(၁) “ဘုရား…ဘုရား”ကားနဲ့ဒုံးပျံများမှားစီးမိသလား။ကြည့်စမ်း မြန်လိုက်သည့် အရှိန်နှုန်း။ တစ်နာရီ ဘယ်နှစ်မိုင်နှုန်းနဲ့ မောင်းနေသလဲမသိ။လူတစ်ကိုယ်လုံး မြောက်လိုက် ကြွလိုက်နဲ့ နတ်ဒိုးနှင့်ယိမ်းကနေရသလား ထင်မှတ်ရတယ်။ ကိုယ့်ကိုကိုယ် ဟောလီးဝုဒ်ကိုရုပ်ရှင်သွားရိုက်ရသလို ခံစားနေရတယ်။ ဂျိမ်းစ်ဘွန်းရဲ့ ရုပ်ရှင်တွေကြည့်ပြီး အကြမ်းပတမ်း ကားစတန့်တွေကို မြင်ရတဲ့အခါတုန်းက ရင်လှိုက်သည်းဖိုဖြစ်ခဲ့ဖူးတယ်။ အဲဒီလိုအရှိန်နဲ့များ ကားစီးလိုက်ရရင်တော့ အသက်တောင် ထွက်လောက်ရဲ့လို့ တွေးမိဖူးတာပေါ့။ ခုကြည့် ဂျိမ်းစ်ဘွန်းမောင်းတဲ့ကားကို စီးပြီး ကယ်ပါ ယူပါ တစာစာအော်ရတော့မယ့်အခြေအနေ။ လေအလျင်ပေါ် ခုန်ပျံကျော်လွှားနေတဲ့ ကျန်ကျောင်းလို ဝေဟင်မှာ တဟူးဟူးကိုဖြစ်လို့။ဒါပေမယ့် သိတယ်မို့လား။ ကိုယ်မရောက်ဖူးတဲ့နေရာကို သွားရမှာဆိုတော့ကာ ကြမ်းပါစေ၊ ခုန်ပါစေ တုံးတိုက်တိုက်၊ကျားကိုက်ကိုက်ပေါ့။ တကယ်ဆို မသက်သာပါဘူး။ အညာမှာ ဖုန်ထူတာကမှ ပါးပါးလေးရယ်။ ဖုန်လုံးဆိုတာ ဟီးရိုရှိးမား အဏုမြူဗုံးပေါက်ကွဲသလိုကို အုံလိုက် ကြွတက်နေတာ။ရှူ စမ်းဟဲ့။ ဖုန်ဆိုတာဟာ နှာခေါင်းထဲကို […]


သို့ “……………..“ နင်ကတော့ ငါ့ကို သတိမရလို့ဖုန်းမဆက်တာထင်ပြီး အထင်တွေလွဲနေတော့မှာပဲနော်… ခုသလော ငါ့မှာလဲ စိတ်ရှုပ်စရာ ကိစ္စကြီး ကြီးကြီးမားမားကလဲရှိလာတော့ ငါလေ တစ်ခြား အကြောင်းအရာတွေကို မတွေးမိတော့လို့ပါ.. မနေ့က နင့်အစ်မ ဖုန်းဆက်လာတော့ ငါ့ရင်ထဲ ထိတ်သွားတယ်။ နောက်မှ နင်က ဖုန်းမဆက်လာလို့လို့ပြောလို့တော့ ငါပျော်သွားပြန်ရော ။ တကယ်ပြောတာ နောက်တစ်ခုက သကြန်ဆိုတာကိုရော အမှတ်ရသေးရဲ့လားဆိုတာတော့ အမှန်တကယ်ပြောရရင် ငါ အမှတ်ရပါတယ်။သကြန်ဆိုတာ နင်နဲ့ပတ်သက်ပြီးတော့မှ ငါသတိရလာတာဟ။ နင် ငါ့ကို ယုံကြည်မှုမရှိသေးဘူးဆိုတာ ငါသိပါတယ်။ ငါပြောတဲ့စကားတွေကို နင်က စ, နောက်တယ်ထင်နေသေးတာလား။ ငါတို့ အရွယ်တွေဟာ အသက်ကြီးလှပြီ မဟုတ်ပေမယ့် တကယ်တမ်း တည်တည်ငြိမ်ငြိမ်နဲ့ စကားတစ်ခွန်းကို  အတည်ပြောရမယ့် အရွယ်ကိုရောက်နေပါပြီ။ နင့် ဘက်ကတော့ ငါက ချော်လဲရောထိုင်လုပ်တယ်လို့များ […]


  “မဖုရားရဲ့ကြင်ယာတော်” (၁) လှမျိုးထွန်းက ရေးလက်စ စာရင်းတွေကိုရပ်ပစ်တယ်။ ခုလေးတင်ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် ကိုယ့် နားကိုယ်မယုံသလိုလို။ ဖုန်းတစ်လုံးကို ကိုင်ပြီးမြောက်ကြွ မြောက်ကြွဖြစ်နေတဲ့ ဇော်ဇော်အောင်တောင် ဖုန်းမဆက်နိုင်အောင်ဖြစ်သွားတယ်။ ဟုတ်တယ်လေ။ ကြားလိုက်ရတဲ့ စကားက “အီစွတ်တစ်ယောက် မိန်းမယူတော့မယ်ဆိုတဲ ့သတင်း“ နှစ်ယောက်လုံးရဲ့စိတ်ထဲမှာတော့ ဘယ့်နှယ့်ဖြစ်ရတာလဲပေါ့။ ဇော်ဇော်အောင့်စိတ်ထဲမှာ ခိုးလုခုလုဖြစ်သွားတယ်။ သူ့လောက်ဖွန်ကြောင်တာတောင် ရည်းစားတစ်ယောက် အဖတ်မတင်ဖြစ်သေးတာ။ ကုမ္ပဏီအတွင်းမှာ မခုတ်တတ်တဲ့ ကြောင်သူတော်က ကြက်သူခိုးလုပ်သွားပြီ။ လှမျိုးထွန်းက ဇော်ဇော်အောင်ကို ဟားတယ်။ “ဘယ်လိုုလဲ သံချောင်း မင်းကအဆင့်(၁)နော် ဟောခုတော့ (၃)ကအရင် ကျော်သွားပြီ လုပ်ဦး မင်းအသက်ကြီးလာတာပဲ အဖတ်တင်တယ် ခုထိ ရည်းစားဆိုတာ လက်ဆုပ်လက်ကိုင် မပြနိုင်သေးပါလား“ ပြောမယ့်သာပြောရတယ်။ လှမျိုးထွန်းဆိုတဲ့လူ စကားပြောတော့ လူ့ဂွစာ။ နေတဲ့စတိုင်လ်က တောဂိုက်နဲ့။ သူလည်း […]


  ကိုကြီးရင်ထဲမှာ မီးလောင်နေတယ်။ ရည်းစားလူလု အူနုကျွဲခတ်တယ်လို့ပြောရအောင်လည်း စံပယ်လေးက သူ့ရည်းစား မဟုတ်။ မဟုတ်ဆို ကိုကြီးကရော ဘာစကားလုံးကိုမှ သေသေချာချာရော မသေမချာ လုံးဝဥသုန်မပြောရေးချ မပြောရသေးဘူးလေ။ အရိပ်တကြည့်ကြည် ့ကြည်တယ်ဆိုတာ ကိုကြီးလိုလူကိုပြောတာ။ ကိုယ့်ခြံထဲကကြက် ဘယ်အချိန်ရိုက်သတ်စားစားဆိုပေမယ့် မျက်စိကလေးတစ်ချက်လစ်တာနဲ့ပဲ ဟိုဘက်ခြံက ကြက်ဖကြီးနောက် ကောက်ကောက်ပါအောင် လိုက်ပါသွားတာ။ ကောင်းလား။မတို့ရက်မထိရက် မပြောရက် မဆိုရက်နဲ့ ပန်းလေးတစ်ပွင့်လို အရိပ်တကြည့်ကြည့် ပြုစုယုယခဲ့ရတာတွေဟာ အလကား။ ခုတော့ အလကား။ ကိုကြီးမှတ်မိသေးတယ်။ စံပယ်လေး ကိုကြီးတို့အိမ်ကို ရောက်လာတဲ့ရက်ကို ဒိုင်ယာရီစာအုပ်လေးထဲမှာ အမှတ်တရအဖြစ်ရေးမှတ်ထားသေးတယ်။ ရောက်စက