alinsettAugust 25, 20131min54134
ဒီဘဝ မှာ ဖြင့် အချစ်ဆိုတာကို မတွေ ့ရတော့ဘူး ထင်ထားသမျှ လွဲချော်တိမ်းစောင်းပြီး သူမ နှင့် ဆုံဖြစ်ခဲ့ပါသည် ။ အဆုံးသတ် လှမယ် မလှဘူးသေချာ မသိနိုင်သေးသော်လည်း သူမနှင့် ယခုလို တွေ ့ဆုံ တွယ်တာ ခဲ့ရရုံ အဖြစ်ကလေးကိုပဲ ကျွန်တော် ကျေနပ်လိုက်ပါသည် ။ အချစ်သည် ကျွန်တော့်အတွက်တော့ ကြယ်ရောင်မှုန်မှုန်ဖြင့် လင်းသလိုလို ရှိသော သာမန် ညတစ်ည သာဖြစ်ပါသည် ။ ========= ကျွန်တော့်မှာ လျှောက်ရမည့်လမ်းတွေရော ခင်းကျင်းပေးခဲ့ရမည့် လမ်းတွေရော အများကြီးရှိနေပါသည် ။ လမ်းတွေ ပေါ်မှာ . . . . . . လျှောက်လိ်ုက်ခင်းလိုက်ဖြင့် မအားလပ်နိုင်အောင် ဖြစ်နေသော ကျွန်တော့်လို ယောကျာ်းတစ်ယောက်အတွက် […]


CourageAugust 23, 20131min28014
သာသနာတော် မညှိုးနွမ်းစေလိုပါ   ကျွန်တော့ရဲ့ ကိုယ်တွေ့အဖြစ်လေးမို့လို့ ခပ်ရှက်ရှက်နဲ့ပဲ ရေးလိုက်ပါရစေ။ စကားပုလ္လင်တွေတော့ ရှည်ရှည်ဝေးဝေး မခံတော့ပါဘူး။ လိုရင်းကိုပဲ ဆိုကျစို့။ ၂၀၁၃ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ ( ၁၃၇၅ခုနှစ် ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာ အခါတော်နေ့) ညပိုင်း ရနာရီဝင်းကျင် အချိန် ကျွန်တော်တို့ မိသားစု ရွှေတိဂုံဘုရားမှ ဘုရားဖူးပြီးအပြန် ကြုံခဲ့ရတဲ့ အဖြစ်လေးပါ။ အဲ့နေ့က ဘုရားဖူးပြီး ပြန်တဲ့အချိန်မှာ မိုးတွေက မသဲပေမယ့် ဖွဲစိဖွဲစိတော့ ရွာလို့ပေါ့။ ဘုရားတောင်ဘက်မုဒ် ဓါတ်လှေကားဝင်ပေါက်ကနေ အငှားကားကို ငှားပြီး အပြန် ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ကန်တော်မင်္ဂလာ ပန်းခြံ မီးပွိုင့်မှာ မီးနီကြီး စိမ်း သွားမယ့်အချိန်ကို စောင့်နေတုန်း ကားဘေးနားကို ကိုရင်လေးတစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ […]


ဒီရက်ပိုင်း ချစ်ချစ်ချစ် ချစ်နေရ အဲရေးနေတာမို့ ရွာထဲတောင်သိပ်မရောက်ဖြစ်ဘူး။ဒီနေ့တော့ ဘဝအဖြစ် အပျက်လေးတစိတ်တပိုင်းလေးရေးချင်တာနဲ့ ————————————————————————————————————————————- – – – – – – – – မဆလ ဆိုတဲ့ခေတ်တုန်းကအဖြစ်အပျက်ပါ။ နေရာတကာမှာ လာဘ်တွေအင်မတန်စားတဲ့အချိန်ပေါ့ဗျာ။ ဘာလေးဖြစ်လိုက်ဖြစ်လိုက် ရုံးတို့ဂါတ်တို့ရောက်ရင် ငွေပေး နိုင်ရင်အမူ့နိုင်တဲ့ခေတ်။ တနည်း “ငွေများ တရားနိုင်”အချိန်ပေါ့ ဗျာ။ခုတော့ ပြောင်းကုန်ပြီထင်ပါရဲ့ ” မီဒီယာများ တရားနိုင်” ဆိုလားဘာလား။ ဆိုလားဘာလားဆိုတော့ မသေချာဘူးပေါ့ဗျာ။ ပုသိမ်မှာဖြစ်ခဲ့တာပါ။ ဇာတ်လမ်းကတော့ ————– – – – – – – – – ပုသိမ်ဆိပ်ကမ်းသို့ မြောင်းမြဘက်မှ လူစီးသင်္ဘောတစီးဆိုက်ကပ် လာလေသည်။ထုံစံအတိုင်း မြစ်ဆိပ်တခုလုံး ပုရွက်ဆိပ်အုံတုတ်နဲ့ ထိုးသကဲ့သို့ လူများအုံးအုံးထလျက်ရှိလေသည်။ ဒေါ်လှတယောက် […]


ムラカミAugust 20, 20131min26314
  ဆန်ဖရန်စစ်စကို ဂိုလ်းဒင်းဂိတ် ကြိုးတံတားနီပေါ်တွင် ဖြစ်သည်။ အရှေ့အာရှမှ အပျော်ဆုံးယောက်ျား ၂ယောက်ဖစ်သော နှင်းခဲအရည်ပျော် ကျောက်စ် နှင့် ပက်ကညော ခေါင်းညှိမ့် ဂီ့စ် တို့ လမ်းလျှောက်လာသည်။ ရှေ့တူရူမှ စိန တကောင် လျှောက်လာ၏ ။ ကျောက်စ် က အနှီ စိန ကိုရေထဲခုန်ချနိုင်အောင် ပြောနိုင်လျင် ဒေါ်လာတရာ ပေးမည်ဟု ဂီ့စ် ကို ပြောသည်။ ဂလောက်များ ခက်လွန်လွန်းလို့…။ ဂီ့စ် စိနကောင်ကို မျက်နှာမူကာ အောက်ပါအတိုင်းပြောချလိုက်သည်။ ဂီစ့်။ ဟေ့လူ ရေအောက်မှာ ဓါတ်ငွေ့ထွက်တယ်..။ ဘာ..စ်….ဗွမ်းးးးး….။ တဖန် ဂျပန်တကောင် လျှောက်လာသည်။ ဒီတခါ လောင်းကြေးက ၂၀ဝ ဖြစ်၏။ တခြားလူမှတ်လို့ ဂီ့စ်ပဲဟာ…ဂျပန်အကြောတော့ နပ်သပေါ့… ဟိတ်လူ ဟောဒါ […]


koyin sithuAugust 17, 20131min39819
လူ့ဘဝဆိုသည်မှာ ပျော်ရွှင်စရာများ၊ ဝမ်းနည်းမှုများနှင့် ချုပ်လုပ်ထားသော ဝတ်စုံတစ်စုံမျှသာဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်သည် မိုးတိမ်များကို ငေးကြည့်ရင်း ဘာမှန်းမသိသေးသော ခံစားမှုတစ်မျိုးကို ခုခံကာကွယ်နေရ၏ မိုးသားများမှာ ပြာလွင့်နေပြီး ကျွန်တော့်မျက်လုံးများကို ဆွဲဆောင်လျက်ရှိသည်။ ပြတင်းပေါက်မရှိသော်လည်း မှန်ဝိုင်းလေးကနေ ငှက်နှစ်ကောင်သုံးကောင် မြောက်အရပ်သို့ ဦးတည်ပျံသန်းသွားကြသည်။ ကျွန်တော်ကြည့်နေသော မှန်ဝိုင်းဘောင်သေးသေးလေး ကျော်သွားသောအခါ ထိုငှက်များသည် မြင်ကွင်းထဲမှ ပျောက်သွားလေသည်။ လူဆိုတာ အသက်အရွယ်အလိုက်တော့ မျှော်လင့်ချက်တွေ ပြောင်းလဲကြသေးတယ် မဟုတ်လား ဟု ဒီအချိန် ထပ်ပြီး မေးလိုက်လျှင် သူမ ဘာဖြေဦးမလဲဟု ကျွန်တော်က တွေးမိနေသည်။ လောကမှာ အချစ်ဆိုသော အရာကို နှုတ်ဖြင့် ရှင်းပြပါဟု ဆိုလျှင် အချစ်သည် မေ့ချင်ဟန်ဆောင်ခဲ့သော အကြွေးများကဲ့သို့ နှုတ်မှ ထုတ်ဖော်ပြောကြားဖို့ ခက်လှသည်။ အကြွေးထူသော အဆောင်နေကျောင်းသား ကျွန်တော်က […]


Mr. MarGaAugust 16, 20131min30116
. . . . . . . . . အကြောက်တရားဆီက လွတ်မြောက်ခြင်း….. Freedom From Fear… တဲ့ ဒီစာသားကို ကြားမိ တွေ့မိတာ နည်းနည်းတော့ ကြာပြီ။ လူ့အခွင့်အရေး အကြောင်းကို ရှာမိတိုင်း၊ တွေးမိတိုင်း၊ ပြောမိတိုင်းမှာ ဒီအကြောင်းတွေက အမြဲလိုလို ပါတတ်တယ်။ အဲသလို ရှာလိုက်တိုင်း တွေ့မိတာက Four basic Freedom ဆိုတာပါပဲ။ ဘာတွေလဲ ဆိုတော့ Freedom of speech Freedom from want Freedom of worship Freedom from fear တဲ့ (စကားလုံး လွဲချင် လွဲမယ်ထင်ပါတယ် ပြန်မကြည့်ရသေးလို့) အဲဒီအထဲကနေမှ […]


kotun winlattAugust 16, 20131min1032
ဒီနေ့ ကျနော် လ္ဘက်ရည်ဆိုင်ကို သွားရင်း လမ်းမှာ လူတစ်ယောက်ကို တွေ့တယ်..။ အသက်က ငါးဆယ်နီးပါး ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် ဆံပင်ရှည်ရှည် ပုဆိုးကို တိုတိုဝတ်ပြီး အကျီင်္ကလည်း ကြယ်သီးမတွယ် ရင်ဘတ်ဟောင်းလောင်းနဲ့ပေါ့…။ သူ့မျက်လုံးတွေက ကျီးကန်းတောင်မှောက် ဟိုကြည့် ဒီကြည့် ပါးစပ်ကလည်း မရပ်မနား တတွတ်တွတ် ဘာတွေရွတ်လို့ ရွတ်နေမှန်း မသိ…။ ဪ.. စိတ်မနှံသူ စိတ်ဖောက်ပြန်နေသူပါလား..။ ဒီလိုလူတွေ တော်တော်များများကို ကျနော်မြင်ဘူးတွေ့ဘူးပါတယ်..။ သူတို့လိုလူတွေကို ကျနော် တော်တော်ကြောက်မိပါတယ်…။ ဘာကြောင့်လည်းဆိုတော့ စိတ်မမှန်သူတွေဟာ ဘာမဆိုလုပ်နိုင်တာမို့လေ…။ ဒါပေမယ့် ဒီလို စိတ်မမှန် စိတ်ဝေဒနာခံစားနေရသူတစ်ဦးနဲ့ ကျနော် စကားတွေ အများကြီးပြောဘူးတယ်ဆို ယုံကြည်ကြမလား။ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ဟုတ်တယ်ဗျ… လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပေါ့…။ ကျနော် မြစ်ကြီးနားမှာ ဂျီတီအိုင်တက်တုန်းကလေ..။ ကျနော် […]


***************** အနှစ်လေးဆယ်ခန့်ကြာသော် ************** – – – – မန္တလေး ဂေါဝန်ဆိပ် “ဘော် —–ဘူးးးးးးးးးး ဘော် —” အောင်တံခွန်အမည်ရှိ သင်္ဘောဆိပ်ကမ်းမှခွာရန် အချက်ပေးဥဩပေးသည် နှင့် ဆိပ်ကမ်းပေါ်ရှိ ခရီးသည်များရော လိုက်ပါပို့ဆောင်နုတ်ဆက်သူများ ရော ဈေးသည် အထမ်းသမားအစရှိသည်တို့ လူပ်လူပ်ရွရွ ဖြစ်ကုန်ကြသည်။ “မောင်ရေ ဒီတခေါက်နောက်ဆုံးတခေါက်ဆိုတာ မေ့ကိုကတိပေးကွာ” “အင်းပါ မောင်ကတိပေးပါတယ်” “မေမေကတော့စိတ်ဆိုးနေတယ်မောင် ခုလိုမောင်ခဏခဏခရီးထွက်နေတာ ခု မင်္ဂလာပွဲက ၂ပါတ်လောက်ပဲလိုတဲ့ဟာကို ညည်းလူကိုကြည့်ထိန်းတဲ့” “အင်းပါမေရယ် မောင်ဒီတခေါက်ကနောက်ဆုံးပဲစိတ်ချ နောက် ပြီးမောင့် ဖေဖေရဲ့ ပွဲရုံမှာကြိုးစားလုပ်မယ် မေနဲ့မောင့်ရဲ့မိသားစုကို မောင့်လုပ်အား နဲ့ဖြူဖြူစင်စင်ရှာကျွေးမယ် လူလွတ်ဘဝနဲ့ မောင်ဝါသနာပါတဲ့ ဟောဒီအလုပ် ကိုမောင်အပြီးအပြတ်စွန့်ပါ့မယ်ကွယ် မောင်ကတိပေးပါတယ်” “ဟွန့် မောင်ကတော့ပြောလိုက်ရင် ဒါမျိုးကြီးပဲ ဒီထက်စောစော မောင့် […]


အချိန်ကာ ဂျပန်ခေတ်ဟုဆိုနိုင်သောခေတ် ၁၉၄၄ ကာ လဝန်ကျင်အချိန်ဖြစ်၏။ ဧရာဝတီမြစ်ကမ်းတနေရာ အတိ အကျဆိုရသော် ဗန်မော်မြို့ ၏ တောင်ဘက် ၆ မိုင်ခန့်အကွာ လူသူကင်းဝေးလျက် ည လဆန်းစ အချိန်။ အလင်းရောင်ဝိုးတဝါး ကိုအားပြုလျက်လူ တစု သာရေအိတ် တလုံးကို သယ်လျက် မန္တလေးဘက်သို့ ခရီးနှင်နေလေသည်။ အနီးကပ်၍သေချာကြည့်ပါက ဂျပန်စစ်သားတစုဟုအလွယ် တကူသိရှိနိုင်မည်ဖြစ်သည်။ ဂျပန် တပ်စုကဘာကိုသယ်လာသနည်း။ မြန်မာပြည်ကိုထင်တိုင်းကျဲခွင့်ရနေသောဂျပန်တို့ နေ့ဘက်တွင် ပုန်းအောင်းလျက် ညဘက်ရောက်မှ ခရီးဆက်ခြင်းသည် ဘာ ကြောင့်လဲ ဆိုသည်ကို ကိုဘသိန်းစဉ်းစားမရ။ ထို့အတူ ရှေ့ မှ မိမိနှင့်အတူ သရေအိတ်ကို ထမ်းနေသော ကိုစိန်သောင်း လဲစဉ်းစားမိသလော? ။ ဤသရေအိတ်ကို လူမြင်မခံလိုခြင်း မှာထင်ရှား လှသည်။ ထို့ပြင်ဤတပ်ဖွဲ့ကို ဆက်သွယ်ခြင်း ညွန်ကြားခြင်းမျိုးလဲမတွေ့ရ။ […]


အချစ်…. အချစ် ဆိုသော အရာသည် ကျွန်မ၏ ဘဝတွင် ဒုတိယနေရာတွင်ပင် ရှိခဲ့သည့်အရာဖြစ်သည်။ ကျွန်မနားမလည်ချင်ဆုံး အရာလည်း ဖြစ်သည်။ ဖြစ်ချင်တာတွေဖြစ်ဖို့ အပြင်းအထန်ကြိုးစားခဲ့ရသည့် ကျွန်မအတွက် အချစ်သည် ဘဝလောက် စိတ်ဝင်စားဖွယ်မကောင်းသည်က အမှန်ပင်။ ဘဝတိုက်ပွဲကြားက မိဘနှစ်ပါး၏ ပဋိပက္ခများ၊ မပြည့်စုံသောအခြေအနေအောက်က ကျွန်မ၏ အောင်မြင်မှုကို စောင့်ကြည့်အကဲဖြတ်နေကြသော ပတ်ဝန်းကျင်၏ မျက်လုံးများကြားတွင် ကျွန်မသည် အချစ်ကို သိချင်လျှင်တောင် ဘဝကို ရှေ့တန်းတင်ခဲ့သည်။ ထိုမှတစ်ဖန် ကျွန်မဖတ်ဖူးသော စာအုပ်များ၊ ကြုံတွေ့နေရသော သူငယ်ချင်းတို့၏ အဖြစ်အပျက်များကလည်း အချစ်ကို အယုံအကြည်မဲ့စေခဲ့သည်။ သို့သော် အချစ်နှင့် ပတ်သက်သော ခံယူချက်လေးတစ်ခုတော့ ကျွန်မတွင်ရှိသည်။ “သံယောဇဉ်နှောင်ကြိုး ရစ်ပတ်မှုများလာလျှင် ချစ်မိသွားတတ်သည်” ဟူ၍။ သို့သော် အချိန်ကာလကြာရှည်စွာ သံယောဇဉ်တွယ်မိသော သူငယ်ချင်းများကို မချစ်မိသည့်အခါ ကျွန်မခံယူချက်ကို […]


ムラカミAugust 13, 20131min35826
တကယ်လို့ အချစ် ဆိုတာ အဆိပ် ဆိုရင် ငါ့အတွက် ဖြေဆေး မလိုဘူး shee..   ကိုယ့်အသံကိုယ် နားဝင်ပီယံ အဖြစ်ရဆုံး အချိန်ကို ပြောပါဆိုရင်တော့ မင်းနာမည် ရေရွတ်တဲ့အချိန် ပေါ့ကွယ်..   လူတွေက ငါတို့၂ယောက်ကို သိပ် သဲကြတယ် ကဲကြတယ် ပြောပစေဦး ငါတို့ ပြုံးပြုံးလေး လက်ခံနိုင်ရဲ့ …   တကယ်တော့ နင်ဟာ အရင်ဘဝက ငါ့ ခန္ဒာကိုယ် တခြမ်း ဆိုတာ သူတို့ မသိလို့ ပါကွယ်…  


ကျွန်မ ဖေဖေ က စာတွေရေးတယ် ။ နာမည်ရ စာရေးဆရာတစ်ယောက်တော့ မဟုတ်ပါဘူး ။ ဖေဖေ့ အနေ နဲ့ အောင်မြင်မှု လို့ ပြောလို့ရနိုင်တာဆိုလို့….  မြန်မာ့အလင်း သတင်းစာ ဆောင်းပါးကဏ္ဍ မှာ ဖေဖေ့ဆောင်းပါး ဖော်ပြခံရဖူးတာရယ် ၊ မန္တလေးလမ်းညွှန်စာအုပ် ရဲ့ မန္တလေး မိတ်ဆက်ဏ္ဍ မှာ ရေးသားဖူးတာရယ် ၊ ကျွန်မ တို့ မြို့ က ထုတ်တဲ့ ဂျာနယ်တစ်ခုမှာ အခန်းဆက်ဆောင်းပါးတွေ ရေးခဲ့ဖူးတာ ရယ် … ဒီလောက်ပါပဲ။ မနေ့ က ဖေဖေ့ ဝတ္ထုတိုလေးတစ်ပုဒ် မဂ္ဂဇင်းတစ်ခုမှာပါတယ် ။ ဖေဖေ ရေးထားတဲ့ အကြောင်းအရာက ကျွန်မတို့အိမ်ရှေ့ ငှက်လှောင်အိမ်ဟောင်းထဲမှာ လှမ်း ထားတဲ့ ဆိတ်သားခြောက် နှစ်မြှောင်းကို […]


alinsettAugust 8, 20131min43536
ကံကြမ္မာက ကျွန်တော့်ဆီ . . . ဓါးထမ်းပြီး လာနေကျ ဖြစ်သည် ။   အဲဒီ အသိကို ကျွန်တော့် စိတ်နှလုံးထဲ စွဲမြဲသွားစေသော အဖြစ်များလည်း ရှိခဲ့သည်ပဲ ။   တကယ်ပဲ ကျွန်တော့်ကို မှ ကံတရားက ရက်စက် ခဲ့လေသလားးလို့ ့တွေးထင်ခဲ့ရပါသည် ။   ကျွန်တော့် ဘဝ ၏ စာမျက်နှာ တော်တော်များများ သည် ကံကြမ္မက ကျွန်တော့်ကို ကျကျနန အငြိုးထား ခဲ့သော စာမျက်နှာ များသာ . . . များနေသည် ။   ********************   ပိတ်ထားသော တံခါးချပ်တော်တော်များများကို ကျွန်တော်က မကြခဏ တွန်းဖွင့်နေရသည် ။ […]