Pye Kun ZawJuly 18, 20141min2057
ယနေ့ခေတ်လူတွေ အဓိကလက်ခံထားသော ဘာသာတရား၄မျိုးစလုံး မတူတာတွေရှိသလို တူတာတွေလည်းရှိပါတယ်။ အဲ့ဒီတူတာတွေနဲ့တင် ဘာသာအားလုံးအတူတကွ အေးအေးချမ်းချမ်နေထိုင်လို့ ရပါတယ်။ ဒီလိုတူညီတဲ့အချက်တွေအားလုံးဟာ ဘာသာတိုင်းရဲ့အခြေခံမရှိ မဖြစ်အချက်တွေထဲမှာပါပါတယ်။ ဗုဒ္ဓဘာသာမှာဆို ခါးဝတ်ပုဆိုးလိုအမြဲဆောင်ထားရမယ့် ငါးပါးသီလဟာ အခြားဘာသာတွေမှာလည်း အခြေခံတရားတွေဘဲဖြစ်ပါတယ်။ ဥပမာဘာသာတစ်ခုနှင့်တစ်ခု သူ့အသက်သတ်တာ(ပါဏာတိပါတာကံ)ကို လူ၊တိရိစ္ဆာန်၊အပင်စတာတွေပေါ်မှာ ယူဆပုံခြင်းကွဲပြားကြပေမယ့် အားလုံးတူတာလူ့အသတ်ကိုသတ်ရင် အပြစ်ရှိတာပါ။ အစွန်းရောက်တွေကိုတော့ ထည့်မတွက်ထားပါဘူး။ နောက်ခိုးမှု၊ကာမကျူးလွန်မှု စတဲ့မကောင်းမှုတွေအားလုံး ဘာသာအားလုံးက မလုပ်ဖို့တားမြစ်ထားပါတယ်။ ဘာသာတရားတွေကွဲပြားသွားတာက နိဗ္ဗာန်(ထာဝရချမ်းသာဘုံ)ကိုရောက်ဖို့ နည်းလမ်းတွေ နိဗ္ဗာန်ရဲ့ယူဆပုံတွေမတူကြတာပါ။ ဒါကနောက်ဘဝ(သေသည်၏အခြားမဲ့) အတွက်သာဖြစ်ပါတယ်။ ယခုဘဝအတွက်တော့ ဘာသာမတူတဲ့သူတွေဟာ မိမိဘာသာအခြေခံတရားတွေကို စောင့်ထိန်းရုံမျှနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လို့ရကိုရပါတယ်။ ဒီအခြေခံတရားတွေကို် မစောင့်ထိန်းနိုင်ရင် ဘာသာအသီးသီးရဲ့ နောက်ဆုံးပန်းတိုင် မိမိဘာသာကယူဆတဲ့နိဗ္ဗာန်ကိုဘယ်လိုနည်းနှင့်မှ မရောက်နိုင်ပါ။ မူလတန်းမအောင်တဲ့သူက ဘွဲ့ရဖို့မဖြစ်နိုင်သလိုပါ။ ဒါပေမယ့်အခုအခြေအနေမှာ ဘာသာမတူတာကိုဘဲ အပြစ်မြင်ပြီး တစ်ဘာသာနှင့်တစ်ဘာသာ ရန်ဖြစ်သတ်ဖြတ်ကြမယ်ဆို အခြေခံတရားတွေပါပျက်ယွင်းပြီး မိမိတို့ဘာသာအသီးသီးရဲ့ […]


Pye Kun ZawJuly 18, 20141min750
ယနေ့ခေတ်လူတွေ အဓိကလက်ခံထားသော ဘာသာတရား၄မျိုးစလုံး မတူတာတွေရှိသလို တူတာတွေလည်းရှိပါတယ်။ အဲ့ဒီတူတာတွေနဲ့တင် ဘာသာအားလုံးအတူတကွ အေးအေးချမ်းချမ်နေထိုင်လို့ ရပါတယ်။ ဒီလိုတူညီတဲ့အချက်တွေအားလုံးဟာ ဘာသာတိုင်းရဲ့အခြေခံမရှိ မဖြစ်အချက်တွေထဲမှာပါပါတယ်။ ဗုဒ္ဓဘာသာမှာဆို ခါးဝတ်ပုဆိုးလိုအမြဲဆောင်ထားရမယ့် ငါးပါးသီလဟာ အခြားဘာသာတွေမှာလည်း အခြေခံတရားတွေဘဲဖြစ်ပါတယ်။ ဥပမာဘာသာတစ်ခုနှင့်တစ်ခု သူ့အသက်သတ်တာ(ပါဏာတိပါတာကံ)ကို လူ၊တိရိစ္ဆာန်၊အပင်စတာတွေပေါ်မှာ ယူဆပုံခြင်းကွဲပြားကြပေမယ့် အားလုံးတူတာလူ့အသတ်ကိုသတ်ရင် အပြစ်ရှိတာပါ။ အစွန်းရောက်တွေကိုတော့ ထည့်မတွက်ထားပါဘူး။ နောက်ခိုးမှု၊ကာမကျူးလွန်မှု စတဲ့မကောင်းမှုတွေအားလုံး ဘာသာအားလုံးက မလုပ်ဖို့တားမြစ်ထားပါတယ်။ ဘာသာတရားတွေကွဲပြားသွားတာက နိဗ္ဗာန်(ထာဝရချမ်းသာဘုံ)ကိုရောက်ဖို့ နည်းလမ်းတွေ နိဗ္ဗာန်ရဲ့ယူဆပုံတွေမတူကြတာပါ။ ဒါကနောက်ဘဝ(သေသည်၏အခြားမဲ့) အတွက်သာဖြစ်ပါတယ်။ ယခုဘဝအတွက်တော့ ဘာသာမတူတဲ့သူတွေဟာ မိမိဘာသာအခြေခံတရားတွေကို စောင့်ထိန်းရုံမျှနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လို့ရကိုရပါတယ်။ ဒီအခြေခံတရားတွေကို် မစောင့်ထိန်းနိုင်ရင် ဘာသာအသီးသီးရဲ့ နောက်ဆုံးပန်းတိုင် မိမိဘာသာကယူဆတဲ့နိဗ္ဗာန်ကိုဘယ်လိုနည်းနှင့်မှ မရောက်နိုင်ပါ။ မူလတန်းမအောင်တဲ့သူက ဘွဲ့ရဖို့မဖြစ်နိုင်သလိုပါ။ ဒါပေမယ့်အခုအခြေအနေမှာ ဘာသာမတူတာကိုဘဲ အပြစ်မြင်ပြီး တစ်ဘာသာနှင့်တစ်ဘာသာ ရန်ဖြစ်သတ်ဖြတ်ကြမယ်ဆို အခြေခံတရားတွေပါပျက်ယွင်းပြီး မိမိတို့ဘာသာအသီးသီးရဲ့ […]


Pye Kun ZawSeptember 4, 20121min1327
တစ်ထွာတစ်မိုက် ဉာဏ်အမိုက်နှင့် အို.. လူမိုက်တို့ အကြိုက်လို်က်ကာ ဥဏ်မမှီရာကို ရှင်တော်မြတ်ဘုရား မဟောကြားဟု လွဲမှားမှတ်ယူ အို.. သူတို့ထင်ရာ ပေါက်ကရအမြင် ကမောက်ကမ တရားများကိုတော့ ရှင်တော်မြတ်ဘုရား ဟောကြားခဲ့သယောင် ငရဲဆောင်မည့် ထို တရားဆုပ်ကိုင် အမိုက်ပြိုင်ကြ လူအန္ဓတို့ သံသရာမမှောက်မှားဖို့ ဂရုဏာရှေ့ထား သူတော်ကောင်းတရား ဟောကြားညွှန်ပြ ဆိုဆုံးမလည်း ထို ဒိဋ္ဌိအစွဲ မြဲမြဲခန့်ခိုင် မပြတ်နိုင်သရွေ့ လွဲပေ့အုံးတော့ ရခဲလှစွာ ဗုဒ္ဓမြတ်စွာ သာသနာတော်မှ…  


Pye Kun ZawAugust 27, 20121min1756
နိုင်ငံတော်သမ္မတရုံးမှ (၂၇-၈-၂၀၁၂) ရက်စွဲဖြင့် အမိန့်အမှတ်(၂၂/၂၀၁၂) ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာ ဝန်ပေးအပ်ခြင်းကို ထုတ်ပြန်လိုက်ပါသည်။ ယင်းအမိန့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။ ဦးစိုးသိန်း           သမ္မတရုံး ၂။ ဦးအောင်မင်း     သမ္မတရုံး ၃။ ဦးလှထွန်း          သမ္မတရုံး ၄။ ဦးတင်နိုင်သိန်း  သမ္မတရုံး ၅။ ဦးအောင်ကြည်  ပြန်ကြားရေး ၆။ ဦးကျော်ဆန်း    သမဝါယမ ၇။ ဦးအုန်းမြင့်        မွေးမြူရေးနှင့်ရေလုပ်ငန်း ၈။ ဦးအေးမြင့်        စက်မှုလက်မှု ၉။ ဦးတင့်ဆန်း […]


Pye Kun ZawAugust 21, 20121min1667
