nyimalayJanuary 28, 20111min914
  McWill ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့် စတင်ရရှိပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ McWill ဖုန်းတွင် အင်တာနက် အသုံးပြုခွင့် ရရန် ငွေပေးသွင်းခြင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လက်ခံခဲ့ပြီး ၂ဝ ရက်နေ့တွင် သုံးစွဲသူများထံ စက်များ လိုက်လံ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် McWill ဖုန်း အလုံးရေ ၁၄၄ လုံးအား အသုံးပြုခွင့် ချထားပေးပြီး ဖြစ်ကာ McWill ဖုန်း သုံးစွဲလိုသူများသို့လည်း အလုံးရေ အကန့်အသတ် မရှိဘဲ ဆက်လက် ချထားပေးမည် ဖြစ်ကြောင်း သိရှိရသည်။ McWill ဖုန်းများကို ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်တွင် အသုံးပြုခွင့် ပေးထားကြောင်းလည်း သိရှိရသည်။ လျောက်ထားလိုသူများသည် ရန်ကုန်၊ […]


nyimalayJanuary 28, 20111min670
  ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် မလိုဘဲ မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့များတွင်သာ ဝင်ငွေကောင်းမွန်သော အလုပ်အကိုင်များ ရရှိမည်ဟု မက်လုံးပေး စည်းရုံးခေါ်ဆိုမှုများ ရှိလာသည်ဟု သတင်းရရှိသည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသများ ရှိ နယ်စပ်မြို့အချို့နှင့် အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်မြို့တို့တွင် ဝင်ငွေကောင်းသော အလုပ်အကိုင်များ ရရှိမည်ဟုဆိုကာ ဝန်ဆောင်ခ ပေးဆောင်စရာမလိုဘဲ သွားရောက်လုပ်ကိုင်နိုင်မည့် အခွင့်အရေးများဖြင့် ဆွဲဆောင်စည်းရုံး ခေါ်ယူမှုများရှိလာသည်ဟု သိရသည်။ မြန်မာနိုင်ငံနှင့် ထိစပ်နေသော ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ နယ်စပ်မြို့ များတွင် သွားရောက် အလုပ်လုပ်ကိုင်ကြရာတွင် အစပိုင်း၌ လစာငွေများ ပြန်လည်လွှဲအပ် ပေးပို့နိုင်ကြသော်လည်း နောက်ပိုင်းတွင် အဆက်အသွယ် မရရှိတော့သည်များ ရှိလာခြင်းကြောင့် သွားရောက်လုပ်ကိုင်မည့် သူများအတွက် သတိပြုဖွယ်ရာပင်ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။ “နယ်စပ်က ထမင်းဆိုင်၊ စားသောက်ဆိုင်တို့လို […]


nyimalayJanuary 28, 20111min711
  မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်၊ ၂၀၀ရ ခုနှစ်၊ ၂၀၁ဝ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ် လက်ရှိကာလအထိ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိခဲ့၍ မွေးမြူသူများအနေဖြင့် ဇီဝလုံခြုံမှု(biosecurity)ကို သတိပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ၂၀၀၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ကြက်ကောင်ရေခြောက်သိန်းခွဲခန့် သုတ်သင်ဖျက်ဆီးခဲ့ရကြောင်းနှင့် ၂၀၀ရ ခုနှစ် တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ကာ ၂၀၀ရ ခုနှစ် နှောင်းပိုင်းက ကျိုင်းတုံတွင် အသက်ခုနစ်နှစ် သမီးအရွယ်ကို ကူးစက်ခဲ့သော်လည်း လူသေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။ ၂၀၁ဝပြည့်နှစ် ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့ နယ်တို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့ကြောင်း သိရသည်။ အလားတူ ၂၀၁၁ […]


