Mr. MarGaSeptember 12, 20171min3226
တစ်နှစ် တစ်နှစ်ဟာ ဘာမှ မကြာလိုက်သလိုနဲ့ အသက်တစ်နှစ် ထပ်ကြီးလာပြန်ပေါ့… အိုင်တီခေတ်ကြီးထဲမှာ အိုင်တီသမားလုပ်ဖို့ ရွေးမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ထိုင် မေတ္တာပို့ရမလား မသိ… တစ်နေ့တစ်နေ့ နည်းပညာနောက်ကို မျက်ခြေမပြတ်အောင် ပြေးလိုက်နေရတာ ပင်ပန်းလာမိတယ်။ အပြောင်းအလဲမြန်လှတဲ့ ခေတ်ကြီးထဲ နေထိုင်မှုပုံစံပါ တဖြည်းဖြည်း လိုက်ပြောင်းလာတာတော့ သတိထားမိရဲ့ ရုံးနဲ့အိမ်၊ အိမ်နဲ့ရုံးကြား လွန်းပြန်ထိုးရင်း ရုံးတက်ချိန်တွေ စောလာသလောက် အိမ်ပြန်ချိန်တွေ ပို ညဉ့်နက်လာခဲ့ ပိတ်ရက်တွေမှာတော့ တစ်ပတ်စာ အိမ်အလုပ်တွေနဲ့ နပန်းလုံးရင်း လူဟာလည်း တဖြည်းဖြည်း အိမ်တွင်းပုန်း သတ္တဝါ ဖြစ်မှန်းမသိ ဖြစ်လာရဲ့ အားလပ်ချိန်တွေမှာ အပြင်လောကနဲ့ ဆက်နွှယ်ထားတဲ့ ပုံရိပ်ယောင်ဘဝထဲမှာပဲ အချိန်အများစု ကုန်ဆုံးရင်း ကျန်တဲ့အချိန်တွေမှာ စာအုပ်နဲ့ ရုပ်ရှင်တွေပဲ ကိုယ့်အနားမှာ ထားမိနေရဲ့ ဒါတွေအကုန်လုံးဟာ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ […]


Mr. MarGaFebruary 25, 20171min29110
သက်ရောက်မှု တိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ် ဆိုတဲ့ နယူတန်ရဲ့ နိယာမ ဟာ အချစ်မှာ ကျရှုံးခဲ့သူတွေအဖို့ အပြစ်တင်စရာချည်း ဖြစ်လို့နေတယ်။ နယူတန်သာ အသက်ရှင်နေတုန်း ဆိုရင် တုန့်ပြန် ဖြေရှင်းခွင့် မရှိဘဲ တဖက်သတ် အပြစ်တင်ခံခဲ့ရတာကို ဘယ်လောက်များ မချိတင်ကဲ ဖြစ်လိမ့်မယ် မသိ တကယ်တမ်း ပြန်တွေးကြည့်ရင် နယူတန် မမှားခဲ့ပါဘူး သက်ရောက်မှုတိုင်း တန်ပြန်သက်ရောက်မှု ရှိပေမယ့် သိသာတဲ့ ပမာဏ မဟုတ်ခဲ့ရင် တန်ပြန်သက်ရောက်မှုဟာ ဘယ်လိုလုပ် မြင်သာတော့မလဲလေ…. အချစ် ဆိုတာကလည်း ပေးသလောက် ပြန်ရတဲ့ အရာမှ မဟုတ်ခဲ့တာ….   မစ္စတာ မာဃ


Mr. MarGaFebruary 23, 20171min2236
မြောက်ပြန်လေ တစ်ခန်းရပ် တောင်လေရူး တစ်လှည့်ဝင် မြင်လေရာ ရော်ရွက်ဝါနဲ့ ရွက်ဟောင်းကြွေ ရွက်သစ်နှော ရာသီတွေ ရွေ့လျောခဲ့ပေါ့… ဥဩက အကြိုထောက် အချမ်းကလည်း မပျောက်သေး ညဆောင်း မနက်နွေ စိတ်တွေလည်း လေလို့ကောင်း စာသင်ကျောင်းတို့ လက်စသိမ်းတဲ့အချိန်…. ပြက္ခဒိန်က ဆောင်းလို့ညွှန်း ဥဩက နွေကိုကြို သူတို့ရဲ့ တိုက်ပွဲကြား မြောက်ပြန်လေခမျာ နှုတ်ဆက်ချိန်တောင် မရလိုက်ရှာဘူး… ဪ.. ကွန်ကရစ်မြို့တော်ရဲ့ လမ်းတွေကြား နိစ္စဓူဝ ပြေးလွှားနေရင်း ခဏလေး အပြေးရပ် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတော့ မြင်ကွင်းမှာ အလွမ်းတွေ တပုံတပင် စာဖွဲ့လို့ပင် မကုန်နိုင်ပါလား…   (အသစ်မထွက်နိုင်သေးလို့ ဖွဘုတ်က ကဗျာ ပြန်လာသိမ်းပါသည်   :k:  :k: :k: )

time_to_change-1580056_1441903274152-600x200.jpg

Mr. MarGaSeptember 11, 20151min30814
  စက်တင်ဘာကို ပြန်ရောက်လာပြန်ပြီ… ဘာလိုလိုနဲ့ အသက်လည်း တစ်နှစ် ကြီးခဲ့ပြန်ပြီ… တစ်နှစ် ဆိုတဲ့ အချိန်ကာလအတွင်းမှာ ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေက မြန်လိုက်တာ… ထင်ထားတာထက် အပြောင်းအလဲတွေ ပိုများခဲ့တယ်…..   သည် တစ်နှစ် ဟာ ကြုံခဲ့သမျှ နှစ်တွေထဲ အပြောင်းအလဲ အများဆုံး နှစ်တစ်နှစ်ပဲ… သည်နှစ်အတွင်း အပြောင်းအလဲ တချို့ကို ပြန်တွေးကြည့်မိတော့… – လက်ရှိအလုပ် အပါအဝင် အလုပ် သုံးနေရာ ပြောင်းခဲ့တယ်…. – ပတိရူပ ဒေသဝါသောစ ဆိုတဲ့ တရားကို အကြောင်းပြပြီး တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ စကားပုံကိုပါ အမှုတွဲထဲ ထည့်လို့ မွေးရပ်မြေကနေ ရန်ကုန်ကိုရောက်လာရဲ့…. (တကယ်က လာချင်တာကို အကြောင်းပြချက် တမင်ရှာထားတာ) – ၂၀၁၄ […]


Mr. MarGaApril 20, 20151min81331
ဒီနှစ်သင်္ကြန် မောင်မာဃ အလွန်ခြေငြိမ်နေပါသည်။ နှစ်နှစ်ဆက်တိုက် မလည်ဖြစ်သည့်အရှိန်နှင့် သင်္ကြန်အကြို ကြားရ၊ဖတ်ရသည့် သတင်းများ ပေါင်းကာ လေးရက်စလုံး အိမ်တွင်းပုန်းဖြစ်သွား၏။ (မဆိုင်ဘူးထင်လျှင်လည်း မတတ်နိုင်) . သို့သော်ငြား… တစ်နေကုန်နီးပါး လွှင့်နေသော သင်္ကြန်ပုံရိပ်များ၊ အချိန်ပြည့် လိုင်းပေါ်ရောက်နေသဖြင့် မြင်နေရသော သင်္ကြန်အပျော်များ၊ “ဆောင်းမဲ့ကျွန်း” အွန်လိုင်းမဏ္ဍပ်တွင် သုံးရက်ဆက် ကဲမိသော အကျိုးဆက်များ စုပေါင်းလာချိန်တွင်မတော့… ကိုယ်တွင်းမှ ငုပ်လုလု သင်္ကြန်ပိုး ပြန်ထလာလေသောကြောင့်… အတက်နေ့ ညပိုင်းတွင် စီးတော်ယာဉ်ကိုထုတ်ကာ မန်းမြို့တစ်ခွင်မှ သင်္ကြန်မြင်ကွင်းများကို ပတ်ကြည့်ဖို့ ထွက်တော်မူ နန်းက ခွာခဲ့ပေတော့သည်….။ ရေပက်ချိန် ပြီးသွားပြီမို့ သုံးဆယ့်ငါးလမ်းတစ်လျှောက်မှာ တိတ်ဆိတ်နေချေ၏။ မောင်းလာရင်း ၈၄လမ်းအရောက် ဘယ်ဘက်ကိုကွေ့လိုက်တော့ တီးသံမှုတ်သံတချို့က ခပ်သဲ့သဲ့ ပျံ့လွင် ့လာသည်။ ရှေ့ နှစ်ပြခန့်အကွာမှာ မဏ္ဍပ်တစ်ခုက မီးတွေထိန်လို့…………. :i: […]


Mr. MarGaFebruary 28, 20151min79036
ဒီစာအုပ်နာမည်ကို မကြားခင် စာရေးဆရာ ပါစကယ်ခူးသွယ် ကို အရင်သိခဲ့တယ်။ လိုင်းပေါ်မှာ ညီတစ်ယောက် သူနဲ့အတူတွဲရိုက်ပြီး တင်ထားတာကိုမြင်ပြီး တိုင်းရင်းသားစာရေးဆရာတစ်ယောက်အဖြစ် သတိထားမိတာ။ နောက်မှ သူ့စာအုပ် အိုဘယ့် အစိမ်းတို့မြေက လက်ထဲရောက်လာတာ။ မူရင်းစာအုပ်က အင်္ဂလိပ်လိုရေးထားပြီး ၂၀၀၂ ခုနှစ်အတွက် တောင်အာရှ အကောင်းဆုံးစာပေဆုရခဲ့ပါတယ်။ ဒီစာအုပ်ကို ဆရာသင့်လူက ဘာသာပြန်ထားတာပါ။ စာအုပ်မှာ အပိုင်းသုံးပိုင်းပါပါတယ်။ ပထမပိုင်းက မျိုးနွယ်စုကဗျာ တဲ့ ဒီအပိုင်းမှာ ကျနော်တို့ နည်းနည်းပဲသိတဲ့ ပဒေါင်လူမျိုးစုအကြောင်းတွေ၊ သူတို့ရိုးရာဓလေ့တွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ နေ့စဉ်လူမှုဘဝအကြောင်းတွေကို သူ့ရဲ့ ပထမအရွယ် အတွေ့အကြုံတွေနဲ့ ပေါင်းပြီး ရေးထားတယ်။ ကျနော်ကတော့ ဒီအပိုင်းကိုဖတ်ရင်း Alex Haley ရဲ့ Roots စာအုပ်ထဲက အာဖရိကန်ကျေးရွာတွေကိုပါ သတိရနေမိတယ်။   ဒုတိယပိုင်းကတော့ ဖိရင်ကြွ၊ […]


