Yin Nyine NwayNovember 2, 20111min20511
ဒီနေ့ည ကျွန်တော်အရမ်းပျော်နေတယ်… ကျွန်တော့ မီးပုံပျံ လွတ်ရမဲ့ညလေဗျာ… ကျွန်တော် ဒီမီးပုံးပျံအောင်မြင်ဖို့ 3လလုံးလုံး အပင်ပန်းခံခဲ့ရတာ…ဒီည ထောင်ပေါင်းများစွာသော လူတွေရှေ့မှာ ပြသရတော့မယ် ….. မီးပုံးပျ့ဆိုလို့ ကျွန်တော်လုပ်တဲ့မီးပုံးပျံအပြင် တခြားမီးပုံးပျံတွေအကြောင်း ကျွန်တော်ပြောပြချင်တယ် မီးပုံးပျံက 3မျိုးရှိတယ်ဗျ…(ကျွန်တေ်ာတို့တောင်ကြီးမှာပေါ့ဗျာ)… ပထမတခုက နေ့လွတ် အရုပ်မီးပုံးပျံ …. သူ့ကိုတော့ လူ စိတ်ဝင်စားနည်းတယ်ဗျ …. အမှန်တကယ်တော့ သူက အခက်ဆုံးလို့ပြောရင်ရတယ် အရုပ်ပုံစံ အချိုး အစားချိုးရတယ် … မီးစာထည့်ဖို့ ဘယ်ညာ ညီဖို့ ကျွန်တော် တို့ကြိုးစားရတယ် လေကိုချိန်ရတယ် မှိုင်းကိုချိန်ပြီးမှ လွတ်ရတယ်….10လုံးမှာ 8လုံးတက်ဖို့ မလွယ်ဘူး တက်ပြီးရင်လည်း ပြန်ကျတယ် တဝတ်မှာမီးလောင်တယ် …. 1နာရီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ကြိုးစားထားတဲ့ အရာ မီးလောင်သွားရင် ….. သူ့ကို […]


E.TNovember 1, 20111min18317
ထားဝယ်ရေနက်ဆိပ်ကမ်းကြီး အမှန်တကယ်ဖြစ်ထွန်း တိုးတက်မည် မတိုးတက်မည် တော့မသိ၊ ထားဝယ်မှ မြေဈေးများကတော့ ထိုးတက်သွားပါသည်။ သတင်းကလည်း မြန်မှမြန်…သိတယ်မှတ်လား သတင်းခေတ်ကိုး။ ယခုပဲ နေပြည်တော်မှာ သတင်းထုတ်ပြန်တယ် ထားဝယ်မှာ မြေဈေးတွေက တက်နေပြီ။ သတင်းထုတ်ပြန်အပြီး ရွာသူ၊ ရွာသားများ နေပြည်တော်မှ လေယာဉ်ဖြင့် ထားဝယ် သို ့ မြေကွက်ဝယ်ရန် လိုက်သွားရင်တောင် မှီမည်မထင်။ ဒီကြားထဲ အကြားအမြင်ရ၍ မြေကွက်ကြိုဝယ်ထားသူတွေကလည်း ရှိသေးသည်။ အပြောင်းအလဲမှာ အပေါင်းအသင်းကောင်းသူများကတော့ ပွပေါက်ပေါ့။ ကျွန်တော်တို ့ မြန်မာနိုင်ငံ နေရာအနေအထားက နေရာကောင်းဗျ။ မယုံရင် ကမာ္ဘမြေပုံကိုကြည့်၊ အရှေ့ အလယ်ပိုင်းကြီးမှာ။ သိတယ်မှတ်လား ကမာ္ဘအလယ်က မြန်မာလေ။ ဝမ်းနည်းစရာက ဖွံဖြိုးတိုးတက်ဆဲ နိုင်ငံ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက် […]


