may flowersJune 25, 20121min24413
ဒီတစ်ခါတော့ လူဝင်စားတစ်ယောက်အကြောင်း.( ကျွန်မသိသော လူဝင်စားတစ်ဦးရဲ့ ဘဝဇာတ်ကြောင်း)တစ်ပုဒ်ကို ပြန်ပြီးဖောက်သည်ချပြောပြချင်ပါတယ်။   ရန်ကုန်တိုင်းအတွင်းရဲ့ ဝေးလံခေါင်သည်လှတဲ့ တောရွာလေးတစ်ရွာမှာ လွန်ခဲ့သောနှစ် ပေါင်း ၅ဝ လောက်က လယ်သမားမိဘနှစ်ပါးမှ မောင်ဖိုးအေးလေးကိုမွေးဖွားခဲ့ပါတယ်။ အဲဒီမောင်ဖိုးအေးလေး မွေးစဉ်ကဘိုက်မှာ သွေးစတွေနဲ့ဓါးဒဏ်ရာပုံသဏ္ဍန်နဲ့ အနာတစ်ခု ပါလာခဲ့ပါတယ်။ မောင်ဖိုးအေးလေးရဲ့ အဖွားကတော့မှတ်ချက်ပေးခဲ့ပါတယ် “ဒီကောင် လေး လူဝင်စားလေးဖြစ်ရမယ်”တဲ့။ ဒါပေမဲ့ မောင်ဖိုးအေးလေးဟာ အခြားလူဝင်စားတွေလိုဘဝဇာတ်ကြောင်းတွေ နောက် ကြောင်းဘဝတွေ တစ်ခါမှပြန်လည်ပြောပြဘူးတာမရှိတာကြောင့် မောင်ဖိုးအေးလေးရဲ့ အဖွားမှက်ချက်ဟာလည်း မမှန်ကန်တော့သရောင်ရောင်နဲ့ အားလုံး မေ့ပျောက်သွားခဲ့ ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မောင်ဖိုးအေးလေးတို့အိမ်ကို မြို့ကမောင်ဖိုးအေးအကြီး (မောင်ဖိုးအေးအမေရဲ့ အမ) လင်မယားလာလည်ကြပါတယ်။ မောင်ဖိုးအေးလေးရဲ့ ဘကြီးဟာ ကလေးချစ်တတ်ပြီးအစအနောက်အလွန်သန်သူတစ်ယောက်ပါ။ သူကမောင်ဖိုးလေးကို ချစ်စ နိုးနဲ့ အမျိုးမျိုးမခံချင်အောင်စပါတယ်။ ပထမတော့ မောင်ဖိုးလေးကဘကြီးဖြစ်သူစတာ ကို ဘာမှပြန်မပြောပဲငြိမ်ခံနေပါတယ်။ […]


may flowersJune 19, 20121min24818
ပူအိုက်သောခံစားချက်အာရုံနဲ့ အတူကျွန်မနိုးထလာပါတယ်။ နာရီကို ကြည့်မိတော့ မနက် ၂ ရီကျော်ကျော်ရှိနေပါပြီ။ နွေရာသီရဲ့ ပူအိုက်တဲ့ခံစားချက်နဲ့အတူ အပြင်ဘက် ကို လှမ်းကြည့်မိလိုက်တယ်။ ဒီနေ့ လပြည့်ကျော် ၂ ရက်နေ့မို့ အပြင်ဘက်မှာလကြီးက ထိန်ထိန်သာလို့နေပါသည် ။ပူလိုက်တာ ပြောမနေပါနဲ့လေ။ အရေးထဲ မီးကလည်းထုံးစံ အတိုင်းမလာတော့ ပန်ကာလဲဖွင့်လို့မရ ဆိုတော့ကာ ကိုယ့်အားကိုယ်ကိုးကာ မိမိပိုင်တဲ့ လက်ကိုပဲ အသုံးပြုပြီး ယက်တောင်ကိုခပ်ပြင်းပြင်းလေးခတ်နေမိတာပေါ့။ အဲပြောရင်း ရေကငတ်လာပြန်ပြီတော်။ ရေသောက်ဖို့အိမ်အောက်ထပ်ကို ဆင်းရဦးမယ်။ညထဲကလို ရမယ်ရ ဆိုပြီးညီမက ပေးထားတဲ့လက်နှိပ်ဓါတ်မီးလေး အားကိုးနဲ့အိမ်အောက်ထပ်ကို ဆင်းလာခဲ့ပါတယ်။ အိမ်သားအားလုံး အပေါ်ထပ်မှာ အိပ်ကြတာဆိုတော့ အိမ်အောက်မှာကခြောက်ခြောက်သွေ့သွေ့ပေါ့။ အေးမလားလို့ ရေခဲသေတ္တာထဲက ရေတစ်ပုလင်းထုပ်ပြီးမော့ချလိုက်မိတော့ မီးပျက်နေ တာကြာသွားလို့ထင့် ရေနွေးတမျှပူသောရေပူတွေက လည်ချောင်းထဲကိုစီးဝင်သွားကြ သည်။ ဒါနဲ့ ရေအိုးစဉ်ကရေလေးကိုပဲ နှစ်ခွက်လောက်ဆင့်သောက်ပြီး အိမ်အပေါ်ထပ်ကို […]


may flowersJune 18, 20121min1898
အဲဒီကိစ္စကို အဘွားကဘယ်သူ့ကိုမှ (ကြောက်မှာစိုးတဲ့အတွက်) ပြန်မပြောပြခဲ့ပေမဲ့ လူ တစ်ဦး၊ နှစ်ဦး စတင်မြင်ခဲ့ကြရာကစပြီး တစ်စစနဲ့တစ်ရွာလုံးလိုလို သရဲထိပ်နီရဲ့အကြောင်းကို သိလာခဲ့ပါတယ်။ အဲဒီသရဲထိပ်နီကလည်း ဘယ်သူတစ်စုံတစ်ယောက်ကိုမှ ခြောက်လှန့် ခြင်း၊ ကိုယ်ထင်ပြခြင်းမရှိပဲ အေးအေးဆေးဆေးနဲ့ နေလာခဲ့တော့ သူရှိမှန်းသိကြပေမဲ့ ဘယ်သူ ကမှလည်းသူ့ကိုကြောက်ကြတယ်ရယ် လို့မရှိကြပါဘူးတဲ့။ ဒါပေမဲ့ လပြည့်နေ့ နဲ့ လကွယ်နေ့တွေမှာတော့ မနက် ၁ နာရီကနေ  ၃ နာရီအကြားလောက်မှာ အဲဒီသစ် ပင်ဂွဆုံကနေ မီးရောင်လက်လက်ကို မြင်ကြရပါတယ်တဲ့။ မေကြီးအပြောကတော့ သရဲ မီးထွန်းတယ်ပေါ့လေ။ ဒါပေမဲ့ကျွန်မစိတ်ထဲ ခုထိမရှင်းတဲ့အချက်လေးတစ်ခု ရှိပါသေး တယ်။ အဲဒါက အနှီသရဲဦးထိပ်နီဟာ ဘာလို့ကျန်တဲ့ရက်မှာ မီးမထွန်းပဲ လပြည့်၊ လ ကွယ်လိုနေ့မျိုးမှာမှ မီးထွန်းရတာလဲဆိုတာကိုပါ။ မစပ်စု ကျွန်မကကျွန်မရဲ့ အမေကြီး ကို မေးကြည့်တော့ […]


may flowersJune 18, 20121min18110
တကယ်တော့ မစပ်စုကျွန်မမေဖလားဝါးဆီမှာ ရေးစရာဖြစ်ရပ်မှန်ဇာတ်လမ်းတော်တော်  များများရှိပေမဲ့ တကယ်တန်းချရေးကြည့်တော့  ထင်သလောက် ပါးစပ်ကပြောပြရသ လောက်မလွယ်တာမို့  ရေးလိုက်၊ ဖျက်လိုက်နဲ့ လုံးလယ်လိုက်ပြီး  ဖြစ်ရပ်မှန်ပေမဲ့ စာ တစ်ပုဒ် ၊ ပိုစ့်တစ်ပုဒ်ဖြစ်ဖို့ တော်တော်လေးကြိုးစားရေးရပါတယ်။ တစ်ချို့စာရေးသူတွေ ဟာ စာဖတ်သူတွေကို စိတ်ဝင်စားအောင်ရေးနိုင်တာကို ကျွန်မတော်တော်လေးအံ့ဩ ချီးကျူးမိပါတယ်။   ကဲ   ခုကျွန်မပြောပြ၊ ရေးပြချင်တဲ့အကြောင်းလေးကတော့ ကျွန်မတို့ငယ်ငယ်အိပ်ရာ ဝင်ပုံပြင်တွေပမာအမြဲနားထောင်ခဲ့ရဘူးတဲ့ အကြောင်းအရာလေးတစ်ခုပါ။ ကျွန်မတို့ ငယ်ငယ်က ကျွန်မအမေကြီး (အမေ့ရဲ့အမေ) ရောကျွန်မအမေပါမကြာခဏပြောပြတတ် တဲ့သရဲဦးထိပ်နီရဲ့အကြောင်းလေးပါ။ များသောအားဖြင့်ကျွန်မတို့အတွက် သရဲဆိုတာ  ကြောက် စရာ၊ လန့်စရာအကောင်အဖြစ်သာ သိထားကြတာပါ။ ဒီသရဲထိပ်နီကတော့  အဲလို သဲအမျိုးအစားမှာမပါရှာတဲ့ သရဲတစ်ကောင်အကြောင်းပါ။ ဒီလိုပါ………….. ကျွန်မတို့အဖွားရဲ့ အမေတွေလက်ထက်တုံးက ရွာမှာဦးထိပ်နီဆိုတဲ့   လူပျိုကြီးတစ် ယောက်ရှိခဲ့ပါတယ်တဲ့။ အဲဒီဦးထိပ်နီဟာ အိမ်ထောင်လဲမပြုပဲ မိအို၊ဘအိုကြီးတွေကိုပဲ […]


may flowersJune 9, 20121min34819
သူတို့နောက်ကနေ တစ်စုံတစ်ယောက်လိုက်လာတယ်လို့ခံစားခဲ့ကြရပေမဲ့  အိမ်ကို လည်းရောက်ရော အရက်မူးလာကြတာကတစ်ကြောင်း၊ လူငယ်လည်းလူငယ်ပီပီ နာမ်လောကကို အယုံအကြည်ရှိလှတာမဟုတ်ပဲ  စနောက်ခေါ်ခဲ့ကြတာမို့ စိတ် ထဲသိပ်မထားမိတာကြောင့်တစ်ကြောင်း တို့ကြောင့် ထိုကိစ္စကိုသူတို့သူငယ်ချင်းနှစ် ယောက် မေ့မေ့ပျောက်ပျောက်ပဲနေခဲ့ကြပါတယ်။   ထူးထူးဆန်းဆန်း သူတို့ဒီအခေါက်သစ်ကုန်ပို့တဲ့အခါ ဘာအန္တရာယ်မှမတွေ့ပဲ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေအောင်မြင်ပြီး အမြတ်အစွန်း တော်တော် လေးရ လိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့  သူတို့ဂတိပေးခဲ့တဲ့ ကိစ္စကို လူငယ်ပီပီပါးစပ်ဆော့ပြီးပြောခဲ့မိတာကြောင့်တစ်ကြောင်း ၊ ခုလိုအန္တရာယ် ကင်းစွာအဆင်ပြေခဲ့ကြပေမဲ့  မိမိကံကြောင့်လို့ယုံကြည်ချက်ထားကြတာကြောင့်တစ် ကြောင်းနဲ့   ပြီးတော့ မဖဲဝါကို ဂတိပေးခဲ့ကြတုန်းကလည်း နှစ်ယောက်လုံးမူးနေကြတာ ကြောင့်ကောင်းကောင်းသတိမရကြတော့တာကြောင့် နှစ်ယောက်သားပျော်ပျော်ပါးပါး နဲ့  ကတိပေးတောင်းဆိုခဲ့ကြတာကို မေ့လျှော့နေခဲ့ကြပါတယ်။   ဒီလိုနဲ့မေ့မေ့လျော့လျော့နေလာလိုက်ကြတာ တစ်နေ့ကိုကြီးကျော်တို့ အိမ်ကို…ကိုကြီး ကျော်ရဲ့ အဒေါ်တစ်ယောက်အလည်လာရောက်ခဲ့ပါတယ်။ အဲဒီအဒေါ်ရောက်လာပြီးကို ကြီးကျော်လည်း အဒေါ်ကိုနှုက်ဆက်ကာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ […]


may flowersJune 8, 20121min1578
ကဲ..ခုပြောမဲ့အကြောင်းလေးကလည်း တကယ့်အဖြစ်အပျက်ကို ပြန်ပြောပြမဲ့ ဖြစ်ရပ် မှန်ဆန်းကြယ်အကြောင်းလေးပါပဲ။ ဒါကတော့ ကျွန်မအကိုဝမ်းကွဲ ကိုကြီးကျော်ရဲ့အ ကြောင်းလေးပါ။ ကိုကြီးကျော်ရဲ့ အဖွားနဲ့ကျွန်မရဲ့အဖိုးက မောင်နှမအရင်းတွေမို့  ကိုကြီး ကျော်ကလည်း ကျွန်မတို့နဲ့ဆို ဝမ်းကွဲမောင်နှမတော်ကြပါတယ်။ ဝမ်းကွဲသာဆိုပေမဲ့ အ မျိုးချစ်တတ်တဲ့ ကျွန်မတို့တွေကတော့ တကယ့်မောင်နှမတွေလို စည်းလုံးချစ်ခင်ကြပါ တယ်။ ကိုကြီးကျော်တို့မှာ ညီမမရှိပဲ ညီအကိုချည်း ငါးယောက်တောင်မို့ ဝမ်းကွဲညီမတွေကို ပို ချစ်တာထင်ပါတယ်။ ကိုကြီးကျော်ရဲ့အဖေဟာ ကိုကြီးကျော်အသက်၂ဝ အရွယ် ကိုကြီး ကျော်ရဲ့ညီအငယ်ဆုံးလေး ဆယ်နှစ်သားလောက်မှာရုတ်တရက် ဦးနှောက်သွေးကြော ပြတ်ပြီး  ဆုံးရှာပါတယ်။ အဖေရှိစဉ်က မပူမပင် မကြောင့်မကျနေခဲ့ရပေမဲ့ ကိုကြီးကျော် ရဲ့အဖေ ဆုံးသွားချိန်မှာတော့ ကိုကြီးကျော်ဟာ အကိုကြီး အဖအရာအနေနဲ့  ကိုကြီး ကျော်  ရဲ့အဖေလုပ်သွားခဲ့တဲ့ သစ်ကုန်သည်အလုပ်ကိုဆက်ပြီး လုပ်ကိုင်ရရှာပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့သူလည်းဖြစ်ပြန် […]


may flowersJune 1, 20121min15512
ဘားလားတံတားလို့ပြောလိုက်တာနဲ့ အခြာက်အလှန့်အလွန်ကြမ်းပြီး သရဲအလွန် ခြောက်ကြောင်းကို ကိုသာချိုတို့တစ်နယ်လုံး ၊ တစ်မြို့လုံးသိကြသည်။ အနှီဘာလား တံတာနားက ညဘက်ဆိုရင်တော့လူတစ်ယောက်ထဲ ဘယ်တော့မှဖြတ်မသွားလိုက် လေနှင့်။ အခြာက်မခံရရင် ပြောချင်တာသာပြောဆိုပြီး