panpanJuly 18, 20111min26021
ဆရာကြီးအောင်သင်း မြောက်ဥက္ကလာပ စာပေဟောပြောပွဲမှာ ပြောသွားတာလေးပါ ပုံပြင်လေးတစ်ပုဒ်ပေ့ါ ရွာတစ်ရွာမှာ အရူးမတစ်ယောက်ရှိသတဲ့ အဲဒီရွာက သူကြီးကအရူးမကိုဘာလုပ်လိုက်တယ်မသိ၊ အရူးမ ဗိုက်ကြီးပါလေရော.. ဒါနဲ့ သူကြီးတပည့်တွေက အရူးမကိုမေးသပေ့ါ၊ ဘယ်သူနဲ့ ရတာလဲလို့ အရူးမက သူကြီးနဲ့ရတာပါလို့ ဖြေတယ်၊ အရူးမကို ဝိုင်းရိုက်ကြတယ်တဲ့ နောက်တခေါက် ထပ်မေးပြန်ရောတဲ့၊ ဘယ်သူနဲ့ရတာလဲဆိုတော့ အရူးမက မဖြေဘူးတော်တဲ့၊ ဘာလို့မဖြေတာလဲ ပြန်မေးတော့…. တော်တို့ရွာက မှန်တာပြောရင် ရိုက်တယ်တော့ တဲ့…။ ကောင်းရော….။ ဘယ်သူတွေမှန်တာပြောပြီး ဘယ်သူတွေအရိုက်ခံထားရလဲမသိဘူး…။ 🙁 တခြားမှာမှန်တာပြောရင် အရိုက်ခံရမှာစိုးလို့ ကျွန်မကတော့ ဒီရွာ(MGရွာ)မှာပဲ ကိုယ်ပြောချင်တဲ့ မှန်တာလေးတွေပြောနေတာ…..။ ဘယ်ရွာက ဘာဖြစ်ဖြစ် ဒီရွာက မှန်တာပြောရင် မရိုက်ဘူး..။ သူကြီးကလည်း သဘောကောင်းတယ် (ဖားတာ) 😀 …။ ရွာကလူတွေကလည်း စိတ်ရင်းကောင်းတယ်…. (မြှောက်တာ) […]


panpanJuly 13, 20111min1368
အငြိမ်းစားဝန်ထမ်းတွေ ပင်စင်လစာတိုးပြီးပြီ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေလည်း လစာတိုးမယ်လို့တော့ကြားတယ် ဒါကလည်း အရင့်အရင်ကတည်းကလို ကြားကြားနေပြီး လစာမတိုးခင် ကုန်ဈေးနှုန်းတွေပဲတက်သွားမှာ ကြောက်နေရတယ် ကြားတာပြောရရင် လစာ ၁၀၀၀၀ဝ တစ်သိန်းအောက် ရသူတွေက လစာတိုးမယ်တဲ့ ၃၀၀၀ဝလောက်တိုးမယ်ကြားတယ် တစ်သိန်းနဲ့ အထက်ဆိုရင်တော့ မတိုးဘူးဆိုလားပဲ အဲလိုသာဆိုရင် လစာတစ်သိန်းအတိရတဲ့လူက ဒီတိုင်းကြီးဖြစ်နေပြီး ၉၀၀၀ဝသမားက ၁၂၀၀၀ဝဖြစ်သွားမှာပေ့ါနော်.. 😛 အတိအကျသိတဲ့လူတွေရှိရင်လည်း ပြောကြပါဦး…


