ကျနော့်တပည့်ကျော် ငပျင်းလေးလွမ်းတဲ့ မြို ့ပုံရိပ်ဟောင်းလေးပါ။ သူ ့ကဗျာနဲ ့တွဲတင်ပေးလိုက်ပါတယ်။ ”  သာဓု” တစ်နေဝင်တစ်နေထွက်တော့ တစ်မနက် သစ်ရွက်ကြွေ တစ်သက်တိုးပြန်တော့ သေမဲ့ရက် တစ်သက်နီးသမို့ ” သေမင်း”ရေ မင်းတွက်တော့ ခေါင်း ပေါ်လက်ထောက် ပြုံးပြုံးကြီးထိုင်စောင့်နေပေတော့ ငါမသေခင် ငါနှလုံးသားကိုထုပ် အသုပ်စုံလုပ်ပြီးကျွေး ကုသိုလ် လေးတစ်ခုတော့ လုပ်ခဲ့ချင်ရဲ့ ” ဘဝ” ရေ မင်း သာဓု ခေါ်ပေါ့ကွာ။ ။ ။ …………(နေထူးအိမ်) (4.9.2011)            


  စာဖတ်ရင်း တစ်နှစ်ပတ်လုံးအိပ်ငိုက်ရင်း အချိန်တွေကုန်ခဲ့တဲ့ တပည့်ကျော်က ဆယ်တန်းကိုအောင်တော့ သာမန်အောင်ရုံလေးနဲ ့ပေါ့။ခုတော့ စင်ကာပူဆိုတဲ့ပညာရေးနိုင်ငံမှာ ခေတ်မှီ ပညာတွေသင်ရင်း အမိမြေကိုလွမ်းလို ့ပို ့လာတဲ့ကဗျာကို ပြန်ဝေမျှပါတယ်။  မြောက်လေရောယှက် တိုက်ခတ်စေ့ဆော် နှင်းမြူတွေဆိုင်း စိုထိုင်းထိုင်း အချိန်မှာပေါ့ ကျသံပေါက်ပေါက် တစ်တောက်တောက်မို့ ပြတင်းကိုကျော် ငေးမျှော်လို့ကြည့်လိုက်စဉ် ဪ………ဆောင်းနှင်းမြေခပြီပါလား ။။ ။။   (နေထူးအိမ်)(27.10.2011)                                                                                                                                  


     ဘုရင်ကို မိဘနေရာ၊သက်ဦးဆံပိုင်အရှင်သခင်နေရာမှာထားပြီး “မှန်လှပါအရှင်ဘုရား”“မှန်နီးကီးနီးပါ”ထူးပြီး ဦးခိုက်ပြောဆိုခဲ့ရတဲ့ အသုံးအနှုန်းတွေက ယနေ ့သမ္မတခေတ်ထိကို မပြီးပြတ်သေး ဘဲဆက်သုံးနေတုန်းပါဘဲ။       ယနေ ့ခေတ် သမ္မတနိုင်ငံ. ဒီမိုကရေစီခေတ်မှာ အာဏာကိုပိုင်တာ ပြည်သူတွေပါ၊ဝန်ထမ်းတွေ မဟုတ်ပါဘူး။တိုင်းပြည်ရဲ ့ငွေ(သို ့မဟုတ်)ပြည်သူ ့ငွေတွေကို စားနေရသူတွေမို ့ဝန်ထမ်းတွေရဲ ့အရှင်သခင်ဟာ ကျွန်တော်တို ့ပြည်သူတွေပါ။       ဒါကြောင့် ဌာနဆိုင်ရာ အဖွဲ ့အစည်းတွေကို အာဏာပိုင်အဖွဲ ့အစည်းလို ့မခေါ်သင့်တော့ပါဘူး။အာဏာပိုင်ဆိုတဲ့စကားကြောင့် သူတို ့ကို သူတို ့အရှင်သခင်ပမာ မှတ်ယူ၍ မောက်မာ၊ရိုင်းပြတတ်ကြလို ့ပါ။များသောအားဖြင့် ရှေးရိုးစွဲ ဌာနဆိုင်ရာ များ၏ဝန်ထမ်းများတွင် ပညာတတ်သူမရှိသလောက်ကိုရှားလို ့ပါဘဲ။      ယခုကဲ့သို ့ဖြစ်ရသည်မှာ မျက်နှာဖြူအရှင်ကြီးများ၊ဂျပန်မာစတာကြီးများအပေါ် ဒူးတုပ်ခစားစေခဲ့ရာမှ ပါလာခဲ့သောအကျင့်ကြောင့်ပင်ဖြစ်ပါသည်။“ပညတ်သွားရာဓာတ်သက်ပါ”သွားလို ့နေမှာပါ။      ကျွန်တော်ပြောချင်တာက ယနေ ့ခေတ်လို ဒီမိုကရေစီခေတ်မှာ အားလုံးသောသူ ဟာရေးဆွဲပြဌာန်းထားတဲ့ ဖွဲ ့စည်းပုံအောက်က လူသားတွေမို ့  လွှတ်တော်ကို နာခံရသူတွေဖြစ်နေပါပီ။ဒါကြောင့် ဒီမိုကရေစီ ကျင့်စဉ်ဖွံ ့ဖြိုးတဲ့ နိုင်ငံတွေမှာ ပြည်သူသာလျှင်အာဏာပိုင်ဖြစ်ပါတယ်။အဲဒါမို ့လို ့ […]


အလုပ်တစ်ခုကို/မကြားချင်သောအသံ /မဖတ်ချင်သောစာ/မလွန်ဆန်ဝံ့သောအမိန် ့တွေ ကို နှစ်စဉ်၊လစဉ်၊အပတ်စဉ်၊ရက် ဆက်ပေါင်းများစွာကြုံတွေ ့၊ဆုံလာရလေတော့ လူတိုင်းလူတိုင်းငြီးငွေ ့တတ်လာကြတာ ဓမ္မတာပါ။ လုပ်ရင်း၊ဖတ်ရင်း၊မလွန်ဆန်ဝံ့ရင်း မှားမိတဲ့အကြိမ်၊အခါတွေလည်း ရှိလာကြမှာပါဘဲ။မှားလို ့သာ နောက်ဆုတ်ရမယ်၊တွေဝေသွားမယ် ဆိုလို ့တော့ ဘယ်ဖြစ်မှာလဲ။အမှားကို သင်ခန်းစာယူပြီး နောင်ဒီလိုမျိုးမဖြစ်ရလေအောင်၊အများပြည်သူအပေါ်တကယ် စေတနာထားတတ်လေအောင် အမှန်တရားကိုမြင်တတ်သွားဖို ့က အဓိကလို ့မြင်မိပါတယ်။ မိမိကိုယ်ကျိုးစီးပွား၊“အမျိုးသားအကျိုးစီးပွားပါဆိုပြီး အမျိုးအဆွေအကျိုးစီးပွား”ကိုသာလုပ်မယ်၊ဆက်မိုက်နေမယ်ဆိုရင် သမိုင်းမှာ လူမိုက်စာရင်းမှာ တန်းစီလိုက်ပေတော့ပေါ့။ မိမိအကျိုးအတွက်မဟုတ်ပါဘဲ အများပြည်သူအတွက် လုပ်ရင်းမှား သွားတယ်ဆိုရင်တော့ ကြိုးစားခွင့်လွှတ်ကြမှာပါ။ အများအကျိုးကို ဗန်းပြလုပ်နေသယောင်နဲ ့ကိုယ့်အိတ်ကပ်၊အမျိုးအနွယ် အဆွေတော်တို ့တွက်ဘဲ လုပ်နေမယ်ဆိုရင်တော့ ဘယ်သူတဦးတယောက်ကမှခွင့်လွှတ်မှာ မဟုတ်ပါဘူး။ မှန်တာပြော၊မှန်တာ လုပ်လို ့လူမုန်းများတယ်ဆိုတာ ထက် ကိုယ်ကျိုးအတွက် လုပ်နေမှန်းသိလို ့အများက ပိုမုန်းသွားတာပါ။ဆရာလူထုစိန်ဝင်း ကပြောတဲ့ သာဓက တစ်ခုကိုပြောပြပါမယ်။ဆရာဒဂုန်တာရာ ကြုံတိုင်းပြောနေ၊ရေးနေတဲ့ “မုန်းသူမရှိ ချစ်သူသာရှိ၊ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုတဲ့စကားကို လက်ခံနိုင်မှာပါ။ဆရာဒဂုန်တာရာဟာ (၁)အဲဒီခေတ်အခါ ကတက္ကသိုလ်ကျောင်းဆောင်ကို ကိုယ်ပိုင်စန္ဒရားယူလာပြီးတီးသူ။ (၂)ဗိုလ်ချုပ်တို ့ကိုဗဟိန်းတို ့နဲ ့ကျောင်းနေဖက် ဖြစ်သလို၊နောင် ဗိုလ်ချုပ်အောင်ဆန်းက […]


