manawphyulayAugust 28, 20101min1373
ပညာရေးကိုမြန်မာတွေတန်ဖိုးထားရဲ့လား ဟူသောမေးခွန်းနှင့် ပင်ဒီဆောင်းပါးငယ်လေးကို နိဒါန်းပျိူးချင်ပါသည်။ ယင်းမေးခွန်းကို ကျွန်တော် ၂၄ နှစ် လွန်ခဲ့သော သုံးနှစ်တာ ကာလက မိမိကိုယ်ကိုယ် ပညာရေးတွင်စိတ်ဝင်စားရဲ့လား၊ တန်ဖိုးထားရဲ့လား ဟုအစပြု စဉ်းစားခဲ့ရာမှ ဒီမေးခွန်းနှင်းပတ်သက် ပြီး Survey အတော်များများလုပ်ခဲ့ဘူးပါတယ်။ ခုချိန်ထိလဲ လုပ်ဆောင်နေဆဲပါ။ ကျွန်တော် ထိုအတွက် အချိန်အများကြီးပေးခဲ့ရပါသည်။ မြန်မာ လူကြီးလူူငယ်အတော်များများ၊ S-Pass, EP, PR, Citizen နှင့်ကျောင်းသားအတော် များများကို အိတ်စိုက် လက်ဘက်ရယ်တိုက် စကားပြောဆိုကာ မသိသာတစ်မျိုး၊ သိသိသာသာ တမျိုးဖြင့် ယင်းတို့၏ ပညာရေးအမြင်များ ကို အစ်အောက်စကားနှိုက်ခဲ့ရပါသည်။ Survey ကိုတော့ Sampling Method နှင့် Population Method တို့ကိုအသုံးပြုကာ လူဦးရေ ၅၀၀ဝ တွင်အခြေခံထားပါသည်။ ၅ဝရာခိုင်နှုန်းမှာ […]


nitrospeedAugust 28, 20101min902
တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။ နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။ “အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ” “မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်” “ဘာကျေးဇူးများလဲ” “မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ” “အင်း…နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး […]


etoneAugust 27, 20102min741
နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုမှာ ငါးနှစ်လောက် တာဝန်ထမ်းဆောင်ရာက ပြန်ရောက်လာတဲ့ ကျောင်းသားဟောင်းတစ်ယောက် လာကန်တော့ နှုတ်ဆက်ပါတယ်။ ခဏနားပြီး စာမေးပွဲဖြေဦးမယ်လို့ ပြောပါတယ်။ မချိပြုံးနဲ့သွား ငါးနှစ်ကာလအတွင်း ကမ္ဘာကို တော်တော်နှံ့သွားပြီ။ ပိုက်ဆံလည်း အသင့်အတင့်စုမိပါတယ်။ မိဘတွေက စုဆောင်းပေးထားတယ်လို့ ပြောကြတယ်။ သူက အိမ်ထောင်မရှိသေးပါဘူး။ တစ်သက်လုံးသင်္ဘောသား လုပ်တော့မှာလားလို့ မေးတော့ ဒီအ တိုင်းပဲ ဆက်လုပ်ရမှာပေါ့ဆရာရယ်လို့ မချိပြုံးနဲ့ ဖြေပါတယ်။ နှစ်နာရီလောက်ကြာအောင် စကားတွေပြောပြီးတော့ သူပြန်သွားပါတယ်။ သူပြန်သွားပေမယ့် သူမျက်နှာမှာ တဒင်္ဂမြင်တွေ့လိုက်ရတဲ့ မချိပြုံးလေးက မျက်စိထဲမှာကျန်နေရစ်တယ်။ သင်္ဘော တက်ခါနီး သူလာကန်တော့နှုတ်ဆက်တုန်းကလည်း ဒီမချိပြုံးလေးနဲ့ပါပဲ။ မချိပြုံးနဲ့ပြန် သူက စက်မှုတက္ကသိုလ်က ဗိသုကာဘွဲ့ရသူပါ။ အပျော်တမ်းပန်းချီဆရာလည်း ဖြစ်တယ်။ဒါပေမဲ့ အခြေအနေကတွန်းပို့လိုက်တော့ သင်္ဘောတက်သွားရတယ်။ အခုငါးနှစ်ကြာမှ ပြန်ရောက်လာတယ်။ မချိပြုံးနဲ့ သင်္ဘောတက်သွားသူဟာ ပြန်ဆင်း လာတော့လည်း […]


