သို့ ဥက္ကဋ္ဌ နိုင်ငံတော် သံဃာ့မဟာနာယက ဇမ္ဗူဒီပကျောင်းဆောင်၊ ကမ္ဘအေးကုန်းမြေ။ ရန်ကုန်မြို့။ နေ့စွဲ့(၂ဝ-၁-၈၃) အကြောင်းအရာ။    ။ ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ စာအုပ်၌ အညေခန္ဓာ အညံ နိဗ္ဗာနန္တိ              အာမန္တာဟူသော စကားများ ကထာဝတ္ထု ပါဠိ အဘိဓမ္မာကျမ်း၌ မပါဝင်ပဲ ပါဝင်သည်ဟု နိုင်ငံတော် သီးခြား ဝိနိစ္ဆယအဖွဲ့ အမှတ်(၁)၏ မိန့်ကြားချက်အမှားကို ဖယ်ရှားနှိမ်နင်းပေးရန် လျောက်ထား စောဒနာလွှာပါ ဘုရား။ လျောက်ထားပါသည် ဘုရား- နိုင်ငံတော် သီးခြား ဝိနိစ္ဆယအဖွဲ့ အမှတ်(၁) ၌ ပါဝင်ကြသော အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ကိုင်းကုန်းဆရာတော်ကြီး အမှူးပြုသော ဆရာတော်တို့သည် ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ စာအုပ်၌ နိဗ္ဗာန်ကို ဤကိုယ်တလံ အပြင်အပ၌ ရှိကြောင်း ပြောကြားလိုကြသောကြောင့် ကထာဝတ္ထု […]


“ ဘာဖြစ်လို့ အကြောင်းအရာ မသိကြတာလဲ ” “ ဒီ ကန်တော့ချိုးရကြသူတွေက စနစ်တကျ အသင်ကြားခံရပြီး ရလာကြတာ မဟုတ်ပဲ အသက်(၅)နှစ်မတိုင်ခင်က မိဘ၊ ဘိုးဘွားတို့ဆီက နှုတ်တိုက်သင်ကြားရာက ရလာကြတာတွေ ဖြစ်လို့ပဲ ” “ အဲဒီ နှုတ်တိုက် သင်ပေးသူက ရှင်းပြတာလည်း လုပ်ရမှာပေါ့ ” “ သူတို့ကလည်း ရှင်းပြလောက်အောင် မသိကြသူတွေပဲ ” “ ဘာဖြစ်လို့ ရှင်းမပြနိုင်ကြတာလဲ ” “ သူတို့လည်း ဒီလိုပဲ သူတို့မိဘ၊ ဘိုးဘွားတွေဆီက နှုတ်တိုက်သင်ရာက ရလာ တာဖြစ်လို့ပဲ ” “ သူတို့ဟာ ဆရာသမားဆည်းကပ်တာ မရှိကြဘူးလား ” “ ရှိတာပေါ့ ” “ ဆရာသမားတွေက ကန်တော့ချိုးထဲက […]


ရိုးရာဗုဒ္ဓဘာသာ ဆည်းကပ်မှုဆိုင်ရာ၊ ရွတ်ဆိုရတဲ့ စကားတွေနဲ့ စပ်ပြီး ရွတ်ဆိုတတ် နေပေမယ့် အဓိပ္ပာယ်အနေနဲ့ သိလှတယ်လို့ မဟုတ်သလိုဖြစ်နေတာမျိုး က ကျော်လွန် လွတ်မြောက်ချင်ပါတယ်။ ဒီအကြောင်း ဆွေးနွေးတင်ပြပေးဖို့ တောင်းဆို တယ်။ ဒါကြောင့် ဒီစာကို ဒီနေ့အစပြုပြီး ရေးလိုက်တာပဲ။ “ သိလိုတာ မေးဖို့ပါပဲ ” “ ဩကာသ ဆိုပြီး ဘုရားကန်တော့တာကစပြီး မေးရမှာပဲ။ နမောတဿဆိုတာ တို့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ ဆိုတာတွေလည်း သိစရာတွေအဖြစ် သိချင်ပါတယ်” “ဟုတ်တယ်၊ ဒါတွေက သိချင်ရမှာတွေပဲပေါ့။ ကိုယ်က ဗုဒ္ဓဘာသာ မိဘဝန်း ကျင်ထဲက ပေါက်ဖွားလာသူဖြစ်လို့ ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်ပြီး ဒီဘုရားရှစ်ခိုး စာ တွေက၊ ကိုယ့် ပါးစပ်ထဲရောက်နေတာ။ အဲဒီစာ […]


