ကားနားတွင် ဝေ့လည် ဝေ့လည်ဖြစ်နေသော သူတို့အဖွဲ့ အူကြွနေကြပြီ။ ခုချိန်ထိ ဇော်သန့်နှင့် ဘဂျမ်းမှာ ပေါ်မလာသေးသဖြင့် စိတ်အပူလုံးက ကြွလာလေပြီ။ တစ်ခုခုဖြစ်နေမလားဟူသော အတွေးက လူကို ခြေမကိုင်မိ လက်မကိုင်မိဖြစ်စေ၏။ မြင့်ဇော်ဦးက နောက်တစ်ခေါက်ပြန်သွားကြည့်ရမလားဟုမေးသော်လည်း လမ်းက ပိတ်ချေပြီ။ နောက်ထပ် ဘယ်သူ့ကိုမှ မသွားစေချင်တော့။ ဇော်သန့်နှင့် ဘဂျမ်းသည် တစ်နေရာရာမှာများ အခက်အခဲတွေ့နေရော့လား။ သူသည် သူငယ်ချင်းများကို သူ့အတွက်နှင့် တစ်ခုခုဖြစ်သွားမည်ကို အတော်လေး စိုးရိမ်သည်။ ထိုစဉ်တွင်ပင် သူ့နောက်ကျောကို တစ်ယောက်ယောက်က လှမ်းပုတ်ခြင်းကိုခံလိုက်ရသည်။ သူ့လှည့်ကြည့်တော့ “ဟာ ဇော်သန့်” ဇော်သန့်နှင့် ဘဂျမ်းဖြစ်နေသည်။ ဒီကောင့်တစ်ကိုယ်လုံး ဗွက်တွေနှင့် ပေရာ ဗလပွဖြစ်နေသည်။ “ဟာကွာ စိုးရိမ်နေကြတာကွ ။ မင်းတို့ဘာလုပ်နေကြတာလဲ။ ဒီမှာ ကိုသော်က တော်တော်လေးကို မျက်နှာပျက်နေပြီ။” မြင့်ဇော်ဦးက […]


ထိုစကားကိုကြားလိုက်ရတော့ မျှော်လင့်ချက်တွေ အဝီစိအထိကျသွားခဲ့ပြန်တော့သည်။ မနက်ဖြန်။ သူ့အတွက် မနက်ဖြန်သည် အားရစရာတစ်ချက်ကလေးမှမရှိ။ မက်လင်ချောင်ဘက်တွင်ကြားနေရသော သတင်းတွေက စုံလှသည်။ သူတို့ ကုမ္ပဏီ မီးလောင်ပြီးနောက်တစ်ရက်တွင် ကုမ္ပဏီအတွင်းရှိ ပစ္စည်းများကို ရွာသားတွေ ဝင်ရောက်ယူငင်နေကြကြောင်း သိရသဖြင့် သူ့မျှော်လင့်ချက်ကလေး လုံးဝနည်းနည်း ပျက်စီးသွားခဲ့လေသည်။ ရွာသားတွေတောင် ဝင်ယူသည်ဆိုလျှင် သူတို့ရော။ ဇော်သန့်က သူ့အား တီးတိုးတိုင်ပင်သည်။ “ကိုသော် ကျွန်တော်တို့သွားကြည့်ရင်ကောင်းမယ်ထင်တယ်” “မင်းက သွားချင်စိတ်ရှိလို့လား” “ဟာ ရှိတာပေါ့။ ” “မင်းတစ်ယောက်တည်းလား” “မဟုတ်ဘူး ဘဂျမ်းရယ် မြင့်ဇော်ဦးရယ် ပါလိမ့်မယ် ။ အစ်ကို့ဆိုင်ကယ်ကိုပဲပေးလိုက်” “မင်းတို့ အရဲမစွန့်နဲ့နော် ။ ငါကတော့ သိပ်မသွားစေချင်ဘူး ။ ဘာမှန်းမသိ ၊ ညာမှန်းမသိ။ တော်တော်ကြာ ဒုက္ခတွေ့မှာလည်းဆိုးတယ်” “စိတ်ချပါ ကိုသော် ကျွန်တော်တို့အရင် […]


  “ဘုရား ဘုရား ငါသေတော့မလို့ပါလား” ကိုကျီးဥ ကိုယ့်ကိုကိုယ့် ပြန်တွေးမိရပြီ။အချိန်က ည ၁ဝနာရီကျော်ကျော်မို့မှောင်နှင့်မည်းမည်း။ ကိုကျီးဥ ပြေးနေသည်။ ရှေ့တွင် မည်သူ့ကိုမျှ မမြင်မိ။ ဝန်ထမ်းအချင်းချင်း မည်သူမည်ဝါ သည်းကွဲစွာ မမြင်ရတော့။ ကိုကျီးဥ အလယ်ကုန်းရွာနားကိုအရောက် နောက်သို့ပြန်လှည့်ကြည့်မိသည်။ မီးတောက်တွေ။ မီးတောက်တွေ။ ဘုရား ဘုရား နောက်တစ်ကြိမ် ဘုရားတမိရပြန်ပြီ။ ကိုကျီးဥ ခြေလှမ်းတွေ မမြင်မကန်းနှင့် မမုံရွာသို့ ဦးတည်နေသည်။ ကိုကျီးဥ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသလား။ စိတ်ထဲတွင် ဖြစ်ပျက်သွားသော အခြေအနေကို မယုံနိုင်အောင်ဖြစ်နေရသည်။ ဘယ်ကိုသွားရမလဲ။ ဘယ်သူ့ကို ဆက်သွယ်ရမလဲ။ ခေါင်းထဲတွင် တစ်ခုမှ စဉ်းစားမရ။ ကုမ္ပဏီရုံးချုပ်ကို အကြောင်းကြားဖို့ ဖုန်းဆက်ဖို့ ကိုကျီးဥဆီတွင် ချူးတစ်ပြားမှ ပါမလာ။ အကယ်၍ ဆက်၍ရသည်ပဲထား။ သူတို့လာရဲပါ့မလား။ ခြေလှမ်းတွေ […]


“ကိုကျီးဥ ဟုတ်လား ဘုရားဘုရား” ကိုကျီးဥကို သူကောင်းကောင်းသိသည်။ အင်မတန် သဘောမနောကောင်းသော လူတစ်ယောက်ဖြစ်သည်။ အဲဒီလူ ဘာကြောင့်များကျန်ခဲ့ရပါလိမ့်။ သူသူ ကိုယ်ကိုယ် ကိုကျီးဥအတွက် စိုးရိမ် ထူပူသွားကြသည်။ ဟိုနား လူတစ်စု ဒီနားလူတစ်စုနှင့် တိုင်တိုင်ပင်ပင် တွေးတွေးငေးငေးရှိနေကြသည်။ ခဏအကြာမှာတော့ သူတို့ရုံးချုပ်ထောင့်နားသို့ လူများ အပြေးအလွှား သွားနေကြသည်ကိုတွေ့ရသဖြင့် သူတို့ သူငယ်ချင်းတစ်စုပါ အတူ ရောယောင်ပါသွားကြသည်။ “မီးလောင်နေတဲ့အရှိန်ရဲ့ကျယ်ပြန့်ပုံအရဆိုရင် တို့ကုမ္ပဏီတော့ ကုန်ပြီနဲ့တူတယ်” ထိုစကားသံသည် စိတ်ပျက်အားငယ်ခြင်းကို အောက်ဆုံးအထိရောက်စေခဲ့ပြီ။ သူ့မျက်စိထဲတွင် ထုပ်ပိုးပြီးသားရော မထုပ်မပိုးခဲ့ရသည့် ပစ္စည်းတွေကိုရော ပြန်လည် မြင်ယောင်လာမိသည်။ ပစ္စည်း သင်္ခါရ လူသင်္ခါရဆိုသော်လည်း ရုတ်တရက်ကြီးကြရောက်လာသော ဘေးဆိုးကြောင့်ဖြစ်ရသည်မို့ ချက်ချင်းကြီးတော့ တရားနှင့်မဖြေနိုင်သေး။ ရှိတဲ့သူတွေအတွက်တော့ နေ့ချင်းညချင်းကြီး ဝယ်ယူစုဆောင်းလိုက်လျှင်ရသော်လည်း မရှိသော သူ့လို ကုမ္ပဏီ ဝန်ထမ်းအဖို့တော့ […]


သူတို့ရောက်ရှိနေသောနေရာသည် မေလ(၂၉)ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲငယ်တစ်ခုဖြစ်ပွားရာနေရာတစ်ခုဖြစ်သည်။ ဖားပြင် ဆုတောင်းကုန်းနှင့် တောင်ဘက် ဥရုချောင်းကြားရှိ ဖားပြင်ရွာအထွက်တွင်ဖြစ်နေသည်။ အပြန်အလန် ပစ်ခတ်နေကြသည်က ဥရုချောင်းတစ်ဘက်ကမ်းမှဖြစ်သည်။ ဦးခေါင်းထက်ဆီမှ သေနတ်သံများသည် ကြက်သီးထဖွယ်လိလိ။ သူတို့လေးဦးသား မြေပြင်တွင် ဝပ်ချလိုက်သည်။ လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးစ နှစ်စီးစကတော့ အရဲစွန့်သွားလာလျှက်ရှိနေသည်။ သူတို့ လေးဦး မထွက်ရဲသေး။ ကားတစ်စီးတစ်လေမှ ဖြတ်သွားသည်ကိုမတွေ့ရ၍ အခြေအနေကိုစောင့်ကြည့်နေရသည်။ သူတို့ကို ကုမ္ပဏီရှိ လူကြီးများကလည်း မျှော်နေကြလိမ့်မည်ဟု သိသည်။ ဖုန်းပါလာ၍ဆက်ကြည့်သော်လည်း အချိန်အခါမရွေး လူကြီးမင်းနှင့်တွေ့နေရသောကြောင့် အရေးထဲအရာပေါ် စိတ်ဓါတ်တွေ ကြရပြန်သည်။ “ဘယ်လိုလဲ ဆက်သွားကြမလား” သူ့အမေးကို ဘယ်သူမှ မဖြေကြ။ ဇော်သန့်က “အခြေအနေ စောင့်ကြည့်ပါဦး တော်တော်ကြာ ကားကို လှမ်းပစ်လိုက်လို့ ဒုက္ခတွေများကုန်ပါ့မယ်” “ဟုတ်တယ် နေပါဦး ကျွန်တော်တို့ရောက်နေတာ ပစ်ကွင်းကြီးနော်။ […]


အချိန်က နေ့လည် တစ်နာရီ မိနစ်(၂၀)။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။ မွန်းလွဲနေသည် ပူပြင်းလျှက်ရှိသည်။ မိုးမရွာသဖြင့် ဩဂုတ်လ နေသည် အတော်လေးကို စွာနေ၏။ သူတစ်ယောက်တည်း အခန်းထဲတွင် ရှိနေချိန်ဖြစ်သည်။ ထိုစဉ်မှာပင် အင်ဒြူး တစ်ယောက် အခန်းထဲသို့ အပြေးတစ်ပိုင်းရောက်လာပြီး “ကိုသော်ဇင် ဘာလုပ်နေတာလဲ အထုပ်အပိုးတွေ ပြင်တော့လေ” “ဘာကိစ္စပြင်ရမှာလဲကွ မင်းကလည်း စကားပြောတာ အစ မရှိ အဆုံးမရှိ” “အေးဆေးလုပ်နေ ဟိုမှာ သူများတွေ အထုပ်အပိုးတွေပြင်နေကြပြီ” “ဟေ” “ဟုတ်တယ် အစ်ကို ဒီမှာ မနေရတော့ဘူးတဲ့ ၁ဝယောက်ထပ်ပိုနေလို့မရဘူးတဲ့ ကျွန်တော်တော့ မနေခဲ့တော့ဘူး အစ်ကိုရော” သူ အတော်လေးကို ထူပူသွားပါသည်။ အခြေအနေက ရုတ်ချည်းပါလား။ သူ ယခုလိုအခြေအနေဖြစ်လာလိမ့်မည်ဟု မထင်ထား။ ယခင်အပတ်ကတော့ သူတို့အနီးအနား ကုမ္ပဏီများတွင် […]


တစ်စုံတစ်ဦးကို ကြောက်ရွံ့ဖူးသလားလို့မေးရင် ဟုတ်ကဲ့ လို့ဖြေလိုက်မိမှာပါပဲ။ ကြောက်ရွံ့ခြင်းတွေနဲ့ ကင်းဝေးတယ်လို့ပြောရင် ကျွန်တော်မယုံပါဘူး။ အားလုံးဟာ တစ်ခုမဟုတ် တစ်ခုတော့ ကြောက်ရွံ့ မိနေတတ်ကြပါလိမ့်မယ်။ ဘယ်လိုအရာမျိုးကို ကြောက်ရွံ့နေကြသလဲလို့မေးရင် တစ်ဦးနဲ့တစ်ဦး အဖြေတွေကတော့ တူညီနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ကြောက်သလား၊ ပိုးမွှားတိရိစာ္ဆန်တွေကို ကြောက်သလား၊ သက်မဲ့ အရာဝတ္ထုတွေကို ကြောက်နေသလား၊။ အဲဒီမေးခွန်းတွေထဲက အဖြေတစ်ခုခုကတော့ ကျွန်တော့်ဆီမှာ အဖြေတစ်ခုကတော့ မုချရှိနေပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော် လူတွေကိုကြောက်ပါတယ်။ လောကမှာ ကြောက်စရာအကောင်းဆုံးဟာ လူတွေပါပဲ။ အတ္တတွေကို တံခွန်ထူထားတဲ့လူတွေ။ အငြိုးကြီးတဲ့ လူတွေ။ လက်တုန့်ပြန်တတ်တဲ့ လူတွေ။ လက်စားချေတတ်တဲ့ လူတွေ။ လူတွေထဲက လူဖြစ်နေတဲ့ ကျွန်တော်က ဘာကြောင့်များ လူတွေကိုကြောက်နေရပါလိမ့်လို့ မေးခွန်းထုတ်လာခဲ့ရင် အဖြေဟာ ရှည်လျား ထွေပြားပါတယ်။ […]


  မနေ့က သူ့ဆီကို မိန်းမ တစ်ယောက်လာတယ်။ ဒါပေမယ့် အဲဒီမိန်းမကို သူမသိပါဘူး။ အဲဒီမိန်းမကတော့ သူ့ကို ရင်းနှီးလွန်းနေတယ်။ စကားတွေပြောလိုက်တာများ ရေပက်လို့မဝင်ဘူး။ တစ်ခွန်းပြောလိုက် ရယ်လိုက်။ သူမရဲ့ဟန်က လွင့်နေတယ်။ နောက် သစ်လွင်တောက်ပလို့။ သူက သူစိမ်းမိန်းမတစ်ယောက်က သူ့ထံ အိမ်မှားပြီးလာရောက် စကားပြောတယ်လို့ထင်နေတယ်။ ဒါလည်း မဟုတ်ပြန်ဘူး။ သူမက သူ့ကို တော်တော်ကြီးကို သိနေသလိုမျိုး။ လွန်ခဲ့တဲ့ နှစ်အတော်များများဆီက ခင်မင်ခဲ့သလိုမျိုး။ ခုမှ ပြန်လည်တွေ့ဆုံရလို့ ဝမ်းသာ အဲလည်း ဖြစ်နေပုံမျိုး။ သူက မအီမလယ်ကြီးနဲ့ သူမပြောသမျှ အင်းလုပ်လိုက် အဲလုပ်လိုက်။ နောက် ကိုယ့်ကိုကိုယ်  လိပ်ပြာမလုံသလို ခံစားရပြန်ရော။ ခက်တယ်..။ သူမကို သူ မသိကြောင်းဘယ်လိုပြောရမလဲ။ သူမပြောတဲ့ သူ့အကြောင်းတွေကလည်း အတော်များများ မှန်နေတယ်။ […]


          တကယ်တော့ ကျွန်တော်တို့တွေဟာ လေထဲမှာ တိုက်ဆောက်နေ ကြတာပါပဲတဲ့။ စိတ်ကူး အိပ်မက်တွေနဲ့ မျောလွင့်နေကြပြီး အဲဒီအိပ်မက်ကနေ နိုးထဖို့ကိုတော့ ဘယ်သူမှ မကြိုးစားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ရက်တွေ ၊ လတွေ၊ နှစ်တွေနဲ့အချိန်တွေ ကုန်လွန်ခဲ့ကြတယ်။ အိပ်မက်ဟာ အိပ်မက်အဆင့်တွေမှာသာရှိနေပြီး လက်တွေ့လောကမှာတော့ အကောင်အထည်မဖော်ဖြစ်ခဲ့ကြပါဘူး။ ဒါကြောင့် လူတိုင်းက ကျွန်တော်တို့ကို သတ်မှတ်ကြတယ်။ စိတ်ကူးနဲ့ရူးနေကြသူများတဲ့။ နောက်တစ်ခုက လေဖမ်းဒန်းစီးနေကြသူများတဲ့။ ကျွန်တော်တို့ ကိုယ်တိုင်တောင် ဘာမှန်း ခွဲခွဲခြားခြား မသိနိုင်သေးခင်မှာပဲ  ပတ်ဝန်းကျင်က တပြေးညီသတ်မှတ်လိုက်ကြတာပါ။ ဒီလိုဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်ဟာလည်း…။ (၁) ရည်မှန်းချက်တွေဟာ ကျွန်တော်တို့ရဲ့ အသက်လို့တင်စားကြတယ်။ ပန်းတိုင်တစ်ခုကိုရောက်ဖို့ ရည်မှန်းချက်ဆိုတဲ့ လှေကားတစ်စင်းတော့ လိုအပ်တယ်။ ငယ်ရွယ်စဉ်ကလေးဘဝကနေ ကျွန်တော်တို့ ခုလက်ရှိအထိအောင် ထားခဲ့ကြတဲ့ ရည်မှန်းချက်တွေ ဘယ်နှစ်ခုရှိနေပြီလဲ။ သေချာတာကတော့ တစ်ခုထက်မက […]


လူတစ်ယောက်၏ ခံစားချက်အမှန်ကို သိရှိစေရန်မှာ ခက်လှပါသည်။ ဖြစ်ချင်ရာဖြစ်ဟု ရွက်လွင့်ပြီးခါမှ မဖြစ်နိုင်သော အခြေအနေကြောင့်နောက်ပြန်လှည့်ကြည့်ရခြင်းကို သူ မုန်းပါသည်။ မည်သို့သော ခံစားချက်မျိုးများ ဖြစ်ပေါ်သောကြောင့် သူ့ကို ဆင့်ခေါ်ရပါသနည်း။ သူ အပြေးအလွှား ပြန်လည်ရောက်ရှိချိန်တွင်မူ မြင်ကွင်းက မကောင်းလှ။ မနက်နေခြည်နုနု၏ အလင်းရောင်သည် ကုတင်ပေါ်၌ အရိုးပေါ်အရည်တင်လျှက် လဲလျောင်းနေသော လူမမာပေါ်တွင် ရေးရေးလေး ကျရောက်လျှက်ရှိသည်။ ထိုလူ့အတွက် အချိန်သည် သိပ်မရှိတော့။ အဝေးဆီကနေ ပြန်လာသော သူ့ကို စောင့်မျှော်နေဟန်ရှိသည်။ သူအခန်းတွင်သို့ ခြေတစ်လှမ်းစတင် ဝင်ရောက်လိုက်သည်နှင့် အားလုံး သော မျက်လုံးများသည် သူ့ထံသို့ စုပြုံကျရောက်လာသည်။ ထိုအကြည့်များကြောင့်ပင် သူ့ကိုယ်သူ သိမ်ငယ်သွားသယောင် ထင်လိုက်မိသေးသည်။ သို့သော် အပြစ်ရှိသူတစ်ယောက်၏ သိမ်ငယ်မှုမျိုးမဟုတ်ပေ။ လက်တလော ခံစားချက်ကြောင့် သူ့အား စောင့်မျှော်နေရလေခြင်းဟူသော စာနာစိတ်မျိုးမှ […]


  ဗဟုသုတရှာမှီးရန်အလို့ငှာ ယခင်က စာကြည့်တိုက်ကို အားထားခဲ့ရသည်။ ယခုမူ စာကြည့်တိုက်သည် အားထားရန်အတွက်မရှိတော့ပြီ။ အများစုသော ဝန်ထမ်းများကမူ မည်သို့မျှ မခံစားရ။ စာဖတ်သော သူများကတော့ နှမြောတသဖြစ်ကြရသည်။ စာရေးသူတို့ရသော တစ်လ လစာထဲမှာ စာအုပ်ဖတ်ရန်အတွက် ဖဲ့သုံးလာရသည်။ ယခင်တုန်းကတော့ စာအုပ်ဖတ်ရန်အတွက် ငွေကုန်ခြင်းမမရှိခဲ့ပေ။ ကုမ္ပဏီမှာ အခမဲ့ငှားရမ်း၍သောကြောင့် စိတ်လက်ချမ်းသာစွာ ဖတ်ရှုခွင့်ရခဲ့သည်။ ယနေ့တွင် စာအုပ်ဈေးသည်ပင် ခေါင်ခိုက်နေသည်။ အပျော်ဖတ်စာအုပ်များမှစ၍ တက်ကျမ်းများအထိ  ပေးဝယ်ရသည့်ဈေးမှာ ထောင်ဂဏာန်းအထက်မှ သောင်းကျော်ထိပေးဝယ်လာရသည်။ လခစား ဝန်ထမ်းများအဖို့ တစ်လ တစ်အုပ်ဝယ်ဖတ်ရန်ပင် မလွယ်ကူချေ။ အချို့သော ဘာသာရေးဆိုင်ရာစာအုပ်များသည် ဓမ္မဒါနအလို့ငှာ ဖြန့်ဝေသောကြောင့် တစ်ထောင်ကျပ်ကျော်ကျော်ဖြင့် ဝယ်ယူ၍ရလာသည်။ ကျေးဇုူးတင်ရမည်မှာ အမှန်ပင်ဖြစ်သည်။ နာမည်ရ ရဟန်းစာဆိုတော်များ၏ စာအုပ်များသည် ဈေးသက်သက်သာသာနှင့် ဝယ်ယူ၍ရနေသည်။ ဖတ်ရှုရသူမှာလည်း ကျေနပ်စရာကောင်းနေတော့သည်။ […]


တဖြည်းဖြည်း နည်းပါးလာသော စာကြည့်တိုက်ရှိ စာအုပ်ဗီဒိုကိုကြည့်ရင်း စိတ်ပျက်လာမိသည်။ စာအုပ်လာငှားပြီး ပြန်လာမအပ်သော လူများကိုလည်း သူ မအံဩချင်တော့ပေ။ ပြန်လာအပ်သော စာအုပ်များကိုလည်းကြည့်လိုက်ဦး။ အဖုံးမရှိတော့သော၊ အထဲက စာရွက်များ စုပ်ပြဲနေသော၊ ဟိုတစ်ရွက် ဒီတစ်ရွက် တစ်ပိုင်းတစ်စ ဖြဲထားသော စာအုပ်များက များတထက်များလာသည်။ စာကြည့်တိုက်ထားရခြင်း ရည်ရွယ်ချက်သည် ကုမ္ပဏီရှိ ဝန်ထမ်များ အတွေးအမြင် ဗဟုသုတရရှိစေရန်က အဓိက အချက်ဖြစ်သည်။ စာဖတ်ခြင်းဖြင့် မွေ့လျော်စေရန်၊ စာအုပ်များမှပေးသော အသိပညာ၊ အတတ်ပညာ၊ တွေးဆ ဆင်ခြင်ခြင်းအနုပညာများ ရရှိစေရန်အလို့ငှာ ထားရှိပေးခြင်းဖြစ်ပါသည်။ အပျော်ဖတ် စာအုပ်များမှ စပြီး ကာတွန်း၊ အချစ်ဝတ္ထု၊ သုတ၊ရသစာအုပ်များ၊ တက်ကျမ်းများ၊ လစဉ်ထုတ် မဂ္ဂဇင်းများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ အဆုံး စုံလင်စွာ ထားရှိခဲ့သည်။ သို့သော် ထို […]


  (၁) အခန်းထဲ၌ တိတ်ဆိတ်နေ၏။ ကုတင်ပေါ်၌ တစ်ဖက်စောင်းလျှက်အိပ်ပျော်နေသော အမေ့ကိုမနိုးရက်။ သားပြန်ရောက်လာပြီလေဟု ဝမ်းသာလုံးစို့နေသည့်အသံနှင့် ပြောမထွက်သေး။ ကိုယ်စိတ်နှလုံးပင်ပန်းလွန်းနေသည့် အမေ့ကို ဘယ်လိုမေးရမည်လည်းဟုသာ အတွေးထဲစိုးမိုးနေသည်။ ကြမ်းပြင်ပေါ်၌ ဖုန်တို့ခပ်ပါးပါးလေးတင်နေ၏။ သည်မနက်အဖို့ အမှိုက်မလှဲရသေးမှန်း ကျွန်တော် သိလိုက်သည်။ သည်လို မနက်စောစောအချိန်မှာတောင် အမေ့အနား တစ်ယောက်မှရှိမနေတာကိုတော့ ကျွန်တော့် စိတ်ထဲက ခံပြင်းမှု ဒေါသမီးတွေကို ဟုန်းဟုန်းတောက်စေသည်။ အခန်းထဲကို မျက်စိကစားကြည့်တော့ အံ့ဩရပြန်သည်။ အမေအမြတ်တနိုးရှိခဲ့သည့် အဝတ်ဗီဒိုကြီးနှင့် တစ်ချို့သော ပရိဘောဂတွေ ဘယ်ရောက်ကုန်ပါလိမ့်။ လွန်ခဲ့သည့် သုံးနှစ်ကနှင့်မတူ တိတ်ဆိတ်လွန်းနေသည့် အိမ်သည် ယခု ကျွန်တော်ရောက်နေသော နွေးထွေးသော အိမ်လေးမှ ဟုတ်ပါလေစဟု သံသယဖြစ်မိပြန်သည်။ ကျိုးကြောင်း ကုန်စင်ကို အမေဖုန်းဆက်တိုင်း ဘာကြောင့်မပြောရသည်လဲ ဟု သိချင်နေမိသည်။ အမေမပြောသည့်တိုင် သိနေနှင့်သည့် […]