လူတိုင်းမှာ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်ရှိကြမှာပါ သူများတွေနဲ့ရန်ဖြစ်တိုင်းကျွန်တော်နဲ့ရန်ဖြစ်တာမဟုတ်ပါဘူး သူများတွေမုန်းတိုင်းကျွန်တော်မမုန်းပါဘူး ကျွန်တော်တို့တစ်တွေဟာ သံသရာ၏ ဆွေတော်မျိုးတော်တွေပါ သူ့၏အပြုကိုခံရခြင်းဟာ ကိုယ်ကပြုခဲ့ဘူးလို့သာဖြစ်ပါတယ်လို့ သံဝေဂဉာဏ်ဆင်ခြင်ပါတယ် လူနဲ့လူခြင်းသတ်ဖြတ်ခြင်းကင်းဝေးကြပါစေ စကားလုံးတွေကို လူကြားကောင်းအောင် ပြောပြီး ယဉ်ကျေးဟန်ဆောင်သူများလည်း တစ်ကယ်ယဉ်ကျေးသောစိတ်များကိန်းအောင်းကြပါစေ မိုက်ရိုင်းခြင်ဟန်ဆောင်၍ တစ်ကယ်ယဉ်ကျေးနေသော ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု သည်လည်း မိုက်ရိုင်းသောစိတ် ရင်၌ကိန်းအောင်းပါစေ ကျွန်တော်နဲ့ဘာပြဿနာမှမရှိသောသူတစ်ယောက် သူ့အကြောင်းနှင့်သူ ကွယ်လွန်သွားခြင်းအတွက် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းမိပါသည်။ ဤကပင် လူသားတစ်ယောက်တွက် ဝမ်းနည်းခွင့်ရှိသော ကျွန်တော်၏လူ့အခွင့်အရေးတစ်ရပ်ပင်ဖြစ်ပါသည်ဟုထင်မိပါသည်။ ကျန်ခဲ့တဲ့အမွေတွေဘယ်သူဆက်ခံပါလိမ့် ? ? ? ( အတွေးချပ် ) ဖော်ပြပါပုံတွေကတော့ မစ်စတာဘင်လာဒင်ကို လူတွေအမှတ်တရပြုကြပုံတွေဖြစ်ပါတယ် ဓာတ်ပုံတွေကို http://www.maukkha.org ကနေကူးယူတာဖြစ်ပြီး သူများလိုဘဲ ဒီနေရာကနေဘဲခွင့်တောင်းပါတယ်။ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။


တစ်ကယ်တော့ တရားသည်မတရားသည်ကို အသာထားကြလေ ရွေးကောက်ပွဲကြီးတွင် အကြံအဖန်လုပ်ဇာတ်ကြီးကို သိပါလျှက်နှင့် စစ်ဖိနပ်ကိုက်ခြင်သော ပါတီဝင်များ၏ ဝင်ရောက်ယှဉ်ပြိုင်မှုကြောင့် တရားဝင်ရွေးကောက်ပွဲဟု အထမြောက်သွားသော သမ္မတရွေးပွဲအပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိမ့်မည်ဟု အတိုက်အခံများဘက်က မျှော်လင့်နေကြသော်လည်း ယနေ့( ဧပြီလကုန်ချဲထွက်ပြီးသည့်အထိ ) လွှတ်မပေးသေးပေ။ ဤရက်မတိုင်ခင် မန္တလေးဂေဇက်မှ member ဆူပါ့ဆူပါပလဲဝဲ ( သီးခံပါ )  ဆူပါ့ဆူပါဖိုက်တာ ကို … ကြီးသောကြောင် ..၏ အကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု့စုပေါင်းလက်မှတ်ထိုးပွဲကိုအားကျသည့်အနေဖြင့် မြေအောင် ၁၁ ဖွဲ့ကလည်း တိုက်တွန်းခဲ့ပါသည် ဟု  မဇ္ဈိမသတင်းဌာန ၏ http://burmese.bnionline.net/news/mizzima/6983-2011-04-30-00-42-35.html ကို အင်တာနေရှင်နယ် ပရော်ဖက်ရှင်နယ်သတင်းထောက် မိုက်ကယ်ဂျော်နီအောင်ပု မှ ကိုယ်တိုင်သတင်းထောက်ထာသလို ခပ်တည်တည်ဖြင့် တင်ပြထားပါသည် သတင်းများမှာ ……… အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ အမှန်တကယ်သွားလိုကြောင်း […]


