Paing LayMarch 5, 20141min1335
“ ဒိန်းးးးးးးးးးဖုတ်!….ဖုန်းးးးးးဖွမ်းးးးးးးးး” “ဟဲ့..သောက်ပလုတ်တုတ်” ငပေတိုး လန့်ခါပြီး သစ်ကိုင်းပေါ် တွဲလောင်းခိုမိလို့ ပင်စည်ကျောမှီပြီး ငြိမ်နေသာ ရုက္ခစိုးကြီးပါ လန့်သွားတယ် “ဘာဖြစ်တာတုန်း သောက်ခွေးရ” ငပေတိုး ရင်တုန်ပန်းတုန်နှင့်….“လန့်….လန့်သွားလို့” “ဘာလန့်စရာရှိလို့ လန့်ရတာတုန်း၊ ဒီမှာ တရားမှတ်နေတယ်ကွ” “ဆီးဂိမ်းဖွင့်ပွဲလေ ဘကြီးရဲ့ ဗျောက်အိုးတွေ ထဖောက်ပစ်တာ မပြောမဆိုနဲ့ လန့်တာပေါ့ဗျ” “ အောင်မာ အဲ့ဒါ နေပြည်တော်မှာ မင်းကရန်ကုန်မှာ ဘာလာကြောင်တာလဲ” “အာ…ဟိုးမှာ အုပ်ချုပ်ရေးမှူး အိမ်ဧည့်ခန်းထဲက တီဗွီကြီးက အကြီးကြီး အသံကလည်း အကျယ်ကြီးဗျ။ ဆီးဂိမ်းဖွင့်ပွဲ သရုပ်ပြပွဲမှာ သူ့သမီးလည်း ပါတယ်ဆိုလို့ ဟိုတစ်နေ့ကမှ 60” LCD ကြီး တစ်လုံး ပစ်ဝယ်လာတာ” “အဲဒါဘာဖြစ်လဲ” “ အာ…တီဗွီ အကြီးကြီး နဲ့ အသံက အကျယ်ကြီးဖွင့်တော့ […]


ရွာထဲမှာ အနုပညာမြောက် ပန်းချီကားဒွေ သဂျီးမာမွတ်ခိုမ် လိုချင်တယ်ဆိုလို့ ဂက်တီဂလာရီအတ်ပြတိုက်မှ အဆီတထပ် အသားတထပ် ပုံများဂို ဒဂူးဒဂ အပင်ပန်းခံ ရိုက်ကူးတင်ဆက်လိုက်ပါအိ..။ ခံစားကျိရှု ကိလေသာ ထတော်မူဂျပါကုံ…      


“ငဲ့ စောင်း ကြည့် ၏  မကြည့် ၏ ( မန္တ လေး မျက် ပါး ရ ပ် မှ ရွှေ ဆိုင်း လုပ်ငန်းအ ကြောင်း)”   ဒီ နေ့ နေ့ လည် လက် ဖက် ရည် ဆိုင် ရောက် တော့  ရွှေဆိုင်းလုပ်ငန်း လုပ်တဲ့ မိတ် ဆွေ နဲ့ တွေ့ ပါတယ်။ ကျ နော် လဲ မြင် ရော “ကို ပေါက ်ရေ ကျုပ် တို့ လုပ် ငန်း တွေ တော့ ပျက် တော့ မယ် ထင် တယ် […]


alinsettMarch 2, 201415min39325
ကျနော် ညွှန်းဆိုပြချင်သော ပိုစ့်များအပိုင်း( ၁ )သို ့.. တကယ်လို့ . . . သင်… သည်. . . . ဂဇက် နဲ့ အဆက်ပြတ် ပြတ်သွားတတ်တဲ့ မအားသော အခြေအနေကြားက ဂဇက်ချစ်သူ လူသား ဖြစ်နေတယ်ဆိုပါစို ့. . . ဂဇက်ထဲ ဝင် ရ ထွက် ရတာလည်း အသုံးမကျသော မြန်မာပြည် အင်တာနက်မြန်နှုန်းကို အံတုနေရသူ ဂဇက် ချစ်သူ ဆိုပါစို့ဗျာ. . . . ဒါဆိုရင်တော့  …. ဂဇက် ထဲမှာ သင်…မဖတ်ရသေးတဲ့ ပိုစ့်ကောင်းတွေ ရှိပါတယ်။ သင့် အကြိုက် ဟုတ်တယ် မဟုတ်ဘူးကိုတော့ မလိုက်နိုင်ပေမယ့် . […]


