kaiSeptember 23, 20151min2568
အင်္ဂလိပ်စကားဟာ ယခုအချိန်မှာ ကမ္ဘာတစ်ဝှမ်းလုံးက သုံးတဲ့စကားဖြစ်နေပါပြီ။ဒီတော့ အင်္ဂလိပ်စကားကို ထည်ထည်ဝါဝါ ခန့်ခန့်ငြားငြားပြောတတ်၊ရေးတတ်လိုသူတိုင်း အင်္ဂလိပ်စကားလုံးလေးများသာမက Latin (ယခင်လကဖော်ပြခဲ့ပြီးပါပြီ) အပါအဝင် French, Spanish,Italian,Arabic စသည့်ဘာသာစကားများကလာတဲ့ စကားလုံးလေးတွေကိုပါ တတ်ကျွမ်းထားဖို့လိုအပ်သလို သုံးတတ်ဖို့ လိုအပ်ပါတယ်။ဦးစွာပထမ ပြင်သစ်ဘာသာစကားမှလာတဲ့ လူအများစုအသံထွက်မှားတက်တဲ့ ဝေါဟာရလေးတွေကို လေ့လာကြရအောင်။ မိမိရဲ့ ချစ်သူနဲ့ချိန်းထားတဲ့အကြောင်း သူငယ်ချင်းတွေကို ကြွားဝါလိုတယ်ဆိုပါစို့။ “I’m going to see my girlfriend tonight.” လို့လွယ်လွယ်ကူကူပြောလို့ရသော်လည်း “I have a rendezvous with my girlfriend tonight.” လို့ပြောနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒီနေရာမှာ rendezvous ဆိုတဲ့ပြင်သစ်ကလာတဲ့ဝေါဟာရလေးကို ရွန်ဒီVu (V သံကို မြန်မာလိုအသံဖော်ပြလို့မရလို့ အင်္ဂလိပ်လိုပဲ ဖော်ပြလိုက်ပါတယ်။)လို့အသံထွက်မှ မှန်ပါသည်။သတိပြုမိစေလိုပါသည်။ စီးပွားရေးသမားများ […]


zaw winSeptember 14, 20151min1912
တိုင်းပြည်ဘဏ္ဍာ ပြည့်ဥစ္စာကို မင်းပိုင်ပစ္စည်း မမှတ်လေနှင့်၊ ရှေးဘုန်းရှေးကံ ငါဥစ္စာဟု ထင်ယောင်ထင်မှား မတွေးလေနှင့်၊ လုပ်ခွင့်အာဏာ လက်ကိုင်ထား၍ မတော်မတရား မလုပ်လေနှင့်၊ အမှားများစွာ သင်ကျူးလွန်သော် သင့်ဒဏ်သင်ခံ ကယ်သူမရှိ ဖြစ်တတ်၏ မိမိကိုယ်ကျိုး ပယ်ကာစွန့်ချ အများအကျိုးဆောင်ရွက် လမ်းမှန်ပြ၍ သင်ကြိုးစားသော် အများသူငါချစ်ပါမည်တည်း။ မင်းသုတ 15း45 P.M 14.9.2015


kaiAugust 22, 20152min1243
အင်္ဂလိပ်စကားကို ခန့်ခန်များ့ငြားငြားထည်ထည်ဝါဝါ ရေးတတ်ပြောတတ်အောင် သိသင့်သည့်ဝေါဟာရလေးများအကြောင်း အရင်လကအတော်အသင့်ဖေါ်ပြခဲ့ပြီးပါပြီ။ထိုသို့ထည်ထည်ဝါဝါခန့်ခန့်ငြားငြားပြောတတ်သူတယောက်ဖြစ်လာရန် အင်္ဂလိပ်ဝေါဟာရ လေးများတတ်ကျွမ်းရုံနှင့် မလုံလောက်သေးပါ။ Latinဘာသာမှ အချို့စကားစုလေများ၊ဝေါဟာရလေးများလည်း အတော်အသင့် သိထားရန်လိုပါသေးသည်။ လူမျိုးခြားတစ်ယောက်က မြန်မာစကားကိုပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်သည့်အခါ “ဟာဒီကောင့်ကို အထင်မသေးနဲ့ဒီကောင်က ကမ္မဝါဖတ်မယ့် ကောင်”ဟုေြ့ပာဆိုလေ့ရှိပါသည်။ယနေ့အထိမြန်မာစာပေလောက၌ပညာရှင်တစ်ဆူအဖြစ်ရပ်တည်နေလိုပါက ပါဠိကိုပါပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းဖို့လိုပါသည်။ထိုနည်းအတူပင် အင်္ဂလိပ်စာကို လေးလေးနက်နက် ပြောတတ်ရေးတတ်လာသူများအတွက် Latin ဘာသာအလွန်အရေးကြီးပါသည်။ ဥပမာအလုပ်ခွင်၌ မိမိ၏လက်အောက်ငယ်သားများကို အလုပ်နှင့်ပတ်သက်သည့် မိမိ၏လုပ်နည်းလုပ်ထုံးများကို သင်ကြားပေးသည့်အခါမျိုး၌ “This is how I do things” ဟုပြောမည့်အစား”This is my modus operandi ” ဟုသုံးလိုက်လျှင် ပိုမိုလေးနက်သွားပြီးလူအထင်ကြီးစရာဖြစ်သွားပါလိမ့်မည်။ အလားတူတစ်စုံတစ်ယောက်က အကူအညီတောင်းလာသည့်အခါမျိုး၌ အလွယ်တကူ “If you want me to do this for […]


padonmarAugust 18, 20151min58515
ဒီကနေ့ရဲ့ မွေးနေ့ရှင်အပေါင်းအတွက် မွေးနေ့လက်ဆောင်အဖြစ် ဆရာ သင့်လူ ဘာသာပြန်တဲ့ `သက်တော်ရာကျော်ရှည်စေသော်ဝ်´စာအုပ်ကလေး လက်ဆောင်အဖြစ် စာမြည်းပေးပါတယ်။ ဒီစာအုပ်ကို ငါတို့စာပေက မူရင်းစာရေးဆရာထံမှ မြန်မာဘာသာပြန်ခွင့် မူပိုင်ယူပြီး ပြန်ထားတယ်ဆိုတာကလည်း ထူးခြားချက်တခုပါပဲ။ 2005 မေလ 2ရက်နေ့မှာ အသက် ၁၀ဝ ပြည့်တဲ့ အဖိုးကြီး အယ်လန် ဟာ မွေးနေ့ပွဲကျင်းပပေးမယ့် မြို့တော်ဝန်နဲ့ ပရိသတ်ကို ရှောင်ကွင်းပြီး သူနေတဲ့ လူအိုရုံရဲ့ ပြူတင်းပေါက်ကို ကျော်ပြီး ထွက်ပြေးရာက ဖြစ်လာတဲ့ ဇာတ်လမ်းပါ။ သူထွက်ပြေးရာလမ်းမှာ ပတ်သက်မိတာက အကြမ်းဖက်သမားများ The Violence ဆိုတဲ့ ခပ်မိုက်မိုက်နာမည် ပေးချင်တာကို စာလုံးပေါင်းမှားပြီး တယောသမားများ The Violins လို့ နာမည်ရသွားတဲ့ ဂိုဏ်းဝင် ၄ဦးကြီးများတောင်ရှိတဲ့ ပြန်လမ်းမရှိ လူဆိုးဂိုဏ်းကြီးရဲ့ ပေါင်သန်းငါးဆယ်ပါ […]


