BayoteMay 28, 20111min620
ကျနော်တို့ကျောင်းသားများ သည် အွန်လိုင်းကို အိမ်တွင် ဝယ်မသုံးနိုင်။ ကျောင်းများတွင်လည်း အလှသက်သက်ကြားကောင်းယုံသာ တပ်ထားပြီး လက်တွေ့ ကျောင်းသားများအား အသုံးပြုစေခြင်း မရှိသလောက်ဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းသားများသည် PAC များကို သာစာတမ်းများ၊ စာဖတ်ခြင်းများအတွက် အားကိုးနေရပါသည်။ ယခု PAC များတွင် Memory Stick များ CD များ ပေးမသုံးခြင်း Print မထုတ်နိုင်ခြင်းကြောင့် Project စာတမ်းများ ပညာရေးအချက်လက်များ ထုတ်ရန် ခက်ခဲမှုများ ဖြစ်ပေါ်နေပါတယ်။   နိုင်ငံသားကဒ်မှာလည်း ၁၈နှစ်သက်တမ်းတိုးခြင်းကြောင့်မရသေးပါ။ နိုင်ငံတကာတွင် ကျောင်းသားများ အား အထူးအခွင့်ရေးများပေးထားပါသည်။ PAC ဝင်လျှင် မှတ်ပုံတင်ပေးရမည် ရေးထားပါသည်။   သမ္မတကြီးမှ နိုင်ငံတော်တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်မည်ပြောသော်လည်း ကျနော်တို့ ကျောင်းသားများမှာ အခက်ခဲများစွာ တွေ့နေရပါတယ်။ […]


kaiMay 26, 201188min830
*************************************************** BURMA RELATED NEWS – MAY 26, 2011 *************************************************** Daily Telegraph – Aung San Suu Kyi to test limits of freedom with Burma tour Monsters and Critics – Myanmar’s opposition politician Win Tin hospitalised AP – Myanmar president on visit to ally China Reporters Without Borders  – DVB reporter spends 30th birthday in prison US News […]


အထက်ပါ အကြောင်းအရာ ကို eleven media group မှ လည်း လာရောက် အင်တာဗျူးမည် ဟု သတင်းကြားရသည် ။ ဗျူး ပြီး မ ပြီး တော့ မသိရသေးပါ ။ အထက်ပါ အကြောင်းအရာ ကို အစချီ ရမည် ဆိုလျှင်… လွန်ခဲ့သော အနှစ် ၂၅ နှစ် ခန် ့က မန်းတလေး မြို  ့ပဲပုတ်တန်း ရပ်ကွက် တွင် ကျောက်စိမ်း ရောင်းဝယ်ရေး လုပ်ကိုင်သူ မိသားစု တစ်စု ရှိသည် ။ ခြံနေရာ ကျယ်ကျယ်ဝန်းဝန်း တွင် ကျောက်ဖြတ် ကျောက်သွေး လုပ်ကိုင်ခဲ့ကြသည် ။ ထို ခေတ် ထိုအချိန် က […]


