ရာမညJune 29, 20141min88845
^^^ ဂေဇက် ပြဿနာကို ဆန်းစစ်ခြင်း ^^^ ကျွန်ုပ်သည် မကြာခဏဆိုသလို ဂေဇက်ရွာတွင်း ဝင်ရောက်လေ့ရှိသူဖြစ်သည့်အားလျော်စွာ ဖြစ်ပျက်ခဲ့သည်များကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့လေသည် ။ ယမန်နေ့က ဖြစ်ပွါးခဲ့သောပြဿနာတို့၏အစမှာ လွန်လေပြီးသောရက်များစွာက စခဲ့ခြင်းဖြစ်လေသည် ။ ဤစာစုတွင် ကျွန်ုပ်၏အမြင်ကိုသာ သီးသန့် တင်ပြမည်ဖြစ်သကဲ့သို့ စာဖတ်သူ မန်ဘာများမှလည်း လွတ်လပ်စွာ ဝင်ရောက် ပြောဆို ဆွေးနွေးနိုင်ပါသည် ။ မည်သူ၏ မှတ်ချက်ကိုမှဖျက်မည်မဟုတ်ပါ ဟုအာမခံပါသည် ။ မေတ္တ ာရပ်ခံလိုသည်မှာ ဤဂရုတွင်ရှိသော အက်ဒမင်များမှ ဖျက်ခြင်း ပြင်ခြင်းများက ိုသဘောထားကြီးစွာဖြင့် မပြုလုပ်စေလိုပါ ။ ၁။ မန်ဘာသစ်များဝင်ရောက်လာခြင်း မန်ဘာသစ်များ ဝင်ရောက်ခြင်းကို ဝမ်းသာကြရပါမည် ။ အသစ်ဖြစ်သည့်အားလျော်စွာ အားတက့်ပီးလျှင် ပို့စ်များစွာတင်တတ်သည် ။ သို့သော် ယခု အသစ်များသည် ပို့စ်တင်လိုသည့်စိတ်သာရှိပြီး […]


ကုိ ထြဋ္June 28, 20141min333316
        ကျွန်တော် မရောက်တာ ကြာတော့ မျက်စိလည်မိတယ်.. Kai… တချိန်က ရေးသူဆိုလို့ လက်ချိုးရေလို့ရတဲ့ ခေတ်မှာ ကျွန်တော်တို့တတွေ ကြိုးစားခဲ့ပါတယ်… တပို့စ် ဘယ်လောက်ဆိုတာထက် ကိုရေးတဲ့ ဆိုက်ကလေး.. အခု အခေါ် ကိုယ်တို့ရဲ့ ရွာကလေးပေါ့ အောင်မြင်ပါစေဆိုတဲ့ စိတ်ဓာတ်နဲ့…  ကွန်ပျူတာတိုင်းမှာ လိုက်ပီး Book Mark လုပ်ပေးရ… ဖတ်အောင် တို်က်တွန်းရနဲ့.. မမောတမ်းကို စေတနာ ထားခဲ့ပါတယ်… ကျွန်တော် အခုလက်ရှိ Company ကြီးတခုရဲ့ IT ပါ… စက်ဘယ်လောက်များများ ကိုင်ရသလဲဆို 300 ကနေ 400 လောက် ကိုင်နေရတဲ့ သူဆိုတော့… ဘယ်လောက် ကြိုးစားခဲ့လဲဆိုတာ စဉ်းစားကြည့်ပေါ့.. အဲတုန်းက တပို့စ် ၃၀ဝ […]


တွေ့မရှောင်သည် လက်ဝှေ့သမားမဟုတ်ပါ ။ မန္တလဂဇက်ပါလ များ ဖြစ်သည် ။ နာမည်နာမအားဖြင့် တွေ့မရှောင်ဟု သုံးစွဲသော်လည်း တစ်ဦးတစ်ယောက်တည်းမဟုတ်ပါ။ မန်ဘာဟောင်းများစွာ ပါဝင်နေပါသည် ။ ခေါင်းဆောင် နှစ်ဦးမှလွဲ၍ မည်သူပါဝင်နေသည်ကို မသိနိုင်ပါ ။ လျှို့ဝှက် အဖွဲ့အစည်းဖြစ်သည် ။ယူဇာနိမ်းတစ်ခု လျှို့ဝှက်ကုဒ် တစ်ခုတည်းဖြင့် ရွာအကျိုးလိုလားသူများပေါင်းစည်းပါဝင်နေသည် ။ အမြင်မတော် ဆင်တော်နှင့်ခလောက်များကို ဝေဖန်ပါမည် ။ နှောက်ယှက်ဖျက်ဆီးရန် ရည်ရွယ်ပြီးတင်သောစာများကို ကန့်ကွက်ပါမည် ။ ပုဂိ္ဂုလ်ရေး ထိပါးစော်ကားသူများကို တိုက်ခိုက်ပါမည် ။ ဘာသာရေးလူမျိုးရေး ရန်တိုက်သောစာများ၊ ခိုက်ရန်ဖြစ်ပွားရန်သွေးထိုးမြှောက်ပင့်သောစာများကို ဝေဖန်ရှုံ့ချပါမည် ။ ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်ရေးသားသောစာကောင်းပေကောင်းများကို အားပေးပါမည် ။ ဂဇက်စည်းကမ်းထက်ပိုပြီး ဆဲဆိုကြမ်းတမ်းသောအရေးအသားများအား အားမနာတမ်းဝေဖန်ပါမည် ။ တွေ့မရှောင်သည် အဖွဲ့ဝင်ခြင်းမသိသောကြောင့် အချင်းချင်းလည်း မျက်နှာထောက်ခြင်းကင်းပါလိမ့်မည် ။ […]


ကုိ ထြဋ္June 27, 20141min1954
ကိုယ်ရဲ့လက်သည်းလေးတွေက ဘယ်လိုပုံဖြစ်မှာလဲ။ ၀၁. ကဗျာဆန်တဲ့သူ ရှည်တဲ့လက်သည်းလေးကို ပိုင်ဆိုင်တဲ့သူကတော့ ညာဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် အတွေးအခေါ်ကောင်းတဲ့သူတယောက်ဖြစ်မှာပါ။ဘာမဆို စနစ်တကျလုပ်တတ်တဲ့သူဖြစ်ပင်မဲ့ သဘောကောင်းသူဖြစ်တဲ့အတွက် သူတပါးရဲ့ လိမ်ညာတာကို ခံရတတ်တဲ့အတွက် အထူးသတိထားစေချင်ပါတယ်။ဘယ်ဘက်ဦးနှောက်က ဖွံ့ဖြိုးတဲ့သူနဲ့ အဆင်မပြေနိုင်ပါ။ ၀၂. စိတ်မရှည်တဲ့သူ အလျားရှည်တဲ့လက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ ဘယ်ဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် စကားအပြောကောင်းတဲ့သူတယောက်ဖြစ်မှာပါ။စိတ်ထဲထင်တာကို ပါးစပ်ကနေ လွတ်ခနဲ ပြောတတ်တဲ့အတွက် အမြဲတမ်း လန်းဆမ်းနေတဲ့ပုံပါ။စိတ်မရှည်တဲ့ အတွက် ချက်ချင်းစိတ်တိုတတ်တဲ့အတွက် နည်းနည်းသည်းခံဖို့တော့လိုမှာပါ။စိတ်ခံစားမှုကိုအလေးထားပြီး အလုပ်လုပ်တဲ့ညာဘက်ဦးနှောက်ကို ပိုင်ဆိုင်တဲ့သူတွေနဲ့တော့ အဆင်မပြေနိုင်ပါ။ ၀၃. အေးအေးဆေဆေးနေချင်တဲ့ ငြိမ်းချမ်းရေးသမား စက်ဝိုင်းပုံ(သို့)ဘဲဥလက်သည်းပုံ ပိုင်ဆိုင်တဲ့သူကတော့ ကိုယ်အချိန်ကို တန်ဖိုးထားပြီး အေးအေးဆေးဆေးနေချင်တဲ့သူပါ။လူမူဆက်ဆံရေးအပိုင်းမှာတော့အားလုံးနဲ့အဆင်ပြေအောင်နေတတ်ပါတယ်။ကိုယ်ပတ်ဝန်းကျင်မှာရန်ဖြစ်ရင်ပထမဆုံးဝင်ပြီးဖြေရှင်းပေးမဲ့သူပါ။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အတွက်သူတပါးရဲ့လေးစားမူယုံကြည်မူကိုခံရပင်မဲ့တခါတလေတကိုယ်ကောင်းဆန်တတ်တဲ့အတွက်သတိထားပါ။ဘာပဲပြောပြောသူကတော့ဘယ်သူနဲ့မဆိုအဆင်ပြေအောင်နေတတ်တဲ့သူဖြစ်မှာပါ။ ၀၄. ရိုးသားသောသူ လေးထောင့်ပုံလက်သည်းကို ပိုုင်ဆိုင်တဲ့သူကတော့ စိတ်ဓာတ်ကြံ့ခိုင်ပြီး အထူးသဖြင့် ယောကျင်္ားလေးတွေက များပါတယ်။ရိုးသားပင်မဲ့ ခေါင်းမာတဲ့အတွက် ပြောရခက်တဲ့သူဖြစ်မှာပါ။ခေါင်းမာတာလေးကို နည်းနည်းလျော့ရင်တော့ ပတ်ဝန်းကျင်နဲ့ […]


ကုိ ထြဋ္June 25, 20141min1212
ကတ်သီးကတ်သတ် အင်္ဂလိပ်စကားလုံးများ( တာရာ မင်းဝေ ) ========================= မေး။ ဇာတ်တော်တွေထဲမှာ ပါနေတတ်တဲ့ ခရုသင်း ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ ၊ ခရုသင်းမှုတ်တဲ့ ပညာရပ်ကိုရော ဘယ်လိုခေါ်ပါသလဲ။ ဖြေ။ ခရုသင်းကို ရုပ်ပြစာအုပ်တွေ ရာဇဝင်တွေထဲမှာ အင်္ဂလိပ်လို .. Conch လို့ခေါ်ပါတယ်။ ခရုသင်းမှုတ်တဲ့ပညာရပ်ကတော့ အင်္ဂလိပ် အသုံးအနှုန်းမှာ မတွေ့ဖူးသေးပါဘူး .. ခရုခွံတို့ ယောက်သွားတို့လို အခွံမာတွေအပေါ်လေ့လာတဲ့ ပညာရပ်တော့ရှိတယ်။ Conchology လို့ခေါ်တယ်။ ခင်ဗျားက ဘာကိစ္စ ဒါကိုစိတ်ဝင်စားနေတာတုန်း .. သူများအရေပြားပေါ်ပေါက်နေတဲ့ ခရုသင်းကိုတော့ သွားမမှုတ်နဲ့ပေါ့ဗျာ။ မေး။ ကျွန်တော်တို့မြန်မာတွေ အလွန်နားယဉ်နေတဲ့ သိကြားမင်း ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ.။ ပြီးတော့ နတ်သုဒ္ဓါကိုရော ဘယ်လိုခေါ်ပါသလဲ။ ဖြေ။ သိကြားမင်းကို […]


  မန္တလေး ဂေဇက် ရွာကြီးကို မြို့အဆင့် သို့ မြှင့်တင်ခဲ့ပြီဆိုသော်လည်း ကျွန်တော်တို့ကတော့ ကျေးလက်ရနံ့လေးကိုသာ ပိုမိုမက်မောတွယ်တာနေဖြစ်ကြပါသည်။ ရွာဆိုသော အသုံးအနှုန်းကိုပဲ မြတ်မြတ်နိုးနိုး ဆက်လက်သုံးစွဲချင်ပါသည်။ ရွာထဲတွင် ရေးတင်လာကြသော ပို့စ်များထဲမှ ကောင်းနိုးရာရာပို့စ်လေးများကို ကျွန်တော်တို့က ရွေးထုတ်ကြပြီး အလွတ် သဘော ဝေဖန် ဆွေးနွေးမိကြပါသည်။ ပို့စ်က အရမ်းကြီး မကောင်းပေမယ့် ဝိုင်းပေးကြသော comment များက မိုးပျံနေတတ်တာကိုလည်း ဆွေးနွေးမိကြပါသည်။ ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးကြတာလေးတွေကို ရွာထဲတင်ပြကြ လျှင်ဖြင့် ကောင်းမည်ဟု စဉ်းစားမိ်ကြပါသည်။ သို့ဖြင့် ရွာသူ ရွာသား စုစုပေါင်း ငါးဦး၏ စာပေစကားဝိုင်းလေး ဖြစ်လာရပါသည်။ ပို့စ် ၏ နာမည်ကို ကျွန်တော်တို့ ရွာထဲမှာ ဟုပေးပြီး ကလောင်နာမည်ကို စာကြမ်းပိုး ဟုပေးဖြစ်ကြပါသည်။ […]


Mr. MarGaJune 16, 20141min36066
ဇွန်လ…… မိုးရာသီထဲ ဝင်နေပြီဖြစ်သော်ငြားး မိုးမရွာချိန်တွင်တော့ ပူပါသေး၏။ မန်းမြေမို့ နေမင်းသည် သူ့အင်သူ့အားကို အစွမ်းကုန် ထုတ်လွှတ်ပေးနေသည်ကိုး။ ထို နေပူပူတွင် မောင်မာဃတစ်ယောက် လေပူအတိုးခံကာ ဆိုင်ကယ်ကို အသော့နှင်နေချေ၏။ လက်မှ နာရီကိုလည်း မကြာမကြာ ကြည့်နေပေသည်။ အတော်ကို ကသောကမျော ဖြစ်နေပုံ ပေါက်ပါ၏။ ထိုကဲ့သို့ ကသောကမျော ကပြာကယာ သွားနေရခြင်း အကြောင်းရင်းကို လင်းရမည် ဆိုပါလျှင် ယမန်နေ့ညကို ပြန်လည်သွားရောက်ရချေမည်တမုံ့။ ယမန်နေ့ညက…... မောင်မာဃ ကဘာ့ဖလားပွဲကြည့်ရန် အားတင်းနေချိန်မို့ စောစောအိပ်ရန်ပြင်နေမိသည်။နှစ်ပွဲဆက် ကြည့်မည်ဟု အားခဲထားသည်ကိုးး။ ထိုသို့ဖြင့် မှေးတေးတေး ဖြစ်နေခိုက်ဝယ်…. အနားမှာချထားသောဖုန်းက ထ. ကာ မြည်ပါတော့သည် သို့ဖြင့် အိပ်ချင်မူးတူး ဖုန်းထကိုင်ချိန်ဝယ် တစ်ဖက်မှ ဆက်လာသူကား ဖတ်ရွေး ဥက္ကဋ္ဌကြီး မစ္စတာကြီးမိုက် […]


kaiJune 13, 20141min47921
Los Angeles မြို့ကို ၂၀၁၄ ဧပြီလဆန်းမှာ ခဏလာတဲ့ အင်္ဂလန်မှာနေထိုင်သူ ဆရာဝန်၊ စာရေးဆရာ၊ သမိုင်းပါရဂူဘွဲ့ကြိုကျောင်းသား၊ ဘိုဘိုလန်းစင်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ဘိုဘိုလန်းစင်ဟာ လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့ မြေး၊ လူထုမျိုးဆက်သစ်ဖြစ်ပြီး BBC သတင်းထောက်လည်းဖြစ်ပါတယ်။   ၁။ ဒီတခေါက် US ကိုလာဖြစ်တာက။ Open Society က Supplementary grant program ကျောင်းသားတွေ Scholarships ပေးတဲ့ နှစ်ပတ်လည် Conference မျိုးပေါ့။ New York မှာ ဧပြီ၃၊ ၄ မှာ လုပ်တဲ့အတွက် OSI ရဲ့ Scholarships ကျောင်းသားအနေနဲ့လာတက်တာ။ ၂။ လန်ဒန်ကိုဘယ်တုန်းကရောက်လဲ။ ခုတက်နေတဲ့ကျောင်းက။ SOAS (School of Oriental and African […]


သုရွင္June 12, 20141min33885
အသံများနှင် ့က ခုန်ခြင်း သူများပြောတဲ့အသံအတိုင်းလိုက်ခံစားနေရင် ကိုယ့်ဘဝက သူများလက်ထဲမှာလမ်းဆုံးတော့မပေါ့။ ( ဦးဇောတိက-မဟာမြိုင်တောရ) အတိုက်အခံငြင်းခုံပြောဆိုနေကြတဲ့ကြားထဲ ဖတ်ရမှတ်ရတဲ့ ပြည်သူတွေထဲက ပြည်သူ တစ်ယောက်အနေနဲ့ အနည်းနဲ့အများတော့ စိတ်ရှုပ်မိမှာအမှန်ပါပဲ။ ကိုယ်ဖြစ်စေချင်တာ၊ လက်ရှိဖြစ်နေတဲ့ အခြေအနေက ကွာဟလာတဲ့အခါ တောက်တစ်ခေါက်ခေါက် ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဟိုးတုန်းကလို အားလုံးက တစ်သံတည်းထွက်နေတာ မဟုတ်တော့ ဘူးမဟုတ်လား။ အရင်တုန်းက အစိုးရသတင်းစာတွေ ဖတ်ပြီးရင် တော်တော်စိတ်ပျက်လက်ပျက်ဖြစ်တဲ့ အထဲမှာ ကျွန်တော်တို့ပါဖူးပါတယ်။ ဘာမှသတင်းမဟုတ်သည်ကို သတင်းလုပ်ရေး နေသည် ဟူ၍လည်းကောင်း။ တစ်ခါလာလည်း ဒါချည်းပဲ ဟူ၍လည်း ကောင်း ၊ ဝေဖန်ခဲ့ ဖူးပါသည်။ ယခု သတင်းမီဒီယာများကို လွတ်လပ်ခွင့်ပေးလိုက်သောအခါ အစပိုင်းတော့ ဟုတ်သလိုလိုဖြစ်နေပေမယ့် ကြာတော့လည်း စိတ်ပျက်လာရပြန်ပါတော့သည်။ သတင်းတစ်ခုဖြစ်တည်မှုတွင် မူလ ဖြစ်ပေါ်လာသည့် အကြောင်းရင်းခံအချက်အလက် များကို […]


kaiJune 12, 20141min37914
“Government of the people, by the people, for the people, shall not perish from the Earth.” – Abraham Lincoln “Every country has the government it deserves” – Joseph de Maistre ဤသို့ဆိုခဲ့ကြသည်။ အမေရိကပြည်သည် ၁၇၈၉ အခြေခံဥပဒေဖြင့် ဆက်ကာဆင့်ကာ ၂ရကြိမ် ပြင်မွန်းမံရင်း ချီတက်လာခဲ့သည်မှာ နှစ်၂၀ဝကျော်လေပြီ၊ ဥပဒေတို့၏အခြေခံ – အခြေခံဥပဒေကို လိုက်နာစောင့်ထိမ်းခဲ့ကြခြင်းအားဖြင့် အောင်မြင်ခဲ့သည် ဆုတ်ယုတ်ခဲ့သည်ကို နှစ်၂၀ဝခရီးနှင့် မြင်ကြည့်နိုင်သည်။ နှစ်၁၀ဝပိုင်းပိုင်း၊ ရာစုနှစ်ဝက်စိတ်စိတ်၊ ဆယ်စုနှစ်တခုယူယူ၊ အမေရိကပြည်၏ တရွေ့ရွေ့နှင့်တိုးတက်နေမှုကိုသာမြင်ရမည်။ အဆုံးသတ်သည်သာ အဆုံးအဖြတ်ဖြစ်ပါသဖြင့် အခြားတပါးသော […]


WowJune 12, 20144min37428
ကျွန်တော်တို့ အလုပ်မှာ ဝန်ထမ်းတွေကို အခါအခွင့်သင့်ရင် သင့်သလို ဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်းများ ပို့ပေးပါတယ်။ ပြီးရင်တော့ ရီပို့ပြန်တင်ရပါတယ်။ ကျွန်တော်ဧပြီလောက်က တက်ဖြစ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်းကို ရုံးက HR တကျီကျီ ရီပို့တောင်းလွန်းလို့ အခု ဇွန်လမှာ တင်ဖြစ်ခဲ့တဲ့ ပရီစန်တေးရှင်း အကျဉ်းချုပ်လေးကို ကိုယ်နားလည်သလောက်လေး ရွာသူားတွေကို ပြန်ဝေမျှပေးချင်တာပါ။ မှားတာများတွေ့ခဲ့ရင်လဲ အမှန်ပြန်ပြင်ပေးကြပါလို့…. ဗလအားကိုးနဲ့ နှိပ်စက်တာ မဟုတ်ရပါဝူး… ပိတ်သတ်ကြီး ကိုးနတ်ရှင်ကို လိုက်ပီး အဆင်ပြေသလိုသာ ကျိကြပါတော့


– – – – – ================================ ကြားဖူးတဲ့ သီချင်းစာရေးတစ်ခု ရှိတယ် …။ ဘာတဲ့ ….. ” ဇွန်၊ ဇူလိုင်မှာ ရွာတဲ့ … မိုးလေးများ မစဲသလို … သူ့ရဲ့အချစ်တို့ အမြဲ ရှိနေမလား .. ဆိုလားပါပဲ “ အခုတော့ ….. ရန်ကုန်မြို့ပြကြီးရဲ့ … “ဇွန်” မကျသေးတဲ့ “မေလ” ဟာ “ရေဝ” လို့ နေပါတော့တယ် …။ “ဇွန်” မတိုင်ခင် “မေ” ဟာ ရေတွေ လှိုင်လှိုင်ဝေနေတယ် …။ “ဇွန်” မဦးခင် “မေ” ဟာ မိုးရေတွေနဲ့ ပျော်မြူးနေတယ် …။ ဒီလို … အချိန် […]