panpanJuly 12, 20111min23814
ပြောရဦးမယ် လူတိုင်းက အကြွေကိစ္စတွေပဲပြောနေလို့ ၅၀၀ဝတန်လည်း ပြဿနာရှိတယ်ဆိုတာ ပြောရဦးမယ် ဟိုတလောက Victoria မှာဈေးသွားဝယ်တာ ကောင်တာမှာငွေရှင်းတော့ ၅၀၀ဝတန်ပေးလိုက်တာ အရမ်းနွမ်းနေတဲ့အရွက်လေးပေ့ါ အရမ်းနွမ်းတယ်ဆိုပေသည့် ၁၀ဝတန် ၂၀ဝတန်အနေနဲ့ဆိုရင် ခပ်လတ်လတ်အစားထဲ ပါပါတယ် ဒါပေမယ့် မယူဘူး၊ ပြန်လဲခိုင်းတယ်လေ ကျွန်မလည်းမေးတာပေ့ါ၊ ဘာလို့မယူတာလဲ၊ဒါလည်းပိုက်ဆံပဲဟာ၊ ပြဲစုတ်ရာလည်းပါတာမဟုတ်၊ တိတ်ကပ်ရာလည်း ပါတာမဟုတ် ဆိုတော့ ကောင်တာကဝန်ထမ်းက ပြန်ပြောတယ်၊ သူတို့သူဌေးက မယူဘူးတဲ့၊ သူတို့လည်း အရင်က အဲလို၅၀၀ဝတန်နွမ်းတာကို လက္ခံမိလို့ အိပ်ထဲကစိုက်ပေးလိုက်ရတယ်တဲ့၊ ၂ခါ၃ခါရှိပြီတဲ့၊ အဲဒါကြောင့်မယူတာတဲ့ ကောင်းပါလေရော…. အဲဒါနဲ့ ၅၀၀ဝတန်အသစ်ကျပ်ချွတ်တစ်ရွက်နဲ့ ပြန်လဲပေးလိုက်ရတယ် (၁၀၀ဝတန်ကုန်သွားလို့ 🙁 ) အိမ်ရောက်တော့ အဖေ့ကိုပြန်ပြောပြလိုက်တယ် အရမ်းနှမြောတယ်လို့၊ သုံးလို့မရရင် ဒုက္ခပဲလေ၊ ၅၀၀ဝကြီးများတောင် အဖေက သုံးလို့ရပါတယ်ပြောလို့ အိမ်နားကဖုန်းဆိုင်မှာ အဲ့ပိုက်ဆံနဲ့ Pre-paid […]


panpanJuly 5, 20111min1967
ဟုတ်တာပဲလုပ်လုပ်.မဟုတ်တာပဲလုပ်လုပ်ပေါ့ဗျာ..ဒီအောက်က သတိပေးစာလေးကိုတော့      လျစ်လျူရှုထားလို့မရတဲ့အတွက်ဖော်ပြပေးလိုက်ပါတယ်။အီးမေးလ်မှ ရောက်လာတာကို မြတ်လေးငုံဘလော့ဂ် (http://myatlayngon.blogspot.com/2010/12/blog-post_929.html)မှပြန်ဖော်ပြထားတာလဲဖြစ်ပါတယ်။ အင်တာနက်သုံးသူတို့အတွက် အထူး သတင်း on ♥ မြန်မာချစ်သူများ ♥မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ key-logger ဟုခေါ်သည့်ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ပြည်တွင်း ပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။ keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၎င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ […]


panpanJuly 1, 20111min30419
ဒူဘိုင်းနိုင်ငံက ကမ်းခြေတစ်ခုမှာ ရေကူးနေတဲ့ အမျိုးသမီးတစ်ယောက် ငမန်းအကိုက်ခံရတဲ့ပုံတွေပါ ဒီပိုစ့်တင်ဖို့ကြိုးစားနေတာ ကြာပြီ ခုမှရတော့တယ် ကိုယ်လုံးမှာ သွားရာကြီးတွေ ထင်းနေတာပဲ အရိုးတွေလည်းမြင်ရတယ် နောက်ဆုံးပုံမှာမြင်နေရတာ အသည်းကြီးလားမသိဘူး ကြောက်စရာကြီး   မျက်နှာပါထိထားတယ် လက်တစ်ဖက်ပြတ်နေတယ် ပုခုံးမှာ အရိုးတောင် မြင်နေရတယ် ဒီပုံကကြောက်စရာအကောင်းဆုံးပဲ