kaiOctober 30, 20114min25111
အောက်ကသတင်းကို ဖတ်ကြည့်ပါ..။ ဘာသာပြန်ရင်အရသာပျက်နေမှာမို့.ဒီအတိုင်းပဲ..။ အရင်းအတိုင်းပဲ..နော်.။ တိုတိုလေး.. အနှစ်ထုတ်ပေးလိုက်ရရင်တော့.. အိနိ္ဒယမှာ တနာရီ ၁၅ယောက်နှုန်းနဲ့.. လူတွေကိုယ့်ကိုယ်ကိုယ်.. သတ်သေနေကြပါသတဲ့..။ အစိုးရက.. ထရပ်ကားဝယ်ဖို့..အမတော်ကြေး ဒေါ်လာ ၅၀၀ဝလောက် ထုတ်ချေး..။ ပြန်မဆပ်နိုင်တော့.. ဘေးက ရွာသားတွေက.. ဝိုင်းချွတ်..။ ကာယကံရှင်က.. အရှက်ရပါတယ်ဆိုပြီး.. ကိုယ့်ကိုယ် သတ်သေ.. ဇတ်လမ်းက ဒီလောက်ပါပဲ..။ အိနိ္ဒယပြည်က မနှစ်က လူ ၁၃၅၀၀ဝ သတ်သေတာမို့.. လူ ၁.၂ဘီလီယံရှိတဲ့ အထဲ.. ၅.၉ ရာခိုင်နှုန်း သတ်သေခဲ့တာတဲ့..။ လူတရာလမ်းလျှောက်နေရင်.. တနှစ်မှာ အဲဒီထဲက ၆ယောက်လောက်က.. သတ်သေမဲ့သူတွေနော်..။ သတ်သေကြတဲ့.. နှုန်းမြင့်ပြည်နယ်တွေက.. အိနိ္ဒယတောင်ပိုင်း.. (သက်သတ်လွတ်တွေများတဲ့ ဒေသတွေ) ဖြစ်တဲ့.. southern Indian states of Kerala, Tamil Nadu, […]


kaiOctober 17, 20111min32724
[polldaddy poll=5558047] = ကိုမိုးသီး ဘလော့ဂ်မှာ အောက်ကအတိုင်းဖတ်မိပါတယ်..။ ဝင်မယ်။မဝင်ဘူး ဒေါ်အောင်ဆန်းစုကြည် ကြေညာ တော့မယ်။ အောက်တိုဘာ ၁ရ ရက် နေ ့မှာ ဒါ်အောင်ဆန်းစုကြည် တရားစခန်းက ထွက်လာမှာဖြစ်ပါတယ်။ သူပြန်ထွက်လာရင်  ပါတီမှတ်ပုံတင်မယ်။ မတင်ဘူး။ ရွေးကောက်ပွဲဝင်မယ်။ မဝင်ဘူး ။   Yes or No  အဖြေကို ပြောလိမ့်မယ်လို ့ အားလုံး က မျော်လင့်နေကြကြောင်းသိရပါတယ်။ ဆိုတော့..  တိုင်းပြည်အပြောင်းအလဲအတွက်.. အရေးကြီးနေပြီမို့… နည်းနည်းဖြစ်ဖြစ်.. ဝင် ဆွေးနွေးကြစေချင်တာပါပဲ..။ ဘာအစွဲမှမထား..ဘယ်သူ့လွှမ်းမိုးမှုမှ မယူ.. ကိုယ့် စိတ်ထဲရှိတဲ့အတိုင်း ပြောကြရေးကြစေချင်တာပါ..။ နှလုံးသားထဲက အတိုင်းပေါ့..။ Poll ရလဒ်ကတော့ .. ဒီနေ့ ဒီအချိန်အထိ..အောက်ကအတိုင်းဖြစ်ပါတယ်…။ မှတ်ပုံတင်စေချင်တဲ့ဖက်က… ၃ဆကျော်ကျော်လောက် ပိုပေးထားတာတွေ့ရပါတယ်..။ NLD […]


၄။ သူတစ်ပါးကို ထိခိုက်နစ်နာအောင် လှည့်ဖြားမှု (မုသာဝါဒ) ကို မပြုရခြင်း။ (ပုံစံအားဖြင့် မဟုတ်၊ မမှန်စကား မပြောရခြင်း)  လူတွေ တစ်ဦးပေါ်တစ်ဦး ထိခိုက်နစ်နာအောင် မဟုတ်၊ မမှန်စကားများ ပြောဆိုဆက်ဆံနေကြမည်ဆိုပါက လူအ ချင်းချင်း ယုံကြည်ခြင်းကင်းမဲ့ကာ မငြိမ်းချမ်းမှုများဖြစ်နေရပေမည်။ လူအချင်းချင်း တစ်ဦးကိုတစ်ဦး ယုံကြည်ပြီး ဆက်ဆံနေထိုင်ကြမှသာ ငြိမ်းချမ်းစွာနေထိုင်မှုလို့ ခေါ်ရမှာဖြစ်ပေသည်။ ဒါကြောင့် လူတွေတစ်ဦးကို တစ်ဦး ထိခိုက်နစ်နာလောက်သော မဟုတ်၊ မမှန်စကားများဖြင့် ပြောဆိုဆက်ဆံမှုများ မပြုသင့်ပေ။ ဒါပေမယ့် ဒီနေရာမှာ စကား (အပြော)တင်လားဆိုတော့ – – – – မပြည့်စုံသေးပါ။ လူသားတွေ အချင်းချင်း ဆက်သွယ်ကြတဲ့အခါမှာ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်(ပုံဟန်) ဒီသုံးမျိုးဖြင့် ဆက်ဆံကြရပါတယ်။          ဒီသုံးမျိုးကို ဆိုင်ရာကိစ္စတွေမှာ […]


kaiOctober 10, 20111min1086
ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နိုင်ငံတိုင်းမှာ စစ်ရေးနည်းနဲ့ပဲဖြစ်ဖြစ်၊ တော်လှန်ရေးနည်းလမ်းနဲ့ပဲဖြစ်ြ ဖစ်၊ ပြည်ပကူညီဝင်ရောက် ဖြေရှင်းပေးမှုကြောင့်ပဲဖြစ်ြဖစ်၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာမှု ကြောင့်ပဲဖြစ်ဖြစ် ပဋိပက္ခတွေ ပြေလည်ပြီးတဲ့အခါ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးကို ပြုလုပ်ရပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ နိုင်ငံတော်တွင်းမှာမှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံးရဲ့ လုံခြုံရေး၊ တရားဥပေဒေစိုးမိုးရေး၊ တန်းတူညီမျှ အခွင့်အရေး ရရှိရေး၊ လူနေမှုဘဝ တိုးတက်သာယာရေး စတာတွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာြဖစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လူဦးရေရဲ့ တဝက်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများအရေးကိုလဲ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတော်ပြုပြင်တည်ဆောက်ရေးမှာ အမျိုးသမီးများအရေးကို ဆောင်ရွက်ကြတဲ့အခါ ကဏ္ဍသုံးမျိုးကို ဦးစားပေးတည်ဆောက်ဖို့ လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားကြပါတယ်။ ပထမကဏ္ဍကတော့ အမျိုးသမီးများနဲ့ အမျိုးသားများအကြားက တန်းတူညီမျှမှုမရှိတဲ့ အခွင့်အရေးတွေ၊ ပညာရေးနဲ့ အရင်းအမြစ်တွေ၊ အာဏာခွဲဝေမှုပုံစံတွေကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတော် တည်ဆောက်ရေးမှာ […]


BurmaOctober 4, 20111min23016
ဟိုးးးတစ်နေ့ လောက်က .. Kabaaye မဟာစည်ကို သွားရင်းနဲ့ အဲ့ဒိနားမှာ လူတစ်ယောက် Battery စွမ်းအားသုံး လျှပ်စစ်ကားလေးကိုပြင်နေတာ တွေ့လို့ အဲ့လူကို သွားမေးကြည့်မိတယ်။ လျှပ်စစ်ကားကို ဘယ်ကထုတ်တာလဲဆိုတော့ “မြန်မာပြည်က နာမည်ကြီး လျှပ်စစ်ကားတွေထုတ်နေတဲ့ (နာမည်မပြောတော့ပါဘူး)  ကထုတ်တယ် ၊  ” လို့ပြောပါတယ်။ “ကျွန်တော်တို့ Company က” လို့ပြောပါသေးတယ်။ အဲဒါနဲ့ ” Motor ကို ဘယ်က ထုတ်တာလဲ ” လို့မေးတော့ “Made In China” လို့ပြောပါတယ်။ နောက်တစ်ခုထပ်မေးလိုက်ပါတယ် “Axle (ဝန်ရိုး) ကော ဘယ်က ထုတ်တာလဲ” လို့ မေးတော့ “Made In China” လို့ ထပ်ပြောပါတယ်။ “Speed Control” […]


မောင်ဆန်းSeptember 29, 20111min42333
ဒီတပတ် ပိတ်ရက်က ရည်ရွယ်မထားပဲ ဂျန်းရှင်းမော်တင် ကို ရောက်သွားပါတယ် အိမ်နဲ့ဝေးလို့ ရောက်ခဲပါတယ် ဒီတစ်ခါရောက်တာ ( ၃ ) ကြိမ်မြောက်ပါ ပထမနှစ်ကြိမ် က ဂျန်းရှင်းမော်တင် ကို သွားမယ်ဆိုပြီး ရည်ရွယ်သွားကြတာ ရုပ်ရှင်ကြည့်မယ်ဆိုတဲ့ စိတ်ကူးလဲပါတယ် လူပျိုဘဝက ခဏခဏ ကြည့်ဖြစ်ပေမဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မလှည့်နိုင်တာကြာပြီ အသစ်ဖွင့်တဲ့ ဈေးဝယ်စင်တာ သွားရင်း မီနီသီရေတာ ဆိုတာတွေရဲ့ အရသာလေးစမ်းကြည့်မယ်ပေါ့ ပထမအကြိမ်က “မိုးညအိပ်မက်မြူ” ဒုတိယက သက်မွန်မြင့်ပါတဲ့ “ အာဒမ် ဧဝ ဒသ ” ကား နှစ်ခါလုံး မကြည့်ဖြစ်လိုက်ဘူး အခုတစ်ခါကျတော့ သွားတာက တစ်နေရာ နီးနေတာနဲ့ တစ်ခါထဲ ဂျန်းရှင်းမော်တင် ကို ဝင်ဖြစ်သွားတယ် ဒီတစ်ခါတော့ ရည်ရွယ်မထားပဲ ရုပ်ရှင် […]


Foreign ResidentSeptember 28, 20119min732116
“ မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ  Who made it ??? ”   Recently, I saw a lot of arguments in the “ မြန်မာပြည်ထဲမှာပဲ တရုတ်တွေက မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ ” Even, I don’t expected much from the average villagers, But, some comments & ideas are ridiculous & senseless.   First of all, I would like to declare I am a Chinese […]


ဆူးSeptember 21, 20111min26613
တနေ့က အသိတယောက် ဧရာဝတီတိုင်းဘက်က မိတ်ဆွေတယောက်ဆီက ကြားတဲ့ သတင်းကတော့ ၂လုံး ၃လုံး အသေအကြေ လိုက်ဖမ်းတော့ ဘင်ဂို ခေတ်ဖြစ်ကုန်ကြပြီ။ ညည ကစားရုံမှာ မအိပ်တန်းကို ကစားကြတာ တပွဲကို ၁၀၀ဝ နဲ့.. တညလုံး တချို့ဆို ၂သောင်း ၃သောင်း တညတည်းပြုတ်သွားကြတာပါပဲ။ ညည ကစားရုံတွေမှာ လူ ၅ဝလောက် ဆိုရင် တယောက် ၁၀၀ဝ နှုန်းနဲ့ ဆိုတော့ ၅သောင်း ကို နိုင်တဲ့ လူက ၄သောင်း၉ထောင် နဲ့ နံပါတ်ခေါ်တဲ့လူက ၁၀၀ဝ ယူပါတယ်။ တညလုံး အိပ်ရေးပျက်ခံ ကစားပြီး တပွဲမှ မနိုင်ရင်တော့ မရှိတဲ့ အထဲက မွဲနေကြအုန်းမှာပါပဲ။ လူတွေလည်း တမျိုးမဟုတ်တမျိုး ရှာကြံစွဲလန်းနေကြတာပဲ။


nigimi77September 20, 20111min35525
ကံ “လူမစွမ်း နတ်မ” ဆိုသည့် စကားသည် မည်သည့် အချိန်ကာလမှ စတင် ပြီး မြန်မာနိုင်ငံ၏  လူနေမှု စနစ် အတွင်းသို ့ ရသေ့စိ်တ်ဖြေ ဝင်ရောက်လာသည်ကို ကျွန်တော် မသိပါ။  သိရှိရန်လည်း မလိုအပ်ပါ။   လူဆိုသည်မှာ  ကမ္ဘာပေါ်တွင် သဘာဝတရားက အကောင်းဆုံး တည်ဆောက်ထားသော သက်ရှိမျိုးနွယ် ဖြစ်ပါသည်။  လူမစွမ်းသည့် အရာသည် မရှိသလောက် နည်းပါးပါသည်။  ကျွန်တော်တို ့နေ ့စဉ် စားသုံးနေကြသော အစား အသောက်မှ စပြီး  အဝတ် အထည် ၊ လူသုံးကုန် ပစ္စည်းများ၊  အဆောက်အဦများ၊  ရွှေ  ့လျား သွားလာနိုင်သော အရာဝထ္ထု မှန်သမျှ အားလုံးသည်  လူတို ့ပြုလုပ်ထားခြင်း ဖြစ်ပါသည်။  လူတို ့၏ […]


nigimi77September 20, 20111min1346
ကျွန်တော် မျက်ရည် အကြိမ်ကြိမ် ကျခဲ့ဖူးပါသည်။  ရှေ  ့လျှောက်လဲ ကျနေဦးမည် ထင်ပါသည်။ မည်သူ တစ်ဦး တစ်ယောက် အတွက်မှ မဟုတ်ပါ။ ကျွန်တော့် အတွက် ဖြစ်ပါသည်။  မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်သော ကျွန်တော်သည် တစ်ဦးတစ်ယောက်ထဲ နိုင်ငံသား ဘဝနှင့် မရပ်တည် နိုင်ပါ။ တစ်ဦးတစ်ယောက်၏ အရည်အချင်းနှင့် လည်း Civil Soceity ကို မတည်ဆောက်နိုင်ပါ။ မည်သည့်နိုင်ငံဆိုသည့် အမည် အပိုင်းအခြား နောက်ကွယ်တွင် ကျွန်တော်တို ့ အားလုံးသည် “လူတွေ အားလုံးဟာ အတူတူပါပဲ။ လူသားချင်း ချစ်ခင်တတ်ဖို ့ စာနာတတ်ဖို ့ သနားတတ်ဖို ့ ကူညီရိုင်းပင်းဖို ့လိုအပ်ပါတယ်” ဆိုတဲ့ အယူအဆများအား လက်ခံချင်ပါသော်လည်း မိမိ၏ နေထိုင်ရပ်တည်မှု၊ […]


phone_kyawSeptember 19, 20111min1131
၁။ ၂ဝ၁၁-ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ ့ နေပြည်တော်တွင် မြစ်ဆုံဆည်စီမံကိန်းနှင့် ပက်သက်၍ စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့သည်။ ယင်းစာတမ်းဖတ်ပွဲအား ဝန်ကြီးဌာနအသီးအသီးမှ ဝန်ကြီးများ ၊ သက်ဆိုင်ရာပညာရှင်များနှင့် သတင်းထောက်များတက်ရောက်ကြကြောင်း သိရသည်။ ၂။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောကြားချက်အရ လက်ရှိအစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းကျင်းဆိုင်ရာဝန်ကြီးဌာနတစ်ခု ဖွဲ ့စည်းပြီးကြောင်းသိရှိရသည်။ ထို ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ (The Enviromental Law or The Enviromental Protection Act -2011 ) လည်းရေဆွဲနေကြောင်းနှင့် မကြာမှီ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းသိရှိရသည်။ ဒါ့ကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာန ဝန်ကြီး ဦးဝင်းထွန်းကို အထူးချီးကျူးပါတယ်။ ဒီဌာနကိုဖွဲ ့သင့်တာကြာပါပြီ။ အရင်တုန်းက အစိုးရအဆက်ဆက်တွေ မလုပ်ဘူးသေးတဲ့အလုပ်ကို လုပ်တဲ့အတွက် လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ […]