Wai Aung Chan MyoOctober 22, 20131min2278
၁။ သစ်မွှေးကို ဘယ်ဒေသ၊ ဘယ်မြေမျိုးတွေမှာ စိုက်လို့ရသလဲ ၂။ ဘယ်မျိုးကို စိုက်ဖို့ သင့်တော်မလဲ ၃။ ဘယ်အချိန် စိုက်ဖို့ သင့်တော်သလဲ ၄။ စိုက်မယ်ဆိုရင် ကြိုပြီး ဘာတွေ ပြင်ဆင်ထားသင့်သလဲ ၅။ မြေဩဇာအနေနဲ့ ဘယ်လိုကျွေးရမလဲ ၆။ အပင်စိုက်ပြီးနောက်ပိုင်း ဘယ်လိုပြုစုမှုတွေ လိုအပ်သလဲ ၇။ မှိုဆေးသွင်းတာနဲ့ ပတ်သတ်ပြီး ဘယ်လိုတွေ လုပ်ရမလဲ ၈။ ထွက်ကုန်နဲ့ ပတ်သတ်ပြီး ဈေးကွက်က ဘယ်လိုရှိလဲ ၉။ အရေးကြီဆုံးဖြစ်တဲ့ ကိုယ်ဘယ်လောက် မြတ်နိုင်ချေ ရှိမလဲ စတာတွေဟာ အမေးအများဆုံးပါ။ ဒါတွေနဲ့ ပတ်သတ်လို့ တခုချင်း ဖြေပေးပါမယ်။  ၁။ သစ်မွှေးကို ဘယ်ဒေသ၊ ဘယ်မြေမျိုးတွေမှာ စိုက်လို့ရသလဲ ဒီရေဝင်တဲ့မြေ၊ စိမ့်မြေ၊ ဆားပေါက်တဲ့မြေ၊ ရေဝပ်တဲ့မြေ […]


Wai Aung Chan MyoOctober 22, 20131min1273
မြန်မာတောင်သူကြီးများဂျာနယ် (The Farmer) အတွဲ(၃)အမှတ်(၃၂)ပါ .. မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းက ထိုင်းနိုင်ငံထက် သာနိုင်တဲ့ အလားအလာ၊သာနိုင်တဲ့ အနေအထားရှိပါတယ် မြန်မာနိုင်ငံတွင် သစ်မွှေးစိုက်ရန် စိတ်ပါ ဝင်စားလာကြပြီး အသင်းအဖွဲ့များ ဖွဲ့စည်းလာကြရာ ကျေးလက်နေပြည်သူများ အကျိုးရှိနိုင်မည့် သစ်မွှေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်ရန် ထိုင်းနိုင်ငံ မဲဆောက်သစ်မွှေးအလုပ်ရုံ တာဝန်ခံ ဦးသန်းထွန်းကို သစ်မွှေးအဆီထုတ်လုပ်မှုနှင့် ထိုင်းသစ်မွှေး ဈေးကွက်အကြောင်း မြန်မာတောင်သူကြီးများဂျာနယ် သတင်းထောက် ရူပါအောင်ဝင်းက တွေ့ဆုံမေးမြန်း တင်ဆက်လိုက်ပါသည်။ – သစ်မွှေး လုပ်ငန်းအတွေ့ အကြုံလေးကို ပြောပြပေးပါ။ လုပ်ငန်းအတွေ့အကြုံက ဒီလိုပါ။ ကျွန်တော်တို့ အလုပ်ရုံကိုမရောက်ခင်သူ ဌေးနဲ့ ဆောက်လုပ်ရေးလုပ်တော့ သူနဲ့ဆက်စပ်ပြီး ပန်းပင်လေးတွေကို မျိုးခွဲထုတ်ပေးတာကစပြီး စိုက်ပျိုးရေးကို စလုပ်ခိုင်းတယ်။ ဒီသစ်မွှေး စိုက်ပျိုးရေးရှိတယ်။ စာအုပ်လေးတွေ၊ စာတမ်းလေးတွေကို ထုတ်ပေးတယ်။ […]