panpanJuly 1, 20111min48729
ဦးကြောင်ကြီး၏  mdyleaks တွင် “ရေးတဲ့မှတ်ချက်တိုင်းကို သဂျီးက အပိုပွိုင့် ၅၀၀၊ ဝင်ရောက်ဖတ်ရှုသူတိုင်းကို အပိုပွိုင့် ၁၀ဝစီ ပေးထားကြောင်း” ဦးကြောင်ကြီးကပြောပြတယ်။ အဲဒါမတွေ့ရင် သဂျီးထံ တင်ပြတောင်းခံနိုင်ပါတယ်ဆိုလို့..။ cube points မှာကြည့်တာ မတွေ့လို့ သဂျီးကို အကြောင်းကြားတာပါ။ (မဆူးကလည်းပြောပါတယ်၊ ပိုစ့်အသစ်ထောင်ပြီး ကြေညာပါတဲ့) nozomiကတော့ သူဘာမှလုပ်စရာတောင်မလိုဘဲ ပွိုင့်တိုးတယ်တဲ့ အဲဒါကျမလိုများ ဘာမှမထူးခြား၊ cube points မှာသွားကြည့်တော့လည်းမတွေ့ရသူများ ရှိပါသလား ရှိရင်ပြောကြပါလို့……. ဒီစာနဲ့ သဂျီးကိုရော၊ သဂျီး၏ ရွာသူရွာသားအပေါင်းကိုရော အကြောင်းကြားလိုက်ပါတယ်ရှင့်…. ဒူဝေဝေ…………………..    


panpanJune 28, 20111min65
အောက်ဆုံးကစာသားကို ကြိုက်လို့ အနက်ရောင်ထူထူလေးလုပ်လိုက်တယ်။ ဗိုလ်ချုပ်ပြောခဲ့တာတွေဟာ တိုတိုနဲ့ ထိရောက်လှတဲ့အပြင် အက%


panpanJune 23, 20111min63
ခုနပိုစ့်က တစ်ဝက်တစ်ပျက်ကြီး ဖြစ်နေလို့။ Editလည်းလုပ်လို့မရဘူး။ Tagတစ်ခုလည်း မှားပါသွားတယ်။ အဲဒါကြောင့် အခုပြန်တင်လိုက်တာ။ ခုနပိုစ့်ကို ဖျက်ပေးပါ သူကြီးရယ်။ မေးလ်ထဲရောက်လာတာလေး ပြန်မျှလိုက်တာပါ။ ကျန်းမာရေးက အရေးကြီးတယ်မလား။   သင်အလုပ်များနေလို့ သင်စားလိုက်တဲ့အစာဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးပေးတာလား၊ ဆိုးကျိုးပေးတာလားဆိုတာကို သတိထားကြည့်မိရဲ့လား၊ သင်ကလေးရနေလို့ သင့်ကလေးကို ကျွေးမွေးနေရတာနဲ့ပဲ အလုပ်ရှုပ်နေလို့ သင့်ကျန်းမာရေးအတွက် သင်ပြန်မကြည့်မိဘူးလား၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သင့်မီးဖိုချောင်ထဲက ပစ္စည်းတွေဟာ ဘယ်အစာက စွမ်းအင်ဖြစ်စေသလဲ၊ ဘယ်အစာက သင့်ရောဂါတွေကို တွန်းလှန်နိုင်သလဲ။ ဘယ်အစာက သင့်ကျန်းမာရေးအတွက် ကောင်းသလဲဆိုတာကို သိစေဖို့ အသက် ၂၀-အရွယ်၊ ၃၀-အရွယ်နဲ့ ၄၀-အထက် အရွယ်တွေအတွက် အစာရွေးချယ်စားတတ်ဖို့ လိုအပ်ချက်များကို ဖော်ပြလိုက်ပါတယ်။ အသက် ၂၀-အရွယ် ဒီအရွယ်ဟာ သင့်အတွက် ပထမဆုံး အလုပ်သစ်ဝင်ရမယ့် […]


