စဆရ ႀကီးMay 27, 20111min40417
တွေ့ဆုံပွဲလေးဖြစ်မြောက်ရေးအတွက် ရက်အတိအကျသတ်မှတ်ခိုင်းသော်လည်း အားရကျေနပ်စရာ အဖြေတစ်ခုကိုမရပါ.. အပျော်သဘောအနေနှင့်သာ ဝိုင်းဝန်းရေးသားကြသည်ကို တွေ့ရှိရပါသည်။ ကိစ္စမရှိပါ။ ကျွန်တော်သည် လွယ်လွယ်နှင့်လက်လျှော့တတ်သော လူစားမဟုတ်ပါ။ တစ်ချို့များ ဘာမဆိုင်၊ ညာမဆိုင် ဟိုလူတွေကို ကြောက်နေကြသည်။ ဟိုလူများကို ကြောက်ရန်မရှိပါ။ ကျွန်တော့်အမြင်သက်သက်ဖြင့်ပြောရမည်ဆိုလျင် နိုင်ငံတော် ပုန်ကန်မှုဟု စွဲချက်တင် မခံရနိုင်သည့်အချိန်ထိ နိုင်ငံတိုးတက်ရာတိုးတက်ကြောင်း၊ ပြည်သူပြည်သားများ အကျိုးများရာ၊ များကြောင်းကို မည်သူ့ကိုမျှ ပုတ်ခတ်ခြင်းမရှိဘဲ အပြုသဘောဆောင်ရေးသားနေသမျှ နိုင်ငံရေးပုဒ်မဖြင့် ငြိမည်မထင်ပါ။ စာရေးသူ၊ စာဖတ်သူသက်သက်သာ တွေ့ဆုံလိုရင်း ဖြစ်ပါ၏။ ပင်တိုင်ဆောင်းပါးရှင်များပါ တွေ့ဆုံရလျှင် မည်မျှကောင်းလိမ့်မည်နည်း။ ကျွန်တော်တို့တွေ မွေးဖွားလာကြကတည်းက သွေးသားခွဲခြားမှုတွေအရ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ သျှမ်း ဟု ခွဲခြားသတ်မှတ်ခြင်းခံခဲ့ရသော်လည်း မြန်မာပြည် ကို်လိုနီလက်အောက်မှ လွတ်မြောက်ခဲ့ကြသည်မှာ […]


စဆရ ႀကီးMay 25, 20111min37727
Mandalay Gazette မှ စာဖတ်သူ၊ စာရေးသူများ အားလုံးပဲခင်ဗျာ.. ရန်ကုန်မှာလဲရှိနေမယ်၊ အချိန်လဲ အနည်းငယ်ပေးနိုင်ကြမယ်ဆိုရင် အားလုံးနဲ့ တွေ့ဆုံပွဲလေးကို ယခုလာမယ့် ဇွန်လအတွင်းမှာ ပြုလုပ်ချင်ပါတယ်.. ကျွန်တော်တစ်ယောက်တည်း သတ်မှတ်တဲ့အချိန်၊ နေရာတွေမှာ တွေ့ဆုံဖို့ ခက်ခဲမယ်ဆိုတာသိလို့ အားလုံးပဲဝိုင်းဝန်းပြီး ဆွေးနွေးညှိနှိုင်းကြစေချင်ပါတယ်.. သူကြီးလဲ လေယာဉ်လက်မှတ်အကုန်ခံပြီးလာနိုင်မယ်ဆို ကျွန်တော်ကလဲ သူကြီးရဲ့ လိုင်းကားခလောက်တော့ အကုန်ခံနိုင်ကြောင်း၊ မန္တလေးသူ/သားတွေကိုလဲ အင်းလျားကန်ဘောင်တစ်လျှောက် စုံလင်နှံ့စပ်အောင် လိုက်ပြမယ့်အကြောင်း မြှုူဆွယ်အပ်ပါသည်။ ဘာပဲဖြစ်ဖြစ် သူ့အမြင် ကိုယ့်အမြင်လေးတွေကို ဓါးတစ်ပြက်၊ တုတ်(ဒုတ်)တစ်ပြက် ငြိမ်းငြိမ်းချမ်းချမ်း အသေအကြေ ဆွေးနွေးညှိနှိုင်းလိုရင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။ တွေ့ဆုံပွဲလေး ဖြစ်မြောက်နိုင်မည်ဟု မျှော်လင့်လျက်… ရှူူံးနိမ့်မှုများနဲ့.. လူ (ခေတ္တလူ့ပြည်)


စဆရ ႀကီးMay 22, 20111min19312
ကျွန်တော်သည် မြန်မာပြည်တွင် မွေးသော မြန်မာနိုင်ငံသားဖြစ်သည်။ မြန်မာ့ရေ၊ မြေနှင့် နီးစပ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှုကိုလဲ ထဲထဲဝင်ဝင်မသိစေကာမူ လက်တွေ့ဆန်သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အတော်လေးရင်းနှီးခဲ့ဖူးပါသည်။ ချစ်ခင်နှစ်သက်ကြစရာကောင်းသလို တစ်လွဲအယူမှားနေသည့် ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကိုလည်း ကျွန်တော့်၏မျက်လုံးမှ ကိုးလိုးကန့်လန့်၊ ဇောက်ထိုးအကြည့်ဖြင့် မြင်ဖူးသည်။ ဒီလိုလေးလုပ်လိုက်ရင် မကောင်းဘူးလားဟု ပြောကြည့်သည့်အခါ လမ်းဟောင်းပေါ်တွင် လျှောက်နေကြသောသူများက မြက်ရိုင်းတောမြေကို ခုတ်ထွင်ရှင်းလင်းနေသည့်ကျွန်တော့်အား သနားစဖွယ်အကြည့်ဖြင့်တစ်မျိုး၊ ခပ်ကြောင်ကြောင်လူသားတစ်ယောက်အဖြစ် တစ်ဖုံ၊ ကြည့်နည်းပညာရပ်ပေါင်းစုံဖြင့် ကြည့်ကြလေတော့သည်။ သေချာသည်မှာတော့ ဘယ်သူကမှ အထင်ကြီးလေးစားသည့်အကြည့်ဖြင့် မကြည့်ကြပေ။ ပြသနာမရှိပါ၊ ကျွန်တော်သည်ကား လူ့ဂွစာသာ ဖြစ်တော့သည်။ ပြောလိုသည့် အရာများစွာရှိသည့်အထဲကမှ မြန်မာပြည်တွင် အမြစ်တွယ်နေသည့် အလှူပြုလုပ်ပုံကို ယခုကဲ့သို့ မြင်မိသည်။ ကျွန်တော်ငယ်စဉ်ကာလက ဖြစ်မည်ထင်ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် အလှူအတန်း အကြီးအကျယ်ပြုကြသူများ ယနေ့ထက် […]


စဆရ ႀကီးMay 21, 20111min1539
ယနေ့ခေတ် လူငယ်တော်တော်များများ၊ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားအတွက် အဓိကကျသော လူငယ်၊ လူရွယ် တော်တော်များများသည် နိုင်ငံရပ်ခြားတိုင်းပြည်များတွင် အလွှာပေါင်းစုံ အလုပ်သမားများအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ ထို့အတွက်ကြောင့် တိုင်းပြည်တွင် အင်အားအတော်လေး ချိနဲ့နေသည်ဟု ဆိုရမည်ဖြစ်သည်။ မိမိနိုင်ငံကို တိုးတက်စေရန်အတွက် လူငယ်များကသာ စွမ်းဆောင်နိုင်သည်မဟုတ်ပါလား။ တစ်နည်းပြန်ကြည့်လျင်မူ မိမိနိုင်ငံတွင် ရနိုင်ခဲသော လုပ်ငန်းအတွေ့အကြုံများကို နိုင်ငံခြားတိုင်းပြည်များတွင် ရှာဖွေရယူနေကြသည်ဟုလည်း ဆိုနိုင်သည်။ ယခုအချိန်တွင် နိုင်ငံတော်တော်များများတွင် ကြုံတွေ့နေရသည့် ဦးဏှောက်ယိုစီးမှုကို ကျွန်တော်တို့နိုင်ငံသည်လည်း ခံနေရသည်သာ မလွဲဧကန်ဖြစ်သည်။ ဒီနေရာတွင် တရုတ်ပြည်ကို ယခုအခြေအနေရောက်အောင် ထူထောင်ခဲ့ပုံ၊ စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရေးသားသည့် စင်္ကာပူအကြောင်းစာအုပ်မှ မြန်မာပြည်တွင် ပြုလုပ်သင့်သည့်၊ လေ့လာအတုယူသင့်သည့် အချက်ကို ပြေးမြင်မိသည်။ ထိုနိုင်ငံ့ခေါင်းဆောင်များ ၎င်းတို့တိုင်းပြည်ကို လက်ဝယ်ရရှိစဉ်က ဘာဆိုဘာမှ မရှိသည့်အနေအထားဖြစ်သည်။ သို့သော် တိုင်းပြည်တွင် တိုးတက်အောင်စွမ်းဆောင်နိုင်မည့် […]


စဆရ ႀကီးMay 17, 20111min783
ကဗျာတွေ ရှင်သန်ခြင်းမရှိတဲ့ ဒီနေရာမှာ ငါ့ဖာသာငါ ကဗျာဥယျာဉ်လေး လမ်းဟောင်းက တိုးထွက်ကြည့်တာပေါ့။ ခံစားသူမဲ့၊ ရေးသားသူမရှိတဲ့ ဟောဒီကဗျာတွေကို မြေစမ်း ခရမ်းပျိုးတယ်လို့ ဆိုချင်ဆို လမ်းသစ်ကိုထွင် လျှောက်ကြရမှာက ငါတို့ မျိုးဆက်သစ်တွေမလား? သုတတင်မက ရသပါပေးနိုင်မှ စိတ်အာဟာရ စားလို့မြိန်မယ့် စာပေထမင်းဝိုင်းကောင်း ဖြစ်ရော့မယ် လာကြလော့၊ ရေးကြလော့ အိုဘယ့်စာရှူသူများ ကိုယ့်အမြင် ကိုယ့်အထင် ရဲရဲတောက် အမြှီးအမောက် မတည့်လျင်နေစေတော့ ဆန်းသစ်သော ခေါင်းစဉ်များ တက်ကြွသော အတွေးများဖြင့် ဝိုင်းကာဝန်း ရေးလို့သာ အားဖြည့်ကြရင်ဖြင့် ငါဆိုတဲ့အရှူံးသမား နေ့တိုင်းစောင့်ဖတ်ရကျိုး အတော်လေး နပ်တန်ကောင်း၏။


စဆရ ႀကီးMay 17, 20111min590
ခပ်တင်းတင်း ရင်ထဲချစ်ခြင်းရှိသမျှကို မညှာတမ်း ထုတ်ကာပြတော့မယ် မင်း.. ခံနိုင်ရည်မှ ရှိပါလေစ အိုဘယ့် ငါ့ချစ်သူ။ တိမ်တိုက်တွေကို မော့ကြည့်ရင်း ထင်းထင်းကြီး ထွန်းလင်းနေတဲ့ ကောင်းကင်က “လ”တစ်စင်းကို ငါတစ်ယောက်တည်းမော့ကြည့်ရင်း မင်းဆီကိုပို့လွှတ်ခဲ့တဲ့ စကားတွေလဲ ခုလောက်ဆို အတောင်ညောင်းလို့ မင်းနားရောက်နေရော့ပေါ့ သိပ်တော့မထူးဆန်းပါဘူး ချစ်သူနှစ်ဦးဆုံတွေ့ခြင်းမှာတော့ မာနတွေ မရှိသင့်ဘူးမလား နှာခေါင်းနှစ်ပေါက်နဲ့ အသက်ရှူနေခြင်းတူနေမှတော့ ငါ့လိုလူတစ်ယောက်ကို မင်း… ပြုံးပြနေသင့်တယ်ထင်ရဲ့ လွမ်းမောခြင်းတွေတော့ ပါပါစေပေါ့။ ဆုံမှတ်လို့ပဲဆိုဆို၊ ကောင်းကင်ထဲစီးဆင်းနေတဲ့ မြစ်တစ်စင်းပဲပြောကြပါစေ ငါကတော့ မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ပြချင်နေမိတယ် လက်ခုပ်တီးမယ့်သူမရှိတဲ့ တစ်ကိုယ်တော် အရည်အချင်းပြပွဲမှာ ရင်ခုန်သံတွေနဲ့ မင်းကို ကပြအသုံးတော်ခံတော့မယ် ရဲရဲသာ ရင်ဖွင့်တော့။ ။ (စိုင်းကွမ်းခေး) ၁၈-၅-၂၀၁၁


စဆရ ႀကီးMay 16, 20111min791
(အစဦးနေ့ရက်များ) ကားသမားမှ လိုက်လံပို့ဆောင်နေရာချပေးသည့် ခန့်ညားထယ်ဝါလှသော ၃ ထပ်အဆောင်ကြီး မြေညီထပ်ရှိ ပေ ၂၀×၁၅ ပေခန့်အကျယ်၊ ပန်ကာ ၂ လုံးတပ်အခန်းလွတ်ကြီးတွင် ၂ ထပ်ခုတင်များကို ချထားလေသည်။ ထိုအိပ်ယာများကိုပင် မည်သူမျှ တိုင်ပင်ထားခြင်းမရှိပါဘဲ မိမိနှစ်သက်ရာ နေရာကို အလုအယက် ခရီးဆောင်အိတ်များတင်ပြီး နေရာလုကြသည်။ ကျွန်တော့်အတွက်မှာမူကား ဘယ်သူမှ မလိုချင်သော အတွင်းထောင့်အကျဆုံးနေရာ၊ အပေါ်ခုတင်တစ်နေရာစာ ချန်ထားကြပါ၏။ အကြောင်းရင်းမှာ အခန်းတွင်းသို့ တစ်ခြားသူများ ဝင်ရောက်သွားကြသော်လည်း ကျွန်တော့်၏ ပင်ကိုယ်ဗီဇ ဆရာကြီးလုပ်တတ်သော ဉာဏ်ကြောင့် ကားပေါ်မှ အထုပ်အပိုးများကို နေရာချပေးနေခြင်းကြောင့်ဖြစ်သည်။ ထိုမျှပင် ဆရာလုပ်ချင်သောကျွန်တော်ဖြစ်သောကြောင့် ထိုကဲ့သို့သော အကောင်းဆုံးတစ်နေရာကို ချန်ထားပေးခြင်းခံရလေသည်။ အစဦးနေ့ရက်များကား ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ၊ စိတ်ကူးယဉ်သူဌေးများဘဝကို တွေးတောမိနေခြင်းကြောင့်လည်းကောင်း၊ မိမိတို့မှာ မြန်မာနိုင်ငံတွင်နာမည်ကြီးလှသော ဆင့်ကာပူရခေါ် စလုံးသို့ ရောက်ရှိနေပြီဖြစ်ခြင်းကြောင့်လည်းကောင်း […]


စဆရ ႀကီးMay 14, 20111min1318
တစ်ချို့တွေကဆိုင် ပိုင်ဖို့တော့ မတတ်နိုင်ကြဘူး တစ်ချို့တွေကတော့ ပိုင် ဆိုင်ချင်တာ မရနိုင်ကြဘူး ပေးသလောက် ပြန်မရတာ ဒီအချစ်။ မာနတွေ၊ ပကာသနတွေခဝါချ လူဆိုတာအတိုင်းသားကြည့်မယ်ဆို ဒွါရပေါင်းစုံက အရိအရွဲပေါင်းစုံ စီးကျနေတာလား။ ငါ့မှာပြောစရာ မိဘရှိသလို မင်းမှာ ပြစရာ မိဘရှိမှာပဲ ယောကျာ်းနဲ့မိန်းမ သွေးသားတောင်းဆိုမှုကြောင့်ပဲဆိုဆို လူအချင်းချင်း ပေါင်းဖက်ကြတာကို ခပ်ပါးပါးဝတ်ရုံခြုံ၊ လှတတ ကင်ပွန်းတပ်တာက “အချစ်”ဆိုတဲ့ ငမိုက်သား။ တဏှာတွေကဲတယ်ပဲဆိုဆို စိတ်ထဲမှာ ကြိတ်ကြံတာက အသင်မိန်းမသား။ ဒါကိုပဲ လမ်းရိုးလိုက်လို့ ရှေးစကား ပြောကာပြမယ် “ချစ်တယ်” အို မိန်းမသား။ ။


