kaiSeptember 13, 20121min1034
“ဆိုရေးရှိကဆိုနိုင်ကြသော” (တနည်း) “ဖြစ်ပေါ်ပြောင်းလဲမှုများ ပြည့်နှက်နေသော” ခေတ်တခုဆီသို့ မောင်မိုးညိုတို့အပါအဝင် ပြည်သူအားလုံးက အရှိန်အဟုန်ဖြင့်ချင်းနင်း ဝင်ရောက် နေကြပြီဟုဆိုရပေမည်။ တစ်နှစ်လည်သား သာသာကာလအတွင်း ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်ရှိ လာသော စစ်အစိုးရတဖြစ်လဲ၊ မြန်မာအစိုးရ၏ သတင်းသစ်များ ယနေ့မီဒီယာလောကတွင် ပလူပျံအောင် နေရာယူနေသောအချိန်ဟုလည်းဆိုရမည်။ ပြီးခဲ့သော ဇွန် (၂၅)ရက်က မြို့တော်သစ်နေပြည်တော်၏ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သော လူမှုရေးကာကွယ်စောင့်ရှောက်မှု ဆိုင်ရာနိုင်ငံလုံးညီလာခံသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုယ်တိုင်တက်ရောက်ပြီး၊အားတက်သရောပါဝင်ဆွေးနွေးခဲ့သည်။ လက်ရှိနိုင်ငံတကာတွင်ကျင့်သုံးနေသော social protection ခေါ် social security systems များကိုကြည့်ပါက အစိုးရအနေဖြင့် မိမိပြည်သူလူထုတရပ်လုံးကို အကောင်းဆုံးဖြစ်နိုင်စေမည့်အစီအမံများချမှတ်ရာတွင်၊ အစိုးရကိုယ်တိုင်က ဌာနကြီးတခု (agency) အနေဖြင့်ကိုင်တွယ်စီမံသည်မှာ မှန်ကန်သော်လည်း၊ လွတ်လပ်သောစီမံခန့်ခွဲမှုစနစ် ကျင့်သုံးခွင့်အပြည့်ရှိကြသည့်အပြင်၊ လူထုကမိမိတို့အလိုရှိသော ပြုပြင်ပြောင်းလဲမှုများကို ဆိုင်ရာမဲဆန္ဒနယ် ကိုယ်စားလှယ်များမှတဆင့်တင်ပြပြောင်းလဲခွင့်ရှိကြခြင်းဖြစ်သည်။ ယင်းစနစ်၏ ရံပုံငွေ […]


padonmarSeptember 11, 20122min30222
“Are you sleeping!” ဆိုတဲ့ကလေးသီချင်းလေးကို Alarm sound လုပ်ထားတဲ့ Cellphone က Alarm မြည်သံနဲ့အတူ ကျော်ကျော် နိုးထလာပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်ပေမယ့် ခါတိုင်းလို 8 နာရီ 9 နာရီထိ အိပ်နေလို့မဖြစ်ပါဘူး။ ဒီနေ့ အန်တီ မေအေးဦး တို့ရဲ့ 2000 Group က ယဉ်ကျေးလိမ္မာသင်တန်းနဲ့ အခမဲ့ ဆေးစစ်၊ ဆေးကုပေးခြင်းကို ရွှေပြည်သာ “ မြိုင် ” သီလရှင် စာသင်တိုက်မှာ လုပ်ဖို့ရှိပါတယ်။ ကျော်ကျော်က အဒေါ်တွေ၊ အမတွေဆီကနေ ဒီအဖွဲ့လေး သတင်းကြားပြီး ကြုံကြိုက်ရင် လုပ်အားပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခုတိုက်တိုက်ဆိုင်ဆိုင် သူကျောင်းပိတ်ရက်နဲ့ သင်တန်းကြုံကြိုက်ပြီဖြစ်လို့ ဘယ်လို လုပ်အား ပေးရပါ့မလဲ စဉ်းစားရင်း ကြိုပို့တာဝန်ယူပေးဖို့ […]


ကြေးမုံဂျီး လူလိမ်ဂျီးပါဗျို့…………….. ဟေ့….ကြေးမုံဂျီး လူဆိုရင် ပြောစကား မှန်ရတယ်ကွ။ လူတွေ တရားမစောင့် လိမ်ညာခဲ့ကြလို့ ကမာ္ဘဦး တည်ခဲ့တဲ့ နွယ်မြက်သစ်ပင် ဆေးဖက်ဝင် သစ္စာစကား ပျက်ယွင်းခဲ့တယ်။ အမှန်တရားဆိုတာ အမှားတရံ အမှန်ဖြစ်ဖို့ အမှားမကင်းပေမဲ့ မှားလို့မှားမှန်းမသိ အမှားကိုဖက်တွယ်နေရင်တော့ မှားလွန်းမက မှားနေပြီ ကြေးမုံဂျီး။ လောကမှာ ချစ်ခြင်းမေတ္တာဆိုတာ အရေးကြီးဆုံး တန်ဖိုးအထားအပ်ဆုံး အရာတခု..ဒါကို  တရုတ် ကူမြူနစ်ပါတီ အမာခံကေဒါဆိုတဲ့ မာန်မာနနဲ့ တငါငါစွဲပြီး ချစ်သူကြင်သူ နှစ်ဦးအကြား သွေးခွဲဖို့ကြံစည်တယ်။ ဘာတဲ့ ရှာရာပိုဗာ ဒီနှစ်ကုန်ရင် လက်ထပ်တော့မယ်တဲ့၊ သူ့လင်က ဆားဗီးယားလူမျိုး ဘက်စကတ်ဘောလ် အားကစားသမားတဲ့၊ အမေရိကန် အန်ဘီအေလိဂ်မှာ ကစားခဲ့ပြီး  အခုလက်ရှိ တူရကီမှာ ကစားနေတယ်တဲ့။ သူ့ရို့ဖာသာသူတို့ ရိုးရိုးသားသား အဖြူထည် သူငယ်ချင်းလိုခင်တာကို […]


pioneer youthAugust 30, 20121min1184
တလောက ဖေ့ဘုတ်မှာ VZoကို မြန်မာလိုဝင်လိုရပြီဆိုပြီး မြန်မာ စာတွေနဲ့ ဝက်ပေ့ချ်ကြီးတွေလိုက်တာ စိတ်ထဲကတော့လုံးဝမယုံလို အခုရှာကြည့်တာ အခုလဲ ရှိနေတယ် အဲတာ တကယ်လား အင်လားဆိုတာ အဖြေပေးကြပါဦး …၊၊၊??????


Ko out of...August 29, 20121min964
– လွတ်လပ်ပြီး ၁ဝနှစ်လောက်က မြန်မာပြည်ဟာ ဆန်တစ်ပြည် တစ်ကျပ်ရဲ့ လေးပုံတစ်ပုံ အောက်မှာရှိတယ်..အဲဒီအချိန်က အောက်ဆုံးလစာက ၂၈ကျပ် ဖြစ်ပေမဲ့..ဒါနဲ့ဆန်ဝယ်ရင်…ဒီနေ့လစာ တစ်သိန်းကျော်ရတဲ့ လူထက် ဆန်တွေ ဆီတွေ အများကြီးပိုရတယ်..ဒါကြောင့် ဒီနေ့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အနှိမ့်ကျဆုံး ဖြစ်နေပြီ…လူ့တန်ဖိုးဟာ စားဝတ်နေလို့ ကုန်ကျတာထက်…လူလုပ်လို့ရတာကနေ ဘယ်လောက်ပို သလဲနဲ့ တိုင်းတာရမယ်… စားဖို့သောက်ဖို့ လုံလောက်အောင် လူ့လုပ်အားဟာမရှိတော့လို့ ချို့ချို့တဲ့တဲ့ စားသောက်နေရပြီဆိုရင်..တန်ဖိုးမရှိတဲ့ လူတွေဖြစ်မှာဘဲ… စားသောက်လောက်ရုံဘဲ လူ့လုပ်အားရှိတယ်ဆိုရင် ဒီလူဟာ အဖိုးမတန်တဲ့ လူဘဲ ဖြစ်လိမ့်မယ်..အသက်မသေအောင် စားသောက်ဖို့လောက် လုပ်နိုင်တဲ့ လူဟာ ဘယ်လိုလုပ်တိုးတက်မှုမှ.. မရှိနိုင်သူဘဲ.. မိဘတွေဟာ သူတို့မိဘတွေထက်တော်အောင် လုပ်လာနိုင်သူတွေ ဖြစ်ကြလို့ ဒီနေ့မှာ ဒီခေတ်ကြီး ဖြစ်လာခဲ့ လိမ့်မယ်..မိဘရဲ့ သားသမီးဖြစ်တဲ့ ကိုယ်ကလည်း..မိဘထက်သာအောင် လုပ်ဆောင်နိုင်မှ..တိုးတက်တဲ့ လူဖြစ်မယ်.. […]


Sweet ToothAugust 21, 20121min1768
ကျယ်ဂေါင် ၂၂၊၈၊၁၂ တရုတ်ပြည်နယ်စပ် ကျယ်ဂေါင်မြို့ရှိ အနှိပ်ခန်းများတွင် အသက်(၁၈)နှစ်အောက် မိန်းကလေးများ များပြားနေပြီး အများစုမှာ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှ ဖြစ်ကြသည်။အနှိပ်ခန်း အများစုမှာ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်နေပြီး ၎င်းတို့ ပိုင် အနှိပ်ခန်းများတွင် လုံခြုံသော စောင့်ရှောက်မှုကို ရရှိကြသော်လည်း တိုင်းတပါးသား အနှိပ်ခန်းများတွင် လုံခြုံမှု မရှိပါ။”သမီးတို့ကို အပြင်ထွက်ခွင့် မပေးပါဘူး၊မလွှဲသာလို့ ထွက်ရရင်လည်း အုပ်ထိန်းသူ ပါ ပါတယ်၊ဒီအလုပ်က မိန်းကလေးတွေနဲ့ မသင့်တော် မှန်း သိပါတယ်၊သမီး ငွေစုပြီးရင် ပြန်မှာပါ ” ဟု အသက် ဆယ့်လေးနှစ်ရှိ ရခိုင်သူလေး အိမြတ်သူက ပြောပြသည်။ထိုမိန်းကလေးများ အတွက် သင့်တော်သော အလုပ်အကိုင်များ ဖန်တီးပေးပြီး နယ်စပ်ရှိ ရွှေ့ေ့ပြာင်း အလုပ်သမားများကို ထိရောက်သော ကူညီမှုများပေးရန် လိုအပ်ပါသည်။နိုင်ငံတော်မှ […]


manawphyulayAugust 15, 20121min26718
