weiweiApril 16, 20112min12310
အခုပုံတွေက ဧဝရတ်တောင်ခြေက အပြန်လမ်းမှာ ကားပေါ်ကနေ လှတယ်ထင်တဲ့နေရာတွေကို ရိုက်ထားခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။ ပုံတွေက တူသလိုလိုဖြစ်နေပေမယ့် မတူပါဘူး။ ရှုခင်းတွေက ခပ်ဆင်ဆင်ဆိုတော့ တူနေသလိုထင်ရပါတယ်။ တိဗက်ခရီးစဉ် ၆ အတွက် အကြိုဓါတ်ပုံတင်လိုက်ခြင်း ဖြစ်ပါတယ်။ လျှပ်တပြက်ရိုက်ချက်ပုံတွေအားလုံးက ခရီးစဉ် အစကနေ အဆုံး ရထားပေါ် ကားပေါ်ကနေ ရိုက်ထားတဲ့ မှတ်တမ်းဓါတ်ပုံများဖြစ်ပါတယ်။


weiweiApril 15, 20111min16017
သင်္ကြန်ပိတ်ရက် အိမ်ထဲမှာ တစ်ယောက်ထဲနေရင်း စိတ်တွေက အတိတ်ဆီကို ရောက်ရှိသွားပါတယ်။ ၁၉၉ဝ ပတ်ဝန်းကျင်တုန်းက သန်လျင်ကနေ ရန်ကုန်ကို သွားစရာ ရေလမ်းတစ်ခုပဲ ရှိခဲ့ပါတယ်။ နေ့စဉ် မနက် ၅ နာရီခွဲကနေ ည ၉ နာရီ ၄၅ အထိ သင်္ဘောတွေ နာရီဝက်တစ်စီးနဲ့ ခေါက်တုန့်ခေါက်ပြန် ပြေးဆွဲတဲ့ အချိန်တုန်းကပေါ့ … ကျွန်မက ဆယ်တန်းဖြေထားပြီး အားနေချိန်ဆိုတော့ သင်တန်းတွေတက်ချင်ပါတယ်။ ရန်ကုန်ကို သင်တန်းတက်ရမှာဆိုတော့ သင်္ဘောစီးပြီး သွားတဲ့နည်းကလွဲပြီး မရှိဘူး။ အဲဒီလိုနဲ့ မနက် ရ နာရီအခေါက်နဲ့ ရန်ကုန်ကိုသွားတယ်။ ညနေ ၅ နာရီအခေါက်နဲ့မှ သန်လျင်ကို ပြန်ပါတယ်။ သင်္ဘောအမျိုးအစား ၃ မျိုး ပြေးဆွဲနေပေမယ့် လူသိများတာကတော့ သီတာသင်္ဘောဖြစ်ပါတယ်။ သီတာ ၁၊ […]


weiweiApril 14, 20111min20127
၅ နှစ်လောက် ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုပြန်တွေးလိုက်ရင် အခုချက်ခြင်းဖြစ်သလို အားလုံး အသေးစိတ်ပြန်မြင်ယောင်မိလောက်အောင် အမှတ်တရအဖြစ်အပျက်ဖြစ်နေပါသေးတယ်။ တစ်ရက်မှာ အလုပ်ကိစ္စနဲ့ သန်လျင်က ရေကြောင်းတက္ကသိုလ်ကို သွားဖို့ အကြောင်းပေါ်လာပါတယ်။ ကျွန်မတစ်ယောက်ထဲမဟုတ်ပဲ နောက်ထပ် တစ်ယောက်လဲသွားရမှာဆိုတော့ သူ့အစီအစဉ်အတိုင်းပဲ သွားဖို့ စိတ်ကူးလိုက်ပါတယ်။ သူ့မှာ အသစ်စက်စက် မာစတာဂျစ်တစ်စီးရှိပါတယ်။ သူက ဒရိုင်ဘာနဲ့ အမြဲစီးနေကျပေမယ့် အဲဒီနေ့က သူ့ဒရိုင်ဘာက မအားဘူးဖြစ်နေတယ်။ အစည်းအဝေးကလဲ မသွားလို့မဖြစ်တာနဲ့ သူကိုယ်တိုင်ပဲ မောင်းသွားလိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကုန်မြို့ထဲမှာ ဖြည်းဖြည်းပဲမောင်းလာတော့ ဘာမှအခက်အခဲမရှိပါဘူး။ သန်လျင်တံတားပေါ်ရောက်တော့ မိုးဖွဲဖွဲရွာနေပါတယ်။ သူက သန်လျင်ဘက်ကို အရင်တုန်းက ခဏခဏရောက်ဖူးကြောင်းနဲ့ လမ်းအခြေအနေတွေကို ပြောပြပါတယ်။ ကျွန်မတို့က ကောင်းမောင်းနေကျ မဟုတ်ရတဲ့အထဲ မိုးကလဲနဲနဲရွာနေတော့ အထူးသတိထားပြီး မောင်းလာကြပါတယ်။ ကျိုက်ခေါက်ဘုရားလမ်းအတိုင်းမောင်းလာပြီး ကျားဘုရားကုန်းထိပ်နားရောက်တော့ သူကပြောသေးတယ်။ […]