စဆရ ႀကီးMay 11, 20111min234
ခုတစ်လော မျက်စိထဲမှာ အတော်လေး ကိုးလိုးကန့်လန့် ဖြစ်နေတဲ့ Post တွေ မကြာခဏ တက်တက်လာတာတွေ့နေရတယ်.. ကိုယ့်စိတ်ထဲရှိတာကို လွတ်လပ်စွာ ဖော်ထုတ်တာတော့ ကြိုက်ပါရဲ့.. ခုတော့ အဲလိုမဟုတ်ပါဘဲ ဒီဆိုက်လေးက လူဖတ်များတယ်ဟ၊ ဖွလိုက်ဦးမဟလို့ ရေးသားနေတဲ့သူတစ်ယောက်ကို By name မပြောလိုဘူး၊ ဘာလို့လဲဆိုတော့ အကြောင်းအရာတူ၊ အမျိုးအစားတူနေတာကို သတင်းဖြစ်စဉ်အနေနဲ့ တင်နေတာ သတင်းမဟုတ်ဘဲ အတင်းဖြစ်ဖြစ်လာတယ်။ ဒီဆိုက်ထဲမှာ ကျွန်တော်သတိထားမိသလောက်ဆို အလွှာပေါင်းစုံက လူတွေရှိတယ်၊ မျိုးချစ်မြန်မာတွေလဲရှိတယ်၊ ဆရာဝန်တွေလဲရှိတယ်၊ အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေ၊ ဘုန်းကြီးတွေ၊ အလုပ်သမားတွေ.. အို တော်တော်လေးကို စုံလင်ပါပေတယ်။ ဒါပေမယ့် မှန်တာကိုပြောဖို့၊ ပြောသင့်ပြောထိုက်တာတွေကို ပြောဖို့ လူတွေက တွန့်ဆုတ်နေသလိုလိုပါပဲ။ ကျွန်တော်ဆိုလိုချင်တာက မြန်မာလူမျိုးစစ်စစ်တွေကိုသာ ဆိုလိုရင်းဖြစ်ပါတယ်၊ ဘယ်နိုင်ငံမှာပဲနေနေ၊ ဘာတွေကိုပဲလုပ်လုပ်၊ မြန်မာမိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ […]


စဆရ ႀကီးMay 9, 20111min26115
ကျွန်တော့်ရဲ့ Biography အပြည့်အစုံလေးပါ။ by စိုင်း ကွမ်းခေး on Friday, May 28, 2010 at 7:16am ကျွန်တော့်ကို အဖေ ဗိုလ်ကြီး??၊ အမေ ???? တို့က မန္တလေးမြို့၊ မျက်ပါးရပ်က ခလရ(–)(ခုတော့ စုဆောင်းရေး(၂))မှာ ၁၉၈? ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ စနေနေ့မနက် (၄း၃၀)မှာ မွေးခဲ့တာပါ။ ၁၉၈ရ ခုနှစ်မှာတော့ တမခ(–)၊ ပြည် (ခုတော့ ဒကစ(–) )ပြောင်းပြီး မူကြိုတက်ခဲ့တယ်။ ၁၉၉ဝ ခုနှစ်မှာတော့ ခလရ(–) ရွှေပြည်သာကိုပြောင်းပြီး အ.မ.က(-)ရွှေပြည်သာမှာ သူငယ်တန်းကနေ (၄)တန်းအောင်တဲ့အထိ ကျောင်းတက်ခဲ့တယ်။ ၁၉၉၄ ခုနှစ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းက စိုင်းထီးဆိုင်၊ စိုင်းဘိုဘိုတို့ရဲ့ ဇာတိ လင်းခေး(ရှမ်းလိုတော့ လန်းခေး) ခမရ(—)ကိုပြောင်းခဲ့ပါတယ်။ အ.ထ.က(လင်းခေး)မှာ […]