မန်းဂေဇတ်ထဲမှာ လူချစ်လူခင်ပေါများလှပါတဲ့ အင်ဇာဂီ(ခေါ်)ဂီရဲ့နံမည်တူ ဘောလုံးသမားအကြောင်းတင်ပြချင်ပါတယ်။ အင်ဇာဂီလို့ဆိုရင် ဘောလုံးပွဲစိတ်ဝင်စားတဲ့သူတွေ သတိထားမိတာကတော့ အီတလီနှင့်အေစီမီလန်ကစားသမားဟောင်း ဖိလစ်ပိုအင်ဇာဂီဘဲဖြစ်ပါတယ်။ နောက်ထပ်ပိုပြီးအီတလီစီးရီးအေ အကြည့်များတဲ့သူတွေ အာရုံထဲမှာပေါ်လာမှာကတော့ ဖိလစ်ပိုရဲ့ညီ ဆိုင်မွန်အင်ဇာဂီဘဲဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ ဖိလစ်ပိုကတော့ပိုနံမည်ကြီး ခြေစွမ်းပြကစားနိုင်ခဲ့လို့ အေစီမီလန်ရဲ့ ဂန္တဝင်ကစားသမားတွေနီးပါး ကျော်ကြားခဲ့ပါတယ်။ သူ(ဖိလစ်ပို)ရဲ့ဘောလုံးသမားဘဝအစဟာ ပီယာစင်ဇာဆိုတဲ့ နံမည်သိပ်မကြီးတဲ့ အီတလီကလပ်အသင်းမှာစတင်ခဲ့ပါတယ်။ အဲဒီကနေ ပါးမား၊အတ္တလန်တာ၊ ဂျူဗင်တပ်အသင်းတွေဆီ လှည့်လည်ကစားခဲ့ပါတယ်။ ဂျူဗင်တပ်မှာ တော်တော်လေးအောင်မြင်ခဲ့ပြီး အေစီမီလန်အသင်းဆီကို အီတလီလီယာ ၇ဝဘီလီယံ နှင့်ရောင်းချခြင်းခံခဲ့ရပါတယ်။ ယူရိုငွေအားဖြင့်တွက်မယ်ဆိုရင် ယူရို၃၁သန်း ဂျူဗင်တပ်အမြတ်ထွက်ခဲ့ပါတယ်။ ဈေးအတော်ကြီးတဲ့ “ဂီ” ဖြစ်ပါတယ်။ ယခုလက်ရှိကစားသမားတွေအရောင်းအဝယ် ဈေးကွက်နှင့်ယှဉ်ရင်ဘာမှမဟုတ်တော့ပေမယ့် အဲဒီခေတ်(၂၀၀၁) ကအခြေအနေမှာတော့ ထိပ်တန်းရောက်ခဲ့ပါတယ်။ အေစီမီလန်ကိုပြောင်းရွှေ့အပြီး ၂၀၀၂ကမ္ဘာဖလားမှာ ဗိုလ်စွဲမယ့်လို့ထင်ကြေးပေးခံရတဲ့ အီတလီအသင်းမှာ ပါဝင်ခဲ့ပေမယ့် အိမ်ရှင်ကိုရီးယားကြောင့် စောစောစီးစီးထွက်ခွာခဲ့ရပြီး ၂၀၀၄ ယူရိုမှာလည်း ဒဏ်ရာကြောင့်လွဲခဲ့ရပါတယ်။ […]


Pye Kun ZawAugust 21, 20121min23215
ဘုရားဆင်းထုတော်ကိုးကွယ်မိလို့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်ကို ဆော်ဒီရဲများက ဖမ်းဆီးလိုက်ပါတယ်။ ပရီမာနက်ပရီရာလက် သွန်ဂါစရီ အမည်ရ သီရိလင်္ကာနိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော လူငယ်လေးသည် ဗုဒ္ဓဆင်းထုတော်ထားပြီး ကိုးကွယ်မိလို့ အဖမ်းခံလိုက်ရပါတယ်။ ဆော်ဒီနိုင်ငံမှာ ရှာရီယာ(မွတ်ဆလင်) ဥပဒေအရ ဆင်းထုတော်ပြုလုပ်ကိုးကွယ်ပါက ဖမ်းဆီးနိုင်ပါတယ်။ အာရပ်ကမ္ဘာက မွတ်ဆလင်နိုင်ငံတွေမှာ သူတို့ကိုးကွယ်ယုံကြည်မှုအရ ပြဌာန်းထားတဲ့ဥပဒေတွေကြောင့် ဖမ်းဆီးခံရမှုတွေအများကြီးရှိပါတယ်။ မကြာသေးခင်ကလည်း သီရိလင်္ကာအမျိုးသမီးတစ်ဦးဟာ ရှော့ပင်းမောလ်ထဲက ကလေးငယ်တစ်ဦးကို စိုက်ကြည့်မှုနှင့် အဖမ်းခံခဲ့ရပါတယ်။ သူမလက်မှာ အမဲရောင်ကြီးပတ်ထားတာကြောင့် စုန်းမလို့လည်းစွပ်စွဲခံခဲ့ရပါတယ်။ ဒါကြောင့် ရှာရီယာဥပဒေပြဌာန်းထားတဲ့ နိုင်ငံတွေမှာအလုပ်သွားလုပ်မယ်ဆိုရင် မသွားခင်သူတို့ဥပဒေတွေကို သေချာလေ့လာသင့်ပါတယ်။