မျက်စိသူငယ် နားသူငယ်နဲ့ကောင်မလေးဟာ မြို့ကြီးမှာ အနေကြာရင်း တသွေးတမွှေးလှလာလိုက်တာ ကိုကြီးမျက်စိရှေ့တင်ပဲ။ မျက်လုံးလေးဝိုင်းဝိုင်း၊ နုတ်ခမ်းလေးဖူးဖူးနဲ့ ကော်ပတ်ရုပ်လေးလိုလှတဲ့ စံပယ်အပေါ် တစ်ဖက်သတ် စိတ်အတွေးနဲ့ စိတ်ကူးတွေနယ်ကျွံမိတာ ကိုကြီးမလွန်ပါဘူး။ […]


မှောင်မည်းနေသော လွင်ပြင်တစ်ခုလို့ သူ အစက မြင်နေမိသည်။တကယ်တမ်း အမှောင်ထဲ၌ ကျင့်သားရလာသောအခါ မျက်စိထဲတွင် ဖြူဖြူဖွေးဖွေး အုတ်ဂူများကို သူမြင်လိုက်ရတော့ ကြက်သီးမွှေးညှင်းတွေ ထသွားပြီး ခေါင်းကြီးသွားရသည်။ ဒါဆိုရင်တော့ သူရောက်နေသည်မှာ သုသာန် တစ်ခုလား။ ဒီအချိန်ကြီး သူဘာကြောင့် သုသာန်ထဲရောက်နေရသနည်း။ သူတစ်ယောက်တည်းဆိုသောအသိနှင့်အတူ အမှောင်ကို သူကြောက်လာပါသည်။ ထိုစဉ်- “ဟေ့ မောင်ရင် “ ခေါ်သံနှင့်အတူ သူ့ပခုံးပေါ်သို့ အေးစက်စက် လက်ကြီး၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။ သူ တစ်ချက် တွန့်ခနဲဖြစ်သွားရသည်။ သူလှည့်ကြည့်တော့- “ မင်းဘာလာလုပ်တာလဲကွ“ “ ဗျာ ဒီကိုလား“ “ ဟုတ်တယ်လေ မင်းမို့ ဒီနေရာကိုလာတယ် ဒီနေရာက ဘယ်သူမှမလာချင်တဲ့နေရာကွ“ “ ဒါလား ခင်ဗျား ပြောမှလား  ကျနော်လည်း လာချင်လို့လာတာမှ […]


(၁) တွေးကြည့်လိုက်ရင် ရှက်စရာကောင်းပါလားလို့ သူမတွေးနေမိတယ်။ဟုတ်တယ်လေ။ ရေလာအောင် သူမပဲမြောင်းပေးမိတာကို။ မနေ့ညကမှ သေသေချာချာ စေ့စေ့စပ်စပ်တွေးမိတော့တယ်။ သူမပဲ ထိုကောင်လေးကို စကြိုက်ခဲ့သလိုလိုပြောလိုက်မိတာက ကိုယ့်ထောင်ချောက်ထဲကို ခုန်ဆင်းမိသလိုဖြစ်နေခဲတာလေ။တကယ်ဆို သူမနဲ့ ထိုကောင်လေးက သူငယ်ချင်းတွေပါ။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းကခင်ခဲ့တာတော့မဟုတ်။ ဆယ်တန်းအောင် တက္ကသိုလ်ပထမနှစ်တက်ခါမှ နဖူးစာရွာလည်ချင်လို့ ထိုကောင်လေးနဲ့ခင်ခဲ့ရတာလို့ သူမက ယူဆတယ်။ ထိုကောင်လေးကလည်း သူမကိုဆို မင်သေသေနဲ့ ဖမ်းစားလိုက်တာများ ခုတော့ သူမကပဲ မိန်းမ မတန်မယ့် ချစ်စကားစ ပြောမိပါရောလား။ ဇာတ်လမ်းက မသန်းလို့ပြောရမလို ဖြစ်နေတဲ့အချိန်မှာ သူမက ကလေးကို