မျက်မမြင် ပုဏ္ဏား များနဲ့ ဆင် တစ်ကောင်…

နွေဦးAugust 6, 20121min2909
မျက်မမြင်များနဲ့ ကား တစ်စီး
မျက်မမြင်များနဲ့ ကား တစ်စီး

ဒီပုံလေးအတွက် ကာတွန်းကျော်သူရိန်ကို သုံးခွင့်ပြုဖို့ တောင်းပန်ပါတယ်..။

တကယ်တော့ ကျွန်တော်ပြချင်တာက ဆင်တကောင် ကို စမ်းနေကြတဲ့ မျက်မမြင် ပုဏ္ဏား ခြောက်ယောက် နဲ့ဆင်တကောင်ရဲ့ပုံပါ ။

ဒီပုံပြင် ကို ကြားဖူးကြမှာပါ ။

မျက်မမြင် ပုဏ္ဏား တွေက ဆင်တကောင် ကို သူတို့ အဆင်ပြေရာကို စမ်းကြည့်ပြီး သူတို့သိတာတွေကို ပြောပြကြတယ် ။

နှာမောင်းကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို မြွေနဲ့ တူတယ်လို့ ပြောတယ်

အစွယ် ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို သံလျှက်နဲ့ တူတယ်လို့ ပြောတယ်

နာရွက် ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို ယပ်တောင်နဲ့ တူတယ်လို့ ပြောတယ်

ခြေထောက် ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို တိုင်နဲ့ တူတယ်လို့ ပြောတယ်

ကိုယ်လုံး ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို အုတ်နံရံနဲ့ တူတယ်လို့ ပြောတယ်

အမြီး ကို စမ်းမိတဲ့ ပုဏ္ဏားက  ဆင် ကို ကြိုးနဲ့ တူတယ်လို့ ပြောတယ်

သူတို့တွေ့တဲ့ စမ်းမိတဲ့ နေရာ က အတွေ့အကြုံကို ပြောပြကြတာ လေ။

သူတို့ကို မှားတယ်လို့ ဘယ်လိုပြောမလဲ ..။

ငယ်ငယ်တုန်းက ဒီစာ သင်ရတဲ့အချိန်မှာ ရီရတယ်လို့ဘဲ သိခဲ့ရတယ် ။

ကြီးလာတဲ့အခါကြတော့ လူတွေဟာ မျက်မမြင် ပုဏ္ဏားတွေလိုဘဲ ကိုယ် သိထား နားလည်ထားတဲ့ အတိုင်း

ယုံကြည် လက်ခံ ကျင့်ကြံ ကြတယ် ဆိုရင် ဒီလူကို မျက်မမြင် ပုဏ္ဏားတွေ လို မျက်ကန်းတွေလို့ ပြောဆိုကြတာတွေ့ရတယ် ။

 

ဒီအထိတော့ လူတွေအားလုံး တသဘောထဲ လက်ခံကြမှာပါ  ။

မျက်မမြင်ပုဏ္ဏားတွေဟာ သူတို့ သိထားတဲ့ အသိနဲ့ ဆင်တစ်ကောင်ရဲ့ ပုံသဏ္ဍာန် ကို ပုံဖေါ်ပြောဆိုကြတာ

သာမန်လူတွေအတွက် ရီစရာ ဖြစ်နေမှာပါ ။ တွေးကြည့်ရင် မျက်မမြင်တွေဟာ သူတို့ခိုင်းနှိုင်းပြောဆိုတဲ့ ပစ္စည်း သတ္တဝါတွေကိုလဲ

မြင်ဖူးကြတာမဟုတ်ပါဘူး ။ သိထားမှတ်ထားတာတွေနဲ့ အနီးစပ်ဆုံး တူတယ်ထင်တာကို ပြောကြတာပါ ။

ဒါပေမဲ့ တယောက်နဲ့ တယောက် ထိတွေ့သိရှိတဲ့ နေရာမတူတော့ တဦးနဲ့တဦး အငြင်းပွားစရာ ဖြစ်ပါတယ် ။

သူတိုခြင်း အငြင်းပွားနေပေမဲ့ တဦးတယောက်မှ အမှန် မဟုတ်ဘူးဆိုတာ သူတို့ မသိကြပါ ။

ဒါ ကို မမှန်တဲ့ အကြောင်း ပြောရင်ကော သူတို့ လက်ခံနိုင်ပါသလား..။

ပြောပြတဲ့ သူကကော ဘယ်လို နားလည်အောင် ပြော မလဲ ပြောတဲ့သူက မျက်စေ့ မြင်ပြီး ဆင်ဆိုတာကို သိမှ ပြောပြလို့ ရမှာပါ ။

