ဇီဇီJuly 3, 20182min9465
  ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ ဟာ သီတဂူ ဇီဝီတဒါန သံဃာ့ဆေးရုံလောက် လူသိမများတာမျိုးရှိကောင်းရှိနိုင်မှာဖြစ်ပေမယ် နီးစပ်တဲ့ အသိုင်းအဝိုင်းဒေသမှာဆိုရင်တော့ ရဟန်းတော်များ၊ သီလရှင်များ၊ ယောဂီ များ၊ နွမ်းပါးသူများကို နွေးထွေးသော မေတ္တာဖြင့် အခမဲ့ ဆေးကုသပေးနေတဲ့ ဆေးရုံဖြစ်တယ်ဆိုတာ သိကြပါတယ်။   စစ်ကိုင်းတောင်ရိုး၊ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံကို ၁၉၈၄ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က က ကျစွာဆရာတော် ဦးလက္ခဏ ဦးစီး တည်ထောင်ခဲ့တာပါ။ ဆရာတော်ဟာ စစ်ကိုင်းတောင်ရိုး ရွှေကျင်ဂိုဏ်းချုပ် ဖြစ်ပြီး ပြည်တွင်းပြည်ပ သာသနာပြု တရားစခန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကိုင်းတောင်ရိုး(ဝါးချက်)ဇီဝိတဒါနသံဃာ့ဆေးရုံကြီးနှင့် သိရီလက္ခဏာဒဂုံသာသနာ့ရိပ်သာကြီး၏ပဓာနနာယကဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တလက္ခဏ ဟာ ၂၀၁၄ ဇွန်လ ၄ ရက်နေ့ ညက သက်တော် ၈ဝ […]


Mon LayJune 29, 20181min5152
အဟမ်းဟမ်း…ခရီးမသွားတာ ၃လလောက်ကြာသွားတော့ နောက်လထဲလည်း ပိတ်ရက်ကလည်းရှိနေတော့..မွန်လေးပြည်တွင်းခရီးစဉ်အနေနဲ့ ပုဂံကိုသွားမလားလို့စိတ်ကူးပါတယ်။ ပုဂံကို ဆယ်တန်းအောင်ပြီး တစ်ခေါက်ပဲရောက်ဖူးပါသေးတယ်..အဲ့နောက်ပိုင်းတစ်ခါမှမရောက်သေးပါ။ ခုတစ်ခါ ထပ်သွားမယ်ဆိုပြီး ပြင်နေတယ်ပေါ့နော်။ ပြီးတော့ တစ်နေရာသွားရင် စာဖတ်ပြီးမှသွားလေ့ရှိတဲ့မွန်လေးက စာတွေလည်းရှာဖတ်တယ် ပေါ့နော်။ အဲ့မှာ စာရေးသူတစ်ယောက် နာမည်တော့မသိတော့ပါ။ သူက ပုဂံကကလေးတွေအကြောင်းတွေကိုရေးထားတာလေးသွားတွေ့ပါတယ်။ သူတို့လေးတွေက ကျောင်းပိတ်ရက်ဆို မိဘတွေကိုကူညီဖို့ဘုရားမှာပန်းရောင်းတဲ့သူနဲ့ စကားပြန်ဂိုက်လုပ်တဲ့သူနဲ့ အဲလို လုပ်ကျွေးကြတယ်လို့ဖတ် ရပါတယ်။ ဖတ်လည်းပြီးရော သနားစိတ်လေးတွေဝင်ရော။ အရင်ကဆို ခရီးသွားရင်စားမယ်သောက်မယ်ဝယ်မယ်လည်မယ်ပဲစိတ်ရှိခဲ့တာ။ ခုတော့ ကလေးတွေကိုလှူချင်စိတ်လေးပါဖြစ်ပါလို့..ခရီးသွားရင်းလှူမယ်စိတ်ကူးပါတယ်။ ခုရွာထဲကလူတွေလည်းလှူဖို့ သဒ္ဓါတရားထက်သန်ရင် လှူစေချင်ပါတယ်။ ဓါတ်ပုံရိုက်ပြီးလည်းပို့စ်ပြန်တင်ပေးပါမယ်။ မွန်လေးဘဏ်အကောင့်ပေးပါမယ်.. Yoma Bank 014335036237 Daw Aye Myat Mon + Daw Aye Aye Khine KBZ ATM card 99930713300423101 – […]


မကြာခဏ ဆိုသလို မကွေးတိုင်း ၊ မကွေးမြို့ပေါ် ရောက်ဖြစ်နေတော့ ရောက်တိုင်း တွေးမိ မြင်မိတာလေးတွေ ရှိတာပေါ့။ အဲ့ဒီထဲက ပြောချင်တာ တချိ ု့နဲ့ ပြချင်တာလေးတချိ ု့ကို အခု ရတတ်သလောက် ပြလိုက်ပါတယ်။       ၁။ စေတီအမွန် မြသလွန်ဆီသို့ အဝင်လမ်း။     ၂။ ဘာသာရေး အဆောက်အဦတွေထဲက တိုင်လုံးကြီးတွေလိုသာ… ဖြောင့်မတ် တည်ငြိမ်စွာ ထို့အပြင် ငြိမ်းချမ်းစွာ… အတူတကွ ရပ်တည်နိုင်စွမ်း ရှိကြလျှင် …..ကိုယ်စီ သွားရာလမ်းဟာ ဘာသာရေးနယ်ပယ်ပြင်ပက နိဗ္ဗာန်ဆီကို ရောက်လိမ့်မယ်လို့ ဆိုချင်တာ…   ၃။ သူတို့လေးတွေဟာ ဘီလူးရုပ်တုကို နှိပ်နယ် ပေးရင် ကိုယ့်ခန္ဓာရဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ် […]


ပြီးခဲ့တဲ့ sunday တုန်းက သန်လျင်က သဘာဝ တရားရိပ်သာကို ကျနော် ရောက်ခဲ့တယ်။ သဘာဝတရားရိပ်သာ တည်ထောင်သူ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ဦးဆောင်မှုနဲ့ ဖွင့်ထားတဲ့ ကုသိုလ်ဖြစ် သွားနှင့်ခံတွင်း ဆေးခန်းလေးကို သွားခဲ့တာပါ။ သဘာဝတရား ရိပ်သာ ဝန်းအတွင်းမှာပဲ ဖွင့်ထားတဲ့ အဲ့ဒီ ကုသိုလ်ဖြစ် ဆေးခန်းလေးရဲ့ အမည်ကတော့ ”မိဘမေတ္တာ”တဲ့။ ——————- အဲ့ဒီ ဆေးခန်းလေးအကြောင်း ပြောရရင် လုပ်အားဒါန ပြုနေကြတဲ့ သွားဆရာဝန်မလေးတွေ ချောကြောင်း လှကြောင်းကို ထည့်မပြောမိအောင် ရှောင် ရေးရပါမယ်။ ရှောင်ရေးမယ် ဆိုပေသိ ပြောမိပြီ။ :k: မိဘမေတ္တာ ကုသိုလ်ဖြစ်- သွားဆေးခန်းလေးဟာ အခုဆိုရင် အခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ဖွင့်ထားရပါတယ်။ မြန်မာ့ဂဇက် ရွာသူားတွေ စုပေါင်း လှူဒန်းထားတဲ့ […]


ဇီဇီApril 6, 20171min4009
ဓမ္မ ဘက်ကရပ်ပြီး…အဓမ္မ ကို ဆန်.ကျင်ဖို. ဒီ ကမ်ပိန်း လက်ခံပါတယ်…. (Credit) #say_NO_to_WIRATHU and Followers ဦးဝီရသူ အလိုမရှိဆိုပြီး ကန်ပိန်း လုပ်နေကြတယ်။ ကျွန်တော့်အမြင်ကို အရင်ရေးပြီး ဝင်ပါပါမယ်။ ကိုယ်တွေက ဟိုးရှေးကတည်းက ဦးဝီရသူကို ဝေဖန်ခဲ့တာပဲ။ ဒါဟာလည်း ပုဂ္ဂိုလ်တစ်ယောက်ကို ဝေဖန်နေတာထက် ဒီအယူအဆတွေဟာ မျိုးဆက်ချီပြီး လူတွေကို ဒုက္ခပေးမှာမို့ ဝေဖန်တာ။ နောင်တစ်ချိန်မှာ ကိုယ့်မျိုးဆက်တွေကို ငါတို့ တတ်နိုင်တဲ့ အားနဲ့ မတရားမှုကို ဆန့်ကျင်ခဲ့တယ်လို့ ပြောပြချင်တယ်။ ဒီအယူအဆတွေ ဖြန့်နေတာ ဂိုဏ်းလိုက် အစုအဖွဲ့လိုက် ရှိနေတာကိုး။ ဒါကြောင့် ဦးဝီရသူ တစ်ယောက်တည်းကို No ပြောတာမဟုတ် သူတို့ဖြန့်နေတဲ့ အယူအဆတစ်ခုလုံးကို No ပြောပါတယ်။ ပိုချဲ့ပြောရရင် ဒီတစ်ဘာသာထဲမဟုတ် အခြားဘာသာက […]


who whoJanuary 24, 20171min2033
အင်း အကြောင်းတိုက်ဆိုင်တိုင်း ရေးစရာတွေထွက်လာလွန်းလို့ ချရေးမိလိုက်တာက ဒေါသအကြောင်း။ အရင်ဆုံး မေးခွန်းလေးတွေ မေးကြည့် မယ်နော်။ စာဖတ်သူတို့မှာ အလိုမကျလို့ ဒေါသထွက်ဖူးသလား?။ “ အလိုကြီးက အရနည်းတတ်၏ ” ဆိုသလို လိုချင်တာတွေက အများကြီး၊ မျှော်လင့်ထားတာ လည်း တပုံကြီး၊ ပြန်ရတော့ကျ နည်းနည်းလေးဖြစ်နေလို့ လောဘကြီးရာကနေ ဒေါသပါကြီးတာမျိုးရော ဖြစ်ဖူးသလား။ ကျနော်က သူများကို မေးနေတာ။ ကိုယ့်ဘာကိုယ်ပြန်မေးကြည့်မယ်။ သိပ်ဖြစ်ဖူးတာပေါ့။ ဘယ်နှစ်ကြိမ်လောက် လဲလို့မေးရင် အရေအတွက်ကinfinityထက်တောင် များဦးမလား မသိဘူးနော်။ အဲလိုဖြစ်ရင် ဘယ်လိုခံစားရလဲဆက်မေးမယ်။ သိပ်ပူလောင်တာပဲ။ မျက်နှာကြောတွေက တင်းလို့၊ ကြာတော့ ရယ်ပြဖို့တောင် မျက်နှာက မလိုက်နိုင်တော့ဘူး။ ပြန်ဖြည်လို့မရအောင် တင်းတောင့်နေတာလေ။ ဪ.. ပင်ပန်းလိုက်ပုံများနော်။ ဒါပေမယ့် အမြဲကြီးဖြစ်နေသလားဆိုတော့ အဲလိုတော ့မဟုတ်ပါဘူး။ ပျော်တဲ့အခါ၊ […]


လုလု  –  ဒါနဲ ့အစ်မ တခုလောက်မေးလို ့ရလား မျှစ်ကြော် –  မေးပါ လု –  ဟို ရှေ ့တွေမှာ အစ်မ တင်ထားတဲ့ပို ့တွေက ဘာသာရေးကိုတမျိုးမြင်ထားသလို ဘုန်းကြီးတချို ့ကို တခုခုပြောချင်တာလားလို ့  သေချာတော့မသိပါဘူး စိတ်ထဲတမျို းဖြစ်နေလို ့ မျှစ် –  မဟုတ်ဘူး လုလု။  ဘာသာရေးက အာဏာရှင်စနစ်ဖြစ်နေတယ်။ ကာလာမသုတ် ဘယ်လိုပဲ ရေးရေး၊ ဘာသာရေး အတွေးအခေါ်က အထိမခံဘူး လု –  အာဏာရှင်ဆန်တဲ့စည်းရုံးသူတွေကြောင့်လို ့မထင်ဘူးလား မျှစ် –  မဟုတ်။ မိရိုးဖလာ အတွေးအခေါ်။   ငရဲနဲ့ ကို်င်ပေါက်ထားတယ် လု –  အင်း မျှစ် –  ဥပမာ […]