မုန့်ပေးကြိုက်တယ်လို့ တစ်ရုံးလုံးကပြောနေကြပြီ။ သူမကလည်း ခုအချိန်မှာ အပျိုကြီးအရွယ်သို့ ချင်းနှင်းဝင်ရောက်ရန် မသေချာသေပေမယ့်လို့ ထိုကောင်လေးနဲ့ ယှဉ်လိုက်ရင်တော့ ငါးနှစ်ကြီးများတောင်ကွာတယ်လေ။ အချစ်ဆိုတာကလည်း မျက်စိလည်လမ်းမှားတတ်သတဲ့။ ခုချိန်မှာ မျက်စိလည်လမ်းမှားတာက အချစ်မဟုတ်ပဲ […]


“ခုတော့လည်း တစ်ယောက်တည်း“ “မင်းက နေနိုင်သားပဲနော်“တဲ့။ ဘယ်နေနိုင်ပါ့မလဲလို့တော့ ပြန်မပြောဖြစ်တော့ပါ။ စိတ်ထဲမှာတော့ တနုံ့နုံ့နှင့် နေလို့ထိုင်လို့မကောင်းတာ ကိုယ်ကိုယ်တိုင်သာလျှင် အသိဆုံးပါ။ ဖြစ်နိုင်လျှင်ဒီနေ့ညဆိုတာကြီးကိုကြုံလည်းမကြုံချင်သလို ဖြတ်လည်းမဖြတ်ကျော်ချင်ပါ။ ရင်ဘတ်ကြီးတစ်ခုလုံး ဆို့နင့်ကြေကွဲနေသလို ခံစားနေရမှာတော့ ကနေ့ညဆိုတာကြီးကို ကျော်လို့ရလျှင်ကျော်ပြစ်လိုက်ချင်တာပါ။ အားလုံးရဲ့အကြည့်တွေမှာ သူကြေကွဲစွာဖြင့်တစ်ယောက်တည်းကျန်ရစ်ခဲ့ပါလားဆိုတဲ့တွေးတွေပါနေတယ်။ ဟန်ကိုယ်ဖို့ဆိုတာကို သူကောင်းကောင်းနားမလည်ပေမယ့် သူဟန်ဆောင်ကောင်းခဲ့တာ ကြာနေပါပြီ။ တစ်ယောက်တည်းကျန်နေရစ်ခဲ့ရတဲ့အရသာကို သူမကြိုက်ပေမယ့် သူ ဒီအရသာကို မကြိုက်ပါပဲ ခံစားလာရတာ ကြာနေခဲ့ပါပြီ။ သံယောဇဉ်ကိုတာကို မထားသင့်မှန်းသိပေမယ့်လို့ အလက်ကမ်းဆိုးမသိစွာ ၊ အမှတ်သည်းခြေမရှိစွာနှင့် သူ သံယောဇဉ်ဆိုတာကိုထားခဲ့မိပြီ။ မွေးကတည်းက အဖော်မပါခဲ့သော်ငြားလည်း လူမှုပတ်ဝန်းကျင်နယ်ပယ်မှာ အပေါင်းအသင်းကဏ္ဍဆိုတာကို ပစ်ပယ်ထားလို့မရခဲ့လေတော့ အရေးကြီးအခန်းကဏ္ဍကနေ မိတ်ဆွေ သူငယ်ချင်းဆိုတာကို ထိတ်ဆုံးကထားတတ်ကြတာ လူတိုင်းအသိ။ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပေးဆပ်မှုတွေ၊ အနစ်နှာခံမှုတွေ၊ ယုံကြည်မှုတွေ၊ ကိုးစားမှုတွေ၊ အပြန်အလှန် […]


“အိုမိုင်ဂေါ့ “လို့ သူနှုတ်ဖျားက မထွက်လာတော့ပါလား။ ဟုတ်လည်း ဟုတ်တယ်လေ ။ သည်လိုမြင်ကွင်းမျိုး သူ့အတွက် ဆန်းမှ မဆန်းတော့တာ။ ပုရိသတွေချည်းချည်းနေတဲ့ နေရာဆိုတော့လည်း ကြာတော့ မအောင့်နိုင်ကြတော့ဘူးထင်ပါရဲ့။ အဝေးတစ်နေရာကနေကိုယ့်ကောင်မလေးတွေ ရည်းစားတွေ မိန်းမတွေကို လွမ်း။လွမ်းလို့ အားမရတော့ စာတွေရေး ကဗျာတွေရေး။ ပို့ကြ ပေးကြ။ကြာတော့ စာလည်း မပို့ချင် ကဗျာလည်းမပို့ချင်တော့။ နီးစပ်ရာကို သာယာသွားကြတယ်ထင်ပါရဲ့။ ကြားဖူးနေကျစကားတစ်ခွန်းလို Men to Men လည်း မဟုတ်ကျ။ မြင်ကွင်းထဲမှာ ဒွေးရောယှက်တင် ဖက်လှယ်သကင်းနဲ့ အမြင်မတော်။ သည်နေရာမှာ ပြောရဦးမယ်။ သူသူကိုယ.်ကိုယ် သူငယ်ချင်းဖြစ်လာကြပြီဆိုရင်တော့ ထိပ်ပုတ်ခေါင်းပုတ်နဲ့ ဘာညာ သာရကာတွေကိုင်ပြီး ရင်းနှီးမှုကို ပိုအလေးသာစေတတ်ကြတယ်။ ဟုတ်ပါပြီထားပါတော့။ ရင်းနှီးလာပြီ။ နောက်တော့ရော တော်တော်များများကတော့ မိမိစိတ်ကို မိမိသိတတ်ကြတယ်တဲ့။ ထားပါတော့ […]


ကြားလိုက်ရသည့် သတင်းကြောင့် သူရှက်မိနေတယ်။ ဘာကြောင့်လဲဆိုတော့ ဒိကိစ္စကိုကျူးလွန်သူသည် သူ၏ တစ်ဦးတည်းသော ဆွေမျိုးရင်းချာ တစ်ယောက်ဖြစ်နေမိလို့ပါပဲ။ စဉ်းစားရမည်ဆိုလျှင် ဘယ်သူက ဘယ်သူ့ကြောင့်လို့အပြစ်ဖို့နေစရာအကြောင်းမရှိဘူးလို့ထင်တယ်။ သိက္ခာတွေ၊ အရှက်တရားတွေကို သူနှင့်အတူ သူကမိသားစုကပါပေးဆပ်လိုက်ရတာဟာ တန်ရဲ့လားလို့ ပြန်စဉ်းစားမိပြန်ရော။တကယ်ဆိုလျှင် ချမ်းသာလောက်သည့်ငွေကြေးပမာဏမဟုတ်သည့်တိုင်အောင် မိမိပတ်ဝန်းကျင် မိသားစုအားလုံး၏ အရှက်၊ သိက္ခာတွေနှင့် လဲလောက်ရအောင် သည်လုူမစဉ်းစား မဆင်ခြင်ပဲလုပ်လိုက်သည့်အမှားဟာ ပြင်ဆင်လို့ရတဲ့ အမှားလားလို့ နည်းနည်းလေးမှ မတွေးမိဘူးတဲ့လား။ ကိုယ့်ကိုယ်ကိုယ် မျက်နှာပူရ၊ အားလုံးသော အထက်လူကြီးများကို မျက်နှာပူရ နှင့် သူ့မျက်နှာကို သူပြန်ပြီး မှန်ထဲ၌ မကြည့်ရဲသည့် အခြေအနေ။ မိသားစုအတိုင်းအဝိုင်း၊ ဆွေမျိုးများ၏ မျက်နှာများကိုမှမထောက် သည်လူပြုလုပ်လိုက်သည့်က သူများ ပစ္စည်းကို ကိုယ်ကျိုးအတွက် အသုံးချလိုက်သည်တဲ့။ ကြည့်လိုက်ပါဦး သည်လူ အသုံးချလိုက်သည့် ပစ္စည်းက ပြောရရင်တော့ အမိုက်ဖြစ်နေပြီလို့ […]