နီးတော့မလိုလိုပါဘဲ ဒါပေမယ့်ရောက်မလာခဲ့ တကယ်တမ်းကျတော့ ….. ငါကိုယ်တိုင်လည်း….—-မျဉ်း ယိုင်တစ်ကြောင်း???? ချစ်သူ ….. တီးတိုးရေရွတ်ရင်း အလင်းမဲ့ နှလုံးအိမ်က ခြောက်သွေ ့စွာ…။ အထီးကျန်နေ ့စွဲတွေနဲ ့အတူ မီးသင်္ဂြိုဟ်ခဲ့သော အလွမ်းရဲ ့နေ ့စွဲအဟောင်းတွေ ဥပက္ခာတရား ရိပ်အောက်မှာ (ခုတော့လည်း)နေသားကျသလိုလို…..။။ ဟန်ဆောင်ခြင်းတဝက် မက်မက်မောမော အပြုံးကိုတောင် ယောင်ရမ်းလို ့မကြည့်ရဲဘူး….. ဆူးစူးတဲ့ဝေဒနာက သေရာပါခဲ့ပီ……. “ကိုယ်တကယ်ချစ်နိုင်မှ နင်စဉ်းစားပေါ့” “ကိုယ်တကယ်ချစ်နိုင်မှ နင်စဉ်းစားပေါ့” “…………………………………………….” “ …………………………………………….” ချစ်ခြင်းတပ် ဆန္ဒမီး စည်းမကျော်အောင် ဘောင်ခတ်ရ ကျောက်ခေတ်က အကျဉ်းသားလို မြှားချွှန်ချွှန်သုံး (ငါ့ကိုယ်ငါ)အဆုံးသတ်လိုက်မယ်…….။။ ကောင်မလေးရေ……. ဟိုမှာ….ပန်းသီးတစ်လုံး အရသာအကောင်းဆုံးဆိုဘဲ! ဒုက္ခိတတစ်ယောက်ရဲ ့ နာကျဉ်းသံ သဲ့သဲ့… ဒါ…..နှလုံးသားအဆိပ်သင့်ခြင်းလည်းဖြစ်တယ်။!!!!! ထွက်သက်၊ဝင်သက် ငြိမ်းသွားပေမယ့် စိတ်ရဲ ့အနက်ရှိုင်းဆုံးနေရာ…. နင်သာ….အရိပ်မိုးနေမှာပါ လက်တွေ ့တစ်ခုဟာ…… ငါတို ့ကို ပန်းသီးလေးတောင် မမြည်းစေခဲ့ဘူး!!!!!! ငါတို […]


“အရေးပေါ်ကုထုံး” စိတ်ကျန်းမာရေးဆေးရုံကြီးတွင်ြ ဖစ်သည်။Round လှည့်လာသော ဆရာဝန်ကြီးက အလုပ်သင်ဆရာဝန်ကိုမေးသည်။ ဆရာဝန်ကြီး-ဒေါက်တာမောင်ကီး ကုတင်အမှတ်(၆)ကလူနာကိုဘယ်သူ treatment ပေးထားလဲ။ အလုပ်စင်ဆရာဝန်-ခုနက ဒီလူနာဗိုက်ဆာတယ်ဆိုပြီး ပုရွက်ဆိတ်တွေကောက်စားနေတယ်ဆရာ။ကျွန်တော်လည်းအန္တရာယ်ဖြစ်မှာစိုးတာနဲ ့ ပုရွက်ဆိတ်ဆေးမှူန် ့တစ်ထုပ်တိုက်ထားလိုက်တယ်။ခုထိတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာပဲ။ “ပြေးတော့ပြေးမှာပေါ့” “ဒီမြို ့မှာ အတော်ဆုံးဆရာဝန်က ဘယ်သူလဲဗျ။” “ဒီမြို ့မှာတော့ ဒေါက်တာပြောင်ကြီးက အတော်ဆုံးပဲဗျို ့၊ရောဂါကျွမ်းနေတဲ့ လူနာတွေတောင် သူနဲ ့တွေ ့ရင် ပြန်ကောင်းသွားတတ်ကြတယ်။” “တော်ပါသေးရဲ ့ဗျာ၊အသိမြန်ပေလို ့၊ယောက္ခမကြီး အသည်းအသန်ဖြစ်နေလို ့ဗျ” “ဘာလဲ!