လောင်းဝံ့သူက ဒီနယ်တစ်ခုလုံး ကလူတွေပါပဲ။ ဒါပေမဲ့ နေ့လည်နေ့ခင်းဘက်တွေမှာတော့ ဒီတံတားကတော်တော်စည် ပါတယ်။ မစည်ခံနိုင်ရိုးလား ဒီဘားလားတံတားအနီးမှာပဲ တစ်နယ်လုံးရဲ့အားထားရာ မြို့မဈေးကြီးကတည်ရှိနေတာမဟုတ်လား။ ပြီးတော့ ဒီနားအနီးတစ်ဝိုက်ကရွာလေးတွေ ကလည်း မိမိတို့စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်လေးတို့ ချောင်ကြားမြောင်းကြားက ရှာဖွေလို့ရလာတဲ့ ငါးလေးပုဇွန်လေးတို့ကို မြို့ကိုလာရောင်းချင်သပဆို အနှီတံတားကြီး ပေါ်ကပဲဖြတ်သန်းလာကြရတာပဲကို။ ဒါပေမဲ့ တစ်ယောက်စ ၊ နှစ်ယောက်စတော့မလာ ရဲကြပါဘူး။ အနဲလေး လူစုပြီးလေး၊ ငါး၊ ခြောက်ယောက်လောက်ပေါင်းပြီးလာကြတာပါ။ မနက်စောစောလူလုံးမကွဲတစ်ကွဲ အချိန်လောက်ဆိုရင်ပြောပါတယ်။ ဒီတံတာက နံမည်ကြီးတာလည်းမပြောနဲ့ ဒီတံတားနားမှာ မှောက်လိုက်ကြတဲ့ကား၊ သေ လိုက်ကြတဲ့လူတွေ နဲမှမနဲပဲ။ ကားသမားတွေကတော့ပြောကြပါတယ် […]


may flowersJune 1, 20121min16612
ခုတလော ဘာဖြစ်မှန်းမသိအောင် အချစ်အတွက်မိမိဘဝကို အနစ်မွန်းခံပြီး အချစ်ကြီးလို့အမြတ်ကြီး   တာပါဆိုတဲ့ ခံယူချက်ကိုလက်ကိုင်ထားပြီး မိမိချစ်သူကိုပင်သတ်ဝံ့သူတွေရှိသလို အချစ်အတွက်အ   သက်ကိုပင်ပဓါနမထားပဲ မိုက်ရူးရဲဆန်လွန်းစွာ စွန့်ဝံ့သူတွေလဲ တွေ့လာရပါတယ်။ ခုလည်း တရုတ်နိုင်   ငံက ကောင်လေးတစ်ယောက်က ချစ်သူမိန်းကလေးရဲ့ အချစ်စမ်းမှုကြောင့်  ချစ်သက်သေပြရန်   ရေမကူးတတ်ပဲ ရေထဲကိုခုန်ဆင်းရင်း အသက်ပါပေးလိုက်ရရှာပါတယ်။   သူ့ကောင်မလေး ကျိုးဟွမ်နဲ့ စကားများရင်းကနေ ကောင်မလေးက ချစ်သူကောင်ကလေး သူ့အပေါ်   ဘယ်လောက်ချစ်သလဲ ဆိုတာသိချင်တာနဲ့ မြစ်ထဲကိုခုန်ဆင်းလိုက်ပါသတဲ့။ ကျန်းဆိုတဲ့ ချစ်သူ   ကောင်လေးကလည်း ကောင်မလေးကို ကယ်ဖို့ ရေထဲကို   လိုက်ပြီးတော့ ခုန်ချပါတယ်။  သို့ပေမယ့် ကောင်လေးက ရေမကူးတတ်တာပါ။ ကောင်မလေးက   ”ကျွန်မ သူရေမကူးတတ်ဘူးဆိုတာသိပါတယ်။  သူကျွန်မကိုတကယ် […]


