Ma MaOctober 9, 20112min26926
သံဝေဇနိယ ၄ ဌာနမှာ တွေ့ခဲ့ရတဲ့ နိုင်ငံအစုံက ဝတ်ပြုနည်း အစုံတွေကို မှတ်တမ်းတင်လာခဲ့တာတွေပါ။ ဘုရားပရဝဏ် တံတိုင်းဘေးနားမှာ ရွတ်ဖတ်ပူဇော်နေတဲ့ပုံပေါ့။ လက်တစ်ဖက်က စိပ်ပုတီး စိပ်နေသလို နောက်လက်တစ်ဖက်က ကြွေစေ့လေးတွေကို ကြွေပန်းကန်ပြားထဲ ထည့်လိုက် ပြန်စုကောက်လိုက်နဲ့ သူ့နည်းနဲ့သူ ပူဇော်နေတာလေ။ ဒါကတော့ တိဗက်ပူဇော်နည်းပေ့ါ။ အရှေ့ကတစ်ယောက်ကတော့ ကောင်းကင်ကသိုင်းလား၊ နေကသိုင်းလား ရှု့နေပုံပဲ။ အနောက်က တစ်ယောက်ကတော့ ထိုင်အရိယာပုတ်နဲ့ တရားရှုမှတ်နေတယ် ထင်ပါတယ်။ ဒါကတော့ လုမ္မိနီမှာ တွေ့ခဲ့တာ။ သူ့နည်းကလည်း တစ်မျိုး။ လက်နှစ်ဖက်ကို မြှောက်လိုက် ချလိုက်၊ ဘေးကို ဆန့်ထုတ်လိုက် လုပ်နေတာ ပုံစံကို စုံနေတာပဲ။ ဒါကတော့ ဝေဝေသတိပေးလို့ ထပ်တင်လိုက်တဲ့ သီရိလင်္ကာစတိုင် ခြေထောက်ဆင်းပြီး ဝတ်ပြုနေပုံဖြစ်ပါတယ်။ အတွင်းက ဓာတ်တော်တိုက်စေတီမှာ လူပြည့်နေလို့ အပြင်ဖက်ကနေ […]


Ma MaOctober 9, 20116min25619
blackchaw ပြောပြပေးတဲ့- သတ္တ သတ္တာဟနေရာတွေနဲ့၊ ရောက်ခဲ့ရတဲ့ ထင်ရှားတဲ့ နေရာတွေကိုလည်း အမိအရ ရိုက်ခဲ့တာပေ့ါ။ ဒါကတော့ မဟာဗောဓိတခွင်မှာ မိဘဆွေမျိုးတွေကို ပူဇော်ဖို့ ရောက်လာသူတွေ။ ပုံစံအစုံနဲ့ ဘုရားကြီးကို လာရောက်ကြသူတွေပေါ့။ မဟာဗောဓိကို ရိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ငှက်ကလေးတစ်ကောင် ရိုက်ကွင်းထဲဝင်လာလို့ ပုံလေးက ပိုလှသွားသလိုပဲ။ ဗုဒ္ဒ္စဘာသာတွေက မဟာဗောဓိကို ပူဇော်ကြပေမယ့် သူတို့တတွေကတော့ အဲဒီရဲ့ ဘေးနားမှာရှိတဲ့ ညောင်ပင်ကို ကိုးကွယ်ကြတယ်။ ဆွေမျိုးမိဘတွေ ပူဇော်တဲ့အနေနဲ့ အဲဒီညောင်ပင်အောက်မှာပဲ မုန့်တွေလုပ်ပြီး တစ်နေကုန် နေထိုင်ကြတယ်။ မဟာဗောဓိဝင်းထဲရဲ့ မြင်ကွင်းတွေပေ့ါ။ အရမ်းသာယာတယ်။ ဆရာတော်ရဲ့ ဟောပြောပြမှုတွေကြောင့် ဘုရားဖူးတဲ့အချိန်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝ လောက်က သက်တော်ထင်ရှား မြတ်စွာဘုရားကို မြင်ယောင်လာပြီး အရမ်းကို စိတ်ချမ်းသာကြည်နူးခဲ့ရတယ်။ ခရီးသွားခါနီးတုန်းက ဘာမှာကြဦးမလဲ ရေးတော့ […]


