baydar maungApril 28, 20141min22816
မြန်မာ ကုမ္ပဏီတစ်ခုပါ – မိသားစုပုံစံနဲ ့နေကြတာလို ့ပြောပြီး စည်းကမ်းသတ်မှတ်ချက် ဘာမှမရှိပဲ အလွတ်နေကြတာ(၂) နှစ်ကြာပြီတဲ့ ။ ရုံးကို လာချင်တဲ့အချိန်လာပြီး ပြန်ချင်တဲ့အချိန်ပြန်ကြတယ် ခွင့်ကို ယူချင်သလို ယူကြပြီး – ရုံးပိုက်ဆံကို သုံးချင်သလို သုံးကြတယ်။ ၂၀၁၄ မှာ – ဂျပန်တွေနဲ ့ဖက်စပ်လုပ်ကိုင်တော့မှာမို ့စည်းကမ်းနဲ ့နေတယ်လို ့ပြလို ့ရအောင် Admin မန်နေဂျာတစ်ယောက် ခေါ်ခန် ့တယ်။ တကယ်တန်းကျတော့ မန်နေဂျာက သတ်မှတ်ပေးတဲ ့Admin စည်းကမ်းတွေအတိုင်း မလုပ်နိုင်ဘူးတဲ့။ အချုုပ်အချယ်တွေတဲ့ ။ အရင်လိုပဲ လွတ်လွတ်လပ်လပ်နေကြမယ်တဲ့။ အော်ပရေးရှင်း ဒါရိုက်တာ ဆိုတဲ့သူက စပြီး စည်းကို ရိုက်ချိုးတယ်။ မိန်းကလေးတွေကို ပစားပေးပြီး စည်းရုံးတယ်။ ဒါရိုက်တာ (၅) […]


ဒါက ဒီလိုရှိပါတယ် ခင်ည ……။ ဒီ မတ်လကုန်ပေါ့ ဧပြီလဆန်း (၁)မှ (၅)ရက်ကြား တနေ့နေ့ပေါ့ဗျာ။ မန်းဂဇက်က ရွာသူ/သားတွေ စုပေါင်းပီး ဟင်းချက်ပွဲ လုပ်မလားလို့ စဉ်းစားမိပါတယ်။ ဆိုတော့ကာ …….. ဟောင်ကောင်က ဇနီးမောင်နှံ(ကျော့်ကို ဖေ့ဘွတ်မှာ အစားနဲ့ ဒုက္ခပေးတဲ့ ၂ယောက်) လည်းပြန်ရောက်မှာမို့ လူစုံမယ် ထင်သဗျာ။ နောက်ပီးတော့ ………. အန်တီမမ ဦးမိုက်(မဒမ်မိုက်) အစ်မသဲနူအေး ကိုဆွေ အစ်မအိ မဝေ ကိုကမ်းဝေး မမဆွိ(အဝေးရောက်) ကျနော် တက်တူးဆြာမင်းသုဝေ(သူ့ယောက်ဖက စားဖိုမှူး) တို့လည်း အားမယ်ထင်တော့ အားဖြည့်စေချင်တယ်။ Location and Plan နေရာကိုတော့ ကျနော့် မှော်ဘီခြံ/ သူငယ်ချင်းရဲ့ ရမိုင်ခြံ/ ဒါမှ မဟုတ် တနေရာရာပေါ့ဗျာ။ ချက်ဖို့ပြုတ်ဖို့ […]


ဇီဇီMarch 5, 201414min34743
  ကတောက်! တဂျီးက ပို့(စ) တင်ခ ၂ ဆပေးမယ်ဆိုကတည်းက အလုပ်ကလည်းများ……. ဘာအကြောင်းကို ဘာရေးရမှန်းကို မသိတော့တာ။ သူများတွေ ကြုံးဝါးတာမြင်တော့ သများလည်း ရေးချင်တာပေါ့နော့။   :mrgreenn:   အဲတော့ သများ ခု ကြုံနေရတဲ့ အမှုအကြောင်းပဲ ရေးပါ့မယ်။   သများ ခု ဘာဖြစ်နေတုန်း ဆိုတော့ အမှုဖြစ်နေတယ်လေ။  :mrgreenn: မင်းသားကြီးပေါ့။ မြင်းမိုရ်တောင် ဆီးစေ့နဲ့ပေါက်ချင်တာ အဲဒီ ဆီးစေ့က သများဖြစ်နေတာခက်ပါတယ်ဆို။   ဒီလိုဒီလို ဇာတ်လမ်းက။ ခု စလုံးက အကြီးဆုံး ရှော့ပင်းစင်တာကို အေအန်အေ (A&A) လုပ်ကြတယ်။ အဲဒီ အေအန်အေ ဆိုတာ (Addition & Alteration) ပြင်မယ်၊ ထပ်ဖြည့်မယ်ပေါ့။ တခြား […]


johnnydeerFebruary 6, 20141min25116
မြို့ကလူတစ်ယောက် တောသွားလည်တယ်ဆိုတာ…. စိမ်းမြမြ လယ်ကွင်းပြင်ကြီးကို ကြည့်ချင်လို့…. လယ်ကွင်းအလယ်က လယ်စောင့်တဲလေးမှာ အိပ်ရင်း အေးချမ်းဆိပ်ငြိမ်မှုအရသာကို ခံစားချင်လို့…. လယ်ကွင်းထဲ ဖြတ်တိုက်ခတ်လာတဲ့ လေနုအေး နွဲ့နွဲ့နော့နော့လေးကို တဝကြီး ရှုရှိုက်ချင်လို့… တော့ဓလေ့ တောအစာလေးတွေကို မြည်းစမ်းကြည့်ချင်လို့… တော့ဓလေ့ လယ်ကန်သင်းရိုးတလျှောက် ပုဇွန်လုံးနှိုက် ဖားရိုက် ငါးရှာ ပျော်စရာ ဗဟုသုတလေးတွေရချင်လို့… တဂျောင်းဂျောင်းနဲ့ ဟိုယိမ်း ဒီယိမ်း လှည်းကြမ်းလေး စီးချင်လို့… တောသဘာဝ တောအလှု တောဓလေ့ ပျော်ရွှင်မှုတွေ စီးမျောခံစားချင်လို့…. ဒီလို အချက်တွေကြောင့် တောကို အလည်သွားကြတာပါ…. ဒါကို တောကလူတွေက မြို့သားတွေ လာလည်တာပဲဆိုပြီး မရှိရှိတာ ရှာကြံပြီး ကိတ်မုန့် ခပ်ညံ့ညံ့တွေ မရမက ဇွတ်ဝယ်ကျွေး..ချိုရဲရဲ ရေခဲမုန့် တွေ ဇွတ်ကျွေး…ကားအစုတ်ကြီးတွေနဲ့လိုက်ပို့…ဒီလိုဧည့်ခံလို့ကတော့ မြိုကကလူကလဲ စိတ်ညစ်…တောကလူတွေအတွက်လဲ […]


kaiFebruary 4, 20142min27531
Meet the Intelligence Community Online The United States Intelligence Community (IC), an integrated network of agencies that work together to protect our nation’s security, is seeking a culturally diverse, technologically savvy and skilled workforce for exciting careers in a number of fields. Join us at the IC Virtual Career Fair to explore career opportunities, chat […]