may flowersMay 26, 20121min25213
ကျွန်မအသိတစ်ယောက်ပြောပြတဲ့ အကြောင်းလေးကိုပြန်လည်ဖောက်သည်ချပြတာပါ။   ဒီလိုပါ  အဲဒီကျွန်မရဲ့အသိဟာသရက်ဇာတိသားပါ။ သရက်မှာ ဘုရားစေတီတွေတော် တော်များပါတယ်တဲ့။ အဲဒီဘုရားစေတီတော်တွေထဲက သတ္တဌာနဘုရားပွဲဆိုတာ သုံးနှစ် မှာတစ်ကြိမ်ကျင်းပတဲ့ ဘုရားပွဲတော်ကြီးဖြစ်ပြီးတော်တော်ကြီးကို စည်ကားဆိုပဲ။ အနယ်နယ်အရပ်ရပ်က ဈေးရောင်းသူတွေ၊ ရွာနီးချုပ်စပ်က ရွာသူရွာသားတွေနဲ့ ဘုရား ပွဲအချိန်ဆို ကြက်ပျံမကျလောက်အောင်စည်ကားပါတယ်တဲ့။ အဲဒီဘုရားပွဲဆိုရင် မျက်လှည့်ပွဲတွေ၊ ဆပ်ကပ်ပွဲတွေကလည်း ရုံသေးသေးလေးတွေ ဆောက်ပြီး ဘုရားပွဲကဇာတ်ရုံတွေနဲ့အပြိုင်  အခကျေးငွေနဲ့ ပြသကြပါသေးတယ်။ ဒီအဖြစ်လေးဟာ ကျွန်မရဲ့အသိဟာ ၅ တန်းကျောင်းသားအရွယ်ခန့်သာရှိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်၂ဝ ကျော် ၃ဝ နီးပါးလောက်ကဆိုပါတော့။ အဲဒီနေ့က သူဟာဘုရားပွဲရှိတာ ကြောင့်  ကျောင်းမှာကတည်းကသူ့သူငယ်ချင်းတွေနဲ့ ဘုရားပွဲကိုသွားဖို့အဖော်စပ်ပြီး ချိန်းထားကြတာပါတဲ့ ။ ဒီလိုနဲ့ကျောင်းကပြန်လာပြီး ရေမိုးမြန်မြန်ချိုးလို့ ညနေစာကိုစော စောစားကာ ညနဲနဲအမှောင်သမ်းလာတဲ့ အချိန်မှာသူ့သူငယ်ချင်းတစ်သိုက်နဲ့တူတူဘု ရားပွဲရှိရာဘက်ဆီကို သွားခဲ့ကြပါတယ်။ သူတို့နေတဲ့ အိမ်ကလည်းထိုဘုရားပွဲနဲ့ […]


may flowersMay 24, 20121min35430
နောက်ပိုင်းမှာတော့ဂါးကြီး၊ ဂါးလေးတို့ကိုဒီအတိုင်းလွှတ်ထားရင် အန္တရာယ်ရှိတာ ကြောင့်တစ်ကြောင်း မိသေးကိုယ်တိုင်ကလည်း  သူ့ယောက်ျားကို သတ်ခဲ့တဲ့ကျွဲ တွေအဖြစ် မုန်းတီးမိတာက တစ်ကြောင်း တို့ကြောင့်အဲဒီ ကျွဲနှစ်ကောင်ကိုဖမ်းပြီးကိစ္စ တုံးလုပ်ပစ်ကြမယ်လို့ဆုံးဖြတ် ခဲ့ကြပါတယ်။ ဒါပေမဲ့ ဂါးကြီး၊ ဂါးလေးကျွဲနှစ်ကောင်ကို ဖမ်းဝံ့တဲ့သူလည်း  မရှိတာကြောင့်သစ်တောကအရာရှိတွေကို  အပ်ပြီးပစ်ခတ်ဖမ်းဆီး ခိုင်းခဲ့ရပါတယ်။ ဂါးကြီးနဲ့ ဂါးလေးကိုပစ်ဖမ်းခဲ့တဲ့အချိန်တုံးက  လိုက်ပါသွားခဲ့ကြတဲ့ရွာ သားတွေရဲ့ပြောစကားအရ  သူတို့အဖွဲ့တွေနဲ့သစ်တောကအရာရှိတွေဟာ တောထဲမှာအ တော်ကြာကြာရှာတာတောင် ဂါးကြီးတို့ညီအကို  နှစ်ကောင်ကိုမတွေ့ကြပါဘူးတဲ့။ အဲဒီ ကျွဲဖမ်းအဖွဲ့နဲ့အတူလိုက်ပါသွားတဲ့ ဆယ့်ကိုးနှစ်သားအရွယ်ကိုသာဆောင့်သားကြီးလေး ဟာ ဘယ်လိုမှရှာမတွေ့ပဲလက်လျော့ရတော့မလို ဖြစ်နေချိန်မှာအကြံပေါက်ပြီး  ရတာမ ရတာ နောက်ထားအခုအဲဒီကျွဲနှစ်ကောင်ကို ခေါ်ကြည့်လိုက်ဦးမယ်လို့ အကြံပေါက်ပြီး ”ဂါးကြီးရေ…ဂါးလေးရေ” လို့ခပ်ကျယ်ကျယ်လေး သုံးလေးခွန်းလောက်ဆက်အော် လိုက်မှသာ  သူတို့မထင်မှတ်ထားတဲ့ ရွှံ့အိုင်တွေထဲမှာဝပ်ပြီးငြိမ်သက်နေကြတဲ့ ကျွဲနှစ် ကောင်ဟာအပြေးလေး  သူ့သခင်ရဲ့သားခေါ်သံကြားရာဘက်ဆီကိုပြေးချလာပါတော့ တယ်။ အနီးနားကိုရောက်ချိန်မှ  သူ့သခင်ရဲ့သားနားကမလှမ်းမကမ်းလောက်မှာ တွေ တွေလေးရပ်ကြည့်နေတုံး  […]


may flowersMay 24, 20121min18314
   အစိမ်းရောင် ကြားထဲက  ပန်းခရမ်း    ဒါကအဝေး မြင်ကွင်းလေး အစိမ်းနုနဲ့  အစိမ်းရင့်


may flowersMay 23, 20121min22817
ဒါနဲ့ ကိုတင်ဆောင်လည်း သူ့ကျွဲတွေခတ်နေတဲ့ဘက်ကိုပြေးသွားမယ် အလုပ်မှာ တဲထဲ မှာရှိတဲ့ သူတွေကမသွားဖို့တားကြပါတယ်။ ကျွဲနှစ်ကောင်ဟာ ခွန်အားလည်းကြီးတဲ့အ ပြင် ဒေါသတကြီးနဲ့အညှိးတကြီးခတ်နေကြတာမို့မသွားဖို့တားနေကြခြင်းပါပဲ။ ဒါပေမဲ့ ကို တင်ဆောင်ကတော့ သူ့ကျွဲတွေကိုသူယုံကြည်ပါတယ်။ ဘယ်တော့မှသူ့ကို အန္တရာယ်မ ပြုဘူးလို့ယုံကြည်ထားတာကြောင့် ဝါးခုတ်သမားတွေနဲ့ တစ်ရွာတည်းသားကျွဲဆွဲသမား တွေကို ပိုင်ပါတယ်ဆိုတဲ့ ပုံစံနဲ့လက်ပြပြီး အချင်းချင်းဒေါသတကြီးခတ်နေကြတဲ့ သူ့ကျွဲ တွေရှိတဲ့နေရာကို ခြေလှမ်းမှန်မှန်နဲ့လျှောက်သွားပြီး.. ”ဂါးကြီး…ဂါးလေး”  လို့အသံကျယ်ကျယ်အော်ခေါ်ပြီးထွက်သွားပါတယ်။ ဒေါသတကြီး ခတ်နေကြတဲ့ ကျွဲနှစ်ကောင်လည်း ကိုတင်ဆောင့်အသံ ကြားချိန်မှာတော့..