Mr. MarGaFebruary 28, 20141min45035
စကားးး………. ဘာသာစကား ဆိုတာက ဟိုးးအရင် လူသားတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ ကြိုးစားရင်းနဲ့ ပေါ်ထွက်လာတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုလို့ ပြောရမယ်။ အခုအချိန်အထိလဲ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဆဲပါ။ လူတစ်ယောက်ရဲ့ ပြောပုံဆိုပုံကိုကြည့်ပြီး သူ့ရဲ့ အမူအကျင့်ကို ခန့်မှန်းနိုင်တယ်လို့ ပြောရလေမလား။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလိုပေါ့ ပြောတာ ကြာလာလေလေ အတွင်းသဘောကို ပို သိလာရလေလေပါပဲ။ ဒါကြောင့် လူတစ်ယောက်အကြောင်းကို သိချင်ရင် စကားပြောဆိုကြည့်တာက အကောင်းဆုံးလို့ ဆိုချင်မိတယ်။ (အဲ…ဒါပေမင့် ဦးမာဃကတော့ ခဏတဖြုတ် စကားပြောကြည့်ရုံနဲ့ မခန့်မှန်းတတ်သေးပါကြောင်း)   လေသံနဲ့ ဟန်ပန် စကား ပြောမယ် ဆိုပြန်တော့လဲ…….. ပြောရုံနဲ့တင် မပြီးဘဲ လေယူလေသိမ်း၊ […]


Paing LayFebruary 28, 20141min1985
ယနေ့ ဂါတ်ရုံးကင်းဂျူတီ မောင်တူးအလှည့် ကျပြန်၍ ကင်းမှူးသည်လည်း ရဲကြပ် အောင်သိန်းဖြစ်ရကား ဂါတ်တဲ ကင်းရုံးလေးတွေ ကင်းစစ်လာရင်း ဆုံကြပြန်လေသည်။ “မောင်တူးရေ” “ဗျာ…ကိုအောင်သိန်း” “ မင်းကင်းကျပြန်ပြီဆိုတော့ ဒီတစ်ခါ ငါတို့ပြေးရမယ့် အလှည့်မဟုတ်လောက်သေးပါဘူးနော့” “တောက်တီးတောက်တဲ့ ကိုအောင်သိန်းရာ ဒါထက် ကျွန်တော်တို့ ရာဇဝတ်အုပ်မင်းက နည်းနည်းများ နွဲ့နေသလားလို့ ဗျ” ထိုအခါ ကိုအောင်သိန်းမျက်လုံးတွေ ကျီးကန်းတောင်မှောက်ဖြစ်သွားပြီး “မီးခြစ်ပေးပါဦးဟ” သည်တစ်ကြိမ် ပြောင်းဖူးဖက်ဆေးလိပ်တိုကို မီးညှိခြင်း ဖြစ်၍ မောင်တူး ဆေးလိပ်တောင်းမသောက်တော့ပဲ… “ဒီတစ်ခေါက် ရာဇဝတ်အုပ်ကအသစ် အရေးပိုင်ဆီသွားတဲ့ ကိစ္စကိုယ့်ဆရာမပါဘူးနဲ့တူတယ်” “မပါတာမဟုတ်ဘူး မလိုက်ရဲတာ” “ဗျာ…! ဘာဖြစ်လို့လဲ” “ဟာ….ငါတို့ ဦးတုတ်က ဘူးထုပ်ကွ၊ ငါ့ကို ပတ်ချွဲနှပ်ချွဲ နဲ့ စကားပြောပြီး ဟိုနှိုက် ဒီနှိုက် လုပ်နေလို့” “ဟမ်! […]


ဇီဇီFebruary 26, 201418min72839
   အလက်ဆင်းရဲ့ ကျောက်မျက် ပို့(စ) တွေပါ။ ( 1 ) THE POWER OF YOUR BIRTHSTONE (သဂျီး မဖတ်မိပါစေနဲ့)https://myanmargazette.net/191131   ( 2 )  ကျောက်မျက်တန်ဖိုး တိုင်းတာချက်. . .4Cs https://myanmargazette.net/191115 ( 3 ) သဘာဝတွင်းထွက် ကျောက်မျက်/အတုနဲ့အစစ် ခွဲခြားနည်း https://myanmargazette.net/190946         ကျနော် ဒီရွာကို ချစ်တာ တစ်ကြောင်းက ကျနော့ကို စာဖတ်.. သိချင်တာတွေ.. လိုက်ရှာစေတာပါပဲ။ အလက်ဆင်း ပို့(စ) တွေ ဖတ်ပြီး ကျောက်မျက်အကြောင်း ဖတ်ချင်စိတ် သိချင်စိတ် ပေါက်လာလို့ဗျာ။ နဂိုက အစိမ်းသက်သက်ကြီးရယ်။ ဝတ်ရစားရတာလည်း ဝါသနာမပါ။ […]