Mr. MarGaFebruary 4, 20141min68939
ဒီတစ်ပတ် အားချိန်တုန်းကပေါ့ဗျာ မောင်မာဃ ပြည်သူ့ခေတ်က  ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးဝိုင်းကိုဖတ်ပြီး နိုင်ငံသား နဲ့ တိုင်းရင်းသား ကို ပြန်သတိပြုမိသွားတယ်။ အဲ့မှာတင် သမ္မတ ဖြစ်ခွင့်ကို နိုင်ငံသားကိုပေးသင့်လား တိုင်းရင်းသားကိုပေးသင့်လား တွေးမိလိုက်တာ မဆုံးတော့ဘူး……………… နိုင်ငံသား နဲ့ တိုင်းရင်းသား ကို ဘယ်လိုစတွေးမိလဲ ဆိုတော့ နိုင်ငံသား ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာနေထိုင်သူ၊ နိုင်ငံသားဖြစ်ခွင့် တောင်းခံလာသူ၊ စည်းမျဉ်းစည်းကမ်း အရ နိုင်ငံသားဟု သတ်မှတ်ခံရသူ လို့ ကောက်ချက်ချတယ်။ အဲ…တိုင်းရင်းသား ကိုကျတော့ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ မူလနေထိုင်သူ၊ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့ကြသော မျိုးနွယ်စုများ လို့ ကောက်ချက်ချတယ်။ တိုင်းရင်းသား ဆိုတဲ့အထဲမှာ နိုင်ငံသားပြုခွင့်ရသူတွေ၊ ဧည့်နိုင်ငံသားတွေ မပါဘူးပေါ့။ အဲလိုကောက်ချက်ချပြီးသကာလ နားလည်လက်ခံလိုက်တာကတော့ နိုင်ငံသားဖြစ်ခွင့်ကို လျှောက်ထားလာသူ မည်သူ့ကိုမဆို ပေးနိုင်တယ် ပေးလို့ရတယ်။ ဒါပေမင့် တိုင်းရင်းသားတော့ ဖြစ်မလာနိုင်ဘူး ဆိုတာကိုပေါ့။ ဆက်ပြောရရင် နိုင်ငံတစ်ခု တိုးတက်ဖို့ ဖွံ့ဖြိုးဖို့အတွက် […]


စဆရ ႀကီးFebruary 2, 20141min25821
နေ့တစ်နေ့တာသည် နေဝင်ခြင်းဖြင့် အစပြုလေ၏။ သို့ဆိုလျင် လူအများမှတ်ယူထားသည်နှင့်များ ဆန့်ကျင်နေလေမလားရယ်မသိ။ တစ်ကယ့်တစ်ကယ်တော့ ကိုရင်စိုင်းတစ်ယောက် နေ့တစ်နေ့ကို နေဝင်ချိန်မှ အစပြုရခြင်းဖြစ်သည်။ နေဝင်ပြီဆိုသည်နှင့် ယခုနေရပ်မှ အာရပ်လူမျိုးများအပါအဝင် နေထိုင်ကြသူ လူမျိုးပေါင်းစုံမှာ ဇွန်ဘီများလို Chicken Chicken Chicken ဟုအော်ကာ ထွက်လာကြလေ၏။ တစ်ချို့များမှာတော့ မော်ရိုကို ကြက်၊ ဖိလစ်ပိုင် ကြက်၊ တရုတ် ကြက်၊ ရုရှား ကြက်၊ အာဖရိက ကြက် အစရှိသည်တို့ကို လိုက်ရှာကြသော်လည်း ကိုရင်စိုင်းတို့ထံသို့မူ စားစရာကြက်များဝယ်ရန်သာ လာကြခြင်းဖြစ်၏။ တစ်ခါတစ်ရံများတော့ တွေးမိပြန်သေးသည်။ ကြက်တစ်ကောင်လုံး လွှင့်ပြစ်ရတယ်ကိုမရှိပေ။ ကြက်ကို အရင်းပြုပြီး အသားများသောနေရာများကို ကြက်သားလုပ်ရောင်း၊ မလိုအပ်တော့သည့် ကြက်မွှေးများကို ကြက်တောင်လုပ်ရောင်း၊ အတွင်းကလီစာများကို တရိစ္ဆာန်စာလုပ်ရောင်း (မြန်မာတွေစားတာတော့ ချွင်းချက်ပေ။)၊ ကြက်သားမှတစ်ဆင့် ဆင့်ပွားပြီး […]


ムラカミJanuary 21, 20146min22523
ကျွန်းတောလမ်း နဲ့ နာနတ်တောလမ်း ထောင့် က ASAGIRI အစဂိရိ (ဒဿဂီရိ နှင့် အမျိုးမတော်ပါ) (တော်ကြာ အစားဂီရိ ဆိုပီး ခေါင်းဆယ်လုံးနဲ့ စားတဲ့ ဆိုင် မှတ်နေမစိုးလို့ …ငိငိ) ဆိုတဲ့ Japanese & European Food ရောင်းတဲ့ ဆိုင်ကလေး အတွက် ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေပါ ကျနော့်အတွက် ပထမဆုံးသော Tabletop Session ဖြစ်သလို အကူအညီပေးခဲ့တဲ့ … ဘော်ဒါဘော်ဂျွတ် ဒတ်သေဆြာ သူတော် ကိုလည်း အထူးကျေးဇူးတင်မိပါကြောင်း…     Ramen (ခေါက်ဆွဲပြုတ်များ)             European Foods များ       […]


kaiJanuary 21, 20141min1485
January 21, 2014 at 2:18am “ဖြစ်စဉ်” နှင့် ပြက္ခဒိန်နှစ်များ စာရေးသူက မြန်မာ့နိုင်ငံရေးကို ပြက္ခဒိန်နှစ်များနှင့် မကြည့်။ “ဖြစ်စဉ်” အနေနှင့် မြင်သည်။ ယနေ့ မျက်မှောက်ပြုနေရသော ဒီမိုကရေစီ အပြောင်းအလဲကိုပဲကြည့်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးမှ စတင်ခဲ့သော ယနေ့ထက်တိုင် အဖြေမတွေ့တတ်သေးသော ရှေ့ဆက်လုံးပန်း အားထုတ်ကြရဦးမည်ဖြစ်သော ခရီးရှည် ခရီးကြမ်းကြီး အဖြစ်သာ သဘောယူသည်။ ပြောရလျှင် ယခုဖြစ်စဉ်မှာ ဒုတိယအကြိမ် ကြိုးပမ်းမှုဖြစ်သည်။ ပထမအကြိမ် ဒီမိုကရေစီရေးကို လွတ်လပ်ရေးခေတ်ဦး ၁၉၄၈ ခုနှစ်ကပင် စတင်ခဲ့သည်။ သို့တစေ ၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုတွင် ပုဒ်မ ချခံလိုက်ရသည်။ ထို့နောက် အမှောင်ခေတ်ကြီး။ အမှောင်ကန့်လန့် ကာကြီးကို ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ဆွဲတင် ဖယ်ရှားလိုက်ရာမှ […]


Paing LayJanuary 16, 20141min27117
ကျွန်တော် ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အ.ထ.က ၂ ကျောင်းကို ဆရာမဆီ လည်လည်သွားရင် ကျွန်တော့်ညီ ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေမည်ဟု သိရသဖြင့် သွားဖြစ်ခဲ့ပါသည်။   ဖျော်ဖြေမည့် တစ်ခန်းရပ် ပြဇာတ်နာမည်ကား ဆရာကြီး “မင်းသုဝဏ်” ၏ “ဘကြီးအောင် ညာတယ်” စကားပြေကို တင်ဆင်ကပြမည်ဖြစ်သည်။ နောက်ခံပန်းချီကားမရှိ၊ နောက်ခံတီးလုံးမရှိ၊ ဆလိုက်မီး မရှိ။ ရှိတဲ့ ပစ္စည်းများ ဖြင့် ထိထိရောက်ရောက်တင်ဆက်သွားပုံမှာ နှစ်ထောင်းအားရဖွယ်ဖြစ်သည်။   စူး၊ဆောက်၊တူ များကိုကိုင်ပြီး ပါးစပ်တွင် ဆေးတံခဲထားသော လူကြီးတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ပန်းပုရုပ်တစ်ခုကို ထုဆစ်နေသည်။ သူ့အမည်က “ဦးအောင်ချာ(ခ) ဘကြီးအောင်”။ ထိုအချိန်တွင် လွယ်အိတ်လွယ်လျက်ဝင်လာသော လူငယ်လေးတစ်ယောက်။ သူက အဓိကသရုပ်ဆောင် “မောင်ဖိုးချစ်”။ အပြန်အလှန်စကားပြောကြသည်။ “ဘကြီးအောင် မင်္ဂလာပါဗျ။” “မင်္ဂလာပါမြေး၊ […]


Ko out of...January 13, 20141min932
– တရားသည် လူ့အရည်အချင်း၏ မှန်ကန်ချက်ဖြစ်သည်။ လူ့အရည်အချင်းသည် လူ့ဘဝဖြစ်သည်။ ထို့ကြောင့်တရားသည်ဘဝသစ္စာဖြစ်သည်…ဘဝဖြူစင်ရိုးသောကြောင့် တရားသည်အရိယာသစ္စာဖြစ်သည်။ တရားသည်သူ့ကို ကျင့်သောအခါ မှားယွင်းမှုများ၏ လက္ခဏာများကို သင်ခန်းစာယူသည်။ မှားယွင်းမှုများသည် ပျက်စီးခြင်း၊ ဆင်းရဲခြင်း၊ ကိုယ့်ကိုယ်ကို အချုပ်အခြာ မပိုင်ခြင်း လက္ခဏာရှိသည်… – ဦးနှောက်ထဲ ရောက်လာသည့်ပတ်ဝန်းကျင်အာရုံတွေဟာ လူကိုထောက်ပံ့တာတွေလည်းပါတယ်၊ ဖျက်စီးတာတွေလည်ပါတယ်….ထောက်ပံကတာတွေဆိုရင် ဆောင်ဖို့ (စာရိတ္တသီလ)ပေါ့…ဖျက်ဆီးတာတွေဆိုရင် ရှောင်ဖို့ (ဝါရိတ္တသီလ) ကိုဦးနှောက်က တွက်ချက်ရတယ်… – ကိလေသာမဖြစ်တိုင်း ငြိမ်းတာ မဟုတ်ဘူး….ဥပမာ …ပက်လက်အိပ်တတ်သည့်ကလေးတွေဟာ ခိုးတတ်၊လိမ်တတ်ပြီလား? သူတို့မှာ ခိုးချင်လိမ်ချင် တဲ့ကိလေသာတွေ ဖြစ်နေကြလား? မဖြစ်ရင်ငြိမ်း မြိငိမ်းရင်ဖြစ်ပေါ့..အဲဒါဘာဖြစ်တာလည်း? အသိနဲ့ ကိလေသာ မပယ်ရသေးလို့ပေါ့.. – ဝိပါက်ထဲက အာရုံကိုပြန်ဆာလှောင်တာ ကိလေသာဘဲ…သူဟာခံစားခဲ့ဖူးတဲ့ အာရုံကို ပြန်လွမ်းတာဘဲ…တနည်း…သာယာခဲ့တာက ကံ..သာယာခဲ့တာကို ပြန်သတိရတာက ဝိပါက်ပေါ့… […]


ဖေ ဖေ ကြီးJanuary 11, 20141min1102
ရေ သန့် ဘူး ခွံ တစ် ဘူး ( ph7 ဖြစ် သော ၊ သောက် လက် စ လက် ကျန် အ နည်း ငယ် ပါ ထည့် ပေး မည် ) ကြမ်း ခင်း ဈေး သတ် မှတ် ပေး ကြ ပါ ရန် ။ မှတ် ချက် ။ ဦး ရာ လူ ရ မည် ။