ချာကနဲ လှည်ကြည့်လိုက်ကြပါတယ်။ ကိုတင်ဆောင်ကလည်းသူခေါ်တာပြန်ကြည့်တဲ့ အတွက် အဆင်ပြေလောက်ပြီထင်ပြီး  အနားကိုကပ်သွားချိန်မှာတော့ … မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခုဟာ  အမျှော်လင့်ပဲဖြစ်လာပါတော့တယ်။ ကိုတင် ဆောင့် အသံကြားလို့လှည့်ကြည့်လိုက်ကြတဲ့ ဂါးကြိီး၊ ဂါးလေး  ကျွဲညီနောင်နှစ်ကောင် ဟာတစ်ခဏတွေကနဲဖြစ်သွားကြပေမဲ့  ရုတ်တရက်သူတို့သခင် ကိုတင်ဆောင်ရှိရာ ဘက်ဆီကို မီးရထားတွဲကြီးအရှိန်ထိုးထွက်လာသလို အရှိန်နဲ့ပြေးဝင်ခတ်ကြပါတော့ တယ်။ […]


may flowersMay 22, 20121min60320
ဆိုခဲ့ပြီးသလို နှစ်၂ဝ ကျော်လောက်နေထိုင်လာခဲ့ပြီး ချိန်မှာတော့ကိုသာဆောင်ရဲ့ အိမ် လေးဟာ တော်တော်ပဲပျက်စီးလာပါတယ်။ အရင်လိုရိုးမတောထဲ သွားပြီးသစ်ကို ခုတ် ချင်တိုင်းခုတ်လို့မရတော့တဲ့အပြင် သားသမီးတွေကလည်းအပြိုင်းပြိုင်းအရွယ်ရောက် ကြီးပြင်းလာကြသလို သူတို့ရဲ့ကျောင်းစရိတ်၊ အဝတ်စားစရိတ် ၊ စားစရိတ်တွေနဲ့ တင် အနိုင်နိုင်မိသားစု ဘဝကိုရပ်တည်နေရတဲ့  အခြေအနေမို့ ဒီနှစ်တော့ဘယ်လိုမှ အိမ် ကိုပြန်ဆောက်ဖို့မဖြစ်နိုင်တာမို့ကိုတင်ဆောင်က  သူ့မိန်းမကိုတိုင်ပင်ပါတယ်။ ”ငါတို့ ဒီနှစ်တော့အိမ်ပြန်မဆောက်နိုင်လောက်ဘူးထင်တယ်…အိမ်ကလည်းလုံးဝကို နေလို့မရလောက်အောင်  ပျက်စီးနေတော့ ..ငါတို့ရွာထဲမှာရှိတဲ့ ..အမေတို့အိမ်ဘေးမှာ အဖီလေးထိုးပြီး..တစ်နှစ်လောက်နေကြရအောင်ကွာ..နောင်နှစ်အိမ်ပြန်ဆောက်ပြီးမှ ပြန်ပြောင်းကြတာပေါ့…”လို့ပြောတော့ ကိုသာဆောင်မိန်းမကလည်းကောင်းပြီပေါ့လေ။ ဒီအကြံကလွဲလို့  ဘာမှမတတ်နိုင်တာလည်းသူမအသိဆိုတော့ကာ။ ဒီတစ်နှစ်လောက် ယောက္ခမအိမ်မှာ ခိုကပ်နေပြီးနောက်နှစ်လောက်မှ စုဆောင်းပြီးအိမ်သစ်လေးပြန် ဆောက်နေတော့မယ်လေလို့တွေးပြီး မိသားစုလိုက်ရွာလယ်မှာရှိတဲ့ ကိုသာဆောင့် မိဘများအိမ်ဘေးလေးမှာ အဖီလေးထိုးပြီးကုပ်ကပ်နေဖို့ဖြစ်လာတာပါပဲ။ တောရွာတွေ မှာ ကလည်းအိမ်တိုင်းလိုလိုမှာ ကိုးကွယ်ရာဘုရားစဉ်လေးဘေးတွေမှာ အိမ်တွင်းနတ် နဲ့ ရိုးရာနတ်ဆိုပြီး ရှိကြ ထားကြပါတယ် ။ […]