weiweiApril 8, 20111min1317
ပြီးခဲ့တဲ့ပိတ်ရက်က ဆရာတော်တစ်ပါးဆီသွားတဲ့အချိန်မှာ ကျွန်မ အလွန်ခါးနာနေပါတယ်။ ခါးကုန်းလို့မရအောင်နာနေတာနဲ့ ဆရာတော့်ကို ဦးချပြီး မကန်တော့နိုင်ခဲ့ပါဘူး။ အဲဒီလို အဖြစ်အပျက်မျိုး မကြာခဏဖြစ်လေ့ရှိပြီး ပုံမှန်လဲ အမြဲခါးနာနေတတ်တယ်လို့ ဆရာတော့်ကိုပြောမိလို့ ဆရာတော်က နည်းလမ်းတစ်ခု ပြောပြပါတယ်။ လုပ်နည်းက လွယ်လွယ်လေးပါ … မနက်မိုးလင်း အိပ်ယာထတဲ့အခါ (မျက်နှာသစ်၊ သွားတိုက်၊ အပေါ့အပါးသွား) ဘာမှမလုပ်ရသေးခင် ခါးကို ရေအရင်လောင်းပါတဲ့ … ခါးတစ်နေရာတည်းကို ရေလောင်းနိုင်ရင်ပိုကောင်းတယ်ဆိုလို့ ကျွန်မကတော့ ဘိုထိုင်အိမ်သာမှာ ထိုင်ပြီး ခါးနေရာကို ရေပန်းနဲ့ရေလောင်းပါတယ် … တစ်ပတ်လောက်လုပ်ကြည့်တော့ တော်တော်သက်သာလာလို့ အဲဒီနည်းလေးကို မျှဝေလိုက်ပါတယ် …


weiweiApril 7, 20111min27750
ကျွန်မလို သာမန်လူအတွက် နိဗ္ဗာန်အကြောင်းရေးရတာ မတန်မရာဖြစ်နေမယ်မလားလို့ တွေးမိပေမယ့် ကျွန်မစိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနားလည်ထားတာကို ပြန်လည်ပြောပြချင်တဲ့ ရိုးသားသည့်စေတနာအရင်းခံဖြင့် မည်သည့်စာအုပ်ကိုမှ မမှီငြမ်းပဲ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ရေးသားထားခြင်းဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတဲ့စကားလုံးကို ဗုဒ္ဓဘာသာဝင်တိုင်းသိကြပါတယ်။ ဒါပေမယ့် နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ? ဘယ်လိုအရသာရှိလဲ? ပုံသဏ္ဍာန်ဘယ်လိုရှိလဲ?စသဖြင့် မေးလိုက်ရင်တော့ သေသေချာချာဖြေနိုင်မယ့်သူ တော်တော်ရှားပါလိမ့်မယ်။ တစ်ချို့လူတွေကတော့ နိဗ္ဗာန်ဆိုတာကို နတ်ပြည်လို ဟိုးအမြင့်တစ်နေရာမှာ ရှိနေတယ်လို့လဲ ထင်ကြပါတယ်။ သိပ်ကောင်းတဲ့ခံစားမှုကိုလဲ နိဗ္ဗာန်နဲ့ တင်စားပြောဆိုလေ့ရှိပါတယ်။ အေးချမ်းတဲ့နေရာတစ်ခုဖြစ်မယ်လို့လဲ အထင်နဲ့ ပြောတတ်ကြပါတယ်။ ကျွန်မသိနားလည်သလောက် နိဗ္ဗာန်ဆိုတာ လွတ်မြောက်ရာနေရာဖြစ်ပါတယ်။ မည်သည့်ကိစ္စမှာမဆို လွတ်မြောက်ရာနေရာတစ်ခုတော့ အမြဲတမ်းရှိနေပါတယ်။ အိမ်ထဲမှာအရမ်းမွမ်းကြပ်နေရင် အိမ်အပြင်ထွက်တာနဲ့ အဲဒီဒုက္ခကနေ လွတ်မြောက်ပါတယ်။ အရမ်းပူနေချိန်မှာ အဲယားကွန်းနားနေလိုက်ရင် အပူကနေ လွတ်မြောက်သွားပါတယ်။ ထောင်ထဲကနေထွက်လိုက်ရင်လဲ အချုပ်အနှောင်ကနေ လွတ်မြောက်သွားပါတယ်။ အရမ်းအိပ်ချင်နေချိန်မှာ အိပ်ပျော်သွားတာကလဲ လွတ်မြောက်ခြင်းတစ်မျိုးပါပဲ။ […]