Wai Aung Chan MyoJune 11, 20131min2636
“Plant never eat, but they drink” ဆိုတဲ့ စကားအတိုင်း အပင်တွေဟာ အစိုင်အခဲတွေကို မစားနိုင်ပါဘူး။ ရေသောက်မြစ်၊ အစာသောက်မြစ်တွေကတဆင့်သော်၎င်း၊ အရွက်တွေမှာ အဓိကရှိတဲ့ stoma လို့ခေါ်တဲ့ အပေါက်တွေက တဆင့်သော်၎င်း အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူပါတယ်။ (မှတ်ချက်၊ အရွက်မျက်နှာပြင် အပေါ်နဲ့အောက်မတူတဲ့ အရွက်များအတွက် အောက်မျက်နှာပြင်မှာ stoma အပေါက်တွေ ၉၅%ရှိပြီး အပေါ်မျက်နှာပြင်မှာ ၃%နဲ့ အပင်ရဲ့ကျန်နေရာများမှာ ၂%ရှိပါတယ်။ သစ်မွှေးဟာ အပေါ်နဲ့အောက် မျက်နှာပြင် မတူညီတဲ့အတွက် ရွက်ဖြန်ဆေးဖြန်းရာမှာ အောက်မျက်နှာပြင်ကို ဖြန်းမှသာ ပိုထိရောက်ပါတယ်။) ဒီတော့ အရည်ပဲ သောက်သုံးနိုင်တဲ့ အပင်တွေကို နောက်ချေးကဲ့သို့သော အစိုင်အခဲ မြေဩဇာများကို ကျွေးရာမှာ အဓိက သတိပြုသင့်တာကတော့ ရေများများလောင်းပေးဖို့ပါပဲ။ ဒါမှ […]


Wai Aung Chan MyoMay 11, 20131min2697
  ဒိုချက်ကင်သည် ဂျပန်စကားဖြစ်ပြီး မှိုနှင့် ဒေသခံအဏုဇီဝပိုးများမွေးမြူပြီး သဘာဝမြေဆွေးပြုလုပ်ခြင်းဖြစ်သည်။ ပြုလုပ်နည်း ပထမအဆင့်မှာ- ၁။ သစ်ရွက်၊ ဝါးရွက်အောက်မှ ဆွေးမြေ့နေသောမြေဆွေးများကို အပေါ်ယံ ၄၊ ၅လက်မခန့် ဂေါ်ဖြင့် ပြည်တောင်း ၁ဝတောင်းခန့်ယူပါ။ (အထူးသဖြင့် ဝါးရွက်အောက်ကမြေဆွေး ဆိုလျှင် ပိုကောင်းသည်။ ဝါးရွက်သည် အင်မတန်မာသဖြင့် ဝါးရွက်ကိုတောင် ဆွေးအောင် ပြုလုပ်နိုင်သော အဏုဇီဝသည် အခြားအရာများကိုလည်း လွယ်လင့်တကူ ဆွေးမြေ့စေသည်။) မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။ ၂။ တချိန်တည်းမှာပင် ကြံသကာအညို၊ သို့မဟုတ် ထန်းလျက်အညိုကြမ်း ၆ဝကျပ်သားခန့်ကို အရည်ပျစ်ပျစ်ကြိုကာ အအေးခံထားပြီး ရေ ၄ဂါလံဖြင့်ရောမွှေထားပါ။ ၃။ ထို့နောက်ဖွဲနု (ဝါးရွက်မြေးဆွေး၏ ၅ပုံ ၁ပုံ) (၂တောင်း)ခန့်ကို ဝါးရွက်ဆွေးအောက်ကမြေဆွေးနှင့် ရောပြီး ကြံသကာရည်အရောကို မနည်းလွန်းမများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ […]


