သင့်အေးရိပ် စုဆောင်းတင်ပြပါသည်။ Mar 22 ။ ပြည်တွင်းဈေးကွက်မှာ အခေါက်ရွှေ ၁ကျပ်သားကို ၄၂ သိန်းကျပ်ဝန်းကျင်နဲ့ ဒီနေ့မှာ အမြင့်ဆုံးရောက်ရှိနေကြောင်း ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။ စစ်အာဏာမသိမ်းခင်က ရွှေ ၁ကျပ်သား ၁၃ သိန်းဝန်းကျင်ရှိခဲ့ရာကနေ ၃နှစ်ကျော်အတွင်းမှာ ၂၉ သိန်းကျပ်မြင့်တက်ခဲ့တာဖြစ်ပါတယ်။ US ဒေါ်လာကတော့ ၁ ဒေါ်လာကို ကျပ် ၃,၇၀၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ် လုပ်နေကြပါတယ်။ တပတ်အတွင်း တဖြည်းဖြည်းတက်လာတဲ့ စက်သုံးဆီ အောက်တိန်း (95)ရဲ့ ဆိုင်စျေးနှုန်းဟာ ဒီနေ့မှာ ၁လီတာကို ၂,၉၀၀ ဖြစ်လာပြီးစျေးတက်ပေမဲ့ ရန်ကုန်မှာ လိုသလောက် ဝယ်လို့မရဘဲ အချိန်ကြာ တန်းစီနေရတဲ့အပြင် နယ်တွေမှာတော့ ၁ လီတာကို ၄,၀၀၀ ကျပ်လောက်အထိရောင်းချနေပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အထက်လေညှင်းတောင်ကျေးရွာကို […]


သင့်အေးရိပ်February 28, 20248min7520
သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Feb 20 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ “အောင်လံလွှင့်ချီ နွေဦးထီ”ကို မကြာခင်မှာ ပြန်လည် ဖွင့်လှစ်ရောင်းချသွားဖို့ ရှိနေပြီး ဆုကြေးငွေကျပ် သန်း ၅၀၀ ထိ တိုးမြှင့် ထားကြောင်း သိရပါတယ်။ စစ်ကောင်စီကတော့ အဆိုပါ ထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကိုတရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ကြေညာထားပါတယ်။ ရန်ကုန်မြို့ကနေ စစ်တွေနဲ့ ကျောက်ဖြူကို လေယာဉ်နဲ့ပြန်လာတဲ့ ခရီးသည် ၆ ရာ နီးပါး လေဆိပ်အရောက်မှာပဲ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရခိုင်မှာ တိုက်ပွဲတွေ စဖြစ်ချိန်ကတည်းက ကုန်းလမ်းနဲ့ ရေလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းကိုပဲ အားကိုးနေရတာပါ။ ချိုင်းနား-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေ […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Jan 25 ။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄) မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ကြမ်းခင်းစျေး ကျပ်သိန်းပေါင်း သုံးသန်းကျော်(US ဒေါ်လာ သန်း ၉၀ ခန့်)နဲ့ လေလံတင်ရောင်းချဖို့ ရန်ကုန်တိုင်း ကမာရွတ်ခရိုင်တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။ အာဏာသိမ်း ၃ နှစ်ကာလအတွင်းမှာ စစ်ကောင်စီက အကျဉ်းသားပေါင်း ၉၀၀၀၀ ကျော်ကို နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးကြောင့် ပြစ်ဒဏ် ချမှတ်ခံထားရသူ ၇၀၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၃ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ စစ်တမ်းအရ သိရပါတယ်။ အမေရိကန်တွေ မြန်မာပြည်ကို သွားရောက်လည်ပတ်ခြင်းမပြုကြဖို့ ရန်ကုန်ရှိ US […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Dec 20 ။ စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ဒေသတွေမှာ လေကြောင်းသုံး တိုက်ခိုက်တာတွေ ရှိနေပေမဲ့၊အရပ်သားတွေအားထားနေရတဲ့ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေကတော့ ၃ပုံ ၁ပုံလောက် လျော့နည်းသွားတဲ့အပြင် တချို့မြို့ ပြေးဆွဲမှုတွေ ရပ်နားနေပြီး၊ လေယာဉ်လက်မှတ်ခတွေလည်း စျေးတက်သွားကြောင်း သိရပါတယ်။ ချိုင်းနား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ကို မြန်မာ့ပြောင်းဆန် တန်ချိန် ၇ သိန်း တင်ပို့သွားဖို့အတွက် MOU(နားလည်မှုစာချွန်လွှာ) လက်မှတ်ရေးထိုးထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း(MICA)ထံမှ သိရပါတယ်။ မြန်မာပြည်မှာ ပြောင်းစိုက်ပျိုးမှု ဧက ၂ သန်းကျော်၊ အထွက်နှုန်း တန်ချိန် ၃ သန်းကျော်ရှိပြီး ပြည်တွင်းသုံးစွဲမှု တန်ချိန် ၁ သန်းနီးပါးရှိကာ ပြည်ပတင်ပို့မှု တန်ချိန် ၂ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။ Dec 19 ။ လျှပ်စစ်မီး […]