who whoOctober 8, 20111min20113
ဒီနေ့တော့ ကျနော့ခန္ဓာအိမ် ခန်းမထဲမှာ အင်တာဗျူးပွဲလေး တစ်ခု လုပ်ဖြစ်ပါတယ်။ လုပ်မယ့်အချိန်က နံက် (၁၀)နာရီ တိတိမှာပါ။ အင်တာဗျူး အစီအစဉ်အရ စိတ်ကလေးကို အင်တာဗျူးလုပ်ရမှာပဲ ဖြစ်ပါတယ်။ ကျနော်က အင်တာဗျူးမယ့်သူ ဆိုတော့ ကြိုရောက်နေနှင့်တာပေါ့။ အင်း (၁၀) နာရီ ထိုးပြီး ငါးမိနစ်လောက်ကျမှ စိတ်ကလေးက ခန်းမထဲကို အမောတကော ပြေးဝင်လာပါတယ်။ ကျနော်တို့ရဲ့ အင်တာဗျူးခြင်း စတင်ပါပြီ။ ဗျူး – စိတ်ကလေးရေ မင်း ကြည့်ရတာ တော်တော်လေး မောနေပုံပဲ။ ဘယ်တွေသွားနေလို့ နောက်ကျပြီး ခုလိုတွေ မောနေရတာလဲ။ ပြောစမ်းပါဦး။ စိတ် – ဟုတ်ကဲ့ပါ။ ကျနော်ကတော့ အမြဲလိုလို အာရုံခင်းသောလမ်းမှာ လျှောက်နေရသူမို့ ခုလည်း အာရုံတွေရဲ့ နောက်ကို လိုက်နေရင်းက ပြေးလာရ […]


လျှောက်ထားသူ၏ဘဝကို မသိလျှင် လျှောက်ထားလွှာ၏ အတိမ်အ နက်ကို ချိန်စက်ရန်ခက်မည်မှ ဖယ်ရှားနိုင်ရန် တပည့်တော်တို့၏ဘဝ တင်ပြ လျှောက်ထားမည်ကို သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ၏ နိဒါန်းအဖြစ် ခွင့်ပြုစေလိုပါသည်ဘုရား။ မြန်မာနိုင်ငံရှိ သံဃာတော်များအားလုံးကို ကိုယ်စားပြုသည်ဖြစ်၍ အလေးအမြတ်ပြုအပ်ပါသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နှင့် သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော် အရှင်မြတ်များဘုရား။ တပည့်တော် တို့သည် မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်မြတ်ကြီးတို့ ထုံးကို နှလုံးမူ၍ လျှောက်ထားပါရစေပါ။ မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်များသည် တရားကျင့်သုံး၍ ပြီးဆုံးသွား သော ကိလေသာများကို မြတ်စွာဘုရားထံပါး၌ ဝပ်တွားဦးတင်တတ်ကြ ကြောင်း သိရပါသည်။ ယနေ့အချိန်၌ အန္တရ ဓာယန ဖြစ်ခဲ့ပါပြီ။ ထိုသို့ဖြစ် သော်လည်း သံဃာတော်တို့၏ ထိပ်သီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့အစည်းကြီးကိုကား တပည့်တော်တို့ သာသနာတော်၌ တည်ဆောက်နိုင် ခဲ့ပါပြီ။ […]


who whoOctober 6, 20111min2035
နောက်ဆုံး ရန်သူကြီးတစ်ပါးကတော့ “မချစ်မနှစ်သက်သောသူ” ဆိုတာပါပဲ ။ “မချစ် မနှစ်သက်သောသူနှင့် ပေါင်းသင်းဆက်ဆံရခြင်း” သည် လူတိုင်းအတွက် ကြီးစွာသော ဆင်းရဲကို ဖြစ်စေတယ်မလား ။ “ချစ်သောသူ နှင့် ကွေကွင်း ရခြင်း” ကမှ စိတ်ထဲမှာဖြေတတ်ရင် ၊ နေတတ်ရင် တော်သေး တယ်လို့ ပြောရပါမယ် ။ ဒီမချစ်မနှစ်သက်သောသူကြီးနဲ့သာအမြဲ ပေါင်းသင်း ဆက်ဆံ နေရရင်တော့လည်း ဒုက္ခဆင်းရဲကြီးက လွတ်ဖို့ လမ်းမမြင်တော့ပါဘူးနော့ ။ ဒါပေမယ့်လေ ခုတော့ တို့မှာ ဒီ ဒုက္ခ ဆင်းရဲ ကြီးနဲ့ အမြဲ ပူးတွဲနေရပါတယ်နော် ။ ဘာလို့လဲဆိုတော့ ခန္ဓာ ရထားတာကိုး ။ ဒီခန္ဓာကို ရထားလေတော့ ဇာတိဖြစ်လာသမျှကတော့ အိုရမယ် ၊ နာရမယ် ၊ […]