Pye Kun ZawJuly 31, 20121min1729
လူတွေနှင့်ဆက်ဆံရတဲ့အခါမှာ လူအကဲခတ်ဖို့အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့တစ်တွေဟာ ဟိုးငယ်ငယ်ကလေးဘဝထဲကနေစပြီး သေဆုံးသည်အထိ မိတ်ဆွေအသစ်တွေ ဆွေမျိုးအသစ်တွေကို ကြုံဆုံကြရပါတယ်။ ပြီးတော့ကိုယ်ဘဝတစ်လျှောက်လုံးအတွက် ကြင်ဖော်ကိုလည်းရွေးချယ်ရပါတယ်။ ကိုယ်နှင့်မသိတဲ့ သူစိမ်းကနေပြီးတော့ သူငယ်ချင်းမိတ်ဆွေဖြစ်လာသလို ဘဝကြင်ဖော် ကိုယ့်အမျိုးကနေတစ်ဆင့်တော်ရတဲ့ ဆွေမျိုးအဖြစ်ရောက်လာကြရမှာ ထိုသူစိမ်းအပေါ် ကိုယ်ရဲ့အကဲဖြတ်မှုဟာ အလွန်အရေးပါပါတယ်။ ကလေးဘဝထဲကစပြီး ကိုယ်ပေါင်းမယ့်သူငယ်ချင်းကိုစရွေးချယ်ရပါတယ်။ နောက်ဘဝလက်တွဲဖော် ရွေးချယ်တော့လည်း မသိမသာရော သိသိသာသာရော ကိုယ်ရဲ့တစ်ဘက်သားအပေါ် အစပိုင်းမှာအကဲခတ်မှုဟာ လွန်စွာမှအရေးပါပါတယ်။ ဒါကြောင့်လူအကဲခတ်မှုမမှားစေဖို့ အရေးကြီးလှပါတယ်။ အလုပ်ခွင်ရောက်တော့လည်း လူအကဲခတ်ခြင်းကို မဖြစ်မနေသုံးရပါတယ်။ အလုပ်မဝင်ခင်မှာထဲက အလုပ်ရှင်(သို့)အထက်လူကြီးဘက်ကရော အလုပ်သမားဘက်ကပါ ကိုယ်နှင့်အဆင်ပြေမပြေ သုံးသပ်အကဲဖြတ်ကြပါတယ်။ ကျွန်တော်အထက်ကမန်နေဂျာကို အလုပ်ရှင်ကစခန့်ခဲ့စဉ်က သူစိတ်ထဲမှာဒီလူဟာ အသုံးဝင်မယ့်သူဖြစ်မယ်လို့ ခံစားအကဲဖြတ်မိလို့ ခန့်လိုက်တယ်လို့ဆိုပါတယ်။ စာရွက်ပေါ်က လတ်မှတ်တွေ အလုပ်အတွေ့အကြုံတွေအရဆိုရင် သူကိုအလုပ်ခန့်ဖို့ အခွင့်အလမ်းနည်းပါတယ်။ တစ်ခါတလေမှာ အကဲခတ်မှုမှန်တာတွေရှိသလို မှားတာတွေလည်းရှိပါတယ်။ အမှားနည်းအောင်အသေးစိတ်ကျကျ လေ့လာအကဲခတ်ဖို့လိုအပ်ပါတယ်။ ငယ်ငယ်ကပုံပြင်ဇတ်လမ်းလေးတစ်ပုဒ်ကို […]


Pye Kun ZawJuly 30, 20121min1929
အိုပျိုကညာ အချစ်ဆိုတာ သိလိုပါလျှင် ကျွန်ုပ်ရင်ခွင် ခိုဝင်လှည့်ပါ။   အိုပျိုကညာ မြတ်နိုးယုယ ကြင်နာသမှု အစဉ်ပြုမည် လေးနက်တည်ကြည် သစ္စာဆိုသည်။   အိုပျိုကညာ အပိုအလို အဆင်တန်ဆာ မာယာမပါ ဖြူစင်သန့်ရှင်း ရင်နှင့်နှင်းသော ချစ်ခြင်းအားဖြင့် တစ်ဘဝစာ ယုံလှည့်ပါတော့ အိုပျိုကညာ။


Pye Kun ZawJuly 29, 20121min1215
ယနေ့ခေတ်လေယာဉ်တွေအားလုံးမှာ ဆေးလိပ်သောက်ခွင့်ကို တားမြစ်ထားပါတယ်။ လေယာဉ်တစ်ခုလုံး ဘယ်နေရာမှသောက်ခွင့်မပြုပါဘူး။ ဒါပေမယ့် အိမ်သာထဲမှာတော့ ဆေးလိပ်ပြာခွက်တွေ တွေ့နေရပါတယ်။ ဟိုးအရင်တုံးက ဆေးလိပ်သောက်ခွင့်ပြုခဲ့စဉ်အခါက ထားခဲ့တဲ့ ဆေးလိပ်ပြာခွက်တွေကို မလွင့်ပြစ်မိဘဲ ဒီအတိုင်းကျန်နေခဲ့တာလား။ ဒါလည်းမဖြစ်နိုင်ပါဘူး။ ဆောင်းပါးတစ်ခုကရေးထားပါတယ်။ အကယ်၍များ ဆေးလိပ်ပြာခွက်တွေကို အိမ်သာထဲမှမထားဘဲ လေယာဉ်ထွက်ဖို့မဖြစ်နိုင်ပါဘူးတဲ့။ တော်တော်တော့ထူးဆန်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆေးလိပ်သောက်တာကိုဘယ်လောက်ဘဲ တားမြစ်ထားပေမယ့် ဆေးလိပ်စွဲနေသူတွေကတော့ ဘာဖြစ်ဖြစ်သောက်မှာပါဘဲ။ အထူးသဖြင့်ခရီးရှည်သွားရတဲ့ လေယာဉ်တွေပေါ်မှာ တနေ့ဆေးလိပ်တစ်ဗူးနှစ်ဗူး သောက်နေကျလူက မသောက်ဘဲဘယ်နေနိုင်ပါလိမ်မလဲ။ တကယ်လို့သာ ပြာခွက်တွေ ထားမပေးထားဘူးဆိုရင် ဆေးလိပ်အကြွင်းအကျန်တွေက ဖြစ်တဲ့အန္တရယ်ကိုလှလှကြီးခံရတော့မှာပါ။ ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်။ ၁၉၇၃မှာလူပေါင်း ၁၂၃ယောက်ကိုသေစေခဲ့တဲ့ လေယာဉ်ပျက်ကျမှုတစ်ခုရဲ့ တရားခံဟာ ဆေးလိပ်အကြွင်းအကျန်ကြောင့်ဖြစ်ပါတယ်။ ပြာခွက်မရှိတော့ ဒီအတိုင်းလွင့်ပစ်လိုက်ရင်း အန္တရယ်ဖြစ်စေခဲ့တာပါ။ ဥပဒေတွေဟာ လူကဖြစ်လာတာကြောင့် နောက်ဆုံးလူအများဆန္ဒကိုဘဲ လိုက်ခဲ့ရတာပေါ့။ သိသာသိစေမမြင်စေနှင့်ဆိုတဲ့သဘောပေါ့။


Pye Kun ZawJuly 11, 20121min1625
အပိုင်းတစ်မှာတင်ပြထားသလိုဘဲ မြင်၊ကြား၊နံ၊ရသာ၊အတွေ့အထိခံစားမှုတွေ ဖြစ်ပေါ်ဖို့အကြောင်းအချက်နှင့်ပြည့်စုံလာတဲ့အခါ အသိစိတ်ဖြစ်ပေါ်ပုံကိုဆက်လက်တင်ပြပါမယ်။ မြင်သိစိတ်ဖြစ်လာပုံမှာ အဆင်း(ရူပါရုံ)ကို မျက်စိကအကြည့်ဓါတ်(စက္ကုပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ မြင်သိစိတ်(စက္ကုဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။ ကြားသိစိတ်ဖြစ်လာပုံမှာ အသံ(သောတာရုံ)ကို နားကအကြည့်ဓါတ်(သောတပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ ကြားသိစိတ်(သောတဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။ နံသိစိတ်ဖြစ်လာပုံမှာ အနံ့(ဂန္ဓာရုံ)ကို နားကအကြည့်ဓါတ်(ဃာနပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ နံသိစိတ်(ဃာနဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။ အရသာသိစိတ်ဖြစ်လာပုံမှာ အရသာ(ရသာရုံ)ကို လျှာကအကြည်ဓါတ်(ဇိဝှါပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ အရသာသိစိတ်(ဇိဝှါဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။ အတွေ့အထိသိစိတ်ဖြစ်လာပုံမှာ အတွေ့အထိ(ဖောဌဗ္ဗါရုံ)ကို ခန္ဓာကိုယ်အနှံ့အပြားကအကြည်ဓါတ်(ကာယပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ အတွေ့အထိသိစိတ်(ကာယဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။   ဒီနေရာမှာ အဆင်းအသံအနံ့စတဲ့ အာရုံတွေနှင့် မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်ကအကြည်ဓါတ်တွေဟာ ရုပ်တွေဖြစ်ကြပြီး.. ဝိဉာဏ်စိတ်တွေက နာမ်ဖြစ်ကြပါတယ်။ ရုပ်နာမ်တွေဟာဖြစ်ပြီးပျက်ကြတာဓမ္မတာပါ။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေတွေ့နေကြားနေရတဲ့ အဆင်းအနံ့စတာတွေဟာ တစ်ဆက်တည်းလိုမျိုးခံစားရပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းမှာ ရုပ်တွေရဲ ့သက်တမ်းနှင့် နာမ်(စိတ်)တွေရဲ့သက်တမ်းမတူကြလို့ဖြစ်ပါတယ်။ အလွန်လျှင်မြန်ပြီးထပ်မံပိုင်းခြားမရတော့တဲ့ အလွန်တိုတောင်းသောကာလတစ်ခုကို အဘိဓမ္မာအခေါ် ခဏငယ်လို့ခေါ်ပါတယ်။ အဲဒီခဏငယ်သုံးကြိမ်ဟာ စိတ်တစ်ခုရဲ့သက်တမ်းနှင့်ညီပါတယ်။ ပထမခဏငယ်ကိုစိတ်စဖြစ်တဲ့ကာလ ဒုတိယခဏငယ်ကိုစိတ်ဖြစ်ဆဲကာလ တတိယခဏငယ်ကိုပျက်တဲ့ကာလဆိုပြီးတော့လည်းသတ်မှတ်နိုင်ပါတယ်။ အဲဒီစိတ်တစ်ခုရဲ့သက်တမ်းကို စိတ်တစ်ခဏတစ်ချက်လို့လည်းခေါ်ပါတယ်။ အဲဒီစိတ်တစ်ခဏပေါင်း ၁ရ ချက်ဟာ ရုပ်တစ်ခုရဲ့သက်တမ်းနှင့်ထပ်ပြီးညီပါတယ်။ ၁ရ ကို […]


Pye Kun ZawJuly 10, 20121min35717
မနာလိုဝန်တိုခြင်းတဲ့.. မနာလိုတာကတော့ကိုယ့်ထက်သာတဲ့သူအပေါ်မှာဖြစ်တာပါ.. ဝန်တိုတာကတော့ ကိုယ်ထက်နိုမ့်ကျတဲ့သူကို ကိုယ့်ဆီကပစ္စည်းဥစ္စာ ရာထူးနေရာလုပ်ပိုင်ခွင့် ခွဲမပေးလိုခြင်း တချိန်ကျကိုယ့်ထက်သာမှာကိုစိုးရိမ်တဲ့သဘောပါ။ က္ကသာ(မနာလိုခြင်း) မစ္ဆရိယ(ဝန်တိုကပ်စေးနည်းခြင်း) ဆိုပြီးတော့ ပါဠိအခေါ်ကို အရပ်ထဲမှာလည်းသုံးကြပါတယ်။ အဘိဓမ္မာသင်ပေးခဲ့တဲ့ဆရာက က္ကသာ မစ္ဆရိယအကြောင်းသင်တဲ့အချိန်မှာ အဲ့ဒီမကောင်းတဲ့စိတ်တွေဟာ မိမိနှင့်နီးစပ်တဲ့သူတွေမှာ အဖြစ်များကြောင်း ကန်စွန်းရွက်ရောင်းတဲ့သူက ကန်စွန်းရွက်သည်အချင်းချင်းမှာဘဲ ဒီစိတ်အဖြစ်များကြောင်း.. ကိုယ်နှင့်နီးကပ်တဲ့သူအမျိုးအဆွေ သူငယ်ချင်းမိတ်ဆွေတွေအပေါ်မှာဘဲ အဖြစ်များကြောင်း ကန်စွန်းရွက်သည်က ကုမ္ပဏီပိုင်ရှင်သူဌေးအပေါ်ဖြစ်ဖို့နည်းသလို သူစိမ်းတရံစာ တွေအပေါ်မှာလည်း မိတ်ဆွေအရင်းအချာနှင့်ယှဉ်ရင်ဖြစ်ဖို့နည်းပါတယ်။  တစ်ဦးနှင့်တစ်ဦး အမှီအခိုကျေးဇူးရှိကြသူအချင်းချင်း အဖြစ်များတာကြောင့်မဖြစ်သင့်မရှိသင့်တဲ့ မကောင်းသောစိတ်ဖြစ်ပါတယ်။ က္ကသာရဲ့ဆန့်ကျင်ဘက်ကောင်းတဲ့စိတ်ကတော့ မုဒိတာ(ကိုယ့်ထက်သာတဲ့သူအပေါ်ဝမ်းမြောက်စိတ်) ဖြစ်ပြီး.. မစ္ဆရိယရဲ့ဆန့်ကျင်ဘက်စိတ်ကောင်းကတော့ ဂရုဏာ(နိုမ့်ကျသူအပေါ်သနားညာတာစိတ်) ဖြစ်ပါတယ်။   ဒီနေရာမှာစာရေးဆရာမကြီး မိုးမိုး(အင်းလျား)ရဲ့ အိမ်နီးချင်းဆိုတဲ့ဝတ္တုတိုလေးတစ်ပုဒ်ကိုပြန်စဉ်းစာမိပါတယ်.. ချမ်းသာတဲ့မိသားစုတစ်စုနှင့် သာမန်မိသားစုတစ်စုအိမ်ချင်းကပ်ရပ်နေကြပါတယ်။ ချမ်းသာတဲ့မိသားစုဟာ အိမ်နီးချင်းမိသားစုအပေါ်မှာ အလွန်ဂရုဏာထားစောင့်ရှောက်ပါတယ်။ ငွေကြေးမပြေလည်ရင်ချေးငှား အိမ်မှာဟင်းကောင်းကောင်းချက်တဲ့နေ့ဆို ဟိုဘက်မိသားစုကကလေးတွေကိုခေါ်ကျွေးလုပ်ပါတယ်။ တီဗွီတွေစပေါ်စမှာ ချမ်းသာတဲ့မိသားစုဟာ ဦးဦးဖျားဖျားဝယ်ခဲ့ပါတယ်။ ဟိုဘက်မိသားစုကကလေးတွေဟာ အထူးအဆန်းတီဗွီကိုကြည့်ချင်တာကြောင့် သူတို့အိမ်မှာညနေဆိုအမြဲလာနေ မိုးချုပ်မှပြန်ကြပါတယ်။ ကလေးတွေအပေါ်မှာငြိုငြင်မှုမရှိဘဲ […]


Pye Kun ZawJuly 10, 20121min640
ငယ်ငယ်တုန်းကဖတ်ခဲ့တဲ့ ဝတ္တုလေးတစ်ပုဒ်ကို ပြန်လည်ဆန်းသစ်တင်ပြလိုပါတယ်။ ဆောင်းရာသီရောက်ဖို့နီးလာပါပြီ။ အရင်လိုအိပ်နေကျနေရာဖြစ်တဲ့ ပန်းခြံထဲကထိုင်ခုံပေါ်မှာ ဆက်အိပ်ဖို့အအေးဓါတ်ကခွင့်မပြုတော့ပါဘူး။ သူ့အတွက်နေရာရှာတဲ့အလုပ် လုပ်ရပါတော့မယ်။ ဒါကတော့လွယ်လွယ်လေးပါဘဲ။ ရဲတွေရှေ့မှာဖြတ်လျောက်ပြီး မသင်္ကာစရာလုပ်ပြလိုက်၊ ပြီးတော့အလုပ်အကိုင်မရှိ ၁၀၉၊၁၁ဝ ပုဒ်မနှင့်အဖမ်းခံလိုက်။ ဒါဆိုဒီဆောင်းအတွက် နွေးထွေးစွာအိပ်စက်ဖို့နေရာတစ်ခု ရလာပါတော့မယ်။ ဒီလိုနှင့်သူထောင်ထဲဝင်ဖို့လုပ်ငန်းစတင်လိုက်ပါတော့တယ်။ ဒါပေမယ့်လည်းအခုကျမှ ရဲတွေကလည်းသဘောကောင်းနေလိုက်တာ။ အရင်ဆိုသူတို့ကိုရှောင်လိုက်ရတာအမောဘဲ။ ဆောင်းကလည်းနီးလာပြီ၊ မဖြစ်သေးပါဘူး အသေးစာပြစ်မှုတစ်ခုလောက်တော့ လုပ်လိုက်မှတူတယ်။ ဒီလိုနှင့်ဘဲတစ်နေ့မှာတော့ သူအဖမ်းခံဖို့အပြစ်အသေးစားကျူးလွန်ရန် မြို့ထဲထွက်လာပါတော့တယ်။ ပထမဆုံး စူပါမားကတ်ကြီးတစ်ခုက မှန်ကိုခဲနှင့်ခွဲလိုက်ပါတယ်။ ပြီးတော့အနီးမှာရှိတဲ့ ရဲသားကိုသူလုပ်တာပါလို့ပြောလိုက်ပါတယ်။ ဒါပေမယ့်ရဲသားကမယုံပါဘူး။ ဘယ်လူဆိုးက သူလုပ်ပါတယ်လို့ဝင်ခံမှာလည်း ဆိုတဲ့အတွေးနှင့် ဘစ်စကားမမှီမှာစိုးလို့ အပြေးသွားနေတဲ့သူနောက်ကို လိုက်ဖမ်းဖို့ထွက်သွားပါတယ်။ ပထမအစီအစဉ်မအောင်မြင်ခဲ့ပါဘူး။ နောက်အစီအစဉ်တစ်ခုအနေနှင့် သူဗိုက်ဆာလာတာနှင့်အတူ စဉ်းစားမိတာကတော့ ဈေးသိပ်မကြီးတဲ့စားသောက်ဆိုင်တစ်ခုကိုဝင်ပြီး စားချင်တာတွေမှာကာ ပိုက်ဆံရှင်းတော့မှ မပါဘူးရဲတိုင်ချင်တိုင်ဆိုပြီးလုပ်လိုက်ရင် အစားလည်းစားရအစီအစဉ်လည်းအောင်မြင်မယ်ပေါ့။ ဒါပေမယ့်အခုပုံစံနှင့် အပေါစားဆိုင်ကတောင်သူ့ကိုလက်ခံမှာမဟုတ်ဘူး။ အာ.. သတိရပြီ.. မနှစ်ကတုန်းက အဘွားကြီးတစ်ယောက်က သူချမ်းရင်ဝတ်ဖို့ ကုတ်အဟောင်းတစ်ထည်လက်ဆောင်ပေးဘူးတယ်။ အဲဒါသွားယူပြီးလုပ်ငန်းစလိုက်မယ်။ ဒီလိုနှင့်သူ ဆိုင်ထဲဝင်လို့ရခဲ့ပါပြီ။ စားသောက်ဆိုင်မှာမစားတာကြာခဲ့ပြီဖြစ်လို့ […]


Pye Kun ZawApril 23, 20121min900
စိတ်တွေဘယ်လိုဖြစ်ပျက်တယ် ဆိုတာနှင့်ပတ်သတ်ပြီး အဘိဓမ္မာသင်ခဲ့စဉ်အခါက သိခဲ့ရပါတယ်။ သုတမယ, စိန္တာမယ, ဘာဝနာမယ ဆိုတဲ့အသိသုံးမျိုးမှ သုတမယသာဖြစ်ခဲ့ပေမယ့် အင်မတန်အကျိုးရှိလှပါတယ်။ သင်ခဲ့တဲ့အဘိဓမ္မာဆရာကြီး ဆရာဟန်က ဝီထိလို့ခေါ်တဲ့(စိတ်ဖြစ်စဉ်အစဉ်အတန်း) အကြောင်းမသင်ခင်မှာ ဆရာတော်ကြီးတွေအဘိဓမ္မာဆရာတွေ နိုင်ငံခြားသားတွေကို အဘိဓမ္မာဟောပြောပြီဆိုရင် ဝီထိအပိုင်းကိုဦးစားပေး ဟောပြောကြပြီး သူတို့ကလည်း အလွန်စိတ်ဝင်စားကြပါတယ်။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းအတွက်လည်း သိထားသင့်တဲ့အကြောင်းအရာလို့ထင်မိပါတယ်… ဆရာကြီးမင်းတင်မွန်ရဲ့ အဘိဓမ္မာပို့ချချက်ကို ကိုးကားပြီးတင်ပြပေးသွားမှာပါ.. ကျွန်တော်တိုု့မှာ ဖြစ်နေတဲ့အာရုံတွေကို ပိုင်းခြားကြည့်ပါက ခြောက်ပါးတွေ့ရမှာဖြစ်ပါတယ် အမြင်အာရုံ အကြားအာရုံ အနံ့အာရုံ အရသာအာရုံ အတွေ့အထိအာရုံ စိတ်ကူးမှာပေါ်လာတဲ့အာရုံ တို့ဖြစ်ကြပါတယ်.. အဲ့ဒီအာရုံတွေကို ကျွန်တော်တို့သိဖို့အတွက် ဘာလိုအပ်သလဲ အမြင်ကိုသိဖို့.. ၁။ မျက်စိကောင်းရပါမယ် (အဲဒီမှာမျက်စိအတွင်းထဲက အကြည်ဓါတ် သိပ္ပံအခေါ် မျက်ကြည်လွာကိုပြောပါတယ်) ၂။ အမြင်အာရုံဆိုတဲ့ မြင်နိုင်တဲ့အဆင်းရှိရပါမယ် ၃။ လုံလောက်တဲ့အလင်းရှိရပါမယ် ၄။ နှလုံးသွင်းဆင်ခြင်မှုရှိရပါမယ် လို့ဆိုထားပါတယ်.. […]