 

ခုတလော ရွာထဲမှာ စာဝင်ဖတ်လိုက်တိုင်း မျက်မမြင်ပုဏ္ဏားတွေ ဝေဖန် ငြင်းခုံနေတာတွေ တွေ့ရ များလာတော့

မေရေးချင် မပြောချင်ပေမဲ့ ဝင်ရေးဖြစ်ပြောဖြစ် တယ်ဗျာ ။

ဒီစာကို ဖတ်ပြီး နွေဦးကို စိတ်ဆိုးမဲ့ သူတွေ ရှိမှာပါ ။

စိတ်ဆိုးလို့ရပါတယ် ..

မျက်မမြင်ပုဏ္ဏားက ဆင်ကို လက်နဲ့ စမ်းပြီး ပုံသဏ္ဍာန် ကိုပြောပြတာ

မမှန်ပေမဲ့ နီးနီးစပ်စပ်တော့ ပုံဖေါ်နိုင်မှာပါ ။

ဒီလောက်နဲ့တော့ နွေဦးကို လာမပြောနဲ့ဦး ။

အဲဒီ မျက်မမြင်ပုဏ္ဏားတွေ စမ်းနေတဲ့ ဆင်ကို ဘာအရောင်လဲလို့ မေးလို့ ရပြီဆို ..

အသင် စာဖတ်သူ က နွေဦးကို ပြောလို့ရပါပြီ ။

 

နွေဦး အတွေးအတိုင်းရေးပါသည် ။

9 comments

  • နွေဦး

    August 6, 2012 at 1:11 pm

    မျက်မမြင်ပေမဲ့ မျက်လုံးဟောက်ပက်တော့မဟုတ်ပါ ။

  • ဝေးလွင့်တိမ်

    August 6, 2012 at 1:51 pm

    တစ်ချို့များကြပြန်တော့လည်း ပညာရှိများတွေးကြည့်ရင် ပြေးကြည့်ရင်ထက်မှန်တယ် ဆိုတဲ့ စကားပုံလေးတော့ ရှိသပေါ့ မနွေဦးရေ …..

    • နွေဦး

      August 6, 2012 at 3:18 pm

      ကိုယ့်ကိုယ် ကို ပညာရှိလို့ သတ်မှတ်ပြီးတော့ တွေးရင်တော့ မှားနေအုံးမှာဘဲ..။
      စကားမစပ် နွေဦးက ယောက်ျားလေးပါ ။

  • Ko out of...

    August 6, 2012 at 4:21 pm

    ကိုနွေဦးရေ…
    ကျွန်တော်လည်း တချိန်တုံးက ဒီဥပမာကို တော်တော်ကြိုက်ခဲ့တယ်ဗျာ..လိုအပ်ရင်လည်း အသုံးချခဲ့တယ်…
    ဒါပေမဲ့…အခုကျွန်တော် အပြည့် အဝမကြိုက်တော့ဘူး…

    ဘာဖြစ်လည်းဆိုတော့….

    မျက်မမြင်မှန်ရင် မွေးရာပါ ဘာမှ မမြင်ဘူးသေးတဲ့ အတွက်…

    အပူ၊အအေး၊အပျော့တွေတော့ သိချင်သိမှာပေါ့…

    သို့သော်…အရောင်လည်း သူမသိသလို?…

    ပုံသဏ္ဍာန်လည်းသူ မသိနိုင်ပါဘူး?…

    ဒီလိုမျိုးသိဖို့ဆိုတာ..သူ့ကို အမှတ်သညာ ထည့်ပေးရတယ်….

    အခုတော့ ဆင်နားရွှက် စမ်းသပ်တဲ့လူက ဘယ်လိုလုပ်ပြီး…ယပ်တောင်နဲ့တူတယ်လို့ပြောနိုင်တာလဲ?

    သူယပ်တောင်ကို တကယ် မြင်ခဲ့ ဖူးလို့လား?…

    – အဆွယ် ကိုင်မိတဲ့ လူလည်း…လှံနဲ့တူတယ်တဲ့…ဒါဆို လှံကိုသူ ဘယ်တုံးက မြင်ခဲ့လဲ?…

    လှံရဲ့ ပုံသဏ္ဍာန်ကို မြင်ရလောက်အောင် သူက အကန်းဘဲ မဟုတ်လား?…တကယ်တော့ အမှတ်သညာ

    ကိုသိဖို့ဆိုတာ ကင်မရာလို ၊ မျက်စိ တွေအလုပ်လုပ်သလိုပါဘဲ…ဒါမှ ပုံရိပ်ဆိုတာ ကျန်ခဲ့မှာပါ..

