“မသိစိတ်ထဲကကြောက်စိတ်”   မဖုံးနိုင် မလုံ အုံပွင့် ပြောချင်သလိုပြော ဖောချင်သလိုဖော ကိုယ့်စကား ဘယ်ဆီရောက်တယ် မသိ။ အဲသဟာ အဲ့ဒါလေးကြောင့်ပေါ့။     ကိုပေါက်လက်ဆောင် အတွေးစဉ် ၃၁၃၁၆      


alinsettMarch 31, 20161min72431
”ကျမ ပြည်ပခရီးစဉ်တွေ စ သွားလို့ရချိန်က စပြီး ကျမ နိုင်ငံအချို့ကို သွားခဲ့ပါတယ်။ အင်မတန်မှ တိုးတက်နေပါတယ်ဆိုတဲ့နိုင်ငံတွေထဲ ရောက်တဲ့အခါတိုင်း ကျမ ကိုယ့်ကိုကိုယ် ပြန်မေးပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ကျမ အထင်ကြီးသလား . . .မက်မောသလားဆိုတာ။   ကျမ ဟာဝိုင်ရီ ရောက်တုန်းကဆိုရင် ကမ်းစပ်မှာ ထိုင်ပြီး ပစိဖိတ်သမုဒရာကို ကြည့်ပြီး စဉ်းစားဖူးတယ်။ ဟာဝိုင်ရီဟာ ပထဝီအနေအထားအရလည်း အင်မတန်မှ လှပသာယာတယ်။ လူမှုအသိုင်းအဝိုင်းကလည်း တစ်ယောက်ကိုတစ်ယောက် ချစ်ခင်လေးစားမှုတွေနဲ့ အပြန်အလှန် တည်တည်ငြိမ်ငြိမ်ရှိတယ်။ အင်မတန်မှ နေချင်စရာကောင်းတဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျမ နေရရင် ကျေနပ်မလား. . . ပျော်မလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တဲ့အခါကျတော့ ကျမ […]


Movie Crazy အပိုင်း (၁) နဲ့ အပိုင်း (၂) ကို ရိုက်ကူးပြီးပြီ   အပိုင်း (၁)မှာ No one killed Jessica နဲ့ Olympus Has Fallen ပြောထားတယ်။ အခု ရုံတင်နေတာ London Has Fallen လေ။ အပိုင်း (၁)မှာ ထူးခြားတာ မေးခွန်းလေး နှစ်ခုမေးထားတယ် မှန်အောင်ဖြေနိုင်တဲ့သူက နိုင်ငံခြားကလာတဲ့ The Jungle Book ဇာတ်ကားနဲ့ပတ်သက်နဲ့ ပစ္စည်းတွေရမှာ အရမ်းမိုက်တယ်။   အပိုင်း (၂) မှာ Drshym နဲ့ The Reader အကြောင်းပြောထားတယ်။   အဲ့ဒါပြောပြတာ နောက်မှ အသေးစိတ် ထပ်ရေးပြတော့မယ်။


လွန်ခဲ့သော ဆယ်နှစ်ကျော် ဆယ့်နှစ်နှစ်ခန့်က တစ်ခုသော ဆောင်းညတွင် ကျွန်ုပ် နှင့် ငယ်သူချင်းတစ်ဦးတို့သည် မြို့ဘူတာရုံဝင်းနှင့် တဆက်တည်းရှိသော ဘီယာဆိုင်သို့ သွားရောက်ကြလေသည်။ ချမ်းအေးလှသောကြောင့် ဆိုင် အတွင်းတွင် ထိုင်စရာပင် မရှိချေ။ နှင်းတရွှဲရွှဲနှင့် ဝင်းထဲမှာပင် ထိုင်ရပေတော့မည်။ ဆိုင်အပြင်ဘက် ဝင်းထဲတွင် ကျွန်ုပ်တို့နှစ်ဦးသာ ရှိလေ၏။ ကျွန်ုပ်၏ သူငယ်ချင်းမှာလည်း လွန်စွာ နှုတ်ဆိတ်သော လူမျိုးဖြစ်ရာ ပျင်းရိဖွယ်ရာ ဖြစ်နေလေသည်။ သို့သော် ၎င်းမှာ ဘီယာသုံးခွက်ဝင်လျှင်မူ ကမာ္ဘ့အငြင်းအသန်ဆုံး လူ တစ်ယောက် ဖြစ်လာပေမည်။ ယခုမူ ပထမဆုံး ဘီယာခွက်ကို ကသိုဏ်းရှုလျက်ပင် ရှိရကား အချိန်များစွာ လိုသေး၏။ ကျွန်ုပ်လည်း ဘီယာဆိုင်လုလင် ကရင်ကလေး ကို ခေါ်၍ ထွေရာလေးပါး လျှောက်ပြောနေရလေသည်။ ကရင်ကလေး မှာ လူပျိုပေါက်အရွယ်မျှ […]


