ဆယ်ကျော်သက် ထက်မြက်ပါစေ။

alinsettOctober 8, 20132min1198

ကမာ္ဘ လောကကြီးမှာ လူတွေဟာ ရယ်စရာ ကြုံရင် ရယ်မော တတ်ကြပါတယ်။
“ရယ်ရင် အသက်ရှည်တယ်” လို့လည်း ဆိုထားတယ် မဟုတ်လား။ He, who Laughs,
Lasts လို့ အင်္ဂလိပ်ဘာသာ စကားမှာ ရှိတယ်လေ။

“စိတ်ပျိုရင် ကိုယ်နု” ဆိုတဲ့ မြန်မာစကား ကလည်း လူတွေ စိတ်ပျော်ရွှင်
လန်းဆန်းအောင် နေတတ်ဖို့ အားပေးနေတယ်။ “စိတ်ထောင်းကိုယ်ကြေ” ဆိုရင်တော့
ဘဝက သက်သာလှမယ် …မထင်ပါဘူး။
ငရုတ်သီး ကိုသာ ထောင်းပြီး၊
စိတ်ကို မထု မထောင်းမိအောင် ကြိုးစား နေထိုင် တတ်ဖို့တော့ လိုမယ်နော်။

ဘုရားရှင် တိုင်းရဲ့ အဆုံးအမ စကားကလည်း စိတ်ကို သန့်စင်အောင်၊
ကြည်လင်အောင်၊ လန်းဆန်းအောင်၊ ရွှင်ပျနေအောင် ထားတတ်ဖို့ လှုံ့ဆော် သွန်သင်
ပေးတယ်လေ။
“မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား” တဲ့။
အရာရာကို ယထာဘူတ သဘော (Realism) နဲ့ ရှုမြင်ပြီး၊
အကောင်းမြင်( Optimism)
ဓာတ်ခံနဲ့ ရယ်ရွှင်တတ်ဖို့ အားဖြည့်ပေး နေတာပဲပေါ့။

လူရယ်လို့ ဖြစ်လာကတည်းက မွေးမွေးချင်း အငိုနဲ့ စတယ်။
ဘယ်ကလေးမှ မွေးတာနဲ့
မရယ်ကြဘူး။ မငိုလို့တောင် သားဖွားခန်းမှာ နား(စ)မကြီး (Nurse) က
ရေနဲ့ပက်၊ ကျောကုန်းကို ဖြန်းခနဲ ရိုက်လိုက် ပါသေးတယ်။ အဆုတ်ပွင့်
အလုပ်လုပ်အောင် စေတနာနဲ့ပါ။

ဥမမည် စာမမြောက် ပူတူတူးလေး ဘဝမှာ ငိုခဲ့ကြတာ တွေက“ဆာ”လို့ (Hungry)
ဖြစ်စေ၊ “နာ”လို့ (Painful) ဖြစ်စေ၊ တစ်ခုခုကြောင့် ဖြစ်မှာပါပဲ။
ဖေးမကူညီ စောင့်ရှောက်တတ်တဲ့ လူ့အဖွဲ့အစည်းထဲ ရောက်လာတဲ့ အခါ“ဆာ”တာတွေ
“ပြေ”လာတယ်။ “နာ”တာတွေ “ကျေ”လာတတ် တယ်လေ။ ဒီလိုနဲ့ လူ့ဘဝ အဆန်ခရီး
နှင်ကြတဲ့ အခါမှာတော့ လောကဓံ တရားရဲ့ ရိုက်ပုတ်ခြင်း ဒဏ်ချက်တွေကြောင့်၊
ကလေးတွေလို တစ်ခါပြန်ပြီး “ဆာ”ရင် (လောဘကြောင့်) ငိုရတယ်။ “နာ”ရင်
(ဒေါသကြောင့်) ငိုကြရ ပြန်ပါတယ်။

လူ့ဘဝကြီးမှာ လောဘ၊ ဒေါသ၊ သောက၊ ပရိဒေဝ အပူမီး တွေနဲ့ အမြဲတမ်း ဖက်တွယ်နေ
ထိုင်သွားရရင် မတန်ပါဘူး။ ဒါတွေကို လျော့ပါးသွားအောင် လုပ်ဆောင်နိုင်မယ့်
နည်းလမ်း တစ်ခုကတော့ “ပျော်ပျော်နေ သေခဲ” (Happy- go- Lucky) ဆိုတဲ့ စကား
အတိုင်းပါပဲ။ အစ ကတည်းမှာ “ဟာသဉာဏ်” (Sense of Humour) မွေးပြီး
နေထိုင်တတ်ရင် သက်သာရာ ရတဲ့အပြင် ပတ်ဝန်းကျင် နဲ့လည်း သဟဇာတ
ဖြစ်လွယ်ပါတယ်။ ဒါကြောင့် လူတိုင်းမှာ ဟာသဉာဏ် ရှိသင့် ရွှင်သင့်တာပေါ့။

နေ့စဉ် ဘဝကို ဖြတ်သန်းရင်း တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အချိန်မှာ ကိုယ်နေ
ခဲ့ရတဲ့ တစ်ရက်တာ လေးဟာ ထိုက်တန် ပါရဲ့လား။ အကျိုးရှိ ရဲ့လားဆိုတာ တွေးဆ
ဆင်ခြင်သင့် ပါတယ်။ ဘဝကို တန်ဖိုးရှိ၊ မရှိ၊ အကဲခတ် စဉ်းစားကြည့်မယ်
ဆိုရင်တော့ ဒီကနေ့ ငါဘာတွေ တွေးခဲ့၊ ပြောခဲ့၊ လုပ်ခဲ့ ပါသလဲ။
တစ်နည်းအားဖြင့် ကုသိုလ် (Merit)၊ ဥစ္စာ(Tealth)၊ ပညာ (Knowledge/Tisdom)
တစ်ခုခု ရနိုင်ခဲ့ရဲ့ လားဆိုပြီး ဝေဖန်ဆန်းစစ် ကြည့်နိုင်ပါတယ်။

ဘဝဆိုတာ အကျိုးရှိမှ နေပျော်တယ် မဟုတ်လား။ ဒါကြောင့် ဘဝအတွက် အကျိုးများ
အဖိုးတန်စေတဲ့ ကုသိုလ်၊ ဥစ္စာ၊ ပညာတွေ ရဖို့ ပထမ ဦးဆုံး အရေးကြီး တာက
ကျန်းမာရေး (Health) ကောင်းဖို့ပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုရာမှာ
စိတ်ကျန်းမာရေး(Mental Health) ရော ရုပ်ကျန်းမာရေး (Physical Health)
ကိုပါ ဆိုလိုတာပါ။ ဒီနှစ်မျိုးလုံး ကောင်းမွန်မှသာ ကျန်းမာရေး
ကောင်းခြင်း(Good Health) မည်မှာပေါ့။ ဒီလို ကောင်းမွန်တဲ့ ကျန်းမာရေးကို
အခြေခံ ခြေကုပ်ယူပြီး နေ့စဉ် ဆိုသလို ကုသိုလ်ပြု၊ ဥစ္စာရှာ၊ ပညာ
ဆည်းပူးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ အထဲက တစ်ခုခု ရရင် ကောင်းပါတယ်။ နှစ်ခုရရင် ပိုကောင်းပါတယ်။
သုံးခုစလုံး ရနိုင်မယ် ဆိုရင်တော့ အတိုင်းထက် အလွန် တံခွန်နဲ့
ကုက္ကားပဲပေါ့။ အကောင်းဆုံး ပဲလေ။ ဘဝ တစ်ခုရဲ့ ပစ္စုပ္ပန် တည့်တည့်ကျတဲ့
တစ်ခဏချင်း တဒင်္ဂ အချိန်လေးတွေ ဆက်စပ်နေတဲ့ တစ်နေ့တာ ခံစားချက် ပဲနော်။
ဘယ်လိုများ ခံစားလိုက်ရ ပါသလဲ။ ပျော်ရွှင်မှု (Happiness) ပဲပေါ့။

တကယ်တော့ ပျော်ရွှင်မှု ဆိုတာ လူတိုင်းရဲ့ ဘဝ အောင်မြင်မှု(Success) ပါပဲ။
အောင်မြင်မှု ဆိုတာ ငွေ(Money) မဟုတ်ပါဘူး။ အာဏာ (Power) မဟုတ်ပါဘူး။
ရာထူး ဌာနန္တရ (Position) မဟုတ်ပါဘူး။ ထင်ပေါ်ကျော် ကြားမှု (Fame) လည်း
မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ဖြတ်သန်း ခဲ့ရတဲ့ ဘဝ တစ်နေ့တာလေးတွေမှာ
ရသင့်ရထိုက် ယူသင့်ယူထိုက်တဲ့ ကုသိုလ်၊ ဥစ္စာ၊ ပညာတွေကို ရနိုင်အောင်
ကြိုးစားရင်း အေးချမ်း ပျော်ရွှင်စွာနဲ့ အောင် မြင်မှု အသီးသီးကို
စက္ကန့်မလပ် အဆက်မပြတ် အောင်ပန်း ဆွတ်ခူးနိုင်ကြပါတယ်။

ကျန်းမာရေး ကောင်းမွန်ခြင်းကို အခြေခံ အုတ်မြစ်ချပြီး ဘဝအတွက်
ရသင့်ရထိုက်တာတွေကို ရယူကာ ပျော်ရွှင်စွာနဲ့ အောင်မြင်မှု ပန်းတိုင်ကို
အရောက် လှမ်းနိုင်ပုံ လေးကို ပုံပြ အညွှန်းလေးနဲ့ မျက်မြင် လေ့လာကြည့်ရ
အောင်နော်-
အခုလို အောင်မြင်မှု စခန်းသာကို ပျော်ရွှင်စွာ လှမ်းချီရာမှာ ဟာသဉာဏ်
ရွှင်မြူး သူတွေက ဦးစွာ ပထမ ဆိုက်ရောက် တတ်ကြပါတယ်။ ဒါကြောင့် “ဟာသ”
(Humour) နဲ့ သက်ဆိုင်တဲ့ အင်္ဂလိပ် စကားလုံး အသုံး အနှုန်းတွေကို ဝေါဟာရ
မှော်ရုံတောမှာ ရှာဖွေ လေ့လာရင်း ဘဝ အမောတွေ ပြေပျောက်စေဖို့ အားထုတ်
ကြည့်ကြမယ်လေ။

ရယ်အောင်ပြုံးအောင် လှုံ့ဆော်ပေးတဲ့ ဟာသ ပြက်လုံးကို Joke လို့ ခေါ်တယ်။
အသံထွက်က ဂျိုး(ခ) လို့ ထွက်ရပါတယ်။ “ဂျုတ်” မဟုတ်ပါဘူး။ ဟာသလုပ်တဲ့
လူရွှင် တာ်က Joker ဒါမှ မဟုတ် Clown လို့ ခေါ်တယ်။ ဟာသဉာဏ် ရွှင်သူ၊ ဟာသ
ဆရာကို Humorist လို့ ခေါ်တယ်။ Humorous က ဟာသမြောက်သော၊ ရယ်စရာ
ကောင်းသော။ Humourless က မျက်နှာသေသော၊ ထုံတေတေ နိုင်သော ဖြစ်ပါတယ်။

ဒါနဲ့ ငယ်ငယ်တုန်းက အငြိမ့်ပြိုင်ပွဲ တွေထဲမှာ လူရွှင်တော် (တချို့က
လူပြက်လို့ ခေါ်တယ်) တွေ ပြက်လုံး ထုတ်ခဲ့တဲ့ အင်္ဂလိပ်စာ ပျက်ဟာသ စကား
တချို့ကို ပြန်လည် သတိရမိပါတယ်။ ဘာတဲ့-
‘Once upon a time’, လေကြီးမိုးကြီး ဝုန်းဒိုင်း။ The Prince is ယက်ကန်
ယက်ကန် seven days in the သမုဒ္ဒရာ”

အတည်လိုလို နောက်ပြောင် သလိုလို ပြောတော့ ရယ်ခဲ့ ရပါတယ်။ မြန်မာတွေ
အချင်းချင်း တွေ့ကြတဲ့ အခါ နောက်ပြောင်ပြောဆို တတ်ကြတဲ့ မြန်မာစကား
အင်္ဂလိပ်စာ ပျက်တွေ ရှိပါသေး တယ်။ ဒီလို-
Green wind blowing (လေစိမ်းတွေ တိုက် နေတယ်)၊
Don’t break this hole (ဒီအပေါက်မျိုး မချိုးနဲ့)၊
Snake, snake, see the leg (မြွေမြွေချင်း ခြေမြင်)
Water follow, Fish Follow. (ရေလိုက် ငါးလိုက်)၊
Cat, mountain, mountain (ကြောင်တောင်တောင်)၊
This man and this man (ဒီလူနဲ့ ဒီလူပဲဟာ)

ဒါတွေဟာ အင်္ဂလိပ် စကားလုံး အသုံးအနှုန်း အမှန်တွေ မဟုတ်ပါဘူး။ လုပ်ကြံ
ဖန်တီးပြီး သက်သက်နောက်ပြောင် ပြောဆို ထားတာပါ။ မှန်တာ မမှန်တာ အပထား။
ကလေး ဘဝက ရယ်ခဲ့ရတာ အမြတ်ပဲပေါ့။

ဒီနေရာမှာ ရယ်နည်း ပြုံးနည်းတွေ ကလည်း အမျိုးမျိုး ရှိပါသေးတယ်။
ပန်းပွင့်လာတာ အဖူးက စတာပါ။ ရယ်မောခြင်းရဲ့ အစက အပြုံးပါပဲ။ Smile က
ပြုံးတာ၊ Grim က ပြုံးဖြဲဖြဲ လုပ်တာ။ Smirk က လှောင်ပြုံး ပြုံးတာပါ။
Laugh ကတော့ ရယ်မောတာ၊ Giggle/ Chuckle က တခစ်ခစ် ရယ်တာ၊ Snicker က
ကျိတ်ရယ်တာ၊ Titter က ခပ်အုပ်အုပ် ရယ်တာ၊ Chartle က ဟက်ဟက်ပက်ပက် ရယ်တာ၊
Cackle က မနှစ်မြို့ဖွယ် စူးစူးဝါးဝါး ရယ်တာ ဖြစ်ပါတယ်။
ကျယ်ကျယ်လောင်လောင် ရယ်တာကို Laugh out loud, ရုတ်တရက် ရယ်ချ လိုက်တာကို
Burst out laughing ရယ်သံမောသံ သောသောညံ နေတာကို Roar with Laughter,
အော်ဟစ်ရယ်မော ပစ်လိုက်တာကို howl with Laughter, စီခနဲ အော်ဟစ် ရယ်မော
လိုက်တာကိုတော့ Shrick with Laughter လို့ ခေါ်ကြပါတယ်။

ဘဝမှာ ပြုံးနိုင် ရယ်နိုင်တယ် ဆိုရင် အကောင်းဆုံး ပဲပေါ့။
ဘဝရဲ့ လက်ဆောင်မွန် ပါပဲ။
ပြုံးတာ ရယ်တာကြောင့် ခန္ဓာ ကိုယ်ထဲမှာ
ဓာတ်ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်ပေါ်တယ်။ အစာကျေ စေတယ်။ ဦးနှောက်
ကြည်လင်စေတယ်။ ရယ်သောသူ အသက်ရှည်ဆိုတာ မကြာခဏ ကြားဖူးကြတယ် မဟုတ်လား။
ဒါအဟုတ်ပဲ။
Laugh and the world laughs with you. Cry and you cry alone.
ရယ်မောလိုက်ပါ။ ကမာ္ဘကြီးက သင်နဲ့ အတူ လိုက်ပြီး ရယ်ပါလိမ့်မယ်။
ငိုရင်တော့၊ သင်တစ်ယောက် တည်းပဲ ငိုရ လိမ့်မယ်တဲ့။ ကောင်းလိုက်တဲ့
အဆိုအမိန့်။

ရယ်စရာ ဟာသပြက်လုံး တွေကို ခေတ်အဆက်ဆက် ဖန်တီးခဲ့၊ ပြောဆိုခဲ့ ကြပါတယ်။
အငြိမ့်တွေ၊ ဇာတ်သဘင်တွေ၊ ပြဇာတ်တွေ၊ ရုပ်ရှင်တွေ၊ စာပေတွေ ထဲမှာပါ။
ဟာသပြက်လုံး ဆိုတာ ပါးစပ်နဲ့ ပြောရပြက်ရ တာပါ။ ကိုယ်လက်အင်္ဂါ လှုပ်ရှားမှုက
အဓိက မဟုတ်ပါဘူး။

လူရွှင်တော်တွေ တစ်ယောက်ရဲ့ ခေါင်းကို တစ်ယောက်က စက္ကူလိပ်နဲ့ တဖပ်ဖပ်
ရိုက်စရာ မလိုပါဘူး။ လင်ဗန်းနဲ့ တစ်ဖြန်းဖြန်း ထုစရာ မလိုပါဘူး။
ရိုင်းပျပါတယ်။ အဝတ် အစားတွေ ထည်လဲနဲ့ ပေါက်တတ်ကရ ဝတ်ပြ နေစရာ မလိုပါဘူး။
လူရွှင်တော် ဆိုတာ ဉာဏ်နဲ့၊ အတွေးနဲ့၊ နှုတ်နဲ့၊ စကားနဲ့ ဟာသပြက်လုံး
တွေကို ဖန်တီးတီထွင် ရတာပါ။

တစ်ခါက မြန်မာ့ ရုပ်မြင်သံကြား အစီ အစဉ်မှာ ယိုးဒယားပြန် အမာစိန်ရဲ့
အငြိမ့် ခန်းလေးကို သွားသတိရ မိပါတယ်။ တွဲဖက်ပါ ဝင်ကြတဲ့ လူရွှင်တော်ကြီးက
နှစ်ဦးတည်းပါ။ မြို့တော် ဦးပေါစံနဲ့ ဦးရွှေငါး။ ထိုင်ရာ မထ၊ တိုက်ပုံ
မချွတ်၊ ခေါင်းပေါင်း မဖြုတ်စတမ်း ပြက်လုံးထုတ် ဟာသ လုပ်ပြသွားတာ စံနမူနာ
ယူစရာ ပါပဲ။ သူတို့ရဲ့ ပြက်လုံးလေး တစ်ကွက်ကို ခံစား ကြည့်ပါဦး-

ဦးပေါစံ။ ။ ဦးရွှေငါးရေ၊ ကျွန်တော်တို့ ဒီတစ်ခါ ကျေးငှက် သာရကာတွေ
ပါတဲ့ သီချင်းလေးတွေ စပ်ကြ ဆိုကြ ရအောင်ဗျာ။
ဦးရွှေငါး။ ။ ကောင်းပါ့ဗျာ ဦးပေါစံရဲ့။ ခင်ဗျားကပဲ စပြီးဆိုဗျာ။
ဦးပေါစံ။ ။ (ထိုင်နေလျက်) ရွှေကျီးညို လာရင်…(အစချီ သီချင်းကို
ဆိုပြတယ်။ ပြီးတော့…) ချိန်ခါဆည်းဆာ မြစ်ဧရာဝယ်၊ ပျံကာဝဲကာ
ငှက်စင်ရော်ရယ်…(သီချင်းကို ဆက်ဆို ပြန်ပါတယ်။ ပြီးတော့မှ…)
ကဲ..ဦးရွှေငါးရေ၊ ခင်ဗျား အလှည့်ပဲ။ ကျေးငှက် သာရကာပါတဲ့ သီချင်း
ဆိုပေတော့ဗျို့။
ဦးရွှေငါး။ ။ အေးပါဗျာ ဆိုပါ့မယ်။ ကဲ- သေချာနားထောင် ပေတော့။
(မတ်တတ်ရပ်လျှက် သီချင်းတစ်ပုဒ် သီဆိုပြတယ်။) မနေ့က တွေ့တဲ့သူနဲ့ ဒီနေ့
တွေ့တဲ့သူ မတူ ပါဘူးကွယ်…”
ဦးပေါစံ။ ။ ဘယ်မှာ ကျေးငှက် သာရကာ ပါလို့လဲ ဦးရွှေငါးရဲ့။
ဦးရွှေငါး။ ။ သေချာ ဂရုစိုက်ပြီး နားထောင်ပါ ဆိုနေမှ။ ကဲ- နားထောင်ဦး။
မနေ့က တွေ့တဲ့သူနဲ့ ဒီနေ့တွေ့ တဲ့သူ မတူ ပါဘူးကွယ်…။
ဦးပေါစံ။ ။ ဟင်း၊ ဘယ်မှာ ကျေးငှက် သာရကာ ပါလို့လဲဗျ။
ဦးရွှေငါး။ ။ ပါတာပေါ့ဗျာ။
ဦးပေါစံ။ ။ ဒါဆိုအဲဒါ ဘာသီချင်း လဲဗျ။
ဦးရွှေငါး။ ။ ကြက်သီချင်း လေဗျာ၊ သိပြီလား။
ဦးပေါစံ။ ။ အေး၊ ဟုတ်သားပဲဗျာ။

ရုပ်မြင် သံကြားကြည့် ပရိသတ်က တစိမ့်စိမ့် တွေးပြီးမှ၊ တစ်ဖြည်းဖြည်းနဲ့
ပြုံးကြ ရပါတယ်။ ဒါမျိုး ဟာသပြက် လုံးကို In -Joke လို့ ခေါ်ပါတယ်။
လူတချို့သာ ခံစား နားလည်နိုင်မယ့် ဟာသပြက်လုံး မျိုးပါ။ ဒီလိုသမား
စဉ်ပြက် လုံးတွေက ကြားရသူကို ဣရေ ယဉ်ယဉ်ကျေးကျေး ပြုံးနိုင်ရယ်
နိုင်စေပါတယ်။ ရယ်ရရင် ပြီးရောဆိုပြီး ပရိသတ် သည်းခြေကြိုက်
ခါးအောက်ပိုင်း၊ ချက်အောက်ပိုင်း ပြက်လုံးတွေ ကိုလောက် ပြောတတ်၊
ပြက်တတ်မယ် ဆိုရင်တော့ မီးချောင်း နှစ်ချောင်းနဲ့ လေးတိုင်စင်
လမ်းဘေးအဆင့် ရောက်သွား နိုင်ပါတယ်။ ဒါမျိုးက လူကြီး မပြောနဲ့ အရယ်
သန်ကြတဲ့ လူငယ်ဆယ် ကျော်သက်တွေတောင် နားရှက် မျက်နှာရှက် နှာခေါင်းရှုံ့
ကြရပါတယ်။

ဒီကနေ့ တစ်ခေတ်ဆန်းပြီး ဟာသအနု ပညာတွေ ပေါများ လာပါတယ်။ (ပေါတာတွေ
များလာတယ် ဆိုရင်တော့ သိပ်မကောင်း လှပါဘူး) အထူးသဖြင့် စာပေနဲ့ ရုပ်ရှင်
လောကမှာ ဖြစ်ပါတယ်။ ဟာသ မဂ္ဂဇင်းတွေ၊ ဟာသ စာအုပ်တွေက ပလူပျံလို့။ ရုပ်ရှင်
ဆိုရင်လည်း တစ်နှစ်ထွက်ရှိ သမျှ ဇာတ်ကားတွေရဲ့ အများစုက ဟာသဇာတ်
ကားတွေချည်း။ တကယ်တော့ သဘာဝ ကျကျ ရယ်စရာ ဖြစ်ရဲ့လား (ဓာတ်ခဲ
ရုပ်ရှင်ဇာတ်ကား လိုလေ)။ အောက်ကလိအာ လက်မြှောက် ကလိထိုးနဲ့ စင်ပေါ်မှာ
အငြိမ့် မင်းသမီးရဲ့ ထိုင်မသိမ်း ထဘီလှန်လို လှန်နဲ့။ စိတ်ညစ် စရာပါပဲ။

တကယ်တော့ ဟာသဆိုတာ ရသကိုးပါး ထဲမှာ အရှားပါးဆုံး ရသ တစ်ခုပါ။
ထုတ်လုပ်တိုင်း၊ ဖန်တီးတိုင်း၊ ပြောဆိုတိုင်း။ လုပ်ပြတိုင်း၊ ရေးပြတိုင်း
ဟာသဖြစ်တာ မဟုတ်ပါဘူး။ ဟာသ အမျိုးအစား တွေကို အင်္ဂလိပ် အက္ခရာ စဉ်လေးနဲ့
ခွဲခြားလေ့လာ ကြည့်ရအောင်နော်။ Amusing ဆိုတာ ရယ်ရွှင်စေသော ဆိုတဲ့
နာမဝိသေသန တစ်ခု။ Association က အတွေး၊ ခံစားချက်နဲ့ စိတ်ကူးတွေ ကြားမှာ
ရယ်ရွှင်ဖွယ်ရာ စိတ်ပိုင်း ဆက်နွှယ်မှုပါ။ Black Humour က လေးနက်တဲ့
ဝမ်းနည်းဖွယ်ရာ တစ်စုံ တစ်ရာကို ရွှင်မြူးစေတဲ့ နည်းလမ်းနဲ့ ကြည့်ရှုတာ၊
ပြုမူတာပါ။ Comedian ကတော့ ထင်ပေါ် ကျော်ကြားတဲ့ သူတွေရဲ့ အပြုအမူ
အပြောအဆို တွေကို တုပပြီး ပြက်လုံးတွေ၊ ပုံပြင်တွေ ထုတ်ကာ လူတွေကို
ရယ်မောအောင် လုပ်ရတဲ့သူ ဖြစ်ပါတယ်။

Comedy က ရယ်စရာ ဇာတ်ကြောင်းပါ။ Crack ဆိုတာ ဟာသပြက်လုံး တွေကို
ပြောတာပါ။ Double Enterdre ဆိုတာ အနက် အဓိပ္ပာယ် ကောက်ယူမှု နှစ်ခွ
ဖြစ်စေတဲ့ စကားလုံး စကားစု တွေပဲ ဖြစ်ပါတယ်။ Droll ကတော့ သမားရိုးကျ
မဟုတ်တဲ့ နည်းနဲ့ ရွှင်မြူး စေသောတဲ့။ Dry Humour ဆိုတော့ အသံကျယ်ကျယ်
လောင်လောင် ထင်ထင်ရှားရှား မဟုတ်ဘဲ လိမ္မာ ပါးနပ်စွာ အလွန် ရယ်မောရတဲ့
ဟာသအမျိုး အစားပါ။ Exaggeration က သဘာဝ ကျတာ ထက်လွန်ပြီး ဟာသသဘော
သက်ရောက်လာအောင် ပုံကြီးချဲ့ ပြောဆိုမှု ဖြစ်ပါတယ်။

ဒါနဲ့ ကြားဖြတ်ပြီး နိုင်ငံခြား တိုင်းပြည် တစ်ခုကို ခေတ္တအလုပ်
သွားလုပ်ရင်း၊ အဲဒီက ဌာနေ နိုင်ငံသား တစ်ဦးနဲ့ ကျွန်တော်တို့
ကိုရွှေမြန်မာ တို့ တိရစ္ဆာန် ဥယျာဉ်ထဲမှာ တွေ့ဆုံ ခဲ့ကြတယ်။ သူတို့
စကားပြောဆို နေကြပုံက ဒီလိုပါ-
ရွှေမြန်မာ။ ။ ဟေ့လူ၊ ဒါက ဘာကောင်လဲဗျ။
နိုင်ငံခြားသား။ ။ ဒါက ကမာ္ဘအကြီးဆုံး လိပ်မျိုးဗျ။ အင်မတန် ရှားပါးတယ်။
ရွှေမြန်မာ။ ။ အင်း၊ ကျုပ်တို့ဆီ မှာတော့ ပေါမှပေါပဲ။
နိုင်ငံခြားသား။ ။ ဪ- ဟုတ်လား။ ပြောစမ်းပါဦး။
ရွှေမြန်မာ။ ။ ဒါမျိုးကောင်တွေ ကျုပ်တို့ အိမ်မှာတောင် ရှိသေးတယ်။
နိုင်ငံခြားသား ။ ။ တယ်ဟုတ်ပါလား။ မွေးထား တာလားဗျ။
ရွှေမြန်မာ ။ ။ ဘယ်ဟုတ်ရ မှာလဲ။ အလိုလို ရောက်လာတာ။
နိုင်ငံခြားသား ။ ။ ဒါဆို ခင်ဗျားတို့ ဆီမှာ မြန်မာဘာသာ စကားနဲ့ ဘာခေါ်လဲဗျ။
ရွှေမြန်မာ ။ ။ “ကြမ်းပိုး”လို့ ခေါ်တယ်လေ။

ဪ- ကြွားလည်း ကြွားနိုင်ပါပေ့ ကိုရွှေမြန်မာရယ်။
ဆက်လက်ပြီး ဟာသဆိုင်ရာ ဝေါဟာရ လေးတွေကို လေ့လာ ကြပါဦး။ Facetious ဆိုတာ
လျော်ကန် သင့်မြတ်တယ်လို့ သဘော မထားတဲ့ အရာကို ရယ်သွမ်းသွေးပြီး ဟာသလုပ်
ပြောဆိုတာ ဖြစ်ပါတယ်။ Funny က ရယ်စရာ ကောင်းသောဆိုတဲ့ နာမဝိသေသနပါ။ Gag
ကတော့ ကျွမ်းကျင်ဟာသ ပညာရှင်က ပြောဆိုတဲ့ ဟာသပြက်လုံး ဖြစ်ပါတယ်။ Gallows
Humour ဆိုတာ ကတော့ သေခြင်း တရားလို၊ ရောဂါဘယ ဖြစ်ပွား မှုမျိုးလို
စိတ်မချမ်းမြေ့ ဖွယ်ရာတွေကို ရယ်စရာ အဖြစ် လုပ်ပြောတာပါ။

Hilarious ကတော့ တသောသော ရယ်မော ရွှင်ပျ စေသောလို့ အဓိပ္ပာယ် ရပါတယ်။
Hyperbole ဆိုတာ မြန်မာလို ပြောတော့ အတိဿယ ဝုတိ်္တ အလင်္ကာပါ။ Incongruity က
မလျှော်ကန်တဲ့ အပြုအမူ၊ အတွေး အခေါ်တွေကို တွဲသုံးတဲ့ ဟာသမြောက် ပရိယာယ်
လှည့်ကွက်တွေပါ။ Irony ကတော့ ဇောက်ထိုး စကားလို့ ခေါ်ပါတယ်။ Jest က
ပြက်လုံး၊ ဟာသတွေပဲ ဖြစ်ပါတယ်။ Malaprops ကတော့ အပြစ် ကင်းစင်တဲ့
ဇာတ်ကောင်က ဘာသာ စကားမှာ မှားယွင်းစွာ အသုံး ပြုခြင်းပါပဲ။ Non sequitur
က ယုတ္တ မတန်တဲ့ ကောက်ချက်ပါ။ ဏကည ဆိုတာ သံတူကြောင်းကွဲ စကားလုံးနဲ့
အဓိပ္ပါယ် နှစ်ခွထွက်တဲ့ ဟာသမြောက် အသုံး အနှုန်းပဲပေါ့။ စကားဖန် လို့လည်း
ခေါ်ပါတယ်။

Runninggag ကတော့ ရှေ့က ပြောပြီးတဲ့ ပြက်လုံး စာသားကို ထပ်တလဲလဲ
ပြန်သုံးတာပါ။ Satire က လှောင်ပြောင်တဲ့ သရော်စာပါ။ Surprise ဆိုတာကတော့
မျှော်လင့် မထားဘဲ အလစ်အငိုက် ဖမ်းတဲ့ အသစ် အဆန်းပဲ ဖြစ်ပါတယ်။ Telegraph
ကတော့ ပြောစရာ ဇာတ်လမ်းဆုံးတဲ့တိုင်အောင် အစပျိုး စကားတွေ ပြောလွန်း
အားကြီးတာပါ။
Hnderstatement က လျှော့ပြောတာ၊ ဖော့ပြောတာ ဖြစ်ပါတယ်။ နောက်ဆုံး Tit
ကတော့ ဟာသဉာဏ်၊ ဇဝနဉာဏ် ရှိသူတွေကို ခေါ်တာပါပဲ။

ဒါနဲ့ လောကလူမှု အဖြစ် သနစ်တွေကို ဝေဖန်သမှု ပြုကြပုံတွေ မျိုးစုံထဲက
သရော်စာ ဆိုတဲ့ Satire ကို ခေတ်အဆက်ဆက် ရေးသား ခဲ့ကြရာမှာ မြန်မာပြည်မှာ
အင်္ဂလိပ် ကိုလိုနီ ခေတ်က လာရောက် အမှုထမ်း ခဲ့ဖူးတဲ့ ဗြိတိသျှ အရာရှိ
တစ်ဖြစ်လဲ၊ ကမာ္ဘကျော် စာရေး ဆရာကြီး George Prwel ရဲ့ Animal Farm ဝတ္ထုဟာ
နာမည်ကြီး ထင်ရှား လှပါတယ်။ မြန်မာပြည် နောက်ခံနဲ့ သရော်စာ ဝတ္ထုတို
တစ်ပုဒ်ကတော့ Sooting An Elephant ဖြစ်ပါတယ်။

မြန်မာစာပေ လောကမှာလည်း ထင်ရှားတဲ့ သရော်စာ ရေးသူတွေ ရှိကြပါတယ်။
ပေါ်လွင်သူ တွေကို အနည်းငယ် ဖော်ပြ ရမယ်ဆိုရင် ဆရာ မောင်သော်က၊
“မောင်သစ်”ကလောင် အမည်နဲ့ ရေးတဲ့ ဦးကိုယု၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ အက်ဆေးတွေ
ထဲမှာ ထည့်ညှပ် ရေးသားတတ်တဲ့ ဆရာမင်းလူ၊ ဓနုဖြူ ကျော်ထွန်း၊ အသက်တစ်
ထောင်ကွေး၊ ဂုရုကွေး အဖြစ် တစ်သက်တာလုံး သရော်စာတွေ စိုက်လိုက်မတ်တတ်
ရေးသွားခဲ့တဲ့ ဆရာကြီး အီကြာကွေးတို့ ဖြစ်ပါတယ်။

ပညာဆည်းပူး နေကြတဲ့ ဆယ်ကျော်သက် ဖူးငုံတို့ တစ်တွေသိဖို့ ဟာသဉာဏ်
အကြောင်း ပြောပြ ပါဦးမယ်။ အခြေခံ ပညာ ကျောင်းတွေမှာ ထင် ထင်ရှားရှား
ရေးသားထားတဲ့ ဆောင်ပုဒ် တစ်ခုကို တွေ့ရမှာပါ။ “ကျောင်းနေပျော်၍
စာတော်ရမည်”တဲ့။ ကောင်းလိုက်တဲ့ စာသား။ သဘော တရားဆိုတာ အကောင်အထည်
ဖော်နိုင်ရင် ကောင်းတာပေါ့။ ဦးစွာ ပထမ ဆရာတစ်ဦး အနေနဲ့ စာသင်ခန်း ထဲမှာ
ဘယ်ဘာသာ ရပ်ကို သင်သင်၊ သင်ခန်းစာနဲ့ နှီးနွှယ်ပြီး ဟာသဉာဏ်ထုတ်
သင်ကြားတတ်ရင် သိပ်ကောင်းပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သင်တန်းစာ အသစ်၊ မှတ်သားစရာ အသစ်ကို ဆည်းပူးရမယ့်
စာသင်သား တပည့်တွေဟာ တက်ကြွလန်းဆန်း သိချင် တတ်ချင်စိတ် အပြည့်အဝ
ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ စာကို မပင် မပန်းဘဲ အာရုံ
စူးစိုက်နိုင်တဲ့ စိတ်ဖြစ်ပေါ် နေမှာ ဖြစ်ပါတယ်။

စိတ်ပညာ သဘောအရ လူကို တက်ကြွနိုး ကြားစေတာ ဟာသဉာဏ်လည်း တစ်ခုအပါ အဝင်
ဖြစ်ပါတယ်။ ရယ်ရွှင်စေတဲ့ သင်ကြားရေး ဆိုင်ရာ အထောက်အကူ ပြုအရာ (Humorous
Learning Material) တွေမှာ ကောင်းမွန်တဲ့ အကျိုး ကျေးဇူးတွေ များစွာ
ရှိပါတယ်။

ပထမ အချက်က ဟာသဉာဏ်ရွှင် သင်ထောက်ကူ တွေဟာ အားကောင်းတဲ့ ရွှင်မြူး
နေစေမှုကြောင့် စိတ်ဓာတ်တက်ကြွ နိုးကြားမှုကို တိုးပွား လာစေပါတယ်။ ဒုတိယ
ကတော့ ဟာသဉာဏ်ရွှင် သင်ထောက်ကူ တွေဟာ မှတ်မိ လွယ်စေပြီး၊ အရေးကြီး
သင်ခန်းစာ တွေကို လွယ်လင့်တကူ မှတ်မိနားလည် စေနိုင်ပါတယ်။ တတိယ အနေနဲ့
ကတော့ တခြားသူတွေ နဲ့လည်း ဟာသသဘော တွေကို ပြန်လည်ဝေမျှ ခံစား စေချင်တဲ့
သဘာဝ စိတ်ဆန္ဒ တွေကို ဖြစ်ပေါ်လာစေ နိုင်ပါတယ်။

ဟာသဉာဏ် ရွှင်ရွှင်နဲ့ သင်ကြား ပို့ချနိုင်တဲ့ ဆရာ၊ ဆရာမတွေ ဆိုရင်
တပည့်တွေက ပိုပြီး ခင်မင်လေးစား ကြပါတယ်။ ကြောက်ရင် စာမမေးရဲ တော့ပါဘူး။
“ပုဂ်္ဂိုလ်ခင်တော့ တရားမင်”ဆိုတဲ့အတိုင်း ဒီလိုဆရာ၊ ဆရာမ မျိုးတွေကို
ကျောင်းသား၊ ကျောင်းသူတွေက ပိုပြီးချစ်ကြ ကြည်ညိုကြတော့ သူတို့သင်ကြား
ပေးလိုက်တဲ့ သင်ခန်းစာ ဘာသာရပ် တွေကိုပါ ပိုပြီး စိတ်ဝင်စား အာရုံစိုက်
လာကြတယ်။ ပိုပြီးလည်း မှတ်မိနားလည် လာကြတယ်။ နားလည်လို့လည်း ပျော်ရွှင်
နေကြတယ်လေ။ ဉာဏ်ရွှင်ရင် စာဝင်ပါတယ်။ ဉာဏ်ကစားရင် စာသွားပါတယ်။
ဉာဏ်လတ်ရင် စာတတ်တယ်ပေါ့။

ဒါတင် မကသေး ပါဘူး။ အလုပ်ခွင် တွေမှာလည်း ဟာသဉာဏ် ရွှင်ရင် လူမှု ဆက်ဆံရေး
ကို အထောက်အကူ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု မွန်းကျပ်မှုတွေကို
ပြေပျောက်စေနိုင်ပါတယ်။ အမြင်ရှုထောင့်တွေကို ဖြည့်စွမ်းရှုမြင်နိုင်စေပါ
တယ်။ အာရုံစူးစိုက်မှုနဲ့ စွမ်းအားတွေကို မြှင့်တင် ပေးနိုင်ပါတယ်။
ဒါတွေကို သုတေသန လုပ်ပြီးသား ဖြစ်ပါတယ်။

တစ်ဆက်တည်း ဟာသနဲ့ သက်ဆိုင်တဲ့ အဆိုအမိန့် လေးတွေကို ငဲ့ကြည့်လိုက်ရင်
ဒီလို တွေ့ရမှာပါ-
Humour builds bridges between cultures.
ဟာသက ယဉ်ကျေးမှုတွေ အကြား တံတားထိုး ပေးတယ်။
Humour releases tension.
ဟာသက တင်းမာမှု တွေကို လျော့ပါး သက်သာစေတယ်။
Humour develops creative thinking. ဟာသက တီထွင်ဖန်တီး တွေးခေါ်
တတ်မှုကို ဖော်ဆောင်ပေးတယ်။
Humour enchances motivation.
ဟာသက နိုးကြား တက်ကြွမှုကို မြှင့်တင်ပေးတယ်။

A joke is a very serious thing. ဟာသ ပြက်လုံးဆိုတာ အလွန်ကို အရေးပါ
လေးနက်တဲ့ ကိစ္စတစ်ရပ် ပါလို့ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း Sir Winston
Churchill က ပြောဖူးပါတယ်။
The most wasted day is that in which we have not laughed.
ကျွန်ုပ်တို့ မရယ်မောဖြစ် တဲ့နေ့ဟာ အချည်းနှီး အဖြစ်ဆုံး နေ့ပဲလို့
ပြင်သစ် စာရေးဆရာ Sebastian Chamfort က ဆိုတယ်။

The Sound of laughter is the most civilised music in the world.
ရယ်မောသံဟာ ကမာ္ဘပေါ်မှာ အယဉ်ကျေးဆုံး ဂီတသံ ပါပဲလို့ ဗြိတိသျှ စာရေးဆရာ
Peter Ustinov က ပြောခဲ့တယ်။ Laughter is the best medicine. ရယ်မောသံ
တွေဟာ အကောင်းဆုံး ဆေးဝါးတွေလို့ အဆိုအမိန့် တစ်ခုလည်း ရှိပါသေးတယ်။

နောက်ပြီး မြန်မာ ဆိုရိုးစကား တွေမှာ ထောင်တန်သည့် စကားရယ်ပေါ့။
ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရ။ လူမြူးလျှင် ဒဏ်ရ၊ နွားမြူးလျှင် ထွန်ရ။
လွမ်းစရာ ပေါ်လျှင် နာစရာနှင့် ဖျောက်။ ငိုချင် အူရွှင်။ ငိုအားထက်
ရယ်အားသန်။ ဇာတ်သမား လာလျှင် မှတ်သားစရာ ပါရမည်။ ဇာတ်သမား ပြန်လျှင်
မှတ်သားစရာ ကျန်ရမည်။ နာစရာ ရှိလျှင် လွမ်းစရာ နှင့်ဖြေ စသည်ဖြင့်
စသည်ဖြင့် ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘဝမှာ ရယ်မောခြင်း စွမ်းအင်ဟာ ကောင်းမွန် ပါတယ်ဆိုတာ
လူတိုင်း သိပြီးသားပါ။ ဒါကြောင့် ကမာ္ဘ့ လူသားတွေ ထာဝရ ပျော်ရွှင်ရယ်မော
နိုင်စေဖို့ အိနိ်္ဒယ နိုင်ငံက ယောဂ ပညာရှင် Dr. Malen Kataria က ၁၉၉၈
ခုနှစ်မှာ ကမာ္ဘ့ ရယ်သံများနေ့ (World Laughter Day) ကို ဖန်တီးသတ်မှတ်
ပေးခဲ့ပါတယ်။ သူက တစ်ကမာ္ဘလုံး ဆိုင်ရာ ရယ်မောခြင်း ဆိုင်ရာ ယောဂ
လှုပ်ရှားမှုရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်မှာ ရယ်မောသူ အသင်းပေါင်း ၆၀၀၀
ကျော် ရှိနေပါပြီ။ ကမာ္ဘ့ ပထမဆုံး ရယ်မော သံများနေ့ (The First World
Laughter Day) ၁၉၉၈ ခုနှစ်က အိနိ်္ဒယ နိုင်ငံ၊ မွန်ဘွန်းမြို့မှာ
စတင်ကျင်းပ ခဲ့ပါတယ်။ ရယ်မောသံ တွေက တစ်ဆင့် ကမာ္ဘ့ ငြိမ်းချမ်းရေးကို
မြှင့်တင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ဆက်လက်ပြီး
နှစ်စဉ်နှစ်တိုင်း မေလရဲ့ ပထမဆုံး တနင်္ဂနွေ နေ့ကို ကမာ္ဘ့ ရယ်မောသံများ
နေ့လို့ သတ်မှတ်ပြီး အခမ်း အနားတွေ ကျင်းပ လာကြပါတယ်။

ဒီပွဲတွေ ကျင်းပစဉ်မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွေ ပြုလုပ်
ကြပါတယ်။ နဖူးစည်း စာတန်းတွေ၊ လက်ကိုင် ကတ်ပြားတွေ ကိုင်ဆောင်
ထားကြပါတယ်။ စာသားတွေ ကတော့-
World Peace through Laughter.
ရယ်မောသံမှ တစ်ဆင့် ကမာ္ဘငြိမ်းချမ်း ရေးသို့။
The Whole World is An Extended Family.
တစ်ကမာ္ဘ လုံးဟာ တိုးချဲ့ မိသားစု တစ်ခုပါ။
Laugh and Make others Laugh.
ကိုယ်တိုင်လည်း ရယ်ပါ။ တခြား သူတွေကိုလည်း ရယ်အောင်လုပ်ပါ။
Join Laughter Club- it’s FREE!
ရယ်မောသူ အသင်းသို့ ဝင်လိုက်ပါ။ အခမဲ့ ဖြစ်ပါတယ်။

ဒီလို စီတန်း လမ်းလျှောက် နေစဉ်မှာလည်း “ဟိုးဟိုး ဟားဟားဟား” (Ho, Ho,
Ha, Ha, Ha) နဲ့ “သိပ်ကောင်း၊ အလွန်ကောင်း ဟုတ်ပါပေ့” (very good, very
good, Yeah) စတဲ့ ကြွေးကြော် အော်ဟစ်ပြီး လက်ခုပ်တီးကြ၊ ကခုန် ကြပါတယ်။
ပျော်စရာ ကြီးပါပဲ။ ပြီးတော့ ဥယျာဉ်၊ ပန်းခြံ၊ ရင်ပြင်၊ ကွက်လပ်၊
ကစားကွင်းလို နေရာမျိုး တွေမှာ ၁ဝ မိနစ်ကြာ ဟားတိုက်ရယ် မောပွဲတွေ
ပြုလုပ် ကြပါတယ်။ အဆိုတွေ၊ အကတွေနဲ့ ရယ်မောခြင်း ပြိုင်ပွဲတွေ ကျင်းပရင်း
အကောင်းဆုံး ရယ်မော နိုင်သူတွေကို ဆုတွေ ချီးမြှင့် ကြပါတယ်။

လူ့ကမာ္ဘ ကြီးမှာ မရယ်နိုင်သူ တွေကတော့ အနည်းဆုံး ပြုံးတာလောက်တော့
လုပ်သင့်ကြ ပါတယ်။ အမြဲတမ်း ပြုံးနေကြပါ။ ကမာ္ဘကျော် မိတ္တဗလ ဋီကာကို ရေးသာ
ထုတ်ဝေခဲ့တဲ့ ဆရာ ကြီး Dale Carnegie က သူ့ရဲ့ကျမ်းထဲမှာ မိတ်ဆွေရဖို့၊
ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ဖို့၊ လုပ်ငန်း အသီးသီး
အောင်မြင်နိုင်ဖို့ ကျင့်ဆောင်ရမယ့် လက်မွန်မဆွ ပထမ နည်းနာကတော့
“ပြုံးပါ’’ (Smile) တဲ့။

လောကမှာ လူရယ်လို့ ဖြစ်လာရင် “ပုခက်နဲ့ ခေါင်းကြား (From the cradle to
the grave) မှာ လျှောက်လှမ်း ကြရ စမြဲပါ။ လောကဓမ္မ သဘာဝ ကလည်း “ဇာတိ၊
ဇရာ၊ ဗျာဓိ၊ မရဏ”လို့ ပြဆိုပါတယ်။ ဘဝမှာ ဧကန်မလွဲ ရင်ဆိုင် ကြရမှာက
“အနိစ္စ၊ ဒုက္ခ၊ အနတ္တ” သဘာဝ။

ဘဝ ခရီးစဉ် တစ်ခုကို လျှောက်လှမ်း ကြရာမှာ “လမ်းသိသူ”က ခရီး ပေါက်တယ်။
သက်သာတယ်။ “လမ်းမသိသူ”က လမ်းပျောက်တယ်။ ခရီး မရောက်ဘဲ ခက်ခဲပင်ပန်း
လှပါတယ်။

လောကရေးရာ အမှုကိစ္စ တွေကို ဖြေရှင်းရာမှာ စိတ်တွေ လေးပင်နေရင်
လွဲချော်မှားယွင်း တတ်ပါတယ်။ စိတ်လက်ပေါ့ပါး နေမှသာ ကြည်လင် ပြတ်သားစွာ
ရှုမြင် သုံးသပ်နိုင်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန် နိုင်ပါတယ်။

ဒါကြောင့် လောကဓမ္မ၊ လောက သဘာဝ၊ လောက နိယာမ၊ လောက သစ္စာတွေကို
နှလုံးအိမ်မှာ သိမ်းပိုက်မိဖို့ ကြိုးစားရင်း ဘဝကို ထိုက်တန်အောင်
နေနိုင်ရ ပါလိမ့်မယ်။ ဒါမှသာ အဖိုးတန်တဲ့ ဘဝမျိုးကို ရယူပိုင်ဆိုင်
နိုင်မှာ ဖြစ်ပါတယ်။

လူတိုင်းဟာ ကိုယ့်ရဲ့ ဘဝကို တန်ဖိုးရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်
ကြမှာပါ။ ဒီလို နေချင်ရင်တော့ ကိုယ့်ရဲ့ ရွှေမျက်နှာ တော်ပေါ်မှာ
“ပ”လေးလုံး ကို ဆောင်ထားကြပါ။ “ဂ”လေးလုံး ကိုတော့ ဝေးဝေး
ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် ဖူးငုံလေးတို့ရေ- ဒါက ငယ်စဉ် ကတည်းက ရရှိ ထားသင့်တဲ့
အလေ့အကျင့် စရိုက် သဘာဝလေး တစ်ခုပါ။ ဘဝမှာ ပျော်ချင်ရင်ပြုံး။ ပြုံးရင်
ပျော်ပါလိမ့်မယ်။ မပြုံးနိုင်ရင် နုံးသွားမှာနော။ ဒါကြောင့်-

မျက်ခုံးလေးပြုံး၊
မျက်လုံးလေးပြုံး၊
နှာခေါင်းလေးပြုံး၊
နှုတ်ခမ်းလေးပြုံး၊
မျက်နှာလေး ပြုံးပြီး၊
ကိုယ်စိတ်နှလုံး ရွှင်ပြုံး နိုင်ကြပါစေ။
ဆယ်ကျော်သက် ထက်မြက်ပါစေ။

Written by ဦးအေးချစ် EEAC
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)

http://minthantzaww.blogspot.com က သယ်လာတာပါ ။

8 comments

  • KZ

    October 8, 2013 at 1:22 pm

    ဟဲ့!!! ဒီ ဆောင်းပါးလေး ကြိုက်သဟဲ့။
    ရှယ်လာတာ ကျေးဇူးပါ။

    🙂

    • alinsett

      October 8, 2013 at 3:11 pm

      ကြိုယ်တယ် ဆိ်ုလို .. ရှယ်လာရကျိုးနပ်ပြီ။

      🙂

  • Wow

    October 8, 2013 at 1:57 pm

    ဖတ်သွား မှတ်သွားပါသကွီ… :kwi:

  • TNA

    October 8, 2013 at 9:02 pm

    မှတ်သားထိုက်တာတွေပါလို့ မှတ်သားသွားပြန်ပါတယ် ဒညင်းဝက်ရေ။ ရှယ်လာတာမို့ ဟိုစကားပြောတော့ ဘာဘူးအေ။ မှတ်ပဲမှတ်ထားလိုက်ပါ့မယ်။ ဆာလို့လဲငိုလိုက်ပါအုံးမယ်။ နာလို့လဲငိုလိုက်ပါအုံးမယ်။ အခုတလော စိတ်ညစ်နေလို့ ငိုလိုက်ပါအုံးမယ်အေ။ 😥 ပြီးမှပဲ ရီနိုင်အောင်စိတ်ရှင်းလိုက်ပါ့မယ်။ 😀

  • alinsett

    October 8, 2013 at 9:46 pm

    စိတ်ညစ်စရာ ကြုံနေလား..အန်တီသဲ…

    အင်းးးး
    ကျွန်တော်တို ့ ယောကျာ်းလေးတွေတော့..စိတ်ညစ်ရင်. ထွက်ပေါက်အဖြစ်..
    ဘီယာ သောက်တဲ့လူငယ်များတယ် ။

    မိန်းကလေးတွေ စိတ်ညစ်ရင်…
    ဘယ်လို ထွက်ပေါက်ရှာပါလိမ့်…။

    ရီစရာတွေ များများဖတ်ပါလား.အန်တီသဲ…
    အကြည်တော် ရဲ ့စာအုပ်တွေ ရယ်…
    ဟာသပဒေသာ စာအုပ်တွေ ရယ်…
    တခြား. ရီစရာတွေရယ်.. ဖတ်ပေါ့ ။
    မစ်စတာဘင်း…ကားတွေလည်း.ကြည့်နော်…

    • TNA

      October 9, 2013 at 12:20 pm

      မိန်းကလေးတွေစိတ်ညစ်ရင် ဘာလုပ်ကြပါလိမ့် သုသေသနလုပ်အုံးမှပဲ။ နာတောင်စိတ်ညစ်ရင် ဘာလုပ်မိမှန်းတောင်မသိဘူးအေ။ ပြန်စဉ်းစားကျိလိုက်အုံးမယ်။ ဟုတ်တယ် ဟာသစာအုပ်ပြန်ဖတ်အုံးမှ။ အကြည်တော်လဲရှိတယ် နီကိုရဲလဲရှိတယ်။ ပြန်ဖတ်ရမယ်။ ကျေးကျေးအေ

  • မဟာရာဇာ အံစာတုံး

    October 9, 2013 at 9:53 am

    ငါလည်း
    ဖတ်
    တွား
    ဘာ
    ဒယ်
    ကွာ

Leave a Reply