panpanJune 23, 20111min82
မေးလ်ထဲရောက်လာတာလေး ပြန်မျှလိုက်တာပါ။ ကျန်းမာရေးက အရေးကြီးတယ်မလား။ အသက်အရွယ်အလိုက်လို့ရေးထားပေမယ့် အသက်၂ဝနဲ့ ၃ဝအတွက် အဓိကရေးထားတာပါ။ သင်အလုပ်များနေလို့ သင်စားလိုက်တဲ့အစာဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးပေးတာလား၊ ဆိုးကျိုးပေးတာလားဆိုတာကို သတိထားကြည့်မိရဲ့လား၊ သင်ကလေးရနေလို့ သင့်ကလေးကို ကျွေးမွေးနေရတာနဲ့ပဲ အလုပ်ရှုပ်နေလို့ သင့်ကျန်းမာရေးအတွက် သင်ပြန်မကြည့်မိဘူးလား၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သင့်မီးဖိုချောင်ထဲက ပစ္စည်းတွေဟာ ဘယ်အစာက စွမ်းအင်ဖြစ်စေသလဲ၊ ဘယ်အစာက သင့်ရောဂါတွေကို တွန်းလှန်နိုင်သလဲ။ ဘယ်အစာက သင့်ကျန်းမာရေးအတွက် ကောင်းသလဲဆိုတာကို သိစေဖို့ အသက် ၂၀-အရွယ်၊ ၃၀-အရွယ်နဲ့ ၄၀-အထက် အရွယ်တွေအတွက် အစာရွေးချယ်စားတတ်ဖို့ လိုအပ်ချက်များကို ဖော်ပြလိုက်ပါတယ်။ အသက် ၂၀-အရွယ် ဒီအရွယ်ဟာ သင့်အတွက် ပထမဆုံး အလုပ်သစ်ဝင်ရမယ့် အရွယ်ဖြစ်ပြီး သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံရနိုင်ပါတယ်။ ရည်းစားထားပြီး တချို့သူတွေလည်း အိမ်ထောင်ပြုကြကာ မိသားစုတခု စတင်တည်ထောင်ကြတဲ့အရွယ်လည်း […]


panpanDecember 22, 20101min72
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာသတင်းဌာနများ၏ “အမေရိကန်သမ္မတကတော်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက် စကားပြော” ဟူသော ရေးသား ထုတ်လွှင့်ချက်များကြောင့် အမေရိကန် သမ္မတကတော် မီရှဲလ် အိုဘားမား ဒေါသောင်းကျန်းသူ ထနေသည်။ သူသာလျှင် အိုဘားမား၏ တဦးတည်းသော ကတော် ဖြစ်သည်၊ အိုဘားမားတွင် ကတော်ဟောင်းများ မရှိ စသည့် အချက်များကို မြန်မာသတင်း ဖတ်ရှု နားဆင်သူ ပရိသတ်တို့ သဘောပေါက်စေရန် ဆန္ဒ ပြင်းပြနေသည်ဟု မြန်မာ့ မီဒီယာ တစ်ခု၏ အမှုဆောင်အရာရှိချုပ် တစ်ဦးက ပြောသည်။ “ဪ — ဟုတ်တယ်။ သူက အရမ်းကို ဒေါသဖြစ်နေတာ။ ကျမယောက်ျားက အိမ်ထောင် တဆက်ပဲ ရှိတယ် ဘာ ညာ သာရကာ နေကြာ ကွာစေ့ပေါ့ဗျာ၊ ကျနော်တို့ […]