moonpoemMay 26, 20111min552
ဧည့်လမ်းညွှန်များ တာဝန်ထမ်းဆောင်ချိန်အတွင်း တူညီဝတ်စုံ များ ဝတ်ဆင်ရတော့မည်ဖြစ်ကြောင်း မြန်မာ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးဦးလှဌေးက ပြောကြား သည်ဆိုသော သတင်းကို http://yangonmedia.com/news/news_detail.asp?nid=4073 အဆိုပါလင့်ခ် တွင် ဖတ်ရှူလိုက်ရပါသည်။ ကျွန်မတွေ ့မြင်ရသလောက်တော့ ဧည့်လမ်းညွှန်များသည် ယခင်ကတည်းက အမျိုးသားဆိုလျှင် စတစ်ကော်လာအင်္ကျီနှင့်ပုဆိုး၊ အမျိုးသမီးဆိုလျှင် မြန်မာအကျင်္ီနှင့် လုံချည်ကိုသာ ဝတ်ဆင်သူများဖြစ်ကြပါသည်။ တခြားသူများတော့ မပြောတတ်ပါ ဘောင်းဘီနှင့် ဂိုက်လိုက်သည် ဆိုတာကို တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းစသော အချိန်တွင်သာ မြင်ဘူးပါသည်။ သူ ့ဟာနဲ ့သူ အမြင်မရိုင်းသော ဝတ်စုံများဖြင့် တိုးလိုက်နေသော ဧည့်လမ်းညွှန်များကို ဘာကြောင့်များ တူညီဝတ်စုံ သတ်မှတ်ပေးရသလဲဟု တွေးမိပါသည်။ ဂိုက်လိုင်စင်သက်တမ်းကုန်ပြီး လဲသောအချိန်တွင် ယူနီဖောင်းတွေရောင်းမည်လား မပြောတတ်ပါ။ မဝယ်မနေရ လုပ်မည်ဆိုလျှင်တော့ သေချာသည်မှာ တစ်စုံတစ်ခုသောအပ်ချုပ်ဆိုင်သည် အရောင်းအဝယ်ကောင်းလာပါလိမ့်မည်။

DEPAEYIN.jpg

မေလ ၃ဝရက်နေ့ ဒီပဲရင်းလူသတ်ပွဲ ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ နီးလာတော့ မြန်မာပြည်တဝှမ်း နေရာအနှံ့မှာ ယုံကြည်ချက်ကြောင့် မတရားထောင်သွင်း အကျဉ်းချခံနေရသူများကို သတိတရ ဖြစ်မိပါတယ်။ အကျင့်ပျက်ခြစားမှု ကြီးမားလှတဲ့ မြန်မာပြည် တရားစီရင်ရေးစနစ်နဲ့ အလွန်တရာ ညံ့ဖျင်းလှတဲ့ ထောင်တွင်း အခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသမားများသာမက သာမာန်ရာဇဝတ်မှု အကျဉ်းသားများကိုလည်း ကိုယ်ချင်းစာနာစိတ်မိတယ်။ ထောင်မကျသင့်ဘဲ ကျနေရသူတွေ၊ လွဲမှားစွာစီရင်ချက် အချခံရသူတွေ၊ အပြစ်မရှိဘဲ လုပ်ကြံထောင်ချခံရသူတွေ၊ ထောင်ကပြန်လွတ်ပြန်တော့ ဘဝပျက်သွားသူတွေ ဘယ်လောက်များ ရှိခဲ့ပြီလဲ။ ထောင်ဆိုတာ ခေတ်သစ်လူမှုအဖွဲ့အစည်းမှာ ပြုပြင်ပြောင်းလဲပေးရတဲ့ ဌာနတခုပါ။ အပြစ်ဒဏ်ပေး၊ ညှင်းပန်းနှိပ်စက်တာသက်သက် မဖြစ်ရပါဘူး။ စာအုပ်ကြီးအတိုင်း အတိအကျမဖြစ်နိုင်ပေမဲ့ အတတ်နိုင်ဆုံး နီးစပ်ရပါမယ်။ ခေါင်းရှောင်ချင်ရင် ကိုလိုနီနယ်ချဲ့ဆိုတဲ့ စကားလုံးကို ရေလဲသုံးပြီး အင်္ဂလိပ်လက်ထက်က ထောင်ဥပဒေများ၊ တရားလက်လွတ်ဥပဒေမဲ့ ဖမ်းဆီးမိန့်များနဲ့ ဆထက်တပိုး […]