Ma MaAugust 16, 20153min2415
မူလတန်းဖတ်စာမှာပါတဲ့ မပုကြွယ်နဲ့ ခရုငယ်မှာ…. ခရုငယ်လေးကို အတုယူပြီး ကြိုးစားအားထုတ်ခဲ့တဲ့ မပုကြွယ်လေးကို မှတ်မိကြမယ်ထင်ပါတယ်။   ပင်ကိုယ်အသိစိတ်ဓာတ်နဲ့ အတုယူကြိုးစားတာမျိုး မဟုတ်ပဲ ဘေးလူက တွန်းထိုးပင့်တင်မှပဲ နိုးထတတ်ကြတဲ့သူတွေလည်း ရှိတတ်တယ် မဟုတ်လား။ :k:   ဒီတစ်ပတ်တစ်နေ့ပြီးတစ်နေ့ အပိုင်း (၁၈) ကတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။ ဒါကတော့ စက်တင်ဘာတစ်လလုံးအတွက် အမြည်းပေးတာ ဖြစ်ပါတယ်။ 🙂 ******************************************************************************************   လုပ်ငန်းသစ်ကို ပိုကောင်းမယ်ထင်ပြီး လုပ်ငန်းဟောင်းကို ခြေစုံကန်ပြီးတော့မှ မျောက်သစ်ကိုင်းလွတ်သလို ဒုက္ခရောက်တာတွေ မြင်ဖူးတွေ့ဖူးလို့ ဒီအတွေးအခေါ်ကို သဘောတူထောက်ခံပါတယ်။   ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးတဲ့ အဖိုးတန်တဲ့ သတိပေးချက်တစ်ခုပါပဲ။   ******************************************************************************************* ဒီကာတွန်းကတော့ စဉ်းစားတွေးခေါ်ကြံဆနေတဲ့အဆင့်ကို ကျော်ပြီး အလုပ်ဖြစ်ချင်တဲ့ […]


 .ပန်းချီက အချစ်ဦး။  .ကဗျာကတော့       .တိတ်တခိုးချစ်သူ။ .စာပေနဲ့ တရားဝင်ချစ်သူတွေ     . ဖြစ်သွားပေမယ့် . . . . .တစ်ဖက်သတ်ချစ်သူဟာ      .ဂီတဖြစ်နေဆဲ . . . . ။ —————- .ကိုယ့်ကိုရက်စက်ခဲ့တဲ့    .သီချင်းလေးတွေ . . . . .ကိုယ့်ကို စိမ်းကားခဲ့တဲ့    .တေးနုနုလေးတွေ . . . . .သံစဉ်တွေ ပျောက်ရှသွားတဲ့ အခါမှာ . . . .     .စိတ်တေလေ စေရာအတိုင်းသာ . . . . ။ .ဝင်ပြုံးမြင့်။ .သံစဉ်သံလှိုင်း […]


black chawAugust 7, 20151min27616
ဆရာ တင်နိုင်တိုး နဲ့ ကျွန်တော် နဲ့ လုံးဝ မရင်းနှီးပါဘူး။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ် ဗဟို စာကြည့်တိုက် ကို သုံးကြသူချင်း မျက်မှန်းတန်းမိနေကြပါတယ်။ ဆရာက အင်္ဂါ နေ့တိုင်း စာကြည့်တိုက်ကို လာတတ်ပါတယ်။ စာကြည့်တိုက်မှာက သတင်းဂျာနယ်တွေက သတင်းထောက် ကောင်လေးတွေ ကောင်မလေးတွေ သတင်းစာအဟောင်းတွေထဲက သူတို့လိုချင်တာတွေကို လာ ရှာတတ်ကြတာကို ကျွန်တော် သိထားပါတယ်။ ဆရာ ့ကိုလည်း ဂျာနယ်တစ်ခုခုက အယ်ဒီတာ တစ်ယောက်ယောက်လို့ပဲ ကျွန်တော်က ထင်ထားမိခဲ့ပါတယ်။ တစ်ရက်တော့ ကျွန်တော်က ရောက်အသွား ဆရာက ရောက်နှင့်နေသူမို့ မျက်လုံးလှန်ကြည့်ပြီး ပြုံးပြပါတယ်။ ကျွန်တော်ကလည်း ပြန်ပြုံးပြပြီး “ဆရာ ဘယ်ဂျာနယ်ကလဲ ခင်ဗျ “ လို့ စပ်စုလိုက်မိပါတယ်။ ဆရာက “ကျွန်တော် တင်နိုင်တိုး ပါ” […]


zaw winAugust 5, 20151min881
မေတ္တာတွေ ပွားတဲ့ ချစ်သဒ္ဓါ ရေလှိုင်းရဲ့ မြန်မာတို့ရဲ့ ပရအကျိုးဝေ နောက်တိုးရေ တို့မမှုပေ တပြည်လုံးတိုးတဲ့ရေ ဒုက္ခပင်လယ်ဝေ ဒါပေမဲ့လေ ညီညွတ်တဲ့အားနဲ့ ကြံ့ကြံ့ခိုင်လျှက် ကျော်လွှားနိုင်မယ်လေ မေတ္တာရေလှိုင်း တိုးလို့သာဝေ။ မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ဆောင်ရွက်သူ၊ ထောက်ပံ့သူ၊ လှူဒါန်းသူ ပရဟိတ မေတ္တာရှင်များအား ဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ပါသည်။ မင်းသုတ 19း15 P.M 11.3.2015


Ma MaAugust 2, 20153min26012
Oxford ဆရာတော် ဒေါက်တာ ဓမ္မသာမိဟောတဲ့တရားကိုနာပြီး လူတွေရဲ့ ငြီးငွေ့တတ်မှုနဲ့ အပြောင်းအလဲကို လိုချင်တတ်တဲ့သဘာဝကို ကိုယ့်ကိုကိုယ်မှာလည်း ပြန်ရှာတွေ့မိတယ်။  🙁   ဘယ်လောက်ပဲ သဘောကျကျ ကြာလာရင်ငြီးငွေ့တတ်တဲ့ သဘောရှိတာမို့………….. တစ်နေ့ပြီးတစ်နေ့တွေကို အတော်လည်းငြီးငွေ့နေလောက်ပါပြီ။   သို့သော်လည်း သဂျီးဆာဗာမှာ အလကား ၂၀ဝကျပ်တင်း (ပိုစ့်တစ်ပုဒ် ၂၀၀) ရတာအပြင် ကာတွန်းပြက္ခဒိန်ကို တစ်နှစ်လုံးအတွက် မှတ်တမ်းတင်ချင်လေတော့ ရေးရပေဦးမည်ပေ့ါ။ :k:   ဒီတစ်ပတ်အတွက်ကာတွန်းတွေကတော့ ဩဂုတ်လ ၂၁ရက်နေ့က ဩဂုတ်လ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။ အပြိုင်အဆိုင်ဈေးကွက်ခေတ်ကြီးမှာ ……………. ဝန်ဆောင်မှုကို လက်နက်ကောင်းတစ်ခုအနေနဲ့ အသုံးချနိုင်ပါတယ်။   ဟိုးတုန်းက သိန်းပေါင်းများစွာပေးရတဲ့ ဖုံးလိုင်းကဒ်တစ်ကဒ်ကို ဝယ်ယူခွင့်ရဖို့ လျှောက်လွှာတင်၊ အကြာကြီးစောင့်ရတယ်။ ဝယ်ယူခွင့်ရပြီဆိုရင်တော့ သိန်းဆုကြီးပေါက်ပြီပေ့ါ။   အခုအချိန်မှာ ဖုံးလိုင်းကဒ်တစ်ကဒ်ဟာ […]


Ma MaJuly 29, 20153min36222
ကိုယ့်အတတ်နဲ့ ကိုယ်စူး ဆိုတဲ့ မြန်မာစကားပုံလိုပဲ …. ကာတွန်းကပေးတဲ့ တွန်းအားတွေ ဆွဲအားတွေကို… အပလိုင်းလုပ်ရာမှာအင်မတန်တော်တဲ့ သွေးသောက်ညီအမကြောင့်…. မပြေးသော် ကန်ရာရှိရပေဦးမည်။ 😆   အခုရေးမယ့် အပိုင်း (၁၆)ကတော့ ဩဂုတ်လ ၁၁ ရက်နေ့က ၂ဝ ရက်နေ့အထိဖြစ်ပါတယ်။   အပြာရောင်ဈေးကွက်ပင်လယ်ထဲမှာ ကူးခတ်နိုင်ဖို့အတွက် ကိုယ့်ရောင်းကုန်ရဲ့အရည်အသွေး၊ ကိုယ့်ရဲ့ဝန်ဆောင်မှုတွေဟာ အခြားသူတွေနဲ့မတူပဲ ထူးခြားကောင်းမွန်ဖို့ လိုတယ်ပေ့ါ။   တနည်းအားဖြင့်ပြောရရင် ကိုယ်ရဲ့အားသာချက်နဲ့ ဈေးကွက်ကို ရယူခြင်းပေ့ါ။ :re: ———————————————————————————– ဖတ်ခဲ့ဖူးတဲ့ မန်နေဂျာကောင်းဆိုလား၊ ခေါင်းဆောင်ကောင်းဆိုလား စာအုပ်မှာတော့…… မန်နေဂျာဆိုတာ ကိုယ့်လက်အောက်ဝန်ထမ်းတွေကို လုပ်ငန်းအဆင်ပြေအောင် ပံ့ပိုးပေးနေရတဲ့ အလုပ်သမားတဲ့။   :k:   စီမံခန့်ခွဲသူဆိုတာ ကိုယ်တိုင်ဝင်လုပ်ဖို့မလိုပဲ လုပ်ငန်းအောင်မြင်ရေးအတွက် တွန်းအာပေးတဲ့သူပေ့ါ။ 🙂 ————————————————————————————– […]


Ma MaJuly 18, 20156min26516
တစ်နေ့ပြီးတစ်နေ့ကို စိတ်ပါရင် ချဲ့ရေးလိုက် ၁၁ကျပ်ကျရင် ချုံ့ရေးလိုက်နဲ့ ရေးလာလိုက်တာ …………………….   အခုရေးမယ့် အပိုင်း ၁၅ ကတော့ ဩဂုတ်လ ၁ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။   ဒါကတော့ တစ်လလုံးရဲ့ ကာတွန်းတွေ။ <><><><><><><><><><><><><><><><><><><><><><><> တခါက ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်မှာ…. ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးရဲ့ ကျောင်းဝင်းထဲမှာ ခွေးမကြီးတစ်ကောင်ဟာ ခွေးလေးတွေမွေးပြီး ရက်ပိုင်းထဲမှာပဲ သေသွားတယ်တဲ့။   ဆရာတော်ကြီးက ခွေးမကြီး မရှိရင် ခွေးလေးတွေတော့ ဒုက္ခပဲ၊ သေကုန်ကြမှာပဲလို့ စိုးရိမ်မိသတဲ့။   ဒါပေမယ့် ကျောင်းကိုလာကြတဲ့ ဒကာတွေ ဒကာမတွေက အမိမဲ့တဲ့ခွေးပေါက်စနလေးတွေ တွေ့တော့ သနားပြီး မွေးစားဖို့ ခေါ်သွားကြသတဲ့။   အဲဒီလိုနဲ့ အမေခွေးမကြီးသာရှိရင် လမ်းဘေးမှာပဲ ကြီးပြင်းရမယ့် ခွေးကလေးတွေဟာ အိမ်မွေးခွေးတွေ […]