အဇဋာSeptember 1, 20121min55932
Yesterday မနေ့က ကျွန်တော်တင်ခဲ့တဲ့ “အကြံညဏ်တောင်းခံခြင်း”(https://myanmargazette.net/147294/economic-news-international-news-news-industry-people-in-the-news-us-news-news) ဆိုတဲ့ ပို့စ်ကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ ABSDF ဆိုသူပုဂ္ဂိုလ်တွေ ရောက်လာမယ်ဖြစ်တဲ့ အတွက် ကျွန်တော် သတင်းသွားလိုက်မလို့ အကြံညဏ်တောင်းခံခြင်းနှင့်အတူ ဆွေးနွေးပေးရန် ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပို့စ်ကို တင်ပြီး နောက်ထပ် မိနစ် ၂၀ လောက်အကြာမှာပဲ ၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေအတွက် သတင်းထောက်ဝင်ခွင့်ကတ်ပြားကို ၈၈ ရုံးမှာ သွားယူရတဲ့အတွက် ပြန်မကြည့်ဖြစ်ခဲ့ပါဘူး။ ပြီးတော့ တစ်ဆက်တည်းပဲ လေဆိပ်ကို ဆက်သွားခဲ့ပါတယ်။ ပြန်လာတော့ တွေ့ရတဲ့ တချို့ ကွန်မင့်တွေက နည်းနည်းတော့ ရင်အောင့်သွားစေပါတယ်။ ကျွန်တော် “သေဖော်ညှိခြင်း” မဟုတ်ပါ။ ထို့ပြင် “ဗျတ်ဝိ ဗျတ္တ ဝင်နေခြင်း” လည်း မဟုတ်ပါ။ ဂေဇက်ရွာသားများနှင့် အတူရင်းနှီးချင်၍ ဖြစ်ပါသည်။ ထားလိုက်ပါတော့။ မနေ့က ဖြစ်တဲ့ လူရွင်တော် ဇာဂနာရဲ့ သတင်းထောက်တွေအပေါ် ဆဲရေးခြင်းအကြောင်း အားလုံးကြားကြမှာပါ။ ဇာဂနာ ဆဲတယ်ဆိုတဲ့ အကြောင်း ကျွန်တော် သတင်းလိုက် သွားခဲ့တဲ့ပွဲမှာ ရောက်လာတဲ့ […]


အဇဋာAugust 31, 20121min1297
ယနေ့ နေ့လည်တွင် ABSDF ကျောင်းသားများ ဥက္ကဋ္ဌဟောင်း နှင့်အတူ အခြား ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်သည်။ မိုးသီးဇွန်ကဲ့သို့သော ပုဂ္ဂိုလ်များလည်း လာမည့် ရက်ပိုင်းအတွင်းရောက်ရှိလာမည်ဖြစ်ပြီး ယနေ့တော်ဝင်နှင်းဆီတွင်လည်း အဆိုပါ ABSDF ကျောင်းသားကိစ္စများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်သည်။ ပြန်ရောက်လာမည့်သူများကို မကြေနပ်သူများ၊ သတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည့်သူများ၏ မိဘများကလည်း ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။ အဆိုပါကိစ္စကို ယနေ့ သတင်းလိုက်သွားမည်ဖြစ်သည်။ အကယ်၍ ခင်ဗျားတို့သာ ကျွန်တော့်နေရာမှာဆိုရင် ဘယ်လိုမေးခွန်းမျိုးတွေ မေးချင်ပါသလဲ ? ဘယ်လို အကြံညဏ်ပေးချင်ပါသလဲ ? ဆွေးနွေးခြင်းနှင့် အကြံညဏ်တောင်းခံခြင်းဖြစ်ပါသည်။ ထို့ပြင် ဂေဇက်ရွာသားများနှင့်အတူ သတင်းအတူလိုက်ချင်၍ ဖြစ်သည်။ ကဲ…အတူတူ သတင်းလိုက်ကြစို့။ အားလုံးကို ကျေးဇူးတင်ပါသည်။ မြတ်ကျော်သူ