ဟုတ်တယ် ကျင့်ကြံခြင်းဆိုတာအလကားဘဲ တိုင်းပြည်တွက် လူမျိုးတွက်ဆိုပြီး ပေးဆပ်သူတွေဟာ နွားနဲ့တူတယ် တစ်ခုခုကို အယောင်ပြပြီး ချောင်တဲ့နေရာကိုသွား ချောင်သလိုနေတာ ကောင်းတယ် …………………………………. ဘယ်လိုလုပ်မသိနိုင်…ဉာဏ်မမှီနိုင်ရမှာလည်းကွယ်…။ ဘုရားပွင့်ချိန်က.. အိနိ္ဒယမှာ… ဒီခေတ်ထက်အများကြီးကို … ပုဂ္ဂိုလ်ထူးတွေ ပေါတာပေါ့..။ ဒါတွေ..ဒီလူတွေကို..ဘာတွေလည်းး… ဒုက္ခဆိုတာဘာလည်း.. ဒုက္ခလွတ်ရာကဘာတွေလည်း..စသဖြင့်လူတွေ မှီအောင်သိအောင် ..ဂေါတမဗုဒ္ဓက..၄၅နှစ်လုံးလုံးလုံး တရားတွေမနားတန်းဟောခဲ့တာ… ဒီခေတ်.. ပညာအမြင်မျက်စိပါထပ်ဆောင်း..တကမ္ဘာလုံးက ..တခြားကိုးကွယ်ကြရာဘာသာကြီးတွေနဲ့… တွေးခြုံကြည့်.. သုံးသပ်…ဆန်းစစ်… ဒါတောင်..မသိသေးရင်…တော်တော် “အ”သေးလို့ဖြစ်မှာပါ…။ .. ဓမ္မကိုဖတ်တာ..လေ့လာတာ..မအ, အောင်လို့ လို့ (ဒေါက်တာသန်းထွန်းစကား ယူသုံးပြီး) ပြောရမလိုဖြစ်နေပြီ…။ ဆိုတော့.. လူရဲ့အရိုးက… ကယ်လစီယံနဲ့..ဖော့စ်ဖိတ်ဓါတ်ပါတယ်..။ ဒါကို မီးပြင်းနဲ့မြိုက်ရင်.. ကယ်လ်စီယံအောက်ဆိုက်.ပါရောက်ဆိုက်ဖြစ်တယ်..။ ပူလွန်းတဲ့အချိန်ကိုက်… အုန်းရေလို..ကာဗွန်နိတ်ပါတဲ့.. ရေအအေးနဲ့ဖြတ်လောင်း… ကယ်လ်စီယံအောက်ဆိုက်ဟာ…အစေ့အစေ့အလုံးလုံးတွေဖြစ်တတ်တယ်ဆိုတာ… ဓါတ်ခွဲခန်းထဲလုပ်ပြရဦးမလားတော့မသိ…။ သူများနိုင်ငံတွေများ… အရိုးပြာကို… အမှတ်တရလိုချင်သူများအတွက်…ဆားဗစ်မျိုးစုံပေးတာ… ပြာဖြစ်နေတဲ့..ကာဗွန်တွေကို..အပူချိန်..ဖိအားပေးတော့…စိန်အတုလေးတွေပါလုပ်ပေးတယ်…။ ရောင်စုံကျောက်ကလေးတွေလုပ်ပေးတယ်..။ […]


အချိန်ကား….မြန်မာ့ဥတုလရာသီအရ မိုးတွင်းအခါသမယနှင့်ဝါဆိုလပြည့်နေ ့ဖြစ်သည့်အလျှောက် ထိုသောဥတုလ အချိန်ခါသမယသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအနေနှင့် ဝါတွင်းကာလ ဖြစ်လေ၏ဆိုခြင်းကိုမူ အထွေးအထူးရှင်းပြရန်လိုလိမ့်မည်မထင်။ အဆိုပါ ဝါဆိုလပြည့်နေ ့၏ ညနေသုံးနာရီခန် ့တွင်ဖြစ်သည် မိုး မရွာသောကြောင့်ရာသီဥတု သာရာသည်ဟုဆိုရမည်လား။ အကယ်၍ သင်တို ့သည် စိမ်းစို၍နေလေသော သဘာဝပတ်ဝန်းကျင်တွင် အေးမြလှသော ညနေချမ်းအချိန်ခါဝယ် ပန်းကုန်းကျေးရွာ၏ဘုရားကုန်းတွင် လူငယ်လေးများဘောလုံးကန်နေကြသည့်မြင်ကွင်းကို ခပ်လှန်းလှန်းမှ မြင်တွေ ့ကြရပါမူ အလွန်ပင်စိတ်ကြည်နူးလမ်းဆန်းခြင်းကိုခံစားကြရပေလိမ့်မည်မှာ မလွဲပင်တည်းဟု ကျွန်ုပ် အခိုင်အမာဆိုလှခြင်ပါတော့၏။ များသောအားဖြင့် ဒေါနတောင်တန်းတစ်လျှောက်ရှိ ဗုဒ္ဓဘာသာကျေးရွာအများစုတွင် ရွာအပြင်ဘက်၌ ဘုရားတစ်ဆူစီ တည်ထားလေ့ရှိကြပြီး ထိုဘုရားတို့၏ ပရဝုဏ်ဧရိယာသည် အတော်တန်ကျယ်ဝန်းလှကာ ဘောလုံးကွင်း တစ်ကွင်းထက်ပင် အတန်ငယ်ကျယ်ဝန်းလှသည်မှာလည်း ထိုသောဒေသတို ့၏ ရွာဟူသော အမှတ်အသားများ ဖြစ်ကြလေသည်ဟူမူကိုလည်း သင်တို ့သည် ကောင်းစွာနားလည်ကြစေလိုပါသည်။ နတ်ကွတ်သည် ငထိုးထောင်၍ကန်ပေးလိုက်သောဘောလုံးကို […]