“ ဒကာမကြီး ပုတီးမပြတ်စိတ်နေတာဟာ စိစိစစ်စစ် လုပ်ဖို့ကောင်းတယ် ” ‘ ပုတီးစိတ်တာပဲ ဘုရား၊ ဘာစိစစ် နေရဦးမှာလဲ ’ “ တကယ်ကောင်းရဲ့လား၊ တကယ်မကောင်းများဘဲ နေသလားဆိုတာ သိဖို့ပေါ့ ” ‘ ပုတီးစိတ်တာ ကောင်းတာပေါ့ ဘုရား၊ ဒါများ စီစစ်နေရဦးမှာလား ’ “ သည်လို ပေါ့ပေါ့ မပြောပါနဲ့ ” ‘ ဒါ- ရှေးအစဉ်အလာကတည်းက သူတော်ကောင်းတွေ လုပ်လာခဲ့ကြပြီးသားပဲ ’ “ သည်လိုလည်း သူများကို မညွှန်းပါနဲ့ ” ‘ အနည်းဆုံးဘုရား၊ အပြောအဆို၊ အပြုအမူနဲ့ အကြံအစည်တွေ မမှားဘူးပေါ့ ’ “ ဒါတွေဟာ လွယ်လွယ်ပြောတာတွေပဲ ” ‘ သည်လိုမပြောလျှင် ဘယ်လိုပြောရမှာလဲ […]


“ ဘုန်းကြီးတို့ အခုလိုဓမ္မဝိဟာရီလုပ်တာနဲ့ စပ်ပြီး ပြောဆိုတာတွေ ဘာမှ မလုပ်ကြဘူး လား ” “လုပ်ကြတာပေါ့.” “ဘယ်လိုတွေလုပ်ကြတာလဲဘုရား” “မန္တလေးထောင်မကျခင်တစ်ခါ၊ ကျပြီးမှ တစ်ခါ၊ နှစ်ခါတောင်ရှိသွားပြီပဲ ” “ပြောပါဦးဘုရား” “ထောင်မချခင်ကတော့ ပုသိမ်ကြီးမှတ်ပုံတင်ရုံးက ဓမ္မဝိဟာရီတို့ကို ခေါ်တယ် ” “ နှစ်ပါးလုံးကိုလား ဘုရား ” “ ဟုတ်တယ် ” “ မှတ်ပုံတင်ရုံးကသာသနာရေးရုံးလည်း ဖြစ်တယ်နဲ့တူတယ် ” “ ဟုတ်တယ် မြို့နယ်သာသနာရေးမှူးတာဝန်ကို သူတို့မြို့နယ်ဦးစီးက တာဝန်ယူရတယ်ထင်တယ် ” “ ဘာတွေပြောလဲ ဘုရား ” “ ဒီလို အဝတ်တွေနဲ့ မနေကြဖို့ပါပဲ ” “ ဘုန်းကြီးတို့က ဘာပြန်ပြောလဲ” “ ဘာဖြစ်လို့ တားတာလဲပေါ့ ” […]


မိမိကိုယ်ကို မိရိုးဖလာ ဗုဒ္ဓဘာသာလို့လည်း မသိ မိရိုးဖလာ ဗုဒ္ဓဘာသာ အဖြစ်ထက် ကျော်လွန်ရကောင်းမှန်းလည်း မသိခဲ့ရိုးအမှန်ပါ။ အဖေတို့ အမေတို့က သီလ ဆောက် တည်တော့ ကိုယ်လည်းသီလဆောက်တည်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ဆိုပြီး ပုတီးစိပ်ရတယ် ကြားဖူးလို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုပြီး ပုတီးလည်းစိပ်ခဲ့ပါတယ်။ တစ်နေ့ကို အနည်းဆုံးသုံးကြိမ် သရဏဂုံ ဆောက်တည်လျှင် အစစအောင်မြင်နိုင်တယ်ဆိုလို့ ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံသရဏဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိကို နံနက်သုံးခေါက်၊ နေ့လယ်သုံး ခေါက်၊ ညနေသုံးခေါက် ရေသောက်တိုင်း ထမင်းစားတိုင်းမှာ သုံးခေါက် အမြဲမပြတ် ရွတ်ဆို ခဲ့ဘူးပါတယ်။ တစ်နေ့အနည်းဆုံး သုံးကြိမ် သံရဏဂုံဆောက်တည်လျှင် အစစ အောင်မြင် နိုင်တယ်ဆိုလို့ ဗုဒ္ဓံသံရဏံဂစ္ဆာမိ၊ ဓမ္မသံရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိကို နံနက်သုံးခေါက်၊ နေ့လယ်သုံးခေါက်၊ ညနေသုံးခေါက် […]


“တိုင်းသာသနာရေးလက်ထောက်ကြီးဟာ သာသနာရေးလုပ်ငန်း လုပ်နေသူ ဖြစ်လို့ သာသနာရေးနှင့် စပ်ပြီးဖြစ်တဲ့ လုပ်ငန်းမှာ အသိမှန် သိနိုင်, မသိနိုင် ပေါ်လွင်အောင် နဲနဲမေးပါမယ်” “မေးပါ” “တိုင်းလက်ထောက် သာသနာရေးမှုးကြီးဟာ အရိယာဖြစ်ပြီလား မဖြစ်သေး ဘူးလား” “မဖြစ်သေးပါဘူး” “ဒီလိုဆိုရင် တိုင်းလက်ထောက် သာသနာရေးမှုးကြီးဟာ ပုထုဇဉ်ဖြစ်တယ် လို့ ဝန်ခံမှာပေါ့” “ဝန်ခံပါတယ်” “ပုထုဇဉ်ဟာ ဒိဋ္ဌိပြုတ်ပြီလား မပြုတ်သေးဘူးလားဆိုတာ သာသနာရေးမှုး ကြီး သိပါသလား” “သိပါတယ်၊ မပြုတ်သေးပါဘူး” “ဒိဋ္ဌိပြုတ်တယ်ဆိုတာ မိစ္ဆာဒိဋ္ဌိမရှိတာရဲ့ နာမည် ဟုတ်ပါသလား” “ဟုတ်ပါတယ်” “မိစ္ဆာဒိဋ္ဌိဟာ သမ္မာဒိဋ္ဌိရဲ့ ဆန့်ကျင်ဘက် ဟုတ်ပါသလား” “ဟုတ်ပါတယ်” “ဗုဒ္ဓဘာသာဟာ သမ္မာဒိဋ္ဌိဘာသာလား မိစ္ဆာဒိဋ္ဌိဘာသာလား” “သမ္မာဒိဋ္ဌိဘာသာပါ” “ဒီလိုဆိုတော့ တိုင်းလက်ထောက် သာသနာရေးမှုးကြီးဟာ ဗုဒ္ဓဘာသာ ဟုတ်ပါ့မလား” “ဟုတ်ပါတယ်၊ လောကီသမ္မာဒိဋ္ဌိဖြစ်လို့ပါ” […]


ရှင်ဉာဏ၊ ရှင်ဂုဏမထေရ်တို့၏ သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ဆောင်ရွက်ချက်နှင့် စပ်လျှင်း၍ လျှောက်ထားခြင်း။ ရှင်ဉာဏ၊ ရှင်ဂုဏ ရွှေမြင်တင်တောင် မင်းကွန်း၊ စစ်ကိုင်း။ မိတ္တူကို (၁) တိုင်းသံဃာ့နာယက စစ်ကိုင်း (၂) မြို့နယ်သံဃာ့နာယက စစ်ကိုင်း (၃) ကျေးရွာသံဃာ့နာယက မင်းကွန်း (၄) ပါတီသုတေသန ရန်ကုန် (၅) ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ရန်ကုန် (၆) နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ရန်ကုန် (၇) တိုင်းကောင်စီဥက္ကဋ္ဌ ရန်ကုန် (၈) မြို့နယ်ပါတီယူနစ်ဥက္ကဋ္ဌ စစ်ကိုင်း (၉) မြို့နယ်ကောင်စီဥက္ကဋ္ဌ စစ်ကိုင်းသို့ ပေးပို့ပါသည် သို့ ဥက္ကဋ္ဌ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ကမာ္ဘအေးကုန်းမြေ ရန်ကုန်မြို့ နေ့စွဲ…. ၁၃၄၄-ခု ကဆုန်လဆန်း(၂)ရက်နေ့ အကြောင်းအရာ။ ။ သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာအတွက် […]


