ကန် ့ကွက်ဖြစ်အောင် ကန် ့ကွက်ကြပါ

Buddhists outraged at Buddha’s images on shoes

ဗုဒ္ဓရုပ်ပွားတော်များ၊ဆင်းတုတော်များကို ဘားဆိုင်များနှင့်အပန်းဖြေစခန်းများတွင် အလှပြအသုံးချကာ

ဘာသာရေး ကိုးကွယ်မှုကို မထောက်ဘဲ တွေ ့မြင်ကြရမည်။ယခုအခါ ဗုဒ္ဓရုပ်ပုံများကို ကနုတ်ဒီဇိုင်းများဖြင့် အလှဆင်ကာ

ဖိနပ်နှင့် လက်ကိုင်အိတ်များကို အမေရိကန်အခြေစိုက် Icon Shoes ကုမ္ပဏီမှ ထုတ်လုပ်

လျှက်ရှိပါသည်။ကမ္ဘာတဝန်းမှ ဗုဒ္ဓဘာသာဝင်များ ထိုကုမ္ပဏီကို ရှံ ု့ချဝေဖန်ပြစ်တင်နေကြပါသည်။ထိုကုမ္ပ

ဏီ၏  facebook page တွင်သွားရောက်ဆန် ့ကျင်နိုင်ပါသည်။

  ဒီမိုကရေစီထွန်းကားရာ ကမ္ဘာ့နိုင်ငံကြီးတစ်ခုက ယခုလို ဘာသာရေးစော်ကားသော ထုတ်လုပ်မှ ုကိုခွင့်မ

ပြုသင့်ပါ။ဘာသာတစ်ခု၏ ကိုးကွယ်ရာ ရုပ်ပုံများကို အလှဆင်ဒီဇိုင်းပြုနေခြင်းသည် မသင့်လျော်ပါ။

သူတို ့လုပ်ထားတာဗျာ
Credit to;လင်းဦး(စိတ်ပညာ)
@@သူကြီးရေ အမေရိကားမှာနေတာ ဆိုတော့ ပိုသိနေမှာပေါ့နော့်။စောစောစီးစီး အသိမပေးပါလား။

48 comments

  • မောင်ပေ

    August 4, 2012 at 6:44 pm

    ဒီသတင်းသေချာတာမှန်ရင်တော့ လုံးဝကို ကန် ့ကွက်ရမှာပဲ ။
    အဲဒီကုမ်ပဏီကကောင်တွေ အရမ်းစော်ကားလွန်းတယ် ။

  • ဇောက် ထိုး

    August 4, 2012 at 6:53 pm

    လုပ်မည်ဆိုလဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
    မိမိသူတပါး.. နှစ်ဦးသား … ဘယ်သူ့ကိုများ ထိခိုက်မှာ။
    ထိခိုက်နိုင်ငြား ………. အလုပ်များ………….မမှားရှောင်ကြဉ်ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 4, 2012 at 7:14 pm

    လုပ်တဲ့လူကိုတော့ မသိဘူး
    သူ့ဖါသာ မယုံကြည်လို့ လက်ဆော့ပြီး ဒီဇိုင်းလုပ်ထားတာကို
    တစ်ကယ်လို့ထင်တဲ့ ကိုယ်ဒေါ့်ဂိုဒေါ့
    ကျုပ်က ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်
    ( သူ့ကို ကန့်ကွက်ဘို့သွားပြောနေတယ် ကိုယ်ကိုယ်တိုင်က သူများလှည့်ထားတာ
    ဝလချီးလည်နေတာ ကိုယ့်ကိုယ်ကိုယ်မြင်အောင်ကြည့်ဂျဘာအုန်း )

  • ပင်လယ် ပျော်

    August 4, 2012 at 7:16 pm

    ရိုင်းချက်ကကမ်းကုန်ပဲ…ကိုယ်ချင်းစာစိတ်မရှိတဲ့ ဝိသမလောဘ သားတွေ…

  • အရီးခင်လတ်

    August 4, 2012 at 8:54 pm

    ဒါဟာ အမှန်တော့ အမှန်ပါဘဲ။
    California က ICON SHOES AND HANDBAGS ကနေ ရောင်းနေတာပါ။
    http://www.iconshoes.com/Thangka-of-the-Buddha-br-Low-Wood-Heel-Clog-p/kacie-2.htm
    အဲဒီ ဆိုင်က နာမည်ကြီး သူတွေ ရဲ့ ပုံတွေသုံးတာပါ။

    ဒါပေမဲ့ ကျွန်မတို့ရဲ့ ဗုဒ္ဓရဲ့ ဆုံးမ ဟောပြချက် မှာ အမုန်းတရား နဲ့ လက်စားချေခြင်း တွေ မပါပါဘူး။
    မေတ္တာ သာထားဖို့ ပါပါတယ်။

    ဒီတော့ ဒီ အပေါ်မှာ သိတ်မခံစားကြပါနဲ့။
    ရုပ်ပုံဟာရုပ်ပုံ လို့သာ မှတ်လိုက်ပါ။
    ရုပ်ပုံမှာ တရားကိန်းမထားပါဘူး။
    ဒီ shoe တွေ ကို ရော ဘယ်သူ ဝယ်စီးရဲမလဲ။ ကြည့်ကြတာပေါ့။

    အဲဒီကနေ ဖြစ်လာမဲ့ ဒေါသ တွေကြောင့် ကိုယ့်စိတ် ကို အညစ်နွမ်းမခံ ကြပါနဲ့။
    ကိုယ့် စိတ်ဆိုး တာကို ကြည့်ပြီး ဝမ်းသာနေမဲ့ သူတွေ အတွက် လဲ ပါရမီ မဖြည့်ကြပါနဲ့။
    ကျွန်မတို့ အစွန်းရောက်စိတ် တွေ မဖြစ်ဖို့ သတိထားကြပါ။
    ဒီ ကိစ္စကလဲ သွေးရိုးသားရိုး လားတောင် မသိနိုင်ဘူး။

    သူတို့ ဒီ ပုံသုံးလို့ ချမ်းသာသွားလဲ သူများ တကာ စိတ်ထိခိုက် ပြီးမှ ရလာတဲ့ ချမ်းသာခြင်း ပါ။
    ဒေါသနဲ့ ကန့်ကွက်တာကို မလုပ်ဖို့လိုတယ်။
    မဟုတ်ရင် ကိုယ်ပါ အမုန်းတရားကို ကိုးကွယ်သူ တွေ ဖြစ်သွားမယ်။
    အသိဉာဏ်မဲ့ လုပ်ရပ်တွေ ကြောင့် လူတွေ ကို ဒုက္ခမရောက်အောင် ကာကွယ် တားဆီးဖို့ လိုတယ်။
    မီးလောင်ရာ လေမပင့်ကြ ဖို့ သတိထားကြပါ။

    ဒီအချိန်မှာ ကိုယ်ကိုယ်တိုင်က သဘောထားကြီးမှ ကိုယ်ကိုးကွယ်တဲ့ ဘာသာလဲ မြင့်မြတ် တင့်တယ်မယ် ဆိုတာကိုလဲ သတိထားကြပါ။

    PS –
    အဲဒီ link က shoe ကို ဝယ်တဲ့ သူ ရဲ့ မှတ်ချက် မှာ သူ့စီး နေကျ size 7 1/2 က တိုနေလို့ size 8 နဲ့ လဲ သတဲ့။
    အဲဒါက ချောင် နေလို့ စီးမရဘူး တဲ့။ ဒီတော့ ၂ရံ လုံးပြန်ပို့ လိုက်ရသတဲ့။
    I ordered these in a 7 1/2 and they were too short; replaced them with the 8 which was too loose on my foot. So, sadly, returned both.
    အဲဒါကို လူ လေးယောက်က ထောက်ခံထားတယ်။
    သူတို့ လဲ စီးမရလို့ နေမှာ။

    • အတိသဌ္ဇနာဂရ

      August 4, 2012 at 9:31 pm

      အရီးသာမကယ်ရင်ဖြင့် ကျနော့်အဖြစ်က ဦးပုဆီမှာ ဖြေရှင်းချက်မပေးနိုင်တော့ဘူး။
      ကျေးဇူးပါ အရီးရေ။ထိမိတဲ့မှတ်ချက်လေးပါ။