Mr. MarGaFebruary 26, 20153min33543
ဒီနေ့ ထုံးစံအတိုင်း လိုင်းပေါ်မှာ ဟိုမွှေဒီမွှေလုပ်ရင်း စကားလုံးလေး (၂)လုံးကို သွားတွေ့တယ် By choice နဲ့ By chance တဲ့ ဖတ်ရင်းနဲ့ ရောလာတာမို့ နည်းနည်း ပိုပြီး ရေရေရာရာသိချင်တာနဲ့ ဟိုဂျီးဒေါ်ကို သွားမေးလိုက်တယ် (ပုံမှန်ဆို ကိုယ်တိုင်ရှာနေကျပေမယ့် နည်းနည်း အပျင်းဓာတ်ဝင်နေလို့)   သူ့ကိုမေးမှ သူပါ လည်ထွက်သွားသလားမသိပါဘူးဗျာ ရှင်းရင်း ရှုပ်နေရော အဲ့လိုပြောနေရင်း ဘယ်နားက ရှာလာတယ်မသိ စာလေးတစ်ပုဒ် ပို့လာတယ်။ (အဲဒီစာကိုဖတ်လိုက်တာ အစက သိချင်နေတဲ့ကိစ္စလေးတောင် မေ့တေ့တေ့ဖြစ်သွားတဲ့အထိ)     ဆိုတော့ အဲဒီစာလေးဖတ်ပြီး ပြန်ချပြချင်စိတ်ပေါက်လာတာမို့ မတောက်တခေါက် ဘာသာပြန်စွမ်းရည်နဲ့ ပေါင်းပြီး ဘာသာပြန်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ (အင်္ဂလိပ်လိုက ပိုလှတယ်၊ ကျနော် ဘာသာပြန်လိုက်တာ တချို့နေရာတွေ ကပေါက်ကချော်ဖြစ်နေတယ်) […]


Mr. MarGaDecember 9, 20141min28831
နှလုံးသားတစ်ခု အရင်းပြု အချစ်ကစားပွဲကို ဝင်ကြမယ် မထိတထိ ဆော့မလား ကြေးကြီးပေး ရင်ခုန်မလား Heartbreaker လုပ်မလား Healer အဖြစ် နေမလား ကြိုက်တဲ့နေရာမှာ ကစားပေါ့ နှလုံးသားချင်း လောင်းကြေးထပ် ခပ်စပ်စပ် ဖြစ်အောင် အသည်းခွဲတမ်း ဆော့ချင်သလား နှလုံးသားကိုပဲ တစ်စစီခွဲ ဘယ်သူ ပို ကွဲနိုင်သလဲ ယှဉ်ကြမလား ခပ်မာမာ နေတတ်သူအတွက် နှလုံးသားကို အပြင်ထုတ် ဘော်လီဘောလို ပုတ်ကစားလို့ ဘယ်လောက်မာလဲ စမ်းကြမလား အသည်းပေါက်မတတ် ချစ်သူတွေအတွက် ဖောက်စက်ခုံတွေလည်း အသင့်ရှိရဲ့ ခြွင်းချက်အနေနဲ့ နှလုံးသားနုနု ထိ ရုံနဲ့တင် သွေးခြည်ဥနိုင်ရင်တော့ အသာလေး ဘေးရှောင် ခပ်ဝေးဝေးကိုသာပြေး နှလုံးသားလေး တစ်စစီဆွေးသွားနိုင်လို့ ကစားပွဲရဲ့ အနိုင်အရှုံး နှလုံးသားနဲ့ပဲ ဆုံးဖြတ်တာမို့ ရှုံးသူရဲ့ နှလုံးသား […]


Mr. MarGaNovember 28, 20147min38054
တဖြည်းဖြည်း ပတ်ဝန်းကျင်နဲ့ ပို ထိတွေ့လာတာနဲ့ အမျှ တဖြည်းဖြည်း ပို ပို သိလာတာနဲ့အမျှ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ကျနော်တို့ ပိုတွေ့လာရတတ်တယ်ဗျ။ တချို့ကတော့ ခပ်စပ်စပ် တချို့ကျတော့ ခါးသက်သက် တချို့ကတော့ ချိမြိန်ရဲ့ တချို့ တချို့တွေ ကျပြန်တော့ ရသခြောက်ပါးစလုံး ရောမွှေထားသလို အဲ့လို အဲ့လိုပေါ့ဗျာ။ အဲဒီ အမှန်တရားတွေထဲကမှ သိလိုက်ရတဲ့အချိန်မှာ လက်မခံနိုင်ဘဲ စိတ်ဓာတ်ကျလောက်တဲ့အထိ ဖြစ်တတ်တဲ့ အမှန်တရားတွေလည်း ရှိသေးသဗျ။ ကျနော်ကတော့ အဲ့လို အမှန်တရားတွေကို hard truth လို့ နာမည်တပ်ပေးချင်ပါတယ်။  8)  8) ——————————- လွန်ခဲ့တဲ့ နှစ်လလောက်က ပေါ့ဗျာ အလုပ်ကိစ္စတွေရော၊ လူမှုရေးကိစ္စတွေရော အဆင်မပြေဖြစ်ခဲ့ပါရဲ့ ခံရခက်ခက်နဲ့ အမှန်တရား အတော်များများကို အဲ့ကာလမှာ လက်ခံခဲ့ရတယ်။  […]


Mr. MarGaOctober 20, 20141min30322
  အို အဆွေ လာလော့….. ရှုလော့ ကျွန်ုပ်တို့ရဲ့ မင်းမဲ့တိုင်းပြည် အုပ်စိုးသူ မရှိ မင်းမှုထမ်း မပါ လာဘ်စားတာ မရှိ ဖော်လံဖား နတ္ထိ မင်းလိုလိုက်စရာလည်းမလို မင်းကြိုက်ဆောင်ဖို့ ဝေလာဝေး ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းလို့ လူတန်းစားမခွဲတဲ့ မင်းမဲ့တိုင်းပြည် အာဏာရှင် စနစ်လည်းမဟုတ် ဆိုရှယ်လစ်လည်း မပါ ကွန်မြူနစ်လည်း ဘေးကိုချ ကိုယ့်ဘဝမှာ ကိုယ်သာ သက်ဦးဆံပိုင် ဒီတိုင်းပြည်မှာ ဥပဒေမရှိဘူး သူ့စည်း ကိုယ့်စည်း လူ့စည်း ဘီလူးစည်း အသီးသီးခွဲထားကြရဲ့ ဟီရိဩတပ္ပကိုသာ ငါတို့ကိုင်စွဲထား သီလ ငါးပါးဟာ ငါတို့ရဲ့ လူမှုဆက်ဆံရေး လေးပါးသော ဗြဟ္မစိုရ် ငါတို့ ဗဟိုပေါ့ ရွယ်တူချင်း ရိုင်းပင်း ငယ်သူဆို အားပေး ကြီးသူဆို အလေးထားလို့ ငါတို့ကြား […]


Mr. MarGaSeptember 14, 20141min27723
  ကျနော်တို့ ရွာသား ကိုသော်ဇင်အပါအဝင် လွိုင်ကော်က စာရေးဆရာငါးဦးရဲ့ ဝတ္ထုတိုစုစည်းမှုစာအုပ်ပါဗျ ကိုသော်ဇင့်ရဲ့ ပထမဆုံး စာအုပ်ဆိုလည်း မှားမယ်မထင်ပါဘူး သူကိုယ်တိုင်လဲ ဒီစာအုပ်မိတ်ဆက်ပွဲလေးကို အတော်အားခဲထားပါတယ် မန်း ဂဇက် ကို အခြေပြုပြီး လှမ်းခဲ့တဲ့ခြေတစ်လှမ်းမို့ မန်းဂဇက် ရွာသူား အားလုံးကို ဒီ ပွဲလေးဆီ ဖိတ်ချင်ပါသတဲ့ ဗျာ သို့ပေမင့် လောလောဆယ်မှာ ရွာထဲကို ပို့စ်တင်ပြီး   ကြေညာမောင်းခေတ်ဖို့ အခက်အခဲရှိနေတာမို့ ကျနော်က သူ့ကိုယ်စား လာဖိတ်ပေးတာပါ ဒါကြောင့်မို့   စက်တင်ဘာ တစ်ဆယ့်ကိုးရက်သောကြာနေ ့နေ့လည်ပိုင်းမှာ ဗိုလ်အောင်ကျော်(အောက်လမ်း) ထဲကHome Media မှာ   ကျနော်တို့ ရွာသူားတွေ ကိုသော်ဇင်ရဲ့ စာအုပ်မိတ်ဆက်ပွဲလေးကို မုဒိတာအပြည့်နဲ့ ကြွရောက်အားပေး ချီးမြှင့်ပေးကြပါဦး လို့ သူ့ကိုယ်စား ဖိတ်ကြားလိုက်ပါရစေလားဗျာ […]


Mr. MarGaSeptember 11, 20142min42734
ဒီရက်ပိုင်းတွေမှာ အတွေးစတွေကို လွှတ်ပေးထားမိနေတယ်။ လောကကြီးထဲက အကြောင်းအရာတချို့ကို ကိုယ့်အတွေးနဲ့ကိုယ် အဓိပ္ပာယ်ဖွင့်ကြည့်နေမိရဲ့ ဒီနှစ်ထဲမှာ တချို့အရာတွေကို မြင်တဲ့အမြင်လည်း ပြောင်းသွားတယ်။ အရွယ်ကလည်း လူငယ်မဟုတ် လူလတ်မဟုတ် ဆိုတော့ အတွေးကလည်း  အဲ့လိုပဲ ဟိုမရောက် ဒီမရောက်တွေ ဖြစ်နေသလားတော့ မသိဘူး အဲ့လို ဟိုတွေး ဒီတွေး တွေးမိထားတဲ့ အတွေးစလေးတွေကို စုပြီး တင်ပေးလိုက်တယ်ဗျာ။ နှစ်ဆယ့်တစ်နှစ်သား ဦးနှောက်နဲ့ဆိုတော့ တချို့အရာတွေက ကလေးဆန်နေမယ်ထင်ရဲ့ ဘာပဲဖြစ်ဖြစ်ပေါ့… ကျနော့်အမြင်တွေ ဖတ်ကြည့်ပြီး အမြင်ချင်း ဖလှယ်ချင်သေးပါရဲ့     – ငွေ ဆိုတာ……. သခင်အနေနဲ့ရော ကျွန်အနေနဲ့ပါ တစ်ချိန်တည်းမှာ အသွင်ပြောင်းနိုင်တဲ့အရာ။   – မိသားစု ဆိုတာ “မိဘ” နဲ့ “သားသမီး” တွေ စုစုစည်းစည်း ချစ်ချစ်ခင်ခင် ရှိနေမှ အဓိပ္ပာယ် ပြည့်စုံတာ […]


Mr. MarGaAugust 27, 20141min39034
  အချစ် ဆိုတာ… ရသ ကိုးပါးစလုံး ရောယှက်နေတဲ့ အရာ…. :boss:   မနေ့ကပေါ့ဗျာ….. ဟိုတွေး ဒီတွေး ပတ် တွေးရင်းနဲ့ အပေါ်က စာသားလေး ထွက်လာလေရဲ့… (စိတ်ပါတုန်း တစ်ရက် ခေါင်းစဉ်တစ်မျိုးနဲ့ ဒီလိုလေးတွေ အဓိပ္ပာယ်ဖွင့်မယ်လို့တောင် တွေးထားမိသေး) အရင်နေ့ကတော့ အလွမ်းနဲ့ ပတ်သက်ပြီး ပြောဖူးတာလေး တင်မိတယ်။ အဲ့လို အဲ့လို.. တစ်ကိုယ်တည်း ထိုင် တွေးပြီး သကာလ တွေးမိတာလေးကို ဖဘမှာ တင်လိုက်သပေါ့။ တင်ပြီး သိပ်မကြာပါဘူး…. ရသ ကိုးပါးနဲ့ အချစ်နဲ့ ဘယ်လိုဆက်စပ်နေလဲ ဆိုတာ ရှင်းပြပါ လို့ ဦးပီချိုက လာမေးလေတော့ ကျနော်လဲ ကိုယ့်စကား ကိုယ် တတ်သလောက် မှတ်သလောက် နဲ့ ပြန်ရှင်းရလေသပေါ့….  :a: အဲ့လို ရှင်းရင်းနဲ့ ဒီစာ ထွက်လာပါတယ်။ ကျနော့် အတွေး ဖြစ်တာမို့ မှန်ချင်လည်း […]