ကို သာAugust 31, 20121min916
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်- ဒလ ကြိုးတံတားကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တွင် ကျင်းပခဲ့သော လမ်းပန်း ဆက်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရှိ ရသည်။ ရန်ကုန်-ဒလကြိုးတံတားမှာ ခန့်မှန်းပေ(၂၇၀၀)ရှည်လျားမည် ဖြစ်ပြီး၊ကြိုးတံတားတည်ဆောက် ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် ဒလ မြို့တို့ကို အချိန်တိုတောင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။ နိုင်ငံခြားအကူအညီများဖြင့် ရန်ကုန်မြို့တော်အတွင်း တည် ဆောက်သွားမည့် တံတားများမှာ ရန်ကုန်-ဒလကြိုးတံတားအပါ အဝင်၊ခန့်မှန်းပေအရှည်(၁၉၇၀) ရှိ လှိုင်မြစ်ကူးတံတား၊ပေအရှည် (၉၀၀)ရှိ ဝါးတစ်ရာတံတားတို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ ငမိုးရိပ်ချောင်းကိုဖြတ်ကျော် ၍ ပုဇွန်တော်မြို့နယ်နှင့်ဒေါပုံ မြို့ နယ်တို့ကိုဆက်သွယ်ဖောက်လုပ် ထားသည့် သာကေတသံပေါင် တံတားအစား တံတားတစ်စင်းကို သာကေတမြို့နယ် သုမနလမ်းမ ကြီးနှင့်ဇင်္ဂမလမ်းမကြီးတို့အကြား ၌ အူလမ်းကြောင်းအဖြစ်လျာ […]


padonmarAugust 30, 20121min1567
ဝါးခယ်မ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း(ကျောင်းကြီး) အာစရိယပူဇော်ပွဲ Teacher homage of 1973-1988 batches of B.E.H.S(1),Wakhema will be held on 30th Dec,2012 at Wakhema township. We aim to donate large amount of money.(3-5 lakhs). Plz share this as much as u can. Thz. ဝါးခယ်မ ကျောင်းကြီးတွင် 1973မှ1988 အတွင်း ဒသမတန်းဖြေဆိုခဲ့ကြသော ကျောင်းသားကျောင်းသူဟောင်းများမှ ဦးဆောင်၍ ထိုနှစ်များအတွင်း ပညာသင်ကြားပေးခဲ့သော ဆရာကြီး ဆရာမကြီးများအား အာစရိယပူဇော်ပွဲကို 2012 December 30 (တနင်္ဂနွေနေ့) […]


same kyawAugust 30, 20121min1515
မုန်တိုင်း ဆို လို့ မျက်လုံးနဲနဲပြူးသွားကြမလား။ မနေ့ က ဒီရွာ ကဆောင်းပါးရှင်မောင်ဘလှိုင် ဘယ်လောက်အရေးကောင်းလဲ မသိဘူစာရေးချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ စာဖတ်တဲ့သူ စိတ်ဝင်စားမှု့ဟာ စာရေးသူရဲ့ အစွမ်းနဲ့ရေးသားမှု့ပေါ် ပိုဆိုင်မယ်ထင်ပါတယ်။ မှုရင်း ခေါင်းစဉ် ကို ဆက်ပါမည် ။အခုလောလောဆယ်မုန်တိုင်း ၃ခုဖြစ်သွားပါတယ်။ North-western က ဖြစ်လာတဲ့မုန်တိုင်း ကို်  typhoon လို့ခေါ်တယ်။ hurricane, cyclone,typhoon တို့ဟာ အားလုံးမုန်တိုင်းတွေ ပါဘဲ။သူတို့ဖြစ်လာတဲ့မူရင်းဒေသ ကိုလိုက်ပြီး နာမည်တွေ မှည့်ပြီးပြောင်းသွားတာပါ။(သိပြီးရင်လည်း ဆေားရီးပါ) ထူးဆန်းတာ သူတို့အားလုံးဟာ နို်င်ငံများစွာကို ဖြတ်သန်းတိုက်ခိုက်သွားတာ တိုက်ဆိုင်လွန်းလို့ပါ။ တောင်တရုတ်ပင်လယ်ပင်မှာ tembin storm နဲ့ bolaven storm တို့ဖြစ်တယ်။  tembin  က ဂျပန်ကပေးတဲ့နာမည်ပါ။ တူရာသီကို် ကိုယ်စားပြုတယ်လို့ပြောတာဘဲ။bolaven ကတော့ လာအို ကပေးတဲ့နာမည်ဖြစ်ပြီး လာအိုနို်င်ငံရဲ့ ကုန်းမြင့်ဒေသ […]


