အဘ ဘုတ္ကလံုOctober 29, 20131min30715
သံမဏိအူးကြောင်… အာမီရမ်စစ်စစ် လိုက်ရှာပြီး …ရေမပါပဲသောက် သူအမြဲပြောပါတယ်။ မာမီတွေဆွဲ သမီးလေးတွေတွဲ ငွေယူပြီး ….ဆန္ဒထုတ်မဖော်ဖို့ သူအမြဲပြောပါတယ်။ အရက်ထိုင်သောက် အဝှာတန်းမရောက်ဖို့ ….တွေ့ရင် သူအမြဲပြောပါတယ်။ ပုလင်းလက်ကျန် ကုန်အောင်မဖြတ်နိုင် ဓါတ်တိုင် သေးမပန်းပါနဲ့ သူအမြဲပြောပါတယ်။ ဘေးထိုင်ဘုပြော မူးအောင်ထိုင်သောက် အီးမပေါက်နဲ့ သူအမြဲပြောပါတယ်။ မာဆပ်၊ကေတီ ဝိုင်းထိုင်တူတူ မသွားရန်သူ အမြဲပြောတယ်။ ဂန်ဒူးနဲ့ မနန့်ဘူးဆိုတဲ့ ခိုင်မာတဲ့စိတ်ဓါတ်နဲ့ ကဗျာစပ်ဖို့ သူအမြဲပြောပါတယ်။ တို့တွေရင်ထဲ ပျော်စေနိုင်မယ့် သမီးလေးတွေဓါတ်ပုံ သူအမြဲရှဲတင်ပါတယ်။ တို့တွေ နေ့တိုင်းဘူးအောင် အကျပ်စကားကို သူအမြဲပြောပါတယ်။ တို့တွေရဲ့ရွာ မန်ဒလေးဂဇက်ဒေ့ါကွန်း အလည်က သံမဏိအူးကြောင်လေးပါကွယ်.. …။ ။ (ရေး/ဆို – ရွာသားအသစ် ရှဲဒိုးဆာယေးဆယာ အဘဘုတ်)


