ခင္ခOctober 31, 20121min33625
နတ်ကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီး တဖန် နတ်ကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီး ပိဋကတ်တော်များတွင်လာရှိတာများကို ဖော်ပြပေးရမယ်ဆိုရင် (၁) နတ်တို့ချစ်မြတ်နိုးစေရန် မေတ္တာသုတ်ကို အမြဲရွတ်ဆိုပေးပါ။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၀၁) (၂) နတ်ဆိုတာ သမုတိနတ်၊ ဥပပတ္တိနတ်၊ ဝိသုဒ္ဓိနတ်ဆိုပြီး (၃)မျိုးသာ ရှိတယ်။ မင်း၊ မိဖုရား၊ မင်းသားတွေဟာ သမုတိနတ်များ ဖြစ်တယ်။ ဥပပါတ်ပဋိသန္ဓေနဲ့မွေးဖွားလာတဲ့ စတုမဟာရာဇ်စတဲ့ နတ်ပြည်(၆)ထပ်ဟာ ဥပပတ္တိနတ်များ ဖြစ်တယ်။ ပူဇော်အထူးကို ခံယူထိုက်တဲ့ ဘုရား၊ ရဟန္တာများဟာ ဝိသုဒ္ဓိနတ်များ ဖြစ်တယ်။ အလှူပေးခြင်း၊ ဥပုသ်သီလစောင့်ထိန်းခြင်းများ ပြုလုပ်သူဟာ မင်းစည်းစိမ်၊ သူကြွယ်စည်းစိမ်၊ နတ်ပြည်ခြောက်ထပ်စည်းစိမ်တို့ကို ခံစားရပါတယ်။ လူတို့ရဲ့အသက်ဟာ အသက်(၁၀၀)ကနေ တစ်ရာထက် အနည်းငယ်လွန်ပြီး (၁၆၀)မျှလောက်သာ အသက်ရှည်ကြပါတယ်လို့ မြတ်ဗုဒ္ဓက မိန့်ကြားခဲ့ပါတယ်။ (ဝိဘင်္ဂပါဠိတော်-၄၃၇) (၃) ကုသိုလ်ကောင်းမှုပြုပြီးတိုင်း နတ်တို့ကို […]


ခင္ခOctober 31, 20121min60323
ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ကိုးကွယ်ခြင်းနဲ့ ပတ်သတ်၍ မေး။ ။ အရှင်ဘုရား တပည့်တော်စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေး တစ်ခုမေးလျှောက်ခွင့်ပြုပါဘုရား။ အဘဘိုးဘိုးအောင် ဘိုးမင်းခေါင်တို့သည် ဘုရားဟောပိဋကတ်တော်တွင် ပါဝင်သည်ဆိုတာ ဟုတ်ပါသလားဘုရား။ တပည့်တော်ငယ်စဉ်ကတည်းက ယခုအချိန်ထိ အနန္တောအနန္တငါးပါးကိုသာ ကိုးကွယ်ပူဇော်ဦး ချရာဟု သတ်မှတ်ထားပါသည်ဘုရား။ ဘုရားဝတ်ပြုတိုင်းတော့ အမျှဝေရာတွင် အဘဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ကို အမျှဝေပါတယ် ဘုရား။ သို့ပေမဲ့ ဦးချရှိခိုးခြင်းတော့မပြုပါဘုရား။အဲဒါတပည့်တော်မှာ အပြစ်ရှိပါသလားဘုရား။ တပည့်တော်မရဲ့ မိတ်ဆွေအချို့က ရှိခိုးသင့်တယ်။ ပိဋကတ်တော်မှာ သူတို့အကြောင်းပါတယ်စသဖြင့်ပြောကြပါတယ်ဘုရား။ တပည့်တော်ခံယူတာကတော့ အနန္တောအနန္တငါးပါးကလွဲ၍ ပူဇော်ရာရှိခိုးဦး ချရာမရှိဟု သတ်မှတ်ပါသည်ဘုရား။ တပည့်သိချင်တာလေးကို ဖြေကြားပေးတော်မူပါဘုရား။ ဖြေ။ ။ ကိုးကွယ်ရာနဲ့ပတ်သတ်ပြီး ပိဋကတ်တွင်လာရှိတာများကို ပထမဦးဆုံး ဖော်ပြပေးပါမယ်။ (၁) မိမိကိုယ်ကိုသာ အားကိုးရာ ဖြစ်တယ်။ တစ်ပါးသူဟာ အားကိုးရာမဟုတ်ပါ။ မိမိကိုယ်ကိုအားကိုးပြီးကြိုးစားအားထုတ်မှသာ […]


ဘဲဥOctober 29, 20121min1354
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိ ံသာ နတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြဝဠာနေရာ အနှံ ့မှ နတ်ဗြဟ္မာ အပေါင်းတို ့အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ်လပြည့်နေ ့ ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ  ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ ့ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို ့ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများက ဆိုကြပါသည်။ ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိ ံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ […]


Ko MaltSeptember 1, 20121min853
. . . ကျနော် တို့ မြန်မာနိုင်ငံတော် တွင် မြန်မာပြည်မြေပုံ ရှိပါသည် ။ ပြည်နယ် နှင့် တိုင်း မြေပုံလည်း ရှိသည် ။ ဆည်မြောင်း တာတမံ တည်နေရာ ၊ သယံဇာတ ၊ ကားလမ်း ၊ ရထားလမ်း ၊ တည်နေရာ ပြမြေပုံ တို့သည် သက်ဆိုင်ရာ ဆိုင်ရာ အလိုက်ရှိ ကြသည့် ။ ….. သို့သော်လည်း ကျန်နေတာ တစ်ခုရှိသည်။ မျက်တောင်မွှေး ကဲ့သို့ နီးကပ်လွန်းရျ် ပဲ မမြင်တာလား မပြောတတ်ပါ ။ ထိုအရာတည်ကား တစ်ခြားမဟုတ်ပါ ၊ မြန်မာနိုင်ငံရှိ ဘုရားစေတီ ပုထိုးများ ၊ သာသနာ့ ကမ္မဌာန်း ရိပ်သာများ […]


            ဝိရသူ၏ မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ဆော်မှုများ | ဌေးလွင်ဦး 5:55 PM ဌေးလွင်ဦး မန္တလေး မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- ဘွဲ့ခံ ဝီရသူ (မစိုးရိမ်) ဟာ သမ္မတ ထောက်ခံပွဲ ဆိုတဲ့ ခေါင်းစီးကို သုံးပြီး မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ ဆော်ပွဲကို ၂၀၁၂ စက်တင်ဘာလ ၂ ရက်နေ့မှာ တရားဝင်ဦးဆောင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ သူ့ခေါင်းစီးက ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများကို ပို့၊ တတိယနိုင်ငံများသို့ မောင်းထုတ် ဆိုတဲ့ ခေါင်းစီးပါ။ ဒါဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာများနဲ့ ပတ်သက်ပြီး ပထမဆုံး ယူအင် ကိုယ်စားလှယ်ကို […]


သီရိဓမ္မာသောကမင်းကြီးသည် ခမည်းတော်မင်းကြီးလက်ထက်ကအတိုင်း တိတ္ထိတို့အား ကျွေးမြဲသောဝတ်ကို မချွတ်စေဘဲ အိမ်တော်၌ အမြဲလုပ်ကျွေး၏။ တစ်နေ့သ၌ ခြင်္သေ့ခံသော လေသာ နန်းတံခါးကို လှပ်၍ ကြည့်တော်မူသော် လျှပ်ပေါ်သော ဣန္ဒြေဖြင့် နေထိုင်စားသောက်ကြသော တိတ္ထိပုရိပိုဇ်တို့ကို မြင်၍ “ဤသူတို့၌ မြတ်သောတရားသည် မရှိရာ၊ သွားလာနေထိုင်ခြင်း ကိစ္စတို့၌ ငြိမ်သက်သိမ်မွေ့ခြင်းမရှိ၊ ပကတိသော လူတို့ကဲ့သို့ပင်တကား၊ မြတ်လှသော အလှူခံတို့ကို ရှာကြံရွေးချယ်၍ လှူမှသာလျှင် အကျိုးရှိရာသည်တကား”ဟု ကြံမိလေ၏။ ထို့သို့ကြံပြီးသော် အမတ်တို့ကို ခေါ်၍ “အမောင်တို့သည် သူတော်ကောင်းဟု သမုတ်အပ်သော အလှူခံမြတ်တို့ကို ရှာ၍ ပင့်ခဲ့ကုန်၊ ငါအလှူပေးလိုသည်”ဟု ဆိုလေ၏။ အမတ်တို့လည်း တိတ္ထိပုဂ္ဂိုလ်တို့ကို ပင့်ဆောင်၍ “အရှင်မင်းကြီး ဤပုဂ္ဂိုလ်တို့ကား အကျွန်ုပ်တို့၏ ဆရာ ရဟန္တာပါတည်း လျှောက်ကုန်၏။ မင်းကြီးလည်း သူမြတ်မဟုတ်မှန်း သိ၍ […]