    အဲဒီပုံရိပ်ကနေ တဆင့် ဒါကဘာလဲ? စသည်ဖြင့် သူသိမှာပေါ့..

    ဒါတောင်ပုံသေ သတ်မှတ်လို့မရပြန်ဘူး…ယပ်တောင်ဆိုတဲ့ ပုံသဏ္ဍာန်လည်း အမျိုးမျိုးရှိနိုင်တယ်..

    ဒါကြောင့် သူများကြိုက်တိုင်း ကျွန်တော် ကတော့… အကန်းတွေထုတ်တဲ့ မေးခွန်းကို…အကန်းတွေဖြေရ

    သလိုမျိုးဖြစ်နေပါတယ်…ကျေးဇူးဘဲ…စဉ်းစားလို့ရအောင်ပါ…

    • နွေဦး

      August 6, 2012 at 5:17 pm

      ဟုတ်ကဲ့ပါ…။
      လက်နဲ့စမ်းသတ်လို့ရတဲ့ အထိအတွေ့နဲ့ အာရုံခံနိုင်တာတွေကို မျက်မမြင်များအတွက် သင်ပေးလို့ရတဲ့ သညာ နဲ့ ခိုင်းနှိုင်း သင်ပြ ပေးမယ်ဆိုရင် အမှတ်သညာနဲ့ သိနိုင် ခွဲခြားနိုင်ပါတယ် ။
      ငယ်စဉ်ကထဲက မျက်စိမမြင်သူတွေ ထိတွေ့စမ်သတ်ပြီး လမ်းသွားနိုင် စာဖတ်နိုင် (မျက်မမြင်စာ)ကြပါတယ်။
      ဒါပေမဲ့ အရောင်မျိုးစုံကိုတော့ သူတို့ ထိတွေ့စမ်းသတ်ပြီး မသိနိုင်ပါဘူး ။
      မသိနိုင်သလို နှိုင်းယှဉ်ပြီး စမ်းသတ် သင်ပြ လို့လဲ မရနိုင်ပါဘူး ။ အမှန်တကယ် ပကတိ မျက်စေ့ဖြင့်သာလျှင် အလင်းအမှောင် အရောင်ကို ခွဲခြားသိမြင်နိုင်ပါတယ် ။
      ဒါ့ကြောင့် မျက်မမြင်များ အရောင်ကို ခွဲခြားသိရန် ခက်ခဲသလို
      သာမန် လူသားတွေ အဖို့ မသိနိုင်သော အရာများလည်း များစွာရှိသေးကြောင်း သိစေချင်သော ဆန္ဒ ပါ..။
      ဒါ့ကြောင့် အရာရာကို မျက်ကန်းငြင်းငြင်းနေမည့်အစားကျွန်တော်တို့သည် မိမိတို့ရဲ့ စက္ခု နှစ်ကွင်း အလင်းရအောင် ကြိုးစားသင့်ပါကြောင်း..။
      ခင်မင်လေးစားလျှက် ….
      နွေဦး ။

  • ကိုသင်း

    August 6, 2012 at 11:41 pm

    ဆင်ဆိုတာ တကယ်တော့
    ကြောင်ကြိးပါဗျာ…………

    • နွေဦး

      August 7, 2012 at 12:32 pm

      ဆင်တွေက ကြွက်ကိုကြောက်သဗျ..
      ကြောင် ကတော့ ကြွက် ကို မကြောက်တော့
      “ဆင်ဆိုတာ တကယ်တော့
      ကြောင်ကြိးပါဗျာ…” ဆိုတဲ့
      သီအိုရီ မှားတယ် နော် ။

  • မောင်ပေ

    August 7, 2012 at 9:27 am

    သိပ်မှန်တာပေါ့ ကိုနွေဦးရေ
    ငစိန်ဆန်ပဲရှိတဲ့အရပ်က ငစိန်ဆန်ပဲစားဖူးတဲ့သူကတော့ ပေါ်ဆန်းမွှေးက ငစိန်ထက်ပိုကောင်းတယ်လို့ ပြောလိုက်ရင် လက်ခံမှာ မဟုတ်သလိုပေါ့ဗျာ
    နော…

    • နွေဦး

      August 7, 2012 at 12:34 pm

      ဟုတ်ပါ့ဗျာ….
      အဲလို ဥပမာ လွယ်လွယ်လေးကို
      ကျုပ်မပြောတတ်တာ နာသဗျာ..
      ကျေးဇူးပါ ။

Leave a Reply