ဦး ဂ်စ္October 28, 20131min1494
အဖြစ်အပျက်ကဒီလိုဗျ လွန်ခဲ့တဲ့၆နှစ်လောက်ကပေါ့… ကျွန်တော်နေတာကမြောက်ဥက္ကလာမှာပါ တစ်နေ့ပေါ့ဗျာ ည၇:၀ဝလောက်ပေါ့ ကျွန်တော်တို့လမ်းထဲက (ဒီနေရာမှာနာမည်လွှဲပါရစေ )ဦးအေးပေါ့ သူကအရက်ဆိုဘာအရက်လာလာအကုန် ကြိုက်အကုန်သောက်ဆိုတဲ့လူစားမျိုးဗျ ဖြစ်ချင်တော့အဲ့နေ့မတိုင်မီ၂ရက်၃ရက်လောက်ထဲကအောင့်တယ်အောင့်တယ်ဆိုပြီးဆေးခန်းသွားပြထားရတာ ဆရာဝန်ကတော့ပြောတာပေါ့ အရက်ဆက်မသောက်ဖို့ ဒါလည်းဒီလူကမရပါဘူး ဖြစ်တဲ့နေ့ကသူ့ဘော်ဒါတွေကလည်းနယ်ကပြန်လာတော့လူစုံတုန်းဆိုပြီးဆိုင်သွားကြပါရော အပြန်အိမ်လည်းရောက်ကောဆရာသမားကအောင့်ရုံတင်မကတော့ဘူးအန်ပါအန်တော့တာအန်တာမှသွေးတွေချည်းပဲ အဲ့ဒါနဲ့အိမ်နီးနားချင်းတွေဆေးရုံပို့မှရမယ်ဆိုပြီးဆေးရုံပို့ဖို့လုပ်ကျတာပေါ့ လမ်းထဲကလူငယ်တွေကျွန်တော်အပါအဝင်ပေါ့ သူ့ကိုဆေးရုံပို့ဆိုက္ကားခေါ်ပြီးပို့ကျတာပေါ့ အဲ့မှာကျွန်တော်ရယ်ကျန်တဲ့လမ်းထဲကကိုကျော်ကြီးနဲ့နောက်၂ယောက်က နောက်မှထမင်းပို့ရင်းနဲ့လိုက်ခဲ့မယ်ဆိုပြီးနေခဲ့ကျတာပေါ့ င်္ဒီလိုနဲ့ ည၉:၃ဝလောက်မှ၄ယောက်သားဆေးရုံလိုက်သွားတဲ့လူတွေအတွက်ထမင်းထုတ်တွေထုတ်ပြီး ဆိုက်ကား ၁စီးနဲ့လိုက်သွားကျတာပေါ့ ဆိုက်ကားကို ကိုကျော်ကြီးကနင်းတာပါကျွန်တော်ကတော့အနောက်ခုံ မှာထိုင်လာတာပေါ့ ဆေးရုံနားနီးတော့မှသသတိထားမိတာ ထည့်လာတဲ့ထမင်းထုပ်တွေက ဝက်သား အမဲကြော် နဲ့ဝက်အူချောင်းတွေဟ ဒါနဲ့ သတိရပြီးကိုကျော်ကြီးကိုပြောလိုက်သေးတယ် ဟင်းတွေကရှယ်တွေဆိုတော့ ဖြစ်ပါ့မလားလို့ပေါ့ အဲ့မှာစတာပဲဇာတ်လမ်းက သွားပြောမိတဲ့ကျွန်တော်ကိုကမှားတာပါ ပြောလိုက်မှပဲဆရာသမားက ဘာလည်းမင်းကကြောက်လို့လားတဲ့ ဒါနဲ့ကျွန်တော်ကလည်းမကြောက်ပါဘူးလို့ပြောလိုက်တာပေါ့ ဟုတ်တယ်လေ ဆိုက်ကားမှာကလူ၄ယောက်တောင်ပါတာကိုး အဲ့ဒါကိုအပြင်ဘေးခှံာထိုင်တဲ့တစ်ယောက်ကအေးမကြောက်ရင်ထမင်းထုတ်မင်းကိုင်ဆိုပြီးကျွန်တော့်လာပေးရော ကိုကျော်ကြီးကလည်းဆိုက်ကားကိုဆေးရုံဝင်ပေါက်ကမဝင်ပဲ ရေခဲတိုက်လမ်းကဝင်ပါလေရော ဘာဖြစ်လို့လည်းမေးတော့ မြန်အောင်လို့တဲ့အဝင်ပေါက်ကဝင်ရင် အပေါက်စောင့်တွေက ရစ်ချင်တယ်ဗျ ဒါနဲ့အဲ့ ရေခဲတိုက်လမ်းကဝင်တာပေါ့ စဝင်လိုက်ပြီဆိုကတည်းကနှာခေါင်းထဲအနံ့အသက်ကသိပ်မကောင်းချင်ဘူး ဆိုက်ကားကလည်းကိုကျော်ကြီးတမင်လုပ်နင်းနေလားအောက်မေ့ရတယ်အိပဲ့အိပဲ့နဲ့ အဲ့အချိန်မှာဗျာအူလိုက်တဲ့ခွေးတွေ […]


WowOctober 28, 20131min53133
ဒါကတော့ရွာမိတ်ဆက်ပါ… ရွာသူားသစ်လေးများလဲရှိ …. ရွာကိုတစ်ကျော့ပြန်လာတဲ့ ကိုကိုမမများလဲရှိတော့ … ရွာ့သက်ကြီးဝါကြီးများကိုတော့ နွားရှေ့ထွန်ကျူးတယ် မထင်ပါနဲ့ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုသလို မိကျောင်းမင်းရေခင်းပြရမှာဖြင့်ရင် တရွာမပြောင်းသူကောင်းမဖြစ်ဆိုပေမဲ့ သေချင်တဲ့ကျားတောပြောင်း ဆိုတာက ရှိသေးတော့ မပြောမပီး မတီးမမြည်ဆိုသလို (ဟဲ့… မိဗုံဒီနားလာ.. ) တိတ်တိတ်နေ ထောင်တန်ဆိုတာကလဲ ရှိသေးတော့ အဖိုးသေရင် မြေးပျော်ဆိုသလို… တာမီးကလဲ မုန့်ဟင်းခါးကြိုက်တော့… ဟယ်.. ရေးရင်းနဲ့ ကွကိုယ် ရေဝေးနားရောက်လာမှန်းတောင် မသိလိုက်ဝူး… ခွေးလွှတ်ကြပါ… အဦးဆုံးကတော့ ရွာသူကြီးပေါ့နော်…. သူကတော့ ရှားပါးအကောင်လေးတွေမွေးမြူတာ ဝါသနာပါတော့ ဒေါင်းမွေးထားပြီး ဥဥထဲက အိုက်နားက မခွာပါဝူး…. ဒေါင်းဥခန့်မျှ… အိမွမွဆိုပြီး မျက်လုံးကြီးတွေတဝင်းဝင်းနဲ့… ရပ်ရေးရွာရေး အားတက်နေပုံများနှယ် မြင်ယုံနဲ့ အကြည်ညိုပျက်… အဲလေ.. ကြည်ညိုလောက်တယ်.. ဒဂျီး.. အိုက် ဒေါင်းဥနားပဲ […]


ဇီဇီOctober 23, 20131min49045
    ဟိ။  :mrgreenn:   ကိုယ့် အရှက်ကို ခွဲလိုက်ပါဦးမယ်။ ကေဇီတို့ မေမေဟာ တခြားနေရာတွေမှာ လေဘာဒယ် ကျသလောက် အိမ်ထောင်ရေးမှာ အတော် ကွန်ကျပါတယ်။ ငယ်တုန်းကတည်းက ရိုက်သွင်းထားတဲ့စကားက သူကမေးးးး “အိမ်ထောင်ရေးကို ဘယ်လို ဆုံးဖြတ်မယ်??” ကေဇီက ဖြေ “မာမီ စီစဉ်ပေးတာပဲ ယူပါ့မယ်” အဲလိုကို ဇာတ်တိုက်ထားခံရတာပါ။ ကေဇီစိတ်ထဲလည်း ဒါကို အထွေအထူး ချုပ်ချယ်တယ် ဘာတယ်လို့ မခံစားရပါဘူးးး တခြားနေရာကျ အတော် အလိုလိုက်ထားခံရကိုးးးး စိတ်ကြိုက်နေရတော့ သူ့ အလိုကို ဒီ နေရာမှာ လိုက်မယ်လို့ပဲ တွေးထားပါတယ်။   အဲ! ခက်တာက သူတို့ မောင်နှမတွေ အကုန်လိုလိုက Arranged Marriage  ပဲ နာခံခဲ့တာဆိုတော့ အဲဒီ […]


ムラカミOctober 21, 20131min46521
ဆိုရေးရှိက ဆိုရဦးမပေါ့ဗျာ…. ဆိုရေး (ဆိုတေးမဟုတ်ပါ) က ၄ကြောင်းတောင် တိုက်ဆိုင်နေမှတော့ သေဂျင်းဇိမ်းလည်း မနေသာတော့ဘဲ ပြောရဦးမဗျ…. (အသန့်ကြိုက်သူများ ကျော် ဖတ်ကြပေကုန်) ညှီ ပဟေ့ …။ ဆိုရေး-၁ တမြန်နေ့က ဗဂျီကျော် ။ ထွစ်ဒစ်ရှင်နယ်ဒန်ဇာ ။ သုခုမရဲ့ ပဂေးကြီးကို ခွန်းထောက် မေးမိရာကနေ …စသဗျ.. ဆြာသမားက မြန်မာသံ ၅ပေါက် ၆ပေါက်တွေ အကြောင်း ပါ လှည့်ပတ်တူးသွားသေးတာရယ်.. (အဲ့အကြောင်း နောက်မှ သပ်သပ် မေးပါ့မယ်ဗျ) ခွန်းထောက်ဆိုလို့ပါ တခါက အငြိမ့်ခွင်က ပြက်လုံးတခု သွားသတိရမိတာရယ်… အို ဘာတဲ့ .. ကျောက်ခဲ အောင်ဘာလေ စူဠ တဲ့ ခည …. စကားလိမ်ပေါ့ဗျာ… (ဒါအရေးကြီးတယ်… ဘာကြောင့်တုန်း […]


ဇီဇီOctober 17, 20131min58253
  ခေါင်းစဉ်က Cat Cat လန် စကားလုံး အတွက် အောင်ကြူးကို ခရက်ဒစ်ပေးပါတယ်။ တိုလီမိုလီ ဆရာပွ ရဲ့ ရေးနည်း နဲနဲကိုလည်း ယူသုံးပါရစေညော်။  ~~~~~~~~~ ကေဇီတို့ မိသားစုက အင်မတန်ကြောင် ချစ်ကြပါတယ်။ မချစ်တတ်တဲ့ ဒက်ဒီကကို နောက်ဆုံးချစ်တတ်သွားတဲ့ထိ သားအမိ ၂ ယောက် စည်းရုံးနိုင်တာပေါ့။ (အမှန်တော့ ဇွတ်ကျတာပါ။) ကြောင်တွေ သားပေါက်တိုင်း ကိုယ့် အချစ်တော် တစ်ယောက်တစ်ကောင်နှုန်းနဲ့ အနည်းဆုံး ၅ ကောင်ကတော့ အဆက်မပြတ်။ တစ်ခါတစ်ခါ တစ်ယောက် ၂ ကောင်နှုန်းကျော်သွားသေးးးး။ ကိုယ့်ကြောင်ကို ဘယ်လောက် အလိုလိုက်နိုင်ကြောင်းက အမြဲပြိုင်ကြပါတယ်။ တစ်အိမ်လုံးမှာ မာမီက ကင်း ဆိုတော့ သူ့ကြောင်ကတော့ အမြဲ ထိပ်ကပေါ့လေ။ ထားပါတော့။ ကိုယ် […]


‘မ’သုံးလုံးဘွဲ့ ပူပူနွေးနွေး ရထားသော ဦးကြောင်ကြီး နောက်ကွယ်မှ လက်သီးပုန်းထိုး အတိုက်ခံနေရသည်။ ၎င်းအား အမြီးရရ လျှာရရ လိုဂျင်သူ သာမီးလေးပေါင်းများစွာ ရှိသလို မလိုတမာ နင်ပဲငဆ သွားပုပ်လေလွင့် ပြောဆိုကြိမ်းမောင်း နေသူများလည်း ရှိဗေသည်။ အချို့ဆိုလျင် ကြောင်ကြီးရသောဘွဲ့ ဖြူသလား မဲသလားဗင် မသိ ဝင်ရောက်ဆွမ်းဂျီးလောင်း၏။ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်သွား၍ ပါးစပ်ထဲ ရောက်ခါနီး ဝက်သားတုံးဂျီး အပုတ်ချ ခံလိုက်ရသူ တရုတ်ကူမြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် အဆိုးဆုံးဗင်။ ထမီ စွန်တောင်ဆွဲ (သူ့အပြောဒေါ့ စကပ်အတွန့်) ရွာရိုးကိုးပေါက် နွားလှည်းပေါ် လော်စပီကာ လေးဖက်လေးတန် တင်၍ ဇာတ်သဘင်ကား ကြော်ငြာသဖွယ် ခေါက်တုံ့ခေါက်ပြန် မမောနိုင်မပန်းနိုင် ကြေငြာမောင်းထုလေသည်။ “ကြောင်ကြီးပေါ့အေ့… ဟိုဟာမနဲ့ […]

CATSKY1-600x323.jpg

Don Juan RonaldOctober 10, 20139min31622
အား လုံး မင်္ဂလာ ပါ  ! ♥ ♥ ♥ ဒီရက်ဒီနေ့ ၊ အောက်တိုဘာလ ၁ဝ ရက် နေ့ သည် ု ကျနော် တို့ ထိုင်ဝမ်ကျွန်း ပေါ် မှာ တည် ရှိနေ တဲ့ တရုတ်သမ္မတနိုင်ငံ ၏ ၁၀၃ကြိမ် မြောက် အမျိုးသားနေ့ ဖြစ်ပါ သည် ။ ကျနော် ဒီနေ့ အလုပ် အားရက် ဖြစ် ပါ သည် ။ အဟုတ်သရုတ် တပိုင်း နှင့် မဟုတ်သရုတ် တပိုင်း ဖြီး ပါ ရ စေ ။ ခေါင်းစဉ် ရဲ့ ကြောင်ရွာ( Cat Villagev […]


black chawOctober 9, 20131min50947
ဘာပဲပြောပြော…မိုးစက်ဝိုင် နှင့် အစပြုလိုက်ပါသည် ပေါ့ ခင်ဗျာ…။ ဟေးဟေး…။ တိမ်တွေပြာမပြာတော့မသိဘူးဗျာ…။ နေ့ကတော့ ပြီးခဲ့တဲ့ စနေနေ့ပေါ့…။ နေရာက ဂျဒ်စင်ရှေ့ က Prome စားသောက်ဆိုင်မှာပါ…။ မင်္ဂလာဆောင်တော့ မဟုတ်ဘူးကွယ်…။ လူပြိုကြီး အမတ်မင်းရဲ့ မွေးနေ့ပွဲလေး ကျင်းပနေတဲ့ အခိုက်ပေါ့…။ အနီတွေရော နှစ်ခါပြန်အနက် တွေရောနဲ့ ကောင်းနေကြတဲ့ အခိုက်ပေါ့…။ ညီမငယ် နွယ်ပင်က သူ့ကိုကို Rကြီးကို (Rဇာနည် မဟုတ်ပါ…။ မူလလက်ဟောင်း Rဂခင်ဗျ…။) ဖေ့ဘုတ်ပေါ်က ပုံလေးတစ်ပုံလှမ်းပြပါတယ်…။ ဟုတ်ပါတယ်…။ မိုး…စက်…ဝိုင်…ပုံပါ…။ ( Lamborghini ) ကား လေးပေါ်က ဆင်းလာတဲ့ မိုးစက်ဝိုင် ပုံပါ…။ ထပ်ပြီး အထူးပြုရရင် သူမ နံဘေး မှာ ပုဂ္ဂိုလ်အကောင်းစားလေးတစ်ယောက်ကလည်း ရပ်လို့ဗျ…။ အဲဒီ […]


sorrowOctober 8, 20131min34714
(  ဒီအပိုင်း..အချစ်ခန်းပါတီ…အန်ဒါ 18 မဖတ်ရ..စာရေးသူတောင်..ရက်ကလေးစွန်းလို့.) ——— ——— ——— ———   ”ကိုလဒ” လမ်းထိပ်စတိုးဆိုင်မှ…..ရွှေအိုရောင်မှောင်သော..ဆံပင်နီဖွာဖွာနှင့်.. လှပကျော့ရှင်းလွန်းသော သုတိတာ နတ်အနွယ်ဝင်….လပြည့်ဝန်း မေဂရေ့စ်ပယ်ရီလေး..ခေါ်သံအကြားတွင် ..ဆောရိုး..ကြမ်းညှပ်မိသလို…..တုန်တက်သွားသည်…… အခွက်ကိုက..သူ့ဖခင် ကဲ့သို့…..ပြောင်လက်ချောမွတ်သော..စတီးလင်ပန်းသဖွယ်. .အစွမ်းကုန်…ဖြဲပြုံးရင်းက….”‘ ဂျာ…”…ဟုပြန်အထူးတွင်…. .” တဲကိုချစ်ရား…..” ဟုပြီတီတီအမေးတွင်..ကိုလူချောဆောရိုး (ဘီလူးတော)…ရေလည်သဘောခွေ့နေသည်မှာ.. .ဌက်ပျောတောတွေ့သော..မျောက်အုပ်သဖွယ်…တောင်ပြေးရမလိုမြောက်ပြေးရမလို…ခုန်ဆွရွစလူးထလျှက်… ..( ဒီနေရာတွင်…နောက်ခံအသံကို..မျောက်အုပ်နှင့်လိုက်အောင်…….တာဇံအော်သံထည့်မည်….) ” ချစ်ရင်..ဒါလေးစားပြ..”‘ ငရုတ်ကုလားအော်သီးဟဲဗီးကြီးကို မြှောက်ပြရင်းမေးသည်….. အချစ်စမ်းသည့်သဘော..ရှိုူးလျှောက်ရင်း..ရှုတင်ရိုက်ရင်း …သူငယ်ချင်းများမြှောက်ပေးသည်ကို. .အဟုတ်မှတ်သော.မေဂရေ့စ်လေး မှာ. သူ့အလှည်ကျလျှင်အသက်ရှုရပ်မည်ကိုမစဉ်းစား……မွေးရာပါ..စိတ်ကြီးသော…ကျွန်တော်တို့မင်းသားကလဲ. …အသေခံတိုက်မည်ဟူသော..အစား….. ..” လာထား…စားပြီးရင်အာဝါးကျလူးကျလူးနော်….” ပြောရင်းက …..ပလောက်ကနဲ…ကောက်ဝါးပစ်သည်…… ကိုယ်ထောင်သောကြိုးကွင်း…ကိုယ့်လာစွပ်သော….မေဂရေ့စ်ပယ်ရီလေးမှာ…..သူ့စကားနှင့်သူ.. အကျပ်ရိုက်လျက်…..တဖက်မှာကြည်နူးသောစိတ်နှင့်…တဖက်မှာ..ကုလားအော်သီးဝါးထားသော.. …ထော်လန်နီရဲနေသော….နှုတ်ခမ်းကြီး…. အသက်ဘေးအတွက်…ဆုံးဖြတ်ရမည့်အချိန်ရောက်လာပါပြီ…..ချစ်သူကိုချနင်းမည်လော….. .ရိုမီယို & ဂျူးလိယက် လုပ်မည်လော……သို့သော်….အချစ်စိတ်က .ထိပ်တက်သည့်အလျောက်…အံကြိတ်လက်သီးဆုပ်ရင်း..နမ်းလိုက်သည်   …” ပလွတ်..အမငီး..တေပါပြီ..” ….မခံစားနိုင်လွန်းသော…ပူစပ်ပူလောင်ခံစားချက်ကက…အသဲထဲအထိ…တိုးခွေ့ဝင်ရောက်သွားချိန်တွင်.. မေဂရေ့စ်လေး […]


alinsettOctober 8, 20132min1658
ကမာ္ဘ လောကကြီးမှာ လူတွေဟာ ရယ်စရာ ကြုံရင် ရယ်မော တတ်ကြပါတယ်။ “ရယ်ရင် အသက်ရှည်တယ်” လို့လည်း ဆိုထားတယ် မဟုတ်လား။ He, who Laughs, Lasts လို့ အင်္ဂလိပ်ဘာသာ စကားမှာ ရှိတယ်လေ။ “စိတ်ပျိုရင် ကိုယ်နု” ဆိုတဲ့ မြန်မာစကား ကလည်း လူတွေ စိတ်ပျော်ရွှင် လန်းဆန်းအောင် နေတတ်ဖို့ အားပေးနေတယ်။ “စိတ်ထောင်းကိုယ်ကြေ” ဆိုရင်တော့ ဘဝက သက်သာလှမယ် …မထင်ပါဘူး။ ငရုတ်သီး ကိုသာ ထောင်းပြီး၊ စိတ်ကို မထု မထောင်းမိအောင် ကြိုးစား နေထိုင် တတ်ဖို့တော့ လိုမယ်နော်။ ဘုရားရှင် တိုင်းရဲ့ အဆုံးအမ စကားကလည်း စိတ်ကို သန့်စင်အောင်၊ ကြည်လင်အောင်၊ လန်းဆန်းအောင်၊ ရွှင်ပျနေအောင် ထားတတ်ဖို့ […]


WowOctober 8, 20131min63039
“ရွေ့… နိပ်ဟ…” ဖွတ်ပြောင်တို့ ဇာတာစမ်းလဒ်များတက်လာတော့ ပူနေတဲ့နေမင်းဂျီးကိုပဲ ကျေးဇူးတင်ရမလို… အို အသင်လောက ပူရင် မိန်းမများ ဂယောင်၆ခြား ဖစ်တတ်တာ ကျွန်ုပ်ကောင်းကောင်းဂျီးသိပါဘီ… လို့ထအော် ရတော့မလို….. “မောင်ရေ… ရုံးပိတ်ရက် နေကအရမ်းပူတော့ လျှောက်မသွားချင်ဘူး ဂျန်းရှင်းစကွဲမှာ ကားသစ်တင်တယ် ကြားတယ်… လက်မှတ်ရရင် သွားကြည့်ရအောင်နော်….” မကြာခင်ကမှ အတော်ဂျီး ညက်နှာငယ်လေးဖြင့် ပိုးပန်းယူထားရသော ချစ်သူလေးက ဖုန်းဆက်ပြောလာတော့ ဖြူဖြူကျော်သိန်းစတိုင်ဖြင့် အိမ်ရှေ့ပြေးထွက် ဒူးထောက် ရဟူးးးးး အားရဝမ်းသာ အအော်… “ဟယ်… နာ့ကားသွားမဲ့လမ်း အတင်းပြေးဝင်ထိုင်ချ… ဘယ့်နှာဂျီးလဲ…. နိသေတာအရေးမကြီးဘူး… နာ့မှာ ယုစ် ရှိသေးတယ်” ကားသမား အော်ဆဲသွားတာ ခံလိုက်ရ၏… ရှိစေ… အချစ်ကို နားမလည်သူများ… အချစ်၏ရူးသွပ်မှုကို မခံစားတတ်သူများ ကို အဖက်မလုပ်ချင်တော့… နုတ်ခမ်းစူ […]


Foreign ResidentOctober 7, 20132min49635
စဉ်းစားကြစေလိုပါတယ် ( ၆ဝ ) ( အခွန် ဋ္ဌာန ) အ ဟီး ဟီး ဟီး ။ ကို Black ကြီးလိုဘဲ ၊ ခုတစ်လော ၊ Popular ဖြစ်နေတဲ့ ၊ ဝိုင်လေး ကိစ္စ ကို ဖတ်ပြီး ၊ အဘ လဲ နဲနဲ ပွားချင်လာလို့ ။ တက္ကသိုလ်များ ချန်ပီယံ လိဂ် ဆိုတဲ့ ဘော ဖွင့်ပွဲကြီးမှာ ပေါ့ ၊ ဝိုင်လေးက လဘော်ဂီနီး ကားကြီးကိုစီးပြီး ဘောကွင်းကို တပါတ်ပါတ်ပြဒါယ် ပေါ့လေ ။ တက္ကသိုလ်များ ချန်ပီယံ လိဂ် ဥက္ကဋ္ဌ ဦး နေရွှေသွေးအောင် ကလဲ ကားဘေးနားထိ […]