ဆေးလောကမှ ဟာသတိုလေးများ

“အရေးပေါ်ကုထုံး”

စိတ်ကျန်းမာရေးဆေးရုံကြီးတွင်ြ

ဖစ်သည်။Round လှည့်လာသော ဆရာဝန်ကြီးက အလုပ်သင်ဆရာဝန်ကိုမေးသည်။

ဆရာဝန်ကြီး-ဒေါက်တာမောင်ကီး ကုတင်အမှတ်(၆)ကလူနာကိုဘယ်သူ treatment ပေးထားလဲ။
အလုပ်စင်ဆရာဝန်-ခုနက ဒီလူနာဗိုက်ဆာတယ်ဆိုပြီး ပုရွက်ဆိတ်တွေကောက်စားနေတယ်ဆရာ။ကျွန်တော်လည်းအန္တရာယ်ဖြစ်မှာစိုးတာနဲ ့ ပုရွက်ဆိတ်ဆေးမှူန် ့တစ်ထုပ်တိုက်ထားလိုက်တယ်။ခုထိတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာပဲ။

“ပြေးတော့ပြေးမှာပေါ့”

“ဒီမြို ့မှာ အတော်ဆုံးဆရာဝန်က ဘယ်သူလဲဗျ။”

“ဒီမြို ့မှာတော့ ဒေါက်တာပြောင်ကြီးက အတော်ဆုံးပဲဗျို ့၊ရောဂါကျွမ်းနေတဲ့ လူနာတွေတောင် သူနဲ ့တွေ ့ရင် ပြန်ကောင်းသွားတတ်ကြတယ်။”

“တော်ပါသေးရဲ ့ဗျာ၊အသိမြန်ပေလို ့၊ယောက္ခမကြီး အသည်းအသန်ဖြစ်နေလို ့ဗျ”

“ဘာလဲ!ဒေါက်တာ ပြောင်ကြီးဆီပြေးတော့မှာပေါ့”

“ပြေးတော့ပြေးမှာဗျ။သူနဲ ့ဝေးရာကိုလေ”

“အကြံပိုင်လိုက်ပုံ”

“ဒီဆရာဝန် ကသူ ့ဆေးခန်းလာပြတဲ့လူနာတိုင်းကိုဘာဖြစ်လို ့ရေကောင်းရေသန် ့သောက်ဖို ့ချည်းပြောနေတာလဲ??”
“သူ ့မိန်းမက ဒီမြို ့မှာ ရေသန် ့စက်ရုံရဲ ့ကိုယ်စားလှယ်လေဗျာ။”

“အေးလို ့”

ဆရာဝန်-လူနာတော်တော်များများ. အအေးမိကြလို ့ဆေးခန်းလာပြကြတယ်ကွ။
ဇနီး.    -ဒါဆိုရင် ကျွန်မတို ့ချင်းပြည်နယ်ဘက်ဆေးခန်းသွားဖွင့်ကြမယ်လေ။

“ခွဲစိတ်ခန်းထဲမှာ”

လူနာ-ကျွန်တော်သိပ်ကြောက်နေတယ်ဆရာရယ်၊အရင်က တခါမှ. ခွဲစိတ်မခံခဲ့ဖူးဘူး။

ဆရာဝန်-ကျွန်တော်လည်းခင်များလိုပဲ ခံစားရပါတယ်။ဘာလိုဘ့လဲဆိုတော့ အရင်ကတခါမှ မခွဲစိတ်ဖူးလို ့ပါဘဲ။

“လျော်ပေး”

ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဗိုက်ခွဲပြီး၍ ဆေးရုံဆင်းတော့မည့် လူနာတစ်ဦးသည် ငွေရှင်းကောင်တာတွင် ကုသစရိတ်ရှင်းနေသည်။
“ဒီဘောက်ချာမှာ ခွဲစိတ်ခ၊အခန်းခ နဲ ့ဆေးဖိုးအပြင် ဘာဖြစ်လို ့ခွဲစိတ်ခန်းသုံးကတ်ကြေးတစ်ချောင်း ဖိုးပါထည့်ထားရတာလဲ။”
“ခင်များ ဗိုက်ထဲ မှာကတ်ကြေးပါသွားတဲ့အတွက်တောင်းရတာပါ”

