kaiSeptember 6, 20124min26711
လမ်းဆုံ လူတယောက်ရဲ့ ဘဝခရီးလမ်းမှာ လမ်းဆုံတွေ အများအပြားကို ကြုံတွေ့ဖြတ်သန်းရလေ့ ရှိပါတယ်။ တချို့လူတွေအတွက် ဘဝခရီးဆိုတာ အဝေးပြေးလမ်းမကြီးလိုပဲ ဖြောင့်ဖြူးချောမွေ့ နေတတ်ပေမယ့် တချို့လူတွေအတွက် ကျတော့လဲ ဘဝခရီးဆိုတာ အကွေ့အကောက်တွေ၊ အတားအဆီးတွေ ပြည့်နှက်နေတဲ့ ဆူးကြမ်းလမ်းကြီး ဖြစ်နေတတ်ပါတယ်။ ဘယ်လိုလမ်းပဲဖြစ်ဖြစ် သေချာတာကတော့ တနေ့နေ့မှာ ဘဝအတွက် ရွေးချယ်မှုတွေ ပြုလုပ်ရတဲ့ လမ်းဆုံတွေကို ကြုံတွေ့ရလေ့ ရှိတယ်ဆိုတာပါပဲ။ ဒီလိုလမ်းဆုံတွေနဲ့ ကြုံတွေ့ရတဲ့အခါ ရွေးချယ်မှုတွေ ပြုလုပ်ရလေ့ရှိပါတယ်။ ဒီရွေးချယ်မှုမှာကလဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ရတာ၊ မိဘဆွေမျိုးတွေက ရွေးချယ်ပေးတာတွေ ရှိပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါမှာ ပထမဦးဆုံးအနေနဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားကြရပါတယ်။ အခြေအနေဆိုတာမှာကလဲ ကိုယ်က ထိန်းချုပ်လို့ ရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေဖြစ်နိုင်သလို၊ ကိုယ်က ထိန်းချုပ်လို့ မရတဲ့ အရာတွေ […]


” တောက်…ဒီမီးပွိုင့်ကလဲ ဘာကြောင်နေလဲ မသိဘူး ” ခပ်ပြင်းပြင်း တောက်ခေါက်သံတစ်ချက်က ညဉ့်ယံကို ဖောက်ထွင်းပြီးပေါ်လာခဲ့တယ်။… နေရာက လှည်းတန်းမီးပွိုင့်…။ တောက် ခေါက်လိုက်သူက ကင်းတဲမှာ တာဝန်ကျတဲ့ ယာဉ်ထိန်းရဲ တစ်ဦးရဲ့ အသံ…။ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ စက္ကန့် ၃ဝ လောက်ကမှ မီးစိမ်းသွားတဲ့ တက္ကသိုလ်ရိပ်သာလမ်း လမ်းကြောက ချက်ချင်း ဝါ သွားပြီးမကြာခင် အင်းစိန် လမ်းယာဉ်ကြော မီးစိမ်းသွားလို့ပါပဲ ။ ဒီလိုအဖြစ်မျိုးကြုံရတာ ပထမဆုံးအကြိမ် မဟုတ်တော့။အရင်လကပဲ မီးပွိုင့် ချို့ယွင်းနေလားဆိုပြီး ပြုပြင်သူတွေ လာလုပ်ပေးထားတာ။ အခုထပ်ပြီး မီးပွိုင့်က ကြောင်တောင်တောင်ဖြစ်တယ်ဆိုတော့.? သူ့အတွေးမဆုံးလိုက်ပါ ..။ အင်းစိန်လမ်းကြောမှ မီးသတ်ယာဉ်တွေနဲ့ လူနာတင်ကား တစ်စီး အပြင်းဖြတ်သန်း မောင်းနှင်သွာပါတော့တယ်….. ———————————– ကျနော်….။ အိပ်ပျော်နေတဲ့ ယာဉ်ထိန်းရဲကို […]


စဆရ ႀကီးSeptember 5, 20121min1025
သီချင်းသံသည် မတိုးမကျယ်ဖြင့် ဖုန်းအတွင်းမှ ထွက်နေသည်။ ဆိုင်ပိတ်သိမ်းချိန်ရောက်ပြီဖြစ်သည့်အတွက် ကိုရင်ရှူံးသည်လည်း တိတ်ဆိတ်မှုကို ဖြိုခွင်းရန်အတွက်သော်လည်းကောင်း၊ တစ်နေ့တာ ပင်ပန်းမှုကို ဖြေဖျောက်ရန်အတွက်သော်လည်းကောင်း ဖွင့်ထားရာမှ Adele ၏ သီချင်းတစ်ပုဒ်အရောက်တွင်မတော့ ခပ်တိုးတိုးလိုက်ငြီးသွားနေရင်းမှ ဖြတ်ကနဲသတိရလိုက်မိသည်။ သီချင်းစာသားလေးမှာ.. “Never mind, I’ll find someone like you I wish nothing but the best for you, too Don’t forget me, I begged, I remember you said Sometimes it lasts in love, but sometimes it hurts instead Sometimes it […]


စဆရ ႀကီးSeptember 4, 20121min1537
ယနေ့သည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် လတစ်လ၏ (၄) ရက်မြောက်နေ့ဖြစ်သည်။ ဘာမှပိုထူးခြားလာခြင်းမရှိပေ။ ကောင်းကင်ကြီးများ ပိုမိုလှပလာလေသလား? ကျွန်တော်မော့ကြည့်လိုက်ပါ၏။ မထူးခြားပါ။ ကန္တာရ၏ နွေနေ့တစ်နေ့သာဖြစ်၏။ လူတွေများ အောင်ပွဲခံကြလေသလား? ကျွန်တော်ဝေ့ဝဲကြည့်လိုက်ပါ၏။ သွားမြဲလာမြဲ၊ နဂိုအတိုင်းပင်။ ဖွဘွတ်ပေါ်တွင် အထိမ်းအမှတ် စာပေများ ဖွဲ့နွဲ့ကြလေသလား? ကျွန်တော်ကွန်ပျူတာ ဖွင့်ကြည့်လိုက်၏။ မြင်နေကျသတင်းများပင် တက်လာပါ၏။ ပြောင်စပ်စပ်ပုံများ၊ ရည်းစားမွှန်နေသူများ၊ မုတ်ဆိတ်များ မျိုးဆက်ပြန့်ပွားခြင်းကို ကာကွယ်နေသူများ၊ လွှတ်တော်အတွင်း ခုံတစ်နေရာစာမြဲရန် စုပေါင်းရန်စောင်ကြသူများ၊ တစ်လုံးတည်းသော ဘောလုံးကို လုကန်ရင်း ဟိုဘက်ဒီဘက် အပြန်အလှန်သွင်းနေကြသူများ၊ Post အမျိုးမျိုးပေးပြီး ပုံအမျိုးမျိုး အရိုက်ခံနေသူများ၊ တစ်နေကုန်လုပ်နေသမျှ မနားတမ်း အသိပေးနေသူများသာ မြင်နေရလေ၏။ ထူးပြီးဆန်းမလာပါ။ ********************************************************************************** ကျွန်တော့်အတွက်မူကား…. သူမသည် တစ်ချိန်က ” မောင် ” ဟု […]


kotun winlattSeptember 2, 20125min35127
      မနက်လင်းကတည်းက ကျနော် သွားရမည့် ခရီးအတွက် အစီအစဉ်မကျနမှာကို ရင်မောနေမိ၏။ ဘိလပ်မြေအိတ်နှင့် ၂ဝနှင့် ဖိုင်ဘာခုံ ၁ဝလုံးမှာ မနေ့ကတည်း ပို့ခိုင်းထားပြီးဖြစ်သဖြင့် စိတ်အေးနေရသော်လည်း ဗီရိုမှာ ယနေ့မှ ရမည်ဖြစ်သဖြင့် သုံးဘီးဆိုင်ကယ်ကို ဒီနေ့မနက်မှ လာသယ်ရန်မှာထားရသည်။ ကျနော်တို့ အဖွဲ့မှာ မနက်ရှစ်နာရီတွင် ကူးဆိပ်ဘုန်းတော်ကြီးကျောင်း သို့သွားကြမည်ဖြစ်၏။ သွားကြရမည့် အကြောင်းမှာ mandalay gazatte အွန်လိုင်းသုံးစွဲသူများအဖွဲ့မှ လှူဒါန်းသော ဗီရိုတစ်လုံး ဘိလပ်မြေ ၂ဝအိတ် ဖိုင်ဘာခုံ ၁ဝလုံးနှင့်အတူ ကျနော်တို့၏ one candle စေတနာရှင်လူငယ်များအဖွဲ့မှလည်း အမှိုက်ပုံးနှစ်လုံး ( အမှိုက်ပုံးငါးလုံးလှူရန် ဖြစ်သော်လည်း ရွာတွင် ရှာဝယ်ရာ နှစ်လုံးသာရရှိသဖြင့် နှစ်လုံးသာ လှူလိုက်ရခြင်းဖြစ်၏။) ခေါက်စားပွဲတစ်လုံးကို စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ […]


si toneSeptember 1, 20121min2355
“အနမ်း” မင်းနုတ်ခမ်းက အနမ်း ငါ့ကို နောက်ဆုံး နုတ်ဆက်သွားမှန် မသိလိုက်ခင်တုန်းက စွဲလန်းခဲ့တဲ့ အချစ်အတွက် ငါ သိပ်ဂုဏ်ယူခဲ့တယ်…… ဒါပေမဲ့ အခုတော့ အဲဒီအချစ်တွေကို ပြန်ဖောက်ထုပ်ပစ်ချင်ပြီး အလွမ်းပါတဲ့ အနမ်းအတွက် ငါ… ဂုဏ်မယူချင်တော့ဘူး……….. …………………………………………………………………………. ” One upon a time ” အရင်တုန်းက တစ်ချိန်တုန်းက တစ်ခါတုန်းက ဆိုတဲ့ စကားလုံးကို ငါ အရမ်းနှစ်သက်တယ်….. ဘယဖြစ်လို့လဲဆိုတော့ အတူတူကြည်နူးခဲ့တာတွေ အတူတူပျော်ရွှင်ခဲ့တာတွေ ပြန်မရတော့လို့ ဒီစကားလုံးလေးတွေနဲ့ ပြန်လွမ်းဆွတ်စေခဲ့တယ်……


naywoon niSeptember 1, 20121min1289
(စာကိုယ် မရေးခင် ကြိုတင်ပြီးတောင်းပန်ထားပါရစေ…။ ဒီစာကိုရေးခဲ့တာက 1986 လောက်ကရေးခဲ့တာပါ…။ ဒါပေမဲ့ ဒီနေရာမှာလိုအပ်မယ်ထင်လို့ ဖြည့်လိုက်တဲ့သဘောလည်းပါပါတယ်…။ လူတော်တော်များများ မတွေးမိတာလေး ….. တွေးဖို့မလိုအပ်ဘူးလို့ထင်တာလေးဖြစ်နေလို့ပါ…။ ရေးသားထားပုံကတော့ နေဝန်းနီ ရေးတတ်သလို ထုံးစံအတိုင်း ခပ်ရင့်ရင့်လေး ဆိုတော့ ဖတ်ဖို့ မလိုပါဘူးကွာလို့ ယူဆရင် ကျော်သွားလို့ရပါတယ်…။ တစ်နေ့က စာအုပ်ပုံ ထဲက မလိုအပ်တာတွေ ဖျက်ဆီးပစ်မလို့လုပ်ရင်းက တွေ့လာတဲ့ အတွေးလက်ကျန်လေးပါ…။ ပျက်သွားလို့ ဖတ်မရတဲ့နေရာမှာ သင့်တော်တာ အစားထိုးလိုက်တာကလွဲလို့ ယခင်က ရေးထဲ့ စာသားအတိုင်း ပြန်ရိုက်တင်ပေးလိုက်ပါတယ်…။ ) နေဝန်းနီ 10 အောင်တာက 1985 အဲဒိနှစ်က ချက်ချင်းကျောင်းတက်ရသေးတယ်…။ ဒီဇင်ဘာလမှာ ကျောင်းတွေစတက်ရတယ်….။ အသက်က 16 နှစ်ပြည့်ပြီးကာစ….။ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာကိုပဲ သိတဲ့အချိန်…။ 1986 Set […]


si toneSeptember 1, 20121min44119
ကဲ…… သူငယ်ချင်းတို့ အသဲကွဲဖူးကြလား……. Si Tone တော့ အသဲကွဲဖူးပါတယ်…… စိတ်တော့မဆိုးကြနဲ့နော်… Si Tone ရေးတဲ့စာတွေမှာအမှားပါရင်…. Si Tone ကိုခွင့်လွှတ်ကျပါနော်…. အရင်ဦးဆုံးတောင်ဆိုတာပါ….. Si Tone ထင်တယ်…. လူကောင်းတစ်ယောက်ဆိုရင် အသဲတစ်ခါတော့ကွဲဖူးရတယ်…. Si Tone ဆိုလိုတဲ့ သဘောက လူကောင်းဆိုတာ အချစ်နယ်ထဲကိုရောက်ဖူးတဲ့ သူကို ဆိုလိုတာပါ….. အင်…. Si Tone အထင်. ………………………………… ယောင်္ကျာလေးတွေ အများစုက အသဲခွဲနေကြတာများတယ်….. အသဲကွဲဖူးတာနည်းတယ်….. အသဲကွဲပီးဆိုရင်လဲ မိန်းကလေးတွေထက် ပိုဆိုးတယ်…ယောကျင်္ားလေးတွေက အစွဲအလန်းပိုကြီးကြတယ်.. ချစ်ပီးဆိုရင်လဲ သူဘယ်လောက်ပဲ ဆိုးရွာပါစေ နောက်ပြောင်းလဲသွားပါတယ်… တချို ့မိန်းကလေးတွေက ပြောတယ် ယောကျင်္ားတွေကမကောင်းဘူးလို့…. “ဘာလို့လဲလို့” Si Tone မေးရင် မိန်ကလေးတွေကို အသဲခွဲကြလိုဆိုပီး……. […]


si toneAugust 31, 20121min39811
အင်း….. ဒီတစ်ခါ Si Tone shopping ထွက်တဲ့အကြောင်းအရင်းကိုပြောပြပါ့မယ်…… ရွာထဲက သူငယ်ချင်းတွေလဲ shopping ထွက်ရတာ ဝါသနာပါမယ်လို့ Si Tone ထင်ပါတယ်…. အဲလိုပဲ.. Si Tone လဲ shopping ထွက်ရတာ ဝါသနာပါ ပါတယ်…. ရွာထဲက သူငယ်ချင်းတွေ shopping ထွက်ပြီးဆိုရင် shopping Mall ထဲမှာ ဘာတွေကို အရင်ကြည့်လဲ……? Si Tone ကတော့ ဘယ် shopping mall တွေပဲ ဝင်ဝင်… music city , music and book စသဖြင့် အဲဒီအပိုင်းထဲကို ဝင်ကြည့်တယ်….. ဘာဖြစ်လဲဆိုတော့ Si Tone က သီချင်းတွေပက်သပ်ရင် အကုန် စိတ်ဝင်စားတယ်…. […]


  စားပွဲပေါ်တင်ထားတဲ့ လူများကို ပြန်ဖတ်ကြည့်တော့ စာအုပ်နံ့ထွက်နေတယ်။ ဘေလီကိုလင်နဲ့ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှာ စကားများနေတုန်း နတ်သျှင်နောင်ရဲ့ ရတုက တိုးတိုးလေးနဲ့ ဆူညံလွန်းခဲ့တာတော့ မမေ့ဘူး။ ဝေးသွားပြန်ပြီ။ ဘာလို့လဲဆိုတော့ မနီးစပ်တော့လို့ပေါ့။ ရန်ကုန်-မန္တလေး ကားလမ်းအသစ်ကြီးဘေးမှာ ခင်ဗျား မစင်စွန့်ဖူးပါသလား။ ဟစ်တလာက ဘာလို့ နယူကလီးယားကို မရသွားတာလဲ။ ကျွန်တော်ချစ်သူက ကျွန်တော့်ကို တောက်တစ်ချက်ခေါက်ပြီး မိုးရွာတယ်။ ကျွန်တော့်လမ်းတွေ ဗွက်ထကုန်တာပေါ့။ ဂရေဟမ်ဘဲလ် ကို ခေါ်ပေးပါ။ ဆက်သွယ်မှု ဧရိယာကို သူမသိသေးရင် သင်ပေးရအောင်။ ရယ်လီဘလတီ သီအိုရီကို ပန်းကန်ထဲထည့် မြန်မြန်စား။ တော်ကြာ အိုင်းစတိုင်းလာတော့မယ်ဗျ။ ကျန်တာကတော့ ခင်ဗျားသဘော။ အေမွန်ရဲ့ အရှေ့ဘက်က မနက်ခင်းတွေ မိုးမလင်းတော့ဘူး။ ကဲပါ။ ပြန်ရအောင်ပါဗျာ။ ခြင်ကိုက်တယ်လေ။ မျက်နှာများတိုင်း မကောင်းဘူးတော့ […]


si toneAugust 29, 20121min1917
ပေးဆပ်သူ မဟုတ်တဲ့ ပေးဆပ်သူ အကျွန်ပ် သူနဲ့ မျက်လုံးချင်း ဆုံလို့ ချစ်ခဲ့ပါတယ် နောက် သူပေးဆပ်ပါတယ်.. အပြုံးတစ်ပွင့် အကျွန်ပ် ပြန်ပေးဆပ်ပါတယ် ရင်ခုန်မှုအပြုံးကိုပေါ့ နောက်သူပေးဆပ်ပါတယ် အချစ်တစ်ခုကို အကျွန်ပ် ပြန်ပေးဆပ်ပါတယ် မကုန်ဆုံးနိုင်တဲ့အချစ်ကိုပေါ့ နောက်သူပေးဆပ်ပါတယ် အေးဆက်မှုတစ်ခုကို အကျွန်ပ် ပြန်ပေးဆပ်ပါတယ် နွေထွေးမှုကိုပြန်ရအောင်ပေါ့ နောက်သူပေးဆပ်ပါတယ် ထားရစ်ခြင်းတစ်ခုကို အကျွန်ပ်ပြန်ပေးဆပ်ပါတယ် တောင်းတခြင်းတစ်ခုကိုပေါ့ နောက်သူပေးဆပ်ပါတယ် ရက်စက်မှုတစ်ခုကို အကျွန်ပ် ပြန်ပေးဆပ်ပါတယ် ငိုကြွေးခြင်းတစ်ခုကိုပေါ့ နောက်ဆုံးသူပေးဆပ်ခဲ့ပါတယ် အမုန်းတစ်ခုကို အကျွန်ပ် ပြန်ပေးဆပ် အလွမ်းတစ်မျိူးကိုပေါ့ နောက်တစ်ကြိမ် သူနဲ့ အကျွန်ပ် မျက်လုံးချင်း ဆုံးလို့ သူကို အကျွန်ပ်မုန်းသွားခဲ့ပါတယ်.. တကယ်တော့ သူက နောက်ပေးဆပ်သူ တစ်ယောက်နဲ့ပေါ့………… ဒီဟာကိုလဲထပ် အားပေးပါနော်…. အားလုံးကို ရှစ်တဲ့ SI Tone


si toneAugust 29, 20121min1304
စာရေး ဆရာ ဇာတ်လမ်းရေးသာသူ အကျွန်ပ် အချစ်ဇာတ်လမ်း တစ်ပုဒ်ကိုရေးရင်…… ကြေကွဲနေရမည့် အခန်းမှာ အကျွန်ပ်ရဲ့ ဖောင်တိန်းလေးဟာ မှင်ကုန်သွားဖို့ ဆုတောင်းပါတယ်… ဒီလိုပဲ…. လွမ်းဆွတ်ရမည့် အခန်းမှာ အကျွန်ပ်ရဲ့ အာရုံလေးတွေ လေထဲမှာ မျှောပါသွားဖို့ ဆုတောင်းပါတယ်… ဒီလိုပဲ… ဇာတ်နာမည့် အခန်းမှာလဲ အကျွန်ပ်ရဲ့ ခံစားချက်ကို တင်ပြတဲ့ စာအုပ်ကလေး ကုန်သွားရင် သိပ်ကောင်းမှာပဲလို့ တွေးရင် ဇာတ်လမ်း တစ်ပုဒ်ရေးပြီးရခဲ့ပါတယ်…. ထိုဇာတ်လမ်းက “ ခွဲခွာချင်း” ဆိုတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ….. Si Tone ရဲ့ကဗျာ လေး အားပေးပါနော် ပီးတော့ အကဲလဲခပ်ပေးနော်…


naywoon niAugust 29, 20121min17313
အဟင်း ….။ မရေးတော့ပါဘူးလေလို့ စဉ်းစားထားတာ သူရို့က လာလာ ဆွဆွ တော့လည်း စိတ်ကူးတွေက ကျိကျိ တက် ချမ်းသာသွားတာနဲ့ မနေနိုင်လို့ ရေးချလိုက်ပြီ…။ ဂွစာတို့က ပြောလိုက်ရင် အနှောင့်မလွတ် အသွားမလွတ်ဆိုတော့ မပြောဖြစ် မရေးဖြစ်အောင် ရွာထဲ မဝင်ပဲ လက်ရှောင်နေတာ…။ ငယ်ငယ်ကတည်းက တစ်ယောက်ယောက်ပြောလိုက်ရင် ဆန့်ကျင်ဘက် ပြန်ပြောလိုက်ရမှ ကျေနပ်တာ ဆိုတော့…….. ဗျာ…။ သတင်းစာ ဖတ်တတ်တဲ့ အရွယ်ကတဲက ကြော်ငြာ စာမျက်နှာမှာ ထည့်လိုက်ကြတဲ့ မွေးနေ့ တစ်ရက်လေးမှ မနားကြဘူး…။ ခုလည်း အင်တာနက် စာမျက်နှာပေါ်မှာတောင်မှ မွေးနေ့ပွဲကျင်းပနေလိုက်ကြသေး…..။ အဲဒိတော့ ကျုပ်လည်းပြောရဦးမယ်…။ ကျုပ်မွေးနေ့အကြောင်း…..။ ကျုပ်လည်း လူပဲဗျ…။ မွေးနေ့ ဆိုတာရှိပေါ့…။ ဒါပေမဲ့ ငယ်ငယ်လေးထဲက အစွဲတစ်ခု ခုထိ မကျွတ်သေးလို့ […]