ကို သာAugust 29, 20121min62025
တရုတ်နိုင်ငံထုတ် Chery ကား များတွင် ကင်ဆာ၊ တီဘီဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့် အသုံးပြုထားကြောင်းတွေ့ရှိရ၍ ဩစတျေးလျနိုင်ငံတွင် Cheryကားများပြန်သိမ်းနေပြီး စင်ကာပူနိုင်ငံတွင်လည်း Chery ကားများကို စစ်ဆေးနေကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။ Chery ကားများတွင် Asbestos (ကျောက်ဂွမ်း သို့မဟုတ် မီးခံကျောက်မှုန့်) များထည့်သွင်းအသုံးပြုထားပြီး အဆိုပါ Asbestos မှာ ကြာရှည်ရှုရှိုက်မိပါက အဆုတ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ဩစတျေးလျနိုင်ငံတွင်စတင် တွေ့ရှိခြင်းဖြစ်ပြီး Chery J3 Sedan နှင့် Chery T11 SUV ကား အမျိုးအစားများကဲ့သို့ တန်ဖိုးမြင့်ကားများတွင် တွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် အစီးရေ ၂၃၀၀ဝ အား ပြန်သိမ်းနေကြောင်း ထုတ်ပြန်ထားသည်။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၅ဝ ကျော်မှ Asbestos […]


ခင္ခAugust 29, 20121min9810
စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ဆောင်ရွက်တော့မည် မနေ့က ( ၁၈.၈.၁၂ ) ကြေးမုံသတင်းစာမှာပါတဲ့ သတင်းလေးပါ။ စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ဆောင်ရွက်တော့မည်ဆိုပြီး သတင်းခေါင်းစဉ်နဲ့ ရေးထားတာက စားသုံးသူကာကွယ်ရေးအသင်းဖွဲ့စည်း၍ အသင်းမှတ်ပုံတင်ကျလာပြီးနောက်တွင် စားသုံးသူကာကွယ်ရေးနှင့် ပက်သက်သော လုပ်ငန်းစီမံချက်များ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အသင်းဖွဲ့စည်းရေးကြိုးပန်းလျှက် ရှိသော ဦးဗအုပ်ခိုင်က ဩဂုတ်လ ၂၆ ရက်နေ့ကပြောသည်။“အခုအသင်းဖွဲ့စည်းပြီးတဲ့အခါ မှတ်ပုံတင် တင်မယ်။ မှတ်ပုံတင်ကျလာတာနဲ့ စားသုံးသူကာကွယ်ရေးနဲ့ ပက်သက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက် သွားမယ်။ ကော်မတီအလိုက်အဖွဲ့တွေခွဲပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်´´ ဟု ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပသည့် စားသုံးသူကာကွယ်ရေးအသင်း(မြန်မာနိုင်ငံ) ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းစီမံချက် ညှိုနှိုင်းစည်းဝေးခြင်း အခမ်းအနားတွင် တွေ့ဆုံပြောကြားသည်။ လုပ်ငန်းစီမံချက်တွေကတော့ တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ် ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံစိတ်ချရသည့် အစားအသောက် စားနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ […]


အစိုးရ ဝံကျီးအပြောင်းအလဲတွေတော့ လုပ်ကုန်ပြီ။ ကောင်းသလား ဆိုးသလား ဘယ်ဖက်ကို ဦးတည်သလဲ ရေရေရာရာမသိပေမဲ့ ကျနော့်ကိုယ်ပိုင် ခံစားချက်အရ အရွေ့ကနေ စွမ်းအင် ဖြစ်ခြင်းသဘောကို လက်ခံတာမို့ နှစ်ခြိုက်ပါတယ်။ ပြောင်းတိုင်းလားဆိုတော့လည်း မဟုတ်ပါဘူး၊ အရင်ကလည်း ရာထူးနေရာ အပြောင်းအလဲ များစွာရှိခဲ့တာပဲ၊ ဒီနေရာက ဟိုနေရာ၊ ဒီလူပြီးနောက်လူ ညီလေးအကိုဂျီး ချစ်တမ်းကစားနေကြတာများတယ်။ အနှစ်သာရအားဖြင့် ပြစရာနတ္ထိပါ။ ဒီတခေါက်ရော ဘယ်လိုလဲ၊ စောင့်ကြည့်ရပါအုံးမယ်။ လက်ငင်းပြောနိုင်တာ ၉ဂဏန်း ကိုးနဝင်း အစဉ်အလာ ဆက်ထိန်းပါတယ်။ ထားပါတော့ သူ့မြင်းသူ့စိုင်း စစ်ကိုင်းရောက်ရောက်၊ နိုဗွီလေးလည်း အဲဒီမှာနေတော့တာ မဟုတ်ဘူး။ သတင်းပြေးထားတဲ့အတိုင်း ပြန်ကြားရေးဝံကျီးရာထူးကို ဦးအောင်ကြည်၊ ထိပ်တန်းဝံကျီးအချို့ သမတရုံးသို့ ပြောင်းပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးဖို့ သမတလက်ထောက်အဖွဲ့ စိတ်ကြိုက်ရွေးသလား သို့မဟုတ် တိုင်းမှူးများအထက် […]


မြစပဲရိုးAugust 29, 20121min17314
Prince Harry အပြီး ကကြောင်ကြီး များ အဲဒီ လိုဖြစ်ပြီလားလို့ ထင်များ သွားကြလား မသိ။ 😉 မဟုတ်ပါဘူး။ ကိုဘလှိုင် ရဲ့ Post လေး ဖတ်ပြီး ဂီဂီ ကို အားကျလို့ မရှိ ရှိတဲ့ အကြောင်း တင်လိုက်ပါ တယ်။ အစားကောင်းချက် ကြရင် ရွာထဲ မှာမျှသူ တွေ ကို အားကျပေမဲ့ ကိုယ်က အဖြစ်ရှိရှိ မချက်တတ်တော့ ရီ စရာ တွေ့ချိန် ချစ်ခင်သူ တွေကို မျှချင်တာလဲ ပါပါတယ်။ သတင်း ကို ပြောရရင်ဖြင့် နွေရာသီ ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်တော တွေမှာ အပန်းဖြေ သူတွေ များပါတယ်။ တစ်ချို့ caravan ကားတွေ […]


စဆရ ႀကီးAugust 29, 20121min1678
ကိုရင်ရှူံး နိုင်ငံရေးသမားမဟုတ်ပါ၊ ထို့အတွက်ကြောင့် နိုင်ငံရေးနှင့်ပါတ်သက်နေသည့် ရွာသားတစ်ယောက် ကိုရင်ရှူံး AVATOR ပုံယူသုံးထားခြင်းကြောင့် ရွာထဲတွင် စာတစ်တန်၊ ပေတစ်ဖွဲ့ဖြင့် ကန့်ကွက်ကြောင်းနှင့် မူရင်းလေးကို ပြောင်းလိုက်ကြောင်းကိုပါ များမကြာမီကာလက Post တစ်ခုအနေနှင့် တင်ဖူးပါသည်။ ဖတ်ဖူးသူ သိကြပါလိမ့်မည်။ ပဲစားပြီးကြီးလာသောကြောင့် ပဲဟင်းနံ့တော့ နံနေပေလိမ့်မည်၊ ယနေ့ခေတ်တွင်မတော့ ပဲတောင်မစားရသူများ အနံ့နံနေကြခြင်းကိုမဆိုလိုပေ။ ဆက်ဆွဲပါဦးမည်၊ ဤသည်ကား စကားချပ်မျှသာဖြစ်သည်၊ စာတစ်ပုဒ်ကို မရှည်၊ ရှည်အောင် ရေးသားနေခြင်းဟုလည်းဆိုနိုင်သည်။ ကိုရင်ရှူံးသည်ကား အမိမြန်မာနိုင်ငံတော်ဆိုဆို၊ အဖနိုင်ငံတော်ဆိုဆို၊ ဆိုချင်သလိုဆိုနေကြသည့် မြန်မာနိုင်ငံမှ ပြင်ပသို့ထွက်နေသည်မှာ ဆယ်စုနှစ်တစ်စုစာရှိတော့ပေမည်။ ထို့အတွက်ကြောင့် မြေပုံကားချပ်တစ်ခုကို ဖြန့်ကျက်ကာ ကြည့်နေသည့်အလား မြန်မာ့နိုင်ငံရေးအခင်းအကျင်းများကို အိမ်သာပျက်ကြီးမှတစ်ဆင့် ထိုင်ကြည့်နေမိသည်။ ၂၀၀၈ ခုနှစ်၊ ဖျက်ဆီးပုံအခြေခံဥပဒေများ မဲပေးစဉ်ကလည်း ကိုရင်ရှူံးမရှိခဲ့၊ ရွေးဂေါက်ပွဲကာလတစ်လျှောက်လည်း ကိုရင်ရှူံးမရှိခဲ့ပါသောကြောင့် ယခုလက်ရှိ […]


pioneer youthAugust 28, 20121min1272
တောက် စောက်ရေးလုံးဥမပါဘူးဘာကွ ဒီလောက်တောင် ခွဲခြား ဆက်ဆံရသလား ဘာကွ လူအခွင့်ရေးရှိတဲ့ တိုင်းပြည်မှာ အတန်းစားခွဲခြားတယ် အေး အမေဆီ ဖုန်းဆက်ပြီးပြောမယ်  တယ်လီဇုန်းအချဒေါသနဲ့ မျက်နှာ နီရဲနေသော ၈လေးလုံးဘုန်းမော်က အမေစု အမေကြီးကားလာမှာ ကို ခရိုနီဆရာဝန်တွေက  ယူနီဗာစတီတခုမှာ လူပေါင်း ၂၅၀ဝ ဘဲ ဝင်ခွင်ါပြုမယ် ဆိုပြီး ကယ်လီဖိုးနီးယားကနေ ဖုန်းရတော့ ပေါက်ကွဲခဲတာပါ အမေဆီကို ဒါကို အကြောင်းကြားရမယ်ဆိုပြီး လဘက်ရည်တိုင်ကနေ ဘုန်းမော်ပြန်သွားလေရဲ့ ၂၅၀ဝ မကသော မြန်မာ တွေလူရာမဝင်တော့ကြောင်းခရိုနီများသက်သေပြပြီလား..အင်းခင်ဗျား ဒီသတင်းကိုဖတ်ပြီးရင် ခင်ဗျားသာ အမေကြီးကားမှာနေတယ်ဆိုရင် ဘာလိုပြောမလဲ ခရိုနီတွေကို…….&&%$#@#@#$^……


kaiAugust 28, 20121min56823
လွန်ခဲ့တဲ့..၂-နှစ်လောက်က.. ပုံနှိပ်သတင်းစာထဲ.. ထူးခြားတဲ့သတင်းတွေကို.. ကောက်နှုတ်ပြီး အရောင်ရင့်မှတ်တမ်း အနေနဲ့ဖေါ်ပြခဲ့ဖူးတယ်. အဲဒီခေါင်းစဉ်ပြန်ယူရေးတာပါ..။ သတင်းတွေဖတ်မိရင်း.. ထူးခြားတာ.. Bold လုပ်သင့်တာလေးတွေ.. နှုတ်ပြသွားမယ်ဆိုပါစို့.. ရွာသူားတွေထဲကလည်း.. စာဖတ်သူစိတ်ဝင်စားမယ်ထင်ရတာလေးတွေ.. သမိုင်းမှတ်တမ်းထားသင့်တာလေးတွေ.. ကော်မန့်မှာရေးပြီး..  ကောက်နှုတ်ပြကြစေချင်ပါတယ်..။ မူရင်းလင့်ခ်နဲ့..ရေးသူကို ခရက်ဒစ်ပေးစေလိုပါတယ်..။ media fair use ဖြစ်တာမို့ ခွင့်တောင်းဖို့တော့.. မလိုလောက်ပါဘူး..။ သတင်းရေးကြရာ.. CJ လုပ်ကြရာ.. ပရိုသတင်းသမားဖြစ်တည်မှုမှာ.. အထောက်အကူရပါလိမ့်မယ်..။ လစဉ်လုပ်သွားမလားလို့ပါပဲ..။ ဒီလကတော့.. ကုန်သလောက်ဖြစ်နေပြီဖြစ်ပေမဲ့.. စမ်းလုပ်ကြည့်တာပေါ့နော.. =  


spyhacker satanAugust 28, 20121min742
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၂၁/၂၀၁၂) ၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁ဝ ရက် (၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂ရ ရက်) ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် – (၁) ရဲချုပ်ကျော်ကျော်ထွန်း ပြည်ထဲရေးဝန်ကြီးဌာန (၂) ဦးပိုက်ထွေး ပြန်ကြားရေးဝန်ကြီးဌာန (၃) ဦးသန်းဆွေ ယဉ်ကျေးမှုဝန်ကြီးဌာန (၄) ဦးအောင်သိမ်း သမ္မတရုံးဝန်ကြီးဌာန (၅) ဒေါက်တာလင်းအောင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန […]