Faces Magazine Jan_2018 ဗိုက်ကလေးပေါ် လက်တင်ပြီး တစ်နေရာကိုငေးနေတဲ့ မြ ဆိုတဲ့ မိန်းကလေးကိုကြည့်ရတာဟာ သိပ်ပြီးတော့ မူမမှန်ချင်ဘူး။ တခါတခါ ငိုလိုက်ရယ်လိုက်နဲ့ရှိနေတတ်ပေမယ့် ဒီကနေ့တော့ ထူးဆန်းစွာပဲ မြ ဟာ နုတ်ဆိတ်လို့နေခဲ့တယ်။ ကြည့်ရတာ ငိုရလွန်းလို့ပဲ မောသွားခဲ့လေသလား။ ဒါမှမဟုတ် ဖွ ဟဲ့ လွဲပါစေ ဖယ်ပါစေ ဆိုပြီးပြန်တွေးရတာက မြ ဟာ မကြံကောင်းမစည်အပ်တာတွေများ တွေးနေခဲ့သလားလို့ပေါ့။ ဟော လာကြပြီ။ ရပ်ထဲ ရွာထဲက လူကြီးတွေလာကြပြီ။  ဒီတော့ မှ မြ ဟာ ကျောက်ရုပ်တစ်ရုပ်လို့ ငြိမ်သက်နေရာက လူးလူးလွန့်လွန့်ရှိလာခဲ့တယ်။ မြ ရဲ့ မျက်ဝန်းတွေကိုကြည့်တော့ ငြိမ်သက်နေသယောင်ပါပဲ။ ဒီတော့ ကျွန်မက ထိုင်ရာကနေထပြီး ရောက်လာတဲ့ လူကြီးတွေကို ဧည့်ဝတ်ပြုဖို့ရာပြင်ရတယ်။ ကျွန်မကို ကူဖော်လောင်ဖက်အဖြစ် […]


သဘာဝမီးအရောင်ကြောင့် လင်းနေတာမဟုတ်ဘဲ လူတို့ဖန်တီးပြုလုပ်ထားတဲ့ လျှပ်စစ်မီးအရောင်ကြောင့်လင်းနေတဲ့ အဲဒီမြို့ရိုးကို ကျွန်တော်ကြည့်ပြီး ရင်နာနေတယ် မေမေ။ လူတိုင်းစိတ်လွတ် လက်လွတ်ငေးမောခွင့်မရှိတဲ့ အဲဒီမြို့ရိုးကိုရှေ့ကို ကျွန်တော်မရောက်တာလည်း ကြာပြီမေမေ။ တစ်ခုတော့ရှိတယ်။ ဒါကတော့ ကျွန်တော် အပတ်စဉ်တိုင်း ဒီတောင်ပေါ်ကနေ အဲဒီမြို့ရိုးကို ငေးမောဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ဝေဝိုးနေတဲ့ မျက်ဝန်းထဲက မြို့ရိုးဟာ ကျွန်တော့်အတွက် တစ်ခုခုလိုအပ်နေသလိုပါပဲ။ ၁။ အပူတွေရှပ်တိုက်ပြေးလွှားနေတဲ့ မန္တလေးမြို့ရဲ့ နေ့လယ်ခင်းဟာ ကျွန်တော့်ရင်ထဲက ဖြစ်တည်မှုအပူစုတွေကို ဖယ်ရှား မပစ်နိုင်တာကတော့ သေချာနေတယ်။ ဆိုင်ကယ်သံတွေဆူညံနေပြီး နန်းမြို့ရိုးရှေ့မီးပွိုင့်ထောင့်မှာ လူတွေပြွတ်သိပ်နေတော့ လူ့ပင်လယ်လှိုင်းလုံးကြီးဟာ တစ်ခုခုကိုရိုက်ခတ်တော့မယ့် အသွင်နဲ့ တာထွက်ဖို့ ဆိုင်းပြင်နေကြတယ်။ ဆိုင်ကယ်လီဗာလေးကို အသင့်အနေအထားဖြစ်အောင် ကိုင်ထားရင် မြင်နေရတဲ့ မီးနီလေး စိမ်းဖို့ စက္ကန့်ဒိုင်ခွက်ပေါ်က တရွေ့ရွေ့ အနုတ်လက္ခဏာဆောင်သွားတဲ့ ဂဏာန်းလေးတွေရဲ့ ရွေ့လျားမှုကိုကြည့်နေရတာလည်း […]


ဟဲ့ ထ ထ မျက်နာသစ်သွားတိုက်ရမယ်။ ပြီးရင် ပြီးရင် ဪ အိမ်သာတက်ရမယ်။ ဝမ်းကလွယ်တော့လမ်းမှာ ဒုက္ခရောက်ရင်မလွယ်။ ပြီးတော့ ပြီးတော့ အင်း လက်ဆေး။ ကော်ဖီဖျော်။ ဘီစကစ်လေးပါးစပ်ထဲတစ်ချက်ပစ်ပြီး လျှာလေးနဲ့မွှေ။ စားသောက်သောက် မြန်မြန်လုပ်ပြီးတော့ အလှပြင် ပြင် အင်း မနေ့ညက မီးပူတိုက်ထားတဲ့ ဒီနေ့မနက်ဝတ်မယ့်ဝတ်စုံသုံးစုံ အဲဟုတ်ဖူး တစ်စုံ နှစ်စုံက ရွေးလို့ရအောင် အရံထား ကိုယ်နဲ့ကပ်လိုက်ခွာလိုက်။ နံရံကပ်မှန်ပေါ်က ကိုယ့်ခန္ဒာကိုယ် လေးဆယ့်ရှစ်ပတ်လောက်ကပ်လိုက် ခွာလိုက် လှည့်ပတ်ကြည့်။ စိတ်တိုင်းကျရွေးပြီး ဝတ်လိုက်တော့ တစ်ခုလိုသေးတယ် အဲ အဲဆိုမှ မိတ်ကပ်ပြင် နှုတ်ခမ်းညို အိုတွဲတွဲကို အနီဆိုးရမလား အညိုဆိုးရမလဲလို့ စဉ်းစားရင်းလွန်ဆွဲ။ အနီရောအညိုပါစပ်ဆိုးလိုက်တော့ အလှတို့စိုရွဲသွားသလိုလို အို မျက်တောင်လေးကို ပေကလပ် ပေကလပ်ခတ်ကြည့် ဆွဲဆောင်မှုှရှိရဲ့လား ပြန်ညှိ […]


ပိတ်ထားတဲ့တံခါး ************** မိုးလေကင်းလွတ်သော အခါသမဖြစ်သည်နှင့်အညီ သီတင်းကျွတ်လေပြီဟု လူတို့ပြောနေသံကို ကြားနေရ၏။ ဆောင်းအငွေ့အသက်ဖြင့် လွှမ်းခြုံစပြုလာပြီ ဖြစ်သောကြောင့် ပတ်ဝန်းကျင်ခြုံနွယ်များထက်တွင် နှင်းစက်ပါးပါးတို့ စွတ်စိုစပြုနေသည်။ ခုမှလောကသဘာဝသည် လန်းဆန်းခြင်း အတိနှင့်ပြည့်နေသည်ဟု ထင်လာရသည်။ လွန်ခဲ့သော လများအတွင်း မိုးရေစွတ်စွတ်စို နေခဲ့သဖြင့် မြေအောင်းနေရသောသူ့ ဘဝသည် မွမ်းကျပ်လွန်းလှသည်။ ယခုမူ ဆောင်းနှင်းငွေ့ငွေ့ကြား တရွေ့ရွေ့သွားနေရခြင်းအရသာကို သူမက်မောခုံမင်စွာဖြင့် တစိမ့်စိမ့်ခံစားကြည်နူးနေမိ၏။ သူ့လိုပင်တချို့သော အမျိုးတူ သူငယ်ချင်းများကလည်း မြေပြင်တွင်တွားသွား ဝပ်ဆင်းရင်း တစ်ကောင်နှင့်တစ်ကောင် ကျော်ကျ တက်ကျနှင့် ပျော်ရွှင်နေကြသည်။ တချို့က နံရံများထက် တွယ်ကပ်ရင်း သူ့ကိုအော်ပြီး နုတ်ဆက်ကြသည်။ တချို့က အေးမြသော နံရံများ၏ ထောင့်တစ်နေရာတွင် ဝပ်ဆင်းရင်း နုတ်ဆက်ကြသည်။ သူကတော့ တစ်နေရာနှင့်တစ်ရောကို ကူးလူးသွားလာနေရသည်ကို နှစ်ခြိုက်နေမိသဖြင့် နေကုန်နေခမ်း တွားသွားနေမိသည်။ […]


တိုင်းသူပြည်သားတို့ရဲ့ရှေးဘုန်းကံရယ် ************************** “တိုင်းသူပြည်သားတို့ရဲ့ရှေးဘုန်းကံရယ် တိုင်းပြည်စောင့်သော နတ်တွေ မှိုင်းမစေဖွယ် လာဘ်လာဘများနဲ့ကံကောင်းခြင်းတွေရယ် ရွှေပြည်ကြီးတံခါးဖွင့်လို့ ဝင်ရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါရဲ့ကွယ်” ရုပ်မြင်သံကြားကြည့်နေသည့် စိတ်သည် တီဗွီထံတွင်မရှိတော့။ လွှင့်ဝဲပျံသန်းသွားသော စိတ်သည် တစ်နေရာပြီးတစ်နေရာ ခုန်ပေါက်ကူးလူးကုန်သည်။ စိမ်းစိုသော တောင်တန်းများ၏ အလှကိုကျော်လွန်ပြီး ပူလောင်ခဲ့သော နေ့ရက်အချို့ကို ယခုချိန် ပြန်မလွမ်းကောင်းဘူး ဟု ထင်သည်။ သို့သော် နေ့နေ့ညည အိပ်မက်ဆိုးများနှင့် သူ လန့်လန့်နိုးခဲ့ရ၏။ ယခုထိ သူ နားတွေအူနေသည်။ ယခုထိ သေနတ်သံတွေကြားနေရသည်။ ယခု သူကြည့်နေသည်က ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသနေသော ငြိမ်းချမ်းရေးပွဲတော် အစီအစဉ် ။ စပ်ဆိုထားသော သီချင်းစာသားက အင်မတန်ကောင်းလွန်းသည်။ ရင်ထဲ ပီတိ သိမ့်သိမ့်ဖြစ်ရသည်။ သီချင်းစာသားထဲကလိုဖြစ်လျှင် မည်မျှကောင်းမည်လဲ။ အနုပညာရှင်များက ပြည်သူတို့ဖြစ်လိုသော ဆန္ဒကို ဂီတ၊ […]


                                              ၁။ ဆရာသော်ဇင် ရဲ့ ကလောင်နာမည် ကိစ္စက စ မေးပါရစေ ။ သော်ဇင်(လွိုင်ကော်)ဆိုတဲ့ ကလောင်ကို ယူဖြစ်ခဲ့တဲ့ အကြောင်းရင်းခံလေး သိချင်ပါတယ်။ သော်ဇင် ဆိုတာ ဆရာ့ရဲ့ နာမည်အရင်းပဲလား။ ? အနောက်က လွိုင်ကော်ဆိုတဲ့ အထူးပြုစကားလုံးလေး ထည့်ဖြစ်တဲ့ အကြောင်းရင်း စသည်ဖြင့်ပေါ့။ ကလောင်နာမည်ကိုယူဖြစ်ခဲ့ပုံကပြောရရင် ဒီနာမည်က အမည်ရင်းမဟုတ်ပါဘူး။ နာမည်ရင်းက နေမျိုးအောင်ပါ။ ပထမရွေးချယ်ထားခဲ့တာတော့ နေသူ(လွိုင်ကော်)ဆိုတဲ့နာမည်ပါ။ ဒါပေမဲ့ […]


ရွာသူရွာသားများကို ကြုံတုန်းလေး မာကက်တင်းဝင်သွားတယ်လို့တော့မထင်ပါနဲ့နော်။ တကယ်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို  ကြော်ငြာဝင်သွားတာလို့သဘောထားပေးဗျာ။ အထက်က မျက်နာဖုံးလေးကိုတွေ့တဲ့အခါ ဒါ တို့ရွာသားလို့ ပြောမိသွားမယ်ထင်ပါတယ်။ ခုချိန် ဒီစာအုပ်လေးဖြစ်မြောက်လာတော့မယ်ဆိုတာနဲ့ ကျွန်တော်ဘယ်ကနေ စတင်ဝင်ရောက်စာတွေရေးဖြစ်ခဲ့သလဲ ဆိုတာကို ပြန်အမှတ်ရတယ်ဗျ။ လွန်ခဲ့တဲ့ ခန့်မှန်းခြေ ၂၀၁ဝ လောက်မှ ရွာထဲကိုစတင်ဝင်ရောက်ဖြစ်ခဲ့တဲ့ ကျွန်တော် ရွာသူ ရွာသားတွေရဲ့အားပေးဖတ်ရှုမှုနဲ့ ကြိုးစားရေးသားဖြစ်လာရင်က ခုဆို ရည်မှန်းထားတဲ့ အနေအထားတစ်ခုကို အတိုင်းအတာတစ်ခုလောက်အထိရောက်ခဲ့ပြီလို့ပြောလို့ရခဲ့ပါတယ်။ ခုဆိုရင် ကျွန်တော်တို့ လွိုင်ကော်က စာရေးသူ ကလောင်ရှင် (၅)ဦးရဲ့ “အက္ခရာ ငါးစင်း” ဆိုတဲ့ ဝတ္ထုတို စုစည်းမှုစာအုပ်လေးကို အကောင်အထည်ဖော် စီစဉ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်လေးထဲမှာ စာရေးသူတစ်ဦးလျှင် ဝတ္ထုတို (၃)ပုဒ်ပါဝင်ရေးသားထားကြပါတယ်။ မဂ္ဂဇင်းများထက်မှာ ဖော်ပြပြီးသား ဝတ္ထုများပါသလို အသစ်များလည်းပါဝင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ဘဝမှတ်တိုင်လေးတစ်ခုဆိုရင်လည်းမမှားပါဘူး။ ရွာသူရွာသားများကို မိတ်ဆက်တဲ့အနေနဲ့ရော […]


(၁) ဪ အမျိုးမျိုးအဖုံဖုံ အစုံသုပ်တွေ စားရတဲ့အဖြစ်ကို ပြန်တွေးလို့မှ မရယ်ရရင် ကလိတွေထိုးပြီး ရယ်လိုက်ချင်တော့တယ် တကယ်။ အရပ်ကတို့ရေလို့ အော်ပြီးပြောရမယ့် အကြောင်းတွေ ရင်ဘတ်ကြီးနဲ့ အပြည့်ရှိနေတော့လည်း ခက်တယ်။ မပြောပြန်ရင်လည်း လည်ဝမှာ တစ်ဆို့နေပြီး ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ့် ခေတ်။ စကားတစ်လုံးတစ်လုံးပြောဖို့ လေတောင်ခပ်ရဲရဲမရှုမရှိုက်ရဲ။ တော်တော်ကြာ လေကို ကန်ထရိုက်ဆွဲထားရင်မခက်ပါလား။ ဒါတောင် ခုအဖြစ်က လေလှိုင်းတွေကို အသုံးပြုပြီးပြောနေရတဲ့ ဆက်သွယ်ရေးကိရိယာလေးကြောင့် ပေးလိုက်ရတဲ့ ပိုက်ဆံဆိုတာ ခုနေများပြန်ရှာရင် ကြက်ပျောက် ငှက်ပျောက်။ ဟုတ်တယ် မနေ့က အောင်မင်း ဂဏာန်းပေါင်းစက်ကလေးတစ်လုံးကို တဂျောက်ဂျောက်နှိပ်မိလိုက်လို့ ဒီကနေ့ သွေးတွေတိုးချင်နေတဲ့အဖြစ်က ပြန်တွေးလိုက်ရင် ဇက်ကြောတောင် ပြန်တက်တယ်။ ဂဏာန်းပေါင်းစက်ကို ပြန်နှိပ်မိရတဲ့အကြောင်းကလည်း ရှိတယ်။ အကြောင်းရှိတော့ အကျိုးဖြစ်ပြီပေါ့။ မဟုတ်လား။ အောင်မင်းကလည်း ခုတလော […]