ေမွာ္ဆရာAugust 29, 20121min78185
ကမှော်ငယ်ငယ်က အဖေ ဆုံးမခဲ့တဲ့ စကားပုံလေးတစ်ခုရှိတယ် … အမြင့်တက် အမှည့်ရနိုးနိုး မလုပ်နဲ့ တဲ့ …။ အရသာကောင်းတဲ့ အသီးမှည့်ရဖို့အတွက် အထက်အမြင့်ကို မမှီမကန်း စွတ်တက်ဖို့ မလိုပါဘူး ..။ တခါတလေ အပေါ်ကို မျှော်ကြည့်နေပေမယ့် ကို့ဘေးနားမှာ အသီးမှည့်တွေ ဝိုင်းနေတာကို မမြင်မိတာ ဖြစ်တတ်ကြတယ်လေ..။အောက်ခြေကို အရင်လေ့လာ ကြည့်ပါလား ..။ကိုယ့်လက်တကမ်းမှာတင် အသီးမှည့်တွေလေ ..။ ကျွန်တော် လွန်ခဲ့တဲ့ 10 နှစ်တုန်းက အလွန်ဆိုးဝါးတဲ့ ပြသနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ဖူးတယ်။ဓါတ်ပုံသမားချင်းဆို ကိုယ်ချင်းစာနှိုင်မယ်ထင်တယ်.. ။ မင်္ဂလာဆောင်တစ်ခုကို ကျွန်တော် ရိုက်ပေးခဲ့တဲ့ ဓါတ်ပုံ တွေ မကူးရသေးခင် ကဒ်ထဲမှာတင် အစအန ရှာမရအောင် ပျက်သွားတာပါ..။ အဲဒီမင်္ဂလာဆောင်ကလဲ နာမည်ကြီးအသိုင်းအဝိုင်းက ၊ တခြားဓါတ်ပုံဆိုင်တွေက မေတ္တာနဲ့ အလကားရိုက်ပေးပါ့မယ် […]


ဖြစ်ပုံက ဒီလိုဗျ ….။ မနေ့ညက မင်းကွန်းဆရာတော်ကြီး ရေးသားပြုစုတော်မူတဲ့ မဟာဗုဒ္ဓဝင် ဒုတိယတွဲကို ဖတ်မိခဲ့တာက စခဲ့တာပါပဲ … “ ကြီးကြီးကျယ်ကျယ် မင်းက မဟာဗုဒ္ဓဝင် ဖတ်တယ် … ” အဲ့လို မေးမငေါ့ကြပါနဲ့။ တကယ် ဖတ်ဖြစ်ခဲ့တာပါ။ “ကဲ … ဆိုစမ်းပါဦး၊ မင်းပြဿနာက” လို့ မေးရင် “လေးတော်တင်ခဏ်း” ထဲက ပြဿနာလို့ပဲ ဖြေပါရစေဗျာ ….။ Note : မင်းကွန်း ဆရာတော်ကြီး ရေးသားပြုစုတော်မူခဲ့သော ” နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင် – ပဌမတွဲ (ပဌမပိုင်း) မှ ဆဌမတွဲ (ဒုတိယပိုင်း) အထိ” စာအုပ်များကို Download ရယူလိုသူများ အနေဖြင့် ဒီနေရာကို နှိပ်ပါ။ ဟုတ်ကဲ့ […]


Dote KhaAugust 23, 20122min2227
ပါရမီ ဆယ်ပါး၊ အပြား သုံးဆယ်ဆိုတာကို ဗုဒ္ဓဘာသာဝင် အများစု ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ယနေ့ခေတ် ရန်ကုန်က ကလေး၊ လူငယ်တွေကို “ပါရမီ” ဆိုတာ ဘာလဲလို့ မေးကြည့်ရင်တော့ “ပါရမီ” ဆိုတာ အီကြာကွေးဆွဲတတ်တဲ့ လိုင်းကားလို့ ဖြေကြမှာပါပဲ။ ဘုရား အလောင်းတော်တို့ ဘုရားဖြစ်ဖို့အတွက် ဖြည့်ဆည်းရတဲ့ ပါရမီ (၁၀) ပါးရှိပါတယ်။ ဒီလို ပါရမီတွေကို ဖြည့်ဆည်းခြင်းဟာ ကြီးကျယ် မြင့်မြတ်သူတွေရဲ့ အလုပ်၊ ကြီးကျယ် မြင့်မြတ်သူတို့ရဲ့ လမ်းစဉ်လို့ ဆရာတော်ကြီးတွေ ဟောကြားထားတာကို နာယူ မှတ်သားဖူးပါတယ်။ ပါရမီ (၁၀) ပါးကတော့ အောက်ကအတိုင်းပါပဲ။ Ten Perfections (ပါရမီ (၁၀)ပါး) Dāna pāramī :                    generosity, giving […]


ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက် ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။၎င်းတို့မှာ ၁။ပေးကမ်းကျိုးရှိ၏။ ၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။ ၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။ ၄။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။ ၅။ဤလူ့ဘုံလောကသည်ရှိ၏။ ၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။ ၇။အမိ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ကောင်းကျိုး၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။ ၈။ အဖ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ ကောင်းကျိုး ၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။ ၉။လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွေ့၍ ပဋိသန္ဓေစွဲ နေကုန်သော သတ္တဝါတို့သည် ရှိ၏။ ၁၀။လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာကျင့်ကြကုန်သော ဤလောက၊ တမလွန်လောက ကို ကိုယ်တိုင် ဒိဋ္ဌသိမြင်၍ မျက်မှောက်ပြု၍ ဟောကြားကြပေကုန်သော ရဟန်း၊ ပုဏ္ဏား၊ ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသူတော်ကောင်းတို့သည် […]


who whoAugust 20, 20121min2177
ကျနော် နာကြားဖူးတဲ့ တရားလေးထဲက ဇာတ်လေးတစ်ပုဒ်ကို ပြောပြချင်မိတာနဲ့ ဒီစာလေးချရေးမိတယ်။ အမည်ကိုတော့ “ပေါက်ပွင့် ခွေးမျှော်” ဇာတ်လို့ ပေးထားလိုက်မိတယ်။ ဒီလိုဗျ။ တစ်ခါတုန်းက ခွေးတစ်ကောင်ဟာ အလွန်ဆာလောင် မွတ်သိပ်လွန်းလို့ အရမ်းကို အစာကို တောင့်တရှာဖွေနေ တဲ့အချိန်ပေါ့။ အဲအချိန်မှာ သူဟာ ပေါက်ပွင့်ရဲရဲတွေ ပွင့်နေတဲ့ ပေါက်ပင်ကြီးကို တွေ့ပါသတဲ့။ ဒီတော့ ဒီခွေးစိတ်ထဲမှာ ဒီပေါက်ပွင့် ရဲရဲတွေကို အမဲသားတွေလို့ ထင်ပြီး အာသာငမ်းငမ်းနဲ့ ပေါက်ပင်အောက်ကနေ ဆာလောင်မွတ်သိပ်စွာနဲ့ ဒီအမဲသား ကျလာမယ့် အချိန်ကို စောင့်မျှော်နေပါတယ်တဲ့။ အဲကြွေကျပါပြီ။ ပေါက်ပွင့်တပွင့်။ ဒီခွေးဟာ ဝမ်းသာအားရနဲ့ အမဲသားအထင်နဲ ့ပြေးပြီး နမ်းကြည့်လိုက်တော့ ပေါက်ပွင့်ကြီး ဖြစ်နေပါရောတဲ့။ သူထင်သလို အမဲသားမဟုတ်ဘူးလေ။ ဒါပေမယ့် သူကတွေးတယ်။ ေဩာ် ဒီတစ်ပွင့်ကသာ ပေါက်ပွင့်ဖြစ်နေတာပါ။ […]


အန္ဒိယစာပေသမိုင်း ဗုဒ္ဓစာပေကဏ္ဍ ပြန်ကြားရေးဌာန ဘာသာရေးဆိုင်ရာ စာပေခွင့်ပြုချက် အမှတ် ၆၅၆ တာဝန်ခံထုတ်ဝေသူ ဦးစိန်ကြည် ပြည်သူ့အလင်းစာပေတိုက် ၁၀၇၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ရန်ကုန်မြို့။ ၁၉၆ရခုနှစ်၊ အောက်တိုဘာလတွင် အုပ်ရေ ၂၀၀ဝကို ပထမအကြိမ်အဖြစ် ရိုက်နှိပ်ပြီးစီးသည်   မူလရေးသူ – ဂျာမန်ပါမောက္ခကြီး ဒေါက်တာ မောရစ်(စ်)ဝင်တာနစ် မြန်မာပြန်သူ – အရှင် ဇာဂရာဘိဝံသ   ဤစာအုပ်သည် မျက်မှောက်ခေတ် မြန်မာလူမျိုး ဗုဒ္ဓဘာသာများ အတွက် အလွန် တန်ဘိုး ကြီးမားလှသော ကျမ်းစာအုပ် တစ်အုပ်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုသင့်ကြောင်း တိုက်တွန်း နှိုးဆောက်လိုက်ရပေသည်။                             MA ကောလင်း အမှာစာမှ   ရှေးအကျဆုံး ဗုဒ္ဓဘာသာစာပေ အားလုံးလောက်လိုလိုတွင် ဟောချက်ပြောချက်များ၊ ဩဝါဒတော်များ၊ ဂါထာများ၊ ဝတ္ထုကြောင်းများ […]