zaw winFebruary 24, 20141min1575
အလုပ်မရှိ အလုပ်ရှာ သစ်တောခုတ်သုံးရာ ဂေဟံစနစ်ပျက်ယွင်း နိုင်ငံဆင်းရဲတွင်း မြို့ရွာနယ်အနှံ့ အလုပ်ရုံများစွာ လူတကာအတွက်ပါ ပူလောင်ဝမ်းစာပြည့်ပါမှ နိုင်ငံဖွံ့ဖြိုးရ။ မင်းသုတ 21း15 P.M 23.2.2014


Silicon make up ဆိုတာ နိုင်ငံတကာရုပ်ရှင်နယ်ပယ်မှာ သုံးနေခဲ့တာ ကြာပါပြီ..။ ပန်းချီပညာနဲ ့မိတ်ကပ် ပညာက နီးစပ်နေတော့ အရင်ကတည်းက စိတ်ဝင်စားနေမိခဲ့ပါတယ်..။ နောက်ပြီး မြန်မာ့ရုပ်ရှင်လောကမှာလဲ သုံးစွဲတာ မတွေ ့ရသလောက်ပါဘဲ…။ ဈေးကြီးတာ။ အလှမ်းဝေးနေတာနဲ ့ နည်းပညာလိုအပ်နေလို ့ဘဲလို ့ထင်မိပါတယ်…။ စီလီကွန် မိတ်ကပ်က တစ်ကယ်ကျွမ်းကျင်လာပြီဆိုရင် ရုပ်ရှင်တွေ ကြည့်ရင်းအတုလား အစစ်လား ခွဲမရနိုင်တာကို တွေ ့ရပါတယ်..။ ဒီ ပညာရပ်ကို စိတ်ဝင်စားတော့ လက်လှမ်းမှီသလောက်လေ့လာရင်း စမ်းသပ်ကြည့်ပါတယ်… မိုက်ကယ်လ် ဂျက်ဆင် ပုံတွေ ကြည့်နေရာက ဂျက်ဆင်ရဲ ့နှာတံလို သေးတဲ့ အိမ်သူသက်ထား မဒမ်ခေါင်ကို စမ်းကြည့်ထားတာပါ… ဒါက…စီလီကွန် မိတ်ကပ် အစစ်မဟုတ်သေးပါဘူး… ရိုူးရိုး မိတ်ကပ်ကိုဘဲ…စမ်းထားတာပါ…။   မဒမ်ခေါင် […]


မြန်မာနိုင်ငံမှာ တခြားတခြားသောနိုင်ငံများလိုပဲသမိုင်းဆိုတာ ရှိခဲ့ပါတယ်။ သမိုင်းကတော့ကိုယ်စီရှိကြတာပဲဘာထူးလို့တုန်း ဆိုတော့ ။ အခြားအခြားသောနိုင်ကံများရဲ့သမိုင်းကြောင်းက မှတ်တမ်း တင်ပုံခြင်းကွဲပြာနေမယ်လို့ယူဆလို့ပါ။ ဘယ်လိုကွဲပြားတာတုန်းဆိုရင် တော့နည်းစုံ လိမ်တယ်။ လိမ် လို့မရရင် မှေးမှိန်အောင် လုပ်တယ်။ ဒီလိုနည်းစုံပေါင်းမြောက်များစွာနဲ့ သမိုင်းကို အစိုးရအစဉ်အဆက် လိမ်ညာ ဖျောက်ဖျက်မှေးမှိန်လာအောင်လုပ်ကြတော့ မြန်မာ့သမိုင်း ဆိုတာမှာ လူသက်သေအထောက်အထား မှတ်တမ်းမှတ်ရာအထောက်အထား ကျန်လေ့မရှိပါဘူး။ ဒီတော့ မှော်ဘီဆရာသိန်း လို ပါစပ်ရာဇဝင်ကိုပဲ တခါတလေ အားကိုးရပါတယ်။ ဒီတော့ ကျတော်ပြောချင်တာက သမိုင်းတခု ရဲ့ တရားဝင် အထောက်အထား (ရှိခဲ့ရင် ) နဲ့ ပါးစပ်ရာဇဝင် သိရှိခဲ့သူ ဒီရွာသူား များထဲမှာရှိခဲ့ရင် ကျတော်သိချင်လို့ပါ။ ဒါကတော့ အမှတ်တမဲ့တွေ့လိုက်ရတဲ့ ဖေ့ဘုတ်ထဲက ပိုစ့်တခုကို တွေ့လိုက်ရလို့ ဒီပိုစ့်ထဲက အကြောင်းအရာ တခုကိုစိတ်ဝင်စားမိလို့ပါ။ ဒီပို့စ်ကတော့ […]