“မှော်ပန်းပွင့်“ အပိုင်း(၄) ပန်းပွင့်နွယ် ဘေးသို့လွင့်ကျသွား၏။ သူလည်းရုတ်တရက် ကြောင်ပြီးကြည့်နေလိုက်မိသည်။သူနှင့် ပန်းပွင့်နွယ်တို့နှစ်ဦး လမ်းလျှောက်နေစဉ်တွင် ရုတ်တရက် ဆိုင်ကယ်တစ်စီးက အရှိန်နှင့်မောင်းလာပြီး ပန်းပွင့်နွယ်ကို ဝင်ချိတ်သွားမိခြင်းဖြစ်သည်။ ဆိုင်ကယ်သမားကလည်း စာနာစိတ်ကင်းမဲ့စွာ တစ်ချက်ကလေးတောင် ရပ်မကြည့်ပေး။ တရှိန်ထိုးမောင်းပြေးသွားလေသည်။ “ ညီမ ဘာဖြစ်သွားသေးလဲ“ “ ညီမ ခြေကျင်းဝတ်က နာတယ် လက်မောင်းလဲ အောင့်တယ် အစ်ကို “ ပန်းပွင့်နွယ်ကိုကြည့်လိုက်တော့ မျက်နှာလေး နီမြန်းနေ၏။ လူအများကြား၌ ရှက်နေသည်ဟန်ပေါက်နေသည်။ “ လာလာ ညီမ အစ်ကို ညီမဆိုင်ရောက်မှ ဘာဖြစ်လဲ သေချာသိရအောင်ကြည့်ပေးမယ် ဆေးခန်းသွားသင့်သွားရတာပေါ့ ခု လမ်းရောလျှောက်နိုင်ရဲ့လား ခြေထောက်ထောက်ပြီး မတ်တပ်ရပ်ကြည့်လိုက် ညီမ“ ပန်းပွင့်နွယ် အားယူ၍ မတ်တပ်ရပ်ကြည့်သည်။ ရပ်၍ရ၏။ တော်ပါသေးရဲ့ ဟု သူ့စိတ်ထဲ အလုံးကြီးကျသွားသည်။  […]


“မှော်ပန်းပွင့်“ အပိုင်း(၃) သူရုတ်တရက်လန့်နိုးလာလေသည်။ ဘေး၌ကြည့်လိုက်တော့ ဒေါ်မိမိသိရီကျော်က ကြောင်ပြီးသူ့ကိုကြည့်နေသည်။ သူ့ကိုယ်ကတော့ ဖိန်းဖိန်းရှိန်းရှိန်းနှင့် ပူနွေးလို့ကောင်းတုန်းရှိသေး၏။ သူ့ကိုယ်သူ ဖျားနေမှန်းသူသိလိုက်ရသည်။ အခန်းထဲ၌ သူနှင့် ဒေါ်မိမိသိရီကျော်နှစ်ယောက်တည်းရှိနေသည်ကို သူပထမဆုံး သတိထားမိလိုက်သည်။ သူရုတ်တရက် အားနာသွားပါသည်။ ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းသလိုများဖြစ်သွားပြီလားဟု တွေးမိ၍ဖြစ်သည်။ သူ အိပ်ယာမှထရန် ပြင်လိုက်သည်။ “ အို မောင်လေး မထနဲ့လေ “ “ရတယ် အစ်မ ကျနော်“ “ မောင်လေး ရေချိုးပြီးတန်းအိပ်လိုက်လို့ထင်တယ် နောက် ခရီးပန်းလာတာလည်း ပါလိမ့်မယ် အစ်မ ထမင်းစားခေါ်ဖို့ ဒီဖက်လာတော့ မောင်လေး ညည်းသံကြားလို့ကြည့်လိုက်တော့ ဖျားနေတော့တာကို “ “ ကျနော် အားနာလိုက်တာဗျာ ကျနော့်ကြောင့် အစ်မတို့ ကရိကထမများနေပြီလားမသိဘူး“ “ ဘာမှမများပါဘူး ဒီလိုပဲ မှော်ထဲရောက်စ […]