ဇီဇီJune 14, 20161min57222
အမှန်တော့ ဘုန်းဘုန်းဟောတဲ့ တရားတွေ စာရိုက်ထားတာကို ရှယ်ပေး ဖတ်ခိုင်းတာက အရီးလတ် ပါ။ အဲဒီ အချိန် ကိုယ်က မြန်မာပြည်ရောက်နေတုန်းအခိုက်မို့ ဖတ်ရုံပဲ ဖတ်ပြီး ဘာမှ ပြန်မပြေါနိုင်ခဲ့ဘူးးး။ ခု ဒီ ကနေပဲ ကျေးဇူးတင်စကားပြေါရတော့မှာပဲ အရီးရေ။ တန်ဖိုးရှိတဲ့ တရားနဲ့ စာတွေကို ပြန်မျှလို့ ကျေးဇူးတင်ပါတယ်။ ကျနော့ရဲ့ ကြက်စွပ်ပြုတ်တွေ လက်ချာတွေရဲ့ အတွေးတွေမှာလည်း တစိတ်တဒေသ သဘောလောက်ပါပါတယ်။     စိတ်ရဲ့ အပိုင်းအစ ဖြစ်ပျက်မှု တခု ကို ဆရာတော်က တရားတော်နဲ့ရော အနောက်တိုင်းက သုတေသီ သဘောတရားတွေနဲ့ပါ မျှတဟောတာမို့ သဘောပေါက်နိုင်မယ်ထင်ရဲ့။ Emotion Management ၁ က နေ ၈ အထိ ရှိတယ်။ များရင် အကုန်မဖတ်ဖြစ်မှာ […]


alinsettMarch 24, 20161min32425
                          မယုံမရှိနဲ့ဗျိ ု့. . . မနေ့(တပေါင်းလပြည့်နေ့)က မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက ကျ ုပ်ဖြင့် ကိုယ့်မျက်စိတောင် ကိုယ် မယုံနိုင်လောက်အောင်ပဲ။ . . .   ဒါမဲ့ တကယ်ရေးချ တကယ်ကြီးဗျ။   . . . . . . . . . . . . . . ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်(ဗန္ဓုလပန်းခြံဘေး)မှာ. . . ကားကလေးရပ်ပြီး ဗေဒင်ဟောစားတဲ့သူတစ်ယောက် ရှိနေတာ တွေ့ဖူးမပေါ့. […]


padonmarJanuary 1, 20161min2878
လူတယောက်တည်း ကားခြောက်စီးတရားတော် (ယောဆရာတော်ကြီး-ဓမ္မဗျူဟာ ဆုနှင်းပွဲ 31.10.2015) လူတယောက်တည်း ကားခြောက်စီးတရားတော် (ယောဆရာတော်ကြီး-ဓမ္မဗျူဟာ ဆုနှင်းပွဲ 31.10.2015) -မိမိခန္ဓာ ဆွေမျိုးပါ၊ ဥစ္စာ အတတ်များ၊ ဒုက္ခများစွာ ကိလေသာ၊ လူမှာရှိတဲ့ မော်တော်ကား။ -လူတယောက်တည်း ကားခြောက်စီး၊ ခရီးတွင်အောင် မောင်း၍သွား၊ လူတယောက်တည်း ကားခြောက်စီး၊ ခရီးတွင်အောင် စီး၍သွား၊ -မဂ်ပေါက်ဖိုလ်ပေါက် နိဗ္ဗာန်ရောက်၊ လမ်းဖောက်ထားတဲ့ မြတ်တရား။ -အရှိ၏အောက် အသိရောက် ၊ တိမ်းမှောက် လူက ရှုံး၍သွား။ ဒုက္ခများစွာ ကိလေသာ၊ လွှမ်းကာဖိ၍ ကားကြပ်သွား။ အရွယ်သာကြီး၊ခရီးမရောက်၊ လမ်းမပေါက် လန့်ကြောက်အားငယ်သွား။ -အသိ၏အောက် အရှိရောက်၊ ပြီးမြောက် လူကအောင်မြင်သွား။ -အဆိုးကို နိုင် အကောင်းပိုင်ကာ၊ အားဖြည့်ပါ၊ ချမ်းသာအေးမြ တိုးတက်သွား။ ကြီးလာသလောက် ခရီးရောက် […]


True AnswerDecember 7, 20151min1824
ဘဝတစ်လျောက် စိတ်အေးချမ်းသာနည်း (သို့) သဘာဝတရား (သို့) အရိယ သစ္စာတရား ကို မှန်ကန်စွာနားလည်စေရန် ဗုဒ္ဓ ဒေသနာ နှင့် ခေတ် သစ် သိပ္ပံ ရှုထောင့်မှ ရှင်းလင်းတင်ပြထားသော စာအုပ် ဒုတိယအကြိမ် ပုံနှိပ်ဖြန့်ချိ။ ဘဝတစ်လျောက်စိတ်အေးချမ်းသာနည်း လက်တွေ့လေ့ကျင့်မှု သင်တန်း စခန်းများလည်း စရိတ်ငြိမ်း ဓမ္မဒါန တက်ရောက်နိုင်ပါပြီ။