(Aung Kyaw Moရဲ့ facebook စာမျက်နှာမှ ဖော်ပြချက်ကို ဂေးဇတ် အဖွဲ့သားများအတွက် ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါသည်၊ ပင်ကိုယ်ရေး မဟုတ်ပါ။) တင်နိုင်လင်း ဆိုတဲ့ ညီလေးတစ်ယောက်က မြန်မာဗုဒ္ဓဘာသာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလိုမေးခွန်းထုတ်လာပါတယ်။ (ကိုလင်းထက်ဆွေ.. ကျွန်တော့်..အကို့ကို..Buddha ဘာသာဝင်တစ်ယောက်လို့..ထင်မြင်မိပါတယ်..။ကျွန်တော်..တစ်ခုလောက်မေးပါရစေ..။ ရှေ့လျှောက်..ပြောင်းလဲ..လာတဲ့..ခေတ်စနစ်..အခြေအနေအရ..ကျွန်တော်တို့Buddha ဘာသာ community အနေနဲ့..လိုက်လျောညီထွေဖြစ်အောင်..(Buddha ,Dama Value တွေမလျော့ပါးစေပဲ) ဘယ်လို..၊ဘယ်ပုံ..ရှေ့ဆက်သွားရင်…ပိုမိုကောင်းမွန်ကြီးမားကျယ်ပြန့်သော…Buddha ဘာသာလူ့အဖွဲ့အစည်းတစ်ရပ်..တိုးတက်ပြန့်ပွားနိုင်မလဲဆိုတာ..အကို့ရဲ့..အမြင်လေးကို..ပြောပြပေးနိုင်မလားခင်ဗျား…။ ရိုးသားစွာဖြင့်…။) သူ့မေးခွန်းက လေးနက်ကျယ်ပြန့်လွန်းတယ်။ ကျွန်တော် တစ်ယောက်တည်းရဲ့ အတွေ့အကြုံနဲ့ အသိဗဟုသုတက အလွန်နည်းပါးသေးငယ်ပါတယ်။ ဒီမေးခွန်းကြီးကို အတိအကျ ဖြေနိုင်မဲ့ စွမ်းအား မရှိပါဘူး။ ဒါပေမဲ့လဲ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ မိမိ ဘာသာတရားနဲ့ အခြားသော ဘာသာကြီးများရဲ့ လူမှုရေး အကျိုးရောက်မှုတွေကို နိုင်းချိန် ကြည့်ခဲ့ဖူးတော့ စဉ်းစားထားတာလေးတွေတော့ရှိတယ်။ […]