“မုန်းမာန်ချိုးတဲ့ အချစ်ကန့်လန့်ကာ“ (၁) သီချင်းသံတစ်ပိုင်းတစ်စကို ကြားလိုက်ရတော့ အတိတ်ကို ပြန်လည် အမှတ်ရလိုက်တယ်။ လွမ်းတယ်ဆိုတာကို သူမခံစားဖူးပါဘူး။ သူများတွေလွမ်းတယ် လွမ်းတယ်လို့ ပြောနေကြတုန်းက သူက ဟားတိုက်ရယ်မောခဲ့ဖူးတယ်။ ခုတော့ သူ့ကို ပြန်လည်ပြီး ဟားတိုက်နေကြပြီ။ ကောင်မလေးရယ် နင်ရက်စက်တယ်နော်။ ×××××××××××××××××××××××××××××××××××××××××××××××××××××× အပြုစားခံ အသည်းနှလုံးလို့ပြောရအောင်လည်း နင်က ကဝေမဟုတ်တော့ ငါပဲ ဘာသာပြန်လွဲမှားခဲ့သူပေါ့။ ငါတို့နှစ်ယောက်ဆုံခဲ့တာ ကံကြမ္မာကြောင့်ဆိုရင် ခုချိန်အပြစ်ပြန်တင်ရရင် ကံကြမ္မာက တရားခံပဲလေ။ နင်တို့နှစ်ယောက်ကြားမှာ ငါက အသုံးချခံ သုံ့ပန်းတစ်ယောက်ဆိုရင် ဘယ်သူက ဒီဗျူဟာကြီးကို ခင်းခဲ့တာပါလဲ။ ရိုက်ပြီး မေးစစ်စရာမလိုတဲ့ ဒီပွဲမှာ ငါက လှလှကြီးရှုံးခဲ့ရသူတစ်ယောက်ဆိုရင် နိုင်တယ်လို့ မပြောသာတဲ့ နင်တို့ကရော အထက်ကနေ ပြုံးပြီးလက်ပိုက်ကြည့်နေနိုင်တာ ငါအံ့ဩတယ်။ ကိုယ့်နှလုံးသားကို ပြန်လည် တစ်ပတ်ရိုက်ပြီး ညာနေကြတာချင်းအတူတူ […]


“ဆုံးဖြတ်ချက်လေး မှားခဲ့တယ်“ (1) ဆုံးဖြတ်ချက်မှားပြီဟု သူမသိလိုက်ရသည်က နောက်မှပါ။ သည်တစ်ချက်လေး ဆုံးဖြတ်ချက်မှားယွင်းလိုက်သည်နှင့် သူမလက်လွတ်ဆုံးရှုံးခဲ့ရသည်က များလှပါသည်။ သူမသည် သည်လိုအမှားမျိုးကို ကျူးလွန်မိလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးမိပေ။ သူမသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော သူတစ်ယောက်။ အများက ရဲရင့်ဖျတ်လတ်သော သူမကို အားကျကြသည်။ သူမကတော့ အများအလည်မှာ ထင်ပေါ်ကျော်ကြားလှသည်ကို ဂုဏ်ယူပျော်မွေ့သည်။ ထို့အတူ အမှားတစ်စုံတစ်ရာမရှိအောင်လည်း ကိုယ့်ကိုကိုယ် ဂရုစိုက်သည်။ ခုလို အမှားမျိုးကို သူမ၏ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သူမ ဘ.ယ်လိုထုတ်ဖော်ပြောပြရမည်လဲ။ လက်ရှိအလုပ်တစ်ခုကို လက်လွတ်ပြီး လက်ဦးဆရာဟူသော သူမ၏ သံယောဇဉ်ကြောင့် သူမ သည်အလုပ်ကိုလက်ခံဖြစ်သည်။ သူမ သည် လွန်ခဲ့သော နှစ်များဆီက ဘာမှမသိသော သူတစ်ယောက်။ သူမ ခုလို လည်လည်ဝယ်ဝယ်ရှိလာအောင်၊ သူမ ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် […]