ကာရံApril 4, 20151min1343
မျက်​ရည်​ ပူ​ဆွေးရတက်​ကယ်​မ​အေး လွမ်​းမျက်​ရည်​စီးကာကျ အ​ဝေး​ရောက်​သားမို့ ​မျှော်​ကာမှန်​းတမ်​းတဆဲပါ​မေ​မေ တစ်​ရိပ်​ရိပ်​နဲ့ မိုးသားတို့ ထက်​​ကောင်​ကင်​ပျံကာဝဲ​ပေမယ်​့ ​မေ့သားက​တော့ ပူ​ဆွေးကာလွမ်​းရစဲပါ​မေ​မေ ​မေ​မေသိ​နေမလား မျက်​ရည်​များခိုတွဲလို့ သားအရမ်​းအထီးကျန်​​နေတယ်​​မေ​မေ ​ရပ်​​ဝေးကသား​လေ အလွမ်​းအ​ဆွေးဆိုတာ ​ဆေးခါးတစ်​ခွက်​ပါ​ လစ်​ဟာ​နေတဲ့​မေတ္တာများက ​မေ​မေဖြန်​းမှ လန်​းမည်​့ပန်​းပါ ငြိုးကာနွမ်​း​ရော့ လွမ်​း​လျှော့မ​ပြေ ကျမျက်​ရည်​သည်​ ​​ဆွေးလည်​းမ​ပြေ ​အ​ဝေးရပ်​​နေ သားတစ်​​ယောက်​မို့ ​မေ​မေ့​မေတ္တာ ​ထွေးကာ​ပွေ့ရင်​း သားအ​ပြေးလာ​တော့မယ်​​လေ ​ေ​မ​မေသိပါ​စေ ကာရံ ၄ ့၄ ့၂၀၁၄


CourageApril 3, 20151min24010
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၉ ပူပါတော့သည်             တစ်နေ့က ဘာရယ်တော့ မဟုတ်ပဲ စွယ်စုံရအနုပညာရှင် ဦးဝင်းဦးရဲ့ ရုပ်ရှင်တွေကို မွှေနှောက်ကြည့်နေတုန်း “တစ်ကျော့ နှစ်ကျော့ တေးကိုသီ” ဆိုတဲ့ ဇာတ်ကားကို သွားတွေ့တော့ ခေတ်စမ်းစာပေလောကရဲ့ အထင်ကရ ကဗျာဆရာဖြစ်တဲ့ ဆရာကြီး မင်းသုဝဏ်ကို သတိရမိသွားတယ်။ သတိမရလဲ နေနိုင်ရိုးလားဗျာ။ သူ့ကဗျာစာသားတွေကို မြင်လိုက်ရမှတော့ ဆရာ့ကို သတိရမိပြီပေါ့။ ပြောရမယ်ဆိုရင် ဆရာမင်းသုဝဏ်ဆိုတာ မောင်ကာကြီး အပါအဝင် လူအားလုံးလိုလို ကြားဖူးခဲ့တဲ့ အိပ်ရာဝင် သားချော့တွေ ကဗျာတွေရဲ့ ပိုင်ရှင်ပေါ့။ “ဆွမ်းအုပ်နီနီ အမေရွက်လို့၊ နက်ဖြန်မနက် ကျောင်းထွက်မယ်”လို့ အမေက ဆိုပြလိုက်ရင် မျက်လုံးဝိုင်းလေးနဲ့ ပြုံးပြုံး ရွှင်ရွှင်မျက်နှာလေးနဲ့ ရင်ဝယ်ပိုက် ကလေးသူငယ်တွေဆိုတာ ဒုနဲ့ဒေးပါ။ ဆရာမင်းသုဝဏ်ဆိုတာကလဲ […]


ဟောဒီသင်္ကြန် ရောက်လာပြန်တော့ မေ့လျော့မရ ရင်မှမှန်းဆ လွမ်းရဖြစ်အင် ဇာတ်လမ်းစဉ် မှတ်တမ်းဝင်စွာ ရင်နာစေမဆုံး အပြုံးကွယ်စေ့ သီဟပတေ့ရဲ့ ချစ်လှတဲ့စောလုံ ချစ်ဇောအဟုန်ကြောင့် မောင့်နှမငယ်စောလုံရယ် များလှမိဖုရား အဲဒီကြားမှ ဘုရင့်နှလုံးသား ဆွဲထားကိုင်လှုပ် နှုတ်မှမချတမ်း အချစ်စမ်းမိ လောင်းသည့်သင်္ကြန်ရေ ရွှဲပါစေ သို့လေသော်လည်း အရှက်တော်ကွဲရ နာကျည်းလှသမို့  ဆက်ဖို့ပြင်ဆဲ စားတော်ပွဲမှာ မကြံသာအဆိပ် တိတ်တိတ်ထည့်မိ ပေါ်လေသည့်အခါ ဘုရင့်အာဏာ စူးလှစွာပို မီးဖိုထက်တွင် တံလျိုကျင်သတ် တစ်ခွင်ရပ်ရွာ အံ့ပါလေမဆုံး ဖြစ်လေတုန်းမှာ မဟာဘုရင် သိတရားဝင်သည် မှားပြီဆိုလည်း ရင်သာကွဲ၍  မမေ့တစ်သက်တာ ဆိုပါသော်လည်း လွန်ကဲအမျက် ထိုတစ်ချက်ကြုံ မောင့်စောလုံရယ် ပြန်ဆုံဖို့တွေး သင်္ကြန်ရေလေးနဲ့ ကျီစားခဲ့ကြောင်း ပြန်ပြောင်းဗြောင်းဆန် တောင်းပန်လိုလည်း နှောင်းပြီပဲမို့ ဆို့နင့်ရင်မှာ တမ်းတမကုန် အိုဘယ့်စောလုံ မောင့်စောလုံ […]


naywoon niApril 1, 20151min18611
ဒီ ဘူတာမှာပဲ ​ချောက်​ထဲကျပါ​တော့မယ်​ဆိုကာမှဖြင်​့ တွန်​းချမဲ့ သူ​တွေက များလိုက်​တာ ကူပါ ကယ်​ပါ လို့​တောင်​မ​ပြော ​သေး တွန်​းချဖို့ လက်​တစ်​ပြင်​ပြင်​နဲ့ အဲ့သည်​့ လက်​​တွေထဲ ခင်​ဗျားတို့လက်​​တွေ​ကောပါ​နေလား ​သေချာပြန်​ကြည်​့ကြပါဦး​လေ ။ ငါတို့တိုင်​းပြည်​မှာ လမ်​းက တစ်​​ကြောင်​းပဲရှိတယ်​ (ဆိုးစွ) ဘယ်​​နေရာက စထွက်​လာ ထွက်​လာ ဒီဘူတာ​တော့ မဖြစ်​မ​နေ ဆိုက်​ရမှာ အ​သေအချာ ဒီဘူတာ မဖြတ်​ပဲ ဘယ်​ခရီးမှ ဆက်​နှင်​လို့မရ ။ ဒီဘူတာ မရပ်​ပဲ ဘယ်​ခရီးမှ ဆက်​ချင်​လို့မရ ။ ဒီ​တော့ ဒီဘူတာမှာပဲ ရထား​တွေလည်​းဆိုက်​ကပ်​ထားရ ဒီဘူတာမှာပဲ။ စကား​တွေလည်​း ရပ်​တန်​့ထားရ ဒီဘူတာမှာပဲ ။ စာချုပ်​​တွေလည်​း ဆိုင်​းငံ့ထားရ ဒီဘူတာမှာပဲ ။ သက္ကရာဇ်​​တွေလည်​း ရပ်​တန်​့နားရ ဒီဘူတာမှာပဲ ။ ​နေဝန်​းနီ […]


naywoon niMarch 30, 20151min1667
မည်​ကာမတ္တာ ငါတို့ဟာ လူ မည်​ကာမတ္တာ ။ သို့​ကြောင်​့ ငါတို့ ကိုးကွယ်​ရာသည်​လည်​း မည်​ကာမတ္တာ ။ ငါတို့ ယုံကြည်​ရာက​ကော မည်​ကာမတ္တာ ပါပဲ ။ ငါတို့ရဲ့ ဖြစ်​တည်​ရာ ငါတို့ စားစရာ ငါတို့​နေထိုင်​ရာဘဝ ငါတို့ အလုပ်​အကိုင်​ အားလုံးမည်​ကာမတ္တာချည်​့ပါပဲ ။ လူဖြစ်​​နေရုံ ကိုးကွယ်​​နေရုံ ယုံကြည်​​နေရုံ ဖြစ်​တည်​​နေရုံ စား​နေရရုံ ​နေထိုင်​ရရုံ လုပ်​ကိုင်​ရရုံ တစ်​ကဲ့ တည်​းတည်​း​လေးမှ တည်​းတည်​း​လေး ​နေတတ်​လို့ ​ကျေနပ်​​နေသူလည်​းရှိရဲ့ အ​နေမတတ်​လို့ ​တော်​လှန်​ချင်​သူလဲရှိရဲ့ ကြိုး​တွေကများ ဘယ်​ကြိုးအရင်​ဖြတ်​ရပါ့ ခလုပ်​​တွေကများ ဘယ်​ခလုပ်​ အရင်​ပိတ်​ရပါ့ ။ ​နောက်​ဆုံး​တော့ ………. သင်​ယခုဖတ်​​နေတဲ့စာကလည်​း စာဖြစ်​ရုံ မည်​ကာမတ္တာမျှသာ ။ ​နေဝန်​းနီ 9:15 PM 2015 Mar […]


naywoon niMarch 30, 20151min16310
လ​ရောင်​ လှုံတဲ့ည ​ပြော​တော့တစ်​မျိုး လုပ်​​တော့ တစ်​ခြားနဲ့ ဗရုတ်​ဘရက်​ ​ခေတ်​ပျက်​ကြီးထဲမှာ လူဖြစ်​လာရတာပါအ​မေ ။ အမှန်​တရားကို နတ်​ဝှက်​ ​မော​ဟ အမြိုက်​​ဆေးနဲ့ အသက်​ဆက် ​နေရခက်​ခက်​ ကာလကြီးထဲမှာ အသက်​ရှင်​​နေရသူ​တွေပါအ​မေ ။ လဆန်​းရက်​ကနည်​းနည်​း လဆုတ်​ရက်​ကများများ ကလနားသတ်​ ပြက္ခဒိန်​ကြီးကို သားတို့ မသတီ​တော့ဘူး အ​မေ ။ အ​မေက​ လောကကြီးကိုငြိမ်​း​အေး​စေမယ်​့ လမင်​းကြီးဆို လ,သာတဲ့ညတိုင်​း ဖုံးအုပ်​လာတဲ့ တိမ်​မည်​း အဆုပ်​အဆုပ်​တွကို ​ဖောက်​ထွက်​ ​လောကသား​တွေ လ,​ရောင်​လှုံ ပါရ​စေ ပူ​လောင်​တဲ့ လူသားလုပ်​ အလင်​း​ရောင်​​တွေခဏငြိမ်​းခဲ့ လ, အလင်​း​ရောင်​ စစ်​စစ်​နဲ့ ည , သဘာဝကိုခံစား ​ဒေါသ​တွေ ငြိမ်​း​စေ ​လောဘ​တွေ ကင်​း​စေ ​မော​ဟ ​တွေ​ဝေးစေ ။ ​နေဝန်​းနီ 10:40 […]


CourageMarch 29, 20153min27510
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၉ ဦးမင်းလူ ကောင်းမှုအား သာဓုခေါ်ခြင်း   “အချစ်စစ်ဆိုတာ တစ်သက်မှာ တစ်ခါပဲဖြစ်နိုင်တယ်ဆိုတာ မဟုတ်ဘူး။ ဆုံးရှုံးမှုများနဲ့ ချစ်ခြင်းအတွက်တော့ ပိုင်ရှင်အစစ် ပေါ်မလာမချင်း အချစ်အားလုံးဟာ စစ်နေသလို အသစ်အားလုံးဟာလဲ အချစ်တွေပဲ”။ ဒီစကားကို ဘယ်သူမှ ပြောခဲ့တာမဟုတ်။ တစ်ခါက မောင်ကာကြီး အရူးထပြီး ရေးထားမိတဲ့ စာ။ ဟုတ်ပါတယ်။ မောင်ကာကြီးလို အကြိမ်ကြိမ် အသဲကွဲခဲ့ဖူးတဲ့သူအတွက်တော့ အခါအခါလဲ အချစ်ဆိုတာ ဖြစ်ခဲ့ဖူးသပေါ့လေ။ အချစ်ဆိုမှ ပြောရဦးမယ်။ မောင်ကာကြီးထင်တယ်ဗျ။ ချစ်ခဲ့ရသမျှအချိန်တွေထဲမှာ တက္ကသိုလ်တက်တုန်းက အချိန်က တော်တော် ပျော်စရာကောင်းတာ။ အသက်ကလဲ ငယ်ငယ်ရွယ်ရွယ် နှလုံးသားကလဲ နုနုနယ်နယ်ဆိုတော့ ဗီးနပ်စ်ရဲ့ခုံရုံးကနေ ပုဒ်မ၁၅၀ဝနဲ့ တရားစွဲခံရတာလဲ ခဏခဏ။ မြားနတ်မောင်က လက်မတည့်တော့ ဖူးစာလွဲခဲ့တဲ့ […]


naywoon niMarch 28, 20151min1679
ဘဝ ဘဝဆိုတာက ရွံမုန်​းစရာမဟုတ်​​ပေမဲ့ အန်​မထုတ်​မိ​အောင်​ ​အော်​ဂလီဆန်​မှု​တွေကို မြိုသိပ်​​နေရတာကြာပါပြီအချစ်​ရယ်​ ။ ဝန်​​ဆောင်​မှု​ကောင်​း​ကောင်​းမ​ပေးနိုင်​တဲ့ ဘဝဟာ ​ဈေးကွက်​မှာ မျက်​နှာပန်​းမလှတာ မဆန်​းပါဘူး ။ ဟန်​​ဆောင်​မှု ဆိုတဲ့ကန်​့လန်​့ကာ ​ရှေ့မှာ လူမြင်​​ကောင်​း​လောက်​​အောင်​ (ဝါ ) လူအထင်​ကြီး​လောက်​​အောင်​ သရုပ်​မ​ဆောင်​တတ်​လို့ လက်​လွတ်​ဆုံးရှုံးခဲ့ရတဲ့ အခွင်​့အလမ်​း​တွေ ရပိုင်​ခွင်​့​တွေကိုမလွမ်​းပါဘူး ။ ကန်​့လန်​့ကာ​နောက်​မှာပဲ ဘဝ ဆိုတာကို ဓမ္မဌိဌာန်​ကျကျ ​ခေါက်​ရိုးကျိုးပြီးသား ပွင်​့လင်​းမြင်​သာမှု​တွေနဲ့ ရိုးသားစွာဖြတ်​သန်​း​နေချင်​တာပါပဲ ။ အဲ့ ဒိ အတွက်​ သန်​းကြွယ်​သူ​ဌေး မဖြစ်​ခဲ့ရလို့ ကမ္ဘာ မ​ကျော်​ခဲ့ လို့လဲ ဝမ်​းနည်​း​နေမှာမဟုတ်​ပါဘူး ။ လက်​ရှိဘဝရဲ့ အဆင်​မ​ပြေမှု​တွေနဲ့ ​ထွေးလုံးရစ်​ပတ်​​နှောင်​ဖွဲ့ထားတဲ့ လူသားဆန်​တဲ့ ဘဝတစ်​ခုမှာပဲ ​ပျော်​​မွေ့​နေပါ့မယ်​ ​ ။ ​နေဝန်​းနီ 3:30 PM 2015 […]


johnnydeerMarch 26, 20151min1856
သူခိုး….သူခိုး…. အိမ်ကြားမှာလား….လမ်းကြားမှာလား…. အဲယားကွန်းခန်း… စားပွဲကြီးနဲ့ ဖုန်းကြီးနဲ့…. ….. ….. ဒမြ…ဒမြ… တောထဲမှာလား…တောင်ထဲမှာလား… မြို့လယ်ခေါင်မှာ… မောင်းတံကြီးနဲ့ ဖြတ်ပိုင်းနဲ့… ….. ….. အကြမ်းဖက်သမား…အကြမ်းဖက်သမား… အာရပ်မှာလား…အာဖရိကမှာလား… မြန်မာပြည်မှာ လက်ပတ်နီနဲ့ တုတ်ကြီးနဲ့…. …. …. လူလိမ်…လူလိမ်…. ကလေကချေလား…အုတ်ကြားမြက်ပေါက်လား… ရုံးပြင်ကနား… တိုက်ပုံကြီးနဲ့ ခေါင်းပေါင်း နဲ့… …. … .ပြည်သူ…ပြည်သူ…. အမိအရာလား…အဖအရာလား… ကျုးကျော်တဲမှာ… ထရံအစုတ် …ငပိဖုတ်နဲ့…. ….. ….. သူတောင်းစား…သူတောင်းစား… ခွက်ဆွဲလို့လား…လမ်းဘေးမှာလား… လမ်းထောင့်ကြီးမှာ… ယူနီဖောင်းနဲ့ ခရာနဲ့… …. …. ((တော်ပြီ…တော်ပြီ…ဆက်မရေးတော့ဘူး…. တော်ကြာ ကဗျာစမ်းရေးကြည့်တာ အစိုးရက ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်တာ ခံနေရဦးမယ်…သားသား ကြောက်ကြောက်…))


ကာရံMarch 26, 20151min1485
Love you forever မေမေ အားမငယ်​ပါနဲ့ သားတို့ရင်​မှာ​မေ​မေက ထာဝရပါ ​မေ​မေ​မော့ကြည်​့​ပေးပါ ​ကောင်​းကင်​ထက်​ကလမင်​း​လေးက ​မေ​မေ့အပြုံးရိပ်​ပါ ​​မေ​မေ့​မေတ္တာရိပ်​က ​အေးမြတဲ့စမ်​း​ချောင်​း​လေးပါ အ​တွေးအတ္တကမ႓ာက ​မေ​မေနိုးထလှည်​့ပါ ပါးပြင်​ကကျစီး​နေတဲ့ ​မေ​မေ့မျက်​ရည်​စက်​များ လွမ်​းလို့ဖြစ်​တည်​ခြင်​းလား သားတို့အ​ဝေးရပ်​မို့ လွမ်​း​တေးဆိုညည်​းဖူးတယ်​ ​မေ​မေ​ချော့သိပ်​ဖူးတဲ့​ တေးတစ်​ပုဒ်​​ပေါ့ အနားမှာမရှိ​ပေမယ်​့ ​မေ​မေ့​မေတ္တာရိပ်​မှာသားတို့ ​ပျော်​မြူ း​နေကြတယ်​ ​မေ​မေသိပါ​စေ​လေ လမင်​းအလင်​း သာတည်​့ညခင်​း ငှက်​​ကျေး​တေးဆို ​မေ​မေ​ချော့သည်​ အားအင်​ပြည်​့ဝ ​မေ့မရမို့ ​မေတ္တာအိမ်​ငယ်​ အ​ဝေးရပ်​က ချစ်​သား လွမ်​း​ဆွေးရမို့ ​မေ​မေသိ​စေ love you forever ​မေ​မေ​ရေ ကာရံ ၁၂ ့၂ ့၂၀၁၅


naywoon niMarch 25, 20151min1315
အိပ်​​ရေးပျက်​တဲ့ ‘ည’ ​လေတိုက်​လို့ သစ်​ပင်​လှုပ်​တာလား သစ်​ပင်​လှုပ်​လို့ ​လေတိုက်​တာလား မကွဲပြား​ပေမယ်​့ ခု​တော့ လှုပ်​စရာ သစ်​ပင်​လည်​းမရှိ​တော့ဘူး ​လေလည်​းမတိုက်​​တော့လို့ ပူ​လောင်​အိုက်​စပ်​​နေတဲ့ ညထဲမှာ အိပ်​မရလို့ ‘ည’ ဟာ တိတ်​ဆိတ်​တဲ့ လမ်​းမ​ပေါ် လမ်​း​လျှောက်​ထွက်​လာတယ်​ ။ မှုံရီရီ ဓာတ်​မီးတိုင်​​အောက်​​ရောက်​​တော့ ‘ည’ဟာ ​ဆောင်​းထားထဲ ကတ္တီပါ ဦးထုပ်​ မဲမဲ​လေးကို ခပ်​ငိုက်​ငိုက်​​လေး​ဆောင်​းပြီး ဓာတ်​ရှင်​မင်​းသားလို အိုက်​တင်​​ပေးလို့ ။ အချိန်​တန်​​တော့လည်​း အိပ်​​ရေးမဝတဲ့ညဟာ သူ့​နေရာသူပြရဦးမှာ​ပေါ့ ။ အဲ့ဒိလိုနဲ့ ‘ည’ဟာ အိပ်​​ရေးပျက်​​နေခဲ့ရတာကြာ​ပေါ့ ။ ​နေဝန်​းနီ 10:53 PM 2015 Mar 25


အဆောင် ၄ ရဲ့ ဘေး ခရေတန်းလေးမှာ ရှေးအခါက မဟုတ်တဲ့ ပုံပြင်တစ်ပုဒ်ဟာ တကယ်သရုပ်ပါစွာနဲ့ ရှိခဲ့ဘူးလေတယ် ၊ ထူးပေကွယ် မဆိုသာပေမယ့် ပျိုကညာနွဲ့ပန်းကြိုက်သူ နန်းထိုက်တမူ လှမ်းလိုက်ယူ ခရေပန်း အကြွေအနွမ်းတောင်မွှေးမြ ရွေးပြလို့သီကုံး ကြည်အပြုံးနဲ့ သူလက်ခံ ချူရတက်မာန်ပွားရသူမို့ ကိုယ့်ဘဝကိုယ်နားလည် အပါးဝယ်ထားရန်ဝေး ပေးသမျှကံ မဟန်လှသူခမျာ မတန်ရာလို့ယူမျှော်တွေးဆ ကယ်ကူရာဖေါ်ဝေးစွ တော်လေးဝဝင်သူပျို တမင်အမူပိုမဟုတ်ပါပဲ ဆုတ်ခါလည်းလမ်းခွဲရ နွမ်းအသည်းကငိုကြွေးသံ ဟိုအဝေးထံလွင့်ပျံ သခင့်ထံစေတဲ့ သည်ဆုစကား ခရေကြိုက်သူလေး ကြားစေသား ၊


ကာရံMarch 24, 20151min1195
​ပြေပါ​စေ​တော့ မာန​အ​မှောင်​ ​ရှောင်​ရန်​လည်​းမလွယ်​ အတ္တ​ဆောင်​တဲ့ ​လောကထက်​မှာ မင်​းလား ငါလား အချင်​းများ​နေတယ်​ သတင်​းစကားရယ်​က အတင်​းများသမို့ အဖြူ အမဲ သဲကွဲပါ​စေ အလင်​း​ဆောင်​မည်​့ စိတ်​ထား​လေးများ ဖြူ ပါ​စ​လေ တူတစ်​ကွဖြတ်​သန်​း လမ်​းမထက်​မှာ လွဲမှားသံသရာ ​လျှောက်​လှမ်​းကြတယ်​ ​သူတစ်​လူ ငါတစ်​မင်​း ဘဝခြင်​းပြိုင်​ ထိခိုက်​နာတရ မဖြစ်​​စေဖို့ လူ​တွေလူ​တွေ သံသရာခရီးလမ်​း ​လျှောက်​လှမ်​း​နေသမျှ ​ဒေါသ ​မောဟ မာန်​မာနတို့ သံသယကင်​းကင်​း တူလက်​တွဲရင်​း ​တောင်​းဆူပြုသည်​ ​ပြေပါ​စေ​တော့ ​ပြေ​လေ​တော့ ့ ့ ့ ကာရံ၂၄ ့၃ ့၂၀၁၄