“သေသည့်တိုင်အောင်ဇာတ်လမ်းမပြီးသေးသောဆိုင်းဘုတ်များ” မနေ့မနက်ကအလုပ်ထဲရောက်တော့ ကလေးတွေကြွက်စီကြွက်စီနဲ့ပြောနေကြတာကို မသဲမကွဲကြားနေရ။ “အကျီအပြာနဲ့ကောင်မလေးသနားပါတယ်အေ” “ဟိုကောင်က အကျီတောင်ပါဘူး ပြဲလာတာနေမှာ” အဲဒီတုန်းကတော့ သူတို့ဘာပြောမှန်း မသိခဲ့ဘူး။ ဒီနေ့မနက် ကျောက်တော်ကြီးဘုရားသွားတော့ 35လမ်းနဲ့73လမ်းမှာတစ်ခု။ နန်းရှေ့ 19လမ်းနဲ့ 66လမ်းဆုံတဲ့ထိပ်မှာတစ်ခုဆိုင်းဘုတ်အကြီးကြီးတွေထောင်ထားတာကိုမြင်တော့မှ ရုံးက ကလေးတွေပြောတာကို သဘောပေါက်ပါတော့တယ်။ တစ်ပုံကတော့ အကျီဗလာ ဂျင်းဘောင်းဘီအပြာနဲ့ ကောင်လေးတစ်ယောက်သွေးအိုင်ထဲမှာ။ နောက်တစ်ပုံကတော့ အကျီအပြာနဲ့ ကလေးမလေးတစ်ယောက်သွေးအိုင်ထဲမှာ။ ဆိုင်ကယ်အချင်းချင်း ဆိုင်ကယ်နဲ့ကား တိုက်မိလို့ သေဆုံးသွားသူတွေရဲ့ဆေးရောင်စုံ ပုံကိုတင်ထားတာပါ။ ကြည့်ရတာနဲ့ တင်သွေးပျက်စရာ ။ ကျနော်ခပ်ငယ်ငယ်ကပေါ့။ မော်တော်ယဉ်ထိန်းသိမ်းရေးက ထုတ်တဲ့စာအုပ်လေးတစ်အုပ်ကို အမှတ်မထင်ကြည့်မိပါတယ်။ အဲဒီစာအုပ်ထဲမှာမော်တော်ယဉ်တိုက်မှု့အမျိုးမျိုးကြောင့်လမ်းပေါ်မှာသေဆုံးတဲ့ပုံတွေကို ဓါတ်ပုံရိုက်ထားတာပါ။ အတော်လေးကို ပိုးစိုးပက်စက်နိုင်တဲ့ပုံလေးတွေပါဘဲ။ အဲဒီနေ့ညလဲရောက်ရော ကျနော်တော်တော်နဲ့အိပ်မပျော်တော့ပါဘူး။ နေ့လည်က ကြည့်ထားတဲ့ပုံတွေကို ပြန်မြင်နေလို့ပါဘဲ။ ကလေးဘဝဆိုတော့ စိတ်က စွဲမိစွဲရာကိုးဗျ။ ကျနော်အမြင်ပြောရမယ်ဆိုရင်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့ဘဲ တင်တင် အခုလို […]


Ko out of...August 9, 20121min24625
-ဝိပဿနာဆိုတာ.. ဗုဒ(Buddha)ဘာသာ တရားလို့မှတ်ကြသူများပါတယ်… ဝိဝိဇေန ပဿတီတိ ဝိပဿနာဆိုပြီး အနိစ္စာ ဒိ အာဟာရေန အနိစ္စ အစရှိတဲ့ အခြင်းအရာတွေနဲ့…ဝိဝိဇေန အထူးထူး အပြားပြားအားဖြင့် ပဿတိရှု့တတ်၏…ဂရုတိ ဝိပဿနာ ဒါကြောင့် ဝိပဿနာ ခေါ်တယ်လို့ လုပ်ကြပြီး ဗုဒဘာသာတရားမှတ်ကြတာဘဲ… တကယ်တော့ ဝိပဿနာဆိုတာ သာသနာပ တရားဘဲ…သာသနာတော်မှာ..ရုပ်နာမ်၊ ပရမတ်ကို အနိစ္စ စတာတွေကို ရှု့တာမရှိဘဲ သာသနာပမှာသာ ရှိတာဖြစ်လို့ဘဲ…မြတ်စွာဘုရားဟာ ဘုရားဖြစ်အောင် ကျင့်တုံးက အာဠာကတို့၊ ဥဒကတို့ ဆီမှာ ရုပ်နာမ် တွေစတာတွေရှု့ခဲ့ရတာဘဲ…ဘာအသိထူးမှ မရခဲ့ဘူး.. လွတ်မြောက်တဲ့ အသိ ဉာဏ်လည်း မရခဲ့ဘူး…သာသနာတော် မပေါ်ခင်ကတည်းက ဒီရူပါ ရူပဖြစ်တဲ့ ရုပ်နာမ်ပရမတ်ကို အနိစ္စ အစရှိတာ တွေနဲ့ ရှု့တဲ့ ဝိပဿနာတရားဟာ သာသနာတွင်း တရားမဟုတ်ဘဲ..သာသနာပ တရားသာဖြစ်တယ်.. […]


ဒီပုံလေးအတွက် ကာတွန်းကျော်သူရိန်ကို သုံးခွင့်ပြုဖို့ တောင်းပန်ပါတယ်..။ တကယ်တော့ ကျွန်တော်ပြချင်တာက ဆင်တကောင် ကို စမ်းနေကြတဲ့ မျက်မမြင် ပုဏ္ဏား ခြောက်ယောက် နဲ့ဆင်တကောင်ရဲ့ပုံပါ ။ ဒီပုံပြင် ကို ကြားဖူးကြမှာပါ ။ မျက်မမြင် ပုဏ္ဏား တွေက ဆင်တကောင် ကို သူတို့ အဆင်ပြေရာကို စမ်းကြည့်ပြီး သူတို့သိတာတွေကို ပြောပြကြတယ် ။ နှာမောင်းကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို မြွေနဲ့ တူတယ်လို့ ပြောတယ် အစွယ် ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို သံလျှက်နဲ့ တူတယ်လို့ ပြောတယ် နာရွက် ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို ယပ်တောင်နဲ့ တူတယ်လို့ ပြောတယ် ခြေထောက် ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို တိုင်နဲ့ တူတယ်လို့ ပြောတယ် […]


Buddhists outraged at Buddha’s images on shoes ဗုဒ္ဓရုပ်ပွားတော်များ၊ဆင်းတုတော်များကို ဘားဆိုင်များနှင့်အပန်းဖြေစခန်းများတွင် အလှပြအသုံးချကာ ဘာသာရေး ကိုးကွယ်မှုကို မထောက်ဘဲ တွေ ့မြင်ကြရမည်။ယခုအခါ ဗုဒ္ဓရုပ်ပုံများကို ကနုတ်ဒီဇိုင်းများဖြင့် အလှဆင်ကာ ဖိနပ်နှင့် လက်ကိုင်အိတ်များကို အမေရိကန်အခြေစိုက် Icon Shoes ကုမ္ပဏီမှ ထုတ်လုပ် လျှက်ရှိပါသည်။ကမ္ဘာတဝန်းမှ ဗုဒ္ဓဘာသာဝင်များ ထိုကုမ္ပဏီကို ရှံ ု့ချဝေဖန်ပြစ်တင်နေကြပါသည်။ထိုကုမ္ပ ဏီ၏  facebook page တွင်သွားရောက်ဆန် ့ကျင်နိုင်ပါသည်။   ဒီမိုကရေစီထွန်းကားရာ ကမ္ဘာ့နိုင်ငံကြီးတစ်ခုက ယခုလို ဘာသာရေးစော်ကားသော ထုတ်လုပ်မှ ုကိုခွင့်မ ပြုသင့်ပါ။ဘာသာတစ်ခု၏ ကိုးကွယ်ရာ ရုပ်ပုံများကို အလှဆင်ဒီဇိုင်းပြုနေခြင်းသည် မသင့်လျော်ပါ။ http://www.linoo.asia/2012/08/buddhists-outraged-at-buddhas-images-on.html Icon Shoes FB – http://www.facebook.com/iconshoesandhandbags Official Website […]


ဒီနေ့ သူငယ်ချင်း လင်မယား က နယ်ကနေ ရောက်လာတော့ ဘုရားဖူးရအောင် လိုက်ပို့ ခဲ့တယ် ။ ဗိုလ်တထောင် ဘုရားဖူးရင်းနဲ့ မင်းသား ကျော်ဟိန်း ရဲ့ အသိ သတိ ဘုရားဘက် ရောက်တာပေါ့ ။ ဒီမှာတင် သူငယ်ချင်းက ဆင်ခြင်စရာ စကားပြောလာတယ် ။ ဒီဘုရားဆင်းတုနဲ့ ပတ်သက်လို့ကော ကျော်ဟိန်းရဲ့ အတွေးအခေါ်တွေနဲ့ပတ်သက်လို့ကော ငြင်းခုံ ပြောဆိုမှုတွေ အမျိုးမျိုးကြားနေကြ တယ် ။ တချို့က ကြိုက်တယ် တချို့က မကြိုက်ကြဘူး ။ဒါတွေကို အငြင်းပွါး နေကြပေမဲ့ မတွေးမိတာလေးတခု ကို သူငယ်ချင်းက လေးလေးနက်နက် တွေးပြီးပြောပြသွားတယ် ။ “ကြိုက်တာ မကြိုက်တာ မှန်တာ မမှန်တာက ကိုယ့် အယူအဆနဲ့ ကိုယ် ကိုယ့်အတိုင်းအတာနဲ့ […]