chityimhtooOctober 5, 20111min1896
လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မေတ္တာဘာဝနာ အရာတွင် ထင်ရှားကျော်ကြားခဲ့သော ဆရာတော်ကြီးတစ်ပါး မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့ဖူးသည် ။ တန်အလေးချိန် အလွန်ကြီးမားသော ဗုံးကြီးသုံးလုံး လေယဉ်ပျံဖြင့် ကြဲချခဲ့သော်လည်း ဆရာတော့်ကျောင်းဝိုင်းထဲ ကျသည်နှင့် ပန်းကုံးသဖွယ် ဖြစ်သွားကြရသည် ။ တစ်လုံးမှ မကွဲခဲ့ ။ တစ်ဖန် စင်္ကြ ံလျှောက်နေသော ဆရာတော်ရော စင်္ကြ ံကျောင်းကိုပါ အဝေးမှ ပစ်လိုက်သော အမြောက်ဆံတစ်ခုက တည့်တည့်စွတ်မှန်ခဲ့သည် ။ အမြောက်ဆံကွဲသံနှင့်အတူ မီးခိုးလုံးကြီးများ ထပြီး စင်္ကြ ံကျောင်း မီးစွဲလောင်သည် ။ ကျောင်းခန်းတွင်းတစ်ခုလုံးမှာလည်း အမြောက်ဆံမှ ဖြာထွက်လာသည့် သံတိုသံစများက မြင်မကောင်းအောင် စို်က်ဝင်နေကြသည် ။ သို့သော် စင်္ကြ ံလျှောက်နေသော ဆရာတော်ကိုကား ဘာတစ်ခုမှ မထိမှန်ခဲ့ ။ […]


(ပုံစံအားဖြင့် သူတစ်ပါးပစ္စည်းကို မခိုးရခြင်း)  သူတစ်ပါးပစ္စည်းကို ခိုးယူနေကြမည်ဆိုပါက ထိုခိုးသူကြောင့် ပတ်ဝန်းကျင်ဟာ ငြိမ်းအေးမှာမဟုတ်တော့ပါဘူး။ လူ့ငြိမ်းအေးမှုကို ထိခိုက်စေတာမို့ လူသားတိုင်း သူတစ်ပါးပစ္စည်းဥစ္စာကို မခိုးဖို့လိုက်နာ စောင့်ထိန်းသင့်ပေသည်။ ဒါဟာပုံစံအားဖြင့် ပေါ်အောင်ပြောရတာပါ။ ဒီပုံစံထဲမှာ ကိုယ့်ဘဝနဲ့ဆိုင်တာတွေကို ဖြည့်ကြည့်ကြမယ်ဆိုရင် သူတစ်ပါး ပစ္စည်းဥစ္စာ ဘာကြောင့် မခိုးသင့်လဲဆိုတာကို ထပ်မံစိစစ်ကြည့်မယ်ဆိုရင် ကိုယ်မရသင့် တာကို ရယူနေမယ်ဆိုရင် ဒီသူရဲ့ လူ့အရည်အချင်းလို့ဆိုရတဲ့ တန်ဘိုးဟာတဖြည်းဖြည်းချင်း ကျဆင်းသွားပါလိမ့်မယ်။ ဥပမာအားဖြင့် စာမေးပွဲမှာ စာခိုးချပြီးအောင်ခဲ့တဲ့ကျောင်းသားဟာ သူ့ဘဝမှာ အောင်မြင်ဖို့အတွက် ကိုယ့်အရည်အချင်းအမှန်ကိုု အားကိုးယုံကြည်မှု လျော့နည်းသွား ပါလိမ့်မယ်။ အချောင်သမားစိတ်ဓာတ်တွေဖြစ်သွားတာမို့ ကောင်းမွန်တဲ့ လူ့အရည်အချင်းများပျက်စီးသွားတာသည် ကိုယ်နဲ့ မထိုက်တန်သေးတဲ့ အခြေအနေရဖို့ စာမေးပွဲ ခန်းထဲမှာ စာခိုးချခဲ့တာက စခဲ့တာပါပဲ။ ကိုယ်နဲ့ မထိုက်တန်တာ မရသင့်တာကို ယူမိခဲ့တဲ့ (စာခိုးချခဲ့တဲ့) […]


black chawOctober 5, 20111min2766
    မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးပေါ်တွင် တည်ထားပူဇော်လျှက်ရှိသော မဟာကျိန်သစ္စာရှင် ဘုရားကြီး၏ ပုံတော်ဖြစ်ပါသည်။ ပဓာန နာယက ဆရာတော် ဘဒ္ဒ န္တ ကုလရက္ခိတ မဟာဇေယျ သိဒ္ဓိ အဓိဌာန်ဆရာတော် မှ ဦးဆောင်ဦးရွက်ပြု တည်ထားခြင်းဖြစ်ပါ၏။ ဘုရားကြီး၏ ဉာဏ်တော်မှာ ၁၂၉ ပေ ၆ လက္မ ရှိသည်ဟုဆိုပါသည်။ ဆရာတော်သည် လူအများအား ကျေးဇူးဆပ်သည့်အနေဖြင့် အဓိဌာန်ဝင်လိုသည့် ပုဂ္ဂိုလ်များအတွက် အဓိဌာန်ဝင်နိုင်ရန် ဘုရားကြီးတစ်ဆူ တည်ထားပေးလိုသည့် စေတနာကြောင့် ရှေးယခင် ရခိုင်ဘုရင်များ လက်ထက်တော်က ဘုရင်များ သစ္စာဆိုခဲ့သည့် (သို့) ကျိန်ဆိုခဲ့သည့် ဘုရင်များ ဦးခေါင်းထက်ပေါ်တွင် တင်၍ ကျိန်ဆိုသည့် (သို့) သစ္စာဆိုခဲ့သည့် ရုပ်ပွား တော်မျိုးဆိုလျှင် ကောင်းလိမ့်မည်ဟု စေတနာပေါ်သည့်အလျောက် ကမ္ဘာသူကမ္ဘာသား၊ လူအများ၊ […]


who whoOctober 5, 20111min965
ဒီနေ့တော့ စတုတ္ထမြောက် ရန်သူဖြစ်တဲ့ “ခိုးသူ” နဲ့ မိတ်ဆက်ချင်ပါတယ် ။ လူ့ဘဝကြီးမှာက အပူမျိုးစုံ ပတ်လည်ဝိုင်းနေတယ်နော် ။ မရှိတော့လည်း မရှိလို့ ပူရတယ် ။ ရှိပြန်တော့လည်း ရှိလို့ပူရပြန်တယ် ။ တစ်နေ့ တစ်နေ့ ဥစ္စာ ပစ္စည်း တွေအတွက် မရှိတာ ကို ရှိဖို့ကြိုးစားရတယ် ။ ရှိပြန်တော့လည်း အေးအေးမနေရဘူး ။ ရှိစုမဲ့စုလေးများ တစ်စုံတစ်ယောက် ခိုးယူသွားခဲ့ သည်ရှိသော် ဘယ်နှယ့်လုပ်ပါ့ မလဲရယ်လို့ တွေးပြီး မအိပ်နိုင် တွေဖြစ်ရပြန်တယ် ။ ဒါကြောင့်မို့ပဲ ဒီသူခိုးသည်ပင် ရန်သူ တစ်ပါးအနေနဲ့ ကြောက်ရမယ့်ထဲ ပါနေပါတယ်နော် ။ ခုပြောချင်တဲ့ “ခိုးသူ” ကိုတော့ ကြောက်ရကောင်းမှန်း သိချင်မှ သိကြမယ်နော် ။ ပြောသာပြောရတယ်။ […]


kotun_mdyOctober 4, 20111min1085
လောကမှာ အမှန်တရားသုံးခုရှိပါတယ်။ ၁။ အစိတ်အမှန်တရား (ပရမတ္ထသစ္စာ)(အစု၊ အပေါင်းတို့ကို ခွဲခြမ်းစိတ်ဖြာမှုအရ တွေ့ရှိသော အမှန်တရား) မှန်သည်။ အသုံးဝင်သည်၊ လူငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့အတွက် လမ်းညွှန်မဟုတ်ပါ။ ၂။ အစုအမှန်တရား(သမုတိသစ္စာ)(အစု၊ အပေါင်းတို့ကိုခေါ်ဆိုသော အမည်နာမ အမှန်တရား) မှန်သည်။ အသုံးဝင်သည်၊ လူငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့အတွက် လမ်းညွှန်မဟုတ်ပါ။ ၃။ အမှုအမှန်တရား (အရိယသစ္စာ)(အစုနှင့်အစိတ်ဖြင့်ပေါင်းစပ်ထားသော လူသား၏ အပြု၊ အပြော၊ အနေတို့၏ ဖြစ်ပေါ်ချက်အမှန်တရား) မှန်သည်၊ အသုံးဝင်သည် ၊ လူငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့အတွက် အဓိကလမ်းညွန်ချက်ဖြစ်သည်။ အစိတ်နှင့်အစုသည် လောကသဘာဝအမှန်တရားဖြစ်ပြီး။ ၎င်းတို့နှစ်ခုပါဝင်ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းအတွက်၊ ငြိမ်းချမ်း၊လွတ်မြောက်၊ ဖြူစင်ရိုးသားရန်အတွက် အမှုအမှန်တရား (အရိယသစ္စာ)သိရန်အထူးလိုအပ်လှပါတယ်။ ဒါကို မြတ်ဗုဒ္ဓမှ ဖော်ပြလမ်းညွှန်ခဲ့ပါတယ်။ အရိယသစ္စာကို အပိုင်းလေးပိုင်းဖြင့် ဟောကြားထားပါတယ်။ ၁။ ဒုက္ခအရိယသစ္စာ(အရိယသစ္စာနည်းလမ်းကျသော ဒုက္ခ- […]


