နွေဦးMay 6, 20134min31514
ရှေးအခါက မိန်းမတွေဟာ စိတ်ထဲက လိုသော်ရှိ မလိုသော်ရှိ မကြေနပ်ချက်များလာရင် ကျိန်စာတိုက်တတ်တဲ့ အကျင့်များရှိခဲ့ကြဘူးပါတယ် ။ အခုခေတ် လူငယ်တွေထဲမှာလည်း မကြေနပ်ရင် ဘာဖြစ်ပါစေ ညာ ဖြစ်ပါစေ စသဖြင့် ကျိန်စာတိုက်တတ်တာတွေလဲရှိတာဘဲမဟုတ်လား..။ တချို့ကျိန်စာတွေက တကယ်ဖြစ်တတ်တယ်လို့ ယူဆကြတဲ့ သူတွေ ထဲမှာ ဟိန္ဒူအယူရှိတဲ့သူတွေက ပိုတတ်ပါတယ် ။ ရေမရှိတဲ့မြစ်နဲ့ သစ်ပင်မပေါက်သောတောင် အကြောင်းပြောရရင် မုစလိန္ဒာ အိုင်က စပြောရပါလိမ့်မယ် ။ ဟိန္ဒူတွေရဲ့ အယူအရ သေသူတွေရဲ့ ဝိဉာဏ် တွေဟာ မုစလိန္ဒာကန်ဘေးမှာ မကျွတ်မလွတ်မခြင်း နေကြရတယ်တဲ့။ ကျန်ရစ်သူတွေက နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး ဆုတောင်းပေးမှ ဝိဉာဏ်တွေက ကျွတ်လွတ်ကြရတယ်တဲ့ ။ အခါတပါး၌ ရာမ မင်းသားနဲ့ မယ်သီတာတို့ဟာ မုစလိန္ဒာအိုင်မှာ ဆုတောင်းပူဇော်ပွဲလုပ်ဖို့ တာဝန်ရှိလာပါတယ်တဲ့ ။ […]


နွေဦးMay 3, 20132min38712
      “မုစလိန္ဒာအိုင်မှာ ပြန်လည်ဆုံမယ်ဟောတဲ့ဗေဒင်..မယုံသော်လည်းစိတ်ပြေတယ်.. ဘုရားမှာ စနေဒေါင့်ပန်းလှူမယ်..”ဆိုတဲ့ မြန်မာပြည်သိန်းတန်ရဲ့ သီချင်းလေး ကြားပြီးထဲက မုစလိန္ဒာအိုင်ဆိုတာ မြင်ချင် ကြည့်ချင်နေတာပါ။ ဗုဒ္ဓဂါယာ ဘုရားဖူးရောက်သွားတော့လည်း မုစလိန္ဒာကန်ကိုတွေ့တော့ ဘယ်လိုကြည့်ကြည့် လှနေတယ်လို့ မြင်လို့ ကြည့်လို့မဝနိုင်အောင်ပါဘဲ ။ ဒါပေမယ်လို့ပေါ့လေ…. မုစလိန္ဒာအိုင်မှာ ပြန်ဆုံကြမယ်ဆိုတာကိုစိတ်ဝင်စားမိတာပေါ့ ။ချစ်သူတွေချင်းကွေကွင်းကွဲကွာသွားကြရင် မုစလိန္ဒာပြန်ဆုံတွေ့ကြမယ်ပေါ့..။ ဘယ်ပုံ ဘယ်နည်းနဲ့များတွေ့နိုင်မလဲ.. အရင် ဇာတ်လမ်းလေးများရှိ ခဲ့ဘူးသလားပေါ့..။ အလွမ်းဇာတ်များ စိတ်ကူးနဲ့ ဒီသချင်းရဲ့အရသာကို ခံစားကြည့်မိပါတယ်…။ လုံးလုံးလျှားလျှားကြီး များတော့တာပါဘဲ..။ဒါပေမဲ့ သီချင်းရေးဆရာရဲ့ စိတ်ကူးဖွဲ့နွဲ့မှုကိုတော့လေးစားလောက်ပါရဲ့ ။ ဟိန္ဒူတွေရဲ့ အယူဝါဒ ကို မသိခဲ့ နားမလည်ခဲ့တော့စိတ်ကူးလေးတွေယဉ်လို့ပေါ့လေ..။ ဟိန္ဒူတွေရဲ့ အယူဝါဒအရ သေဆုံးပြီးတဲ့သူတွေရဲ့ ဝိဉာဏ်တွေဟာ မကျွတ်မလွတ်မချင်း မုစလိန္ဒာအိုင် ပါတ်ဝန်းကျင်မှာ နေကြရပါတယ် ။ မိသားစုတွေက ကုသိုလ်ကောင်းမှုတွေလုပ်ပြီး သူတို့ကို အမျှဝေပေးမှ ကျွတ်လွတ်ပြီး လိုရာကို သွားနိုင်ကြတယ်လို့ အယူရှိကြပါတယ် […]