သက္ကရာဇ် 2011 ခုနှစ်အတွင်းရှိ တစ်ခုသော တစ်နေ ့၏ ညနေ ငါးနာရီခန် ့တွင် ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် မိမိကိုယ်ခန္ဓာကို အနည်းငယ်မျှ ဆင်ခြင်သုံးသပ်မိခိုက်ဝယ် ဤ … တလံကျော်ကျော်မျှသာရှိသော ကိုယ်ကောင်သည် လွန်စွာမှပင် ရွှံရှာစက်စုပ်ဖွယ် အတိဖြစ်လေတော့သည် ဟု သံဝေဂဉာဏ်တို ့သက်ဝင်လာသည့်တွင် ခန္ဓာကိုယ်ကို ဉာဏ်ဦးလာပြီဟု ပညာရှိတို ့၏ဉာဏ်ဖြင့် ချက်ချင်းသိလိုက်ပြီဖြစ်သည့်အလျှောက် အဘိဓမ္မာယောင်ယောင် ဒဿနယောင်ယောင် ယောင်ခြောက်ဆယ် သတ္တဝါတစ်ကောင်၏ လွန်စွာ အချိုးမပြေသော လုပ်နည်းလုပ်ထုံးဖြစ်သော အိပ်ယာထဲတွင် သက်တောင့်သက်သာ လဲလျှောင်း၍ တရားအားထုပ်လတ္တံ ့ဟု ဖြစ်ပေါ်လာသော အကြံအစည်နှင့်အတူ အိပ်ယာထက်တွင် အိပ်စက်ရင်း လွန်စွာ စမတ်ကျကျ တရားအားထုပ်လေတော့သတည်း။ လိုအင်ဆန္ဒတို ့မည်သည် အဘယ်နည်း။ ထိုသော ဆန္ဒတို ့၏ […]


ဓာတ်ပုံ…………………….ဆိုဒါကို ဘယ်သူက စပြီးတီထွင်ခဲ့တယ်ဆိုတာကို မသိသလို ပန်းချီ……………………………………ဆိုတာကိုလည်း ဘယ်သူက ကမြင်းကြောထပြီးအားအားယာယားစတင်ရေးဆွဲခဲ့သလဲဆိုတာကိုလည်း မသိပါဘူး ထုံးစံအတိုင်းပါဘဲ ရေထဲက အရိပ်ပုံကို အခြေခံပြီး ကြည့်မှန်…………………ဆိုတာကို တီထွင်ခဲ့ကြတယ်…………………………..လို ့ ကိုယ့်ဘာသာ အူကြောင်ကြောင်တွေးကြည့်လိုက်ပြီး ပန်းချီရယ် ကြည့်မှန်ရယ် သဘောနှစ်ခုကိုအခြေခံလို ့ ဓာတ်ပုံ………………………..ဆိုတာ ဖြစ်လာသလားဘဲနော် ဖြစ်ခြင်သလို ဖြစ်လာကြစေဦးတော့ ဓာတ်ပုံတွေက စကားပြောတယ်ဆိုပြီး စာဖွဲ ့ကြတော့…. ဒီပုံက စကားပြောတာလား ဘာပြောတာလား သိဘူးကွယ်