naywoon niMarch 28, 20161min2464
​လှေချည်​ကြိုး ဓ​လေ့ ထုံးစံဆိုတာ ​ရှေ့ကိုထိုးမထွက်​နိုင်​​အောင်​ ခါးမှာလာချည်​ခံထားရတဲ့ ကြိုးတစ်​​ချောင်​း ။ အချိန်​ကာလ ကသာ တစ်​​ရွေ့​ရွေ့ ​ရွေ့​နေခဲ့ ငါတို့က ​နောက်​မှာကျန်​ခဲ့တာ နှစ်​နှစ်​ဆယ်​ သုံးဆယ်​ ​လေးဆယ်​ငါးဆယ်​ နှစ်​တစ်​ရာ နှစ်​ရာလည်​းဖြစ်​ချင်​ဖြစ်​မယ်​ ။ ပြတိုက်​ထဲ အထည်​့ခံထားရတဲ့ လူအဖွဲ့အစည်​း အချိန်​ဘယ်​၍ ဘယ်​မျှ မတွက်​ဆတတ်​​တော့ဘူး​လေ ။ ခုမှ အိပ်​မက်​က လန်​့နိုး ​ခရီးဆက်​ကြရ​အောင်​ ​ဆောြ်​သ ​လှေချည်​ကြိုးမဖြုတ်​ပဲ အားတက်​သ​ရော ​လှော်​​နေ​တော့ ငါတို့ ​လှေ ကမ်​းစပ်​မှာပဲ တဝဲလည်​လည်​ ။ ​နေဝန်​းနီ 7:28 PM 2016 Mar 28 ​


ko sixMarch 28, 20161min1627
လူ့ဘဝက ဘယ်ဈေးနဲ့ ဝယ်လို့ရမလဲတဲ့ မီးမလင်းတဲ့ လမ်းမှာ လူတစ်ယောက်ရဲ့မေးခွန်းပါ။ အမှောင်ဟာ မသန့်ရှင်းမှုပေါ်မှာ ကွက်ပြီး လင်းတယ်လို့ အဲဒိအမြင်ကပဲ ဘာမဆိုင်ညာမဆိုင် အရောင်တွေထဲမှာ အလင်းဟာ နာမည်မရှိဘူးလို့ ဖြေလိုက်တယ်။ လက်ကနဲအရာတစ်ခုက မောဟသာဆိုရင် မှန်မှန်ဖြေပေတော့ ငါနဲ့မင်း ဘယ်သူကလူလဲတဲ့။ မသိနိုင်ခြင်းဆိုတာ ပန်ကာပေါ်က ဝက်အူပါလို့ ဖြေလိုက်တယ်။ အဲဒီလိုနဲ့ပဲ လူယုတ်မာတွေ အစာဝနေတုန်း။ ကိုစစ်


alinsettMarch 28, 20161min1572
”ကဝေတစ်ကောင်ရဲ့ သီချင်း”                               ——————————————–   ”ဖြောင်းဖြောင်းဖြောင်း” လက်ခုပ်သံတွေ မပြီးသေးခင်မှာပဲ… တချို့လက်တွေ ကွေးကောက်သွားတယ်… ရေတွင်းထဲက လမင်းတစ်စင်း ငေါက်ခနဲ ထပျံပြီး မိုးပေါ် တက်ချိတ်သွားတာကို မြင်ရတာ… လက်ဖဝါးတွေ ယားလို့တဲ့။     ဝိဉာဉ်ဆိုတာ ရင်ဘက်တိုင်းမှာ ရှိပေမဲ့ ရင်ဘက်တိုင်းနဲ့ လက်ဆွဲ နှုတ်မဆက်ဖူးကြပါဘူးတဲ့… သချင်္ ိုင်းကြီးက မီးခိုးတလူလူနဲ့ ဝှါးခနဲ သန်းပြီး ပြောတယ်။ တချို့တချို့ကတော့ သွေးစာမျက်နှာပေါ်မှာ ဓါးမှတ်စုကိုရေးပြီး ဒဏ်ရာအဟောင်းတွေကို အတောင်ပံလုပ် ခပ်သုတ်သုတ် ထ,ပျံတာတော့ မြင်ဖူးလား…မြင်ဖူးရဲ့တဲ့။ […]


alinsettMarch 26, 20161min5689
                                      ဟိုနေ့တွေက ဝန်ကြီးဟောင်းတွေရဲ့ ” အပင်ကအစ နှုတ်ယူမယ်”ဆိုတဲ့  သဘောထား သတင်းတွေ ဖတ်မိပြီး အုန်းအုန်းကြွက်ကြွက် ဖြစ်ခဲ့ကြ. . .   ဟောာာာ ဒီနေ့ကျတော့ တက်လာတဲ့ သတင်းက ဟာခနဲ ဟှင်ခနဲ ဖြစ်ကုန်ရော. . .   လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ဝန်ကြီးအသစ်တွေကို ညွှန်ကြားလိုက်တာ။ ဘာတဲ့ ”ဝန်ကြီးနေအိမ်ထဲမှာ ပရိဘောဂ အသုံးအဆောင်ပစ္စည်းတွေကို ကိုယ့်ငွေနဲ့ကိုယ် ဝယ်ရမယ်။ နိုင်ငံတော် ဘဏ္ဍာငွေကို အဲ့ဒီအတွက် […]


ko sixMarch 25, 20161min1366
ဒီရေအကျမှာ တိုက်စားခံလိုက်ရတဲ့ နှဲသမားပါးလို အဆီအဆိမ့်စားလိုသောအခါ သူ့မျက်နှာက မျက်နှာလွှဲခဲပစ် ဘယ်သူယုံမတဲ့လဲ ဗိုလ်ချုပ်ပုံပါတဲ့ ငါးပြားစေ့လေးတစ်စေ့ ညအိပ်ညဉ့်နေ သုံးရက်လောက် ပျော်ပါးခဲ့ဖူးတာကလွဲလို့ ခေါင်မလုံတဲ့အိမ်ကလေးမှာ ခဏခဏ လျှော်ဖွတ်နေရတုန်း။ ကိုစစ်


Kabyar Phyu PhyuMarch 25, 20161min1004
    တချို့တွေရဲ့ တာဝန်မဲ့မှု တကိုယ်ကောင်းဆန်မှု တွေကို ကျွန်မကြောက်လွန်းလို့                              ခြေတစ်လှမ်း နောက်ဆုတ်ရင်း…… နောက်ဆုတ်ရင်းနဲ့ …..                              သူတို့က သူတို့နေရာမှာ ရပ်နေပေမဲ့ ..                              ကျွန်မကတော့ သူတို့နဲ့ ဝေး … ဝေး.. လာလိုက်တာ …                              သူတို့ကို […]


moonpoemMarch 24, 20161min1865
လွဲချက်ကယ် နာပုံများ မပြောချင်ဘူးမပြောချင်ဘူး ပြောကို မပြောချင်ဘူးလို့ ဆိုပြီးပဲ အော်လိုက်ချင်တော့တယ်…။ ဖြစ်ပုံက အဲဒီနေ့က အဖွဲ့ထဲက ဧည့်သည် တစ်ယောက်ရဲ့ မွေးနေ့ဖြစ်နေပါရောလား။ပုဂံက ဟိုတယ်က မေးလာတယ်။သူတို့က သူတို့ ဟိုတယ်မှာ တည်းတုန်း မွေးနေ့နဲ့ ကြုံတဲ့ ဧည့်သည်အတွက် မွေးနေ့ကိတ်လုပ်ပေးပါတယ် တဲ့။ ညကျ ဒင်နာစားပြီး ပြန်လာချိန်အခန်းထဲပဲ ပို့ထားရမလား။ဒါမှမဟုတ် ဘာလုပ်ချင်ပါသလဲ ဆိုပြီး ကိုယ့်ကိုမေးလာပါလေရောလား။ အဲဒါနဲ့ပဲ Suprise သဘောမျိုးလုပ်ကြမယ်ဆိုပြီး တခြားဧည့်သည်တွေနဲ့ တိုင်ပင်ပြီး ဟိုတယ်ကို ပြန်ပြောလိုက်ပါတယ်။ ကျွန်မတို့ ညစာစားပြီး ပြန်လာခါနီးရင် ဟိုတယ်ကို ဖုန်းဆက်လိုက်ပါမယ်။ပြီးတော့ ကားပေါ်ကနေ အားလုံးဆင်းပြီးချိန် Lobbyမှာ မီးပိတ်ပေးပါ။ မှောင်နေတဲ့ အချိန် ဖယောင်းတိုင်ထွန်းထား တဲ့ ကိတ်မုန့်ကို ယူလာပေးတဲ့အခါ မွေးနေ့ရှင် ဧည့်သည်လည်း အိုမို […]


alinsettMarch 24, 20161min43025
                          မယုံမရှိနဲ့ဗျိ ု့. . . မနေ့(တပေါင်းလပြည့်နေ့)က မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက ကျ ုပ်ဖြင့် ကိုယ့်မျက်စိတောင် ကိုယ် မယုံနိုင်လောက်အောင်ပဲ။ . . .   ဒါမဲ့ တကယ်ရေးချ တကယ်ကြီးဗျ။   . . . . . . . . . . . . . . ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်(ဗန္ဓုလပန်းခြံဘေး)မှာ. . . ကားကလေးရပ်ပြီး ဗေဒင်ဟောစားတဲ့သူတစ်ယောက် ရှိနေတာ တွေ့ဖူးမပေါ့. […]


Kabyar Phyu PhyuMarch 23, 20161min36213
ကိုယ်တိုင်အားထုတ်မှု မပါဝင်သော ဖြစ်ချင်စိတ် သက်သက်သည် မျှော်လင့်ချက် မဟုတ်ပါ တဲ့ .. ကျွန်မကတော့ ကိုယ်တိုင်အားထုတ်ခဲ့ပါရက်နဲ့ မျှော်လင့်ချက်တွေ ကြေမွကျိုးပျက်ပြုတ်ကျကုန်လို့ …. တစ်စစီ ပြန်လိုက်ကောက်နေရတယ် မျှော်လင့်ချက်တွေ မရှှိတော့ .. အသက်ရှင်ရတာ ခက်ခဲပင်ပန်းလွန်းတယ် .. ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေရတာကိုက … လျော့တိလျော့ရဲ  နိုင်လွန်းတယ် ..   အထင်အမြင်တွေကို မုန်းခဲ့တဲ့ကျွန်မ .. အထင်အမြင်တွေကိုပဲ ဂရုစိုက်နေမိတယ် အထင်အမြင်ဆိုတာ အမှန်တရား မဟုတ်မှန်း သူတို့သိရင် ကောင်းမယ် သူတို့ရဲ့ခပ်ညံ့ညံ့အတွေးတွေနဲ့ ရင်ဆိုင်နေရတာကိုက … နာကျင်စရာကောင်းတယ် မေးခွန်းတိုင်းကို ကျွန်မ မဖြေလည်းရတယ်မလား .. ကိုယ့်ဘဝနဲ့ကိုယ် နေပါရစေ   အများ နဲ့ တစ်ယောက် ဆိုတိုင်း အများ က […]