naywoon niSeptember 19, 20121min36120
အနုပညာအကြောင်း ပြောရရင်တော့ ပို့စ်တစ်ခုထဲနဲ့တော့ ပြီးပြည့်စုံမယ်မထင်…။ ပြောရင်းနဲ့ ပြောစရာအကြောင်းအရာတွေကပေါ်လာလိုက်ပျောက်သွားလိုက်နဲ့ဆိုတော့ ….။ ပြီးတော့ ဆရာအံဇာတုံးရဲ့ အမေးကလည်းဖြေရမှာရှိသေးဆိုတော့ ဆက်ပြောမဲ့ အကြောင်းအရာ ခဏရပ်လို့ လမ်းခွဲတစ်ခုကို တစ်ဆစ်ချိုးဝင်လိုက်ချင်ပါသေးတယ်…။ သူမေးထားတာက မဟာရာဇာ အံစာတုံး says: ဦးနေပြောတာ ဟုတ်တယ်ဗျ .. ကိုယ်တိုင်လည်း ကြုံဖူးမှ ရေးဖွဲ့လို့ အသက်ပါမှာပေါ့နော့ .. ဥပမာ .. ကျနော်က လူငယ် အရွယ်ဗျာ .. ချစ်လည်း ချစ်ခဲ့ဖူးတယ် .. ကွဲလည်း ကွဲခဲ့ဖူးတယ် … အသည်း … ဒီတော့ ကျနော်က တစ်ပါးသူတွေရဲ့ ချစ်ခြင်းနဲ့ အသည်းကွဲခြင်း ဆိုင်ရာတွေကို ခက်ခက်ခဲခဲ မဟုတ် .. နည်းနည်း မုသွင်းလိုက်တာနဲ့ ခံစားရေးဖွဲ့နိုင်သွားတယ် … ဒီအချက်နဲ့တင် […]


  “ဘုရား ဘုရား ငါသေတော့မလို့ပါလား” ကိုကျီးဥ ကိုယ့်ကိုကိုယ့် ပြန်တွေးမိရပြီ။အချိန်က ည ၁ဝနာရီကျော်ကျော်မို့မှောင်နှင့်မည်းမည်း။ ကိုကျီးဥ ပြေးနေသည်။ ရှေ့တွင် မည်သူ့ကိုမျှ မမြင်မိ။ ဝန်ထမ်းအချင်းချင်း မည်သူမည်ဝါ သည်းကွဲစွာ မမြင်ရတော့။ ကိုကျီးဥ အလယ်ကုန်းရွာနားကိုအရောက် နောက်သို့ပြန်လှည့်ကြည့်မိသည်။ မီးတောက်တွေ။ မီးတောက်တွေ။ ဘုရား ဘုရား နောက်တစ်ကြိမ် ဘုရားတမိရပြန်ပြီ။ ကိုကျီးဥ ခြေလှမ်းတွေ မမြင်မကန်းနှင့် မမုံရွာသို့ ဦးတည်နေသည်။ ကိုကျီးဥ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသလား။ စိတ်ထဲတွင် ဖြစ်ပျက်သွားသော အခြေအနေကို မယုံနိုင်အောင်ဖြစ်နေရသည်။ ဘယ်ကိုသွားရမလဲ။ ဘယ်သူ့ကို ဆက်သွယ်ရမလဲ။ ခေါင်းထဲတွင် တစ်ခုမှ စဉ်းစားမရ။ ကုမ္ပဏီရုံးချုပ်ကို အကြောင်းကြားဖို့ ဖုန်းဆက်ဖို့ ကိုကျီးဥဆီတွင် ချူးတစ်ပြားမှ ပါမလာ။ အကယ်၍ ဆက်၍ရသည်ပဲထား။ သူတို့လာရဲပါ့မလား။ ခြေလှမ်းတွေ […]


မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၁) https://myanmargazette.net/148470/creative-writing#comment-255925   ပထမတန်းတွင် နှင်းဆီ၏အကြောင်းကို ပိုသိလာခဲ့သည်။ နှင်းဆီ၏အမေသည် မြို့တွင် နာမည်ကြီးသော ဆရာဝန်တစ်ယောက်ဖြစ်၍ အဖေသည် ချမ်းသာသော လူကုံထံတစ်ယောက်ဖြစ်သည်။ တစ်ဦးတည်းသော အစ်ကိုမှာလည်း တစ်မြို့လုံးတွင် အတော်ဆုံးဟုဆိုနိုင်သည့် ထူးချွန်ကျောင်းသားဖြစ်၏။ ထို့ကြောင့် အနှစ်ချုပ်လျှင် နှင်းဆီသည် မြို့မျက်နှာဖုံး၊ အထက်တန်းလွှာမိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။   နှင်းဆီ၏အခြေအနေကို သိလိုက်ရချိန်တွင် ဝတီတစ်ယောက် အားကျစိတ်များဝင်မိ၏။ ဝတီ့အဖေသည် ပုံနှိပ်စက်လုပ်ငန်းကို လုပ်ကိုင်သည်။ ပုံနှိပ်စက်သုံးခုလောက်သာရှိသော မြို့တွင် အဖေသည် အတော်ဆုံးဟု ဆိုနိုင်၏။ လုပ်ငန်းအခြေအနေကောင်းမွန်သော်လည်း ချမ်းသာသည်ဟု မဆိုနိုင်။ အဘွား၏ စီမံအုပ်ထိန်းမှု၊ အဖေ၏ အလုပ်ကြိုးစားမှုနှင့် အမေ၏ ဖြည့်ဆည်းပေးမှုအောက်တွင် ဝတီနှင့်မောင်လေးတို့နှစ်ယောက် လိုတရမဟုတ်သော်လည်း လိုအပ်သမျှတော့ ပြည့်စုံခဲ့သည်။ သို့ရာတွင် ကလေးပီပီ နှင်းဆီ၏ […]


TheWinner GetprizeSeptember 17, 20121min43928
ဇာခြည်နဲ့ကျွန်မက အလုပ်လုပ်ကြတဲ့ Company Group တူပေမယ့် ရုံးချင်းမတူတာကြောင့်ရော၊ သူရော ကျွန်မပါ မကြာခဏ ခရီးသွားဖြစ် ကြတာတွေကြောင့်ရော အေးဆေးမဆုံဖြစ်ကြတာ ကြာပါပြီ။ ဒီနေ့ကျွန်မတို့ဆုံတော့ ရုံးဆင်းရင် ကျွန်မကို ဝမ်းသာစရာပြောစရာရှိလို့ဆိုတာနဲ့ ကျွန်မတို့ နှစ်ဦး ရုံးကအပြန် အကင်ဆိုင်သို့ ဆက်ခဲ့ကြပါသည်။ ကျွန်မတကယ့်ကို ဝမ်းသာလွန်းခဲ့ရပါသည်။ ဇာခြည့်ကို လိုက်ပို့ပေးပြီး အပြန်လမ်းမှာတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော် – နှစ်နှစ်လောက်က အမှောင်ထု တခုထဲကို ဝင်ရောက်ခဲ့တဲ့ မိန်းကလေး (ဇာခြည်) ရဲ့ အကြောင်းတွေ ကျွန်မအတွေးထဲ ပြန်လည်ဝင်ရောက်လာပါသည်။ ****** ဇာခြည်ရော ကျွန်မပါ မိသားစုတွေကို ဦးဆောင်ရတာ တူညီကြပါသည်။ ကျွန်မတို့မှာ အမြဲမရိုးနိုင်သော၊ မပြီးဆုံးနိုင်တော မိသားစု အခက်အခဲများ၊ ပြသနာများ မျိုးစုံအောင်ရှိကြပါသည်။ တခါတလေမှာတော့ အတော့်ကို […]