weiweiApril 5, 20111min19316
အခုပေးမဲ့ နည်းလမ်းက ကြိုတင်ကာကွယ်နည်းဖြစ်သလို ကျောက်တည်နေသူများအတွက်လည်း အသုံးဝင်ပါတယ်။ တကယ်ဝေဒနာခံစားပြီး ဒီနည်းနဲ့ ဝေဒနာပျောက်ကင်းသွားသူ နှစ်ဦးဆီက ကိုယ်တိုင်ကြားခဲ့ရလို့ တခြားသူတွေလဲ သိရအောင် မျှဝေပေးလိုက်ပါတယ် … နည်းလမ်းက အလွန်လွယ်ပါတယ် … အပေါ့သွားချင်စိတ်ပေါ်လာရင် ရေအရင်သောက်ပါတဲ့ … ပြီးမှ ချက်ခြင်းအပေါ့သွားလိုက်ပါတဲ့ … အဲဒီအလေ့အကျင့်ကို မှန်မှန်လုပ်ရင် ကျောက်တည်ခြင်း၊ ဆီးကြိတ်ဖြစ်ခြင်းတို့မှ ကင်းဝေးမယ် … ကျွန်မလဲ အဲဒီအကျင့်ကို လုပ်ကြည့်မယ်ဆိုပြီး အားခဲထားတာ ယနေ့အထိ ၃ ရက်သာ ရှိသွားတယ် … အကြိမ်တိုင်း သတိမေ့နေလို့ အိမ်သာထဲမှာပဲ ရေသန့်ဗူးတစ်ဗူးထည့်ထားလိုက်ရင် ကောင်းမလားလို့တောင် တွေးနေမိပါတယ် 😛 ….


weiweiMarch 20, 20116min1519
တိဗက်ခရီးစဉ် (၅) မနက်စောစော ဟိုတယ်မှာ မနက်စာစားပြီးနောက် ခရီးထွက်ဖို့ စိတ်စောနေမိပါတယ်။ မနက်စာစားရင်း တခြားခရီးသွားတွေဆီက ကြားမိတဲ့သတင်းတစ်ခုက လမ်းမှာ အကြီးစားလမ်းပြင်နေတဲ့နေရာတစ်ခုရှိတယ်။ အဲဒီနေရာက မနက် ၁ဝ နာရီကနေ နေ့လည် ၁၂ နာရီလောက်အထိ လမ်းပြင်နေတုန်း လမ်းပိတ်ထားမှာမို့ ခရီးသွားတွေက မနက်စောစောအချိန်မီ အဲဒီနေရာကို ဖြတ်နိုင်အောင်သွားကြတယ်လို့ ပြောတာကို ကြားမိလိုက်တယ်။ ကျွန်မတို့လမ်းညွှန်ကတော့ စောစောထွက်လို့မဖြစ်နိုင်သေးကြောင်း … ဧဝရတ်တောင်အထိသွားဖို့ ဖြတ်သန်းခွင့် ဗီဇာရမှသာ သွားနိုင်မှာဖြစ်လို့ ရုံးဖွင့်ချိန်အထိစောင့်ပြီး တုံးထုပြီးမှသာ ထွက်နိုင်မှာမို့လို့ ကျွန်မတို့ကို ဟိုတယ်မှာပဲ စောင့်နေဖို့ပြောပြီး သူကရုံးကိုသွားပါတယ်။ ကျွန်မတို့က အခြေအနေကို နားလည်ထားပြီးသားဖြစ်နေလို့ စိတ်ပူနေမိတယ်။ ညနေနေမဝင်ခင် ဧဝရက်တောင် ရှုခင်းကို မမှီမှာကိုလဲ စိုးရိမ်နေမိတယ်။ ညနေ နေဝင်ရှုခင်းနဲ့ မနက်စောစော နေထွက်ရှုခင်းကြည့်ပြီးတာနဲ့ ပြန်မယ့် […]