အပိုင်း (၆) ဆက်ကပ်ရန်- သဘာပတိ မြို့နယ်သံဃာ့ဝိနိစ္ဆယအဖွဲ့ အမှတ် (၁) စစ်ကိုင်း။ နေ့စွဲ…၁၉၈၁၊ အောက်တိုဘာ(၈)ရက် အကြောင်းအရာ။     ။တပည့်တော်ရှင်ဉာဏနှင့် ရှင်ဂုဏဝန္တတို့အား စတုတ္ထ                         ပါရာဇိက သင့် မသင့် စီစစ်ဆုံးဖြစ်ပေးပါရန် သောဓ                         နာလွှာပါဘုရား။ (၁)။ တပည့်တော်(ရှင်ဉာဏ၊ ရှင်ဂုဏဝန္တ)တို့သည် နိုင်ငံတော်သံဃာက သာသနာ့အရှုပ်အထွေးနှင့် အညစ်အကြေးများ သုတ်သင်မည်ကို ဝိုင်းဝန်းကူ ညီရန် ရဟန်းသံဃာတိုင်း၌ တာဝန်ရှိသည်ဟု သိသဖြင့်၊ တရားမသိသူတို့၏ အန္တရယ်အထပ်ထပ်အကြားမှ တပည့်တော်တို့အသိကို မြှပ်ကွယ်ထားရန် ကာလမဟုတ်တော့သဖြင့် သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ ဟု အမည်တတ်၍ နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌသို့ တင်ခဲ့ကြသည် မှာ အမှန်ဖြစ်ပါသည်ဘုရား။ (၂)။ ဤလျှောက်ထားတောင်းဆိုလွှာ၌ တပည့်တော်များ လျှောက်ထား တောင်းဆိုသော သာသနာတော်က ဖယ်ရှားရမည့် […]


အပိုင်း(၅)          ထို့ကြောင့် ပိဋကတ်စာပေများကို လေ့လာရန် ပြင်ဆင်ရပါသည်။ ပြင်ဆင်ရာ၌လည်း ဘုရားဟောတိုက်ရိုက်ကိုလေ့လာမည်။ အဋ္ဌကထာ၊ ဋီကာများကို နောက်ထားမည်။ ပါဠိတော်၌လည်း ပါဠိပိဋကတ်ပါဋိတော်ကို လေ့လာလျှင် စကားလုံးနက်ပြဿသနာ၊ အသွားအလာပြဿသနာ၊ အမိ ဘာသာမဟုတ်၍ နှေးကွေးမှုပြဿနာ အစစများရှုပ်သည်။ မြန်မာပြန် ပိဋ ကတ်များကို မူထား၍ ပါဠိပိဋကတ်ကို အကူထားမည် ဤသို့ ဆုံးဖြတ်လေ့ လာပါသည်။ လေ့လာသောအခါ မြတ်စွာဘုရားသည် တပည့်တော်များ နား မလည်နိုင်သော ပုဂ္ဂိုလ်ဖြစ်၍နေသည်ကို ကွဲကွဲပြားပြားသိလာရပါသည်။ ဇာတ်နိပတ်နှင့် ဓမ္မအဘိဓမ္မာများ၌ မြတ်စွာဘုရား၏ ဝိသေသလက္ခဏာကို နားလည်၍မရနိုင်အောင် ဖြစ်ရပါသည်။ တမျိုးတဖုံစီ ကွဲပြားအောင် ခြားနား နေသကဲ့သို့ တွေ့ရပါသည်။          မြတ်စွာဘုရား၏ ဘဝအမြင်၊ လောကအမြင်များသည်လည်း တပည့် တော်များ နားလည်၍မရနိုင်အောင် ဖြစ်နေခဲ့ကြပါသည်။ […]


လျှောက်ထားသူ၏ဘဝကို မသိလျှင် လျှောက်ထားလွှာ၏ အတိမ်အ နက်ကို ချိန်စက်ရန်ခက်မည်မှ ဖယ်ရှားနိုင်ရန် တပည့်တော်တို့၏ဘဝ တင်ပြ လျှောက်ထားမည်ကို သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ၏ နိဒါန်းအဖြစ် ခွင့်ပြုစေလိုပါသည်ဘုရား။ မြန်မာနိုင်ငံရှိ သံဃာတော်များအားလုံးကို ကိုယ်စားပြုသည်ဖြစ်၍ အလေးအမြတ်ပြုအပ်ပါသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နှင့် သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော် အရှင်မြတ်များဘုရား။ တပည့်တော် တို့သည် မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်မြတ်ကြီးတို့ ထုံးကို နှလုံးမူ၍ လျှောက်ထားပါရစေပါ။ မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်များသည် တရားကျင့်သုံး၍ ပြီးဆုံးသွား သော ကိလေသာများကို မြတ်စွာဘုရားထံပါး၌ ဝပ်တွားဦးတင်တတ်ကြ ကြောင်း သိရပါသည်။ ယနေ့အချိန်၌ အန္တရ ဓာယန ဖြစ်ခဲ့ပါပြီ။ ထိုသို့ဖြစ် သော်လည်း သံဃာတော်တို့၏ ထိပ်သီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့အစည်းကြီးကိုကား တပည့်တော်တို့ သာသနာတော်၌ တည်ဆောက်နိုင် ခဲ့ပါပြီ။ […]