အာဂFebruary 19, 20141min25913
ခဏ ခဏ ပြောတယ် ဘဝဆိုတာ ယာယီ…ပါပဲလို့….။ ဝန်ကြီး နေမကောင်းရင် လူနာဖြစ်သလို ဆရာဝန် သေရင်လည်း အသုဘဖြစ် တတ်တယ်။ စစ်သား(-) ဝန်ကြီး(-)သမ္မတ(-) (-)=ဖြစ် ယာယီပါပဲ။ ပိုးလောက်လန်း၊ ခြင်း…ယာယီပါပဲ။ ပိုးတုံးလုံး…။ လိပ်ပြာ…ယာယီပါပဲ။ သူဌေး၊အဆိုတော်၊မင်းသား၊မင်းသမီး ထောင်ထဲရောက်တော့ ထောင်သားပေါ့။ ချစ်သူ.တွေလည်း ယာယီ။ မုန်းသူတွေ လည်း ယာယီ။ မိတ်ဆွေ၊ရန်သူ ယာယီ။ ရှင်သန်ခြင်းဟာ ယာယီ။ သစ္စာတရားဟာ ယာယီ။ နေဝင်းလဲ ယာယီပဲ။ စောမောင်လဲ ယာယီပဲ။ သန်းရွှေလဲ ယာယီပဲ။ ခင်ညွှန့်လဲ ယာယီပဲ။ ကင်အီလ်ဆွန်မှ ကင်ဂျုံအီလ် မှ ကင်ဂျုံအွန် မြောက်ဘိလည်း ယာယီပဲ။ အာဏာလည်း ယာယီပဲ။ ပါဝါလည်း ယာယီပဲ။ သူတောင်းစားရုပ်ရှင်ကြည့်ရင် ပရိသတ်ဖြစ်တာပဲ။ ဘယ်သူကို […]


အာဂFebruary 18, 20141min1716
မျှော်လင့်ရင်းနဲ့ ငါးရှာထွက်ခဲ့ ဒါပေမဲ့….. ငါးမရခဲ့ပါဘူး…။ ရေချိုးပြီးပြန်မလို့ ကြည့်လိုက်တော့ … ရေတွေလည်း ခန်းခြောက်ပေါ့…..။ သို့သော်….. ကန်သင်ရိုးနားက ပေါက်နေတဲ့ ကန်စွန်းရွက်လေးတွေကိုတော့ ခူးယူပြန်ခဲ့…။ ဘဝဆိုတာ တစ်ခါတစ်ခါ…ငါးပိရည်တစ်ခွက်အတွက် အတို့အမြုတ်တစ်ပွဲဖြစ်ခဲ့…တယ်။ ဝန်ခံချက်။ ။လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ချာတိတ်အတွေးနဲ့ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ နည်းနည်းတော့ ပေါတောတောဆန်နေပါလိမ့်မယ်။


alinsettFebruary 18, 201411min43030
      အဟမ်း ။ နည်းနည်း လေရှည်လိုက်ဦးမယ်ဗျာ ။ သူရ အခုတလော စာတွေ သိပ်မရေးဖြစ်ပဲ ဖတ်တဲ့ဘက်ကို အားသန်နေမိတယ်။ ဘယ်မှာ ဖတ်တာလဲ ဆိုတော့  သူရ ချစ်သော ဂဇက်စာမျက်နှာပေါ်မှာပေါ့ဗျာ ။ လက်ထဲက ကိုင် ဖတ်မိတဲ့စာအုပ်လေးတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အဲဒီစာအုပ်တွေကိစ္စက တစ်ပိုင်း ဆိုတော့ အခု ပြောလိုတာကို ဆက်ပါ့မယ်။   သူရ ဂဇက်မှာ ဝင် မွှေနေတာ ကြာပြီဆိုရမယ်။ သုံးနှစ်နီးပါးရှိပြီ ထင်တယ်။ အခုမှ မန်ဘာ ဝင်လာသူတွေထက်တော့ ကြာပြီပေါ့။ ရွာသားဟောင်းတောင်းတောင်း ဖြစ်နေသယောင်ယောင်ပေါ့ နော့ ။ ဘာ သွားတွေ ့လဲ ဆိုတော့  ………… အမျိုးမျိုးအစားစားသော မိတ်ဆွေတွေ […]