Mon LayJuly 31, 20121min2495
မေး။ ။ အရှင်ဘုရား တပည့်တော်တစ်ခုလောက်မေးချင်လို့ပါဘုရား။ တပည့်တော်တို့ဆရာက မေးခိုင်းလို့ပါ။ ဥပုသ်နေ့ကို ဘာဖြစ်လို့ (၈)ရက်နေ့နဲ့ (၁၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာလဲဆိုတာ သိချင်လို့ မေးခိုင်းလို့ပါဘုရား။ အရှင်ဘုရားအားတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်ဘုရား။ ဖြေ။ ။ ဝါတွင်းကာလလည်း နီးလာတာနဲ့ ဥပုသ်အကြောင်း မေးလာတဲ့မေးခွန်းများကို အချိန်မီသိရှိရအောင် ဖြေပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ဝသထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလ မပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့အတွက် နေ့ရက် များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည် ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာ ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တစ်လကို (၁) အဋ္ဌမီ […]


အနောက်ကမာ္ဘမှာ ထေရဝါဒ ဗုဒ္ဓဘာသာ လူသိနည်းတာ ဘာကြောင့်လဲ တွေးနေမိတယ်။ အတွေးအခေါ် အယူဝါဒတခု ပေါက်မြောက်ဖို့သည် နယ်ခံတွေရဲ့ အကျင့်စရိုက်နဲ့ အများကြီးဆိုင်တယ်။ အဲဒီယဉ်ကျေးမှု လားရာကို ခေတ်ရေစီးကြောင်းက ပုံဖော်ပါတယ်။ အဲလိုကောက်ချက်ချရင် လွတ်မြောက်မှု အတွေးအခေါ်ဟာ အဖြေပဲ။ လစ်ဘရယ်များအကြား ရေပန်းစားတဲ့ ဇင်၊ မဟာယာနမှာ စာသိပ်မပြောဘူး၊ ကန့်သတ်ချုပ်ချယ်မှု အနည်းဆုံးထားတယ်။ သိသလောက် တိဗက်မဟာယာနမှာလည်း ထေရဝါဒလိုပဲ ပညတ်ချက်တွေ အများကြီး ရှိပါတယ် သို့ပေမယ့် အနောက်ကမာ္ဘ ရောက်လာတဲ့အခါ လိုရင်းပွိုင့်ကို ထုတ်ပြတယ်။ ဓမ္မအရသာကို ဦးစွာ မြည်းစမ်းစေတယ်။ အားသာချက် အားနည်းချက်ကတော့ ဘယ်နေရာမဆို ရှိစမြဲပဲ၊ လွတ်လပ်မှုကြောင့်ဖြစ်တဲ့ အမှားတွေကို ညွှန်ပြတတ်ရင် ထိန်းချုပ်မှု ဆိုးကျိုးတွေကိုလည်း သိတတ်ရမယ်။ လက်ရှိကမာ္ဘမှာ ဗုဒ္ဓသာသနာ ဘယ်ဖက်က ပြုနေသလဲ […]


San Hla GyiJuly 28, 20121min38022
ဆွမ်းဦးပုညရှင် စေတီတော်သမိုင်းကို နှစ်ခါတောင်မေးတာ တွေ့လို့  မိတ်ဆွေတွေ သိပ်သိချင်နေတယ် ထင်လို့ ကျနော်သိသမျှ ပြောပြလိုက်ပါတယ်။ ကျနော် ရေးခဲ့ဖူးတဲ့ မွန်ဂိုတွေနဲ့ မြန်မာတွေ တိုက်ခိုက်တဲ့ စစ်ပွဲကို ဦးစီးတဲ့ ရှမ်းဗမာမင်းကြီး ပင်းယသီဟသူလက်ထက် မှာတည်ခဲ့တာပါ။ အဆို ၂ ခုဖတ်ဖူးပါတယ်။ အနော်ရထာမင်းကြီး ကွမ်းခွက်တော်မှာ ထည့်ပြီး ကိုးကွယ်ခဲ့တဲ့ ဘုရားရှင်ရဲ့ ဓတ်တော် ရဆူအနက် ၅ဆူကို ကောင်းမှုတော် ရွှေစည်းခုံဘုရားတွင် ဌာပနာတော်မူတယ်။ ကျန် ၂ဆူကို ပုညအမတ်ကြီးက စစ်ကိုင်းပုညရှင်ဘုရား တည်ပြီး ဌာပနာပါတယ်။ ဒါက ပထမအဆိုပါ။ နောက်ထပ်တွေ့တဲ့ အဆိုက ပင်းယသီဟသူမင်းကြီး လက်ထက်မှာ သီဟိုဋ္ဌ်ကုလားတို့သည် ပြည်ရွာပျက်ပြားစေခြင်းဌာ ကွမ်းလောင်း ကွမ်းခွက်တွင် မွေတော် ဓတ်တော်တို့ကို ဌာပနာပြီးလျှင် ဆက်သလိုက်၏။ မင်းကြီးလည်း ပညာရှိတို့ကို […]