ကျွန်မ ခုတစ်လော ငယ်ငယ်ကအကြောင်းလေးတွေ ပြန်စဉ်းစားနေမိတယ်။ အပြစ်ကင်းစင်တဲ့ ကလေးဘဝကို ပြန်ရောက်ချင်တယ်လည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ဝါသနာက ငယ်ငယ်ကတော့ နေ့စဉ် မှတ်တမ်းလေးတွေ ရေးတတ်တယ်။ ဒိုင်ယာရီရေးတယ်လို့တော့ မသိခဲ့ပါဘူး။ ဗလာစာအုပ်ထဲ ဒီနေ့မနက်ဘယ်အချိန်တို့၊ ဘာတို့ စပြီး နေဝင်မိုးချုပ်အိပ်တဲ့အထိဆိုပါတော့။ တစ်နေ့တာ အဖြစ်အပျက်တွေ နောက်မြင်တာ တွေ့တာတွေ စိတ်ထဲခံစားမိတာတွေ ချရေးတော့တာပဲ။ နောက်တော့လည်း ခုကြီးလာချိန်ကြတော့ ဒီစာအုပ်တွေဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ ငယ်ငယ်တုန်းကတော့ ဘယ်နေ့က ဘယ်သူက ငါ့ကို ဘာပြောတယ် ဘယ်သူက စကားမပြောဘူး။ ပြုံးမပြဘူး စသည့်ဖင့်ပေါ့လေ ပြီးရင် နောက်ရက်တွေကျရင်ပြန်ပြန်ဖတ်ကြည့်တတ်တဲ့ အကျင့်က ရှိပြန်သေးတယ်။ ခုချိန်တော့ ရေးပါဆိုတာတောင် ရေးချင်စိတ်က ဘယ်လိုမှ မကြီးစိုးတော့တာ အရွယ်ကြောင့်လားတော့ မပြောတတ်တော့ဘူး။ ဒါပေမယ့် ခုချိန်ထိ မပြောင်းလဲတဲ့ စိတ်တစ်ခုကတော့ ရှိသေးတယ်။ […]


Pye Kun ZawJuly 31, 20121min1699
လူတွေနှင့်ဆက်ဆံရတဲ့အခါမှာ လူအကဲခတ်ဖို့အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့တစ်တွေဟာ ဟိုးငယ်ငယ်ကလေးဘဝထဲကနေစပြီး သေဆုံးသည်အထိ မိတ်ဆွေအသစ်တွေ ဆွေမျိုးအသစ်တွေကို ကြုံဆုံကြရပါတယ်။ ပြီးတော့ကိုယ်ဘဝတစ်လျှောက်လုံးအတွက် ကြင်ဖော်ကိုလည်းရွေးချယ်ရပါတယ်။ ကိုယ်နှင့်မသိတဲ့ သူစိမ်းကနေပြီးတော့ သူငယ်ချင်းမိတ်ဆွေဖြစ်လာသလို ဘဝကြင်ဖော် ကိုယ့်အမျိုးကနေတစ်ဆင့်တော်ရတဲ့ ဆွေမျိုးအဖြစ်ရောက်လာကြရမှာ ထိုသူစိမ်းအပေါ် ကိုယ်ရဲ့အကဲဖြတ်မှုဟာ အလွန်အရေးပါပါတယ်။ ကလေးဘဝထဲကစပြီး ကိုယ်ပေါင်းမယ့်သူငယ်ချင်းကိုစရွေးချယ်ရပါတယ်။ နောက်ဘဝလက်တွဲဖော် ရွေးချယ်တော့လည်း မသိမသာရော သိသိသာသာရော ကိုယ်ရဲ့တစ်ဘက်သားအပေါ် အစပိုင်းမှာအကဲခတ်မှုဟာ လွန်စွာမှအရေးပါပါတယ်။ ဒါကြောင့်လူအကဲခတ်မှုမမှားစေဖို့ အရေးကြီးလှပါတယ်။ အလုပ်ခွင်ရောက်တော့လည်း လူအကဲခတ်ခြင်းကို မဖြစ်မနေသုံးရပါတယ်။ အလုပ်မဝင်ခင်မှာထဲက အလုပ်ရှင်(သို့)အထက်လူကြီးဘက်ကရော အလုပ်သမားဘက်ကပါ ကိုယ်နှင့်အဆင်ပြေမပြေ သုံးသပ်အကဲဖြတ်ကြပါတယ်။ ကျွန်တော်အထက်ကမန်နေဂျာကို အလုပ်ရှင်ကစခန့်ခဲ့စဉ်က သူစိတ်ထဲမှာဒီလူဟာ အသုံးဝင်မယ့်သူဖြစ်မယ်လို့ ခံစားအကဲဖြတ်မိလို့ ခန့်လိုက်တယ်လို့ဆိုပါတယ်။ စာရွက်ပေါ်က လတ်မှတ်တွေ အလုပ်အတွေ့အကြုံတွေအရဆိုရင် သူကိုအလုပ်ခန့်ဖို့ အခွင့်အလမ်းနည်းပါတယ်။ တစ်ခါတလေမှာ အကဲခတ်မှုမှန်တာတွေရှိသလို မှားတာတွေလည်းရှိပါတယ်။ အမှားနည်းအောင်အသေးစိတ်ကျကျ လေ့လာအကဲခတ်ဖို့လိုအပ်ပါတယ်။ ငယ်ငယ်ကပုံပြင်ဇတ်လမ်းလေးတစ်ပုဒ်ကို […]


etoneJuly 31, 20121min29425
  ကျွန်မတို့နိုင်ငံက ယခုထက်ထိ ဖွံ ့ဖြိုးစဲနိုင်ငံအဖြစ်ရပ်တည်နေရသေးလို့လား မသိဘူး …. ပါ့ဘလစ်နေရာတွေမှာ ပရိုက်ဗိတ်ဆန်ဆန် ပြုမူနေတာတွေ တွေ့နေရတုန်းပါပဲ  ။ တွေ့မိမြင်မိတာ ၊ အကြိမ်ကြိမ်ဖြစ်လာတော့လည်း ပို့စ်ရေးပြီး အများမြင်အောင် ချပြချင်တဲ့စိတ်ဖြစ်လာမိပါတယ် ။ အကျိုးကြောင်းတိုက်ဆိုင်လို့ .. အဖြစ်ပျက်တူသူတွေထဲက ဖတ်မိလျှင်လည်း ၊ ပါ့ဘလစ်နဲ့ ပရိုက်ဗိတ်ခွဲခြားတတ်မယ်ဆိုလျှင် … တစ်ယောက်ပဲ ဖတ်မိစေဦးတော့ ……..ရေးရကျိုးနပ်တယ်လို့ မှတ်ယူပါမယ် …… ။ တိုက်ဆိုင်သူတွေက ဝိုင်းပြီး မေတ္တာပို့မယ်ဆိုလည်း … ကျိန်စာဝလေ လှလေလို့ သတ်မှတ်ပြီး ……ခံယူပါမယ် …. %%%%%%%%%%%%%%%%%% ဘိုးတော်ဘုရား လေးဘက်သွားတဲ့ ခေတ်တွေကတည်းက ဖက်ကြမ်းဆေးလိပ်သောက်လာရာကနေ … အခုဆို လမ်းမတွေပေါ်မှာ စီးကရက်လက်ကြားညှပ်လို့ သောက်နေတဲ့အမျိုးသားတွေ အရွယ်စုံ အတန်း စုံ […]


htet wayJuly 30, 20121min29319
ညီမလေးရေ တစ်ယာက်နဲ့ တစ်ယောက် ပြဿနာဖြစ်ရင် ကြား လူက သည်းခံလိုက်ပါ ၊ စိတ်လျှော့ပါ လို့ ပြောတတ်ကြတာ ညီမလေး လည်း ကြားဖူးမှာပေါ့နော်။တကယ်တော့ သည်းခံတယ်ဆိုတာ လွယ်လင့်တကူ လုပ်လို့ မရနိုင်ဘူး။စိတ်ကို ချုပ်တည်း ထားနိုင်ဖို့ ဆိုတာ လွယ်လင့်တကူကိစ္စတော့ မဟုတ်ဘူး ညီမလေးရယ်။ အကိုကတော့ သည်းခံတာကို ကြံ့ခိုင်တာလို့ ပြောချင်ပါတယ်။သည်းခံနိုင်တဲ့ စိတ်ဆိုတာ ကြံ့ခိုင်ခြင်း မဟုတ်ဘူးလား။ အကိုတွေ့ဖူးတဲ့ ကျောင်းဆရာမလေး ဆို ကလေး တစ်ယောက် မွေးပြီးစအချိန်မှာ ယောက်ျားက ပစ်သွားခဲ့တယ်။ ရင်ခွင်ပိုက်ကလေး တစ်ယောက်နဲ့ မြို့နဲ့ ၄မိုင်လောက်ဝေးတဲ့ ခရီးကို ကလေးကို ကျောလွယ်လို့ စာသင်မပျက်သွားခဲ့တယ် ညီမလေး ။ဘယ်လောက်လေးစားဖို့ကောင်း လိုက်သလဲညီမလေးရယ်။နောက်မိုးဆိုလည်း မိုးကာလေးနဲ့ ဆောင်းဆိုလည်း စောင်တွေဘာတွေနဲ့ ကလေးကို ယုယလို့ […]


အနောက်ကမာ္ဘမှာ ထေရဝါဒ ဗုဒ္ဓဘာသာ လူသိနည်းတာ ဘာကြောင့်လဲ တွေးနေမိတယ်။ အတွေးအခေါ် အယူဝါဒတခု ပေါက်မြောက်ဖို့သည် နယ်ခံတွေရဲ့ အကျင့်စရိုက်နဲ့ အများကြီးဆိုင်တယ်။ အဲဒီယဉ်ကျေးမှု လားရာကို ခေတ်ရေစီးကြောင်းက ပုံဖော်ပါတယ်။ အဲလိုကောက်ချက်ချရင် လွတ်မြောက်မှု အတွေးအခေါ်ဟာ အဖြေပဲ။ လစ်ဘရယ်များအကြား ရေပန်းစားတဲ့ ဇင်၊ မဟာယာနမှာ စာသိပ်မပြောဘူး၊ ကန့်သတ်ချုပ်ချယ်မှု အနည်းဆုံးထားတယ်။ သိသလောက် တိဗက်မဟာယာနမှာလည်း ထေရဝါဒလိုပဲ ပညတ်ချက်တွေ အများကြီး ရှိပါတယ် သို့ပေမယ့် အနောက်ကမာ္ဘ ရောက်လာတဲ့အခါ လိုရင်းပွိုင့်ကို ထုတ်ပြတယ်။ ဓမ္မအရသာကို ဦးစွာ မြည်းစမ်းစေတယ်။ အားသာချက် အားနည်းချက်ကတော့ ဘယ်နေရာမဆို ရှိစမြဲပဲ၊ လွတ်လပ်မှုကြောင့်ဖြစ်တဲ့ အမှားတွေကို ညွှန်ပြတတ်ရင် ထိန်းချုပ်မှု ဆိုးကျိုးတွေကိုလည်း သိတတ်ရမယ်။ လက်ရှိကမာ္ဘမှာ ဗုဒ္ဓသာသနာ ဘယ်ဖက်က ပြုနေသလဲ […]


Pye Kun ZawJuly 29, 20121min1195
ယနေ့ခေတ်လေယာဉ်တွေအားလုံးမှာ ဆေးလိပ်သောက်ခွင့်ကို တားမြစ်ထားပါတယ်။ လေယာဉ်တစ်ခုလုံး ဘယ်နေရာမှသောက်ခွင့်မပြုပါဘူး။ ဒါပေမယ့် အိမ်သာထဲမှာတော့ ဆေးလိပ်ပြာခွက်တွေ တွေ့နေရပါတယ်။ ဟိုးအရင်တုံးက ဆေးလိပ်သောက်ခွင့်ပြုခဲ့စဉ်အခါက ထားခဲ့တဲ့ ဆေးလိပ်ပြာခွက်တွေကို မလွင့်ပြစ်မိဘဲ ဒီအတိုင်းကျန်နေခဲ့တာလား။ ဒါလည်းမဖြစ်နိုင်ပါဘူး။ ဆောင်းပါးတစ်ခုကရေးထားပါတယ်။ အကယ်၍များ ဆေးလိပ်ပြာခွက်တွေကို အိမ်သာထဲမှမထားဘဲ လေယာဉ်ထွက်ဖို့မဖြစ်နိုင်ပါဘူးတဲ့။ တော်တော်တော့ထူးဆန်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆေးလိပ်သောက်တာကိုဘယ်လောက်ဘဲ တားမြစ်ထားပေမယ့် ဆေးလိပ်စွဲနေသူတွေကတော့ ဘာဖြစ်ဖြစ်သောက်မှာပါဘဲ။ အထူးသဖြင့်ခရီးရှည်သွားရတဲ့ လေယာဉ်တွေပေါ်မှာ တနေ့ဆေးလိပ်တစ်ဗူးနှစ်ဗူး သောက်နေကျလူက မသောက်ဘဲဘယ်နေနိုင်ပါလိမ်မလဲ။ တကယ်လို့သာ ပြာခွက်တွေ ထားမပေးထားဘူးဆိုရင် ဆေးလိပ်အကြွင်းအကျန်တွေက ဖြစ်တဲ့အန္တရယ်ကိုလှလှကြီးခံရတော့မှာပါ။ ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်။ ၁၉၇၃မှာလူပေါင်း ၁၂၃ယောက်ကိုသေစေခဲ့တဲ့ လေယာဉ်ပျက်ကျမှုတစ်ခုရဲ့ တရားခံဟာ ဆေးလိပ်အကြွင်းအကျန်ကြောင့်ဖြစ်ပါတယ်။ ပြာခွက်မရှိတော့ ဒီအတိုင်းလွင့်ပစ်လိုက်ရင်း အန္တရယ်ဖြစ်စေခဲ့တာပါ။ ဥပဒေတွေဟာ လူကဖြစ်လာတာကြောင့် နောက်ဆုံးလူအများဆန္ဒကိုဘဲ လိုက်ခဲ့ရတာပေါ့။ သိသာသိစေမမြင်စေနှင့်ဆိုတဲ့သဘောပေါ့။


etoneJuly 28, 20121min39624
ကာလအတန်ကြာ မြင်တွေ့ ကြားသိကာ ကြုံနေရပေမယ့် ၊ ယခုထက်တိုင် ထူးခြား တိုးတက်ပြောင်းလဲလာခြင်းမရှိသော အလုပ်သမားဘဝ ပတ်ဝန်းကျင်က အကြောင်းရာ အချို့ကို တို့ဆိတ်ပြပါဦးမည်။ ကျွန်မကိုယ်တိုင်က သူများ လခစား အလုပ်သမားတစ်ယောက်ဖြစ်သောကြောင့် ၊ ဒီပို့စ်လေးကို အလုပ်သမားတစ်ယောက်ဧ။် အမြင်ဘက်မှရော ၊ ဘဝတူ အလုပ်သမားတွေအား စာနာစိတ်ဖြင့်ရော ရေးလိုက်ခြင်းဖြစ်သည် ။ဝေဖန်မှုပြုရလောက်အောင် မရင့်ကျက်ပါ သို့သော် မျက်စိတထောက်စာအရ မြင်သမျှရေးလိုက်ခြင်းသာ ဖြစ်ပါသည် ။ ကျွန်မတို့တွေ ဘဝရှင်သန်ရပ်တည်ဖို့အတွက် အလုပ်ကိုယ်စီ လုပ်ကြရသည် ။ မိမိဧ။် ပညာအရည်ချင်း ၊ ရွေးချယ်မှု  ့၊ ပတ်ဝန်းကျင် အသိုင်းဝိုင်း ထောက်ပံ့ပေးမှု ၊ မိမိတို့ဧ။် ရွေးချယ်မှုပေါ် မူတည်ပြီး အလုပ်ခွင် ၊ အလုပ်နေရာ ၊ ရာထူး […]