nyimalayJanuary 28, 20111min450
နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးဖြင့် စွန့်ခွာသွားကြသူများထဲတွင် အလုပ်ဖြင့်ထွက်ခွာသွားကြသူများထက် ပညာသင်ဖြင့် ထွက်ခွာသွားကြသူအများစုမှာ နိုင်ငံရပ်ခြား တွင် အခြေချ နေထိုင်သွားကြသူများ ဖြစ်ကြောင်း နိုင်ငံတကာရေးရာ လေ့လာထားသူအချို့က ဆိုပါသည်။     အကြောင်းမှာ ပညာသင်ရန် ထွက်ခွာကြသူများမှာ ဘွဲ့ရပြီးပါက မိမိဘွဲ့ဖြင့် ကိုက်ညီသော ရာထူး၊ နေရာများအား နိုင်ငံရပ်ခြားတွင် ပြန်လည်ရှာဖွေကာ နေထိုင်သွားကြခြင်း ဖြစ်ကြောင်း စင်ကာပူရေးရာ ကျွမ်းကျင်သူတစ်ဦးက ဆိုပါသည်။     “စင်ကာပူကို ပညာသင်သွားတဲ့သူတွေဟာ ကျောင်းပြီးတာနဲ့ ဟိုမှာအလုပ်တန်းလုပ်၊ ဒါမှမဟုတ်ရင် Internship ဆင်းပြီး ဟိုမှာအခြေချ နေထိုင်သွားကြတာများတယ်။ အလုပ်နဲ့သွားတဲ့သူတွေကျတော့ သူက နှစ်ပြည့်လို့ အလုပ်ရှင်ကမကြိုက်ရင်သော် လည်းကောင်း၊ သူကိုယ်တိုင် က မလုပ်ချင်ရင်သော်လည်းကောင်း ပြန်လာကြတာများတယ်”ဟု ၎င်းက ဆိုပါသည်။     ယခုအခါ နိုင်ငံရပ်ခြားမှမြန်မာ ကျောင်းသားများအား […]


nyimalayJanuary 26, 20111min720
မိန်းကလေးတွေနဲ့ယောက်ျားလေးတွေမှာ မိန်းကလေးတွေက နေ့စဉ်ဘဝမှာ စိတ်ရှုပ်စရာ ပိုများမလားပဲ။ ဘာလို့လဲဆိုတော့ မိန်းကလေးအတော်များများက အရာအားလုံးကို စိတ်ထဲထည့် ခံစားတတ်ကြတယ်။ အတန်းဖော်ထဲကတစ်ယောက်ယောက်က သူ့အကြောင်းနဲ့သူ မျက်နှာမကြည်မလင် သုန်မှုန်နေရင်ပဲဖြစ်ဖြစ် ကိုယ့်ကိုများ စိတ်ဆိုးနေတာလားဆို တွေးတတ်ကြတယ်။ ကိုယ့်ကွယ်ရာမှာ ပြောကြတဲ့ အတင်းစကားတွေအတွက်လည်း ဖြေရှင်းချင်ကြတယ်။ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတွေက ကိုယ့်ကိုအထင်လွဲမှားမှာကို စိတ်ပူပန်စိုးရိမ်တတ်ကြတယ်။ နောက်ဆုံး ဘာမှစိတ်ပူပန်စိုးရိမ်စရာ မရှိဘူးဆိုရင်တောင် အပြင်သွားခါနီး မှန်ကြည့်ပြီး လှမှလှပါရဲ့လား၊ ကိုယ့်ချစ်သူက ကိုယ့်ကိုမလှလို့များ အခြားတစ်ယောက်ကို ချစ်သွားမလားလို့ စိတ်ပူစိုးရိမ်တတ်ကြတယ်။ ဒါကြောင့်လည်း မိန်းကလေးက သူ လှရဲ့လား၊ သူ့ကို ချစ်ရဲ့လားလို့ သူ့ချစ်သူကို ခဏ ခဏမေးတတ်တာ ထင်ပါတယ်။ ယောက်ျားလေး တွေဘက်ကကျတော့ ချစ်လို့ ချစ်ထားတာပဲ၊ ဘာလို့ ခဏခဏ မေးလို့ ခဏခဏ ဖြေနေရမလဲလို့ […]