      ““ဒီတော့ ဒီ အပေါ်မှာ သိတ်မခံစားကြပါနဲ့။
      ရုပ်ပုံဟာရုပ်ပုံ လို့သာ မှတ်လိုက်ပါ။
      ဒီ shoe တွေ ကို ရော ဘယ်သူ ဝယ်စီးရဲမလဲ။ ကြည့်ကြတာပေါ့။
      အဲဒီကနေ ဖြစ်လာမဲ့ ဒေါသ တွေကြောင့် ကိုယ့်စိတ် ကို အညစ်နွမ်းမခံ ကြပါနဲ့။
      ကိုယ့် စိတ်ဆိုး တာကို ကြည့်ပြီး ဝမ်းသာနေမဲ့ သူတွေ အတွက် လဲ ပါရမီ မဖြည့်ကြပါနဲ့။
      ကျွန်မတို့ အစွန်းရောက်စိတ် တွေ မဖြစ်ဖို့ သတိထားကြပါ။
      ဒီ ကိစ္စကလဲ သွေးရိုးသားရိုး လားတောင် မသိနိုင်ဘူး။
      သူတို့ ဒီ ပုံသုံးလို့ ချမ်းသာသွားလဲ သူများ တကာ စိတ်ထိခိုက် ပြီးမှ ရလာတဲ့ ချမ်းသာခြင်း ပါ။
      ဒေါသနဲ့ ကန့်ကွက်တာကို မလုပ်ဖို့လိုတယ်။
      မဟုတ်ရင် ကိုယ်ပါ အမုန်းတရားကို ကိုးကွယ်သူ တွေ ဖြစ်သွားမယ်။
      အသိဉာဏ်မဲ့ လုပ်ရပ်တွေ ကြောင့် လူတွေ ကို ဒုက္ခမရောက်အောင် ကာကွယ် တားဆီးဖို့ လိုတယ်။
      မီးလောင်ရာ လေမပင့်ကြ ဖို့ သတိထားကြပါ။””

    • ရွာစားကျော်

      August 5, 2012 at 12:17 pm

      ရုပ်ပုံဟာ ရုပ်ပုံလို့တော့ မှတ်လို့မရလို့ပါ အရီးရေ
      ကျနော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓရဲ့ image ဖြစ်နေလို့ပါ..
      ကိုရမ်ကို သေးပန်းတော့ စာအုပ်သေးစိုသွားတယ်လို့ မှတ်လို့မရသလိုပေါ့ ခင်ဗျာ
      ..
      ဒေါသမပါဘဲ အကျိုးသင့်အကြောင်းသင့် ကန့်ကွက်ကြသင့်ပါတယ်

      • အရီးခင်လတ်

        August 6, 2012 at 5:10 am

        ရွာစားကျော်ရေ

        စိတ်ထဲ ရှိတာလေး ကို အရီးကို ပွင့်ပွင့်လင်းလင်း ပြန်ဆွေးနွေးလို့ ကျေးဇူးတင်ပါတယ်။ 🙂

        အရီးက ဒီ ကိစ္စကို မကန့်ကွက်ပါ နဲ့ လို့ ဆိုလိုတာ မဟုတ်ပါဘူး။
        တော်တော်များများ က အဲဒီ ကုမ္ပဏီကို အကျိုးအကြောင်း ပြောပြီး စာပို့ ကန့်ကွက် နေကြ ပါတယ်။ အဲဒါက ပိုပြီး တရားဝင် ဖြစ်ပါတယ်။
        တစ်ချို့က သူတို့ ရဲ့ FB စာမျက်နှာပေါ်မှာ ဒေါသ နဲ့ သွားဆဲ ပါတယ်။
        ပြသနာက အနောက်တိုင်းသားတိုင်းလဲ ဗဟုသုတကြွယ်ဝ နေတာ မဟုတ်တာမို့ တစ်ချို့ဆို ဗုဒ္ဓ ဟာ ဘာဆိုတာတောင် မသိဘူး။
        ဒါပေမဲ့ အဲဒီလို အနောက်တိုင်းသား တွေထဲမှာဘဲ ဗုဒ္ဓဘာသာကို စိတ်ဝင် စားပြီး လေ့လာနေ သူ တွေလဲ အများအပြား ရှိပါတယ်။
        အဲဒီလို လူတွေ အမြင်မှာ ဗုဒ္ဓဘာသာကိုးကွယ်သူ တွေ ကို အရိုင်းအစိုင်း တွေလို့ မမြင်စေလို ပါဘူး။

        အဲဒီ ကုမ္ပဏီ ရဲ့ လူမြင်ကွင်း FB စာမျက်နှာ တွေ မှာ ဒေါသတကြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲ နေတာကတော့ အလွန် အရုပ်ဆိုး လို့ ပြောရတာပါ။
        ကန့်ကွက် တယ် ဆိုတာ ဒေါသထွက်ပြတာနဲ့ မပြီးဘူး။
        ရိုင်းရိုင်းစိုင်းစိုင်း ဆဲပြနေတာ နဲ့ မပြီးဘူး။
        အကျိုးအကြောင်း စာရေးပြီး ပို့၊ ဒါမှမဟုတ် သက်ဆိုင်ရာကို တိုင်မှသာ အရာရောက်ပါမယ်။
        ဒါမျိုး က ဟိုးတုန်းကလဲ အတွင်းခံတွေ မှာ လုပ်ခဲ့ဘူးပါတယ်။
        အဲဒီတုန်းကလဲ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါသေးတယ်။
        နောက်တစ်မျိုး လုပ်လို့ရတာက အဲဒီ ဆိုင်က ပစ္စည်း တွေ ကို သပိတ်မှောက်ပြီး မဝယ်ကြတာပါ။

        ထားပါတော့။
        အရီးလဲ အသိအတတ်ကြီး မဟုတ်ပါ။
        ဒါပေမဲ့ ဗုဒ္ဓဘာသာ ကို ကာကွယ်ခြင်း ဆိုတာ ဗုဒ္ဓဟောပြခဲ့တဲ့ တရား အစစ်အမှန် တွေ မပျောက် အောင် ကိုယ်ကိုယ်တိုင်က စပြီး လိုက်နာ နေမှ ကာကွယ်ရာ ရောက်ပါတယ်။
        ဗုဒ္ဓဘာသာ ကို သူတစ်ပါးက ရိုသလေးစား စေချင်ရင် ကိုယ်က ကောင်းမွန် ယဉ်ကျေးအောင် နေပြမှ တစ်ခြား သူများ ကလဲ ကိုယ်နဲ့ အတူ တွဲနေတဲ့ ဘာသာ ကို တန်ဖိုးထား လေးစားပါမယ်။
        ဒေါသ အမုန်းတရား တွေ အာဃာတ တွေ၊ အညိုးတွေ နဲ့ကာကွယ်လို့ မရပါဘူး။
        ဒေါသ အမုန်းတရား တွေ အာဃာတ တွေ၊ အညိုးတွေ ကို ဘယ်သူမှ မရိုသေပါဘူး။
        ဒေါသ အမုန်းတရား တွေ အာဃာတ တွေ၊ အညိုးတွေ ဆိုတာ ဗုဒ္ဓဟောပြခဲ့တဲ့ တရား အစစ်အမှန် မဟုတ်ပါဘူး။

        နောက်ပြောလိုတာက ရုပ်ပုံ ဆိုတာပါ။
        အရီး အိမ်မှာလဲ ဆင်းတုတော်တွေ အသေအချာ ပူဇော်ပါတယ်။
        ဒါပေမဲ့ ဗုဒ္ဓရုပ်ထု ကို ကန်တော့တာ အဲဒီရုပ်ထု ထက် ဗုဒ္ဓဟောကြား ခဲ့တဲ့ တရားတော် တွေ ရိုသေမှု နဲ့ ကန်တော့တာပါ။
        ဗုဒ္ဓ အဆုံးအမ ကို ကိုယ့်ရဲ့ စိတ်ထဲ မှာ ကိန်းအောင်းထားပြီး နေ့စဉ်ဘဝ ထဲ မှာ ကျင်လည် နိုင်ဖို့ ကို ကြိုးစားပါတယ်။
        ဗုဒ္ဓရုပ်ပုံ/ထု ကို တစ်ခြားသူတွေ စော်ကားတာ အရီးလဲ မကြိုက်ပါဘူး။
        ဒါပေမဲ့ ကိုယ်က ဒါကို မူပိုင်ခွင့် ယူထားပြီး သူများ မသုံးရ လို့ လုပ်လို့မှမရတာ။
        လုပ်လာတဲ့သူ ရှိတော့ လဲ ကိုယ်က သူဆိုင် ကိုလဲ သွားမဖျက်ရဲ၊ မီးတင်မရှို့ရဲ၊
        အင်တာနက် ပေါ်က ရိုင်းရိုင်းစိုင်းစိုင်း လဲ မပြောလို။
        ဒီတော့ ဖြစ်ပြီးလိုက်တဲ့ ကိုယ်မြင်လိုက်ရတဲ့ အကြောင်းကို စိတ်ဖြေရာ ဒါဟာရုပ်ပုံဘဲ လို့ မှမတွေးရင် ဒေါသမီး က ကိုယ့်ကို ဒုက္ခပေးရုံရှိမှာပေါ့။
        အဲဒီနောက်မှာ ဗုဒ္ဓရဲ့ ဆုံးမစကားကို မလိုက်နာရာ ရောက်သွားမှာပါ။
        အဲဒါက ပိုပြီး ဗုဒ္ဓ ကို စော်ကားရာ ရောက်မယ် ထင်ပါတယ်။
        ဒါကြောင့် ဒီစကား ပြောတာပါ။

        လူတစ်ယောက် နဲ့ တစ်ယောက် အမြင် မတူ ။ အတွေး မတူလို့
        အရီး ဒီလို ပြောလိုက်ရင် မကြိုက်ကြ သူတွေ များမှာ သိပေမဲ့
        ထိန်းနိုင်တဲ့ အတွေး နဲနဲ ဝင်သွားရင် မဆိုးဘူး လို့ ထင်ပြီးပြောလိုက် ကာမှ
        ပိုပြီး ဆိုး သလို ဖြစ်သွားတာတော့ စိတ်မကောင်း ပါဘူး။

