Start Menu ကို ပိုမိုမြန်ဆန်စေဖို့ Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။) ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကိုု Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။ (၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။ […]


သံတွဲမြို့တွင် ဖိုးသီးချို ကုမ္ပဏီမှ မီး(၂၄) နာရီပေးလာခဲ့တာ ၆ လကျော်ခဲ့ပါပြီ ။ (၂၄) နာရီဆိုပေမယ့် မီးပျက်နေတဲ့အချိန်တွေနဲ့တစ်လတာပျမ်းမျှတွက်လိုက်ရင် တစ်ရက်ကို ၁၈ နာရီပဲရှိတယ်ဗျို့ ။ မီးပေးချိန်ကလေ ။ အရင်ကတော့ မီတာ(၁၀)ယူနစ်ထိကို (၄၀ဝိ/-) ၁ဝ ယူနစ်ကျော်ရင် မီတာတစ်ယူနစ်ကို (၅၅ဝိ/-) ကောက်တယ်ဗျ ။ ခုနောက်ပိုင်းတော့ မီတာခ အခြေခံယူနစ်ကို တစ်ယူနစ်ကို (၂၅ိ/-)နှုန်းနဲ့ကောက်မယ်ဆိုတော့ မြို့ကလူတွေ ဝမ်းသာလိုက်ကြတာ ။ ခုများတော့ဗျာ အခြေခံယူနစ်တွက်တော့လျှော့ကောက်ပါရဲ့ မီတာထိမ်းသိမ်းခ အရင်က (၁၀၀ဝိ/-) နေရာမှာ မီးတာထိမ်းသိမ်းခက (၂၀၀ဝိ/-) ဖြစ်သွားပါလေရော ။ ကုလားကြီးနဲ့အရာကြီး တူတူပါပဲဗျာ ။ သက်သက်သွားတဲ့ငွေကိုတွက်ကြည့်လိုက်တော့ ၂၀ဝိ/- ကျော် ၃၀ဝိ/- လောက်ပဲဖြစ်နေတယ် ။ဘာထူးမှာတဲ့တုန်း ။ ပြီးတော့ရှိသေးတယ် […]


“သံယောဇဉ်´´ စကားလေးသုံးခွန်းနဲ့ ငါ့ဘဝကို .. တုပ်နှောင်ထားလိုက်တာ ရုန်ထွက်မရခဲ့ … ။ ရေစုန် .. ရေဆန် .. လောကဓံအတွက်လည်း စကားလေးသုံးခွန်းက အားဆေးဖြစ်လို့နေရဲ့ … ။ ၅၂၈ ၁၅၀၀ စကားလေးသုံးခွန်းက မြစ်ဖျားခံလိုက်တာ မဆုံးနိုင်တဲ့ မြစ် ၊ ပင်လယ်တွေစီဆင်းခဲ့ကြ ရိုးစင်းလွန်းတဲ့ပဲကိုင်ရှင် သံယောဇဉ် တဲ့ …. ။ ။


့“နှင်းခဲဒိုင်ယာယီ´´ မြူနှင်းတို့ခြုံလွှမ်းတဲ့ မြို့ကလေးရဲ့ထောင့်ချိုးတစ်နေရာ နှင်းမှုန်တို့ဝေ့သီ ဆေးမပီပန်ချီကားထဲ အေးခဲမှုကိုအံတုရင်း ငါ့နှလုံးသား .. ကျွမ်းလောင်နေလေရဲ့ … ။ နှင်းမှုန်နဲ့အတူ တွဲလွဲခိုနေတဲ့ မျက်ဝန်းကမျက်ရည်စ အေးခဲနေမလား … ပူနွေးနေမလား … ဝိညာဉ်ခေါ်သံ စူးဝါးဝါးခွေးဟောင်သံတစ်ချက် ညာဉ့်ငှက်တို့ထပျံ အဖန်တစ်ရာကြေကွဲမှုနဲ့ ဂရုမပြုနိုင်အား … မြောက်လေတစ်ချက်အဝေ့မှာ ငွေ့ငွေ့ကလေးနွေးထွေးမှု ပျောက်ရှသွားခဲ့ … ဝိညာဉ်တစ်ခု မျောလွင့်သွားခဲ့ပြီ …. ။ ။