သင့်အေးရိပ်November 27, 202310min5680
မြန်မာပြည်သတင်း ဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Nov 23 ။ မြန်မာပြည်တဝန်းမှာ တိုက်ပွဲတွေ အရှိန်မြင့်တက်လာတာကြောင့် အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၂၂ ရက်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃၃၅,၀၀၀ ထပ်တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UN OCHA)က သတင်းထုတ်ပါတယ်။ ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ တလကျော်အတွင်း အရပ်သား ၆၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်း(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)က ပြောပါတယ်။ Nov 22 ။ မြန်မာပြည်မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ လူဦးရေထူထပ်တဲ့ မြို့ပြနေရာတွေအထိ ကျယ်ပြန့်လာနေပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးကျယ်ဆုံးနဲ့ […]


သင့်အေးရိပ်November 1, 202310min9390
သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Oct 18 ။ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင်းက ဟိုတယ်တွေမှာ သီတင်းကျွတ် ပိတ်ရက်အတွက် အခန်းကြိုတင်မှာယူမှုတွေကြောင့် အခန်းအားလုံး ပြည့်နေပြီဖြစ်ကြောင်းဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)က ပြောပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ ထောပတ်သီးတွေကို ထိုင်းနဲ့ ဘာရိန်းနိုင်ငံအပြင် အိန္ဒိယနိုင်ငံနဲ့ ပြင်သစ်နိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူတွေဆီကသိရပါတယ်။ မြန်မာပြည်မှာ ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အဓိက စိုက်ပျိုးကြပါတယ်။ Oct 17 ။ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် အာဏာသိမ်းမြန်မာစစ်တပ်ကို ရှုတ်ချကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။ စကစဟာ အွန်လိုင်းငွေလိမ် ရာဇဝတ်မှုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေပြီးအဲဒီလုပ်ငန်းဟာ အကြီးဆုံး […]


သင့်အေးရိပ်September 24, 202311min14120
မြန်မာပြည်သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Sept 20 ။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားတွေ အများအပြား ကွန်ဒိုတိုက်ခန်းတွေ ဈေးကြီးပေး ဝယ်ယူနေထိုင်နေကြရာမှာ မြန်မာပြည်သားတွေလည်း ၂၀၂၃၊ ၆ လအတွင်းဘတ်သန်းပေါင်း ၁,၂၇၄ သန်းဖိုး ဝယ်ယူခဲ့ကြောင်း BTimes ထိုင်း စီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။ မြန်မာပြည်သားတွေဟာ အကျယ်အဝန်း ၈၉ ဒသမ ၈ စတုရန်းမီတာရှိကွန်ဒိုတိုက်ခန်းကို ဘတ် ၇ သန်းအထိ ပေးဝယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသားအစည်းအရုံး-ကေအန်ယူဟာ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေကုတ် မြဲမြဲ ယူထားနိုင်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းကြီး တခုဖြစ်သလိုနွေဦးတော်လှန် ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတခုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ နိုင်ငံတဝန်းမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် […]


မြန်မာပြည်သတင်းဒိုင်ယာရီ သင့်အေးရိပ် စုဆောင်းတင်ပြသည်။ July 17 ။ စစ်ကောင်စီက ရခိုင်ဒေသ၊ မုန်တိုင်းဒဏ် ခံရတဲ့ ဒေသတွေက အိမ်ထောင်စုတွေကို ထောက်ပံ့တာတွေ ပြုလုပ်ပေးနေပြီး ဇူလိုင်လထဲမှာတော့ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာစုတွေဆီလာရောက် ထောက်ပံ့တာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ်က မိုခါမုန်တိုင်းကြောင့်ကျေးရွာပေါင်း ၅၀ ကျော်ရဲ့ ၉၅ % နီးပါး ပျက်စီးခဲ့ပါတယ်။ UNOCHA မြန်မာရဲ့ ထုတ်ပြန်ချက်တွေအရကတော့ ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအဖွဲ့တွေရဲ့ခရီးသွားခွင့်တွေလည်း ကန့်သတ်ခံထားရဆဲ ဖြစ်ကြောင်း သိရပါတယ်။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ US ကနေ ဒရုန်းတွေ၊ သံချပ်ကာမော်တော်ယာဉ်တွေ၊ ရေဒါစောင့်ကြည့်မှုကိရိယာတွေ ဝယ်ယူဖို့အပါအဝင်လက်နက်မဟုတ်တဲ့ အကူအညီနဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက် စုစုပေါင်း ဒေါ်လာ ၅၂၅ သန်း အကူအညီတောင်းခံထားကြောင်း သိရပါတယ်။ သို့ပေမဲ့ မြန်မာအရေးဟာUS […]


