Ma SweetNovember 11, 20111min794
မြန်မာ-အနိ္ဒယ ချစ်ကြည်ရေးလမ်းမကြီး၏ဘေး၊ ကလေး-ကလေးဝ-တမူး သုံးမြို့လမ်းဆုံနေရာ (ဒေသအခေါ် ကျီကုန်းတောင်) ရာဇဂီရိတောင်တော်ထပ်တွက် မဟာသာကပဋိမာ ရေဆန်ကျွန်း မြတ်ဗုဒရုပ်ပွားကို ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ကလေးမြို့မှ သွားရောက်ဖူးမြော်မည်ဆိုပါက သုံးမိုင်မျှဝေးပြီး စက်ဘီး၊ ဆိုင်ကယ်၊ လိုင်းကား ကြိုက်ရာဖြင့်သွားရောက်လို့ပါသည်။ မဟာသာကပဋိမာ ရေဆန်ကျွန်းမြတ်ဗုဒရုပ်ပွားတော်အဖြစ်မထုလပ်မီ ရေဆန်ကျွန်းသစ်ကြီး၏ သမိုင်းကြောင်းကလည်းစိတ်ဝင်စားစရာ ကောင်းလှပါသည်။ ကလေးမြို့နယ်သည် ရှေးယခင်ကစ၍ သစ်တောဝါးတောပေါများသော ဒေသဖြစ်သည့်အားလျော်စွာ ခေတ်အဆက်ဆက် ကလေးမြို့နယ်သစ်တောတွင်းမှ သစ်လုံးဝါးလုံးတို့ကို မျှောချဆွဲယူ သယ်ဆောင်ခဲ့ကြသည်။ ထိုအထဲတွင် ယခုရေဆန်ကျွန်းတုံးကြီးလည်း အပါအဝင်ဖြစ်သည်။ ကလေးမြို့နယ်၊ မော်လိုက်ကလေး ရွာအနီးမှ ဖြတ်သန်းစီးဆင်းသော နေရဉ္ဇရာမြစ်အတွင်း၌ ထိုရေဆန်ကျွန်းတုံးကြီးသည် ဆယ်ယူသူမရှိဘဲ မြုပ်လိုက်ပေါ်လိုက်၊ စုန်လိုက်ဆန်လိုင်ဖြင့် နှစ်ပေါင်းများစွာကြာခဲ့သည်။ [IMG]http://img825.imageshack.us/img825/2306/31372020773180928907010.jpg[/IMG] ရေဆန်ကျွန်းဘုရား ၂၀၀၄ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်း နေရဉ္ဇရာမြစ်ရေကြည်လင်ချိန်၌် ထိုရေဆန်ကျွန်းတုံးကြီးကို စတင်တွေ့ရှိခဲ့ကြသည်။ ယခင့်ယခင်နှစ်များက မြစ်ကြောင်းအတွင်း […]


Ma SweetAugust 5, 20111min2538
မင်္ဂလာပါ… mandalaygazette မှ မိတ်ဆွေများကို ခင်ပွန်းကြီး ၁ဝ ပါး ကန်တော့နည်းကို တင်ပြပေးချင်ပါတယ်။ တခြားဆိုက်တခုမှာတော့ တင်ပြပေးဖူးပါတယ်။ ကျွန်မတို့ ဖေဖေ က ကျွန်မတခြားမြို့ ကို အလုပ်သွားလုပ်မယ်ဆိုတော့ ဒီကန်တော့နည်းလေးကို ပေးလိုက်ပါတယ်။ ညတိုင်း ကန်တော့အိပ်ဖို့လဲ မှာပါတယ်။ ခင်ပွန်းကြီး ၁ဝ ပါး ပူဇော်ခြင်း အကျိုးကိုလဲ ပြောပြပါတယ်။ ဖေဖေပြောပြီးမှ ကျွန်မကိုယ်တိုင်လဲ ညတိုင်း ကန်တော့ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မက ကန်တော့ရခြင်းအကျိုးကို မျှော်မှန်းပြီးမှ ကန်တော့တာမျိုးမဟုတ်ပါဘူး။ အလှူဒါနရယ်လို့ ကိုယ်တိုင်က ကောင်းကောင်းမလုပ်နိုင်တော့ ဒီခင်ပွန်းကြီး၁ဝပါးကို ညတိုင်း ကန်တော့ဖြစ်တဲ့ခါ စိတ်ထဲမှာ လုံခြုံ နေသလို သေရမှာမကြောက်တော့သလိုခံစားမိလာတယ်။ ဒါတော့ ကျွန်မခံစားချက်ပါ။ ဘာပဲဖြစ်ဖြစ် လူရယ်လို့ဖြစ်လာရင် ဒီခင်ပွန်းကြီး၁ဝပါးကိုတော့ မမေ့တာအကောင်းဆုံးပေါ့နော်။ ခင်ပွန်းကြီး ၁ဝ […]