“`လခြမ်းရင်သွေး´´´ ဆန်းလသော်တာရဲ့အလင်းက မိုင်ထောင်ချီဖြန့်ကျက်နိုင်ပေမယ့် လခြမ်းရဲ့ရင်ခွင်ရိပ်မှာတော့ မှောင်မည်းတိတ်ဆိတ် … ။ မီးအိမ်ငယ်လေး မလင်းတစ်လှည့်လင်းတစ်လှည့်နဲ့ လမျက်နှာပြင်ပေါ်လမ်းလျှောက် မှောက်ရက်လဲခဲ့တာအကြိမ်ကြိမ် .. ။ အားတင်းကာကုန်းရုန်းထ ထူမတ်မယ်မှမကြံသေး ဂီရိဘေးကြောင့်ပြန်ပြိုလဲခဲ့ …. ။ `လဲရင်ပြန်ထ ဒါဘဝ ´ တဲ့ ဒါပေမယ့် … ပြန်ထနိုင်စေချင်ရင်တော့ ခေါင်းကိုနင်းထားတာကိုတော့ ဖယ်ပေးစေချင်တယ် … ။ ။


“အတ္တမဲ့အလွမ်း´´ အောက်စီဂျင်မပါတဲ့လေကို ဇွတ်တိုးလို့ရှူရှိုက် နှလုံးသွေးတွေကိုဖေါက်ယူ သေချာတယ် .. လူဖြစ်တယ်ဆိုယုံလေး … ။ အိမ်မက်တွေဝေးကွာ မျှော်လင့်ခြင်းကင်းမဲ့ နင်းထားတဲ့မြေကြီး ဘယ်နေ့ပျောက်ကွယ်မလဲ မရေရာ ….. ။ ငါ့နှလုံးသွေးနဲ့အသက်ရှင်သူတွေ ငါ့တစ်ကိုယ်စာအောက်စီဂျင်ကို လုယူရှူရှိုက်ပြီး ခပ်မဲ့မဲ့အပြုံးတုနဲ့ ငါ့မျက်ခုံးပေါ်စင်္ကြ ံလျှောက်လို့ … ။ ငယ်ထိပ်ကိုစမ်းမိတော့ ဥနှောက်တွေလည်းဖေါက်စားခံခဲ့ရ သေချာတယ် … လူဖြစ်တယ်ဆိုယုံလေး …. ။ ။


  ဒီမိုကရေစီနိုင်ငံ အဖြစ် သိပ်မကြာသေးတဲ့ကာလမှာကူးပြောင်းလာတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ပြည်သူတွေ ဘယ်လောက်ထိ ရရှိ ၊ ခံစားပြီးပါပြီလဲ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ကကော ဒီမိုကရေစီစနစ်ကို ပြည့်ဝစွာဖေါ်ဆောင်ပေးနိုင်ပါရဲ့လား ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေမူကြမ်းမှာ ယခုလက်တွေ့မှာ လိုအပ်ချက်လေးတွေကြုံတွေ့လာရပါပြီ ။ အဓိက ကတော့ အောက်ခြေအဆင့် အုပ်ချုပ်ရေး အပိုင်းတွေမှာပါပဲ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ်ခံယူပြီး ဒီမိုကရေစီ စနစ်ကိုကူးပြောင်းခဲ့တဲ့ နိုင်ငံမှာ ကျေးရွာအဆင့် ၊ မြို့နယ်အဆင့် ၊ ခရိုင်အဆင့်တွေမှာ ဘာလို့များဒီမိုကရေစီမရရှိခဲ့ရတာပါလဲ ။ စဉ်းစားစရာပါ ။ ခုနောက်ပိုင်းကြားရတာတွေကတော့ ရပ်ကွက်/ကျေးရွာအဆင့်တွေမှာ အုပ်ချုပ်ရေးမှူးတွေကို မဲပုံးထောင်ပြီး ရွေးချယ်ပေးနေတယ်လို့ ကြားသိရလို့ ဝမ်းသာမိပါတယ် ။ ဒါပေမယ့် ရပ်ကွက်/ကျေးရွာ […]