nyimalayJanuary 26, 20111min943
*ရန်ကုန်၊ ဇန်နဝါရီ ၂၁ – *မြန်မာ့ဂျီအက်စ်အမ်ဖုန်းများကို တရုတ်နိုင်ငံအတွင်းတွင်လည်း ဆက်သွယ်ပြောဆိုနိုင်တော့မည်ဟု သိရသည်။ ယင်းကဲ့သို့ ဆက်သွယ်ပြောဆိုနိုင်ရန် အတွက် တရုတ်နိုင်ငံတွင် ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနေသည့် China Unicom ကုမ္ပဏီသည် နှစ်နိုင်ငံတွင် အသုံးပြုလျက် ရှိသော ဂျီအက်စ်အမ်ဖုန်းများကို မြန်မာနှင့် တရုတ်နိုင်ငံတို့တွင် အပြန်အလှန် သယ်ယူ ပြောဆိုခွင့် ရရှိနိုင်ရေး စာချုပ်တစ်ရပ်ကို ယုံနမ်ခရိုင် ကူမင်းမြို့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်သတင်းတစ်ရပ်အရ သိရသည်။ China Unicom ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနတို့က GSM နိုင်ငံတကာ လှည့်လည်သွားလာရေး ဝန်ဆောင်မှု International Rorming Service ကို အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သော […]


nyimalayJanuary 26, 20112min25723
ကောင်မလေးတစ်ယောက် (မ—-)  စင်္ကာပူမှာ ကျောင်းပီးလို ့အလုပ်ရှာနေတုန်းပါ.. ကောင်မလေးက သူ ့အမေနဲ့အတူနေပါတယ်…. အရွယ်ကလေးကလဲရလာပီဆိုတော့ ရည်းစားလေးထားကြည့်တာပေါ့…. တနေ ့ကောင်လေးက ကောင်မလေးကို သူနဲ့အတူနေဖို ့တောင်းဆိုပါတယ်…(ကောင်လေးကလဲ မြန်မာနိုင်ငံကပါပဲ..) ဟိုမှာ တွေ ့ရင်းကြိုက်သွားကြတာပေါ့…. ကောင်လေးကအဲ့လိုနေဖို ့တောင်းဆိုတော့ ကောင်မလေးကလဲ ဘာမှမဖြစ်လောက်ပါဘူးဆိုပီးတော့ လက်ခံလိုက်ပါတယ်… ပီးတော့ ကောင်လေးက ကောင်မလေးနဲ့အတူ နေစဉ်ဖြစ်ရပက်များ အားလုံး(အစအဆုံးကို)   video camera နဲ ့မှတ်တမ်းတင်ပီး အင်တာနက်ပေါ်ကို upload လုပ်လိုက်ပါတယ်… ကောင်မလေးက ဒီကိစ္စကိုလဲ သိရော ကောငလေးကို တာဝန်ယူဖြေရှင်ေးပးဖို ့ပြောပါတယ်…. (ကို်ယ်ဝန်ရှိသွားတယ်ဆိုရင်တောင် ဆရာဝန်တွေနဲ ံတိုင်ပင်ပီးတော့ ဖြေရှင်းလို့ရပါသေးတယ်.. ခုဟာက အင်တာနက်ဆိုတော့တော်တော့်ကိုမလွယ်တဲ့ ကိစ္စပါ.) ကောင်လေးက ဘာမှမဖြေရှင်းပေးဘဲ ခေါင်းရှောင်သွားပါတယ်…  တခြားနိုင်ငံကိုတောင် ထွက်ပြေးသွားပီလို ့သိထားပါတယ်.. […]


nyimalayJanuary 26, 20111min1143
If there are images in this attachment, they will not be displayed.  Download the original attachment 24.1.2011ယနေ့နံနက် ၈ နာရီ ၃ဝ မိနစ်ခန့် အချိန်က ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံတွင် ကားဘရိတ်ပေါက် အရှိန်လွန်ပြီး ယာဉ်တိုက်မှုများ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွါးခဲ့ရာ ခရီးသည် တစ်ဦး ပွဲချင်းပြီး သေဆုံးသွားပြီး လူဆယ်ဦးခန့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေဂုံတိုင်လမ်းဆုံမှာ တောင်ဆင်းနေရာ ဖြစ်နေသဖြင့် မကြာခဏ ဘရိတ်ပေါက်ပြီး ယာဉ်တိုင်မှုများ ဖြစ်ပွါးလေ့ ရှိသည့်နေရာဖြစ်ပြီး ပြည်တွင်းရှိ ယာဉ်များမှာလည်း သက်တမ်းလွန်ပြီး အိုးမင်း စုတ်ပြတ် နေသည့် […]


nyimalayJanuary 26, 20111min32429
အိမ်ထောင်ပြုမယ် စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့်အချက်က ကွာသုံးကွာ၊ > ပါသုံးပါ နှင့် ချာသုံးချာပဲ ဖြစ်ပါတယ်။ ဒီသုံးပါးကို မိန်းကလေးက ပဲဖြစ်ဖြစ် ၊ > ယောက်ျားလေးကပဲဖြစ်ဖြစ် မိမိနှင့်လက်တွဲမယ့်သူမှာ ပါလာရင်တော့ > ဝေးဝေးမှရှောင်ကြဉ်ရန် ပြဆ ိုထားပါတယ်။ > > ကွာသုံးကွာ > (၁) တိုင်းပြည်နှင့်လူမျိုးကွာလျှင် (၂) အယူဘာသာကွာလျှင် (၃) စိတ်ဓာတ်ချင်း > ကွာလျှင် ်တို့ပဲဖြစ်ပါတယ်။ > တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာမတူသူ ဘာသာခြားကိုယူမိရင်တော့ > ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုကို စွန့်ရပါလိမ့်မယ်။ ထို့အတူ ဘာသာတူ > လူမျိုးတူ ဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားလျှင်လည်း တစ်မိုးအောက်မှာ > ၂ယောက်အတူနေဖို့ […]


nyimalayJanuary 26, 20111min560
ရင်မခုန်နိူင်လို့ပါ…. တခါတုန်းက … ကောင်မလေးတစ်ယောက် အချစ်ဆိုတာ ဂရုစိုက်မှု၊ အလိုလိုက်မှု၊ သူ့မှသူဆိုပီး စွဲစွဲလမ်းလမ်းရှိမှ… ချစ်သူထားမယ်ဆိုပြီး စိတ်ကူးယဉ်ခဲ့လေရော…. တစ်မနက်… ကလင် ကလင်… ဖုန်းမြည်သံကြောင့်ကောင်မလေးလန့်နိူးသွားတယ်… ကောင်မလေး။ ဟဲလို… ကောင်လေး။ မြတ်နိုးသူလား… ကောင်မလေး။ မဟုတ်ပါဘူး…လူမှားနေပီထင်တယ် ခုပြောနေတာဘယ်သူပါလဲ… ကောင်လေး။ ဟုတ်လား…ခုပြောနေတာ မြတ်နိုးသူမဟုတ်ဘူးလား ကောင်မလေး။ မဟုတ်ရပါဘူး ကောင်လေး။ ဆောရီးနော် …မမ … ကျွန်တော်မှားခေါ်လိုက်ပီ…ကျွန်နော် …. ပါဆြိုပီး မိတ်ဆက်ရင်း… ကျွန်တော် တောင်းပန်ပါတယ် မမရယ် … ကောင်မလေး။ အော် ရပါတယ်… ကောင်လေး။ ကျေးဇူးတင်ပါတယ် မမ…။ ဆိုပီး ဖုန်းတကယ်မှားခေါ်ခဲ့တာလား…တော့မပြောတတ်ပေမဲ့…ခင်မြင်မှုတော့ အစပြုခဲ့ရှာတယ်…။ ဒီလိုနဲ့… ကောင်းမလေး လိုင်းပေါ်မှာ မတွေ့ရရင်ဖုန်းခေါ်ပြီး စောင့်နေတတ်တယ်… ကောင်မလေးနဲ့ စကားမပြောရရင် […]