မြေခတဲ့ဆောင်း

  •   စာဖတ်ရင်း တစ်နှစ်ပတ်လုံးအိပ်ငိုက်ရင်း အချိန်တွေကုန်ခဲ့တဲ့ တပည့်ကျော်က ဆယ်တန်းကိုအောင်တော့ သာမန်အောင်ရုံလေးနဲ ့ပေါ့။ခုတော့ စင်ကာပူဆိုတဲ့ပညာရေးနိုင်ငံမှာ ခေတ်မှီ ပညာတွေသင်ရင်း အမိမြေကိုလွမ်းလို ့ပို ့လာတဲ့ကဗျာကို ပြန်ဝေမျှပါတယ်။
  •  မြောက်လေရောယှက်
    တိုက်ခတ်စေ့ဆော်
    နှင်းမြူတွေဆိုင်း
    စိုထိုင်းထိုင်း အချိန်မှာပေါ့
    ကျသံပေါက်ပေါက်
    တစ်တောက်တောက်မို့
    ပြတင်းကိုကျော် ငေးမျှော်လို့ကြည့်လိုက်စဉ်
    ဪ………ဆောင်းနှင်းမြေခပြီပါလား ။။ ။။   (နေထူးအိမ်)(27.10.2011)                                                                                                                                  

7 comments

  • waymg

    November 8, 2011 at 10:35 pm

    ဆောင်းနှင်းမြေခ
    သူ့ကိုသတိရ
    လွမ်းလိုက်ရတာ
    ညတာရှည်၏
    ဆုံရန်အတွေး
    ငါ့မှာ နွေးထွေးနေသည်တကား……

  • moethuzar

    November 9, 2011 at 11:42 am

    ဆောင်းရောက်ပီနော်။ချယ်ရီတွေငိုနေပီ နန်းရေ သီချင်းလေးဆိုပြီး အဆောင်ရှေ ့မသွားတော့ဘူးလား သူငယ်ချင်းရေ။

  • မဆိုရဲတော့ဘူးလေ။အဲဓါကျောင်းတုန်းကပါဟာ။ငါ့အကြောင်းတွေသိနေတယ် ဘယ်သူပါလိမ့်။ဟွန် ့နော် ဟွန် ့…………

  • maetu

    November 12, 2011 at 1:32 pm

    ဆောင်းနှင်းမြေခပီပေါ့…..
    လွမ်းတတ်သူတွေ အနေခက်ပီပေါ့
    ဘယ်သူ ကူလို ့လွမ်းပါတော့နိုင်…….

  • tharbaw

    November 12, 2011 at 1:40 pm

    သူများကဗျာ ကြီးကူးတင်ထားပါလား ။ကောင်းပါတယ် ရှေးကပုံလေးမြင်ဖူးလို ့။facebook မှာ ဒွါရာဝတီသားအဖွဲ့ရှိတယ်ဆို။

  • aye.kk

    November 12, 2011 at 5:04 pm

    စိတ်အစဉ်မှာ
    ဖြေမရွင်တည့်
    ဆောင်းနှင်းမြေခ
    ကြွေကာကျစဉ်
    ဝေးကမြေတွင်
    ပညာရဘို ့လွမ်းရသည်…
    ဪတို ့တိုင်းတို ့ပြေမှာပညာတတ်တွေရှားပါး နည်းပညာတွေအလုံအလောက်
    မရှိလို ့သာ အဝေးမြေမှာ ရှာကြရသည်
    ကဗျာလေးကိုဖတ်ရလို ့ပိုလွမ်းပေးမိသည်

  • chochin

    November 12, 2011 at 5:50 pm

    မချိုမချဉ်
    တစ်ကိုယဉ်မို့
    လွမ်းမိပါသည်
    သူ့ကို….။

Leave a Reply