နေရာပေါင်းများစွာ ထိုင်ခဲ့ဖူးပါသည်။ နေရာပေါင်းများစွာလည်း ရွှေ့ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံ ထိုနေရာများကိုလည်း တမ်းတမ်းတတ လွမ်းဆွတ်ခဲ့ဖူးပါသည်။ ထိုကဲ့သို့ လွမ်းဆွတ်သတိရမိလေတိုင်း ထိုင်ခဲ့ဖူးသော နေရာလေးများ၏ အငွေ့အသက်သည် ချက်ချင်း ပြန်လည် အသက်ဝင်လာသည်ဟု ထင်မှတ်မှားသည့်အချိန်တွေလည်း ရှိနေပါသည်။ ထိုသည်က အိပ်မက်သာသာ ဖြစ်နေခြင်းကိုမူ ကျွန်တော်မေ့လျော့နေခဲ့မိပါ၏။ ***** အရှေ့သို့ခြေတစ်လှမ်းချင်းဆီလှမ်းပြီးတိုင်း အနောက်သို့လှည့်ကြည့်မိတတ်သည့်အကျင့်သည် ငယ်ငယ်ကတည်းက ကျွန်တော့်ထံတွင် အကျင့်ပါခဲ့ဟန်တူပါသည်။ ငယ်ရွယ်စဉ် မူလတန်းကျောင်းသားဘဝမှစ၍ အထက်တန်းအောင် တက္ကသိုလ်တက်သည်အထိ ရှေ့ဆုံးတန်းစာသင်ခုံတွင်ထိုင်ပြီး နောက်သို့လှည့်ကြည့်ရြုခင်းကိုလည်း ကျွန်တော် ဝါသနာထုံခဲ့၏။ အရှေ့တန်းမှ မြင်ရသော နောက်တန်းထိုင် ကျောင်းနေဖက်သူငယ်ချင်းများ၏ မျက်နာအားလုံးကို မြင်ရခြင်းကြောင့်လော၊ သို့မဟုတ်၊ ကျွန်တော်ကိုယ်တိုင် ရှေ့ဆုံးတန်းတွင် ထိုင်ရခြင်းကို ဂုဏ်ယူမိ၍လော ဟူသည်ကို မသိခဲ့ပေ။ ထိုစဉ်ကတည်းက ရှေ့ဆုံးဟူသော ခုံတစ်လုံး၏ နေရာတွင် ထိုင်ရခြင်းကို ကျေနပ်နေခဲ့ခြင်းသည် […]


လွန်ခဲ့တဲ့တစ်ပတ်ခန့်က သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကို မနက် ၉နာရီလောက်ကြီး ကျွန်တော်ရောက်သွားတယ်။ သူငယ်ချင်းက ကျွန်တော့်ကိုမြင်မြင်ချင်း “ဟာအတော်ဘဲ ဟေ့ကောင် ငါနဲ့အတူမင်္ဂလာဆောင် တစ်ခုကိုလိုက်ခဲ့စမ်းကွာ“ လို့ပြောတယ်။ အမှန်တော့ အဲဒီ မင်္ဂလာဆောင် ကလည်း ကျွန်တော်နဲ့ ခင်မင်ရင်းနှီးနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာဆောင်ပါ။ ဖိတ်စာ မရောက်တာတော့ ဘာကြောင့်လဲ မသိဘူးပေါ့ ။ ဒီတော့ “ငါက ဒီအတိုင်းလိုက်ရမှာလားကွ၊ အိမ်ခဏပြန် အဝတ်လဲလိုက်ဦးမယ်“ “လဲမနေနဲ့တော့ကွာ ငါ့အဝတ်အစားပဲမင်းယူဝတ်လိုက်တော့ ငါဝတ်တာ XL မင်းဝတ်တာလည်း XLပဲ၊ လာအခန်းထဲ သွားလဲရအောင်“ဆိုပြီး ခေါ်သွားရာက သူငယ်ချင်းရဲ့ ပွဲတက်ဝတ်စုံအပြည့်နဲ့ မင်္ဂလာဆောင်ကို ထွက်လာခဲ့ကြပါတယ်။ ကျွန်တော့် ကိုယ်ပေါ်က သူငယ်ချင်းရဲ့ ဝတ်စုံကိုဝတ်ရတာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလို ခံစားနေရတာ လမ်းတစ်လျှောက်လုံးပါ။ ကျွန်တော့် အဝတ်အစားနဲ့ကျွန်တော်ဆို ယုံကြည်မှုအပြည့်နဲ့ ဖြစ်နေမှာလို့လည်း အိမ်ပြန် […]