lu ta loneAugust 24, 20101min1200
အများအားဖြင့် တစ်ဦး တည်းသော သား သမီးများ သည် ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် အားနည်းချက်များ ရှိတတ် သည်ဆိုသော ယူဆ ထားမှုမျိုးမှာ အခြေ အမြစ် တိတိ ကျကျ မရှိကြောင်း သုတေသီများက ပြောကြား လိုက်သည်။ ဆယ်ကျော်သက် အရွယ်များတွင် တစ်ဦးတည်းသော သားသမီးများသည် အများ အားဖြင့် တစ်ကိုယ်ကောင်းဆန်မှု၊ ပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းမှုများ ရှိတတ်သည် ဟူသော အယူအဆနှင့် ပတ်သက်ပြီး ဒေါက်တာ ဒွန်နာဘိုဘစ်ဇီဟာနှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများက ဖော်ထုတ် နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ ပေါင်းသင်းဆက်ဆံရေး လေ့လာမှုအဖွဲ့မှ ဒေါက်တာဒွန်နာနှင့် အဖွဲ့သည် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားအရွယ်ရှိ တစ်ဦးတည်းသော၊ သားသမီးများနှင့် မိသားစု၊ […]


mr.dark bloodAugust 11, 20101min912
ဒါလည်း ကျွန်တော်ရေးထားတဲ့စာလေးပါပဲ…. သူများတွေက ၁၂၃နဲ့ အချစ်ကို စာသီကြတယ်။ ကျွန်တော်က 123 နဲ့ အချစ်ကို စာသီကြည့်မယ်။ One သွားနေရင်း ကျွန်တော်စဉ်းစားမိ ? Two နှစ်ကိုယ်နီးဖို့ စကား Three In One ကော်ဖီသောက်ရင်း သူပြောသွား Four ဖိုးပြောတဲ့ အိမ်ထောင်ရေး Five တော့မယ်လို့ မောင်စဉ်းစား Six တိုက်သလို ဒီတိုက်ပွဲ Seven ဒေးလုံး ကြိုးစားခဲ့။ Eight မက်တွေ ထုဆစ်ခဲ့..။ Nine နိုင်းတောင် ရင်သွေးရသွားခဲ့.ဒီလိုနဲ့ Ten မှာပုဆိုးလှန်းပြီး နောက်ဆုံး ပုဆိုးတန်းတင်ပဲပြုသွားရခဲ့။ Eleven ဖတ်ရင်း အတိတ်ကြောင်း စားမြုံပြန်မိရဲ့။ Twenth ရှည်ကြာအိမ်ထောင်သက်ကြီးလည်း နောက်ဆုတ်မရခဲ့။


mr.dark bloodAugust 11, 20101min1433
ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ စာလေးပါ….။ ဝက်ဘ်ဆိုဒ်တစ်ချို့မှာ တင်ခဲ့ပေမယ့် အမှတ်တရအဖြစ် ပြန်လည်တင်ပြရခြင်းဖြစ်ကြောင်း…..။ ဟက်ပီးနယူးရီးယား ဒီည ပဲကြီးလှော်နဲ့ရေနွေးကြမ်းသောက်ပြီး ဟက်ပီးနယူးရီးယားကိုကြိုဆိုမယ်။ ဘတ်စကားစပါယ်ရာကို အကြွေပေးပြီး ဒီထက်မက တိုးတက်နိုင်ပါစေလို့ ဆုတောင်းခိုင်းမယ် မီးကိုလည်း မကြာခဏလာပါစေလို့ ဖယောင်းတိုင်သက်စေ့ထွန်းပြီး ဆုတောင်းမယ် နှစ်သစ်မှာ တိုးတက်သွားတဲ့ ဖုန်းခတွေကို မော်ကြည့်ရင်း လက်ပြနှုတ်ဆက်မယ်။ ဒူးမခိုင်တဲ့ကွန်နက်ရှင်အတွက် ဆာဒူးကြီးရဲ့အကူအညီနဲ့ ကောင်းသွားပါစေလို့ ဆုတောင်းမယ်။ နပုန်းလိင်ဦးရေတိုးတက်လာတဲံ့ ဒီကမ္ဘာကြီးမှာ မိန်းမအစစ်ကို ခွဲလိုရတဲ့နည်းတွေ့ပါစေလို့ဆုတောင်းမယ်။ အမေရိကားထက် ငါးဆကွာနေတဲ့ မြန်မာနိုင်ငံကစာမူခတွေ အမြန်ဆုံး ရင်ဘောင်တန်းနိုင်ပါစေလို့ ဆုတောင်းမယ်။ ဘတ်ချောထွန်း(အော်ရယ်ဂျင်နယ်က ထွန်းထွန်း)၊ကင်တိုး(မောင်တိုး)တို့လို့ ကိုရီးယားဖက်စပ်နာမည်ပြောင်းမယ်။ ဗုဒဘာသာဆိုတာဘာလဲလို့မေးတဲ့ ဗုဒ္ဒဘာသာဝင်တွေကို ရုံသွင်းပြစားမယ်။ ခြေသလုံးတုတ်တုတ်၊ပေါင်လုံးတုတ်တုတ်နဲ့စကတ်တိုဝတ်တဲ့သူတွေကို လူအများအား ခြိမ်းခြောက်မှု၊ထိတ်လန့်မှုဖြစ်စေလို့ ထိရောက်စွာအရေးယူမယ်။ သူများသီချင်းခိုးချပြီးထုတ်တဲ့ကော်ပီအဆိုတော်တွေနဲ့ခိုးကူးခွေရောင်းတဲ့သူတွေကို သွေးသောက်ညီအစ်ကိုဖွဲ့ခိုင်းမယ်။ လီမင်ဟို၊ကင်ဘမ်စတဲ့ကိုရီးယားမင်းသား၊မင်းသမီးတွေကို ဆယ်ဖက်သက်ကြိုက်နေတဲ့သူတွေအတွက် ပြည်တွင်းဖြစ်ကိုသာ […]


mr.dark bloodAugust 9, 20101min1144
နှစ်လူးပြူးမမ မျက်လုံးပြူးသွားခြင်း ကျွန်တော်နေထိုင်ရာ ရပ်ကွက်လေးသည် ဆိတ်ငြိမ်၏ အရိပ်အာဝါသကောင်းသောသစ်ပင်များရှိသဖြင့် အေးချမ်း၏ ထို့ပြင် ရပ်ကွက်တွင်းရှိ လူများသည်လည်း စည်းလုံးကျ၏မည်မျှ စည်းလုံးညီညွှတ်သည်ဆိုသော် နေ့ဘက်ဆို တစ်ယောက်အိမ် တစ်ယောက်တတ်ကာ ချဲအတူ တွက်ကြည်မှအစ ညဘက်အတူ ခေါင်းချင်းဆိုင်ဖဲထိုင်ရိုက်ကြသည်အထိ စည်းလုံးလေသည်။ ပညာရေးအလေးပေးသည့် ရပ်ကွက်ဖြစ်ခြင်းကြောင့်လည်း မိဘများကိုယ်တိုင် 0အပါအဝင် ၁အစ၉အဆုံးဂဏန်းများနှင့် နေ့စဉ်နပမ်းလုံးနေသည်မှာ အစဉ်အလာတစ်ခုလို ဖြစ်နေပေသည်။ယင်းမိဘများထဲနှိုက် အငြိမ်းစားကျောင်းအုပ်ဆရာမ များလည်း ပါသကဲ့သို့ 4တန်းနှင့် ဟင်းချကာ ဟင်းစားအတွက် ရုန်းကန်ခဲ့ရသူများလည်း ရှိပေသည်။မည်သို့ဆိုစေ သူတို့သည်ကား နေ့ရော၊ညရော စည်းလုံးကြပြီး ဂဏန်းများအား အလွန်တန်ဖိုးထားသော သူများလည်း ဖြစ်သည်။ ဒေါ်စန်းမြင့်သည် ရပ်ကွက်ထဲတွင် အတော်အတန်ဩဇာညောင်းသောသူဖြစ်သည်။အသားဖြူဖြူနှင့်ရုပ်ရည်မှာ အရာရှိ ကတော်ရုပ်ပေါက်ရ်  အများ၏ အော်တိုလေးစားမှုကို လက်ပိုက်ခံယူရရှိနေသူလည်း ဖြစ်သည်။ကိုယ်တိုင်ကလည်း မဟုတ်မခံနှင့် ဇာတ်ဇာတ်ကြဲတုံ့ပြန်တက်သူဖြစ်ပေရာ အများက […]


mr.dark bloodAugust 6, 20101min2329
မာနဋီကာ မာနဆိုသည့်ပုဒ်အား ဆရာဦးထွန်းမြင့်ရေးသည့် ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်ထဲတွင် ထောင်လွှားခြင်း၊မောက်မော်ခြင်း၊စိတ်ကြီးဝင်ခြင်းဟု အဓိပါယ်ဖွင့်ဆိုထားသည်။ မာနဆိုသည်မှာ နာမ်ကိုမှီပြီး ဖြစ်ပေါ်လာသည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။အကုသိုလ်စေတသိက်(၁၄)ပါးထဲတွင် အကျုံးဝင်သည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။ မာနအမျိုးအစား(သုံးမျိုး) မာနကို အမျိုးအစား သုံးမျိုးခွဲခြားထားသည်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။သေယျမာန် မိမိကိုယ်ကို မိမိသာ မြတ်သည်ဟု မာန်တက်ခြင်း။ ၂။သဒိသမာန် မိမိကိုယ်ကို တစ်ပါးသူတို့နှင့်တန်းတူဖြစ်သည်ဟု မန်တတ်ခြင်း။ ၃။ဟိနမာန် မိမိကိုယ်ကိုမိမိ သူတို့အောက်ယုတ်သည်ဟု မာန်တက်ခြင်း။ မာနဒီဂရီများ မာနကို ဒီဂရီအားဖြင့် သုံးမျိုးခွဲခြားထားပါသေးတယ်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။Ordinary Pride ယင်းရိုးရိုးသာမန်မာန်တက်ခြင်းကို မာန ဟု ခေါ်သည်။ ၂။Super Pride ယင်းကဲ့သို့ အလွန်မာန်တက်ခြင်းအား မာနာတိမာန ဟု ခေါ်သည်။ ၃။Extraordinary ယင်းကဲ့သို့ အလွန်အကျူးမာန်တက်ခြင်းအား အတိမာနဟု ခေါ်သည်။ […]


mr.dark bloodAugust 5, 20101min28013
ရှေးလူတို့ ဆိုခဲ့သည်မှာ ကညာဖြူရွ က္ကတိ္ထယ ရူပကောင်းလျက် ဆံထုံးဖျက်က ကြည့်မကောင်းဟု ဆိုကြသည်။ ထပ်တိုးလာသည့် နောက်တိုးအမှန်တရားတစ်ခုမှာ ကညာဖြူရွ က္ကတိ္ထယ ရူပကောင်းလျက် အကျင့်ဖျက်က မိန်းမပျက်် ဖြစ်တတ်သည်ကို သတိမူရမည်။ ကိုယ့်ကား ကိုယ်မောင်း ပဲခူးရောက်ရောက်၊ကိုယ့်ဂီယာကိုယ်ထိုး စစ်ကိုင်းရောက်ရောက် လုပ်လို့ မရပေ။ပဲခူး၊စစ်ကိုင်းမရောက်ဘဲ စခန်း၊ဆေးရုံရောက်တတ်သည်ကိုလည်း သတိမူရမည်။ခေတ်ကာလတိုးတက်နေသည်မှာ မှန်သည်။ခေတ်နဲ့အညီတိုးတက်အောင် နေထိုင်ရင်း တိုးတက်လာသော ပေါင်တိုစကတ်များသည်ကား ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ အမြင်မတော်သည်ကို ဆင်ခြင်ရမည်။လူမျိုးတစ်မျိုးအဖြစ် အခိုင်အမာအထောက်အထားပြနိုင်သည့်အချက်တစ်ခုမှာ ယဉ်ကျေးမှုရှိခြင်းပင်ဖြစ်သည်။ကျွန်တော်တို့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုကျွန်တော်တို့ကိုယ်တိုင် မဖောက်ဖျက်စေဖို့ တိုက်တွန်းချင်သည်။နို့မဟုတ်ပါက ကိုယ်ဂုဏ်ကိုယ်ဖော်သည့် မသူတော်(၇)ပါးထဲ စာရင်းဝင်သွားလိမ့်မည်။ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်(၇)ပါးအကြောင်း စာပေဗဟုသုတနှင့်ရင်းနှီးသူတိုင်း ကြားဖူးကြသည်။ယင်းတို့မှာ အချိန်ကာလတိုက်စားသွားခဲ့သဖြင့် အောက်ပါအတိုင်း ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲသွားခဲ့သည်။ ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်(၇)ပါး ၁။ဒူးဖော် ၂။ပေါင်ဖော် ၃။ချက်ဖော် ၄။ရင်ဖော် ၅။ခါးဖော် […]


KyaemonJuly 25, 201011min690
the u.s. middle class is being wiped out here’s the stats to prove it: Tech Ticker, Yahoo! Finance http://finance.yahoo.com/tech-ticker/the-u.s.-middle-class-is-being-wiped-out-here’s-the-stats-to-prove-it-520657.html?tickers=%5EDJI,%5EGSPC,SPY,MCD,WMT,XRT,DIA Editor’s note: Michael Snyder is editor of theeconomiccollapseblog.com The 22 statistics detailed here prove beyond a shadow of a doubt that the middle class is being systematically wiped out of existence in America. The rich are getting richer […]


kaiJuly 22, 20101min2457
မြန်မာပြည်က မိတ်ဆွေတယောက်က အီးမေလ်းနဲ့ပို ့လိုက်တာပါ။ စာက ရှည်သမို ့The Voice ဂျာနယ်ကို တောင်းဆိုထားတာတွေရယ်။ အိပ်ဖွင့်စာကို မိတ္ထုကိုပို့တဲ့ လူ၊ဌာနစာရင်းပါတဲ့ စာမျက်နှာရယ်ပဲ တင်လိုက်ပါတယ်။ အဲဒီစာက ၂၀၀ရ ကအဖြစ်အပျက်ကိုညွှန်းထားတာဆိုတော့ မဖတ်ဖူးသူတွေအဖို့ ဘာကိုဆိုလိုချင်နေမှန်းသေချာမသိရပေမဲ့ မြန်မာပြည်ရဲ့ စာပေစိစစ်ရေး လုပ်ထုံးလုပ်နည်းတချို ့ကတော့ စာသက်သေနဲ့တကွ ကျန်ရစ်တယ် မြင်မိပါတယ်။ ဆောင်းပါးတစောင်ကိုပို့ရာမှာ စာမျက်နှာ(၄)မှာရေးသားချက်အရ..“ လုပ်ငန်းသဘောအရ ယင်းစာမူကို ဝန်ကြီးရုံးက ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုးထံသို့ ပို့ရကြောင်း။ ထိုမှ စာပေစိစစ်ရေးသို့ပို ့ကြောင်းပြောကြားခဲ့ပါသည်” ဆိုထားပါတယ်။ ပြောတဲ့သူက (အဲဒီတုံးက)သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဖြစ်ပါသတဲ့..။ ဝန်ကြီးရုံအပါအဝင်ဌာန၃ခုအနည်းဆုံးပါဝင်ပါတ်သက်နေတာ တွေ့ရပါမယ်။ ဒီတော့ စာပေစိစစ်ရေးဆိုတာက လူတွေသာမန်အမြင်ထဲမှာ …လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကို ပိတ်ဆို့ ရိုက်ဖျက်နေတဲ့ စာပေကင်ပေတိုင်ဌာနကြီး ဖြစ်နေပေမဲ့ အဲဒါကြီးအပေါ်မှာ […]


kaiJuly 14, 20108min1371
သာမန်ဆိုရင်တော့ ကံကောင်းတယ်ပေါ့..။ နောက်တခါထပ်ဆင့်ရင် ဟာ…ကံကောင်းလိုက်တာ ပါ့။ နောက်ထပ်တခါ ထပ်ပေါက်ပြန်ရင် အရမ်း၊အရမ်းကို ကံကောင်းတာပါပဲ ပေါ့။ လေးကြိမ်မြောက်ဆိုရင်တော့ အင်း… ဘာပြောရမလဲ..ကြောက်စရာ့ကံ လို့ပဲ အမည်တပ်ချင်ပါတော့တယ်။ အဲဒီလို ၄ကြိမ်လုံးတယောက်ထဲ ထီပေါက်ပို ့ဖြစ်နိုင်ချေက ၁နောက်ကသုံည ၂၄လုံး ( ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ပုံ ၁ပုံပါတဲ့။ အဲဒီကြောက်စရာ့ကံပိုင်ရှင်ဟာ သချင်္ာပါမောက်ခ အမျိုးသမီးတဦးပါတဲ့..။ အောက်မှာ သတင်းဖတ်ကြည့်ပါ။ ထီပေါက်ချင် …သချင်္ာသင်ရမလိုဖြစ်နေပါပြီ..။ ကြုံလို ့ပြောရရင် .. ပြီးခဲ့တဲ့၁-၂ပါတ်လောက်က မြန်မာပြည်ကသတင်းတခုမှာ ပြည်ပကလူတွေ မြန်မာပြည်ကထီကို အင်တာနက်ကနေထိုးနိုင်ပြီဆိုပါတယ်။ မြန်မာပြည်က ထီက ဒေါ်လာနဲ့တွက်ရင် ဘယ်နှစ်သိန်းများရှိနေသလဲမသိပေမဲ့ ယူအက်စ်ကယ်လီဖိုးနီးယား ထီက တခါပေါက် (အများဆုံး)ဆို သန်း ၁၉ဝကျော် အထိ ဖြစ်ဖူးပါတယ်။ အဲဒီထီအတွက်လက်မှတ်က တစောင်မှ ၁ဒေါ်လာထဲပါ။ […]