        နောက် တစ်ခု ရှိသေးတယ်။
        အရီး ဒီတစ်ခေါက် ပြန်တော့ သတင်းကြား တင်မဟုတ် အမြင်ပါမြင် ခဲ့တယ်။
        လူတစ်ယောက် ရဲ့ မျက်နှာ နဲ့ ဆင်ဆင် တူတဲ့ ကျောက်စိမ်း ဆင်းတု တစ်ဆူပါ။
        သိသူလဲသူကြမှာပါ။
        တကယ် ဆင်ပါတယ်။
        အရီး မကန်တော့ ခဲ့ပါဘူး။
        အပြင်မှာ ကိုယ်လုံးဝ ကြည်ညို လို့ မရတဲ့ သူ ရဲ့ မျက်နှာ နဲ့ ဆင်းတု ကို ဗုဒ္ဓဆင်းတုဘဲ ဆိုပြီး မကန်တော့ပါဘူး။
        ဟိုးနှစ် အနဲငယ်ကလဲ ဒါမျိုး ဇာတ်လမ်း နောက် တစ်ယောက် နဲ့ ကြားဘူးတယ်။
        ဒီတော့ တစ်ချို့ ဟာတွေ က ပြောရခက်သား။
        ဒါကြောင့် အရီးကတော့ ဆင်းတု/ ဗုဒ္ဓ ရုပ်ပုံ ဆိုတာတိုင်းမှာ ဗုဒ္ဓတရားတော် ကို တွဲ မမြင်နိုင်ရင် စိတ်မှာ အဲဒီအရာဟာ သာမာန် ပါဘဲ။

        အရီးပြောတာ သဘောမတူ ရင်လဲ အကြောင်းမဟုတ်ပါ။
        ကွဲလွဲပြီး တွေးခေါ်နိုင်ပါတယ်။
        ကိုယ့် အတွေးအခေါ် အပြောအဆို က သူများ ကို ပုတ်ခတ် ထိခိုက် မိ နေရင်တော့ တောင်းပန်ပါတယ်။
        အရီးကတော့ ဘယ်သူ့ ကိုမှ ဘာကိုမှ မထိခိုက် စေလိုပါဘူး။
        ဒါပေမဲ့ ဘောင်ကို အတင်းခတ်မထား ဘဲ နဲနဲ ဖြန့်ပြီး တွေးတော စေလို တာပါဘဲ။
        အရီး လဲ မှားနိုင်ပါတယ်။ 🙂

        • NAJA

          August 6, 2012 at 10:12 pm

          ကွန်းမန့်နှစ်ခုလုံးအတွက် လက်မ
          အချောင်းငါးဆယ်လောက် ထောင်သွားပါတယ် အရီးလတ်..
          ကျွန်တော်လဲ တစ်သဘောထဲပါပဲ…
          ဦးဦးပါလေရာ ပြောတဲ့ ရင်ဘတ်နဲ့ဖတ်ပြီး ရင်ဘတ်နဲ့ မန့်တယ်ဆိုတာ
          အရီးကိုပြောတာ ဖြစ်ပါလိ့မ်မယ်..

          ထစ်ခနဲ့ရှိ ထစ်ခနဲ့ ထိလွယ်ရှလွယ်ဖြစ်တတ်ကြတာတွေကတော့
          ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ပြယုဒ်လိုဖြစ်နေပြီထင်ပါရဲ့…
          ကျွန်တော်တို့လူမျိုးဟာ စိတ်ဓါတ်စစ်ဆင်ရေးတို့ဘာတို့လုပ်ဖို့ တော်တော်လွယ်တဲ့
          လူမျိုးများလားမသိ…
          ဖေစ့်ဘုတ်မှာလဲ တစ်ခုခုဆို ဆဲနေကြတာ ပလူပျံအောင်မြင်နေရတော့
          တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ်…
          ချက်နဲ့လက်နဲ့ အကျိုးအကြောင်းသင့်ဖြေရှင်းတဲ့လူဆိုတာ တော်တော်ရှားပါတယ်..
          ငါတို့ ဗုဒ္ဓဘာသာနိုင်ငံကြီးကလဲ တော်တော်မိုက်ရိုင်းတဲ့ လူတွေပေါပါလားလို့..
          တစ်ကယ်တွေးမိပါတယ်…

          စကားတွေလျှောက်စပ်မိနေပြီဗျို ့..
          အဓိက ကတော့ .. “ရုပ်ပုံမှာ တရားကိန်းမထားပါဘူး”
          ဆိုတာလေး.. တော်တော်ကြိုက်မိလို့ မနေနိုင်ပဲ ဝင်မန့်တာခင်ဗျ..

        • အရီးခင်လတ်

          August 7, 2012 at 3:30 am

          Thanks a lot for your kind comment NAJA. 🙂

  • Ko Khin Lwin

    August 4, 2012 at 9:00 pm

    တကယ်လား၊ လှုံ့ဆော်မှု့လာ ဟင်။

    • အတိသဌ္ဇနာဂရ

      August 4, 2012 at 9:42 pm

      @ကိုကြည်လွင်ရေ လှုံ ့ဆော်တာတော့ ဟုတ်မယ်မထင်ပါဘူးဗျာ။
      @cobraရေ အဲ့လိုဘဲ ကျနော်လဲ တွေဝေနေ တာပါ။ကျနော်
      အသိမှားသွားတာ ဖြန် ့ဝေမိလို ့ရွာသူားတွေ အသိမှောက်သွား
      မယ်စိုးပါ၏ဗျာ။

  • cobra

    August 4, 2012 at 9:37 pm

    ဇာတ်လမ်းတွေကတော့အမျိုးမျိုး ဘာတွေကိုယုံရလို့ယုံရမှန်းလည်းမသိတော့ဘူး။

  • nature

    August 4, 2012 at 11:10 pm

    သေချာတာကတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနေနဲ့ဒီဖိနပ်မျိုးကို ဘယ်သူမှမစီးရဲကြဘူးဆိုတာပါပဲ။ သူဟာသိလျှက်သားနဲ့မရိုမသေလုပ်တာဆိုရင်တော့ သူ့တရားသူစီရင်ပါလိမ့်မယ်။ အရီးခင်လတ်ရေးထားတာတော်တော်ကောင်းပါတယ်။

    အကုသိုလ်အမျှဆိုတာမဝေပဲရတတ်လို့အထူးသတိပြုဖို့လိုပါတယ်။

    • P chogyi

      August 5, 2012 at 8:56 am

      ဘယ်ဘာသာဝင်မဆို၊ တစ်ပါးသူကိုးကိုယ်တဲ့ အထွဋ်အမြတ်ထားတဲ့အရာကို
      ခြေမှာနင်းချေတယ်ဆိုတော့
      ရောင်းသူရော၊ ဝယ်သူပါ စော်ကားတာပဲ။

  • San Hla Gyi

    August 5, 2012 at 1:02 am

    ကျနော်ကတော့ ကန့်ကွက်ဖို့ ပြောတာကို သဘောတူပါတယ်။ မကန့်ကွက်လိုသူက ကိုယ့်ဘာသာနေပါ။ ကန့်ကွက်လိုပါက ဥပဒေဘောင်ထဲက လုပ်နိုင်ပါတယ်။ နည်းနည်းတော့ ကြာပါပြီ။ UK လား US လားမသိပါ။ စားသောက်ဆိုင်တဆိုင်က ဆိုင်းဘုတ်မှာ greedy Buddha လို့ရေးထားလို့ ကန့်ကွက်ဖို့ သီရိလကာင်္ မြန်မာနဲ့ ထိုင်းသံရုံးတွေ ဆွေးနွေးကြတာ မှတ်မိပါတယ်။ ကိုယ်မယုံကြည်ပေမယ့် သူများယုံကြည်တာကို စော်ကားခွင့် မရှိပါ။
    နှိမ့်ချတာ သည်းခံတာဟာ ဘာလုပ်လုပ် စော်ကားခွင့် ပေးတယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ အများကြီး ကွာပါတယ်။ ဒါကြောင့် ဟိုတလောက ပညာရှိကြီးတဆူကို ဂေါတမဗုဒ္ဓဆိုပြီး မြိန်ရည်ယှက်ရည်နဲ့ ပုတ်ခတ်တဲ့ စကားတွေ ခဏခဏပြောလာလို့ ကျနော် သတိပေးဖူးပါတယ်။ ပညာရှိ သတိဖြစ်ခဲမှာ စိုးလို့ပါ။ ပြောတာလည်း တော်တော်လေး အကြိမ် များနေလို့ပါ။

    • kai

      August 5, 2012 at 11:58 am

      ဒီပို့စ်ရဲ့မူရင်းဆွေးနွေးလိုတာနဲ့တော့ မဆိုင်ပါ..။ကြားဖြတ်ဝင်ပြောလိုက်ရတာ.. ပို့စ်ရှင်ကိုတောင်းပန်ကြောင်း.. :mrgreen:

      ြိငိမ်နေရင်.. ကျုပ်ကပဲမှားခဲ့သလိုလို..” ဂေါတမဗုဒ္ဓ”ဆိုတဲ့..အသုံးအနှုန်းကပဲ.. ပုတ်ခတ်တဲ့အဓိပ္ပါယ်ဖြစ်နေတယ်.. စာဖတ်သူတွေ… ထင်ယောင်မှာဖြစ်ကုန်မှာစိုးလို့ပါ..

      “ဂေါတမဗုဒ္ဓ”ဆိုတာမှာ.. ပြီးပြည့်စုံတဲ့အဓိပ္ပါယ်ရှိပြီးဖြစ်ကြောင်း.. ရှင်းပြပြီးပါပြီ..
      အဲဒီကတဲက.. အဲဒီပို့စ်အောက်မှာပြန်ရေးမရှင်းပဲ.. နေရာတကာ.. လိုက်ဖွနေသလိုဖြစ်နေတာမို့ ထပ်ပြောရတာပါ..။

      ဆိုတော့…ကိုရင့်အနေနဲ့..
      ပိဋကတ်စာပေတွေပြန်လေ့လာကြည့်စေလိုပါတယ်..။စာတတ်ရဟန်းဆရာတော်ကြီးများဆီလည်း.. မေးလျှောက်ကြည့်စေလိုပါတယ်..။
      မကျေနပ်သေးရင်.. ဝိကိပီဒီယအပါအဝင်.. နိုင်ငံခြားစာပေတွေလည်း.. ဖတ်ကြည့်နိုင်ပါတယ်..။
      ပိုပိုပြီး မကျေနပ်သေးရင်.. ဝိကိပီဒီယမှာ.. သွားပြင်စေလိုကြောင်း… 🙂

      http://en.wikipedia.org/wiki/Gautama_Buddha
      Gautama Buddha or Siddhārtha Gautama Buddha (Sanskrit: सिद्धार्थ गौतम बुद्ध; Pali: Siddhattha Gotama) was a spiritual teacher from the Indian subcontinent, on whose teachings Buddhism was founded.[2] The word Buddha is a title for the first awakened being in an era. In most Buddhist traditions, Siddhartha Gautama is regarded as the Supreme Buddha (P. sammāsambuddha, S. samyaksaṃbuddha) of our age, “Buddha” meaning “awakened one” or “the enlightened one.” [note 1] Gautama Buddha may also be referred to as Śākyamuni (Sanskrit: शाक्यमुनि “Sage of the Śākyas”). The Buddha found a Middle Way that ameliorated the extreme asceticism found in the Sramana religions.[3]

      ==
      ဂေါတမ ဗုဒ္ဓ

      သိဒ္ဓတ္ထ ဂေါတမ သည် ရှေးအိနိ္ဒယ မှ ဘာသာရေးခေါင်းဆောင်၊ စိတ်ပညာ သင်ဆရာ၊ မဟာဒဿနပညာရှင်ကြီးဖြစ်ပြီး ဗုဒ္ဓဝါဒ ကို အုတ်မြစ်ချခဲ့သူဖြစ်သည်။[1] သိဒ္ဓတ္ထ ဂေါတမအား ဗုဒ္ဓဘာသာဝင် တို့က အလုံးစုံ မြင့်မြတ်တော်မူသော ဂေါတမဘုရား ဟု ယုံကြည်ကြသည်။ ဗုဒ္ဓ၏ မွေးဖွားချိန် နှင့် သေဆုံးချိန်တို့မှာ မသေခြာသော်လည်း ယခု သမိုင်းပညာရှင်တို့က ၅၆၃ မှ ၄၈၃ BC ဟု မှန်းဆကြသည်။[2] ဗုဒ္ဓ၌ ရာဟုလာ အမည်ရှိ သားတစ်ယောက် ရှိသည်။

      ဗုဒ္ဓအား ဗုဒ္ဓဘာသာ တွင် အဓိက ဖြစ်သော် စကြမုနိ(သဗ္ဗေညုတဉာဏ်တော်)ကို ရရှိတော် မူပြီး သူ၏သက်တမ်း တစ်လျောက်တွင် ဘာသာရေးနှင့် လူမှုကျင့်ဝတ်ပိုင်းဆိုင်ရာကျင့်စဉ်များ သင်ကြားခြင်း၊ သံဃာ ကျင့်စဉ်များ ချတော်မူခြင်း ပြုခဲ့ပြီး ၎င်းကို သုတ်၊ဝိနည်း နှင့် ဇာတက(ဇာတ်တော် ၅၅၀) တနည်းအားဖြင့် ပိဋိကတ် သုံးပုံဟု နောက်လူတို့က ခွဲခြားသတ်မှတ်ကြသည်။ ဓမ္မခန္ဓာပေါင်း ၈၄၀၀ဝရှိသော တရားတော်တို့ကို သင်္ဂါယနာ တင်ခြင်းဖြင့် ထိန်းသိမ်းခဲ့သည်။ အစပိုင်းတွင် နှုတ်တိုက် ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ပြီး နှစ်ပေါင်း ၄၀ဝ ကြာသောအခါ သီရိလင်္ကာတွင် စတုတ္ထအကြိမ် သင်္ဂါယနာတင်ချိန်ရောက်မှ ပေထက်အက္ခရာအဖြစ် စာတင်ခဲ့သည်။
      http://wikimyanmar.co.cc/wiki/index.php?title=%E1%80%B1%E1%80%82%E1%80%AB%E1%80%90%E1%80%99_%E1%80%97%E1%80%AF%E1%80%92%E1%81%B6

      • San Hla Gyi

        August 5, 2012 at 5:08 pm

        ဟုတ်ပါပြီ ဟုတ်ပါပြီ ပညာရှိကြီးခင်ဗျာ။
        ကျနော့်ကို တောင်းပန်စရာ မလိုပါဘူး။ နောက်ထပ်ပြီး မပြောရင်ပြီးတာပါပဲ။ ကျနော်ပို့စ်အောက်မှာလဲ ရေးထားပြီးပါပြီ။ အဲဒီလို ခေါ်တာကို ပြောတာမဟုတ်ပါဘူး။ အဲဒီ အခေါ်အဝေါ်ရဲ့ နောက်ကလိုက်လာတဲ့ အပြောအဆိုတွေကို ပြောတာပါ။ “ဂေါတမဗုဒ္ဓများ သည်းခံ သည်းခံဆိုပြီး အရှုံးမပေးဘူး နိုင်အောင်ကိုလုပ်တယ် ဆိုတော့အောင်ခြင်းပေါ့” ဆိုတဲ့ အပြောအဆိုလေးတွေပါ။ ဘာအဓိပ္ပါယ်လည်း ဆိုတာတော့ ကိုယ်တိုင်လဲ သိသလို စာဖတ်သူတွေကလဲ သိပါတယ်။ တကယ်တော့ သူများက ကိုယ့်ကို တံဆိပ်ကပ်တာထက် ကိုယ်ရဲ့ အပြုအမူ အပြောအဆိုတွေကပဲ ပြန်ပြီးကိုယ့်ကို တံဆိပ်ကပ်တာ ဖြစ်ပါကြောင်း။
        ကြုံလို့ ပြောပါဦးမယ်။ အဲဒီလို အပြောအဆိုလေးတွေပါတဲ့ ပို့စ်ကလေးတွေကို တတ်အားသမျှ သိမ်းထားပါကြောင်း။ အခုနောက်ပိုင်း အတော်လေး အပြောအဆို ဆင်ခြင်တာကို တွေ့ရပါကြောင်း။ ထို့အတွက် ဝမ်းသာမိပါကြောင်း။ အဓိကက အပြောအဆို ဖြစ်ပါကြောင်း။

      • San Hla Gyi

        August 5, 2012 at 5:15 pm

        အော်မေ့လို့ ဂေါတမဗုဒ္ဓလို့ ခေါ်လို့ မကျေနပ်ဘူးဆိုတာ မဟုတ်ပါကြောင်း။ အဲဒီလို အပြောအဆိုလေးတွေကို တွေ့တာ များလို့ ဖြစ်ပါကြောင်း။ ထပ်ပြီး သေချာအောင် Clarify လုပ်တာ ဖြစ်ပါကြောင်း။ တောင်းပန်ချင်သည် ဆိုလျှင်တော့ ထိုကဲသို့ ပြောဆိုမိခြင်းအတွက် ဗုဒ္ဓဘာသာဝင်များကို တောင်းပန်သင့်ကြောင်း။ ထိုကဲသို့ ပြောသည့် ပို့စ်ကိုလည်း သေသေချာချာ သိမ်းထားပါကြောင်း။ ကိုယ်ပြောတာ ကိုယ်မေ့နေ့လျှင် လင့်ခ်ပေးနိုင်ပါကြောင်း။ စသည့် စသည့် “ကြောင်း” များပါ။

      • အတိသဌ္ဇနာဂရ

        August 5, 2012 at 8:03 pm

        @ko kaiရေ ဝီကီ ဒေါ့စီအိုဒေါ့စီစီရဲ. ့စတင်တည်ထောင်သူထဲမှာ ကိုစည်သူအောင်(ရွာသား)
        အပါအဝင်ပါ။သူ ့ကိုတောင်းဆိုလိုက်ပါမည်။အဆဲတော့ ခံရအုံးမည်။ဟီးးးးးး
        @အဘဖော၊ဦးကြောင်ကြီး၊မမအိတုံ၊မနှင်းဖြူ၊ကိုစံလှကြီးတို ့ကကွန်မန် ့လေးတွေနဲ ့စိတ်တူ
        ကိုယ်တူ၊မို ့ဝမ်းသာရပါတယ်ဗျာ။

        • San Hla Gyi

          August 5, 2012 at 9:14 pm

          အင်း ကိုသန်းထွဋ်ဦးရေ
          ခင်ဗျားက စိတ်တူ ကိုယ်တူဆိုပြီး ဝမ်းသာနေ။ ကျုပ်ကတော့ တချီတမောင်း လက်ရည်စမ်းရအုံးမလား တောင်မသိဘူး။ မတတ်နိုင်ဘူးဗျို့။ Principal မှားနေလျှင်တော့ ပြောရလိမ့်မယ်။ မပြောလို့လဲ မရဘူးဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့က မှန်တာပြောလဲ မုန်းမှာဆိုတော့ ပြောရင်လဲ ရေရေလည်လည်ကို ပြောရလိမ့်မယ်။ တချို့ကတော့ သူတို့ဘယ်လို ရှေ့နောက်မညီ စကားလှည့်ပြောပြော သူတို့နာမည်နဲ့ဆို ကွန်မန့်တွေက စိမ်းပြီးသားပဲဗျ။

      • San Hla Gyi

        August 5, 2012 at 9:08 pm

        ဝင်ရောက်ဖတ်ရှုအားပေးကြတဲ့ စာဖတ်ပရိသတ် ချစ်မိတ်ဆွေများခင်ဗျာ
        သူကြီးနဲ့ ကျနော်ရဲ့ အပြန်အလှန် စကားပြောခန်းလေးကို ဖတ်ပြီး ဘူးလုံးနားမထွေး ဖြစ်မှာစိုးလို့ ထပ်ပြီး ထင်ရှားအောင် Hightlight လုပ်ပါရစေ။ ဒီလိုပါ။ သူကွန်မန့်ထဲမှာ ထည့်ထားတဲ့ အင်္ဂလိပ်စာတွေ ပိဋကတ်တော်တွေ စာတတ်ရဟန်းတော်ကြီးတွေ ဆိုတဲ့ စကားတွေ ကြည့်ပြီး မျက်စိမလည်ပါနဲ့။ ကျနော်က ဂေါတမဗုဒ္ဓလို့ ခေါ်တာကို ကန့်ကွက်တာ မဟုတ်ပါ။ သူ့ကွန်မန့်တွေထဲမှာ ပါလေ့ရှိတဲ့ “ဂေါတမဗုဒ္ဓများ သည်းခံ သည်းခံဆိုပြီး တခါမှ အရှုံးမပေးဘူး နိုင်အောင်ကိုလုပ်တယ် ဆိုတော့ အောင်ခြင်းပေါ့” ဆိုတဲ့ စကားလေးတွေ “ဂေါတမဘုရားလည်း လမ်းပဲလျှောက်ရတာ မြေပုံထဲမှာကြည့်တော့ မိုင် ၅ဝ လောက်ပဲရှိတယ်” ဆိုတဲ့ စကားလေးတွေကို ဝေဖန်တာပါ။ အဲဒါကို လမ်းကြောင်းပြောင်းအောင် အင်္ဂလိပ်စာတွေ လျှောက်ထည့်ထားတာပါ။ အမှန်တော့ သူ့စကားတွေ ရှေ့နောက်မညီတာ အတော်ကြာပါပြီ။ ခုနပြောတဲ့ စကားလေးတွေ တကယ်ပဲ သူပြောခဲ့သလားလို့ မေးရင် yes ပါ။ သူတကယ်ကို အဲဒီလို ပြောခဲ့ပါတယ်။ ကျနော် အဲဒီပို့စ်ကလေးတွေကို သိမ်းထားပါတယ်။ နောက်မှ စာဖတ်သူ မိတ်ဆွေများ တဝကြီး ဖတ်ရအောင် သီးသန့်တင်ဆက်ပေးပါမယ်။
        ဘာလို့ စာတွေကို သိမ်းထားရသလဲဆိုရင် တချို့က စကားကို လှည့်ပြောတတ်တဲ့ နေရာမှာ တကယ့်ကို စပယ်ရှယ်လစ်မို့ပါ။

        • မိုက်ကယ်ဂျော်နီအောင်ပု

          August 6, 2012 at 1:40 am

          ဒီဃနိကာယ် သီလက္ခန်ပါဠိတော် – ဗြဟ္မဇာလသုတ် – ပရိဗ္ဗာဇကကထာ
          ၅။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ
          သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြ လျှင် ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း
          နှလုံးမသာခြင်း စိတ် မကျေချမ်းခြင်း မဖြစ်စေသင်။
          ပြောကြရာ၌ သင်တို့သည်အမျက်ထွက် ကြလျှင် နှလုံးမသာကြလျှင် သင်တို့အား သာလျှင်
          အန္တရာယ် ဖြစ်ရာ၏။
          သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း
          စကားဆိုးကို သိနိုင် ကြပါမည်လော။
          အပြစ်ကို ပြောကြရာ၌ ]]ဤစကားသည် ဤအကြောင်း ကြောင့် လည်း မဟုတ်၊ ဤအကြောင်း ကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ}} ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်။
          ၆။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ ဂုဏ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် နှစ်သက်ခြင်း ဝမ်းသာခြင်း စိတ် တက်ြွကခြင်း မဖြစ်စေသင်။ နှစ်သက်ကြလျှင် ဝမ်းသာကြလျှင် စိတ်တက် ြွကကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။
          ပြောကြရာ၌ ]]ဤစကားသည် ဤအကြောင်းကြောင့်လည်း ဟုတ်ပေ၏၊ ဤအကြောင်း ကြောင့် လည်း မှန်ပေ၏၊ စင်စစ် အားဖြင့် ဤဂုဏ်သည် ငါတို့၌ ထင်ရှားရှိပေ၏}} ဟု ဟုတ်မှန်သည်ကို ဟုတ်မှန်သည့် အတိုင်း သင်တို့ ဝန်ခံရမည်။

        • San Hla Gyi

          August 6, 2012 at 7:16 pm

          ကိုမိုက်ကယ်ဂျော်နီအောင်ဘုရေ
          ရဟန်းတွေ အနေနဲ့တော့ အဲဒီလိုဟောတာ ဟုတ်ကောင်းဟုတ်ပေမယ့် ကိုးကွယ်နေတဲ့ လူသားတွေရှေ့မှာ အဲဒီလို သွားပုတ်ခတ်ရင်တော့ ပြဿနာတတ်လိမ့်မယ်ဗျ။ ခင်ဗျား ကြည့်ရတာ ဘော်ဘော်ကြီးကို ကာကွယ်ချင်ပုံပဲ။

        • မိုက်ကယ်ဂျော်နီအောင်ပု

          August 6, 2012 at 11:40 pm

          ခက်တော့တာဘဲ သမိုင်းဆရာကြီးရယ်
          ပုဂ္ဂိုလ်ရေးအရ သဂျီးကို ကျနော်က ဘော်ဒါလို့ မပြော ( ဝန့် ) ပါဘူး
          သဂျီးမှ မဟုတ်ပါဘူး သမိုင်းဆရာကြီး ကိုလည်းမ ( ဝန့်) ပါဘူး
          ကျနော့ဖက်ကတော့ ( အားလုံးကို ) ဘော်ဒါဖြစ်ခွင့် ရမယ်ဆိုရင်
          အလွန်ဂုဏ်ယူစရာပါ
          ဘယ်သူမှဖြစ်ခြင်မည်တော့မထင်
          ဥပမာ
          သမိုင်းဆရာကြီးအနေနှင့် ကျနော်နဲ့ဘော်ဘော်ဖြစ်ခြင်သလားခင်ဗျား
          ကျနော်က ဘေးစောင်းသွားတာ နည်းနည်ဝါသနာထုံဒယ်
          ကျနော်နဲ့ ဘော်ဒါဖြစ်ဘို့ကတော့
          သက်ဆိုင်သူတွေအတွက်တော့ တယ်နှိမ့်မည်မထင်
          မနှိမ့်ဆို ကျနော်က ဘာကောင်မှမဟုတ်လို့ပါ
          ရှင်းအောင်ပြောရရင် လူတို့စကားအရ အဆင့်မရှိလို့ပါ
          ကိုယ့်အဆင့်ကိုယ်သိတာကလည်း မှန်စွာမြင်တတ်ခြင်းဖြစ်တဲ့အတွက်
          ကောင်းတယ်လို့ဘဲ ကြံဖန်ပြီးဂုဏ်ယူမိဘာဒယ် 😀
          ဒါပေမယ့် ဒီနေရာမှာ အဆင့်အတန်းနဲ့ ကျနော်မချဉ်းကပ်ထားပါဘူး
          ဆွေးနွေးငြင်းခုန်ခြင်းသဘောဖက်က ပါဝင်တာပါ
          အထူးသဖြင့် ကျနော်ပြောမိတာက ပုဂ္ဂိုလ်ရေးမပါ ဝင်ပါဘူး
          စာကြောင်းတွေရဲ့ လိုရင်းနောက်ကိုလိုက်ပြောတာပါ
          အထူးသဖြင့်
          ( ရဟန်းတွေ အနေနဲ့တော့ အဲဒီလိုဟောတာ ဟုတ်ကောင်းဟုတ်ပေမယ့်
          ကိုးကွယ်နေတဲ့ လူသားတွေရှေ့မှာ အဲဒီလို သွားပုတ်ခတ်ရင်တော့
          ပြဿနာတတ်လိမ့်မယ်ဗျ။)
          အမှန်တော့ပြဿနာလုပ်သူဟာ မြတ်စွာဘုရားရဲ့
          တရားတော်မြတ်ကို တစ်ကယ်မသိသေးလို့သာဖြစ်လိမ့်မယ်လို့
          ရိုးသားစွာ ဝေဖန်ပါတယ်
          မြတ်စွာဘုရားအနားမှာဘဲ ကပ်နေတဲ့ ရဟန်းတစ်ပါး
          မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဆုံးမဘူးပါတယ်
          ဘာရယ်တော့မဟုတ်ပါဘူးဗျာ
          ထုံးစံအတိုင်းပါဘဲ

        • အရီးခင်လတ်

          August 7, 2012 at 3:29 am

          ကိုစံလှကြီး ရယ်

          ရှင်လဲ ပညာရှင် တစ်ယောက်ပါ။
          သူကြီး မှား ခဲ့တယ် ထားဦးတော့။
          အဲဒီ အမှားတွေ ကို ကိုစံလှကြီး က စိတ်ထဲမှာ ထားပြီး သယ်သွား နေရင် ရှင့်စိတ်မှာ ဘယ်လို လွတ်လပ်မှု ရပါတော့မလဲ။
          အဲဒီ မလွတ်လပ်တဲ့ စိတ်က ဘဲ ရှင့် ကို အနှောက်အယှက်ပေးနေမှာ။
          မဟုတ်လား။
          ကျွန်မ လဲ သိလွန်းတတ်လွန်းလို့ ဝင်ပြီး ပြောတာ မဟုတ်ပါဘူး။
          ဒီရွာထဲ မှာ အားလုံးကို မောင်ရင်းနှမ တွေလို သဘောထားမိလို့ပါ။
          ငြင်းတာလဲ ငြင်းကြတာပေါ့။
          စစ်တလင်း လိုတော့ မဖြစ်စေချင်ဘူး။

        • San Hla Gyi

          August 7, 2012 at 7:13 pm

          အမကြီးမခင်လတ်နဲ့ ကိုမိုက်ကယ်ဂျော်နီအောင်ဘုရေ
          ပထမဆုံး ကိုမိုက်ကယ်ဂျော်နီအောင်ဘု ကိုပြောချင်တာကတော့ ကိုမိုက်ကယ်ဂျော်နီအောင်ဘု လောက်တော့ မြတ်စွာဘုရား တရားတော်ကို ဘယ်နားလည်မလဲဗျ။ ဒါပေမယ့် ကျနော့်အမြင် principal မှားနေတာ ရှိသေးတယ်ဗျ။ အဲဒီကိစ္စလည်း ကြုံရင်ထပ်ပြောအုံးမယ်။ နောက်တော့ ဆက်ကြတာပေါ့။
          အမကြီး မခင်လတ်ရေ မဟုတ်ပါဘူးဗျ။ အမကြီး ထင်သလို မဟုတ်ပါဘူး။ အမှန်မှာ ကျနော်က ဒီကိစ္စကို သတိထားမိနေတာ ကြာပါပြီ။ ဆိုခဲ့သလိုပဲ ပြောတဲ့ ရေးတဲ့ လေသံကနေ စိတ်ထားကို အကဲခတ်နိုင်ပါတယ်။ ဘယ်သူ ပြောမလဲလို့ ကြည့်နေပါသေးတယ်။ ဘယ်သူမှ မပြောလို့ ကျနော့်ပို့စ်မှာကတည်းက ကျနော်စပြောတာပါ။ နောက်မဖြစ်အောင်လို့ပါ။ အခုနောက်ပိုင်းတော့ ကျနော် သတိထားမိသလောက်တော့ မြတ်ဗုဒ္ဓတွေ ဘာတွေတော့ ဖြစ်သွားပါပြီ။ ကောင်းပါတယ်။ အဲဒါကြောင့် တမင်ကို ပြောတာပါ။

  • Foreign Resident

    August 5, 2012 at 7:13 am

    အဘ ကတော့ ကန့်ကွက်သင့်တယ် ထင်တာပဲ ။

    ပုဂ္ဂလိက လွတ်လပ်ခွင့် ဆိုတာ အတိုင်း အတာမရှိတာ မဟုတ်ပါဘူး ။
    ကိုယ့်ရဲ့ လွတ်လပ်ခွင့်ဟာ သူတပါးရဲ့ လွတ်လပ်ခွင့်ကို ၊
    မထိပါးခင် အထိပဲ နယ်ကျယ်ပါတယ် ။
    သူတပါးရဲ့ လွတ်လပ်ခွင့်ကို ထိပါး သွားပြီဆိုတာနှင့် ၊
    လွတ်လပ်ခွင့်ဆိုတဲ့စကား သုံးပိုင်ခွင့် မရှိတော့ပါဘူး ။

    အခု ကိစ္စမှာတော့ ၊
    သူတပါးရဲ့ ထိသိနိုင်တဲ့ ရုပ်ဝထ္ထုကို ထိပါးတာ မဟုတ်ပေမယ့် ၊
    သူတပါးရဲ့ အလေးအမြတ်ထားတဲ့ Image ပုံသဏ္ဍာန် ကို ထိပါးသွားပြီ ထင်ပါတယ် ။

    တိတိ ပပ တော့ အမှားအမှန် ပြောရခက်ပါတယ် ။
    Black & White မဟုတ်ပဲ Grey Area ဖြစ်နေတာမျိုးပါ ။
    သူတို့ ပုဂ္ဂလိက လွတ်လပ်ခွင့် ကလည်း ၊
    အဓိက က ထိသိနိုင်တဲ့ ရုပ် ကို အဓိက ထားတာကိုး ။

    သူတို့ ကိုယ်တိုင်လည်း ၊ အမေရိကန် အလံ ကို မီးရှို့ ၊ အတွင်းခံ လုပ်ဝတ် ၊
    Bible ကိုလည်း မီးရှို့ ၊ Tissue Paper လုပ်ခွင့် ပေးထားတာကိုး ။

    အဓိက က အတွေးအခေါ် အမြင် မတူကြတာပါ ။
    သူတို့ အနောက်ဖက်က ဖမ်းဆုပ်ပြလို့ရတဲ့ ရုပ် ကို ဦးစားပေးပြီး ၊
    ကျနော်တို့ အရှေ့ဖက်က ခံစားမှုကိုပါ ဦးစားပေးတာကိုး ။

    အဘ Personal ခံစားချက် အရ ပြောရရင်တော့ ၊
    ကန့်ကွက်သင့်တယ် ထင်တာပဲ ။

  • ကြောင်ကြီး

    August 5, 2012 at 12:17 pm

    အဲလိုပေါက်ကရ လုပ်လေ့ရှိတာ များသောအားဖြင့် အနောက်နိုင်ငံတွေက လစ်ဘရယ်အစွန်းရောက်တွေများတယ်။ ကွန်းမန့်တွေနဲ့ ဝိုင်းဆဲဂျတဲ့အခါ ခရစ်ယာန်တွေ အချောင်တီးခံရရော။ ဘာသာရေး တခုခုစွဲထားသူက သူ့လုပ်ရင် ကိုယ့်ကိုလည်း အလားတူ ပြန်လုပ်မှာမို့ အဲလိုမျိုး မစဉ်းစားဘူး၊ အလိမ္မာသုံး ဝိနည်းလွတ်ပဲလုပ်ကြတယ်။ လစ်ဘရယ်ကြတော့ ကိုးကွယ်ရာအယူ မရှိတာမို့ ဆဲလည်းနာစရာ မရှိဘူးလေ။ လစ်ဘရယ်ဝါဒကိုဆဲလည်း ဘာသာရေးသမားလို အယူမသီးဘူး၊ ကြံဖန်လုပ်ကြံနာပြ အခွင့်ကောင်းယူ ပြန်ဆော်တာပဲ ရှိမယ်။ လစ်ဘရယ်သဂျီးကို ဆော်ချင်ရင်တော့ နွားဘေးမဲ့ပေးရေးသာ နှိုးဆော်ပေး၊ သူအတွက် ကိုဘေးနွားကင်သားက အသက်ပဲ။ 😆

  • snow white

    August 5, 2012 at 1:02 pm

    တကယ်ဆို တက်ကျွမ်းနားလည်တဲ့သူတွေ ကန့်ကွက်ကျပါ မဖြစ်သင့်တဲ့ကိစ္စပါ ဘာသာရေးနဲ့ပတ်သက်နေပါတယ် ဝိုင်းဝန်းကူညီပေးကျပါ ။။

    • အတိသဌ္ဇနာဂရ

      August 5, 2012 at 8:08 pm

      အပေါ်မှာ ကိုပေတို ့ကိုရွာစားကျော်တို ့အရီးတို ့ပြောထားကြသလို ဒေါသမပါဘဲ
      ကန် ့ကွက်ကြပါစို ့ဗျာ။ဒါကို လူသားအားလုံးအကျိုးသင့်အကြောင်းသင့်တွေးရင်
      မလုပ်သင့်တဲ့ လုပ်ရက်မှန်းသိကြပါတယ်ဗျာ။

  • etone

    August 5, 2012 at 6:46 pm

    အဲ့ဒီပုံတွေနဲ့ ထုတ်တာ … ဗုဒ္ဓဘာသာ နိုင်ငံမှာဆို …တရံမှရောင်းထွက်မယ်မထင်ဘူး … ဟိဟိ

    • nigimi77

      August 7, 2012 at 12:12 am

      ကျုပ်ဝယ်မယ်ဗျာ

      ခရက်ဒစ် ကဒ် ရှိသူတွေ မှာပေး

      မြန်မာငွေနဲ ့ ပြန်ပေးမယ်

      :mrgreen:

  • ဝေးလွင့်တိမ်

    August 5, 2012 at 8:38 pm

    အင်း ပုံတော်ကို ဂုဏ်တော်ပြုပြီး ကျွန်တော်တို့က ကိုးကွယ်နေတာပါ တစ်ကယ်လို့များ အဲဒီလိုဖိနပ် ကျွန်တော့လက်ထဲ ရောက်လာမယ်ဆိုရင် ကျွန်တော်ကတော့ အိမ်ဦခန်းတင်ပြီး ကန်တော့မှာပဲ သတင်းစာက ဆင်းတုတော်ပုံကိုတောင်မှ နိမ့်ကျတဲ့နေရာမျိုးမှာမထားပါဘူး ။

  • YE YINT HLAING

    August 5, 2012 at 9:11 pm

    လူယဉ်ကျေးကြီးတွေ လုပ်ထားတဲ့ ဟာဆိုတော့ သိပ်မကန့်ကွက်ကြပါနဲ့ဗျာ ! ကိုယ့်အတွေး အခေါ်နဲ့ လွတ်လပ်မှုလောက်ကိုးကွယ်နေကြတဲ့ ဘာသာမဲ့ကြီးတွေမို့ ခွင့်လွတ်ပေးလိုက်ကြပါ ။ အေဘေးတွေ !

  • maungmoenyo

    August 6, 2012 at 7:45 am

    Gautama Buddha ဆိုတဲ့ ဝေါဟာရက ပြည့်စုံကုံလုံတဲ့ အခေါ်အခေါ်အဝေါ်ဝေါဟာရဖြစ်ပါတယ်။ ဂေါတမက ရုပ်ထု၊ပုံသဏ္ဍာန်ကိုကိုးကွယ်ခြင်းကို ပြင်းထန်စွာပညတ်ခဲ့တယ်ဆိုတာဘဲ ကြားဘူး၊ မှတ်ဘူးလေ့လာဘူးပါတယ်။ ဂေါတမ ရဲ့ရုပ်ပုံလွှာကို ဖိနပ် (သို့) အခြားပစ္စည်းတွေမှာ အရုပ် (သို့) ရုပ်တုအဖြစ် သရုပ်ဖေါ်ရေးဆွဲရောင်းချ စီးပွားရှာကြတာက မကြေနပ်နိုင်စရာကိစ္စလို့ ရုတ်တရက်ယူဆနိုင်စရာဖြစ်ပေမဲ့၊ ဂေါတမ က ဒီကိုးကွယ်ဆီးကပ်မှုမျိုးကို အသိမှတ်ပြုခဲ့ခြင်းအလျင်းမရှိခဲ့လို့၊ အာဂါတတွေ ၊ဒေါသတွေ ဘေးချိတ်ကြဘို့လိုပါတယ်။

    • San Hla Gyi

      August 6, 2012 at 7:15 pm

      အဲဒါဆို ခင်ဗျား ဘာသာသာ ကိုးကွယ်ပါသလဲဗျာ။ ခင်ဗျားကိုးကွယ်တဲ့ ဘာသာခေါင်းဆောင် ဒါမှမဟုတ် ခင်ဗျားရိုသေတဲ့ ခင်ဗျားမိဘပုံကို ခင်ဗျားရှေ့မှာ ကျနော်က ခြေထောက်နဲ့ နင်းရင်ကော။ သဘောထားကြီးသလိုလိုနဲ့ မလိမ်ပါနဲ့ဗျာ။

  • kai

    August 6, 2012 at 4:22 pm

    အောက်က ပို့စ်မှာ.. ကျုပ်ကော်မန့်ပေးပြောခဲ့တဲ့.. စာပါတယ်..။
    ဒီကော်မန့်စာကိုဖတ်ရင်.. ရည်ရွယ်ရေးတဲ့..ဆိုင်ရာပို့စ်ကိုလည်း.. သေသေချာချာဖတ်ကြည့်ကြစေလိုပါတယ်..
    တပိုဒ်ကလေး..ဖြတ်ညှပ်ထားတာ.. ကွက်မဖတ်ကြစေလိုပါကြောင်း.. :mrgreen:

    http://myanmargazette.net/126056/uncategorized-other/copypaste

    kai says:

    အောင်ခြင်း၈ပါးတဲ့..
    ဂေါတမဗုဒ္ဓများ.. တခါမှသီးခံ..သီးခံဆိုပြီး.. အရှုံးမပေးခဲ့ဘူး..
    နိုင်အောင်ကို… လုပ်တယ်..

    ဆိုတော့…
    “အောင်ခြင်း”ပေါ့..

    မြန်မာများ.. သီးမခံပါနဲ့..
    ..အောင်ကြစေသတည်း..။

    ==
    ဒီပို့စ်ရဲ့မူရင်းဆွေးနွေးလိုတာနဲ့တော့ မဆိုင်ပါ..။ကြားဖြတ်ဝင်ပြောလိုက်ရတာ.. ပို့စ်ရှင်(အတိသဌ္ဇနာဂရ)ကိုတောင်းပန်ကြောင်း.. :mrgreen:
    =
    ဆိုတော့…
    ဖိနပ်မှာ.. ဂေါတမဗုဒ္ဓပုံတော်ပုံနှိပ်ထားတာ.. သီးမခံပါနဲ့..။ ကယ်လီဖိုးနီးယားမှာ.. မြန်မာဘုန်းကြီးတွေရှိပါတယ်..။
    တပါးတည်း.. အဲဒီကုမ်ပဏီရှေ့.. ဆန္ဒပြကန့်ကွက်တဲ့အနေနဲ့.. တနာရီပဲသွားထိုင်.. ဆန္ဒပြပါ…
    အကျိုးသက်ရောက်မှု တခုရှိမယ်လို့.. အာမခံကြောင်း..
    ဆန္ဒပြရမဲ့.. နေရာ..လိပ်စာပါထည့်ပေးလိုက်ကြောင်း..။ ဆန္ဒပြဖို့.. ရဲဆီမှာ.. ကြိုလျှောက်တာတွေလုပ်ပေးရမယ်ဆိုရင်..တတ်နိုင်သလောက် ကူညီပေးမယ်ဖြစ်ကြောင်း..
    မြန်မာပြည်ကကြွလာတဲ့ ဘုန်းကြီးတွေသီတင်းသုံးလေ့ရှိတဲ့..မြန်မာကျောင်းရှိတဲ့.. Riverside နဲ့..သိပ်မဝေးကြောင်း…

    Icon Shoes llc
    77583 El Duna Ct. Ste. F
    Palm Desert, California 92211
    United States

    • San Hla Gyi

      August 6, 2012 at 7:14 pm

      ပညာရှင်ကြီးခင်ဗျာ
      ဆိုင်ရာပို့စ်ကို ဖတ်စရာတောင် မလိုပါဘူး ခင်ဗျာ။ စကားမလွှဲပါနဲ့။ အဲဒီ တကြောင်းတည်းရဲ့ အဓိပ္ပါယ်ကပဲ ထပ်ပြီးရှင်းပြစရာ မလိုအောင် လုံလောက်တဲ့ ပုတ်ခတ်မှု ဖြစ်ပါတယ်။ လိုအပ်လာရင် ထပ်ပြီး ကျနော်ကိုယ်တိုင် ဖွင့်ဆိုရှင်းပြမှု လုပ်ပေးပါမယ်။ ဖတ်ကြည့်သူက တကြောင်းတည်းနဲ့ကို အတွင်းစိတ်ကို နားလည်နိုင်တဲ့ စာသားလေးပါ။ ပြောချင်တာကတော့ ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ ဘုရားရှင်ဟာ သီးခံဖို့ဟောပြီး ကိုယ်ကိုယ်တိုင်ကျတော့ အနိုင်ယူတယ်လို့ကို ဆရာကြီးလေသံနဲ့ ပြောလိုက်တာပါ။ အဲဒါကတော့ သိပ်ရှင်းပါတယ်။
      အခုလို ကန့်ကွက်ချင်သူတွေကို ကူညီမယ်ဆိုလို့ သာဓု သာဓုပါဗျာ။ နှစ်ခါပဲ ခေါ်ပါအုံးမယ်။ နောက်တကြိမ်ခေါ်ဖို့ ချန်ထားတာပါ။

