မြန်မာ/ဗမာ မှန်ရင် သတ္တိရှိသည်

ခင်ဗျားတို ့အားလုံးသိမှာပါ
မိုက်ကယ်ဂျော်နီအောင်ပု ဆိုတာ
ခပ်ကြောင်ကြောင်
ခပ်ဖြောင့်ဖြောင့် ခပ်တောင့်တောင့်
ဘဲတစ်ပွေဆိုတာ
အမှန်တစ်ကယ်တော့ ကျုပ်ဟာ တိုင်းရင်းသားတစ်ယောက်ပါ
ဒါပေမယ့်လို ့ကျုပ်ကိုယ်ကျုပ်
မြန်မာနိုင်ငံသားတစ်ယောက်လို ့ခံယူပါတယ်
ဒါ့ကြောင့်
မြန်မာမှန်ရင် သတ္တိရှိတယ်
ခင်ဗျားတို ့ရော
သတ္တိရှိလား
ကျုပ်ကတော့
သတ္တိရှိတယ်
ဒါပေမယ့်လို ့
ကျုပ်ရဲ ့သတ္တိကတော့
ဝါးတားတား
ဖြစ်နေသလားမဆိုတတ်ပါဘူး
သေချာတာကတော့
မြန်မာမှန်ရင်သတ္တိရှိပါတယ်

10 comments

  • ကိုအောင်ပုကို Eleven မှာလဲ မကြာခဏဆိုသလို တွေ့နေရပါတယ်။ ကိုအောင်ပုဟာ တိုင်းရင်းသားတစ်ယောက်ဖြစ်သလို ကျွန်တော်ကလဲ သျှမ်းတိုင်းရင်းသားတစ်ယောက်ပါပဲ။ ဗမာ ဆိုတဲ့ မျိုးနွယ်စု တစ်စုတည်းကို ကိုယ်စားပြုတဲ့ ဗမာပြည်ကို မချစ်ပေမယ့် မြန်မာ ဆိုတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံကိုတော့ လေးစားမြတ်နိုးတယ်ဆိုရင်လဲ မမှားဘူးပေါ့။

    ဒီ Post မှာ ကိုအောင်ပုခေါင်းစဉ်တပ်ထားတဲ့ “မြန်မာ/ဗမာ မှန်ရင် သတ္တိရှိသည်” ဆိုတာကို စိတ်ဝင်စားလို့ ဖတ်မိလိုက်ကာမှ၊ လေးနက်တဲ့ အကြောင်းအရာတစ်ခုကိုတော့ ဖတ်ရချည်ရဲ့ဆိုပြီး ဝင်ဖတ်လိုက်ကာမှ ရင်ထဲမှာ တော်တော်စိတ်မကောင်းဖြစ်မိသွားတယ်လို့ ဆိုရမလားပဲ။ လက်မှာ သတ္တိ လို့ထိုးထားတာကို ပြချင်တာပဲလို့ ဖတ်ပြီးမှ သိလိုက်ရတယ်။ စိတ်မကောင်းပါဘူး။

    Eleven မှာ ကိုအောင်ပု တစ်ခါတစ်လေများ ဝင်မန့်ထားတာ အချက်အလက်တွေ တော်တော်များများ ပြည့်ပြည့်စုံစုံနဲ့ပါ။ ခုလဲ ကျွန်တော် ဘယ်လိုအချက်အလက်တွေများ ရနိုင်မလဲလို့ ဝင်ဖတ်လိုက်ကာမှ ရယ်စရာ အပျော်သဘောနဲ့ Post တင်ထားတာမှန်းသိလိုက်ရလို့ ကျွန်တော့်အမှားပဲထားလိုက်ပါတော့။

    ဘာပဲပြောပြော မြန်မာမှန်ရင် သွေးမနည်းကြဘူး၊ သူရဲဘောကြောင်တဲ့သူတွေ မဟုတ်တဲ့အကြောင်းကိုတော့ ကျွန်တော်ကိုယ်တိုင် အချက်အလက်တွေ၊ အထောက်အထားတွေပြည့်ပြည့်စုံစုံနဲ့ တင်နိုင်တဲ့တစ်နေ့မှာတော့ Post တစ်ခု ဖန်တီးပါ့မယ်။ ကို်အောင်ပုကိုလဲ ဒီခေါင်းစဉ်နဲ့ပဲ ပိုပြီးလေးနက်တဲ့ Post တစ်ခုကို ဖြစ်နိုင်ရင် ဖန်တီးစေချင်တယ်လို့ အကြံပြုလိုပါတယ်။

    လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်
    ကျွန်တော် ရှူံးနိမ့်မှုများနဲ့လူ… ပါ

  • bigcat

    April 5, 2011 at 3:12 am

    မိုက်ကယ်ဂျော်နီအောင်ပုဆိုလို့ ပုသေးလေးမှတ်တာ အကြီးကြီးပဲဗျို့။ လက်မောင်လက်ဖျံနဲ့တင် အတော်သိသာနေပြီ။ ဒါတောင်ဟိုဟာကြီးကို အဝတ်နဲ့ဖုံးထားလို့…..