ဒီလိုရှိတယ် ကိုယ့်ဆရာရဲ့။ လောကမှာ လွတ်မြောက်ခြင်းသည်သာ အလိုရှိအပ်ဆုံး။ ဘယ်လောက်ထိအောင် မှန်သလဲမေးရင် ပြောလိုက်မယ် ဗုဒ္ဓဝါဒရဲ့ ပန်းတိုင်ဟာ လွတ်မြောက်ခြင်းပဲဗျို့။ ဘုရားစကား ခဏထားလို့ လောကီရေးမှာကို ရှာဖွေကြ သင်အံကြတာ နိမ့်ကျမှု ဆင်းရဲမှုက လွတ်ချင်လို့ မဟုတ်လား။ ဒီလောက်ရရင် တော်ပါပြီ ဆိုတဲ့သူလည်း အဲဒီအောက် မကျချင်လို့ ရုန်းကန်ရတာပဲလေ။ ဒါနဲ့ပဲ ကိုယ်ရောက်နေရာဘဝ၊ ဖြစ်နေတဲ့ ရပ်တည်မှု ကန့်သတ် ပြဌာန်းချက်အောက် ပြားပြားဝပ်ကြရတယ်။ အခြေအနေ တခုရောက်သွားလို့ ငါတော့ လွတ်ပြီထင်ပေမဲ့ သူ့ထက်သူ လူစွမ်းကောင်း ဆရာ့ဆရာ သခင့်သခင်ကြီးများ ရှိနေသေးသဗျား။ လွတ်မြောက်ခြင်း စံထားပြောရင် ရထားတာနဲ့ ဘဝကို မဖြုန်းတီးထိုက်ဘူး။ တချို့လည်း ကံလေးကောင်းလို့ ဂျပန်အင်ပို့ ကိုဘေးနွားကင်ကြီး စားရတာနဲ့ ဇိမ်ယစ်နေတယ်၊ အဆုံးမတော့ ကိုဘေးနွားနဲ့သူ […]


natureJuly 19, 20121min64430
N+ 200712 မြတ်စွာဘုရား၏ကျေးဇူးတရား ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ။ ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးပေ။ ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့ အမြတ်ရတနာ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း ကြိုးပမ်းကြပါလေ။ ရိုးရှင်းပြီး အင်မတန်အဓိပါယ်လေးနက်ပြည့်ဝတဲ့ ကဗျာလေးကို တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက စပ်ဆိုခဲ့တာလို့သိရပါတယ်။ https://myanmargazette.net/90448/creative-writing