မြန်မာပြည်သတင်းဒိုင်ယာရီ သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Jun 19 ။ နေပြည်တော်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၁၉ ဒီနေ့မှာ အသက် ၇၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။ပန်းတွေ အမြဲလို ပန်ဆင်လေ့ရှိတဲ့ သူမရဲ့ မွေးနေ့မှာ ပြည်တွင်းပြည်ပက မြန်မာတွေအားလုံး ဦးခေါင်းထက်မှာ ပန်းတွေပန်ပြီး ပန်းသပိတ် ဆင်နွှဲကြဖို့စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေက နှိုးဆော်ခဲ့ပါတယ်။ရန်ကုန်တိုင်းအတွင်းရှိ ပန်းကိုင်သူ၊ ပန်းပန်သူ အမျိုးသား၊ အမျိုးသမီးတချို့ဟာ ပန်းသပိတ်မှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုခံရကြောင်း မြို့ခံတွေဆီက သိရပါတယ်။ Jun 18 ။ ရခိုင်ပြည်နယ်ကို မေ ၁၄ ရက်က ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်ပြီး အချိန် ၁ လကျော်ကြာတဲ့အထိ စစ်ကောင်စီဘက်ကပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ထိရောက်စွာ မလုပ်နိုင်သေးကြောင်း ဒေသတွင်း […]


မြန်မာပြည်သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Apr 12 ။ နိုင်ငံတဝန်း လက်နက်ကိုင်ခုခံမှုတွေကို အင်အားသုံးနှိမ်နင်းနေတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးအသုံး စရိတ်ကို မနှစ်ကထက် ကျပ်ဘီလီယံ ၂ထောင်နီးပါး တိုးမြှင့်လိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ ၂၀၂၃ – ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက်ကာကွယ်ရေး အသုံးစရိတ်ကို ကျပ် ၅၆၃၅ ဘီလီယံ သတ်မှတ်ထားပြီး၊ ယခင်ဘဏ္ဍာနှစ်ကတော့ ကာကွယ်ရေး အသုံးစရိတ် ကျပ် ၃၇၀၃ ဘီလီယံ သတ်မှတ်ခဲ့တာပါ။ စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၂၄၀ နဲ့ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၃၄၈ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ၂၀၂၁၊ ဖေဖော်ဝါရီ ၁ […]


မြန်မာပြည်သတင်းဒိုင်ယာရီ သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Mar 17 ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားပါတီ ၁၁ ခုအထိ ရှိလာပြီဖြစ်ကြောင်း စကစ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၁၄၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၄၄၀ ယောက်ထိ ရှိလာခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပြီး ဒီစာရင်းဟာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃၊ မတ် ၁၇ အထိ အေအေပီပီက မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်ကြောင်းပြောပါတယ်။   Mar 16 […]


သင့်အေးရိပ်February 27, 20238min131780
မြန်မာပြည် သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Feb 16 ။ လိုင်စင်၊ ပါမစ်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကဲတွေက အများဆုံးလျှောက်ထားနေကြကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်၃နှစ်ကျခံဖို့ အမိန့်ချခံထားရတဲ့ အဂတိလိုက်စားမှု ၂ခုအတွက် အယူခံတင်သွင်းမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံဘဲ ပယ်ချခဲ့ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီငွေတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးတာမဟုတ်ဘဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့ လှူတာဖြစ်ကြောင်း ဦးမောင်ဝိတ်က ထွက်ဆိုထားပါတယ်။ Feb 15 ။ စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ စကစ တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ […]


သင့်အေးရိပ်January 26, 20239min70510
မြန်မာပြည်သတင်းဒိုင်ယာရီ (Jan 2023) သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Jan 16 ။ USနဲ့ ဥရောပ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃ ခုရဲ့ ကုမ္ပဏီပေါင်း ၄၅ ခုကျော်ဟာ မြန်မာစစ်ကောင်စီ စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်ဖို့ပံ့ပိုးကူညီနေကြကြောင်း ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာပြည်ဆိုင်ရာအကြံပေးကောင်စီ(SAC-M)က သတင်းထုတ်ပြန်ပါတယ်။ US ၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြေးလျ၊ ရုရှား၊ ချိုင်းနား၊ အစ္စရေး၊ ယူကရိန်း၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ အခြေစိုက်တဲ့ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ(ကပစ)ကို အထောက်အကူပြုပစ္စည်းတွေ ရောင်းပေးနေတာလို့ ဆိုပါတယ်။ နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်တွေဟာ ဒရုန်းတွေကို အသုံးပြုပြီး စစ်ကောင်စီတပ် တည်ရှိရာ နေရာတွေကို တွင်ကျယ်စွာတိုက်ခိုက်ချေမှုန်းလာတာကြောင့် […]