sonicwaveMay 28, 20111min631
37 ဂဏန်းမှာ ထူးခြားတာလေးတွေရှိတယ်ဗျ။ အဲဒါကတော့…….ဆင်တူတဲ့ ဂဏန်းသုံးလုံး.. ဥပမာဗျာ 111, 222, 333, …….ကနေ 999 အထိပေါ့ ။ အဲဒီ ဆင်တူတဲ့ ဂဏန်းသုံးလုံးကိုပေါင်းလို်က် 111 ဆိုတော့ 3 ပေါ့ဗျာ ။ အဲဒီ 3 နဲ့ 37 ကိုမြှောက်ရင် 111 ပဲရတယ်ဗျ ။ 111 ကို 37 နဲ့စားမယ်ဆိုရင် ဝင်ရမယ့် အလီပေါင်းက အဲဒီဂဏန်းသုံးလုံးပေါင်းလဒ် 3 ပဲ ဖြစ်နေတယ်လေ ။ 222 ကို 37 နဲ့စားမယ်ဆိုရင်တော့ ဝင်ရမယ့်အလီပေါင်းက 6 ပေါ့ဗျာ ။ အဲဒီဟာက 999 အထိမှန်တယ်ဗျ ။ ကဲ ဗဟုသုတ အဖြစ်ပေါ့ဗျာ…………


sonicwaveMay 26, 20111min1183
အခု 2011 ခုနှစ်က တော်တော်ထူးခြားတယ်ဗျ။ ဒီနှစ်မှာ ‘ 1.1.11 / 11.1.11 / 1.11.11 / 11.11.11 ‘ အဲဒီလိုနေ့ရက်တွေရှိမယ်။ ပြီးတော့ ကိုယ့်မွေးတဲ့ ခုနှစ်ရဲ့ နောက်ဆုံး နှစ်လုံးနဲ့ ကိုယ်ရောက်မယ့် အသက်ကို ပေါင်းရင် ‘ 111 ‘  ရတယ်ဗျ။ ဥပမာ ပြရရင် ကျွန်တော့်မွေးတဲ့နှစ်ရဲ့နောက်ဆုံး နှစ်လုံးက 89 ဆိုပါတော့၊ ရောက်မယ့် အသက်က 22 ဗျာ ဒါဆိုပေါင်းရင် ‘ 111 ‘ ရတယ်ဗျ။ ကဲအဲဒါရော မထူးဆန်းဘူးလား။ ပြီးတော့ ကျန်သေးတယ်ဗျ။ အခု 2011 ရဲ့ October လမှာ Sunday 5 , Saturday […]


sonicwaveMay 21, 20111min1438
ဒီနေ့ မွန်းလွဲပိုင်းက ရေဦးမြို့ကနေ မန္တလေးမြို့ကို အပြန်မှာ တွေ့ကြုံခဲ့ရတဲ့ မုန်တိုင်းဖြစ်ပါတယ်။ အလုံတပ်မြို့ကိုအဝင်မှာ အင်အားတော်တော်ပြင်းထန်တဲ့ မုန်တိုင်းက စတင်တိုက်ခတ်လာပါတယ်။ ဒါပေမယ့် မုန်တိုင်းက အိမ်တွေကိုတော့ ပျက်စီးမှုနည်းပါခဲ့ပါတယ်။ သစ်ပင်တွေကတော့ လမ်းပေါ်မှာရော လမ်းဘေးမှာပါ တော်တော်များများလဲကုန်ပါတယ်။ သစ်ပင်တွေလဲတဲ့အတွက် အလုံမြို့နဲ့ မုံရွာမြို့တွေမှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တဲ့အတွက် မုန်တိုင်းစဲသွားချိန်မှာတော့ တပ်မတော်သားများကို တိုင်းမှူးကိုယ်တိုင်ဦးဆောင်ကာ လမ်းမပေါ်ပိတ်နေသော သစ်ပင်များကိုရှင်းလင်းခဲ့ပါတယ်။ သစ်ပင်များတော်တော်များများလဲကျသော်လည်း လမ်းမကြီးပေါ်မှာတော့ ထိခိုက်မိသူများကို မတွေ့ခဲ့ရပါဘူး။ သွယ်တန်းထားသောဓာတ်ကြိုးများကတော့ သစ်ပင်တွေလဲတဲ့အတွက် ပျက်ကျကုန်ပါတယ်။ ဒီနေ့မွန်းလွဲပိုင်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်…………