ဗုဒ္ဓသည် ကိုးကွယ်ရာမဟုတ်၊ ဘဝရဲ့ဒုက္ခအပေါင်းမှ လွတ်ကင်းအောင် လမ်းပြသူဖြစ်၏ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို ဘုရားကို ကိုးကွယ်ပါ၏လို့ အလွယ်ဘာသာပြန်ကြတယ်။ ဒီနေရာမှာ သရဏ (ကိုးကွယ်ခြင်း) ဆိုတာ ဗြဟ္မဏဘာသာမှာ နတ်ဘုရားတွေကို ကိုးကွယ်ရာမှာသုံးတဲ့ အသုံးအနှုံးဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ”သရဏ“ဆိုတဲ့အသုံးကို မပြုမပြင်ဘဲသုံးရင် ဗုဒ္ဓကို နတ်ဘုရားတွေကိုးကွယ်သလို ကိုးကွယ်နေမှာစိုးရပါတယ်။ နောက်ပြီး တခြားဘာသာတွေရဲ့ ကိုးကွယ်မှုပုံစံတွေနဲ့ ရောနှောသွားနိုင်ပါတယ်။ ကိုးကွယ်တယ် (worship)ဆိုတဲ့နေရာမှာ လူသားတွေရဲ့ ဒုက္ခမှန်သမျှကို အဲဒီအကိုးကွယ်ခံပုဂ္ဂိုလ်က ကယ်တင်ပေးလိမ့်မယ် ဆိုတဲ့ယုံကြည်မှု ပါပါတယ်။ ဗုဒ္ဓကတော့ အဲဒီလိုကယ်တင်ပေးနိုင်လိမ့်မည် မဟုတ်ပါ။ လူသားတွေရဲ့ ဒုက္ခတွေလွတ်ကင်းရာလွတ်ကင်းကြောင်း နည်းလမ်းတွေကိုသာ ညွှန်ပြနိုင်တာပါ။ မိမိကိုကိုးကွယ်လို့ ဒုက္ခတွေက လွတ်မြောက်အောင် ကယ်တင်ပေးနိုင်မယ့် အကိုးကွယ်ခံပုဂ္ဂိုလ်ဆိုတာကိုလည်း ဗုဒ္ဓဘာသာက လုံးဝအယုံအကြည်မရှိပါဘူး။ ဒါ့ကြောင့် ဗုဒ္ဓရဲ့လမ်းညွှန်မှုကို ယုံကြည်လေးမြတ်စွာခံယူပါ။ […]


“ထေရဝါဒသာသနာတော်သန့်ရှင်းတည်တံ့ခိုင်မြဲရေး” ဆိုတဲ့ သစ်ထူးလွင်ဆိုက်တွင် ဖော်ပြထားသော ” . . .မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် သာသနာရေးဦးစီးမှူးတို့မှ မိုးပြာဝါဒ၊ ပစ္စုပ္ပန်ကမ္မဝါဒီ၊ တို့၏ အဓမ္မဝါဒကို ယုံကြည်ကိုးကွယ်သည်ဟုယူဆရသော အောင်ပန်း ကလောရှိ လူပုဂ္ဂိုလ်(၃၀) ဦးကို အဓမ္မဝါဒကို ယူ/မယူ၊ စွန့်လွှတ်/မလွှတ် စစ်ဆေးမေးမြန်းပြီး လက်မှတ်ရေးထိုးဆောင်ရွက်အရေးယူသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။ “ အထက်ပါ ထေရဝါဒအဖွဲ့အစည်း၏ လုပ်ဆောင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတိုင်းလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖောက်ဖျက်ကျူးလွန်ရာရောက်နေပါသည်။ ထေရဝါဒအဖွဲ့အစည်းသည် မိမိအယူဝါဒသာ မှန်ကြောင်းနှင့် အခြားအယူများ လွဲနေကြောင်းကို တရားဓမ္မရေးရာနဲ့ လူတွေ လိုက်နာလက်ခံနိုင်အောင် ဖြေရှင်းခြင်းမပြုပဲ အခုလို အာဏာရှင်ဆန်ဆန်မျိုးနဲ့ အယူဝါဒစွန့်လွှတ်ဖို့ လက်မှတ်ထိုးခိုင်နေကြခြင်းသည် စစ်မှန်သော ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်ဂုဏ်ရည်တွေကို ထိခိုက်နေပါသည်။ ကိုယ့်တရားနဲ့ နိုင်နင်းအောင်မဖြေရှင်းနိုင်ပဲ အုပ်ချုပ်သူအစိုးရအားကိုးနဲ့ အတင်းအဓမ္မဝါဒစွန့်ဖို့လက်မှတ်ထိုးခိုင်းသည့် […]