“ နှလုံးသား မဲ့ တဲ့ သူ ………..”     သူဟာလေ ………………………………………………………….. တစ်ခါ တစ်ခါ မှာ                     ချစ်တတ်သူ တစ်ခါ တစ်ခါ မှာတော့               ညစ်တတ်သူ တစ်ခါတစ်ခါမှာ                     ရစ်တတ်သူ တစ်ခါတစ်ခါမှတော့                လစ်တတ်သူ တစ်ခါ တစ်ခါ မှာ                    သနားတတ်သူ တစ်ခါ တစ်ခါ မှာ တော့            စားတတ်တဲ့သူ တစ်ခါတစ်ခါမှာ                     ပါးနပ်သူ တစ်ခါတစ်ခါမှာတော့              မှားတတ်သူ တစ်ခါ တစ်ခါ မှာ                    ညှာတဲ့သူ တစ်ခါ တစ်ခါ မှာ  တော့                    […]


ကာရံOctober 6, 20141min1114
အိပ်မက်ထဲက သာတဲ့လ အကြင်နာညလေးမှာ သာနေတဲ့လမင်း သူ့အသွင် ဝင်းဝါဝါမို့ ကြယ်လေးများ အဆင်းလှသူရယ် ရနံ့ခြွေတဲ့ပန်းလေပြေလေး ကို့အနားတိုးလာကြတယ် ရှင်လေးသိလား ရင်ခုန်သံတစ်ရေးနိုးမို့ အနမ်းမိုးရွာခဲ့သလားလို့ပေါ့ လွမ်းလို့ပဲဝေဝေ တမ်းတလို့ပဲခြွေခြွေ ရနံ့လေးကလေ ရင်သို့တိုးဝှေ့စဲမို့ အနေဝေးပေမယ့်လဲ ကို့အတွေးမှာ ရှင်လေးကလေ တိမ်ဖျားထက်က လမင်းလေးမို့ အိပ်မက်ကမ႓ာထဲမှာ တစ်ခဏပျော်ရဦးမယ်ပေါ့ ကာရံ ၆ ့၁ဝ ့၂၀၁၄


ခင္ခOctober 4, 20141min1509
” ထ ထ ”   ကလေးလေးဘဝက ငါချော်လဲတော့ ငါ့မြေးဘယ်နာသွားလဲ အဖွားထူပေးမယ် ထထ။   ကလေးငယ်အရွယ် ကျောင်းဝမှာချော်လဲတော့ သားဘယ်နာသွားလဲ အမေထူပေးမယ် ထထ။   အထက်တန်းကျောင်းသားအရွယ် အပြေးသွားရင်းချော်လဲလေတော့ သူငယ်ချင်းဘယ်နာသွားလဲ သူငယ်ချင်းကထူပေးတယ် ထထ။   အလုပ်ကအပြန် မြို့ထဲလျှောက်စဉ် အခန့်မသင့် ချော်လဲတော့ ကို ဘယ်နာသွားလဲ အချစ် ကထူပေးတယ် ထထ။   အိမ်ပေါက်ဝအဝင် ခလုတ်တိုက်ချော်လဲတော့ အဖေဘယ်နာသွားလဲ သားတွေကထူတယ် ထထ။   ဘုန်းကြီးကျောင်းပရဝဏ် အလှမ်းမတော်ချော်လဲတော့ အဖိုးကြီး ဘယ်နာသွားလဲ အမေအိုကြီးဖေးမထူတယ် ထထ။   အခုတစ်ခါချော်လဲလေတော့ ဘေးမယ်ထူမည့်သူမရှိ ရပ်လို့သာစိမ်းစိမ်းကြည့်နေသူကို မင်းဘာကြည့်နေတာလဲ ငါကိုထူပါအုံး ဆိုမိလေတော့ သူကပြန်ပြော ငါက မင်းပြန်ထမှာကို […]


manawphyulayOctober 4, 20141min1207
မသိလိုချင် မဖတ်ချင်လည်း စိတ်ထဲကတော့ သိချင်လှ နေ့စဉ်အမြဲ ဖတ်နေကျ ကဏ္ဍစုံလင် ဤရေးအင်ကို နှစ်ထောင်းအားရ ရှိပေစွ… လူမျိုးဘာသာ စုံလင်စွာနှင့် ဌာနေဒေသ မတူညီကြ အရောင်အသွေး စုံလင်လှ… အယုတ်အလတ် အမြတ်မရွေး ငယ်သည့်သူလည်း ကလောင်သွေး ကြီးတဲ့သူလည်း မချန်ပါ့ ဆူကြုံနိမ့်မြင့် စုံလင်စွ….. ဝါသနာတူ စာပေလူတို့ ပေါင်းစု အင်အား လာစုကြ တို့တွေ ဂေဇက်ဗျ…. မနောဖြူလေး ခံစားသီကုံးသည် ၄.၁၀.၂၀၁၄


manawphyulayOctober 3, 20141min1175
တိတ်ဆိတ်တဲ့ ဟောဒီည လပြည့်ည မဟုတ်တဲ့ အလင်းလေးက ဖျော့ဖျော့ရယ်ပေါ့… ပြတင်းပေါက်က ကျလာတဲ့ မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့် ဟိုးအဝေး ကောင်းကင်ကို မော့ကြည့်မိတယ်…. အစွမ်းကုန်လှပနေတဲ့ ကြယ်ပွင့်လေးတွေ အနှောင်အဖွဲ့ ကင်းမဲ့စွာ လင်းလက်နေလိုက်ကြတာ သူတို့ဘဝတွေက ကျေနပ်ချင်စရာ ဪ… ငါ့ဘဝနဲ့များ တခြားစီ ကြယ်တွေလိုများ ငါ့ဘဝ ပြည့်စုံခဲ့ရင်….. မနောဖြူလေး


” ကြင်နာတဲ့ လက်” နဲ့ ” နာကျင်စေမယ့် လက် ” အထိအတွေ့ ကို ကျွန်တော် ခွဲခြားသိတယ် ။ ကွဲကွဲပြားပြား သိတယ် ။ ” ကြင်နာတဲ့ လက် ” တစ်စုံပိုင်ရှင်သာဖြစ်ပါ့စေ တစ်နေ့လုံး အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ရ ၊ လုပ်ရ ညနေခင်းမှာ ကောက်ရိုးခြောက်ပဲ စားရ ၊ စားရ ကျွန်တော် နွေးထွေးပျော်ရွှင်ပါတယ် ။ နေရောင်ခြည်အောက်မှာ မြက်နုနုလေးတွေ စားရတာ ကျွန်တော့် ပျော်ရွှင်မှု ပဲ ။ ဒါပေမယ့် ” နာကျင်စေမယ့် လက်” တစ်စုံဆီ ရောက်ခဲ့မှတော့ နေခြည်အောက် က မြက်နုတွေဟာလည်း ကျွန်တော့် အတွက် ထူးပြီး […]


ကာရံOctober 2, 20141min1164
မေသိပါစေ ရုပ်ဆိုးပေမယ့် ဘဝကိုရိုးရိုးလေးဖြတ်သန်းချင်တယ် မာနတွေအနားမလာပါနဲ့ သဘာဝမို့ ထာဝရချစ်မယ့်သူ မင်းသိနေမလား အချစ်သည်ခါးသည်တဲ့ မင်းလေးကြားနေမလား အချစ်သည် ရင်ထဲသို့တစ်အားနာသည်တဲ့ မည်သို့ပင်ဖြစ်စေ ငါ့အချစ်သည် ရိုးရိုးလေးပါမေ တစ်ဖဝါးခွာတိုင်း ေမ့အနားမှာအရိ်ပ်ကလေးလိုပေါ့ တိုးတိုးလေးပြောမယ်မေ နိုးမထခင်အချိန်လေးမို့ ရိုးမသွားမည့်သည်စကား မေ့အနားကခွဲမသွားပါဘူးလေ ကာရံ ၁ ့၁ဝ ့၂၀၁၄


ကာရံOctober 2, 20141min510
အချစ်ကြောင့်မွှေးသော ပန်း အတ္တနန်းတော်ကြီးမှာ ပန်းခရေမကြေ ွပါနဲ့လား အနမ်းတွေဆွံအကုန်မှာစိုးလို့ပါ နွမ်းသွားတဲ့ အပိုင်းအစကို တယုတယ ထွေးပိုက်ဖူးတယ် ကို့ရင်မှာ အလွမ်းတွေ ပျယ်လွင့်တဲ့ထိပါ မျက်ရည်တို့ ခိုဖူးတဲ့ကို့ပါးပြင်ထက်မှာ အကြင်နာအင်အားနဲ့ဖယ်ရှားပေးတဲ့ ရှင်လေးရဲ့လက်လေးတွေက ညမွှေးပန်းကိုအံတုလို့ အနိုင်ယူခဲ့ပြန်သေးတယ် အပေးအယူကင်းတဲ့ ချစ်ခြင်းမေတ္တာရိပ်မှာ ကိုလေခိုနားရင်း ထာဝရဆိုတဲ့ခရီးလမ်းမှာ တွဲလက်ကလေးမြဲမြံစွာ ဆုပ်ထားရအောင်နော် ကာရံ ၆ ့၁ဝ ့၂၀၁၄


ကာရံOctober 2, 20141min660
တိမ်အကွယ် ဝါဂွမ်းပမာ နူးညံ့သည့်သွင် စိတ်ထားကလေ ကလေးတစ်ယောက်ပမာ အဖြူ ရောင်ပါ လူတစ်ကာထက်သူကလေ ကို့အတွက်တော့ ဘုရားပေးတဲ့ဆုပေါ့ အမုန်းဆိုတာ အိပ်မက် လက်တွေ့ဘဝမှာ သူကသိပ်ချစ်တက်ဆုံးပါ အပြုံးရိပ်မှာ ခိုနားရင်း ကိုလေအမောပြေခဲ့သူပေါ့ မေတ္တာအတိမ်အနက်ကို သူမေ့ထားတယ် သိပ်ချစ်တာကိုတစ်ယောက်ထဲပါတဲ့ သူ့မျက်နှာလေး ရှက်ပြုံးသွယ်သူမို့ တစ်သက်မမေ့ဘူးလေ အကြင်နာညလေးမှာ ကို့ဘေးမှာခိုနားရင် သူပျော်နေသေးတယ် လမင်းလေးတိမ်အကွယ်မှာ အနမ်းလေးသူခြွေရင်း ကြယ်ကြေ ွတာ မသိလိုက်ဘူးပေါ့ ကာရံ ၂ ့၁ဝ ့ဝ၁၄


( နှင်းနံနက်ခင်း ) အောက်တိုဘာ ၂ ရက်  ဒီမနက်မှာ ငါမျှော်နေကြ သင်္ကေတ နှင်းတွေကဖြင့် ကျခဲ့ပြီ ၊ ပျော်သည်အတွေး ဟိုဒီငေးရင်း နှင်းတွေကြားမှာ ချမ်းမြေ့လာ တီတာဟစ်ကြွေး ငှက်ကလေးများက ငါ့အားဝန်းခ သီဆိုကြတော့ မော့ကြည့်ကောင်းကင် နှင်းများဆင်သ မြင်ရခဲ့တာ မင်းမျက်နှာ ။


aye.kkOctober 2, 20141min19815
နာမ်​ဆိုတဲ့ငါ့စိတ်​​​လေးက…. ဖွင်​့ထားတဲ့ပြူတင်​း​ပေါက်​ ​ခြောက်​ခုမှာမြူးတူးလွတ်​လပ်​ ​ပေါ့ပါးစွာနဲ့သွားလာရင်​း ​ပျော်​မြူးခြင်​း​တွေနဲ့​နေလာလိုက်​တာ အမှုမဲ့အမှတ်​မဲ့နဲ့…. ဆင်​းရဲမှန်​းမသိခဲ့တာ…. အိုနာ​သေခြင်​း နှိပ်​စက်​ပြင်​းမှု မယွင်​းကြုံမှဆင်​းရဲခြင်​း ဆိုတာကို နာမ်​ဆိုတဲ့ငါ့စိတ်​​လေးက အကြွင်​းမဲ့လက်​ခံယုံသွား တာ


ခင္ခOctober 2, 20141min1246
” မေးချင်လို့ “   မြစ်ကိုမြင်လျှင် တံတားဆင်လို့ တောင်ကိုတွေ့လျှင် လမ်းတွေဖောက်ပြီး သွားလာရေးများ လွယ်ကူစေဖို့ လုပ်ဆောင်ကာပေး စစ်အစိုးရလေး ဟိုဟိုဒီဒီ သွားလာလိုပြီ တစ်နယ်နှင့်တစ်နယ် ကူးကာသွားရင် ဇတ်ကူးသင်္ဘောမစောင့်ရဘဲ လွယ်ကူကာနှင့် တံတားဖြတ်နိုင် ခရိုင်ချင်းဆက် အို ကောင်းချက်ကြောင့် အချိန်မကြာ ဖြတ်လာနိုင်သမို့ သမ္မတကတောင် ကျေးဇူးတင်သတဲ့ ကဲ ဘာပြောကြမလဲ မေးစမ်းချင်ပါရဲ့။   မြေအောက်တွင်းထွက် ပြည်ပထွက်ကာ ကျွန်းတောတစ်ခွင် ပြောင်သလင်းပြင်ဖြစ် ရလာလျှပ်စစ် တရုတ်အတွက်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ ထိုင်းသို့ပို့ကာ ပြည်တွင်းမှာက ပြတ်တစ်လှည့်ငတ်တလှည့် မှောင်မှောင်မဲမဲ ဆူညံမီးစက် ချမ်းသာကြွယ်ဝ သူတို့ဘဝ ခရိုနီခေါ် ရေပေါ်ဆီနဲ့ စစ်မျိုးစစ်နွယ် အုပ်ချုပ်သူရယ် သမ္မတကထိုခေတ်ခါက အိပ်ပျော်နေလို့ မသိလေလား ထင်ကာထားမယ် ကဲ ဘာပြောကြမလဲ မေးစမ်းချင်ပါရဲ့။ […]


ဝန်ထမ်းဟူသည်  သူ့ဝန်ထမ်းရင်း ဝမ်းဝခြင်းသို့  မျှော်လို့တွေးရ ပေးသမျှဂျူတီ ငြင်းသည်ဘယ်မရှိ မသိလျှင်မေး သိရင်တွေးရင်း ကြွေးပြင်းတွေကြား နစ်နေသားလည်း အမှားနဲဖို့ ဟန်ကိုကိုယ့် သူ့ဖို့ ကိုယ့်ဖို့ မျှလို့ရုန်းကန် ဘုန်းကံကမွဲ သည်ဘဝပဲလို့ ကံကိုလွှဲမချ   ငါဟ လူသား သူများတွေလို  သည်ကိုယ်သည်ခေါင်း သည်လက်သည်ခြေ ရှိနေသည်မို့ သူတို့ဝန်ကို မထမ်းလိုသော သည်ဇောသည်စိတ်  ကြိတ်ကာကြိုးပမ်း လွတ်လမ်းဆိုသည် ရှိရမည် ၊