weiweiMarch 20, 20111min17632
မာလာဆောင်ကိုတော့ ရန်ကုန်ကလူတိုင်းသိကြမှာပါ။ ပြည်လမ်းပေါ်က စီးပွားရေးတက္ကသိုလ်အဆောင်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ဂျီဟောလ်သူပါ။ ၁၉၉၅ လောက်ကပါ။ ပဉ္စမနှစ်စာမေးပွဲပြီးလို့ ကျောင်းပိတ်ထားချိန်မှာ စက်ရုံတွေကို လက်တွေ့တစ်လကွင်းဆင်းရမဲ့အချိန်မှာ ဂျီဟောလ်ဆောင်ကို မွမ်းမံပြင်ဆင်ချိန်ဖြစ်နေတာနဲ့ ကျွန်မတို့ အဖွဲ့ကို ပြင်ဆင်ပြီးခါစ မာလာဆောင်အသစ်မှာ တစ်လနေထိုင်ခွင့်ပြုထားပါတယ်။ နဂိုကမှ မိန်းကလေးကျောင်းသူနဲရတဲ့အထဲ တချို့ဘာသာရပ်တွေက လက်တွေ့ကွင်းဆင်းတာမပါတော့ ကျောင်းသူ ၄ဝ လောက်ပဲ မာလာဆောင်ကို သွားနေကြပါတယ်။ ကျောင်းပိတ်ချိန်ဆိုတော့ အဆောင်မှူးနဲ့ ဟောလ်ကျူတာပဲ ရှိတာပေါ့။ အဆောင်ကြီးက အကြီးကြီးနဲ့ ကျွန်မတို့က လူနဲနဲပဲဆိုတော့ တိတ်ဆိတ်နေပါတယ်။ အဆောင်နှစ်ခု တော်တော်လေးကွာခြားပါတယ်။ ကျွန်မတို့ဂျီဟောလ်က အဆောင်သေးသေးလေးပါ။ ကျောင်းသူ တစ်ရာကျော်လောက်ပဲ နေလို့ရပါတယ်။ အခန်းတစ်ခန်းကို ၄ ယောက်နေရပြီး ရေချိုးခန်း အိမ်သာ တွဲလျက်ပါပါတယ်။ အခန်းတွေက လုံခြုံပြီး အခန်းထဲကအပြင်ထွက်စရာမလိုလို့ ခိုးလုပ်လို့ရတာတွေ […]


