ဒီစကားပြောလိုက်လို့ ကိုခိုင်ရဲ့ “စနစ်ကြောင့် မဟုတ်ဘူး စနစ်ကြောင့်မဟ ုတ်ဘူး ” ဆိုတဲ့စကားကို ဆန့်ကျင်တာ မဟုတ်ပါဘူး ။ နေဝန်းနီ ပြောချင်တဲ့ စနစ်က အတိုင်းအတာ အချိန်အတွယ်တွေမှာ သုံးတဲ့ စနစ် (Unit ) ကိုပြောချင်တာပါ။ ကျောင်းတုန်းက သင်ခဲ့ရတာက ဒေသန္တရ စနစ် ( အစဉ်အဆက် သုံးလာခဲ့တဲ့ မြန်မာ စနစ် ) ၊ ဗြိတိသျှ စနစ် ၊ ဒုတိယ ကမ္ဘာ စစ်နောက်ပိုင်း ပေါ်လာတဲ့ မက်ထရစ်စနစ် ( အမေရိကန်ဦးဆောင်ပြီး သုံးစွဲခဲ့တယ်လို့မှတ်သားခဲ့ဖူးပါတယ် ) ဒီအကြောင်းအရာကို တင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ် ။ အကြောင်းကြောင်းကြောင့် အထမမြောက်ခဲ့ဖူး ။ ရေးပီးသိမ်းထားတာက မင်မိုရီစတစ်ထဲမှာ ။ […]