Wai Aung Chan MyoMay 11, 20131min3262
  ဘိုကာရှီ သဘာဝမြေဩဇာဆိုသည်မှာ သဘာဝကုန်ကြမ်းများကို ၎င်းတို့ပါဝင်သည့် NPK ပါဝင်မှုများအလိုက် အချိုးညီ ပြုလုပ်ထားသော သဘာဝမြေဩဇာဖြစ်သည်။ အပင်များသို့ ဘိုကာရှီကျွေးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများမှာ ၁။ ပင်စည်၊ အကိုင်းအခတ်၊ အရွက် စသည် ဖွံ့ဖြိုးတိုးပွားမှုမြန်စေခြင်း။ ၂။ အဖူး၊ အပွင့်၊ အသီး များ ကြွေကျမှုနည်းစေခြင်း (အသီးဖြစ်ထွန်းမှု အားကောင်းစေခြင်း) ၃။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ကောင်းမွန်သောအရသာ၊ အရည်အသွေးမြင့်မားစေခြင်း။ ၄။ အပင်များ ကျန်းမာသန်စွမ်းစေနိုင်ခြင်း။ ၅။ အဖျက်ပိုး၊ ရောဂါပိုးတို့၏ တိုက်ခိုက်မှုဒဏ်ကိုလည်း ခုခံကာကွယ်နိုင်စွမ်းရည်မြင့်စေခြင်း။ ၆။ မြေကြီးအတွင်း Organic Matter တိုးပွားလာစေသဖြင့် ၎င်းကို မှီတင်းနေထိုင်ကြသော အပင်အကျိုးပြု အဏုဇီဝပိုးများ တိုးပွားလာကာ အပင်အတွက်လိုအပ်သော အစာအဟာရဓာတ်ကို ပေါများကြွယ်ဝစေခြင်း။ ၇။ […]


Wai Aung Chan MyoMarch 18, 20131min1769
လူတိုင်းလူတိုင်းမှာ အမြင်ကိုယ်စီ ရှိကြမှာဘဲ။ စပြောရင် ကလေးတယောက်မှာလဲ သူ့အမြင်နဲ့ သူရှိတယ်။ စီးပွားရေးသမားရဲ့ အမြင်နဲ့ နိုင်ငံရေးသမားရဲ့အမြင် တူမှာမဟုတ်ဘူး။ ထို့နည်းတူ ခေတ်ပညာတွေ မသင်ယူထားတဲ့သူရဲ့ အမြင်နဲ့ သင်ယူထားတဲ့သူ အမြင်ချင်းမတူနိုင်ဘူး။ သင်ယူထားသူ အချင်းချင်းတောင် ကွဲပြားကြသေးတာပဲ။ ဒီတော့ ကလေးတယောက်ကို သွားပြီး ဘွဲ့တွေ အထပ်ထပ်သင်ယူထားတဲ့သူက သူ့လောက်မသိဘူးဆိုပြီး အထင်သေးစရာမလိုသလို သူ့ရဲ့အမြင်ကို လျစ်လှူရှုလို့မရပါဘူး။ ဒီကလေးဟာ မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ သူ့အတိုင်းအတာ သူ့ပတ်ဝန်းကျင်အနေနဲ့ သူမှာ ထင်မြင်ယူဆပိုင်ခွင့်ရှိတယ်။ ဒါဟာ သူ့ရဲ့ အခွင့်အရေးပဲ။ ဒီတော့ ဒီကလေးဟာ သူ့ရဲ့ထင်မြင်ချက်အပေါ် Action ပါလာပြီဆိုရင်တော့ မေးစရာရှိလာတယ်။ အဲ့ဒီ Action မှာ မနောကံ၊ ဝစီကံ၊ ကာယကံဆိုပြီးရှိတဲ့အထဲမှ ကျနော်တို့ သိနိုင်တာ ဝစီကံနဲ့ […]