စားပွဲတွင် ပြန့်ကျဲနေသော အရောင်များကို ကျွန်တော်မြင်သည်။ အဖြူ၊အစိမ်း၊ စိမ်းဖျော့၊ အနီ၊ ခဲပြာ၊ စသဖြင့် အရောင် ငါးမျိုးရှိသည်။ ထိုအရောင်များထဲမှ ကျွန်တော့်ကို ကြိုက်နှစ်သက်ရာတစ်ရောင်ကို ရွေးချယ်ခိုင်းမည်ဆိုလျှင် အကြိုက်နှစ်သက်ဆုံးကို ကျွန်တော် ရွေးချယ်နိုင်မည် မဟုတ်ပါ။ သို့သော် တစ်နေ့တစ်မျိုး သို့မဟုတ် တစ်ပတ်ကို အရောင် တစ်မျိုးမျိုးကိုတော့ ကျွန်တော် ပြောင်းလဲ ရွေးချယ်လေ့ရှိသည်။ ထိုသည်က အရောင်တွေကို ကြိုက်နှစ်သက်၍ မဟုတ်ပါ။ စိတ်၏ အခါအားလျှော်စွာ အာသီသပြင်းပျမှုအပေါ် ကျွန်တော် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။ (၁) ရုပ်ဝတ္ထုအစိတ်အပိုင်းတွေကို ပြင်ဆင်နေရာချဖို့ ကျွန်တော် တော်တော်ဝါသနာပါသည်။ ရုတ်တရက် ကျွန်တော့်အခန်းထဲကို ဝင်ကြည့်လိုက်မည်ဆိုလျှင် တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ပြောင်းထားပြန်ပြီဟု လွှတ်ခနဲ ပြောမိတတ်ကြသည်။ ကျွန်တော့်အခန်းဖွဲ့စည်းပုံသည် အမြဲတသတ်မှတ်ထဲမရှိ။ ပြီးခဲ့သည့် အပတ်က […]


မြို့မှာဖြစ်သွားတဲ့ ကိစ္စကြီးက ဟိုးလေးတကျော်ကျော်ဆိုတော့ ခုချိန်မှာ ပါပါရာဇီတွေ ကျွန်တော့်နောက် လိုက်နေကြတာ မဆန်းပါဘူး။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်က ဒီနိုင်ငံမှာ နာမည်တစ်ခုအနေနဲ့ကျော်ကြားနေတော့ ခုဖြစ်တဲ့ကိစ္စကို လူတိုင်းသိချင်ကြမှာလည်း သေချာတယ်။ လောလောဆယ်တော့ ကျွန်တော့်အကြောင်း ကောလဟလက ဟိုဂျာနယ်မှာတစ်မျိုး၊ ဒီစာစောင်တစ်မျိုးနဲ့ အခြေအမြစ်မရှိတဲ့သတင်းတွေ အမျိုးမျိုးရေးနေကြတာကိုတွေ့ရတယ်။ ထားပါ။ ဒါကိုတော့ ကျွန်တော်ပြန်ဖြေရှင်းဖို့မရှိဘူး။ မဟုတ်တဲ့ကိစ္စကို အလုပ်ရှုပ်ခံပြီး ဟိုမေးသည်မြန်းနဲ့ဖြေရှင်းဖို့လည်း မလိုဘူးလို့ထင်တယ်လေ။ ဒါပေမယ့် အိမ်ကိုတော့ ဖုန်းတွေတဂွမ်ဂွမ်လာနေကြတယ်။ ကျွန်တော် ဟမ်းဖုန်းနံပါတ်ကိုတောင် ဘယ်ကဘယ်လိုသိကြတယ်မပြောတတ်ဘူး။ ဆက်လာလိုက်ကြတာစုံလို။ ဒါကြောင့် ခုဖုန်းကိုပိတ်ထားလိုက်တယ်။ အိမ်ဖုန်းကိုတော့ ချာတိတ်လေးတစ်ကောင်ကိုပဲကိုင်ခိုင်းပြီး ဘာမေးမေး မသိဘူး၊ ဖြေခွင့်မရှိပါဘူးဆိုတဲ့စကားနဲ့ ဘူးတစ်လုံးခံခိုင်းထားလိုက်တယ်။ ဒီတော့ ပြီးသွားလားဆို မပြီးသေးဘူး။ ဂျာနယ်အစုံစုံက စူပါမင်းသား ကျော်ကျော်လတ်နဲ့ဆက်သွယ်ရာမှာ ဖုန်းပိတ်ထားပါတယ်ဆိုတဲ့အကြောင်းကို သတင်းတစ်ပုဒ်ဖြစ်အောင် ရေးနေကြသေးတာကို အံ့ဩရတယ်။ ဒီတော့ […]