ရရက်အတွင်း အခန်းခ ရူးပီး လေးရာ ဘွားဒေါ်ကို ပေးဖို့ရှိတယ်ဆိုတော့ ကျွန်တော် အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး။ ကိုယ်လုပ်မယ်ရည်မှန်းထားတဲ့ အသက်မွေးဝမ်းကြောင်းမည့် ကိစ္စနဲ့ ပတ်သက် တာလေ့လာရဦးမယ်မဟုတ်လား။ လက်ထဲကျန်တဲ့ ရူးပီး ငါးဆယ်က တပ်ဂျ် ထဲ နှစ်ရက် လောက်တော့ သွားလို့ရမယ်။ ရှန်ကာ့ ဆီက တစ်ဆယ်ချေးတော့ နောက်တစ်ရက် ထပ်သွားလို့ ရမပေါ့။ အနောက်နိုင်ငံသား ခရီးသွား အုပ်စုတွေနောက် မယောင်မလည်လိုက်..ဧည့်လမ်းညွှန် ရှင်းပြတာ သေချာလိုက်မှတ်..တတ်နိုင်သလောက်များများ မှတ်မိအောင် လုပ်။ အေးဆေးပါပဲ..သိပ် မခက်ဘူး။ မခက်ဆို တပ်ဂျ် ထဲ လျှောက်သွားနေတာ လူကြပ်ကြပ် ဘတ်စ် ကားပေါ် ရွေးတက်တဲ့ ခါးပိုက်နှိုက် တစ်ယောက်လိုပဲ ဆိုတော့ သိပ်မကြာခင် ဘယ်လို ဝမ်းကျောင်းရမယ်ဆိုတာ သဘောပေါက် လာတယ်။ […]


Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} နေညိုလာပြီဆိုတော့ ပုစွန်ဆီရောင် နီကျင်ကျင် ဆည်းဆာရောင်အောက်မှာ ကျောက်ဖြူဗိမာန်ကြီးက နစ်မြုပ်နေသလိုမျိုးဖြစ်လာတယ်။ ကျွန်တော်လည်း ခွာရပြီပေါ့။ လောလောဆယ် နေဖို့တစ်နေရာတော့ ကျွန်တော်ရှာရမှာ။လမ်းပေါ်မှာ လူငယ်လေးတစ်ယောက်တွေ့လို့ သူ့နားအသာချဉ်းကပ်သွားတယ်။ အသက်ကတော့ […]


ပိတ်သက်ကျီးတို့ရေ.. (ဒေါ်မာမာအေး လေသံဖြင့်ဖတ်) ဧရာဝတီမဂ္ဂဇင်း အင်တာဗျူးမှာ စာရင်းစစ်ချုပ်ဟောင်း ဗိုလ်ချုပ်လွန်းမောင်က သူ့နောက်ကျော ဓါးနဲ့ထိုးသွားသူဟာ လွှတ်တော်အုတ်ကထ သူရဦးရွှေမန်းဖြစ်ကြောင်း ပြောလိုက်ပြီးနောက် ဂေဇက်ရွာသဂျီး အယာတိုလာ မာမွတ်ခိုမ်ကို နောက်ကနေ ထိုးသွားသူ ဘယ်သူဖြစ်မလဲ ဖြေကြည့်ဂျပါအုံး…. ခရက်ဒစ်တူ http://burma.irrawaddy.org/archives/40167             အမေးဆိုပေမဲ့ ဂျွတ်တက်နေတဲ့ သဂျီးနှစ်လုံးပြူး အနာ္တရာယ်ကြောက်ပြီး မဖြေရဲမှန်း သိနေလို့ ကိုယ်ပဲမေး ကိုယ်ပဲဖြေပေးလိုက်ပါတယ်ကွယ် .. သွပ် သွပ်…               အဖြေမှန်က အများထင်နေသလို မိုက်ကယ်ဂျော်လကီအောင်ပု ဟုတ်ရှာပါဘူး၊ (ဒင်းလည်း အထိုးခံရသူပါပဲ) .. ဒါဆို ဘယ်သူဖြစ်မဲ.. နှုတ်တရာ […]


အပိုင်း(၁)ကို ဤနေရာတွင် ဖတ်ပါ။ ကြေးမုံဂျီး ထွက်ပြေးလွတ်မြောက် သွားသောနေရာမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး အခြေစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ဖြစ်၏။ အစ္စလာမ့်ရန်သူ ၉၆၉ ဦးကြောင်ကြီးအား လူသားမျိုးနွယ်တုံး သတ်ဖြတ်မှုဖြင့် မတရားစွဲရန် ကြေးမုံဂျီးအား တရားလို လုပ်ခိုင်းမည့် မာမွတ်ရှာပွတ် ဦးခိုမ်၏ ယုတ်မာပက်စက်သော အကြံအစည်ဖြစ်သည်။ သူ့အား လေဆိပ်တွင် လာကြိုသူမှာ ယိုဟမ်ဂျာလွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင် တာလီဘန် ဧဝဒီဂျီး (ခ) အဗ္ဗဒူလာမုတ်ဆိတ် ဖြစ်သည်။ ရခိုင်တိုင်းရင်းသား ယိုဟမ်ဂျာဆိုသော်လည်း မြန်မာစကား မပြောတတ်သဖြင့် ခြေဟန်လက်ဟန်သုံး စကားပြောရသည်။ စာဖတ်သူမြင်အောင် ကောက်နှုတ်ပြသော် ကြောင်ကြီး အစ်အစ်.. ထိုသို့ မီးကျိုးမောင်းပျက် ပြောဆိုလျက် လည်ပင်းအား ဓါးလှီးဟန် လုပ်ပြသည်ကို ကြေးမုံဂျီးမှ လျက်ဆား ပဂိုးဆား ပင်လယ်ဆား အိုင်အိုဒင်းဆားဟု သိုးဆောင်းစဂါးဖြင့် […]


ဒိန်း ဒက်..ဒက် ဝုန်း ဒိုင်း အုံး ဂွမ်း.. ကမာ္ဘပျက်မတတ် ပေါက်ကွဲသံများ ဆူညံပွက်နေသည်။ ပစ်ကွာ အလွတ် မပေးနဲ့.. ရှိသမျှ လက်နက်ကြီး အကုန်သုံး.. လေယဉ်ပေါ်ကနေ တန်၅၀၀ဝ တောင်ဖြိုဗုံးချ၊ ပစ်မလွဲပဲ့ထိန်း တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေ ပင်လယ်ထဲကလွှတ်ထည့်။ ကောင်းကင် ထောက်လှမ်းရေး ဂြိုလ်တုကို ၂၄နာရီ မျက်ခြေမပြတ် စောင့်ကြည့်ခိုင်း.. ကုန်ကုန်ပြောမယ်ကွာ.. ညူကလီးယားဗုံးကြဲဖို့ပါ စီစဉ်ထား။ လူ့အခွင့်အရေး ဘာရေးညာရေး နောက်မှရှင်းမယ်။ ဘာဖြစ်ဖြစ် ကမာ္ဘမြေက ဒင်းအစအန ပျောက်သွားရင် ကျေနပ်ပီ။ စစ်ရုံးချုပ် အမိန့်ပေး ဆက်သွယ်ရေးစက်မှလာသော တပ်ချုပ်ကြောင်ကြီး ကြိမ်းဝါးသံဖြစ်၏။ ကတုတ်ကျင်း အတွင်းပုန်း နေသူမှာ တိုင်းပြည် ဆူးညှောင့်ခလုတ် မဟာရမ်သူ တရုတ်သဗုံ ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် ဖြစ်သည်တမုံ့.. […]


KyaemonMay 13, 20138min30824
    Chrystalline လေးကို ကြောင်ကြီးစားမည် ( ခေါင်းစီးကြီးနဲ့ )     ခရစ်စတယ်လှိုင်းလေးအား စားစေ…     ဦးကြောင်ကြီး says: ငှီးလျောင်း ငှီးလျောင်း.. ရှလွတ် ရှလွတ် ပလပ် ပလင် ဂျွတ် ဂျပ် ဂွတ် ဂတ်… ခွီးဂရား မီ.. ညောင်း… ခွီး.. ကျွတ်..ပလပ် ပလပ်.. ရှလွတ် ဂျွတ်… အားပါးပါး ကောင်းမှကောင်း     ===============     ကြံကြီးစည်ရာ၊   မကြားဝံ့မနာသာပါ၊   ကြောင်ကနေလူသားစားမယ်ဆိုတာ   ပြောလဲမကောင်း၊ နောက်စရာလဲမဟုတ်၊   ဟားစရာလဲ မ ကောင်းပါ၊       […]


ဂဇက်ရွာအုပ်ချုပ်သူ အကြီးအကဲ သဂျီးဦးခိုင်၏ ခြစ်လှစွာသော သမီးဒေါ်ဂလေး မွေးနေ့ ယနေ့မေလ(၅)ရက် တနင်္ဂနွေနေ့တွင် ကျရောက်ရာ ဝမ်းမြောက်ဝမ်းသာ အဦးဆုံး ဂုဏ်ပြုစကားပြောကြားသော ကကြောင်ကြီးအား ဂဇက်ရွာ သဂျီးရုံး ညွှန်ကြားရေးမှူး ခန့်အပ်သည်။ ထို့နောက် ဥပဒေကဲ့သို့ အာဏာတည်သော ဂဇက်ပျံတမ်း အမိန့်အမှတ် ၁၊၂၀၁၃ အဖြစ် အမေရိကန်နှင့် ဥရောပတိုက်အား တရုတ်ပြည်မှ အကြွေးဖြင့် သိမ်းတော့မည်ဟု ပေါက်ပေါက်မြောက်မြောက် ထင်ရာပြောဆို ရမ်းကားနေသော တရုတ်ကူမြူနစ်ပါတီ နိုင်ငံရေးမှူး ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်အား သုံးလတိတိ ရွာထဲဝင်မလာရန် သဂျီးရုံးညွှန်ကြားရေးမှူး ဦးကြောင်ကြီးမှ လက်မှတ်ထိုး ပိတ်ပင် တားမြစ်သည်။ တလုပ်ကူမြူနစ်ပါတီ ဖိတ်ခေါ်ချက်ဖြင့် အမျိုးတား ဒမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ တလုပ်ပြည်သို့ ခြစ်ကျည်ရေးခရီး သွားမည်ဖြစ်ရာ ခရီးစဉ်အတွင်း မြန်မာပြည် ကြေးအိုး […]


တရုပ်နိုင်ငံမှ အမ်အိုင်၁ရ ဒုံးကျည်တပ် စစ်ရဟတ်ယာဉ်ငါးစီး ဝယ်ယူထားသည်ဆိုသောသတင်း မမှန်ကြောင်း ဝတပ်မဒေါ် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြေးမုံဂျီး ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် ဝစစ်တပ် ဒုံးပျံတပ်မှူး ဗိုလ်ချုပ် ကဝေအောင်မှ ၂၀၀၃ခုနှစ်တွင် အမေရိကန်မှ ပစ်လွှတ်ခဲ့သော ကိုလံဘီယာ အာကာသလွန်းပျံယာဉ် ပျက်ကျခဲ့ရမှုသည် ၎င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။ ဧပြီ၃ဝရက်နေ့ မီးလောင်မှုဖြစ်ပွားရာသို့ လာရောက်သော မီးသတ်ကားများအား ဦးစားပေးလမ်းရှင်းပေးသော ရွှေဂုံတိုင်မီးပွိုင့် ယဉ်ထိန်းရဲများအား တဖက်ယဉ်ကြောတွင် စောင့်ဆိုင်းနေခဲ့ရသည့် ပြည်ထဲရေး ဒုဝံကျီး ရဲဂျုတ် ကျော်ကျော်ထွန်း ဂဒေါ် ကြိမ်းမောင်း ဆဲဆိုခဲ့သည်။ ရဲဂျုတ်မှ ထိုဖြစ်ရပ်အပေါ် ဒေါကီးသွားပြီး သူ့မိန်းမအား တုတ်ကြီးကြီးဖြင့် ရိုက်မည်ဟု ကြိမ်းဝါးပြောဆိုကာ ရုံးစောစောဆင်းကြောင်း ထိုနေ့က ၎င်းထံသို့ အေဘီစီ စတောက်ဘီယာ၊ ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီး ပို့ပေးခဲ့ရသူတဦးမှဆိုသည်။ လက်ပံတောင်း […]


ဇီဇီApril 24, 20131min67657
  သူ့ကို…………… စချစ်ခဲ့ရတာက ၂၀၀၁။ အရပ်ရှည်ရှည် လူပိန်ပိန်၊ နှုတ်ခမ်းမှာ ပြုံးပြီး မျက်လုံးမှာ မာန ရိပ် သန်းနေတဲ့ ကောင်လေးတစ်ယောက်ကို။     သူ့ကို…………… သနားပြီးပိုချစ်မိတာက ၂၀၀၃။ သူ့ဖြစ်ရပ်မှန် အသည်းကွဲ သီချင်းဆိုအပြီး စင်ပေါ်မှာ လဲကျသွားခဲ့တဲ့ ပုံရိပ်လေး။ အဲဒီ သီချင်းနောက် လိုက်လာတဲ့ အောင်မြင်မှု တရိပ်ရိပ်ကို အဝေးကနေ မုဒိတာပွါးပြီး ဝမ်းသာခဲ့ရ။ ရော့(ခ) သီချင်းမှ ကြိုက်ခဲ့ကြတဲ့ ရွယ်တူ သူငယ်ချင်းတွေကြား လူစွဲ နဲ့ သူ ဆိုတဲ့ ဟစ်ဟော့တွေ ခိုက်တော့ သူငယ်ချင်းတွေက တအံ့တဩ။ “”ဟစ်ဟော့မစစ်ဘူး””၊ “”ကော်ပီတွေပါ”” ကဲ့ရဲ့သံကြားက သူ့ကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ အပြုံးမပျက် ထွက်သမျှအခွေ ဝယ်ပြီး နားထောင်ခဲ့။ […]


ムラカミApril 23, 20131min25616
အို ဘယ့်ဟဲ့ဟဲ့ဟဲ့ …ပြောရဦးမယ်တဲ့ ညီဘွားရယ်…. ပြောကို ပြောချပလိုက်ရဦးမတဲ့ ညီဘွားရယ်.. နောင်နောင် တို့ မြန်မာပြည်မှာလေ… အိုဘယ့်ဟဲ့ဟဲ့ ..ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နမိတ်ထွန်းလေတဲ့ တိုင်းမြန်မဟာမှာတဲ့လေ.. ညီဘွားရဲ့ .. အို ဘာတဲ့ ..။ အသစ်တွေချည်းပြောင်းသွားတဲ့ ခေတ်ရေစီးကြောင်းမှာတဲ့ လေ… အော်.. ရွာစားရဲ့ .. ခေတ်ရေစီးကြောင်းကိုလ..အချစ်တွေ ခရီးမထောင်းရဘာဘု .. အံမယ်မင်း … အပြစ်တွေချည်း တောင်းခဲ့ရပါဘီ ခိုင် … အဲ့လေ. ..ခင် ..။ စီးတော်ကျားရယ်လို့ …အော်…. စီးတော်ကျားနဲ့ ..ခရီးအတော်သွားပြီး ခါမှလေ… နောင်နောင့်မှာလေ… အော်.. သမီးတော်ကုလားနဲ့ လိုက်ပြေးကိန်းပါလား ..ညီဘွားရဲ့… အဖြစ်ကတော့ကွယ်.. အိုဘယ့်ဘယ် အဖြစ်ကတော့ကွယ်. .မနှစ်ကနဲ့ မတူဘာဘု.. သငယ်ချင်းရယ်လို့ …အော်.. […]


ムラカミApril 18, 20131min31311
ဒီမှာ မကြည်ပြာ ကျုပ်ဟာ ဘဝကို ရေမျောသီး တလုံးလို ဖြတ်သန်းခဲ့တာ ကြာပါပြီ လေထဲမှာပျံဝဲသူများ နဲ့ အလုပ်တွေလုပ်ရင်း လရောင်ကိုကြောက်သူကျနော်ဟာ လရဲ့အောက်ဘက်မိုင်အဝေးမှာ အမှတ်တရ တွေ ရှိခဲ့ဖူးသူ ဆိုပါတော့ဗျာ ဟုတ်တယ် မကြည်ပြာ မြရဲ့လ ကြောင့် အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ တွေ ရပ်တန့်ခဲ့ချိန်ရောက်မှသာ ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့ ပါကွယ် …ကျုပ်ဟာ ကမ္ဘာမြေရဲ့ချစ်သူ တယောက်ပါ နံရံ၏အခြားတစ်ဖက် မှာ ချစ်သူ၏သမီး ကို မတော်တရော် ပြုတာဟာ ရဲရင့်သောနှလုံးသား ပိုင်ရှင်တွေ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူးဗျာ..     ဒီလိုလေ ..မကြည်ပြာ ကျနော် ဖျားနေတဲ့မြို. မှာနေတယ်။ ချစ်ခြင်း၏အနုပညာ ကိုလည်း ယုံသလို ဆဲတတ်သူများနဲ့တစ်ညနေ မှာ မိန်းမနှစ်ယောက် နဲ့အတူ ကြယ်ကြွေတို့ရဲ့အတောင်ပံ ကို […]


ムラカミApril 17, 20131min29717
ဒီမယ် မကြည်ပြာ … တခါတလေတော့လည်း လေ သိလား တကယ်ဆိုရင် အချစ်ပဲ လိုပါတယ် ကွယ်..။ ညည်းကျုပ်ကို အရင်လိုပဲ အရင်အတိုင်းပဲ ဆဲနိုင်ပါတယ်အေ။ ဒါပေသိ ကျုပ်ကို သီးသန့် ဖြစ်တည်မှု အဖြစ်တော့ အသိအမှတ်ပြုပေးပါ။ ညည်းနဲ့ တူတူရှိနေချိန်တိုင်းက တကယ်တော့ အမှတ်တရလေးများ ပါပဲ။ အဲ့ဒါကို အသိအမှတ်ပြုတယ်ဆိုရင် မှားပြန်တယ် လို့ ခနခန မပြောပါနဲ့ ကွယ်။ ဒီမယ် မကြည်ပြာ … ဘုရားအလိုအတိုင်း ဆိုပြီး ဒီအတိုင်း ရေစုံမျှောလိုက်တော့မလားကွယ်..။ နောင်ဘယ်တော့မှ မတွေ့တော့ပြီ ဆိုရင်… ဆိုပြီး စိတ်ပူမိတာ ကျုပ်အပြစ်လားဗျာ .. ညည်းမရှိတဲ့ နေ့ရက်များ မှာ တစက္ကန့်လောက်မှ မပျော်နိုင်သူပါ။ တကယ်ပဲလဲ ညည်းမချစ်ပါဘဲ နဲ့ မနေ့က […]


mashwetoteApril 6, 20131min34630
ငယ်ငယ်တုန်းက တီဗွီမှာလာတဲ့ Yan Can Cook ဆိုတဲ့ ဟင်းချက်အစီအစဉ်လေးကို မှတ်မိကြမလား မသိဘူး။ အခုကတော့ Yan Can Cook ရဲ့ နယူးဂျန်နရေးရှင်း၊ ရွှေတုတ်ရဲ့ ရမ်းသမ်းကွတ်ပေါ့နော်။ ပြီးခဲ့တဲ့အပတ်က ကျောင်းပိတ်တော့ ပျင်းပျင်းရှိတာနဲ့ ကြက်သားကို ကြော်စားမလားလို့မေးတော့ အိမ်က ကျေးဇူးရှင်လေးက ဆီများများစားရင် ကျန်းမာရေးထိခိုက်လို့ ကြက်သားကို ဆီမပါပဲ ကြော်ကြည့်ပါလားတဲ့။ တစ်ခါမှတော့ မကြားဖူးပေမယ့် ကောင်းကောင်း မကောင်းကောင်း သူစားပါ့မယ်လို့ ကတိပေးခိုင်းပြီး ရမ်းသမ်းကွတ်ပါတော့တယ်။ အရင်ဆုံး ကြက်သားကို အတုံးသေးသေးတုံးပြီး ဆားနဲ့ ငရုပ်ကောင်းနဲ့ နယ်ပြီး ခဏနှပ်ထားတယ်။ (ဓားကိုင်တာ သိပ်ကျွမ်းကျင်တဲ့သူဆိုတော့ ကြက်သားကို အရိုးထုတ်ပြီးသားပဲ ဝယ်ပါတယ်။) ပြီးတော့ ဆီမပါပဲကြော်ပါ ဆိုတော့ ဒီအတိုင်းတင်ပြီးအိုးကပ်လိုက်တယ်။ မြည်းကြည့်တော့ အရသာရှိပေမယ့် ကြက်သားက […]