“ကိုကျီးဥ ဟုတ်လား ဘုရားဘုရား” ကိုကျီးဥကို သူကောင်းကောင်းသိသည်။ အင်မတန် သဘောမနောကောင်းသော လူတစ်ယောက်ဖြစ်သည်။ အဲဒီလူ ဘာကြောင့်များကျန်ခဲ့ရပါလိမ့်။ သူသူ ကိုယ်ကိုယ် ကိုကျီးဥအတွက် စိုးရိမ် ထူပူသွားကြသည်။ ဟိုနား လူတစ်စု ဒီနားလူတစ်စုနှင့် တိုင်တိုင်ပင်ပင် တွေးတွေးငေးငေးရှိနေကြသည်။ ခဏအကြာမှာတော့ သူတို့ရုံးချုပ်ထောင့်နားသို့ လူများ အပြေးအလွှား သွားနေကြသည်ကိုတွေ့ရသဖြင့် သူတို့ သူငယ်ချင်းတစ်စုပါ အတူ ရောယောင်ပါသွားကြသည်။ “မီးလောင်နေတဲ့အရှိန်ရဲ့ကျယ်ပြန့်ပုံအရဆိုရင် တို့ကုမ္ပဏီတော့ ကုန်ပြီနဲ့တူတယ်” ထိုစကားသံသည် စိတ်ပျက်အားငယ်ခြင်းကို အောက်ဆုံးအထိရောက်စေခဲ့ပြီ။ သူ့မျက်စိထဲတွင် ထုပ်ပိုးပြီးသားရော မထုပ်မပိုးခဲ့ရသည့် ပစ္စည်းတွေကိုရော ပြန်လည် မြင်ယောင်လာမိသည်။ ပစ္စည်း သင်္ခါရ လူသင်္ခါရဆိုသော်လည်း ရုတ်တရက်ကြီးကြရောက်လာသော ဘေးဆိုးကြောင့်ဖြစ်ရသည်မို့ ချက်ချင်းကြီးတော့ တရားနှင့်မဖြေနိုင်သေး။ ရှိတဲ့သူတွေအတွက်တော့ နေ့ချင်းညချင်းကြီး ဝယ်ယူစုဆောင်းလိုက်လျှင်ရသော်လည်း မရှိသော သူ့လို ကုမ္ပဏီ ဝန်ထမ်းအဖို့တော့ […]


သူတို့ရောက်ရှိနေသောနေရာသည် မေလ(၂၉)ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲငယ်တစ်ခုဖြစ်ပွားရာနေရာတစ်ခုဖြစ်သည်။ ဖားပြင် ဆုတောင်းကုန်းနှင့် တောင်ဘက် ဥရုချောင်းကြားရှိ ဖားပြင်ရွာအထွက်တွင်ဖြစ်နေသည်။ အပြန်အလန် ပစ်ခတ်နေကြသည်က ဥရုချောင်းတစ်ဘက်ကမ်းမှဖြစ်သည်။ ဦးခေါင်းထက်ဆီမှ သေနတ်သံများသည် ကြက်သီးထဖွယ်လိလိ။ သူတို့လေးဦးသား မြေပြင်တွင် ဝပ်ချလိုက်သည်။ လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးစ နှစ်စီးစကတော့ အရဲစွန့်သွားလာလျှက်ရှိနေသည်။ သူတို့ လေးဦး မထွက်ရဲသေး။ ကားတစ်စီးတစ်လေမှ ဖြတ်သွားသည်ကိုမတွေ့ရ၍ အခြေအနေကိုစောင့်ကြည့်နေရသည်။ သူတို့ကို ကုမ္ပဏီရှိ လူကြီးများကလည်း မျှော်နေကြလိမ့်မည်ဟု သိသည်။ ဖုန်းပါလာ၍ဆက်ကြည့်သော်လည်း အချိန်အခါမရွေး လူကြီးမင်းနှင့်တွေ့နေရသောကြောင့် အရေးထဲအရာပေါ် စိတ်ဓါတ်တွေ ကြရပြန်သည်။ “ဘယ်လိုလဲ ဆက်သွားကြမလား” သူ့အမေးကို ဘယ်သူမှ မဖြေကြ။ ဇော်သန့်က “အခြေအနေ စောင့်ကြည့်ပါဦး တော်တော်ကြာ ကားကို လှမ်းပစ်လိုက်လို့ ဒုက္ခတွေများကုန်ပါ့မယ်” “ဟုတ်တယ် နေပါဦး ကျွန်တော်တို့ရောက်နေတာ ပစ်ကွင်းကြီးနော်။ […]


