Maung Tar TeeMarch 8, 20141min25513
ဘိလပ်မြေ မှုန့် တွေ ဖွေးဖွေးထလို့ အုတ်ပုံ တွေ ကြား ဘဝ ကို.. စလုံးရေ စခဲ့ရတယ်.. နေပူ မိုးရွာ.. ဒါတွေက အလုပ်နားဖို့ အကြောင်းအရင်းမဟုတ်.. ဝမ်းရေးက တဂွီဂွီ အချက်ပြနေသ၍ပေါ့.. အဲယားကွန်းခန်းထဲ ကွန်ပြူ တာရှေ့ ကော်ဖီတစ်ခွက်နဲ့ အလုပ်လုပ်ရတဲ့ ဇိမ်.. ဘယ်သိပါမလဲ.. ရတဲ့ ၁၅ မိနစ်မှာ ကွမ်းစား ဆေးလိပ်သောက်.. ဇိမ်ကျ ခဲ့ရသကိုး.. နေစောင်း ခဲ့ပြီ.. အိမ်ပြန်ချိန် ရောက်တော့… ဆင်းကဒ်မပါတဲ့.. ဟန်းဆက်အပေါစားလေးနဲ့. လင်းလင်း သီချင်းကို ဖွင့်လို့….။ အိပ်ကပ်ထဲ က နေ့တွက်ခ ကို ဂရုတစိုက်စိုက်နဲ့ မှော်ဘီကား ခေါင်မိုးပေါ်မှာ ခပ်ပျော်ပျော် ပဲ အိမ်ပြန်ခဲ့တယ်.. ညဘက် ဘုံဆိုင်ထိုင်ချင်ထိုင်.. ဒေါင်မှာ […]


ရာမညMarch 7, 20141min69539
^^^ ဒါဒို့လယ် .. ဒါဒို့လယ် … ဒို့ … ပိုင်တဲ့လယ် ^^^   စိတ်မပူပါနဲ့ဖေဖေ သစ်တပင်ကောင်းရင် ငှက်တစ်သောင်းခိုနိုင်ပါတယ် လယ် တစ်ကွက်ကောင်းရင်လည်း ကြွက်တစ်သောင်းစားနိုင်ပါတယ် စိုက်တတ် ပျိုးတတ် လယ်ထွန်တတ်ဖို့ အဓိကပါ အဖေ ……   စိတ်မပူပါနဲ့ဖေဖေ ယောက်ကျားတိုင်းလယ်ထွန်တတ်ပေမယ့် မြေညက်အောင် ပြင်တတ်တာမဟုတ်ဘူး ဘယ်သူ ထွန်တာအကောင်းဆုံးဆိုတာ ပြိုင်ပွဲတွေကျင်းပပြီး သမီးရွေးမှာပေါ့ တသက်စာခိုင်းစားဖို့တွေးထား အများထဲကတစ်ယောက် ခေါင်းခေါက်ရွေးမှာပေါ့ အဖေ ………   စိတ်မပူပါနဲ့ဖေဖေ ဒီခေတ်မှာ တစ်လက်ကိုင်ဆိုတာ ဘေးထိုင်သွားပါပေါ့ တစ်ယောက်မကောင်းရင်တစ်ယောက်ပြောင်းမယ် လယ် ကောင်းဖို့ အထွက်တိုးဖို့ လယ် ထွန်သူ ဘယ်လိုစွမ်းသလဲ ရမ်းသမ်းပြီးစိတ်မှန်းနဲ့ ရွေးတဲ့ခေတ်မဟုတ်ပါ men may come and men […]


ကာရံMarch 3, 20141min1154
အတွေးကမ္ဘာထဲမှာ ရေးစရာများလာတော့ ကဗျာဆိုတာခံစားတက်လာတယ် ကာရန်တစ်ပိုင်းတစ်စကိုစု အခြေခံအပိုင်းအခြားတွေအောက်မှာ ကဗျာလေးကို အသက်သွင်းမိတယ် နှလုံးသားကနုတာလား အပြုံးတရားက ဖြူတာလားတော့မသိ ကဗျာလေးက  ချစ်စရာ အတွေးညတွေပေါ့ ချစ်ခြင်း မုန်းခြင်း ကွေကွင်းခြင်း ဝေးကွာခြင်းတွေအောက်မှာ ကဗျာလေးတွေ ကျရောက်လာတယ် ဆုံဆည်းခွင့်လေး နိုးမထခင် ရေးဖြစ်ခဲ့ကဗျာလေးကတော့ အလွမ် အဆွေး ဖြစ်ပေါ်လာခဲ့ရင် ကဗျာဆိုတာလေ                                 ကာရံ


ko sixMarch 2, 20141min1758
ဘဝကို တဖြည်းဖြည်းလွွှှတ်တင် မှုမှာ မျက်နှာကြီးရာ ဟင်းဖတ်ပါတွေကြောင်​့ သီးခံမှုက ကြိုးတစ်ဆုံး​လျော့​ပေး​နေရတယ်​ ​ညံ့ဖျင်းပုံများ ​ရေလိုက်​ငါးလိုက်မလုပ်​တတ်​​တော့ ငါ့အိပ်​မက်တွေ ချာလပတ်​ကို ရမ်​းလို့ အ​ပေးလား အယူလား မိုးခါး​ရေဆိုတာ ​ အောက်​လမ်းပညာတစ်မျိုးပဲထင်​တယ်​ ​တွေး​ခေါ်မှု​ရေဒါက အမှတ်​တရ​တွေကို ဆွဲတင်​တယ်​ နာကျင်​မှု​တွေကို ​နေလှန်​းတယ်​ ​လောကဓံမှာငြိတွယ်​နေတဲ့​ အောက်​လုံး​တွေက ငါ့ရွက်​တိုင်​မှာ ​ဖော​ဖောသီသီထိုးစိုက်လို့ မယုံမရှိနဲ့ ဘယ်​​လောက်​ပဲရိုးသားရိုးသား သံ​ယောဇဉ်လမ်​းတစ်​လျှောက်မှာ ​ငွေ​ကြေးနဲ့ မှန်​စာတိုက်​မထားနိုင်​​တော့ ငါ့အိပ်မက်​တွေ ပြတ်​ကျခဲ့ရတာ အကြိမ်​ကြိမ်​ ။ ကိုစစ်​


ko sixFebruary 28, 20141min23714
(i)​ဒေါင်​လိုက်​တိုးချဲ့လာတဲ့ ​ကျောခင်​းစရာများ (ii) အလျားလိုက်​ဖြစ်​ထွန်​းလာတဲ့ ကန္တာရများ (iii)မိတ္တူချုံ့သည်​ထက်​ချုံ့လာတဲ့ သစ်​​တောများ (iv) အနံလိုက်​ခုန်တက်​လာတဲ့​ရေမျက်​နှာပြင် များ (v)မိတ္တူချဲ့သည်​ထက်​ချဲ့လာတဲ့ အိုဇုံးလွှာအပေါက်​များ (vi)သံတမန်ဝင်​ဆံ့လာတဲ့​ရောဂါဘရများ (vii)မျိုးတုံးခြင်​းမှာ ဆရာကျတဲ့ သက်​ရှိသတ္တဝါများ (viii)အ​မေနှစ်​​ယောက်​ပိုင်​လာတဲ့ ဖန်​ပြွန်​များ (ix)​သောက်​ဆေးလိမ်​း​ဆေးမှား​နေတဲ့ သီချင်​းများ (x)​ငွေနဲ့စိုက်​တဲ့ ​မေတ္တာကိစ္စများ (xi)​မျှော်​လင်​့ချက်​ကို ​လေ​ပေင်​ချိန်​​နေရတဲ့ ရာသီဥတုများ ကိုစစ်​( ရူပ​ဗေဒ)


alinsettFebruary 24, 20144min32119
    မေမေရေ. . . ကဗျာဆိုတဲ့ သွေးတွေ . . . သားရင်ဘက်ထဲ စီးဆင်းဖို့. . . ဘယ်လို ညမျိုးမှာ သားကို မွေးခဲ့ရသလဲ. . . ဖိနပ်ပါးပါးတစ်ရံကို အကြာကြီးစီးရပြီး အယူအဆထူထူတွေကို ဝတ်ဆင်လို ့. . . ဆူးခင်းတဲ့လမ်းကိုမှ လျှောက်ချင်သူ. . . သားဟာ. . . . ကဗျာဆန်သောလူတဲ့လား. . . တကယ်တော့. . . ခါးလှတဲ့သစ်တစ်ရွက်ပါမေမေ မေမေရေ. . . ရာဇဝင်တွင်အောင် ရက်ရောတဲ့ သားအတွက် ကံဆိုးမိုးမှောင်တွေ ရွာချ.. ကဗျာဆိုပြီး နူးညံ့သိမ်မွေ့ပြရတဲ့ညတွေ တကယ်တော့. . . […]


~~~~~~~~~~~~ အကြောင်းကံဖန်လာမှ လမ်းတစ်ဝက်မှာတွေ့တာပါ ရမ်းပြီးမထပါနဲ့ ကျွတ်ကျမယ့်အရာတွေအတွက် စိတ်ကလေးတစ်ခုနဲ့မမြင်ရဲဘူး အရူးတွေထူးတာကိုအားကျတတ်ပေမယ့် မရူးရဲသူဆိုတော့လည်း အထူးကော်ဆဲဖို့တော့ မရဲတရဲရယ်လေ စိတ်ကို မာမာထားမလိုပါပဲ ဒါပေမယ့်ပြုတ်လိုက်တော့ ကြက်ဥတစ်လုံးလို ပျော့ရွဲရွဲလေးဖြစ်နေတာ ခက်တယ် မတ်တပ်ရပ်မလို့ဆိုမှ ဖုတ်ဖတ်ခါထတဲ့အခါ အနံ့တွေလှိုင်ထွက်နေတော့ နှာခေါင်းရှုုံ့နေတဲ့လူတွေကြားထဲ ခြေချင်းလိမ်ထားသမျှ ထွက်ကျသွားတဲ့ ကျင်ငယ်တွေက သိပ်နံတယ်မေမေ မြို့ကြီးပြကြီးမှာ ဆီးဝမ်းသွေးလေတွေချုပ် ပထဝီတေဇော အာဘောဝါယောတွေလည်း ဓါတ်ဗူးကြီးလေးလုံးလို ရိုက်ခွဲမရ သလုံးသားဖြူဖြူလေးတွေငေးမရတော့ ဟပ်တက်ကွဲပက်ကြားအပ်နေတဲ့ ရင်ခွင်မှာ စားဖားတွေခုန်ခုန်ထွက်တာခဏခဏ အရောင်မတောက်တဲ့ ခပ်ညစ်ညစ် ပုတက်တစ်ကောင်က ဖွတ်လိုလိုဟန်ဆောင်ဖြတ်လျှောက်သွားတော့ ဖြတ်ခနဲရိုက်ချပြီးအရေနွာတဲ့အခါ အစိတ်သားမပြည့်ပဲ ဟင်းအိုးထဲမှာ အတုံးလိုက်အတစ်လိုက် ရေကူးသွားတယ် မေမေ ရေတစ်ခွက်သောက်ဖို့ ကျိုူချက်ထားသလားမေးတဲ့ပါးစပ်ကို ဘရိတ်အုပ် စမ်းရေမှာ မလေးရီးယားဖြစ်နိုင်မယ့် ပိုးတွေပါမလားနဲ့ ငှက်ပျောသီးလည်းမစားရဲခဲ့ပါဘူးမေမေ ဒါတွေက မဆိုင်တာတွေ မယောင်ရာဆီလူးလိုက်ပြီး ငြိနေတဲ့အောက်ဆုံးအသိစိတ်ကို […]


သံယောဇဉ်အမြစ်တွယ်တာကို အပြစ်လို့ဆိုချင်သူတွေထဲ အပူခံမြစ်တစ်စင်းဖြတ်စီးပစ်တော့ ပင်လယ်ဟာ စီးကြိုဖို့မဝင့်မရဲနဲ့ ရင်ခွင်တံခါးစေ့ထားလေရဲ့ ခပ်ဟဟလေးစေ့ထားတဲ့ တံခါးရွက်နှစ်ချပ်မှာ ကိန်းဂဏာန်းသရုပ်ဖော်မှုက ဆမတူဘူး ရာဂဏာန်းဖြစ်ပြီး မွေးဖို့သင့်မသင့် တွေးတော့ ထွေလီကာလီနဲ့ အာရုံစားတယ် အက္ခရာလွဲတဲ့သဏ္ဍာန်က ရှေ့နောက် အချိန်ပြပုဒ်တွေမှားပြီး ဖြစ်သည်ရှ်ိသည်ကိုတောင် တည့်အောင်ပြောဖို့ခက်နေတဲ့အချိန်မှာ ငိုဖို့ကြိုးစားနေမလား နားလည်စွာတိမ်ပါးသွားတဲ့ကောင်းကင်မှာ လမသာတာလည်း သိတယ် စိတ်လှုပ်ရှားပြီးချဖြစ်တဲ့ သက်ပြင်းတွေကို အရိပ်တကြည့်ကြည့်နဲ့ လမ်းဘေးမှာ ရပ်တန့်မရ အဲဒီခြေအစုံကို ရိုက်ချိုးဖို့အထိ စဉ်းစားတော့ အလိုကြိ်ီးပြီးအရနည်းတဲ့ ခေတ်ကိုမြင်တယ် ခိုးယူပေါင်းသင်းခြင်းခံလိုက်ရတဲ့ စိတ်တွေပဲ ဒါပေမယ့် အလိုတူစွာနမ်းရှ်ိုက် ရှူလိုက်တိုင်းကိုယ်သင်းနံ့မှာ အတိတ်ကအရိပ်တွေအသစ်ဖြစ်တော့ အိပ်မပျော်တဲ့ညဟာ သံသရာလည်နေရ ခါးတယ်လည်းမဆိုးသာပဲ တဝါးဝါးသမ်းဝေနေတဲ့ နေ့ကြိ်ီးဟာ စားရခက်ခက်နဲ့ ဝါးလိုက်ရတာပဲ တစ်ယောက်တစ်မျက်နာကြည့်ပြီး အားနာရတဲ့အပြုံးနဲ့နုတ်ဆက်တဲ့ တစ်နေ့တစ်ကြိမ်မှာ ခပ်ဖျော့ဖျော့ဟာသွားနေဆဲ လိပ်ပြာက မနူးမနပ်နဲ့ ရာသီမှားပေါက်ဖွားတယ် အရိပ်ကိုကြည့်ပြိ်ီး […]


johnnydeerFebruary 21, 20141min25410
ကျွန်းသစ်ကို ဗြင်း… ကြက်ဆူခင်း လို့… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ…. လူကောင်း စတေး… လူယုတ် မွေးလို့… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… မြစ်ကိုလဲ ရောင်း… တောင်ကို ရောင်းလို့… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… ပုဆိုးလှန်ပြ… ဗိုက်လှန်ပြပြီး… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… တနပ်စာ ဖျောက်… နွားနို့သောက်ပြီး… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… ဟိုဟာကို တို့… ဒီဟာ ရှို ့ ပြီး… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… လူကောင်းကို ထောင်… လော်ဘီဆောင်ပြီး…. တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… ဒီလို တည်ဆောက်… ဒီလို ဖောက်လို့… ရောက်ပါ့မည်လား… ဒို့ မြန်ပြည်… မျှော်လေ ဝေးလေ… ဒီမိုကရေစီ…


အာဂFebruary 19, 20141min26113
ခဏ ခဏ ပြောတယ် ဘဝဆိုတာ ယာယီ…ပါပဲလို့….။ ဝန်ကြီး နေမကောင်းရင် လူနာဖြစ်သလို ဆရာဝန် သေရင်လည်း အသုဘဖြစ် တတ်တယ်။ စစ်သား(-) ဝန်ကြီး(-)သမ္မတ(-) (-)=ဖြစ် ယာယီပါပဲ။ ပိုးလောက်လန်း၊ ခြင်း…ယာယီပါပဲ။ ပိုးတုံးလုံး…။ လိပ်ပြာ…ယာယီပါပဲ။ သူဌေး၊အဆိုတော်၊မင်းသား၊မင်းသမီး ထောင်ထဲရောက်တော့ ထောင်သားပေါ့။ ချစ်သူ.တွေလည်း ယာယီ။ မုန်းသူတွေ လည်း ယာယီ။ မိတ်ဆွေ၊ရန်သူ ယာယီ။ ရှင်သန်ခြင်းဟာ ယာယီ။ သစ္စာတရားဟာ ယာယီ။ နေဝင်းလဲ ယာယီပဲ။ စောမောင်လဲ ယာယီပဲ။ သန်းရွှေလဲ ယာယီပဲ။ ခင်ညွှန့်လဲ ယာယီပဲ။ ကင်အီလ်ဆွန်မှ ကင်ဂျုံအီလ် မှ ကင်ဂျုံအွန် မြောက်ဘိလည်း ယာယီပဲ။ အာဏာလည်း ယာယီပဲ။ ပါဝါလည်း ယာယီပဲ။ သူတောင်းစားရုပ်ရှင်ကြည့်ရင် ပရိသတ်ဖြစ်တာပဲ။ ဘယ်သူကို […]


အာဂFebruary 18, 20141min1756
မျှော်လင့်ရင်းနဲ့ ငါးရှာထွက်ခဲ့ ဒါပေမဲ့….. ငါးမရခဲ့ပါဘူး…။ ရေချိုးပြီးပြန်မလို့ ကြည့်လိုက်တော့ … ရေတွေလည်း ခန်းခြောက်ပေါ့…..။ သို့သော်….. ကန်သင်ရိုးနားက ပေါက်နေတဲ့ ကန်စွန်းရွက်လေးတွေကိုတော့ ခူးယူပြန်ခဲ့…။ ဘဝဆိုတာ တစ်ခါတစ်ခါ…ငါးပိရည်တစ်ခွက်အတွက် အတို့အမြုတ်တစ်ပွဲဖြစ်ခဲ့…တယ်။ ဝန်ခံချက်။ ။လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ချာတိတ်အတွေးနဲ့ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ နည်းနည်းတော့ ပေါတောတောဆန်နေပါလိမ့်မယ်။


အရိပ္စစ္February 17, 20141min1323
မီးခိုးတွေ အူနေတာက မြင်ကွင်းအားလုံး အရောင်တွေချို့တဲ့ နေသလို မိုးလုံးမှိုင်း မိုးအုံ့နေတာလို့ ထင်ချင်ထင်ကြမယ် ဟင့်အင်း မိုးအစား မီးတွေ အုံ့နေတာ အဝတ်မရှိတဲ့ သစ်ခြောက်ပင်တွေကလည်း တစ်ခါက စိမ်းခဲ့ဖူးတယ်ဆိုတာကို အခုပဲ ကြိမ်ပြကြတော့မလို ရှက်ရွံအားငယ် တကယ်က နောင်မှ တမိတဲ့ နောင်တလေးဟာ ကြီးလေးလှတယ် ဆိုပြီး သဘောတရားပေါက်မြောက်ချင်နေတော့တာ ရှုရှိုက်နေရတဲ့ လေဟာ သစ်ရွက်ကြွင်းရနံ့ထက် မကဘူးဆိုတာကိုလည်း တောမီးတန်းလှလှစွေးစွေးတွေက လှမ်းအော်တယ် ဟုတ်ကဲ့ တစ်ချက် တစ်ချက်မှာ ဝါးလုံးပေါက်ကွဲသံတွေ ကြားရပါတယ် အဲထဲမှာမှ ပေါက်ကွဲသံ တစ်စုံ တစ်ခုကတော့ အကျယ်လောင်ဆုံးပဲ နောက်ဆုံး တို့ မီး ရှို့မီး အမျိုးမျိုးကြားထဲ ပြေးစရာ မြေရှားပါးလွန်းတယ်ဆိုတာ ပြာမှုန်စတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုကပဲ ကျန်ရစ်ပြခဲ့တယ် ။ ။ […]