who whoOctober 4, 20111min720
ဒီနေ့တော့ ရန်သူမျိုး (၅) ပါးထဲက (၃)ယောက်မြောက် ရန်သူတစ်ဦး အကြောင်း ပြောကြရအောင် ။ ရေ ၊ မီး ပြီးရင် အလှည့်ကျသူကတော့ “မင်း” ပဲပေ့ါ ။ ဘယ်တိုင်းပြည် ၊ ဘယ်နိုင်ငံ မှာမဆို သက်ဆိုင်ရာက တင်မြှောက်ထားတဲ့ မင်း အစိုးရကပဲ တစ်နိုင်ငံလုံးကို အုပ်ချုပ်ရတယ်နော် ။ တစ်နိုင်ငံလုံးဟာ သူချမှတ်တဲ့ ဥပဒေ အတိုင်း ၊ အမိန့် အတိုင်း လိုက်နာ ရတယ် ။ အကယ်၍ သတ်မှတ်ထားသော ဥပဒေ ကို ကျူးလွန်ခဲ့မယ် ဆိုရင်တော့ ဒီကျူးလွန်သူကို ထောင်ချနိုင်တယ် ။ သေဒဏ်ထိပေးနိုင်တယ်နော် ။ တို့တွေအားလုံးဟာ ရောက်တဲ့ နိုင်ငံတိုင်းမှာ အုပ်ချုပ်ဆဲ ဖြစ်တဲ့ မင်း […]


koyoOctober 3, 20111min570
နေရာလိုက်တန်ဖိုး        လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားကြဖို့ တောင်းဆိုသူတွေက တောင်းဆိုနေကြတယ်။ ဒီလိုတောင်းဆိုတာကို ဖိနှိပ်သူတွေကလည်း ဖိနှိပ် နေကြတယ်။ တလောကလုံးကို ခြုံငုံကြည့်လိုက်မည်ဆိုလျှင် ဖိနှိပ်သူနှင့် အဖိနှိပ်ခံဆိုပြီး လူတန်းစား နှစ်ရပ်ပဲရှိတာကိုတွေ့ရမှာပါ။ လူအမျိုးမျိုးအစား စားတွေ ဘယ်လောက်ပဲများများ ဖိနှိပ်သူအဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ အဖိနှိပ်ခံ အဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ ဒီနှစ်မျိုးထဲက တမျိုးမျိုးနဲ့ပဲ လူတွေဟာ ရှင်သန်ရပ်တည်နေကြတာပါ။ လူ့အခွင်အရေးကို တန်ဖိုးထားရမယ်၊ လေးစားရမယ်၊ လိုက်နာရမယ်လို့ ဘယ်လောက်ပဲပြောပြော တန်ဖိုးထား လေးစားလိုက်နာတတ်ဖို့ဆိုလျှင် လူကို နားလည်ရပါလိမ့်မယ်။ လူကို နားမလည်လျှင် လူ့အခွင့်အရေးဆိုတာကိုလည်း နားလည်မှာမဟုတ်ပါဘူး။ လူတွေဟာ လူတွေကို နားလည်ကြမှာဖြစ်ပေမယ့် လူတွေက လူတွေကို နားမလည်ကြပါဘူး။ ဒါ့ကြောင့်လည်း လူတွေကပဲ လူ့အခွင့်အရေးတွေကို ချိုးဖျက်နေကြတာပေါ့။ လူတွေကပဲ လူ့အခွင့်အရေးတွေက်ို ချိုးဖျက်နေကြ တာဆိုတော့ […]