panpanDecember 16, 20101min65
တစ်ချို့ကပြောတယ် ဇရာရဲ့ရိုက်ချက်တဲ့ …. ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်လေ သေချာတာကတော့ ကျနော့်မျက်စိ အားနည်းလာပြီဆိုတာပါပဲ။ ဒါနဲ့စကားမစပ် စာဖတ်နေတဲ့ ကိုကို မမ ညီ ညီမတို့ရော အမြင်ကြည်ကြရဲ့လား။ ကြည့်နေရင်းနဲ့ ဝါးချင်လာတာတွေများ ရှိနေပြီလား။ အကယ်၍ ရှိနေရင် အားမငယ်ကြပါနဲ့ စိတ်မပျက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အခုကျနော့်မှာ မျက်စိအားကောင်းစေမယ့် နည်းလမ်းကောင်းတွေ ရှိနေလို့ပါ။ မျက်မှန်တပ်ရတဲ့ သူတွေတောင် မျက်မှန်မတပ်ရတော့တဲ့ အထိ ပုံမှန်အတိုင်း ပြန်ကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ သက်တော်(၇၀)ကျော်မှ မျက်မှန် မတပ်ရတော့တဲ့ မန္တလေးမြို့က ကျမ်းပြု စာချအကျော် ဆရာတော် ဦးဝိဒါဘိဝံသ ရဲ့ကျင့်စဉ်နဲ့ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ပျောက်ကျင့်စဉ်ကို ပေါင်းစပ်ထားတ%E


panpanNovember 9, 20101min460
ရေစီးသံလား ရေကျသံလား သိတဲ့သူ သိတယ်။ ကိုယ်ချင်းစာခြင်း၊ မစာခြင်း သူများချင်းစာခြင်း၊ မစာခြင်း တကယ့်အရေးကျ ဒီစကားတွေ လုံးဝအသုံးမဝင်ဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ကိုယ့်အပြစ်ကိုယ်ခံ ဘယ်သူ့ဘယ်သူမှ အပြစ်တင်စရာမရှိ။ ဘယ်သူက ကယ်တင်မှာလဲ ဘယ်သူက ဆွဲခေါ်မှာလဲ ဘယ်သူ့ကိုယုံပြီး ဘယ်ဆူးပုံကို နင်းရဦးမလဲ။ နောက်ဆုံးတော့ ဖြစ်သမျှ အကောင်းချည်း။ (လိုအပ်ချက်တွေရှိနေပါလိမ့်မယ်။ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်တာပါ။)


panpanNovember 8, 20101min580
မနက် ၉းဝဝ နာရီ လောက် (သက်ဆိုင်ရာနယ်မြေအလိုက်) အရောက်သွားပြီး ဖောင်အရင်ယူဖိုံ့လိုပါတယ်း နောက်ကျရင် နောက်တနေ့ကူးသွားပါလိမ့်မယ် ။သွားယူရာတွင် ဓါတ်ပုံ ၃ ပုံ၊ မှတ်ပုံတင်မိတ္တူ ၂ စောင်၊ သန်းခေါင်စာရင်း မိတ္တူ ၁ စောင် နဲ့အတူ ၆ ကျပ်တန်တံဆိပ်ခေါင်း ကို တခါတည်းဝယ်သွားပါ ။ ဖောင်ဝယ်ပြီးရင် လိုတာတွေဖြည့်ပြီး အမြန် ထပ်ပါ ။ စာရင်းသွင်းပြီးတာနဲ့ ဘဏ်ကိုအမြန် ပြေးပါ ။ ကားမရှိရင် တက်စီ ဌားသွားပါ။(နို့မို့ရင် နောက်နေ့ကူးပါလိမ့်မယ်။) ဘဏ်မှာ ငွေ ၁၀၀ဝိ အပိုကုန်ပါလိမ့်မယ်။ ၅၀၀၀၀ဝိ သိန်း သွင်းပြီးတာနဲ့ ချက်ခြင်း ဖောင်ဝယ်တဲ့နေရာ ကို ပြေးပါ ။(ကားနဲ့ပြောတာနော်) အဒီမှာ လက်မှတ်ထိုးပြီးတာနဲ့ ဆက်သွယ်ရေးနဲ့ ချုပ်တဲ့စာချုပ်ရပြီ […]