ဒေါက်တာ ပြောင်ကြီးဆီပြေးတော့မှာပေါ့” “ပြေးတော့ပြေးမှာဗျ။သူနဲ ့ဝေးရာကိုလေ” “အကြံပိုင်လိုက်ပုံ” “ဒီဆရာဝန် ကသူ ့ဆေးခန်းလာပြတဲ့လူနာတိုင်းကိုဘာဖြစ်လို ့ရေကောင်းရေသန် ့သောက်ဖို ့ချည်းပြောနေတာလဲ??” “သူ ့မိန်းမက ဒီမြို ့မှာ ရေသန် ့စက်ရုံရဲ ့ကိုယ်စားလှယ်လေဗျာ။” “အေးလို ့” ဆရာဝန်-လူနာတော်တော်များများ. အအေးမိကြလို ့ဆေးခန်းလာပြကြတယ်ကွ။ ဇနီး.    -ဒါဆိုရင် ကျွန်မတို ့ချင်းပြည်နယ်ဘက်ဆေးခန်းသွားဖွင့်ကြမယ်လေ။ “ခွဲစိတ်ခန်းထဲမှာ” လူနာ-ကျွန်တော်သိပ်ကြောက်နေတယ်ဆရာရယ်၊အရင်က တခါမှ. ခွဲစိတ်မခံခဲ့ဖူးဘူး။ ဆရာဝန်-ကျွန်တော်လည်းခင်များလိုပဲ ခံစားရပါတယ်။ဘာလိုဘ့လဲဆိုတော့ အရင်ကတခါမှ မခွဲစိတ်ဖူးလို ့ပါဘဲ။ “လျော်ပေး” ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဗိုက်ခွဲပြီး၍ […]


ထိမ်းမြားမင်္ဂလာ ပြုသင့်သော လများ ၁။တန်ခူးလ -ချမ်းသာအံ့။ ၂။ကဆုန်လ -ကြွယ်ဝအံ့။ ၃။နယုန်လ -ဘေးကင်းအံ့။ ၄။သီတင်းကျွတ်လ -ရွှေငွေ၊သားသမီး၊ကျေးကျွန်များ အံ့။ ၅။တန်ဆောင်မုန်းလ – ကျွဲ၊နွား၊ဆင်၊မြင်းပေါအံ့။ ၆။တပို ့တွဲလ -ရွှေငွေ ပြည့်စုံအံ့။ ထိမ်းမြားမင်္ဂလာ ပြုလုပ်ရမည့် မင်္ဂလာ အချိန်အခါ အောင်-သာ၊နေမွန်းတည့်။င-ဆင်။သုံးချက်တီး၊ရွှေ-ပြည်၊တက်ထွန်းကာ။နန္ဒာ-နေထွက်။ ၁။တနင်္ဂနွေ၊သောကြာ မွန်းတည့်ကာ ဘယာဘေးမျိုးအောင်။ ၂။တနင်္လာနှင့်အဂါင်္တသီ။သုံးချက်တီးရန် မီးကင်းလွတ်ရှောင်။ ၃။ကြာသာပတေး တထူးဗုဒ္ဓဟူး နေတက်မပျက်၊ဤလူ ့ဘောင်။ ၄။နေထွက်၊နေဝင် စနေပင် စောလျင်ရန်မျိုးအောင်။ ယနေ ့ခေတ်မှာတော့ ဂုဏ်သရေရှိ လူကြီးလူကောင်းတို ့သည် ထိမ်းမြားမင်္ဂလာပြုကြရာတွင်. မင်္ဂလာဖိတ်စာ များကို သပ်ရပ်ခန် ့ညားသော ရွှေရောင်၊ငွေရောင် တို ့ဖြင့် ရိုက်နှိပ်၍ ဖိတ်ကြားနေကြလေသည်။ ထိမ်းမြား မင်္ဂလာပြုကြသော သတို ့သား၊သတို ့သမီး တို ့သည် မိမိတို ့၏မိဘများ ရာထူးဂုဏ်၊ဓနဂုဏ်၊ပညာဂုဏ် ကြွယ်ဝမှု ကိုလည်းဂုဏ်ယူသောအားဖြင့် မင်္ဂလာဖိတ်စာတွင် ထည့်သွင်းရိုက်နှိပ်ကြသည်။မိမိတို ့၏ […]


ကမ္ဘာပေါ်တွင် ဘာသာတရားကြီး(၄)မျိုးရှိသည်။ဘာ သာတရားလေးမျိုးထဲက ဘာသာတရားတခုခုသည်သည် အခြားဘာသာတရားတစ်ခုခုနှင့်ပတ်သက်ပြီး အပြစ်ပြောနေစရာမလိုပေ။ဘာသာတရားတိုင်းသည် လိုက်နာသင့်လိုက်နာထိုက်သော ကျင့်ဝတ်အနည်းနှင့်အများ ရှိနေကြသည်သာဖြစ်သည်။ယင်းကောင်းကွက်ကို ကြည့်လျှက် ဘာသာတရားတခုနှင့်တခု စိတ်ဝမ်းကွဲပြားစေမည့် ပြစ်တင်ရှုတ်ချခြင်းမျိုးများကို ရှောင်ရှားပြီး ဘာသာတရားအချင်းချင်း သွေးစည်းညီးညွတ်ရေးကို ကြိုးပမ်းအားထုတ်သင့်ပါသည်။ မဟတ္တမဂန္ဒီ မကွယ်လွန်မီအချိန်က အမေရိကန်နိုင်ငံမှ အမေရိကန်လူမျိုးတစ်ဦးက ဂန္ဒီကြီးကို အားကျပြီး ဟိန္ဒူ အကြေင်းကြားသောအခါ မဟတ္တမဂန္ဒီသည် သူ၏ပြန်ကြားစာ၌ ဘာသာတရားယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်ပြီး သူ၏အယူအဆကို တင်ပြထားသည်။ ““ကျွန်ုပ် တစ်စုံတစ်ယောက်သောသူကို ဟိန္ဒူဘာသာထဲဝင်ပါ။အစ္စလာမ်ဘာသာဝင်လုပ်ပါ လို ့မတိုက်တွန်းပါဘူး။မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကိုသာ အူလှိုက်သဲလှိုက် ယုံကြည်ကိုးကွယ်ပြီး မိမိဘာသာတရားထဲမှာ ညွှန်ကြားပြောပြထားတာတွေကိုလိုက်နာကျင့်သုံးပါလို ့ဘဲပြောချင်ပါတယ်။တကယ်လို ့ခရစ်ယန်ဘာသာဝင် တစ်ယောက်ဖြစ်တယ် ဆိုရင်လဲ ခရစ်ယန်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားစေချင်ပါတယ်။တကယ်လို ့ဟိန္ဒူဘာသာဝင် တစ်ယောက်ဖြစ်တယ်ဆိုလျှင်လဲ ဟိန္ဒူဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင်ကြိုးစားစေချင်တယ်။အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်မယ်ဆိုရင်လဲ အစ္စလာမ်ဘာသာဝင်ကောင်းတစ်ယောက်ဖြစ်အောင်၊ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုရင်လဲ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားစေချင်ပါတယ်။ဘာသာတရားတစ်ခုခုရဲ ့ လိုက်နာသင့်၊လိုက်နာထိုက်တဲ့ ကျင့်ဝတ်များကို လိုက်နာသူ တစ်ယောက်မဖြစ်ခင် […]


လူတို ့သည်အချင်းချင်း ပေါင်းဖွဲ ့နေထိုင်ရာတွင် မိသားစုအလိုက်ဖြစ်စေ၊ဆွေမျိုးသာ းချင်းများနှင့် ဖြစ်စေ၊သူစိမ်းတရံများနှင့်ဖြစ်စေ အတူတကွ သွားလာနေထိုင်ကြရာတွင် စကားပြောဆို ဆက်ဆံကြရသူများဖြစ်သည်။ လူ ့လောကကြီးတွင် စကားပြောဆို ဆက်ဆံမှု မရှိလျှင်ခြောက်သွေ ့ပြီး အလုပ်ဖြစ်ကြမည်မထင်ပါ။စကားသည်လူတို ့အတွက် အရေးပါအရာရောက် ဆုံးသောအရာ တစ်ခုဖြစ်ပါသည်။အချို ့သောသူများသည် ရုပ်ရည်ချောမောလှပမှုရှိကြသော်လည်း စကားပြောဆိုရာတွင် ကြမ်းတမ်း ခက်ထန်သော လေသံနှင့် ယုတ်ညံ့သော သေးသိမ်မှုရှိ သည့်အတွက် လူတစ်ဖက်သား နားမခံသာ ဖြစ်သဖြင့် အများနှင့်မဝင်ဆန် ့ပဲရှိတတ်ပါသည်။စကားသံများမှာ အကောင်းကို ဖြစ်စေသကဲ့သို ့အဆိုးကိုလည်းဖြစ်စေနိုင်ပါသည်။ “တန်ဖိုးရှိသော စကားများ” ၁။သုဘာသိတဝါစာ=ကောင်းမွန်ချိုသာစွာပြောဆိုတတ်ခြင်း။ ၂။ပီယဝါစာ=နှစ်သက်မြတ်နိုး ချစ်ဖွယ်သောစကား ကိုပြောဆိုတတ်ခြင်း။ ၃။သစ္စာဝါစာ=မှန်ကန်ဖြောင့်မတ် တည်ကြည်သော စကားကိုပြောဆိုတတ်ခြင်း။ ၄။ဓမ္မဝါစာ= သဘာဝကျ၍ လိုက်နာဖွယ်ရှိသော စကားကိုပြောဆိုတတ်ခြင်း။ “ချစ်စေလိုသော ခံတွင်းလက်လေးသစ်၊မုန်းစေလိုသော် ခံတွင်း လက်လေးသစ်” ဟုဆိုအပ်သော ပေါရာဏ စကားသည် အားလုံးမှတ်သားထိုက်ပါသည်။ဆိုလိုသည်က ချစ်ခြင်း၊မုန်းခြင်း စကားများကို မိမိတို ့အာခံတွင်း […]


ရှုမညီးတဲ့ ငပလီညနေစောင်းအလှလှိုင်းခွပ်နေတယ်လေ လှတယ်နော်ရေအား စီမံကိန်းပါ(သူဌေးချောင်း)WIFI တာဝါတိုင်ပါ။သံတွဲမြို ့ကိုပေးထားတာပါ။ခုတော့ဖြုတ်လိုက်ရပါပီဆံတော်တောင်ဘေးနားက သံတွဲချောင်းအလှပဲခူးတိုင်းနဲ ့ရခိုင်ပြည်နယ် နယ်ခြားပါ


လူသားတွေအနေနဲ့ ဘဝမှာ ရင်ဆိုင်ရဲဝံ့စရာ အချက်အလက်သစ် တစ်ခုပါပဲ။ အဲဒီ့စိတ်အခံကတော့ “ခါထုတ်ပြီး နင်းတက်မယ်”ဆိုတဲ့ သဘောထားလေးပါ။ ကျွန်တော်တို့တွေဟာ တစ်ခုခုကိုဆိုရင် ကြိတ်မနိုင် ခဲမရနဲ့ စိတ်ထဲမှာ မပြီးနိုင် မစီးနိုင်ဖြစ်နေတတ်တာ ခဏ ခဏပါပဲ။ တချို့ဟာတွေဆို တစ်ပတ်လောက်ကို တနုံ့နုံ့၊ တချို့ဟာတွေကျတော့ တစ်လလောက်၊ တချို့ဆိုရင် နှစ်နဲ့ကို ချီလို့။ ခေါင်းထဲကကို ဖျောက်မရနိုင်၊ ခါမထုတ်နိုင်တာများလေ။ ဦးနှောက်စားတယ်ဆိုတာ အဲဒါမျိုးပေါ့။ ကျွန်တော်တို့ရဲ့ အပျော်တွေ၊ စိတ်ချမ်းသာမှုတွေ၊ စိတ်အေးချမ်းမှုတွေနဲ့ ပေးဆပ်နေရတာတွေပါ။ အတိတ်က နာကျင်ခံစားမှုတွေဟာ ခါးသီးမှု၊ အမုန်းတရား၊ အမျက်ဒေါသနဲ့ အာဃာတများကို ဖန်တီးနေတာပဲ မဟုတ်ပါလား။ ကျွန်တော်တို့ဟာ အဲဒီ ခါးသီးမှု ၊ အမျက်နဲ့ အာဃာတဆိုတဲ့ နာကျင်ခံစားမှု မြေကြီးတွေကို ကျွန်တော်တို့ ကျောပေါ်ကို နေ့စဉ်လိုပဲ […]


မှတ်သားဖွယ်ရာ ဘာသာရေးဆိုင်ရာ အမြင်တစ်ရပ်ကိုဖော်ပြပါမယ်။၂၀၀၁ ခုနှစ် မေလထုတ် မြတ်သတိဝါဒ သဒ္ဓမ္မမဂ္ဂဇင်း အမှတ်၁၁၊ဘာသာဥဒါန်းဆိုသည့် ခေါင်းကြီးပိုင်းက ပါ။ ““ဘာသာ တရားတိုင်းသည် လူ ့ယဉ်ကျေးမှု အဆောက်အဦးတို ့ကို မြင့်တက်စေသည်မှာ အမှန်ဖြစ်ပေသည်။ထိုသို ့မြင့် တက်စေရာတွင်လည်း ဗဟိဒ္ဓအဆောက်အဦးကို မြင့်စေခြင်းအဇ္ဈတ္တအဆောက်အဦးကိုမြင့်စေခြင်း ဟူ၍နှစ်မျိုးနှစ်စားရှိလေ၏။ ရွှေတိဂုံစေတီတော်၊အန်ကောဝပ်ကျောင်းတော်၊ဂရိတို ့၏ နတ်ကွန်းကြီးများ၊ခရစ်ယန်တို ့၏ ဘုရားကျောင်းများ၊ဟိန္ဒူဘုရားရှိခိုးကျောင်းကြီးများ စသည်တို ့က ဘာသာတရားတို ့ကြောင့်မြင့်တက်လာသော လူ ့ယဉ်ကျေးမှုအဆောက်အအုံများ၏ သာဓကများပင်။ စာနာခြင်း၊အများအကျိုးသယ်ပိုးခြင်း၊လူ ့တန်ဖိုးကို အချင်းချင်းအသိအမှတ်ပြုတန်ဖိုးထားတတ်ခြင်း၊မေတ္တာထားခြင်း စသည်တို ့ကား အတွင်းယဉ်ကျေးမှု မြင့်တက်လာခြင်းပင်ဖြစ်လေသည်။သို ့သော်အချို ့သောသူများက ထိုယဉ်ကျေးမှုတန်ဖိုးများကို အစွန်းရောက်မှု တိမ်သလ္လာ တို ့ဖုံးကာ မမြင်နိုင်ကြဘဲ ဖျောက်ဖျက်ပစ်မိတတ်ကြပေသည်။ ထိုသူတို ့သည် မိမိတို ့ကိုယဉ်ကျေးစေသော ဘာသာတရား၏ မျက်နှာကိုမျှမထောက်ရုံမက မိမိတို ့မယဉ်ကျေးကြောင်းကိုလဲ ပြသရာရောက်ချေသည်။ ထိုသို ့အပ ယဉ်ကျေးမှုအဆောက်အဦးတို ့ကိုမည်သို ့ဖြိုဖျက်ကြပါစေ၊အတွင်းယဉ်ကျေးမှု အဆောက်အဦးတို ့မှာ ဘယ်ခါမှထိပါးနိုင်မည်မဟုတ်ချေ။ အကြောင်းသော်. မယဉ်ကျေးခြင်းသည် ယဉ်ကျေးခြင်းကို မည်သည့်အခါမျှ အနိုင်မယူနိုင်ဘဲ ယဉ်ကျေးခြင်းကသာ မယဉ်ကျေးခြင်းကို […]