Wai Aung Chan MyoFebruary 2, 20131min1624
အပင်များကို အစာကျွေးရာတွင် မှန် (၄) မှန်ရှိသည်။ ၁။ အမျိုးအစားမှန် ၂။ အချိန်မှန် ၃။ ပမာဏမှန် ၄။ နေရာမှန် ဟူ၍ဖြစ်သည်။   ၁။ အမျိုးအစားမှန် သီးနှံအမျိုးအစား၊ အပင်၏ကြီးထွားမှု၊ အချိန်ရာသီပေါ်မူတည်၍ အပင်မှ စာသုံးသည့် အာဟာရဓာတ်မှာ ကွာခြားမှုရှိသည်။ အပင်မှ အဓိကလိုအပ်သည့် အာဟာရဓာတ် ၁ရ မျိုးအကြောင်းကို ပြီးခဲ့သည့် ခေါင်းစဉ်တွင် အနည်းကျဉ်းဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့နည်းတူ စိုက်ပျိုးရေးစနစ် ၃မျိုးတွင် ၁မျိုးစီ၏အားသာချက်အားနည်းချက်များနှင့် ၎င်းတို့အပေါ်သုံးသပ်ချက်များကိုလည်း အကျဉ်းမျှ ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့် ထိုအချက်များတွင်ပြန်၍ တိုက်ရှုဖတ်ပါလေ။ အဓိကမှာ အပင်မှ တကယ်လိုအပ်သည့်အရာကို တကယ်လိုအပ်ချိန်တွင် အချိန်ကိုက် ပမာဏကိုက်၊ နေရာမှန်၊ အမျိုးအစားမှန် ကျွေးနိုင်ရေးပင်ဖြစ်သည်။ ၂။ အချိန်မှန် အချိန်မှန်ဟုဆိုရာ၌ ရေလောင်းခြင်းမှအစ […]


Wai Aung Chan MyoJanuary 31, 20131min1354
မရှိမဖြစ်လိုအပ်သော ဒြပ်စင် (၁၇)မျိုး မရှိမဖြစ်လိုအပ်သော ဒြပ်စင် ဟု ဖော်ပြထားသော်လည်း အပင်၏ အမှန်တကယ် စားသုံးမှုပုံစံမှာ ဓာတ်စင်ချည်းသက်သက်ကို သာ အသုံးပြုသည်မဟုတ်ဘဲ ၎င်းဒြပ်စင်အဓိကပါဝင်သော ဒြပ်ပေါင်းတချို့ကို အပင်၏ အသက်ရှင်သန်နေထိုင်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ အပင်အတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင် (၁၇)မျိုးကို အုပ်စု (၄)မျိုးဖြင့် ခွဲခြားဖော်ပြနိုင်သည်။ ၎င်းတို့မှာ- (၁) ရေနှင့်လေမှ အဓိကရရှိသော ဒြပ်စင် (၃) မျိုး (၂) အဓိက အများလို ဒြပ်စင် (၃) မျိုး (၃) ဒုတိယ အများလို ဒြပ်စင် (၃) မျိုး (၄) ပမာဏ အနည်းလို ဒြပ်စင် (၈) မျိုး တို့ဖြစ်သည်။   (၁) ရေနှင့်လေမှ အဓိကရရှိသော […]


Wai Aung Chan MyoJanuary 31, 20131min1214
ခေတ်အဆက်ဆက် စိုက်ပျိုးနည်းစနစ်များကို လေ့လာခြင်းနှင့် ၎င်းတို့အပေါ် သုံးသပ်ချက် (က) သဘာဝနည်း (သမာရိုးကျနည်း) – သဘာဝမှာ သူ့အလိုလိုဖြစ်တည်နေသော အရာများ၊ သတ္တလောကမှ သူ့အလိုလို ဖြစ်တည်နေသော အရာများထံမှ ရှေးကနဦးအစကတည်းက စိုက်ပျိုးသူတို့ ရယူသုံးစွဲနေသောနည်းဖြစ်သည်။ ဥပမာ- နှစ်ချို့နေ သော သစ်ရွက်ဆွေးများ၊ မြေဆွေးများ၊ သတ္တဝါတို့၏ချေးများ၊ သဘာဝအရွက်များမှ သူ့အလိုလို ဆွေးမြေ့နေသော အရာများ စသည်တို့ပါဝင်သည်။ တနည်းအားဖြင့်ဆိုသော် လူသား၏ စိုက်ထုတ်မှုလုံ့လအနည်းငယ်သာဖြစ်စေ၊ လုံးဝမသုံးစွဲသည်ဖြစ်စေ၊ သူ့အလိုလို သဘာဝအတိုင်း ဖြစ်တည်နေသော အရာများကို လူသားတို့မှ အလွယ်တကူ ရယူသုံးစွဲနေခြင်း ဖြစ်သည်။ ဤနည်းကို စိုက်ပျိုးရေးစတင်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်မှ အေဒီ ၁၉ ရာစုအကုန်အထိ လူသားတို့ ကျင့်သုံးခဲ့သောနည်းစနည် (Traditional Agricultural System) ဖြစ်သည်။ […]