ဗုဒ္ဓဘာသာဝင်သည် အနည်းဆုံး ကမ္မဿကတာဉာဏ်ဟု ဆိုအပ် သော ကံနှင့် ကံကျိုး ဆက်သွယ်မူ၌ အသိဉာဏ်ရှိရမည့်သူ ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှ မရှိသူများ ဖြစ် နေကြပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ ပြောရိုးစကားပင်ရှိပါ သည်။ ကံထမ်းလာသည်ကိုမမြင်ရ၊ လှံထမ်းလာသည်ကိုသာမြင်ရသည်ဟူ၍ ဖြစ်ပါသည်။ ထို့ပြင်လည်း ဗုဒ္ဓဘာသာဝင်များသည် ကမ္မဝိသယော အစိန္တေ ယျောဟုဆိုပြီး ကံအရာမကြံရဟူလည်း ဆုံးမခဲ့ကြသည်။ ကံကို အရိယာများ မှသိနိုင်သည်ဟုလည်း ဆိုခဲ့ကြပါသည်။ ဤသို့ပင် ကံမှ မသိလျှင် ကံနှင့် ကံအကျိုး ဆက်သွယ်မှု၌သာဖြစ်သော ကမ္မဿကတာဉာဏ် ဘယ်သို့မျှ ဖြစ် ရန်အကြောင်း မရှိပါ။ ဗုဒ္ဓဘာသာဝင်လောက၌ ဤအသိဉာဏ်သည် အောက် ထစ်ဆုံးဉာဏ်ဖြစ်ပါသည်။ ဤဉာဏ်မျှမထင်လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ရန်ပင် အားနည်းလှမည်ဖြစ်ပါသည်။ ဤသို့ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှမရှိ […]


      ဆက်ကပ်ရန် ဥက္ကဋ္ဌ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဌာနချုပ် ဇမ္ဗူဒီပကျောင်းဆောင်၊ ကမာ္ဘအေးကုန်းမြေ ရန်ကုန်မြို့ နေ့စွဲ        –      – ၁၉၈၃   အကြောင်းအရာ။      ။သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာပါ ဘုရား။ မြန်မာနိုင်ငံ သံဃာ့အဖွဲ့အစည်း ဝိနည်းဓမ္မကံမှုခင်းဆုံးဖြတ်ရေး လုပ်ထုံးအပိုဒ်(၆၀)အရ သာသနာတော်၏ ဓမ္မကံအညစ်အကြေးများကို ဖယ်ရှားသုပ်သင်ပေးရန် လေ       ျှာက်ထားတောင်းဆိုအပ်ပါသည် ဘုရား။ ဤသာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာ မိတ္တူများကို တပည့်တော်တို့နေရာ ရပ်ကွက်/ကျေးရွာအုပ်စု သံဃာ့မဟာနာယက အဖွဲ့၊ မြို့နယ်သံဃာ့မဟာနာယကအဖွဲ့၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့၊ပြည်ပမှ လက်လှမ်းမှီသမျှ ထေရဝါဒသံဃာ့အဖွဲ့များနှင့် နိုင်ငံတော် အာဏာပိုင်အဖွဲ့ အစည်းများသို့ ပေးပို့ပါသည်ဘုရား။   တပည့်တော်တို့၏ သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာကို မလျှောက်ထားမှီ နိဒါန်းအဖြစ် လျှောက်ထားရခြင်း၏အကြောင်းနှင့် လျှောက် ထားသူ တပည့်တော်တို့၏ဘဝကို ရှေးဦးစွာ တင်လျှောက်ပါရစေဘုရား။ သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာ […]