လိုင်းလုံခြုံမှုအတွက် ထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။ “ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်ကို မကြာမီမှာပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ ရယူသုံးစွဲခွင့် ရရှိတော့မှာပါ။ ဒီလက်မှတ်ထုတ်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ နည်းဥပဒေတွေနဲ့ စည်းကမ်းချက်တွေကိုလဲ ရေးဆွဲပြီးပါပြီ။ လက်ရှိ စမ်းသပ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနည်းစနစ်အသုံးပြုတဲ့အခါ မှာ လိုအပ်တဲ့ နည်းပညာတွေပဲ ပံပိုးပေးရတာပါ။ ကျန်တဲ့ကိစ္စတွေကို မြန်မာအင်ဖိုတက်က ဆောင်ရွက်သွားမှာပါ” ဟုမြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဦးငြိမ်းဦးကပြောသည်။ ယင်းဒစ်ဂျစ်တယ်သက်သေခံ လက်မှတ်ထုတ်ပေးနိုင်ရန်အတွက် မြန်မာအင်ဖိုတက်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးနှင့် ကြေးနန်းဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။ “အခုချိန်မှာ နည်းပညာတွေအရမ်းတိုးတက်နေတဲ့အခါ ဖြစ်တော့ အွန်လိုင်းသုံးစွဲတဲ့ အခါမှာ လုံခြုံမှုရှိဖို့လိုအပ်လာပါတယ်။ ပြီးတော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တချို့ကလဲ အခုချိန်မှာ အွန်လိုင်းစနစ်နဲ့ ပြည်ပနိုင်ငံတွေနဲ့ […]


klnJune 14, 20101min530
မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေကြသည့် ခရီးသည်တင်လိုင်းကားများ၏ အမိုးများ၊ အကာများ၊ ပြတင်းပေါက်များ ကောင်းမွန်ခြင်းရှိ၊ မရှိနှင့် မော်တော်ယာဉ်ကြံ့ခိုင်မှု အခြေအနေ ကောင်းမွန်ခြင်းရှိ၊ မရှိတို့ကိုစစ်ဆေး၍ ပြုပြင်မှုများ ဆောင်ရွက်သွားရန် ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့စေရေးကော်မတီမှ သက်ဆိုင်ရာယာဉ်လိုင်းများအလိုက် ညွှန်ကြားထားသည်ဟု သိရှိရသည်။ ရန်ကုန်မြို့နေလူထု၏ ထက်ဝက်ကျော်ခန့် အသုံးပြုစီးနင်းနေကြသည့် ခရီးသည်တင်မော်တော်ယာဉ်များတွင် အမိုးများ၊ ဘေးအကာများ၊ ပြတင်းပေါက်များ၊ လေကာမှန်၊ ဝိုင်ဘာများ၊ ဘရိတ်စနစ်နှင့်ယာဉ်ကြံ့ခိုင်မှု ကောင်းမွန်ခြင်းမရှိ၍ စီးနင်းသည့်ခရီးသည်များ အဆင်မပြေစီးနင်းရခြင်းအပြင် ယာဉ်အန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သောကြောင့် အထူးသဖြင့် မိုးရာသီကာလတွင် မော်တော်ယာဉ်များ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရန်နှင့် စစ်ဆေးပြုပြင်ရန်အတွက် ပိုမိုတိုက်တွန်းနေရခြင်း ဖြစ်သည်ဟု သိရသည်။ အသင်းအဖွဲ့၊ ကုမ္ပဏီများက ပိုင်ဆိုင်သော ယာဉ်လိုင်းများကိုလည်း ညွှန်ကြားထားသကဲ့သို့ ပုဂ္ဂလိကယာဉ်ပိုင်ရှင် တစ်ဦးချင်းကို စုစည်းဖွဲ့စည်းထားသည့် ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အကြီးဆုံးနှင့် […]