Wai Aung Chan MyoJanuary 24, 20131min3727
ပျိုးပင်များ ဈေးနှုန်းနှင့် ဝန်ဆောင်မှု   သစ်မွှေးမျိုးစေ့သည် နှစ်တစ်နှစ်၏ ဇွန်လပိုင်းတွင်သာ ရနိုင်သဖြင့် ပျိုးပင်ပေါက်များဝယ်ယူရာတွင် ကိုယ်ဝယ်ယူမည့် အချိန်ကာလပေါ် တွက်ချက်၍ ပျိုးပင်သက်တမ်းကို တွက်ချက်နိုင်သည်။ ပုံမှန်အားဖြင့် ပျိုးပင်သည် ၁နှစ်လျှင် ပျမ်းမျှ ၃ပေ ရှိသည်။ မျိုးတူသော်လည်း စိုက်ပျိုးပုံတူသော် သူ့ဗီဇပါလာသည့်ပေါ်မူတည်၍ ၁နှစ်သားပင်ဖြစ်သော်လည်း ၁ပေမှ ၅ပေခန့် အထိ အရွယ်မျိုးစုံဖြစ်နိုင်သည်။ ထို့ကြောင့် ပျိုးပင်ရောင်းသူများသည် အများအားဖြင့် ပေအလိုက် ပေါ်မူတည်၍ ရောင်းချကြ သည်။ တချို့မှာ ပျိုးအိတ်၏အမြင့်ပါထည့်တိုင်းသည်များကို ဂရုပြုပါ။ ကျနော်တို့ဆီမှပျိုးပင်များကို ပျိုးအိတ်မြေကြီးအပေါ်ပိုင်း မှစ၍သာ တိုင်းတာပါသည်။ တကယ်တမ်း အဓိက အပင်၏ကြံ့ခိုင်မှုမှာ အပင်အရပ်မြင့်ခြင်းသာမဟုတ်ဘဲ လုံးပါတ်တုတ်ခြင်းသည်လည်း အရေးပါသည်။ သို့သော် အသက်ကြီးပုများနှင့်တော့ မရောထွေးစေလိုပါ။ ထို့ကြောင့် ပျိုးပင်များ ဝယ်ယူရာတွင် အပင်မြင့်၍ […]


Wai Aung Chan MyoDecember 9, 20121min27912
ဒီ သီအိုရီကို ကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာ တာရာမင်းဝေရဲ့ နာရီဟန်ချက်သီအိုရီကို ဖတ်ပြီး ရေးဖို့ စိတ်ကူးရခဲ့တာပါ။ ဆရာ တာရာမင်းဝေရဲ့ နာရီ ဟန်ချက်သီအိုရီကို အရင် ဖော်ပြချင်ပါတယ်။ အကျဉ်းချုပ်ပေါ့။ ”နာရီ ဟန်ချက် သီအိုရီ” ဂမ်မာ အမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးထံ လက်ဆောင်တွေ ဂုဏ်ပြုထူးချွန်လွှာတွေ အထပ်ထပ်လာပေးခံနေရပြီး အခန်းတစ်ခုလုံးလည်း လက်ဆောင်တွေ ဂုဏ်ပြုဆုတွေနဲ့ချည်း ပြည့်နေသည်။ ထိုအချိန်တွင် တံခါးခေါက်သံကြောင့် ဂမ်မာဆိုသူက သွားဖွင့်ပေးရာ… ”ပရော်ဖက်ဆာ ဒေါက်တာဂမ္မာ ဆိုတာ ခင်ဗျားလား?” ”ဟုတ်ပါတယ်” ”ဝင်ပါအုံး၊ ထိုင်ပါအုံး” ဟု ဆိုကာ နေရာထိုင်ခင်းပေး၍ ထိုသူက တစ်ဆက်တည်း… ”မေးခွန်းလေးမေးချင်လို့ပါ” ”ဟုတ်ကဲ့ မေးပါ” ”ဘာစာတမ်းကို ပြုစုလို့ ဒီလို ချီးမြှင့်ခြင်းကို ခံရပါသလဲခင်ဗျား” ချောင်းတစ်ချက် […]


Wai Aung Chan MyoDecember 9, 20124min41420
ဒီစာဟာ ခြောက်လှန့်စာမဟုတ်ပါ။ သိပ္ပံနှင့်သဘာဝဓမ္မတို့ကြား ဖြစ်တန်ချေများကို ရွေးထုတ်ဖော်ပြခြင်းသာ။ ၂၀၁၂ ဥဒါန်း ၁။ မာယာပြက္ခဒိန် ၂။ Galatic Center Crossing ၃။ Sunspot Cycle နှင့် ဂြိုဟ်တို့နှင့်နေကြား ဆွဲအားသက်ရောက်မှု ၄။ ကမာ္ဘ့အတွင်းမှ Tectonic Plate ရွေ့လျားမှု ၁. မာယာပြက္ခဒိန် Cuello နှင့် အပေါင်းပါတို့ရဲ့ မာယာရှေးဟောင်းယဉ်ကျေးမှု ရှာဖွေဖော်ထုတ်ရေးမှ မာယာလူမျိုးတို့ဟာ ယူကတန်လို့ခေါ်တဲ့ တောင်အမေရိကနှင့် မြောက်အမေရိကတိုက်၂တိုက်စပ်ကြားဒေသမှာ ဘီစီ ၂၆၀ဝ လောက်မှာ စတင်ထွန်းကားခဲ့တယ်လို့ အတည်ပြုပါတယ်။ ဒါပေမယ့် ၂၀၁ဝ ကမာ္ဘ့တဝှမ်းအတည်ပြုတာ ကတော့ ဘီစီ ၁၈၀ဝ လောက်မှာမှ စတယ်လို့ဖြစ်ပြန်တယ်။ မာယာ ပြက္ခဒိန်ရဲ့ အစအရတော့ ခရစ်သက္ကရာဇ်အရ ဘီစီ ၃၁၁၄ ဩဂုတ်လ […]


Wai Aung Chan MyoNovember 13, 20121min2467
သစ်မွှေးပင် ဆေးထိုးသွင်းခြင်း အခုတလော လူမေးများနေလို့ ဒီပို့စ်ကို ရေးလိုက်ရတာပါ။ ဒါကို အရင်ကလည်း ရေးထားပါသေးတယ်။ အခု ပိုပြီး ပြည့်စုံအောင် ဖော်ပြပေးထားတယ်။ အရင်ကတော့ သစ်မွှေးပင်စိုက်သူရှားလို့ ဆေးထိုးခြင်းကိစ္စက ခေတ်မစားပေမယ့် အခုတော့ စိုက်သူတွေပေါလာပြီမို့ မေးသူတွေကလည်း အင်မတန်များလာပါတယ်။ ကျနော်ဒီပို့စ်ကို ရေးဖို့ တော်တော်စဉ်းစားပါတယ်။ ဘာလို့လဲဆိုတော့ နည်းပညာတိုင်းက ပေးတိုင်းမကောင်းတာတွေ ရှိနေလို့ပါ။ တကယ်လို့ မသမာသူတွေလက်ထဲရောက်သွားလို့ မဟုတ်ကတွေ လုပ်မိရင် အများမကောင်းဖြစ်မှာတွေရှိနေလို့ပါ။ ပညာစားချန်တယ်လို့ မမှတ်ယူစေဘဲ သိသင့်တာတွေကို လူထုကို ဖြန့်ဝေခြင်းပါ။ သဘာဝအားဖြင့် သစ်မွှေးအဆီခဲဖြစ်ထွန်းခြင်း။ ဒီအပိုင်းမှာက ဟိုးတောနက်တွေထဲမှာ သူ့အလိုလို သဘာဝအားဖြင့် ပေါက်နေတဲ့ အပင်ကြီးတွေဟာ သက်တမ်းအားဖြင့် နှစ် ၄ဝ ၅ဝမှ ၁၀ဝကျော်အထိရှိတတ်ပြီး လုံးပတ်အားဖြင့် လူ ၂ဖက်စာမက ကြီးတတ်ကြပါတယ်။ […]