ခင်ဗျားတို ့အားလုံးသိမှာပါ မိုက်ကယ်ဂျော်နီအောင်ပု ဆိုတာ ခပ်ကြောင်ကြောင် ခပ်ဖြောင့်ဖြောင့် ခပ်တောင့်တောင့် ဘဲတစ်ပွေဆိုတာ အမှန်တစ်ကယ်တော့ ကျုပ်ဟာ တိုင်းရင်းသားတစ်ယောက်ပါ ဒါပေမယ့်လို ့ကျုပ်ကိုယ်ကျုပ် မြန်မာနိုင်ငံသားတစ်ယောက်လို ့ခံယူပါတယ် ဒါ့ကြောင့် မြန်မာမှန်ရင် သတ္တိရှိတယ် ခင်ဗျားတို ့ရော သတ္တိရှိလား ကျုပ်ကတော့ သတ္တိရှိတယ် ဒါပေမယ့်လို ့ ကျုပ်ရဲ ့သတ္တိကတော့ ဝါးတားတား ဖြစ်နေသလားမဆိုတတ်ပါဘူး သေချာတာကတော့ မြန်မာမှန်ရင်သတ္တိရှိပါတယ်


ပန်းဂလေးဒွေ..လို..လှပဘေမဲ့ ပန်းဆိုရင်မပန်ဂျင်ဘူးဒဲ့ ပန်းဆိုရင်မပန်ဂျင်ဘူးးးးဒဲ့ ပန်းမကြိုက်ဒဲ့..မောင့်ပန်းမမ..ရယ်…အော်..ပန်းးးးးးးးးးးးမမရယ် ဒဒူနဲတယ်…..ဒဒူနဲတယ် ပန်းးးးးးးးးးးနမိတ်ဂို..ကြောက်လို ့လား ပန်လိုကြွေမှာ ဆိုးလို ့လားကွယ် ပန်လိုလှတဲ့ …အချစ်ကလေးတွေကို ပန်းလိုညှိုးလို ့..ပန်းလိုကြွေမှာ စိုးထိပ်လို ့..မဝန် ့မရဲလေသလား တွေများးးးးစိတ်ဝယ် ချစ်နမိတ်..ပန်းဂလေး..မပေးရဲသူ ( တတီ…တယ်….တီတယ် ) တီးလုံး တိတ်တခိုးခြစ်တဲ့..ဒီကောင်လေးဘဝ ချစ်နမိတ်ဘယ်ဂစရဘာမယ် ချစ်ခွန်းဘယ်လို…ချွေရမလဲ ပန်းလိုလှဒယ်..မောင့်ပန်းးးးးးမမရယ် ဒဒူနဲတယ်…..ဒဒူနဲတယ် သုံးနေစားတောင်ထိုးလိုက်ရသေးတယ်…..( ဟုတ်ပါဘူးချဲနဲ ့ရောသွားတယ် ) လွမ်းပြေစကားဒေါင် ..မပြောလိုက်ရဘူးကွယ် ပန်းတွေဂျားက…ပန်းမမချော ပန်းကလေးဒွေဂျား..အိပ်စက်နား ပန်းဂလေးဒွေဂျား..အိပ်ဆက်နား ဘဝ..ချားးးးးးးးးးးးခဲ့ပြီကွယ် ပန်းးးးးနဲ ့ချစ်သူ..ဘယ်သူကလှလို ့..ဝေခွဲမရဘူးကွယ် ဒဒူနဲတယ်…..ဒဒူနဲတယ် မန္တလေးဂေဇက်ထဲမှာရှိကြတဲ့ ဆရာတော်များ ( ဖွားသီလတွေတော့ရှိပုံမရဘူး ) ဖေဖေမေမေ ဦးဦးဒေါ်ဒေါ် ကိုကိုမမ ညီလေးညီမလေးများကို မင်္ဂလာ နံနက်ခင်းပါလို ့ နှုတ်ခွန်းဆက်ရင်း […]


ယ္ခုအခါ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ၏ အင်တာနက်လိုင်းသည် ယ္ခင် ဆိုက်တစ်ခုကို ဖွင့်လိုက်တိုင်း ပြန်းမျှ 4 စက္ကန် ့မျှ ကြာမြင့်ရာမှ ယ္ခုအခါတွင် 7 စက္ကန် ့မှ ရံခါ 15 စက္ကန် ့တိုင်အောင် ကြာမြင့်တတ်လေရာ အလုပ်အကိုင်များ လွန်စွာ မအားမလပ်ဖြစ်နေရပါသော ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု အတွက် အချိန်များ ဆုံးရှုံးလျှက်ရှိနေလေတော့ရာ သက်ဆိုင်ရာ ဆားဗစ် ကိုခေါ်ယူစစ်ဆေးပါသော်လည်း အဖြေမှန်မပေါ်ဘဲရှိနေရပါသည်ဟု အဆိုပါ ကျွမ်းကျင်သူများမှ ပြောဆိုကာ လက်လျှော့သွားကြသည့်အတွက် ကျွန်ုပ်မှာ သေသေချာချာစဉ်းစားမိပါသောအခါ ပြောမှား ဆိုမှား ရှိသည်များကို ခွင့်လွှတ်ပါစေကြောင်း နတ်အပေါင်းကို တောင်းပန်သမှုပြုရပါခြင်းနှင့်အတူ နတ်ပွဲကြီး ပေးပါပြီး ဖော်ပြပါ ပျိုကညာ နှစ်ယောက်ကို ဆက်ပါ၏ ခွင့်လွှတ်သမှု ပြုပါပြီး ကျွန်ုပ်၏ […]


တစ်နေ ့တုန်းကပေါ့ ဂရေးရောင် 18 x 48 လက္မဆိုက် တဘက်တစ်ထည်ကို ငွေအနည်းငယ်ပေး၍ ဝယ်လာခဲ့လေရဲ ့ ကုန်တိုက်ကြီးအထည်းကနေ အသစ် တဘက်ကလေးကိုကြည့်ပြီးကြည်နူးလိုက်သေးတယ် ပြီး….လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လို ့မွှေးကြူလိုက်သေးတယ် အသစ်ကလေး တဘက်အသစ်ကလေး ကြိုးတန်းလေးတစ်ချောင်းပေါ်မှာ လွှာထားလိုက်တယ် မနက်မိုးလင်း ကိုးနာရီလောက်အိပ်ယာကထ ရေချိုးပြီးတော့ တဘက်အသစ်ကလေးနဲ ့ မျက်နှာကိုသုတ်တယ် နောက် ခေါင်းကို သုတ်တယ် နောက် ကိုယ်ကိုသုတ်တယ် နောက် ဂျိုင်းကြား ဂွကြား ကြားမှန်သမျှကိုသုတ်တယ် နောက် ဖင်ကိုသုတ်တယ် 🙂 🙂 နောက် ခြေထောက်တွေကိုသုတ်တယ် ပြီးပြီ ကိစ္စပြီးတော့ ကြိုးတန်းလေးမှာ ပြန်လွှားထားလိုက်တယ် ညကိုးနာရီလောက် ရေချိုးတယ် ရေချိုးပြီးတော့ တဘက်အသစ်ကလေးနဲ ့ မျက်နှာကိုသုတ်တယ် နောက် ခေါင်းကို သုတ်တယ် နောက် ကိုယ်ကိုသုတ်တယ် […]


  တစ်ခါတစ်လေတော့လည်း ဂရုဏာတော့ဖြစ်မိပါတယ် ဂရုဏာဆိုတာက ဪ…….. သူကလေးက ဟုတ်ပါဘူး သူကြီး (ရွာသဂျီးမဟုတ်ပါ အသက်ငယ်ငယ် ချာတိတ်မလေးမဟုတ်တော့ သူမဂျီး) က မိန်းမသားဆိုတော့ အားငယ်ရှာပေမပေါ့ ကိုအောင်ပုရယ် ကိုအောင်ပုကို အရမ်းအရမ်း (ဂလု ဂလု ) ဘာညာ ဘာညာဆိုပြီး ပြောခွင့်ကလည်းမရှိရှာလေတော့ ( ဖွဟဲ့ အပျိုဂျီးနဲ ့ငါ လွဲပါစေဖယ်ပါစေ ) မျိုသိပ်ထားရတဲ့ အချစ်တွေကို အတွင်းအားနဲ ့ ဖျစ်..ဟ်ဟ်ဟ်ဟ်ဟ် ညှစ်..ဟ်ဟ်ဟ်ဟ်ဟ် ပြောနေရရှာနေပါပေါ့လားလို ့ ဂရုဏာသက်မိပါတယ် သူလည်းလေလောကီသားပေမို ့ စဉ်းစားတွေးပူရှာပေမပေါ့နော် ငါ့နဲ ့နော် ညံ့ပါ့ အသက်က သုံးဆယ်ကျာ်ပြီ နေရာကမကျသေးဘူး မသကာ ခပ်ပိန်ပိန်ညောင်ညောင်လေးတစ်ယောက်လောက်ရရင်တောင် တော်သေး ခုတော့…..ဟူးးးးးးးးးးးး ရင်ခုန်နေရပါတဲ့ ဟိုငမူးကလဲ ငါ့ကို […]