klnJune 14, 20101min721
နိုင်ငံခြားကုမ္ပဏီအချို့ ပြည်တွင်းငွေသုံး၍ ပဲဝယ်ယူခြင်းများရှိနေရာ ထိုသို့ဝယ်ယူခြင်းကို ခွင့်ပြုမှုမရှိကြောင်း ကြေညာချက်ကို ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ထုတ်ပြန်လိုက်ပြီး ပဲလုပ်ငန်းရှင်များအားလည်း အသိပေးထားသည်ဟုစုံစမ်းသိရှိရသည်။ “ဒီနှစ်ပဲဈေးကောင်းတဲ့အခါ အချို့ကုမ္ပဏီတွေက ပြည်တွင်း က ကုမ္ပဏီတွေ၊ အရောင်းအဝယ် ကိုယ်စားလှယ်အချို့ နဲ့ပူးပေါင်း ပြီး မြန်မာကျပ်ငွေနဲ့ ဝယ်ယူမှုတွေရှိလာပါတယ်။ တကယ်တော့ နိုင်ငံခြားကုမ္ပဏီတွေကို Local currency သုံးပြီး ပြည်တွင်း မှာ ကုန်သွယ်ခွင့်ပေးမထားပါဘူး။ နိုင်ငံတော်ရဲ့ မူဝါဒကတော့ TT (Telegraphic Transfer ) နဲ့ပဲ အရောင်းအဝယ်လုပ်စေချင်ပါတယ်။ အဲဒီအတွက် လည်းပဲလုပ်ငန်းရှင်တွေ သတိပေးထားပါတယ်” ဟု မြန်မာနိုင်ငံပဲနှမ်းလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ယင်းကဲ့သို့ သတိပေးပြီး နောက်ပိုင်းဇွန်လ ၁၁ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အဆိုပါ ထုတ်ပြန်ချက်အား ထုတ်ပြန်ထားကြောင်း သိရသည်။


klnJune 14, 20101min791
နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၁ဝ ပြည့်နှစ် ဇူလိုင်လတွင် ဖွင့်လှစ်သွားဖွယ်ရှိကြောင်း နေပြည်တော်အမြန်လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးထံမှ သတင်းရရှိပါသည်။ အဆိုပါ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးနှင့် တစ်ဆက်တည်းဖြစ်သော နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၀၉ ခုနှစ်အတွင်း စတင်ဖောက်လုပ်ခဲ့ပြီး ယခုအခါ နေပြည်တော်-မန္တလေး တိုက်ရိုက်ဆက်သွယ်သော အမြန်လမ်းမကြီး၏ အသွားအပြန် လေးလမ်းသွားအဖြစ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ မန္တလေးသို့ တိုက်ရိုက်ပေါက်ရောက်ပြီးစီး၍ ယင်းလမ်းမကြီးကို ဇူလိုင်လအတွင်း ဖွင့်လှစ်သွားဖွယ်ရှိကြောင်း သိရှိရသည်။ “ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးအတိုင်း နေပြည်တော်-မန္တလေးလမ်းမကြီးကလည်း ခရီးတိုနဲ့ မန္တလေးနဲ့ နေပြည်တော်ကို နေ့ချင်းပြန်သွားလို့ရတော့မှာပါ။ ဒီလမ်းမကြီး ပြီးစီးသွားရင် မန္တလေး-နေပြည်တော်နဲ့ တခြားမြို့ရွာတွေကပါ ကုန်စည်စီးဆင်းမှုတွေနဲ့ ဆက်သွယ်သွားလာရာမှာ မြန်ဆန်လွယ်ကူလာမှာပါ ” ဟု ၎င်းကပြောဆိုခဲ့သည်။ ယင်းလမ်းပိုင်းသည် ၁၅၁ မိုင်သာ ကွာဝေးသည့်အတွက် ယခင်လမ်းဟောင်းနှင့် ယှဉ်ပါက […]


klnJune 14, 20101min570
တောင်ကိုရီးယားနိုင်ငံထုတ် ၂၀၀၃မိုဒယ် ဟွန်ဒိုင်းနှင့် ကီးယားတစ်လက်သုံး အဆင့်မြင့် ဘတ်စ်ကားများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ စတင်တင်သွင်းနေပြီဖြစ်ကြောင်း သိရသည်။ ၄၅ယောက်စီးဟိုင်းဝေးဘတ်စ်ကားများသည် ယခုအခါ ရန်ကုန် ဆိပ်ကမ်းနှင့်သီလဝါဆိပ်ကမ်းများသို့ စတင်ရောက်ရှိနေပြီဖြစ်သည့် အတွက် အဆိုပါ ကားများကိုဝယ်ယူလိုသော လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်တော့ မည်ဟု သိရသည်။ ရောက်ရှိလာသောကားများ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ဂျပန်နိုင်ငံထုတ် Mitsubishi Fuso Bus၊ Hinon Bus များနှင့် ဆင်တူသည့်အပြင် မြန်မာနိုင်ငံ၏ လမ်းစနစ်နှင့်ကိုက်ညီသော ဘယ်မောင်းကားများဖြစ်သည်ဟုသိရသည်။ “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီကားတွေကို ဆက်တိုက်တင်သွင်းရောင်းချသွားဖို့ရှိပါတယ်။ ယခင်က ဒီလိုကားတွေမြန်မာနိုင်ငံမှာမရှိခဲ့ပါဘူး။ ယခုမှစရောက်လာတာဖြစ်ပါတယ်။ ကားတွေအားလုံး တစ်လက်သုံးကားတွေဖြစ်ပြီး ၄၅ယောက်စီးနိုင်တဲ့အတွက် ဒီကားတွေက အထူးသဖြင့် Tour ကုမ္ပဏီတွေနဲ ့ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေကြိုက်နှစ်သက်ကြမယ့်ကားအမျိုးအစားတွေပါ။ ဈေုးနှုန်းအနေအထားကလဲ ဂျပန်နိုင်ငံထုတ်ကားဈေးတွေထက်တစ်ဝက်လောက်သက်သာပါတယ်။ ယခုဆိုရင် […]


klnJune 14, 20101min771
ရန်ကုန်မြို့တော်အတွင်း သွားလာလျက်ရှိသည့် အချို့မော်တော်ယာဉ်များသည် ယာယီနံပါတ်အမျိုးမျိုးအား တပ်ဆင်သွားလာလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ သွားလာလျက်ရှိရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ပေးထားသည့် စက်မှုဇုန်ထုတ် ယာယီနံပါတ်ခွင့်ပြုကာလတစ်လ၊ လေလံနံပါတ် ခွင့်ပြုကာလ သုံးလကိုသာတပ်ဆင်၍ စည်းကမ်းသတ်မှတ်ချက်နှင့် အညီသွားလာကြရန်နှင့် သတ်မှတ်ထုတ်ပေးထားခြင်းမရှိသော ယာယီနံပါတ်များ တပ်ဆင်မောင်းနှင်နေခြင်းအား စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


klnJune 14, 20101min420
စူပါမားကတ်ကြီးအချို့တွင် ရောင်းချနေသော ကုန်ပစ္စည်းအချို့၏ ဝယ်စဉ်က ဈေးနှုန်းနှင့် ငွေရှင်းသည့်အခါ ဈေးနှုန်းများကို ကုတ်နံပါတ်မှားရိုက်မှုကြောင့် ဈေးနှုန်းမမှန်မကန်မှုများ ဖြစ်လာကြောင်း ကိုယ်တွေ့ကြုံတွေ့ရသူများထံမှ သိရသည်။ “ကျွန်မက ပစ္စည်းတွေအားလုံးဝယ်ပြီးတော့ ကောင်တာမှာ ငွေသွားရှင်းတယ်။ ငွေလက်ခံဖြတ်ပိုင်းထွက်လာတော့ ကိုယ်မှန်းထားတဲ့ပမာဏနဲ့ နည်းနည်းလေးကွာနေတဲ့အတွက် ဖြတ်ပိုင်းကို ကြည့်လိုက်မိတယ်။ ခါတိုင်းဆိုရင်တော့ မကြည့်မိပါဘူး။ အဲဒီမှာ ကိုယ်မဝယ်ထားတဲ့ဈေးနှုန်းနဲ့ ပစ္စည်းဖြတ်ပိုင်းထပ်ဆုံးမှာတွေ့လို့ မေးကြည့်တော့ ဝယ်ထားတဲ့ပစ္စည်းထဲက ပစ္စည်းတစ်ခုရဲ့နာမည်ကို ပြောတယ်။ ဒါနဲ့ ကျွန်မလဲ ကပ်ထားတဲ့ပစ္စည်းဈေးနှုန်းမှားတာပဲလို့ ထင်ခဲ့တယ်။ အိမ်ရောက်တော့ ကျွန်မမှားတာမဟုတ်ဘဲ သူတို့မှားနေမှန်းသိတာ။ အမှန်တော့ ကျွန်မဝယ်လာတာက ပြည်တွင်းဖြစ်ပစ္စည်းပါ။ သူတို့က ကုတ်နံပါတ်မှားရိုက်လိုက်တာက တခြားပစ္စည်းနာမည်တစ်ခုပါ။ ဒါကြောင့် ကျွန်မဝယ်လာတဲ့ပစ္စည်းတန်ဖိုးရဲ့ တစ်ထောင်ကျော်လောက်ပေးခဲ့ရတယ်။ ဒါမျိုးက အမှန်ဆိုရင် ကောင်တာက ဝန်ထမ်းတစ်ဦးရဲ့ အမှားပဲ။ ကုတ်နံပါတ်ကို မသိဘဲနဲ့မှားရိုက်တယ်။ သိသိကြီးနဲ့လုပ်တာဆိုရင်လဲ အဲဒီလိုမျိုး […]


klnJune 11, 20101min430
နိုင်ငံတော်က ပြည်သူလူထု ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ရည်ရွယ်ပြီး တရားမဝင်တင်သွင်းလာသည့် ဆိုင်ကယ်များကို ၂၀၀၉ခုနှစ် ဒီဇင်ဘာ ၁ရက်မှ ၂၀၁ဝခုနှစ် ဇန်နဝါရီ ၃၁ရက်အထိ အခွန်အခများပေးချေ၍ တရားဝင်မှတ်ပုံတင်များ ထုတ်ပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ ပြည်သူများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တရားဝင်မှတ်ပုံတင်ပြုလုပ်ရေးကို အချိန်ကာလတိုးမြှင့်ပြီး ၂၀၁ဝခုနှစ် ဇွန် ၃ဝရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁ဝခုနှစ် ဇူလိုင် ၁ရက်မှစတင်ပြီး မှတ်ပုံတင်မဲ့ဆိုင်ကယ်များကို တရားဥပဒေနှင့်အညီ နိုင်ငံပိုင်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ နိုင်ငံပိုင်သိမ်းဆည်းထားသော ဆိုင်ကယ်များကို ပိုင်ရှင်ဖြစ်သူက ပြန်ရယူလိုကြောင်း လျှောက်ထားလာလျှင် ဆိုင်ကယ်၏တန်ဖိုးနှင့် ကျသင့်သည့်အခွန်ငွေများကို ပေးဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်က တရားဝင်အဖြစ် သတ်မှတ် မှတ်ပုံတင်ပေးမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။


klnJune 11, 20101min510
ဧရာဝတီ ဆားကွင်းလုပ်ငန်းရှင်များ၏ ဆားများကို မြန်မာ့စီးပွားရေး ဦးပိုင်နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့မှ ပူးပေါင်းကာ မေလ ၁၈ရက်နေ့မှစတင်၍ အရစ်ကျဝယ်ယူနေကြောင်း လပွတ္တာမြိုနယ်နေ ဆားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့မှ ဧရာဝတီတိုင်းရှိ ဆားလုပ်ငန်းရှင်(ကွင်းပိုင်) များအား တာဝန်ခံကြီးကြပ်စေပြီး ဆားလယ်တစ်ဧကလျှင် ပိဿာ ၃၀၀ဝ နှုန်း ဝယ်ယူလျက်ရှိကြောင်း၊ ယခုနှစ်ဆားတစ်ပိဿာပေါက်ဈေးသည် ၂၀-၂၅ ကျပ်မှစကာ လက်ရှိ၌ တစ်ပိဿာလျှင် ၅၅-၆ဝ ကျပ်အထိဖြစ်လာကြောင်း၊ ဧရာဝတီတိုင်းမှ ဆားလုပ်ငန်းရှင်များကိုလည်း ၎င်းတို့ဒေသတွင် လုပ်ငန်းအကြီး၊ အသေးအလိုက် ခွဲခြား၍ ဝယ်ယူသိုလှောင်ပေးရန် စီမံထားလျက်ရှိကြောင်း လပွတ္တာမြို့ရှိ ဆားလုပ်ငန်းရှင် ဦးမောင်ကြင်(ယခု ဝယ်ယူကြီးကြပ်ရေးတာဝန်ခံ) ကပြောသည်။ လက်ရှိတွင် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ပြင်စလူ ဆားတိုက်နယ်၊ ရွေးသင်္ကန်းကြီးနှင့် ဆင်ခြေရာ (ဆားခပ်) ဆားတိုက်နယ်ဒေသများသို့ ဆားဝယ်ယူရန် […]


klnJune 11, 20101min380
ဆေးဈေးကွက်မှာ ဆေးဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်သူတွေတစ်နေရာတည်းစုပေါင်းဝယ်ယူနိုင်အောင် ဇွန်လ ၅ရက်နေ့ကနေ ဇွန်လ ၁ဝရက်နေ့အထိ မင်္ဂလာဈေးဝင်းထဲမှာ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းက ဆေးကုမ္ပဏီတွေနဲ့ မင်္ဂလာဈေးမှာ ဆိုင်ဖွင့်ထားတဲ့ ဆေးကုမ္ပဏီ၊ ဆေးကုန်သည်တွေစုပေါင်း ရောင်းချပေးနေပါတယ်။ ဆေးကုမ္ပဏီတချို့က ပစ္စည်း အနည်းငယ်သာဝယ်သူကိုလည်းပစ္စည်းအများယူဈေးနှုန်း အတိုင်း တွက်ချက်ရောင်းပေးတာတွေ့ရတယ်။ တချို့က နည်းနည်းဝယ်ဝယ်၊ များများဝယ်ဝယ် ဝယ်တဲ့ ပစ္စည်းကို အိမ်အရောက်ပို့ပေးတာလည်းရှိတယ်။ ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးက ‘ ဒီမှာ ဆိုင်ဖွင့်ထားတာဆိုင်ပေါင်း ၂ရဆိုင်လောက်ရှိမယ်ထင်တယ်။ ဆေးကုမ္ပဏီတွေက တိုက်ရိုက်ရောင်းပေးတာဆိုတော့ ပုံစံမျိုးစုံနဲ့ လက်ဆောင်ပေးတာတွေ့ရတယ်။ ကုမ္ပဏီမဟုတ်ဘဲဆေးအရောင်းဆိုင်ဖွင့်တဲ့ သူတချို့လဲရောင်းနေတာတွေ့ရတယ်’လို့ဆိုကြောင်း သတင်းရရှိသည်။


klnJune 11, 20101min601
မန္တလေးမြို့ မီးလောင်သွားသော ရတနာပုံဈေးဆိုင်ခန်းများအတွက် ယာယီဈေးတန်းများကို စက်တင်ဘာလမှစပြီး ဖျက်သိမ်းတော့မည် ဖြစ်သည်။ မကြာမီ ရတနာပုံဈေး ဖွင့်လှစ်တော့မည်ဖြစ်ပြီး အဆိုပါဈေးကြီးသို့ ယာယီဆိုင်တန်းမှ ဈေးသည်များ ပြောင်းရွှေ့ကြရတော့မည်ဖြစ်သည့်အတွက် ယာယီဆိုင်တန်းများကို ဖျက်၍ မူလလမ်းများကို ပြန်လည်ပြုပြင်သွားမည်ဖြစ်သည်။ အဆိုပါ ဈေးများဖျက်သိမ်းလိုက်ပါက ယခင်လမ်းဟောင်းများဖြစ်သာ ၇ရလမ်း၊ ၂၆လမ်းမှ ၂၉လမ်းထိပ်ထိ လည်းကောင်း၊ ၃၁လမ်းနှင့် ၃၄လမ်းတို့တွင်လည်းကောင်း ကားနှင့် ဆိုင်ကယ်များ သွားလာနို်င်မည် ဖြစ်သည်။ ယာယီဆိုင်တန်းများမှာ ရတနာပုံဈေးကြီးမီးလောင်ပြီး နှစ်လအကြာတွင် တည်ဆောက်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့သည်။ ခြောက်ပေဆိုင်ခန်းတစ်ခန်းလျှင် ကျပ်ငါးသိန်းကုန်ကျခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၅၄ရ ခန်းတည်ဆောက်ခဲ့သည်။ ၇ရလမ်း ၂၆လမ်းနှင့် ၂ရလမ်းကြားတွင် အထည်တန်းဆိုင်ခန်းတစ်တန်း၊ ၂ရလမ်းနှင့် ၂၈လမ်းကြားတွင် ပန်းကန်တန်းဆိုင်ခန်း တစ်တန်း၊ ၂၉လမ်းထိပ်တွင် အထည်တန်းတစ်တန်း၊ ၃၁လမ်းတွင် ဆိုင်တန်းတစ်တန်းနှင့် ၃၄လမ်းတွင် ကုန်စိမ်းခြောက်တန်းတစ်တန်းတို့ကို […]


klnJune 11, 20101min912
အိပ်ပျော်နေစဉ်မီးလောင်မှုဖြစ်လို့ ရုတ်တရက်မီးခိုးအန္တရာယ်နဲ့ ကြုံတွေ့ရင် ဆောင်ရွက်ဖို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားကြောင်းသိရသည်။ အိပ်ပျော်နေစဉ်မီးလောင်မှုဖြစ်ပြီး ရုတ်တရက်မီးခိုးအန္တရာယ်နဲ့ကြုံတွေ့ရရင် စိတ်ကိုတည်ငြိမ်စွာထားပြီး ကြမ်းပြင်ပေါ်ကို လျင်မြန်စွာမှောက်ချလိုက်ပါ။ မီးခိုးဟာလေထက်ပေါ့တာကြောင့် မီးခိုးဟာ အခန်းရဲ့ အပါ်ပိုင်းမှာရှိနေတယ်။ ဒါကြောင့် ကြမ်းပြင်မှာ မီးခိုးလျော့ပါးပြီး အသက်ရှူနိုင်မယ့် အခွင့်အလမ်းအများဆုံးရှိနိုင်မှာပါ။ အဲဒီအချိန်မှာ မတ်တပ်ရပ်သွားလာခြင်းမပြုသင့်ပါဘူး။ ကြမ်းပြင်ပေါ်မှာ လေးဖက်ထောက် (ဒါမှမဟုတ်) မိကျောင်းတက်အနေအထားနဲ့ တံခါးဆီသွားပြီးပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရမှာပါ။ မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူး၊ ဦးအောင်ကျော်မြင့်က ‘ ရုတ်တရက်မီးခိုးနဲ့ ကြုံရင်အထက်ပါအတိုင်း လုပ်ရမယ်။ တကယ်လို့များကြိုတင်စီမံချိန်ရရင် ဥပမာ မင်္ဂလာဈေးမီးလောင်တာကိုရပ်ကြည့်နေတဲ့ လူတွေဆိုရင် လက်ကိုင်ပဝါရေဆွတ်ပြီး ပါးစပ်နဲ့နှာခေါင်းတို့မှာ အုပ်ထားပေါ့’လို့ရှင်းပြတယ်။ မီးခိုမှာ လောင်တဲ့လောင်စာပေါ်မူတည်ပြီးကွဲပြားမှုရှိတယ်။ ရိုးရိုးလောင်ရင် ကာဘွန်ဒိုင်အောင်ဆိုက်ထွက်ပြီး ဓာတုဗေဒပစ္စည်း တွေလောင်တဲ့အခါ ကာဘွန်ဒိုင်အောက်ဆိုက်အပြင် ကာဘွန်မိုနောဆိုက်ပါထွက်တယ်။ သာမန်ကာဘွန်ဒိုင်အောက်ဆိုက်ဆို်ရင်တောင်သုံးမိနစ်လောက်ဆက်တိုက် ရှူမိရင် သတိလစ်မေ့မြောသွားနိုင်တယ်။ ကာဘွန်ဒိုင်အောက်ဆိုက်ထက် ကာဘွန်မိုနောဆိုက်က ပိုပြင်းထန်တယ်လို့ […]