နွေဦးJanuary 31, 20132min25417
ရန်ကုန်မြို့က မောတော်ကားများ  စည်းမဲ့ ကမ်းမဲ့ မောင်းနေလိုက်တာများ .. facebook က page တခုမှာတွေ့လို့ ကူးယူတင်ဲပလိုက်ပါတယ် . ဒီပုံတွေအတွက် ခွင့်ပြုချက် ယူပြီးသားပါ..             ဒီလောက်ဆို ရန်ကုန်က ကားတွေ ဘယ်လို စည်းမဲ့ကမ်းမဲ့ ဖြစ်နေလဲလို့ မြင်မှာပါ.. ပိုပြီးသိချင်မြင်ချင်ရင်တော့ facebookက “စည်းမဲ့ ကမ်းမဲ့ မော်တော်ကားများ” page မှာ ကြည့်ပါဗျာ… တနေ့တနေ့ လမ်းမပေါ်မှာ စိတ်ဆင်းရဲလွန်းလို့ပါ။     နွေဦး မျှဝေပေးသည် ။          


နွေဦးJanuary 30, 20133min58565
ထမင်းစားတော့မယ်ဆို ဘာဟင်းလဲလို့ မေးမိတတ်တယ် အသားဟင်းမပါရင် မျက်နှာက သိပ်မကောင်း ဟိုတယောက်ကတော့ အသားဟင်းဆို ဝက်သားလား  အမဲသားလား ဘာအသားဟင်းမှ ထူးထူးခြားခြားမရှိရင်နေ ကြက်သားဟင်းကတော့ ဆိုင်တိုင်းရှိတတ်မြဲ ဟို အသားရှောင် ဒီ အသားရှောင် ရှောင်ကြတဲ့သူတွေ ပေမဲ့ ကြက်သားတော့ မရှောင်ကြဘူးလေ….။ အဲဒီကြက်တကောင် ကြက်သားဟင်းဖြစ်ဖို့ (ရန်ကုန်ကို) လာရတဲ့ခရီးမနီးဘူး အဲလိုဘဲ လမ်းမှာလဲ သက်သက်သာသာ လာခဲ့ရတာ မဟုတ်ပြန်ဘူး…. ခင်ဗျားတို့ ဟင်းပန်းကန်ထဲ ဘယ်လိုရောက်လာလဲ ဆိုတာ အကြမ်းဖျင်းလေးဘဲ ပြလိုက်ပါ့မယ်… ဈေးထဲ လည်လှီးသတ်နေတဲ့ ပုံတွေတော့ မြင်မကောင်းလို့ တင်မပေးတော့ပါဘူးဗျာ..                   ဒါလေးတွေ ကြည့်ပြီး အိမ်ပြန်ရောက်ရင် ကြက်သားဆီပြန်ဟင်းလား ဘူးသီးနဲ့ကြက်သားလား ကြက်သားနဲ့အာလူးခပ်စပ်စပ်လေး ချက်စားမလားပေါ့….   […]


နွေဦးJanuary 3, 20132min136259
မြန်မာ့ စားသောက်ဖွယ်ရာများနဲ့ ပါတ်သက်လို့ လေ့လာကြည့်တဲ့အခါ အစားအသောက် မျိုးစုံ ရဲ့ ချက်နည်းပြုပ်နည်းတွေ စုံစုံလင်လင် တွေ့ရပါတယ် ။ ဒါပေမဲ မြန်မာတွေ ထမင်းနဲ့ဟင်းကို လက်နဲ့ နယ်ဖတ် စားသောက်တဲ့အကြောင်း စားသောက်ပုံစားသောက်နည်းတွေကို မတွေ့မိပါဘူး ။ ဂျပန်တွေက ပြောတတ်တယ် သူတို့က စားစရာတွေကို မျက်စိနဲ့ အရင် အရသာခံစားပြီးမှ ပါးစပ်က (လျှာ က) အရသာခံတယ်လို့ ဆိုပါတယ် ။ကျွန်တော်က သူတို့ကို အားကျမခံ “မြန်မာတွေက စားစရာကို လက်က အရင် အရသာခံပြီးမှ ပါးစပ်က အရသာခံတယ်” လို့ ပြော ဖြစ်တယ် ။ လက်လှမ်းမှီသလောက် ကတော့ စားသောက်စရာ ထမင်းစတာတွေကို လက်နဲ့ နယ်ဖတ်ပြီးစားသောက်တဲ့ဓလေ့က အာရှနိုင်ငံတွေမှာဘဲ တွေ့ရပါတယ် ။မြန်မာပြည်ရဲ့ […]


နွေဦးDecember 30, 20125min38740
စားသောက်တော့မယ်ဆို ဘယ်လိုစားမလဲ လို့မေးရအုုံးမယ် ။ကျွန်တော်တို့တတွေကတော့ လက်ဆေး ပုဂံယူ ထမင်းနဲ့ဟင်း သင့်သလို ထည့်ပြီး လက်နဲ့ အားရပါးရ နယ်စားလိုက် ပြီးတာဘဲပေါ့ ။ငပိရည် တို့စရာလေးတွေ မြှုပ်ထည့်ပြီး အားရပါးရလွှေးလိုက်ရရင် ဆွေမျိုးတောင်မေ့သွားသလားဘဲ ။ ဇလုံနဲ့နယ်ဖတ်စားရမယ်ဆိုရှယ်ပေါ့နော် ။   ဒါပေမဲ့ ခေတ်ကပြောင်းနေပြီဗျာ…။အရင်လိုမဟုတ်တော့ဘူး ။ဘယ်သူမဆို နိုင်ငံအကြီးအကဲ ဖြစ်နိုင်တဲ့ ဒီမိုကရေစီ စနစ်နဲ့ နိုင်ငံဖြစ်လာပြီလေ ။ ဒီတော့ ကံကောင်းအကြောင်းလှလို့ နေရာတစ်နေရာမှာ လူကြီးဖြစ်လာပါပြီတဲ့ …သူ့အဆင့်နဲ့သူ ညစာစားပွဲတွေ ဧည့်ခံပွဲတွေ တက်ရမယ် လူကြီးလူကောင်းတွေနဲ့ အတူတူ စားရသောက်ရတော့မယ်ဆို အိမ်မှာလို ထမင်းကို လက်နဲ့ အားရပါးရ နယ်ဖတ်ပြီး စားလို့မရတော့ဘူးလေ ။ မှင်နဲ့မောင်းနဲ့ အိန္ဒြေရရ စားသောက်ရတော့မှာပါ ။   နိုင်ငံရပ်ခြားတိုင်းပြည်တွေကို […]


နွေဦးDecember 21, 20122min14210
ရောက်ရောက်ခြင်း အမြန်ဖူးရတဲ့ မဟာမုနိ ရုပ်ရှင်တော် ဘုရားကြီး ကျုံးတောင်ဘက်က ဖြတ်သွားတုန်းခဏ မန ္တလေး တောင်ပေါ်မှာ မန ္တလေး တောင်ပေါ်မှ မန ္တလေးမြို့ကို ခဏလောက် အလွမ်းပြေကြည့် မန ္တလေး တောင်ပေါ်မှ မန ္တလေးမြို့ကို ခဏလောက် အလွမ်းပြေကြည့် အနောက်မြောက်ဒေါင့်က ကျုံး ဒေါင့် ကန်တော်ကြီး ကို ကုက္ကိုရိပ်က လှမ်းကြည့်တော့ လွန်ခဲ့တဲ့ နှစ်၄ဝ လောက်က တက်ခဲ့ဘူးတဲ့ စိုက်ပျိုးရေး တက္ကသိုလ်…. နေခဲ့ဖူးတဲ့ ရတနာပုံ ကျောင်းဆောင်… မရောက်တာကြာပြီဖြစ်တဲ့ မန ္တလေး ကို ခဏလေးရောက် လို့ များများ မြင်ရအောင် ကျယ်ကျယ်လေး ရိုက်လိုက်တယ် ဒါပေမဲ့ မတင်ဖြစ်တာကြာတဲ့ မန ္တလေး ဂေဇက်မှာ […]


နွေဦးNovember 27, 20121min2059
ကျွန်တော်တို့ အမြဲကြားနေ ဖတ်နေရတာတွေက “သင့်အလုပ်ရှင်ကို အဆင်ပြေအောင်ဆက်ဆံနည်း” “အထက်လူကြီးကို မပြောရသော စကားလုံးများ” စတာတွေဘဲ အတွေ့များပါတယ် ။ ဒါကကျွန်တော်တို့ဟာ အမြဲတန်း အောက်လက်ငယ်သားဘဲဖြစ်ရမယ်လို့ အတွေးဝင်စေပါတယ်။ တကယ်တော့ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက်နဲ့ တချိန်မှာ လုပ်ငန်းရှင် ပိုင်ရှင် အထက်လူကြီးတယောက်  ဖြစ်ရမဲ့သူတွေပါ ။ ဒီတော့ ကျွန်တော်တို့အတွက် ကိုယ့်လက်အောက်ငယ်သားတွေကို ဘယ်လိုပြောဆို ဆက်ဆံသင့်တယ်ဆိုတာ သိထားသင့်တဲ့ အကြောင်းပါ။အဲ…..တကယ်လို့ သင်ဟာ တသက်လုံး အလုပ်သမားတယောက် ဝန်ထမ်းတယောက် ဘဝကနေ တိုးတက် လွတ်မြောက်ဘို့ ရည်ရွယ်ချက်မရှိတော့ဘူး ဆိုရင်တော့ ဒီစာစုဟာ သင့်အတွက် အသုံးဝင်မှာ မဟုတ်လို့ ကြိုတင်တောင်းပန်ပါရစေ ။ တကယ်တော့ ဒါတွေဟာ ကျွန်တော့ရဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မန်နေဂျာတွေ ပြောဆိုဆက်ဆံနေကြတဲ့အပေါ်မှာ သတိပြုမိပြီး ကောက်ချက်ချထားတာတွေပါ […]


နွေဦးNovember 26, 20121min792
ရာသီချိန်မှီ ရေးတင်ပြချင်သော်လည်း ရှားပါးသော အချိန်ကြောင့် နောက်ကျသွားပါသဖြင့် နားလည်ခွင့်လွှတ်စေချင်ပါသည်။ “သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ်၊ ဆွမ်းမှာပိဏ္ဍပါတ်” ဟူ၍ ရှိလေရာ မြတ်စွာဘုရားရှင် မိန့်ကြားခဲ့သည့် အတိုင်း အမြတ်ဆုံးအလှူတို့တွင် ကထိန်သင်္ကန်း လှူခြင်းလည်း ပါဝင်၏။ ဦးစွာ ကထိန်မမြောက်သော သင်္ကန်းများမှာ… ၁။ နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ၂။ ဤသင်္ကန်း (ဗိုလ်မ၊ ကြာငါးခိုင်၊ ဇောတိက၊ သမ္မတစသည်)တို့ဖြင့် ကထိန်ခင်းရမည်ဟူ၍ ဘုန်းကြီးကပြော၍ ကထိန်ခင်းလျှင် ၃။ ငါ့၌ရှိသောသင်္ကန်းကို ဝတ္ထုငွေနှင့်လဲလှယ်၍ ကထိန်ခင်းပါဟုဆိုလျှင် ၄။ ခေတ္တငှားရမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ၅။ ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ သိုမှီးသိမ်းဆည်းထားသည့် သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ၆။ ကထိန်ခင်းသည့် နေ့မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော […]


နွေဦးNovember 15, 20122min1467
ရာဇဝင် စာတင်ပြောကြကြေးဆို ကျုပ်တို့သမိုင်းမှာ သူရဲကောင်းများစွာ ရှိခဲ့ပါတယ် ။ သတ္တိဂုဏ်ရောင် ထွန်းပြောင်သူထဲမတော့ နောင်ရိုးတိုက်ပွဲလို နောက်ပြန်မလှဲ့ကြေး ဖေါင်ဖျက်လို့ အနိုင်တိုက်ခဲ့တဲ့ ဘုရင့်နောင်ရဲ့သတ္တိကိုတော့ မြန်မာတွေ အသိပါဘဲ ။ သူ့ခေတ်သူ့အခါ သူသည်လည်း ဘုရင့်နောင်ပါ ဒီခေတ်မှာတော့ ငါသည်လည်း ဘုရင့်နောင်ပါဘဲ..။ စေတနာ စေတနာ အခါခါပြောပြီး ရသမျှအကုန်နှိုက်တတ်ကြတဲ့ လူရမ်းကားတသိုက်ကြောင့် မြစ်တစင်းပေါ်မှာ အလျှားလိုက်ကျောခင်းလို့ ယိုင်နဲ့နဲ့ တံတားတစင်း ငါဖြစ်ခဲ့တာပေါ့ ။ ငါမမွေးဖွားခင်ကတည်းက ငါ့ရဲ့အသွေးအသားတွေကို စုတ်ယူခဲ့ကြသလို ခုချိန်ထိလည်း ဖဲ့ယူစားသောက်နေကြဆဲပါ။ တကယ်လို့ သူတို့သာဖဲ့မစားခဲ့ရင် ရာဇဝင်မှာ ထွန်းပြောင်ခဲ့တဲ့ ဘုရင့်နောင်လို ငါလည်း နှစ်တရာလောက် ကြံ့ကြံ့ခံနိုင်ပါရဲ့ ။ ခုတော့ငါ့ဘဝ ဟိုလူရွှင်တော်တွေပြက်လုံးထုတ်သလို “ဖွင့်ပွဲကြီးက မြိုင်မြိုင်ဆိုင်ဆိုင်.. တံတားကြီးကို လှည့်ကြည့်လိုက်တော့ ယိုင်တိုင် ယိုင်တိုင်…” […]


နွေဦးNovember 14, 20121min23512
နွေဦးတယောက် ခလေးတယောက်မွေးပြီး ရွာလယ်လမ်းပေါ်မှာ ကိုယ်လုံးတီးနဲ့ လွှတ်လိုက်တယ်လို့  ဆိုပြီး သူတကာ အပြစ်မပြောခင် ကိုယ့်ဖါသာ စဉ်းစားမိလို့ ဘယ်လို ဆင်ခြေပေးရကောင်းမလဲ တွေးမိသွားတယ်..။ တော်သေးတာပေါ့..။ကိုယ်ဆွေမျိုးသားခြင်း များနေတဲ့ ဒီလို ဂေဇက်ရွာထဲလွှတ်လိုက်မိလု့ိပေါ့ ။ တခြားရွာထဲများ သွားလွှတ်မိ လို့ကတော့ ဂျို နဲ့ သားရေနဲ့ အရိုးနဲ့ အသားနဲ့ ရစရာမရှိလောက်အောင် စုတ်ပြတ်သတ်သွားမှာ  ။ တွေးမိရင်းကြက်သီးတောင် ထမိပါရဲ့ ။ ကိုယ့်ခလေး ရွာထဲ တုံးလုံးလေး ဝင်သွားပေမဲ့ ရွာထဲကလူတွေက ဖေးဖေးမမ ကြည့်ကြ ပြောကြတာတွေ နွေဦး နောက်က တိတ်တိတ် စောင့်ကြည့်နေခဲ့ပါတယ် ။ တချျို့ကတော့ “ခလေးက ဖြူဖြူချောချောလေး ” ဆိုပြီး ဝိုင်းချီမွမ်းကြတယ် ။ တချို့ကြတော့လဲ “ဒီကောင်နွေဦး ခလေးသာမွေးလိုက်တယ် အင်္ကျီ ဘောင်းဘီလေးတွေတောင် မဆင်ပေးလိုက်ရကောင်းလား”ဆိုပြီး ဂရုဏာ တွေနဲ့ ပြောကြ ဆိုကြတယ် ။ ဒါတွေကိုလဲ နွေဦးက နောက်က တိတ်တိတ်လေး ပီတိတွေနဲ့ နားထောင်နေခဲ့ပါတယ် […]


နွေဦးNovember 12, 20122min55539
နေ့တိုင်းမဖြစ်မနေ သုံးနေကြပေမဲ့ ဘယ်လိုသုံးရမယ် ဘယ်လိုသုံးသင့်တယ် ဆိုပြီး ဘယ်သူ့ကိုမှမမေးဘဲ သုံးနေတဲ့ အရာတခုရှိနေတာလေ ။ အဆင်ပြေသလို ကြုံသလို သုံးနေကြပြီးအဆင်ပြေနေကြတာပါ ။ ပြောရမယ်ဆိုရင်တော့ ကိုယ်တိုင်လည်း အဆင်ပြေသလို သုံးတယ် နောင်လာနောက်သားတွေလဲ အလျှင်းသင့်သလို အခက်အခဲမရှိ ဘယ်သူသိတာမှတ်လို့ ဆိုပြီး စနစ်ပျောက် သုံးလာကြတာ ကြာခဲ့ပြီမဟုတ်လား ။ ဟုတ်တယ်လေ.. ဘယ်လူကြီးသူမတွေကမှ အိမ်သာ သုံးရင် ဘယ်လိုသုံးရမယ် ဆိုတာ သတ်မှတ်ချက်တွေ စည်းကမ်းတွေနဲ့ ထိမ်းသိမ်းခဲ့တာ မရှိခဲ့ဘူးလေ.. ။ ဘယ်စာရေးဆရာတယောက်မှ အိမ်သာ ဘယ်လို သုံးရမယ် ဆိုတဲ့ စာ တတန် ပေတဖွဲ့ မှတ်မှတ်ရရ မတွေ့ခဲ့ဖူးဘူး ။   ကျောင်းသားအရွယ် မူလတန်း အလယ်တန်း အထက်တန်းကျောင်း တွေ တက်ပြီး […]


နွေဦးOctober 20, 20121min21811
ဘာပြောရမလဲ..လုပ်တဲ့သူတွေက လုပ်ပေးနေပါတယ်..။ ရည်ရွယ်ချက်လည်းကောင်းပါတယ်..။ အမြန်ဆုံးလဲ အကောင်အထည်ဖေါ်နေပါတယ်..။ ဒါကို အကောင်းမမြင်တဲ့သူတွေ အမျိုးမျိုးဝေဖန်လဲ လုပ်သင့်တယ်ထင်တာကို လုပ်နေကြတာပါဘဲ..။ ကောင်းလာမယ်မကောင်းလာဘူးဆိုတာ အသေအချာတော့ မပြောနိုင်ဘူးပေါ့..။ ခုဘဲကြည့်…… ဘယ်လိုနားလည်ပေးရမှာလဲ.. ကြိုးစားပြီးလုပ်ပေးနေတဲ့ သူတွေကိုမှအားမနာ.. ခပ်ဝေးဝေးတောင်မရောက်သေး.. မျက်စေ့အောက်မှာတင်ရှိနေသေးတာတောင်.. မျက်နှာပြောင်ပြောင် သူတို့မို့လုပ်ရက်တယ်.. အော်..အလုအယက်ဆိုင်ထွက်နေတဲ့သူတွေ ပြောပါတယ်… ဘယ်အချိန်မှာ ဘယ်သူတွေက ကူပြီး ဘယ်လိုခရီးကို ဘယ်တော့ရောက်လိမ့်မလဲ လို့…. နွေဦး..တွေးမိသလို ရေးကြည့်ပါသည်..။