  • လင်းဝေကျော်

    April 5, 2011 at 3:59 am

    အခုလို မြန်မာ အမျိုးသားများ စည်းလုံးစွာပြောဆိုနေတာ ကြားရတာ ကြည်နူးမိပါတယ်။
    ကျနော်ကတော့ မွန်-ဗမာသွေးနှော မြန်မာ လူမျိုးလေးပါ။

    တကယ်တမ်း ရှမ်းဒီမိုကရေစီပါတီတို့၊ ရခိုင်ဒီမိုကရေစီပါတီတို့ထက် မြန်မာ့ဒီမိုကရေစီပါတီ ဆိုတာကြီးနဲ့
    အားလုံးညီညွတ်စွာဖြစ်သင့်ပါတယ်။

  • myoaung90

    April 5, 2011 at 12:15 pm

    ကျွန်တော်လည်း မွန်ရောပါတယ်

  • windtalker

    July 9, 2011 at 8:46 pm

    ဘယ်ဘက် က အာမီ တံဆိပ်ကြီးနဲ ့ပါလား

  • Foreign Resident

    July 10, 2011 at 5:25 am

    If I am not wrong,
    This logo ( in Michael Johnny Aung Pu’s right hand ) was normally tattooed by DSA guys.

    • ကြောင်ကြီး

      July 10, 2011 at 8:45 am

      ကိုပုက အရင်က ဒီအက်စ်အေကျောင်းရဲ့ ထမင်းချက်ပါ။ ဂိုထောင်ထဲကဆန်တွေကို အရက်ချက်သောက်တာမိသွားလို့ အလုပ်ပြုတ်သွားတာ။ အခုတော့ ဗန်ကောက်မှာ ကြီးပွားနေပါပြီ။ ငပိကိုဝိုင်ဖောက်ချက်တာ အောင်မြင်သွားလို့တဲ့….သူ့ ဝိုင်အရက်နာမည်က မိုက်ခဲဂျော်နီငပိ ဆိုလားပဲ။ စူပါမားကက်ရောက်ရင် မေးကြည့်ပါ။ 😛

  • ရွှေဘိုသား

    July 10, 2011 at 10:20 am

    ကျွန်တော် မောင်ရွှေဘိုသားလည်း အလောင်းမင်းတရားကြီး သွေးပါတယ်
    ဆရာစံနဲ. ဆွေမျိုးမကင်းဘူး ဆရာစံတို. ရွာနဲ. ရွှေဘိုသားတို.ရွာက ရေအိုးနဲ.ရေခွက်
    ဒါ.မို. ခက်ခဲပါတယ်ဆိုတဲ. လူ.လော.ကထဲကို တစ်ယောက်ထဲထွက်လာတာ အမွှာပြူး မဟုတ်ဘူးနော်
    လူလိမ်တွေပေါပါတယ်ဆိုတဲ. ရန်ကုန်မြို.ကြီးကို တစ်ယောက်ထဲတက်လာတယ် အဖော်မပါဘူးနော်
    ရွှေဘိုသားကွ မကြောက်လို.မှ တစ်ယောက်ထဲလာတာ MG ရွာထဲက မိုက်တဲ.လူထွက်ခဲ.
    ကျန်တဲ.ကောင် ကျွန်တော်နဲ. ဖိုက်မယ်

    ကိုပုလက်လေးတွေက ရှည်ရှည်သွယ်သွယ်လေးတွေဗျနော်

  • sai dra

    September 9, 2011 at 12:04 am

    မိုက်တယ် ဗျာ သန်းရွှေ ေိခိ..ေိခိ

  • etone

    September 9, 2011 at 9:00 am

    နှုတ်ခမ်းနီဘူးပျောက်လို့ လိုက်ရှာတာ နှံ့နေတာပဲ … အခုတော့သိပြီ ဒင်းလက်ချက်ကိုး 🙄

    တက်တူးထိုးတဲ့လူ ဒီဇိုင်းဖော်ပေးတာ အရမ်းကောင်းတာပဲ .. ဘာကောင်မှန်းမသိလို့ မနည်း ကြည့်ရတယ် 😛 😛 😛

Leave a Reply