“သူ ့အကြံ”

မကွေးဆေးမှ ကျောင်းသားတစ်ယောက်သူ ့မိခင်ထံ ဖုန်းဆက်နေလေသည်။

ကျောင်းသား-မေမေ၊ဒီနေ ့ကျောင်းမှာ တီချယ်ကပြောတယ်။တီရှပ်ဝတ်ရင် ဒဏ်ငွေ(၅၀၀)ဆောင်ရမယ်တဲ့။
မိခင်-ဒါဆိုသား.  ကျောင်းမှာ တီရှပ်မဝတ်တော့ဘူးပေါ့။
ကျောင်းသား-သားပိုက်ဆံ ပိုစုနေတယ် မေမေ။

“တစ်တန်းကို (၂)နှစ်နှုန်း”

ဆေးကျောင်းသား-ငါကြိုက်နေတဲ့ လမ်းထိပ်က လုံးတင်ဆိုတဲ့ ကောင်မလေးက သိပ်မာနကြီးတာပဲကွာ။ငါဆရာဝန် ဖြစ်မှ လူကြီးစုံရာနဲ ့မငြင်းနိုင်အေဲင်သွားတောင်း ပစ်လိုက်ဦးမယ်။

သူငယ်ချင်း-ဘယ်သူ ့ကိုလဲ???သူ ့သမီးကိုလား???

“ကိုယ်သာတရားခံ”
ဆရာဝန်-ဦးနှောက်မကောင်းတဲ့ သူရဲ့ ပိုက်ဆံဟာဘယ်တော့မှ မမြဲဘူး။

လူနာ-ဟုတ်ပါပီ၊ဒါကြောင့်မို ့ဆရာ့ဇနီးက ဆေးခန်းမှာ ငွေသိမ်းနေရတာကိုး။

“အားပေးစကား”

ဆေးခန်းတစ်ခုတွင်

“ဆရာ……သမီးရဲ ့ရောဂါကိုပျောက်အောင် ကုပေးလို ့ရမလား”
“ရောဂါရော လူပါတပါတည်း ပျောက်အောင်ကုပေးနိုင်ပါတယ် သမီးရဲ ့….”

3 comments

  • unclegyi1974

    November 4, 2011 at 10:44 pm

    မောင်ရင်လေးရေ ရေးလည်းရေးမျက်နှာလည်းအဝတ်နဲ့သေချာစည်းထား
    တော်ကြာဆရာဝန်တွေမှတ်မိသွားရင်ဆေးနီဗူးလေးနဲ့တွေ့သွားအုန်းမယ်

  • Gipsy

    November 4, 2011 at 10:58 pm

    ရေးပါစေဗျာ…၊ ကျနော့် မိတ်ဆွေက စိတ်ကူးလေးနဲ့ပဲ အလွမ်းဖြေနေရတာမို့ပါ…၊
    သူက အမိန့်ပေးသူတွေ အာဏာသုံးသူတွေကို အရမ်းစိတ်ပျက်တတ်တာဗျ…၊
    (စတာနော်)…။

  • AKKO

    November 5, 2011 at 10:35 am

    ဆေးကျောင်းသားဆိုတော့ ဆေးလောကထဲက ရယ်စရာတွေရေးတာပေါ့ ။
    ဟိုးတလောက မော်မော်သီးကနေ ယောကျာ်းလေးဖြစ်တဲ့ပို့စ်ထဲမှာ တွေ ့တယ် ။ စာမေးပွဲဖြေလျှင်တော့ သတိထားပေါ့ ။
    ဆေးလောကက ဆရာကြီး ၊ ဆရာမကြီးများလည်း ဝင်ဖတ်နေကြတယ်လို့ ကြောက်ကြောက်လန့်လန့် သိခဲ့ရပါတယ် 🙁

Leave a Reply