စဆရ ႀကီးMay 5, 20111min804
အများကြီးမချမ်းသာတဲ့လူတစ်ယောက်ကို သူ့မှာရှိတာလေးတစ်ခုကိုတော့ ချမ်းသာပေးသင့်တယ်ထင်ပါတယ်.. ပြည့်နေတဲ့အိုးကိုတော့ လူတွေက ဖြည့်ဆည်းပေးချင်ကြတယ်.. မပြည့်တဲ့အိုးကျတော့ ဘောင်ဘင်ခတ်တယ်လေး ဘာလေးနဲ့ ကဲ့ရဲ့ချင်ကြတယ်.. တော်တော်လဲတရားတဲ့လူတွေ.. မပြည့်လို့သာ ဘောင်ဘင်ခတ်နေရတာပေါ့၊ ပြည့်အောင်သာ ဖြည့်ပေးကြည့်ပါလား.. ဘယ်လိုလုပ် ဘောင်ဘင်ခတ်တော့မှာလဲ?? (၅-၄-၂၀၁၁) အချစ်ဆိုတာကို ငယ်ရွယ်သူတွေက ကိုးကွယ်ကြတယ်.. သူတို့မှာ ခံစားတတ်တာ နှလုံးသားပဲရှိတယ်.. ဦးဏှောက်မရှိဘူး ကြီးရင့်သူတွေက အချစ်ကို မခံစားတတ်ကြဘူး.. သူတို့မှာ ဦးဏှောက်ပဲရှိတယ်.. နှလုံးသားမရှိဘူး (၆-၄-၂၀၁၁) ချစ်ခြင်းနှင့် ရိုးသားခြင်းကို ချိန်ထိုးကြည့်လိုက်သောအခါ တစ်ဖက်ကိုမျှ အလေးမသာဘဲ ချိန်ခွင်လျှာကြီးမှာသာ ဘယ်ဘက်လိုက်ရမလဲမသိ အလယ်ကောင်မှာ ထီးထီးကြီး ဗျာများနေရှာလေတော့၏။ ။ (၁၆-၄-၂၀၁၁) ကိုယ့်ရင်ခွင်မှာ ရှိမနေနိုင်တဲ့ချစ်သူကို သူများရင်ခွင်မှာ ရှိမနေပါစေနဲ့လို့ ခပ်တိုးတိုး မဝန့်မရဲ ရေရွတ်မိပါရဲ့။ ။ (၁၂-၄-၂၀၁၁) ၂၀၁၁ ခုနှစ်၊ […]


စဆရ ႀကီးMay 5, 20111min1536
လွန်ခဲ့သော နှစ်၂ဝ ခန့်က မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြား၊ တိုင်းတစ်ပါးတွင် အလုပ် လုပ်ကိုင်ရန်သွားရောက်ကြပြီးနောက် ကျန်ရစ်သောမိသားစုဝင်များအား တစ်ဦးတစ်ယောက်၏ကောင်းမှုကြောင့် ရှိရင်းစွဲအခြေအနေမှ ပိုမိုမြင့်မားသောဘဝကို မြှင့်တင်ပေးနိုင်စွမ်းရှိခြင်းကြောင့်လည်းကောင်း၊ ရွှေရောင်စေတီပုထိုးများ ပေါများရာ Golden Land ဟု အမည်သမုတ် ခေါ်ဝေါ်ခြင်းခံရသော နိုင်ငံသားများဖြစ်ခြင်းကြောင့် ရေ/မြေခြားအရပ်တွင် မိမိလူမျိုးအချင်းချင်း ညွှန်းဆိုခေါ်ဝေါ်ကြသည်မှာ “ရွှေ”ဟု ဖြစ်သည်။ နိုင်ငံခြားပြန်ဆိုသူများမှာ ဆင်းရဲသားဝါဒီ အနုပညာရှင်များကြားတွင် လူဆိုးကြီးတစ်ဦးပမာ မကောင်းတာ အကုန်လုပ်ခွင့်ရနေသော ငွေကြေးချမ်းသာကြွယ်ဝသူများအဖြစ်နှင့်သော်လည်းကောင်း၊ ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်ပေါင်းစုံကိုင်ကာ ရလိမ့်နိုးနိုးထင်သောအလုပ်များကို အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများတွင် လိုက်လံရှာဖွေနေသူများအတွက် မဟာ့ မဟာ သူရဲကောင်းကြီးများအဖြစ်လည်းကောင်း၊ မိမိတို့၏ သမီးများအား နောင်ရေးစိတ်အေးချင်သဖြင့် အားကိုးစရာ သမက်လောင်းရှာဖွေကြသော မိဘများစိတ်ကူးတွင် နံပါတ်(၁)နေရာ ပေးခြင်းခံရသူများအဖြစ်နှင့် အတော်လေးပင် ကျော်ကြားခဲ့ကြဖူးသည်။ ယနေ့အချိန်တွင်မူ…..? (၁) ကျွန်တော် နိုင်ငံခြားတွင် […]