ဦးေက်ာက္ခဲSeptember 15, 20121min42240
အဲ အောက်ထပ်က အသံငြိမ်သွားပြီဆိုရင် အဖွားက သာသာလေးထပြီး အဖိုးကို ချောင်းပါတယ်။ အဖိုး အိပ်နေတယ် ဆိုရင်တော့၊ ဝါးရင်းဒုက်ကိုပိုက် အိမ်နောက်ဘေးလှေကား ကနေအသာလေးဆင်းပြီး ရေအိမ်ဝင်ပါတယ်။ သူ့ခမျာ လေတိုက်ပွဲမှာ လက်နက်ကြီးတွေ သုံးရတော့ အာခြောက်တိုင်း ရေနွေးကြမ်းသောက်ထားတာ အခု ပြန်ထုတ်ဖို့ အချိန်တန်ပြီလေ။ အဖွားက အိမ်သာချက်ကို “ဂျောက်” ကနဲ ဖွင့်လိုက်တာနဲ့ အိမ်ရှေ့ ကွပ်ပစ်ပေါ် အိပ်နေတဲ့ အဖိုးက ငေါက်ကနဲ ထိုင်ပြီးသားပဲ၊ သူက “ကြက်အိပ် ကြက်နိုး” ပါ၊ အလွန် နားပါး ပါတယ်။ အဖွား အိမ်သာထဲဝင်သွားတာနဲ့ အဖိုးလဲ ခပ်သုတ်သုတ်လေး အိမ်ပေါ်ထပ်ကို စခန်းပြောင်းပြီး တရားစာအုပ်ကို အသံထွက် ဖတ်ပါတော့တယ်။ အဖွားလဲ ခြံထဲတစ်ပတ် ပတ်ပြီးရင်  မယောင်မလည် နဲ့ […]


kotun winlattSeptember 15, 20121min19713
          အချိန်တို့သည် တရွေ့ရွေ့ဖြင့် ပုံမှန်ခရီးဆက်နေကြ၏။ အချိန်နာရီများ၏ စီးဆင်းမှုတွင် အချို့သည် အလိုက်သင့် စီးမျောလျက် အချို့သည် ရုန်းကန်လှုပ်ရှားလျက် ဖြတ်သန်းနေကြချေ၏။ ကျနော်သည်ကား အချိန်၏ ပုံမှန်ခရီးစဉ်တွင် အလိုက်သင့်မျောပါသည့်အခါ မျောပါပြီး ရုန်းကန်လှုပ်ရှားသည့်အခါ ရုန်းကန်လှုပ်ရှားလျက် တရွေ့ရွေ့ ခရီးနှင်နေခဲ့သည်။ ကျနော့်အား ဖြတ်သန်းသွားသော သို့မဟုတ် ကျနော်ကဖြတ်သန်းခဲ့သော အချိန်တို့ကို စောင်းငဲ့ ကြည့်ရှု့မိလေသောအခါ အချို့အချိန်များကို စက်ဆုပ်ရွံရှာမိသလို အချို့အချိန်များကို နှမြောတမ်းတမိပါသည်။ သို့သော် ထိုအချိန်များကို ကျနော်ပြန်ပြီး မရောက်ရှိ မပိုင်ဆိုင်နိုင်တော့ပါ။ မနေ့က အကြောင်းအရာတို့သည် အတိတ်ကာလဖြစ်ပြီး မနက်ဖြန်ကြုံရမည်တို့သည်ကား အနာဂတ်ကာလများ မဟုတ်ပါလား။ ကျနော့်မှာ မနေ့ကနှင့် မနက်ဖြန် အကြောင်းအရာများပေါ်တွင် နစ်မြောနေမိတတ်ပြီး ယနေ့အကြောင်းအရာများကို မလုပ်ဆောင်ဖြစ်ပဲ ရှိနေတတ်၏။ ဒါသည်ပင်လျှင် အန္ဓပုထုဇဉ်၏ သဘောပေလော။ ကျနော်ဖြတ်သန်းလာခဲ့သော […]


  ဒီနှစ်အတွက် ရန်ကုန်မိုးရာသီသည် ထုံးစံအတိုင်း နေ့တိုင်းလိုလို မိုးရွာသွန်းနေပါသည်။ တစ်ရက်မှ မပျက်ဘဲ နှစ်ပတ်တိတိ ရွာသောအခါ လမ်းပေါ်တွင် မိုးရေများနှင့် ရေမြောင်းများမှ လျှံတက်လာသော ရေဆိုးများ ရောက်လို့လာတော့သည်။ ၎င်းရေထဲတွင် လူများ လမ်းလျှောက်ကြရသည်။ ကားများ မောင်းနှင်ကြရသည်။ ရန်ကုန်သည် မိုးရာသီ၏ ညစ်ညမ်းမှုကို အစဉ်အလာမပြတ် ထိန်းသိမ်းနေသလားဟု တွေးဖြစ်လိုက်သေးသည်။ ခုတော့ ဘားလမ်းတစ်နေရာတွင် အရောက် ကျွန်တော့် ဖိနပ်သည် မိုးရေစိုပါများ၍ ထင်သည်။ ပြတ်သွားလေပြီ။ ဖိနပ်ပြတ်သောအခါ ထုံးစံအတိုင်း စီးလို့ ရမရ၊ ပြန်လည်၍ ကော်ကပ်ရမရ ကြည့်ဖြစ်သည်။ မဖြစ်နိုင်တော့ပါ။ ထိုအခါ ဖိနပ်နှစ်ဖက်လုံးကို လမ်းဘေး တစ်နေရာတွင် ထား၍ ခြေဗလာလျှောက်ရမည်သာ ဖြစ်သည်။ သို့သော် ကျွန်တော့်မှာ ဖိနပ်ကို သေချာကြည့်ဖြစ်နေသည်။ ပြန်လည် […]


အချိန်က နေ့လည် တစ်နာရီ မိနစ်(၂၀)။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။ မွန်းလွဲနေသည် ပူပြင်းလျှက်ရှိသည်။ မိုးမရွာသဖြင့် ဩဂုတ်လ နေသည် အတော်လေးကို စွာနေ၏။ သူတစ်ယောက်တည်း အခန်းထဲတွင် ရှိနေချိန်ဖြစ်သည်။ ထိုစဉ်မှာပင် အင်ဒြူး တစ်ယောက် အခန်းထဲသို့ အပြေးတစ်ပိုင်းရောက်လာပြီး “ကိုသော်ဇင် ဘာလုပ်နေတာလဲ အထုပ်အပိုးတွေ ပြင်တော့လေ” “ဘာကိစ္စပြင်ရမှာလဲကွ မင်းကလည်း စကားပြောတာ အစ မရှိ အဆုံးမရှိ” “အေးဆေးလုပ်နေ ဟိုမှာ သူများတွေ အထုပ်အပိုးတွေပြင်နေကြပြီ” “ဟေ” “ဟုတ်တယ် အစ်ကို ဒီမှာ မနေရတော့ဘူးတဲ့ ၁ဝယောက်ထပ်ပိုနေလို့မရဘူးတဲ့ ကျွန်တော်တော့ မနေခဲ့တော့ဘူး အစ်ကိုရော” သူ အတော်လေးကို ထူပူသွားပါသည်။ အခြေအနေက ရုတ်ချည်းပါလား။ သူ ယခုလိုအခြေအနေဖြစ်လာလိမ့်မည်ဟု မထင်ထား။ ယခင်အပတ်ကတော့ သူတို့အနီးအနား ကုမ္ပဏီများတွင် […]


ဦးေက်ာက္ခဲSeptember 13, 20121min42538
                    ဒီရက်ထဲ စိတ်ထဲမှာလည်း မကြည်လင်၊ ရွာထဲမှာလည်း သူပုန်ဝင်တာမို့ စာရိုက်ချင်စိတ် သိပ်မရှိလှဘူး။ မတော် Post မရှိရင် Account အဖျက်ခံ ရမှာလည်းစိုး၊ Copy/Paste လဲ မတင်ချင်တာနဲ့မို့…….   မောင်ကျောက် က ရန်ကုန်မြို့၊ အလုံရပ် ဇာတိပါ။ အဲ မွေးတာကတော့ ဂျင်မခါနာ လို့ခေါ်တဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးပေါ့။ အများသူငှာလို မွေးခါနီးလည်း နိမိတ်မပေး၊ သန္ဓေတော်ခတော့လည်း အိမ်မက်တောင် မဆောင်တာမို့ လူထဲကလူ ပေါ့ဗျာ။ ဒါပေမည့် အိမ်အောက်ထပ်က တရုတ်အစ်ကိုများကတော့ မောင်ကျောက် မမွေးခင် ဘုံကျောင်းမှာ စာချကြတာ သူတို့အတွက် နဂါးနင်းတယ် ဆိုလားပဲ။ […]


“ဘာ..နောက်ဆုံးတော့ နင်ပဲနိုင်မှာ ဟုတ်လား…ဒီမှာ ဝတီ…နင်က ငါ့ရဲ့ငယ်နိုင်ပဲ…ငါလည်း ဒီလိုပဲသတ်မှတ်ထားတယ်…ငါ့မိဘတွေလည်း ဒီလိုပဲ သတ်မှတ်ထားတယ်…နင်ငါ့ကို ဘယ်တော့မှ မကျော်စေရဘူး…” စကားလုံးတွေက ်ဝတီခင့်နားထဲသို့ သံရည်ပူအလား စီးဝင်လာကြသည်။ မျက်လုံးတွေလည်း ပြာဝေလာသည်။ အသားတွေက တဆတ်ဆတ်တုန်၍..အာခေါင်တွေလည်း ခြောက်လာသည်။ လက်သီးက ကျစ်ကျစ်ပါအောင် ဆုပ်လျက်သား။ မထင်မှတ်ထားသော စကားများ…ယောင်လို့တောင် မတွေးမိသော အကြောင်းအရာ။ ဒေါသစိတ်နှင့် မခံချင်စိတ်များက ငယ်ထိပ်မှတစ်ဆင့် ပေါက်ထွက်တော့မည့်အလား။ ချက်ချင်းဆိုသလိုပင် စကားလုံးများကလည်း ပါးစပ်ထဲမှ ခုန်ထွက်လာသည်။ “နင့်စကားကို နင်မှတ်ထားစမ်း နှင်းဆီမေ…ငယ်နိုင် ဟုတ်လား…ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးနေတယ်ပေါ့…လူဆိုတာ မဖြစ်နိုင်တာမရှိဘူး…မဖြစ်သေးတာပဲရှိတယ်…နင်သိပ်သတ္တိရှိတယ်ဆိုရင် နင်နဲ့ငါ ဆယ်တန်းမှာ တွေ့မယ်…” ပြောပြီးပြီးချင်း ချာကနဲ လှည့်ထွက်လာခဲ့သည်။ ရုတ်တရပ်ပြောင်းလဲသွားသော အခြေအနေတွင် သူငယ်ချင်းတွေကတော့ ပါးစပ်အဟောင်းသား။ အစော်ကားခံလိုက်ရတော့ စကားလုံးများကို ပြန်ကြားရင်း မျက်ရည်က ဝဲတက်လာသည်။ […]


kotun winlattSeptember 7, 20125min26816
        “မောင်လေး မမအတွက် ခေါင်းကိုက်ပျောက်ဆေးဝယ်ပေးဦး” မမကြီးမှ အိမ်တွင်ရှိသော အထွေးဆုံးမောင်အား ဈေးဝယ်ခိုင်းခြင်းဖြစ်သည်။ မောင်နှမ လေးယောက်တွင် အငယ်ဆုံး ဖြစ်ပြီး ယောက်ျားလေး တစ်ယောက်သာ ပါသောကြောင့် မိသားစု၏ အလွန်ချစ်ခြင်းခံရသည်။ မမကြီး၏ ခိုင်းစေချက်ကြောင့် ဈေးဝယ်သွားရန် ဆိုင်ကယ်ပေါ် တက်ခွနေသော မောင်လှထုံအား         “နေဦး မောင်လေး ခေါင်းကပ် ပလာစတာပါ ဝယ်ခဲ့နော်” ထိုစကားကြောင့်         “ခေါင်းကပ်ပလာစတာလား အနာကပ်ပလာစတာလား” မောင်လှထုံမှ သေချာရန် ထပ်မေးသည်။ မမကြီးကလည်း သေချာပြန်ဖြေလိုက်ပါသည်။ ခေါင်းကပ်ပလာစတာပါ။ မောင်လှထုံမှလည်း ဝယ်လာခဲ့ပါသည်။ ခေါင်းကပ်ပလာစတာပဲ ဖြစ်ပါသည်။သို့ပေမယ့် ခေါင်းကိုက်ပျောက်ဆေးကဖြင့် ပါမလာတော့ပါ။ တစ်ခုမက […]