မြန်မာနိုင်ငံအတွင်း အခြား သစ်တောနယ်မြေများရှိ တောရိုင်း တိရစ္ဆာန်များအား ဖမ်းဆီးမည်ဆိုပါ က သစ်တောဦးစီးဌာနတွင်အမဲ လိုက်ခွင့်လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အမဲလိုက်ခွင့်လိုင်စင် လျှောက်ထားသူသည် သစ်တောဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ပြီး အမဲလိုက်ခွင့်လိုင်စင် စည်းကမ်းချက်များနှင့် သတ်မှတ်ထားသည့် အမဲလိုက်ခွင့် လိုင်စင်ခကို ပေးဆောင်ရန်လိုအပ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် သစ်တောနယ် မြေ ၃၆ ခုကို သဘာဝ သစ်တောနယ်မြေများ အဖြစ် ထိန်းသိမ်းကာကွယ်ထားပြီး တောရိုင်းတိရစ္ဆာန်များကို အပြည့်အဝ(လုံးဝ) အကာအကွယ် ပေးခြင်း၊ သာမန်ကာကွယ်ပေးခြင်း နှင့် ရာသီအလိုက် အကာအကွယ်ပေး ခြင်းဟူ၍ အဆင့်သုံးဆင့်ခွဲခြားသတ်မှတ်၍ ကာကွယ်ထားကြောင်းနှင့် လက်ရှိအချိန်တွင် နို့တိုက်သတ္တဝါ မျိုးစိတ် ၅၃ မျိုး၊ ငှက်မျိုးစိတ် ၁၀၆ မျိုး၊ ကုန်းနေ၊ ရေနေနှင့် တွားသွား သတ္တဝါမျိုးစိတ် […]


ဆူးMay 25, 20111min1446
ပလန်းနက်ယူဇာမောင်နှမများစုပေါင်းလှူတဲ့ ပဉ္စမအကြိမ်ကထိန်အလှူပဲဖြစ်ပါတယ်။ ပဉ္စမအကြိမ်ကထိန်ခင်းမယ့် ကျောင်းကတော့ ၁။ ပဓာန နာယကဆရာတော် ဘဒ္ဓန္တ ဉာဏ ( ဂိုဏ်းအုပ်ဆရာတော် မဟာဗောဓိဝိနည်းပြန်ဌာန ) ၂။ ကျောင်းအုပ်ဆရာတော် အရှင်ပညောဘာသ (ပန်းပျိုးလက်) တည်နေရာ အမှတ် (၁၇) ၊ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း ကျောက်တန်းရွာ ၊ ပဲခူးမြို.နယ် ဖြစ်ပါတယ်။ ပဉ္စမအကြိမ်ကထိန်အလှူကို တန်ဆောင်မုန်းလ ( ၆ – ၁၁ – ၂၀၁၁ ) မှာ ကထိန်အလှူကို ကျင်းပမှာဖြစ်ပါတယ်။ အရင်နှစ်တွေလိုပဲ အဝေးရောက်နေတဲ့ အွန်လိုင်းယူဇာတွေအတွက် ကထိန်အလှူငွေကို ဘဏ်မှသော်လည်းကောင်း ၊ တိုက်ရိုက်သော်လည်းကောင်း ့အလှူငွေ လွဲနိုင်ရန်အတွက် အောက်ဖော်ပြပါ သက်ဆိုင်ရာယူဇာများ၏ အမည်၊မှတ်ပုံတင် နှင့် ဂျီတော့လိပ်စာများကို ဆက်သွယ်နိုင်ပါတယ်။ […]


erosMay 25, 20114min19611
ပုဇွန်တောင်တွင် အကြမ်းဖက်လုယက်မှုဖြစ်ပွား သတင်းထောက် ကျော်မြတ်ဇံ ရေးသားသော အဆိုပါ သတင်းတွင် ဧပြီ၂၆ရက်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်(၇)ရပ်ကွက် အထက်ပုဇွန်တောင်လမ်းရှိ နေအိမ်တစ် အိမ်တွင် နေအိမ်ထဲသို့ မျက်နှာစိမ်းနှစ်ယောက်ပေးဝင်မိရာမှ အကြမ်းဖက် လုယက်ခံခဲ့ရသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ သတင်းအကျယ်သို့ Home ရွှေအပေါင်ဆိုင်အချို့တွင် ရွှေပွတ်ခိုးခြင်းများ မကြာခဏဖြစ်ပေါ် ရန်ကုန်ရှိ အတိုးနှုန်းနှစ်ကျပ်ဖြင့်အပေါင်ခံသည့် ရွှေ အပေါင်ဆိုင်အချို့တွင် ရွှေပွတ်ခိုးခြင်းကိစ္စများ မကြာခဏဖြစ် ပေါ်နေကြောင်း သိရကြောင်း ကာယကံရှင်များ၏ ပြောစကားများကို ဖော်ပြထားသည့် သတင်းကို Yangon Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။ သတင်းအကျယ်သို့ Home ကျောင်းအပ်ရာတွင် အပိုကြေးတောင်းပါက တိုင်ကြားနိုင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံပါက မည်သည့်အပိုကြေးမှ ပေးရန်မလိုအပ်ကြောင်းနှင့် အပိုတောင်းခံမှုများရှိ ကြောင်း သိရှိရပါက အရေးယူသွားမည်ဟု […]


thuratunMay 24, 20111min1126
ယနေ့ညနေ ၃ နာရီ ၅ဝ မိနစ်အချိန်၌ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက် ဒညင်းကုန်းလမ်းဆုံအနီးရှိ အမှတ်(၁) အုတ်စက်ရုံတွင် ထရန်စဖော်မာသို့ မိုးကြိုးပစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုမီးလောင်မှုကြောင့် ထရန်စဖော်မာတစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး ငွေကျပ် ၃၅ သိန်းခန့် ဆုံးရုံးခဲ့ကြောင်း သတင်းရရှိသည်။  

bar-fight1.jpg

ဒီနေ့ ဘီဘီစီ၊ အာရ်အက်ဖ်အေ သတင်းတွေမှာ အမေရိကန် ဒြုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာစစ်တပ် နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ချင်ရင် အမေရိကန်ဖက်က ဘားမားဆိုတဲ့ နာမည်အစား မြန်မာလို့ခေါ်ဝေါ်သုံးစွဲဖို့ တောင်းဆိုတယ်လို့ မြန်မာတိုင်းမ်းဂျာနယ်ကို ကိုးကား ဖေါ်ပြထားတာ တွေ့ပါတယ်။ တိုင်းပြည်အမည်နဲ့ပတ်သက်ပြီး အငြင်းပွားနေတာ ကြာပါပြီ။ ကိုယ့်အသက်အရ သိမှီတာကိုပြောပါဆိုရင် ၁၉၈၈ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ကထဲကပါ။ တရားဝင်အမည်ကို ပြည်ထောင်စု ဆိုရှယ်လစ် သမတ မြန်မာနိုင်ငံကနေ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောင်းခဲ့တယ်ထင်ပါတယ်။ အခုတော့ ပြည်ထောင်စု သမတ မြန်မာနိုင်ငံ ဖြစ်မှာပေါ့လေ။ အနောက်တိုင်း သိုးဆောင်းစကားနဲ့ဆိုရင် အရင်က Burma နောက်ပိုင်းမှ Myanmar ပြောင်းခဲ့ပါတယ်။ ကိုယ့်တိုင်းပြည်အမည်တောင် ကွဲကွဲပြားပြား မသိဘူးလားလို့ အပြစ်တင်လည်း ခံရမှာပါပဲ။ ကုလားကြီးနဲ့ အရာကြီးဖြစ်လို့ စိတ်မဝင်စားပါဘူး။ […]


sonicwaveMay 21, 20111min1348
ဒီနေ့ မွန်းလွဲပိုင်းက ရေဦးမြို့ကနေ မန္တလေးမြို့ကို အပြန်မှာ တွေ့ကြုံခဲ့ရတဲ့ မုန်တိုင်းဖြစ်ပါတယ်။ အလုံတပ်မြို့ကိုအဝင်မှာ အင်အားတော်တော်ပြင်းထန်တဲ့ မုန်တိုင်းက စတင်တိုက်ခတ်လာပါတယ်။ ဒါပေမယ့် မုန်တိုင်းက အိမ်တွေကိုတော့ ပျက်စီးမှုနည်းပါခဲ့ပါတယ်။ သစ်ပင်တွေကတော့ လမ်းပေါ်မှာရော လမ်းဘေးမှာပါ တော်တော်များများလဲကုန်ပါတယ်။ သစ်ပင်တွေလဲတဲ့အတွက် အလုံမြို့နဲ့ မုံရွာမြို့တွေမှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တဲ့အတွက် မုန်တိုင်းစဲသွားချိန်မှာတော့ တပ်မတော်သားများကို တိုင်းမှူးကိုယ်တိုင်ဦးဆောင်ကာ လမ်းမပေါ်ပိတ်နေသော သစ်ပင်များကိုရှင်းလင်းခဲ့ပါတယ်။ သစ်ပင်များတော်တော်များများလဲကျသော်လည်း လမ်းမကြီးပေါ်မှာတော့ ထိခိုက်မိသူများကို မတွေ့ခဲ့ရပါဘူး။ သွယ်တန်းထားသောဓာတ်ကြိုးများကတော့ သစ်ပင်တွေလဲတဲ့အတွက် ပျက်ကျကုန်ပါတယ်။ ဒီနေ့မွန်းလွဲပိုင်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်…………


ဆူးMay 20, 20111min1356
ရွှေပြည်ဟိန်း ကျောင်း၊ ပြည်သာယာ ဘောက်ထော် ရန်ကင်းမြို့နယ်။ (ကျိုက္ကဆံ စူပါဝမ်း၊ တာမွေလေး၊ သံလမ်း အနီး) ဖုန်း ၅၄၁၄၉၃၊ ဝ၉၅၁၀၂၁၉၇။ မေလ ၂၁ ရက်နှင့် ၂၂ ရက်တွေမှာ စက္ခု ဝေဒနာရှင်များအား ဒါနပြု ခွဲစိပ် ကုသပေးမှာ ဖြစ်ပါတယ်။ သတင်းစာထဲမှာလည်း ပါတတ်ပါတယ်။ သိချင်ရင်တော့ လိပ်စာက ဖုန်းနံပါတ်ကိုသာ မေးမြန်းပြီး စုံစမ်းကြည့်ပါ။ အသိထဲမှာ မျက်စိ ဝေဒနာရှင် နွမ်းပါးသူများ အလကား ကုသပေးနေပါတယ်။ တနေ့က အလှူငွေ သွားလှူခဲ့တဲ့ အတွက် သတိတရ တင်ပေးလိုက်ပါတယ်။ နီးစပ်ရာ အတိဒုက္ခရောက်နေတဲ့ လူ ပုဂ္ဂိုလ် ရဟန်း စတာတွေကို တိုက်တွန်း နိုးဆော်ပေးကြပါအုန်း။


ယနေ့ည ၈း၄၅ မိနစ်ခန့်လောက်မှစမြင်လိုက်တာပေါ့နော် … ရွှေတိဂုံဘုရားရဲ့ အရိပ်ကောင်းကင်မှာ ပေါ်နေပါတယ် …  ပေါ်နေတာက အမဲရောင် ကောင်းကင်မှာ အဖြူရောင် အကွကလေးဖြစ်ပြီးတော့ စိန်ဖူးတော်က သက်သက်တစ်နေရာ ၊ စိတ်ဖူးတော် ပေါ်နေတဲ့ နေရာရဲ့ ၁ဝ ပေ အကွာလောက်မှာ စိတ်ဖူးတော် မပါပဲစိန်ဖူးတော်ရဲ့ အောက်ပိုင်းက ဘုရားနဲ့ အဝေးမှာ ယှဉ်ရက်သားလေး ထင်ဟက် နေတာ လူတွေအားလုံး နိုင်ငံခြားသားတွေရော ဓါတ်ပုံတွေရိုက်ကြ အရိပ်ကိုရှိခိုးကြနဲ့ … ၉ း ၁၁ လောက်ကျတော့ မိုးပေါက်လေး တွေရွာချလာပြီး ၉ း ၃ဝ လောက်မှာ အရိပ်က ပျောက်သွားတယ် … မတွေ့ရတော့ပါဘူး …  မိုးပေါက်ကျနေတာတောင် နိုင်ငံခြားသားတွေရော ဓါတ်ပုံတွေရိုက်နေကြတယ် … ရွှေတိဂုံဘုရား […]