weiweiMarch 18, 20111min28123
သတ်သတ်လွတ် အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများ ထမင်း (နို့ဆီဗူးတစ်ဗူး) အာလူး (၁၅ ကျပ်သားခန့်) ခရမ်းချဉ်သီး (၁၅ ကျပ်သားခန့်) ကြက်သွန်ဖြူဆီချက် ဆား ပြုလုပ်ပုံအဆင့်ဆင့် အာလူးနှင့် ခရမ်းချဉ်သီးကို နူးအောင်ပြုတ်ရပါတယ်။ ထို့နောက် အခွံခွာပြီး အတုံးသေးသေးလေးတွေတုံးပါတယ်။ ထမင်း အာလူးနဲ့ ခရမ်းချဉ်သီးကို ကြက်သွန်ဖြူဆီချက်မှ ဆီနှင့် ဆားသင့်တော်သလိုထည့်ပြီး နယ်ရပါတယ်။ ခပ်စေးစေးပိုင်ပိုင်ဖြစ်အောင် နယ်ပြီးနောက် လက်နှစ်ဖက်ဖြင့် အလုံးပုံသဏ္ဍာန်ဖြစ်အောင် ပြုလုပ်ပါတယ်။ ကြက်သွန်ဖြူ ဆီချက်အဖတ်၊ မြေပဲကြော်၊ ပဲပုတ်ကြော်နှင့် ဂျူးမျှစ်အစိမ်းတို့ပြီး စားနိုင်ပါပြီ … အကုန်အကျသက်သာပါတယ်။ ပြုလုပ်ရတာလည်းလွယ်ပါတယ်။ အလုပ်တော့ နဲနဲရှုပ်တယ်။


weiweiMarch 15, 20111min16821
  အခုတလော သတ်သတ်လွတ်စားဖြစ်တာများတော့ စားစရာတွေကို ကြံဖန်လုပ်စားရင်း ဒီနေ့ လုပ်စားဖြစ်တာလေးကို မှတ်တမ်းတင်ထားလိုက်ပါတယ်။ ရှမ်းရိုးရာ ဟင်းထုတ်ပါ .. သတ်သတ်လွတ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ရှမ်းလူမျိုး သူငယ်ချင်းတစ်ယောက် လုပ်ကျွေးဖူးတာကို ပြန်စဉ်းစားပြီး အတတ်နိုင်ဆုံး တူအောင် လုပ်ထားပါတယ်။ ပါဝင်သော ပစ္စည်းများ ကြက်သွန်မိတ် ခရမ်းချဉ်သီး ဂေါ်ဖီထုတ် ယိုးဒယားမယ် အမှုန့် (သို့) ရှမ်းဆန်အမှုန့် ဆီ၊ ဆား ငှက်ပျောဖတ် ပြုလုပ်ပုံအဆင့်ဆင့် အနေတော်လှီးဖြတ်ထားသော ကြက်သွန်မိတ်၊ ဂေါ်ဖီနှင့် ခရမ်းချဉ်သီးကို ယိုးဒယားမယ်အမှု့န့် ဆား ဆီသင့်တော်သလိုထည့်ပြီး ရေအနည်းငယ်ထည့်ပြီး နှံ့အောင် မွှေရပါတယ်။ ထို့နောက် အနေတော်ဖြတ်ထားတဲ့ ငှက်ပျောရွက်ထဲမှာ ဂေါ်ဖီရွက်နဲနဲခံပြီး ထည့်ထုတ်ပါတယ်။ ထုတ်ပြီးသားအထုတ်များကို ပေါင်းအိုးဖြင့် နာရီဝက်ခန့် ပေါင်းပြီးပါက စားသုံးနိုင်ပါပြီ။ […]


weiweiMarch 10, 20111min24721
ရန်ကုန်မှာ တစ်ပင်လုံး ပန်းရောင်ပန်းတွေပွင့်နေတဲ့ အပင်တွေကို မြင်မိတော့ ပြချင်စိတ်ပေါ်လာတာနဲ့ ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်ပါတယ်။ အလွယ်တကူ ချယ်ရီပန်းလို့ခေါ်ပေမယ့် တကယ့်ချယ်ရီပန်းအစစ်နဲ့တော့ မတူပါဘူး။ ဘာပန်းလို့ ခေါ်လဲဆိုတာ သိတဲ့သူရှိရင် ပြောပြပေးပါ။


weiweiMarch 6, 20111min18812
မင်္ဂလာတရားတော်တွေကို နေ့စဉ်ရွတ်ဖတ်ပူဇော်ဖြစ်ပေမယ့် အတိအကျလိုက်နာဖို့ကျတော့ မေ့မေ့လျော့လျော့ ဖြစ်နေလေ့ရှိပါတယ်။ လူအများစုလဲ ကျွန်မလိုပဲ ဖြစ်နေကြလိမ့်မယ်လို့ထင်ပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ စားဝတ်နေရေး ပြသနာတွေနဲ့ လုံးလည်ချာလည်ဖြစ်နေပြီး တရားနှလုံးသွင်း ဆင်ခြင်နိုင်အားတွေ လျော့နည်းနေလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခုခုကြောင့် အလွန်အကျွံဖြစ်လာပြီလို့ သိလိုက်တဲ့အခါမှာတော့ ဆင်ခြင်မိရင်း မင်္ဂလာတရားတော်ကို သတိရမိပါတော့တယ်။ အခုတလော ကြုံတွေ့နေကျနဲ့ ပြုလုပ်မိနေကျအလုပ်ကတော့ သည်းခံခြင်းပဲဖြစ်ပါတယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်လို့ ပြောပေမယ့် အဲဒီအတိုင်းအတာဆိုတာကလဲ ကိုယ်ကသတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ သည်းခံခြင်းဆိုတာက မိမိကို စိတ်အားဖြင့်ဖြစ်စေ၊ ရုပ်အားဖြင့်ဖြစ်စေ ထိခိုက်နာကျင်အောင်လုပ်တာကို အမျက်မထားပဲ သည်းခံ ခွင့်လွှတ်ခြင်းဖြစ်ပါတယ်။ သည်းမခံနိုင်လို့ အမျက်ထွက်မိရင် နောက်ဆက်တွဲပြသနာတွေမှာ ဆိုးကျိုးတွေပဲ ကြုံလာရတော့မှာဖြစ်ပါတယ်။ လွယ်ကူတဲ့ ဥပမာအနေနဲ့ ရာသီဥတု အလွန်ပူတဲ့အခါ သည်းခံရပါတယ်။ အပူသက်သာတဲ့နည်းလမ်းတွေ လုပ်နိုင်သလောက်လုပ်ပေမယ့် မရတဲ့အဆုံးမှာတော့ သည်းခံစိတ်ကိုမွေးနိုင်မှာသာ စိတ်သက်သာရာ […]


weiweiFebruary 24, 20111min24420
ဒီကနေ့ အလုပ်ထဲက မိတ်ဆွေတစ်ယောက်နဲ့အတူ သူ့အိမ်အတွက် အိမ်အကူ (အိမ်ဖော်)တစ်ယောက် အရေးတကြီးလိုအပ်နေတာနဲ့ အိမ်ဖော်အရှာထွက်ကြပါတယ်။ ကျွန်မက ဘေးက အဖော်လိုက်ပေးရုံသက်သက်ပါပဲ။ ကရင်ခြံလို့ခေါ်တဲ့နေရာမှာ အိမ်အလုပ်လုပ်တဲ့ ကရင်အမျိုးသမီးလေးတွေကို ခေါ်လို့ရတယ်လို့ သတင်းကြားလို့ အဲဒီကို အရင်သွားစုံစမ်းကြတယ်။ ဟိုရောက်တော့ တာဝန်ခံအမျိုးသမီးက လောလောဆယ် ပေးစရာ ကောင်မလေးမရှိသေးဘူးတဲ့။ လိုချင်သူကများပြီး လုပ်မဲ့သူက နဲနေတယ်လို့ပြောပါတယ်။ ဈေးနှုန်းကို စုံစမ်းကြည့်တော့ အိမ်ရှင်အရေအတွက်ကိုကြည့်ပြီး ဈေးတောင်းပါတယ်တဲ့။ အနဲဆုံးကတော့ တစ်လလေးသောင်း၊ ကလေးထိန်းသီးသန့်ငှားရင် ကလေးတစ်မျိုးထဲပဲ ထိန်းပြီး တစ်လကို ရ သောင်းကနေ တစ်သိန်း နှစ်သောင်းအထိ ပေးရမယ်တဲ့။ အထွေထွေအလုပ်အတွက် ငှားရင်တော့ ကလေးမထိန်းပေးဘူးတဲ့။ အဲဒါတောင်မှ လူမရှိလို့ နောက်မှဆက်သွယ်ပါလို့ပြောလိုက်ပါတယ်။ အဲဒါနဲ့ ကျွန်မတို့လဲ အင်းစိန်ဘက်က ပွဲစားတစ်ယောက်ဆီကို သွားစုံစမ်းကြပါတယ်။ အဲဒီရောက်တော့ ပွဲစားက လောလောဆယ် […]