  • San Hla Gyi

    August 6, 2012 at 9:38 pm

    အမယ် တယ်ဟုတ်ပါလား အမှန်အတိုင်း ပြောထားတာလေးတွေ ကျတော့နီနေလိုက်တာ။ ဒီလိုဆိုလဲ ရှေ့ဆက်ပြီး ဆိုးဆိုးဆတ်ဆတ်ခါပြီး ဘိုးသိုးဘပ်သပ်နာအောင် ပြောရအုံးမှာပေါ့လေ ဟဲ ဟဲ။

  • nigimi77

    August 7, 2012 at 12:23 am

    ကျုပ်တို ့များ မူးမှ ပေါ်တာ

    ဒီလူတွေများ မကြီးမငယ်နဲ ့ မမူးပဲ ပေါ်နေတယ်

    တော်တော် အစွန်းရောက်တဲ့ လူတွေပဲ

    ရော့…ရော့…ဗုံးတွေ

    ကိုယ်မှာ ပတ်ပြီး အိမ်မှာ ခွဲကြဗျာ

    :mrgreen:

  • kai

    August 7, 2012 at 1:36 am

    ကြာလှပြီ..
    အလာအရှင်မြတ်နာမယ်ကို.. နိုက်ကီဝေါ့ခင်းရှုး(ဖိနပ်)မှာ တံဆိပ်ပုံစံနဲ့ထည့်လို့.. ပြသနာဖြစ်ခဲ့ဖူးတယ်..။ ကန့်ကွက်သူတွေ နိုင်ခဲ့ပါတယ်..။

    victoria secret က..သူတို့အတွင်းခံပစ္စည်းတွေမှာ.. ဗုဒ္ဓပုံတော်ထည့်ရိုက်လို့.. ထိုင်းကဦးဆောင်ပြီးကန့်ကွက်ဖူးတယ်..။ အဲဒါလည်း.. ဗုဒ္ဓဘာသာဝင်တွေနိုင်ပါတယ်..။ victoria secret က.. သူတို့ ကက်တလောက်နဲ့.. ပစ္စည်းတွေ.. အကုန်ပြန်သိမ်းခဲ့တယ်မှတ်မိတယ်..
    ဆိုတော့..
    (တကယ်)တကယ်လုပ်ရင်. အဟုတ်ဖြစ်ကြောင်း…

    Nike and Islamic group end logo logjam
    NIHAD AWAD
    November 21, 1998

    Nike and the Council on AmericanIslamic Relations completed an agreement last week, officially resolving a problem that began in April 1997 when CAIR objected to a shoe with a design on the heel similar to the Arabic word for God or Allah.

    As part of the final agreement, Nike is building three playgrounds for Islamic communities in the United States, said Roy Agostino, communications manager for Nike. CAIR will decide where the playgrounds will be, Agostino said.

    The first playground will be at Dar AlHijrah Islamic Center, Falls Church, Virginia, where representatives from Nike and CAIR held a groundbreaking ceremony Saturday. Children from the centers school drew pictures of what they would like in their new playground. Nike distributed balloons and Tshirts.

    In June last year, Nike apologized to Muslims for any unintentional offense, agreed to recall all products carrying the design, introduced training for Nike designers in Islamic imagery and agreed to investigate how the design came about.

    After the recall, other issues remained, such as the shoes appearancein some markets outside the United States.

    I think this agreement we signed with Nike a few days ago puts this whole issue to an end. And we hope that Nike will be now aware of the sensitive market that they have and the global issue that pertains with the shoes, said Nihad Awad, executive director of CAIR.

    External sites are notendorsed by CNN Interactive.

    Audit reveals problems at Vietnam Nike factory November 8, 1997

    NikeCouncil on AmericanIslamic RelationsNike new alert
    =
    http://masudblog.com/?p=335
    =
    http://articles.cnn.com/1998-11-21/us/9811_21_nike.islamic_1_nihad-awad-playgrounds-cair?_s=PM:US
    =
    http://www.asiantribune.com/news/2004/04/24/victorias-secret-deny-images-are-buddha-concerted-global-protest-continues

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 8:14 am

    ဒီပို ့စ်မှာ ကိုစံလှကြီး၊သူကြီးတို ့အရီးတို ့ကိုပုတို ့ဆွေးနွေးကြတာတွေ ဖတ်ရ၊မှတ် ရတာ ရှားပါး အခွင့်အရေးပါဗျာ။
    နို ့ပေမယ့်သိ နောက်ကလိုက်ပြီး မှတ်ချက်လဲမပေး၊ဝင်မဆွေးနွေးဘဲ အနီတွေ ပေးနေတော့ သူကြီးရေ ဒီစနစ်ကို
    နာမည်ပေါ်အောင် စဉ်းစားပေးသင့်ပါပြီ။

  • San Hla Gyi

    August 7, 2012 at 7:10 pm

    ကိုသန်းထွဋ်ဦးရေ
    ခင်ဗျား အနီတွေမြင်တာတော့ ထုံးစံပါပဲဗျာ။ ခက်တယ်ဗျ။ တခါတလေ တော့လည်း ကောင်းတဲ့စနစ် ဥပမာ Hits တွေပေါ်တာမျိုးကျတော့ ပျက်သွားပြီး ဒီလိုဟာမျိုးကျ တည်နေတတ်တယ်ဗျ။ ကျနော် သိသလောက်တော့ Log out လုပ်ပြီး စိတ်ရှည်လက်ရှည်နဲ့ လူတယောက်က ခဏခဏဝင်ပြီး နီတာတွေ စိမ်းတာတွေ လုပ်လို့ရတယ် ထင်ပါတယ်။ ကျနော် သိချင်လို့ တခါစမ်းကြည့်ဖူးတယ်။
    ကျနော့် ကွန်မန့်တွေ ပို့စ်တွေတော့ ပိုနီတာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်က ဗေထိဆိုတာနဲ့ ဦးဆောင်ဆိုတဲ့ လူတွေကို ဆော်ပြီး ဝင်တာကိုးဗျ။ ဒါပေမယ့် အဲဒါကလဲ အခြေအနေအရ လုပ်လို့ မရဘူးဗျ။ ဒါကြောင့် ကျနော်တမင်ကို ခပ်မိုက်မိုက်နဲ့ မရှင်းတာရှိရင် ဆွေးနွေးနိုင်တယ်လို့ တခါတလေပြောတာက အဲဒီလို လူတွေကို စိန်ခေါ်တာပါ။ ကျနော်ရဲ့ မိတ်ဆွေတွေကို မဟုတ်ပါဘူး။ ဒါသေချာပါတယ်။ ကျနော်ကလည်း သိပါတယ်။ သူတို့ အပြင်ကသာ နည်းနည်းပါးပါး စောင်းပြောမယ်။ တကယ် မလာရဲပါဘူး။
    အဲဒါကြောင့် သူတို့ကို လက်ခမောင်း ခတ်ပြတာပါ။ မိတ်ဆွေတွေက နားလည်ပါလိမ့်မယ်။ နောက်ပြီး ကျနော် အခုပြောတာတွေဟာ ကျနော်ကိုယ်တိုင် တကယ်ယုံကြည်သလို တကယ်လဲ အဖြစ်မှန်တွေပါ။

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 9:17 pm

    ကိုစံလှကြီးပြောတာဆိုတာလေးတွေကို တွေ ့နေ၊မြင်နေရပါတယ်ဗျာ။နားလည်ပါ၏။
    အကိုပြောသလိုပါဘဲ HItsပျောက်သွားတာကိုမပြောလိုပေမယ့် တစ်ယောက်ထဲအ
    ကောင့်(၃၀)လောက်ပိုင်နေတာ ရှိနေပြီဗျ။ဒီလူကြည့်ရတာ စာမရေးတတ်ဘူးထင်ပါတယ်
    ဗျာ။သနားပါတယ်။

  • uncle gyi

    August 10, 2012 at 10:57 pm

    အလာအမှတ်အသားကိုလုပ်ရင်အခုအချို့ပြောသလိုဘာမှမဖြစ်သလိုနေကြမယ်ထင်ပါသလား
    ယေရှုအမှတ်အသားကိုကောသူတို့ဆီမှာအခုလိုလုပ်ဖူးပါသလားသိချင်ပါတယ်သူကြီး

    • အရီးခင်လတ်

      August 11, 2012 at 6:04 am

      Adidas က ထုတ်ဘူးတယ်။ ဟုတ်မဟုတ် တော့ မသိဘူး။
      http://www.churchnewssite.com/portal/?p=2126
      ဒီရက် တွေမှာလဲ Adidas က ကျွန်တွေ ခြေထောက်ကို ခတ်တဲ့ သံကြိုးပုံ စကိတ် shoe ထုတ်လို့ တဲ့။
      အပြောခံ နေရပြန်ပြီ။

Leave a Reply